← Chapters

နိုင်ငံရေးကစားကွက်များ

Vol. 112 Ch. 1556

နိုင်ငံရေးကစားကွက်များ

Vol. 112 Ch. 1556

ဝမ်ဝေ့က အသင်္ချေမျိုးနွယ်အဖွဲ့အစည်း၏ စံအိမ်ရှေ့တွင် တည်ငြိမ်စွာ ရပ်စောင့်နေခဲ့သည်။ ထိုသူတို့က သူ့ကို အထဲဝင်ဖို့ပင် မဖိတ်ခေါ်ဘဲ သီးခြားအခန်းတစ်ခုတွင်သာ စောင့်ဆိုင်းခိုင်းထားကြသည်။ ပုံမှန်ဆိုလျှင် ဤကဲ့သို့ ရိုင်းစိုင်းသော အပြုအမူမျိုးသည် ဝမ်ဝေ့အတွက် ပြဿနာရှာရန် သို့မဟုတ် သံတမန်ရေးရာ အငြင်းပွားမှုဖြစ်ရန် လုံလောက်ပေသည်။ အကြောင်းမှာ သူက တာအိုအခွင့်အလမ်းဂိုဏ်းမှ မဟာအကြီးအကဲတစ်ဦး ဖြစ်နေသောကြောင့် ဖြစ်၏။

သို့သော် သူက လွန်စွာတည်ငြိမ်နေပြီး အကြောင်းကြားလာမည့်အချိန်ကို စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူက ကြာရှည်စွာ မစောင့်လိုက်ရပေ။ ဝမ်မျိုးနွယ်မှ အစိမ်းရောင်ဝတ်စုံနှင့် ထိပ်သီးစံပြအဆင့် ကျင့်ကြံသူတစ်ဦး သူ့ထံသို့ ရောက်ရှိလာသည်။ ဝမ်ဝေ့က ထိုသူကို တစ်ချက်ကြည့်ရုံဖြင့် ထိုးဖောက်မြင်လိုက်ရသည်။

ထိုသူက ဝမ်ဝေ့နှင့် ဂိုဏ်းသားများကဲ့သို့ပင် မိမိ၏ သွေးမျိုးဆက်လျှို့ဝှက်ချက်ကို ဖုံးကွယ်ရန် စည်းတံဆိပ်တစ်ခု ခတ်နှိပ်ထားလေသည်။ သို့သော် ဝမ်ဝေ့၏ တည်ရှိမှုလေ့လာစောင့်ကြည့်ရေး နည်းစနစ်ရှေ့တွင် ထိုစည်းတံဆိပ်ကား အသုံးမဝင်လှပေ။

နောက်ဆုံးတော့ ချီယွမ်ရဲ့ လမ်းစဉ်ကသာ မှန်ကန်ခဲ့တာပဲ …

ဝမ်ဝေ့က တွေးလိုက်မိသည်။ ဝမ်မျိုးနွယ်၏ သွေးမျိုးဆက်သည် ဝမ်ကော သူ၏ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းခဲ့သော ပင်ကိုနတ်ဆိုးနတ်ဘုရား သွေးမျိုးဆက်မှ ဆင့်ကဲပြောင်းလဲလာခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်၏။

နှစ်ပေါင်းများစွာ ဆင့်ကဲပြောင်းလဲပြီးနောက် ထိုသွေးမျိုးဆက်သည် ဝမ်မျိုးနွယ်၏ ကိုယ်ပိုင်ထူးခြားသော သွေးမျိုးဆက်တစ်ခု ဖြစ်လာခဲ့သည်ဟု ဆိုနိုင်သည်။ သို့သော် ထိုသွေးမျိုးဆက်၏ ဇစ်မြစ်မှာ ပြင်ပမှဖြစ်သည်ဆိုသောအချက်ကတော့ ပြောင်းလဲမသွားပေ။ ပုံမှန်အခြေအနေတွင် ဤသွေးမျိုးဆက်၏ ၀.၀၀၁ ရာခိုင်နှုန်းခန့်သာ ပြင်ပမှဖြစ်နေခြင်းမှာ ပြဿနာမဟုတ်သော်လည်း ဝမ်ကောက ဝမ်ဝေ့၏ အကြံဉာဏ်ကို ခိုးယူကာ ဝမ်မျိုးနွယ်၏ လူသားသွေးမျိုးဆက်ကို မကောင်းဆိုးဝါးနတ်ဘုရားများနှင့် တန်းတူဖြစ်အောင် မြှင့်တင်ရန် ကြိုးစားလိုက်ချိန်တွင် အခြေအနေများ ရှုပ်ထွေးသွားခဲ့သည်။

မင်းရဲ့သွေးက လူသားစစ်စစ် မဟုတ်ရင် လူသားမကောင်းဆိုးဝါးနတ်ဘုရား သွေးမျိုးဆက်ကို ဘယ်လိုလုပ်ပြီး ဖြစ်ပေါ်စေနိုင်မှာလဲ…

ဝမ်ဝေ့ တွေးလိုက်သည်။ အခြားဝမ်မျိုးနွယ်ခွဲသည် သွေးမျိုးဆက် နိုးထမှုဖြစ်စဉ်တွင် ပြဿနာများစွာ ရှိနေလိမ့်မည်ဟု သူ ခန့်မှန်းမိလေသည်။ ထို့အပြင် ထိုမျိုးနွယ်သည် ကလေးမွေးဖွားချိန်တွင် သွေးမျိုးဆက်ကို စည်းတံဆိပ်မခတ်ထားသောကြောင့် ဝမ်းဗိုက်ထဲကတည်းက နိုးထမှုမအောင်မြင်ခြင်းများ ဖြစ်ပွားခဲ့နိုင်သည်။

ထိုအရာမှာ ပြဿနာများစွာထဲမှ တစ်ခုသာ ရှိသေး၏။ သွေးမျိုးဆက် ပိုမိုအားကောင်းလေလေ၊ မျိုးပွားရန် ခက်ခဲလေလေဟူသော မျှခြေနိယာမ ရှိနေပြန်သည်။ ဝမ်ဝေ့က သွေးမျိုးဆက်ကို စည်းတံဆိပ်ခတ်နှိပ်ကာ နိုးထမှုကို အားပေးခြင်းဖြင့် လူသားသွေးမျိုးဆက်၏ မျိုးပွားနိုင်စွမ်းကို အောင်မြင်စွာ ထိန်းသိမ်းနိုင်ခဲ့သည်။

တစ်ဖက်တွင် ဝမ်ကော၏ အုပ်စုသည် ကွဲပြားစွာ လုပ်ဆောင်ခဲ့သည်။ သူတို့က ကလေးရရှိနိုင်ခြေကို မြှင့်တင်ရန် ဇနီးအများအပြား ယူခိုင်းခြင်း၊ ဆေးရည်များနှင့် အစီအရင်များ အသုံးပြုခြင်းတို့ဖြင့် ကြိုးစားခဲ့ကြသည်။

ဒီသွေးမျိုးဆက်ကို လူသားမကောင်းဆိုးဝါးနတ်ဘုရားလို့ ခေါ်တာက ရှေ့ဆုံးမှာရှိနေတဲ့ လူသားဆိုတဲ့အပိုင်းက ပိုအရေးကြီးလို့ပဲ။ ဒါပေမဲ့ ဝမ်ကောကတော့ မြင့်မြတ်တဲ့ လူသားသွေးမျိုးဆက်အယောင်ဆောင်ထားတဲ့ မကောင်းဆိုးဝါးနတ်ဘုရား သွေးမျိုးဆက်ကိုပဲ လိုချင်ပုံရတယ်။ အခုမှပဲ ချီယွမ် ဘာလို့ အဲဒီမျိုးနွယ်ကနေ ခွဲထွက်လာခဲ့တာလဲဆိုတာ ငါနားလည်တော့တယ်

ဝမ်မျိုးနွယ် ကွဲထွက်သွားခြင်းမှာ ပြန်လည်ရှင်သန်ရန်အတွက် သွေးမျိုးဆက်ထဲတွင် အမှတ်အသားထားခဲ့သည့်ကိစ္စကြောင့် စတင်ခဲ့ခြင်း ဖြစ်နိုင်သော်လည်း အဓိကအကြောင်းအရင်းမှာ အတွေးအခေါ်ကွဲလွဲမှုကြောင့် ဖြစ်နိုင်သည်။ ချီယွမ်က သွေးမျိုးဆက်အပေါ် စွဲလမ်းခြင်းမှာ လမ်းမှားဖြစ်သည်ဟု ယုံကြည်သော်လည်း ဝမ်ကောကမူ ထိုအရာအပေါ် အနာဂတ်ဟု ယူဆခဲ့သည်။

နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် ချီယွမ်၏ လမ်းစဉ်မှာ မှန်ကန်ကြောင်း သက်သေပြနေခဲ့သည်။ သူတို့တွင် ရှေးဦးမူလ အရေအတွက် များပြားခြင်းနှင့် ဝမ်ဝေ့ကဲ့သို့သော ပါရမီရှင်တစ်ဦး ပေါ်ထွက်လာခြင်းတို့က သက်သေပင် ဖြစ်၏။ ဝမ်ဝေ့၏ လူသားမကောင်းဆိုးဝါးနတ်ဘုရား သွေးမျိုးဆက်သည် ထိုဆန့်ကျင်ဘက် အတွေးအခေါ်နှစ်ခုကို ပေါင်းကူးပေးနိုင်မည့် အကောင်းဆုံးနည်းလမ်း ဖြစ်နေသည်။

"မဟာအကြီးအကဲ ဝမ်ဝေ့" ထိုသူက ဦးညွှတ်လိုက်သည်။

"ညွှန်ကြားရေးမှူး ဝမ်စစ်ယန်" ဝမ်ဝေ့က ခေါင်းငြိမ့်ပြလိုက်သည်။ အဖွဲ့အစည်းတွင် ဂိုဏ်းချုပ်၊ မဟာအကြီးအကဲနှင့် အကြီးအကဲ ဆိုသည်များနှင့် ဆင်တူသော ညွှန်ကြားရေးမှူးစနစ် ကျင့်သုံးသည်။ ဝမ်ဝေ့က အဖွဲ့အစည်း၏ သမိုင်းကြောင်းကို ဖတ်ဖူးသဖြင့် ညွှန်ကြားရေးမှူး ဝမ်စစ်ယန်ကို မှတ်မိနေသည်။ သူက ဒုတိယမူလစစ်ပွဲအတွင်း ပြင်ပသွေးမျိုးဆက် မျိုးနွယ်ပေါင်း ဒါဇင်ကျော်ကို သူတို့၏ကမ္ဘာကို သစ္စာဖောက်ကာ အဖွဲ့အစည်းသို့ ပူးပေါင်းလာအောင် ဆွဲဆောင်နိုင်ခဲ့သဖြင့် ကျော်ကြားသူ ဖြစ်၏။

"စိတ်မကောင်းပါဘူး။ ဘိုးဘေးက ဉာဏ်အလင်းပွင့်မှု ရရှိသွားလို့ ကျင့်ကြံနေပါတယ်" ဝမ်စစ်ယန်က နူးညံ့စွာ ပြုံးရင်း ပြောလိုက်သည်။

"ဟုတ်လို့လား" ဝမ်ဝေ့က မေးလိုက်သည်။

"ခင်ဗျား လာတဲ့အချိန်က တကယ်ကို တိုက်ဆိုင်သွားတာပဲ" ဝမ်စစ်ယန်က ဆက်ပြောလာသည်။

"ကျုပ် သူ့ကို စောင့်နေလို့ရမလား။ ညီလာခံစတော့မှာဆိုတော့ သူ အကြာကြီး ကျင့်ကြံနေမှာ မဟုတ်ဘူး မလား"

"အဲဒါတော့ ဟုတ်ပါတယ်။ ပုံမှန်ဆိုရင်တော့ ကျုပ်တို့က ဝမ်းပန်းတသာ ကြိုဆိုမှာပါ" ဝမ်စစ်ယန်က ဆိုသည်။

"ဒါပေမဲ့ ချင်ခုံရုံးက တိုက်ခိုက်ခံရနိုင်ခြေရှိတယ်လို့ ပြောထားတာ ကြားမှာပါ။ အခု အဖွဲ့အစည်းက ဘိုးဘေးရဲ့ ကျင့်ကြံရေးကို ဘယ်သူမှ မနှောင့်ယှက်နိုင်အောင် အထူးသတိထားနေရတဲ့ အချိန်ပါ။ ဒီလိုအဆင့်မှာ ဉာဏ်အလင်းပွင့်ဖို့ဆိုတာ ဘယ်လောက်ခက်လဲဆိုတာ နားလည်မှာပါ"

"ဘိုးဘေးတွေကို နှောင့်ယှက်ဖို့က ကျုပ် မလိုချင်တဲ့ကိစ္စပါပဲ" ဝမ်ဝေ့က ပြုံးလိုက်သည်။

"ဒါဆိုရင်တော့ ကျုပ် ပြန်ပါတော့မယ်။ ဒါပေမဲ့ ကျုပ်အတွက် သတင်းစကားတစ်ခုလောက် ပါးပေးလို့ရမလား"

ဝမ်စစ်ယန်၏ နှုတ်ခမ်းများ တွန့်သွားကာ ဟန်ဆောင်အပြုံးဖြင့် မေးလိုက်သည်။

"ဘာများပါလိမ့်"

"သူ့ကို ပေးခဲ့တဲ့ လက်ဆောင်အတွက် အပြန်အလှန် ကျေးဇူးတုံ့ပြန်မှုကို မျှော်လင့်နေတယ်လို့ ပြောပေးပါ" ဝမ်ဝေ့က ဆိုလိုက်သည်။ ဝမ်ကောက သူ့ကို အကွက်ချဖို့ စီစဉ်နေသည်ဟု မထင်စေရန် ဝမ်ဝေ့က သူ၏အကြံဉာဏ်ကို ခိုးယူသွားခြင်းအပေါ် မကျေနပ်သည့်ပုံစံမျိုးဖြင့် ဟန်ဆောင်နေခြင်း ဖြစ်သည်။

ဒီကောင်စုတ် …

ဝမ်စစ်ယန်က စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ အထူးသဖြင့် "လက်ဆောင်" ဆိုသည့် စကားလုံးကြောင့် ဘယ်လောက်အထိ ရိုက်ခတ်မှုရှိသွားမည်ကို သူ သိနေသည်။

"ကျုပ် … "

"ကဲ... သွားပါဦးမယ်။ ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ပါတယ်။ ဘိုးဘေးရဲ့ ကျင့်ကြံရေး အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်" ဝမ်ဝေ့က တစ်ဆက်တည်း ဦးညွှတ်နှုတ်ဆက်ကာ လှည့်ထွက်သွားတော့သည်။

ငါ့အကြံဉာဏ်ကနေ သူတို့မျိုးနွယ် အကျိုးအမြတ် သိပ်မရတာ တော်သေးတာပေါ့ …

ဝမ်ဝေ့က လှောင်ပြုံး ပြုံးလိုက်သည်။ ဝမ်ကောက သူ၏ ကျင့်ကြံဆင့်မြင့်မားမှုကို အသုံးပြုကာ သူ့သွေးမျိုးဆက်ကို ဖော်ထုတ်ပြီး အကြံဉာဏ်ကို ခိုးယူသွားခဲ့ခြင်းအပေါ် သူ မကျေနပ်သေးပေ။ ထိုစဉ်က ရရှိခဲ့သော အကူအညီမှာ နှိုင်းယှဉ်လျှင် အလွန်နည်းပါးလှသည်။

ပေါင်းစည်းရေးကာလ တစ်ချိန်ချိန်မှာတော့ ဝမ်ကောရဲ့ အုပ်စုကို သူတို့ရဲ့ မာန်မာနတွေနဲ့ သွေးမျိုးဆက်အပေါ် အလွန်အကျွံ အားကိုးနေတာတွေကို ဖျောက်ဖျက်နိုင်အောင် လေ့ကျင့်ပေးရမယ်

ဝမ်ဝေ့က တွေးလိုက်သည်။ အခြေခံများ ချမှတ်ထားပြီးဖြစ်ကာ သူ လုပ်ရမည့်အလုပ်မှာ ဝမ်ကောကို တဖြည်းဖြည်း အထီးကျန်ဖြစ်အောင် လုပ်ရန်သာ ဖြစ်သည်။

အဖွဲ့အစည်းကို ဝမ်၊ ရှောင် နှင့် ယဲ့ ဟူသော မျိုးနွယ်ကြီး သုံးခုက အုပ်ချုပ်သည်။ သို့သော် ယဲ့မျိုးနွယ်မှာ ဝိညာဉ်မျိုးနွယ် ဖြစ်သောကြောင့် အဖွဲ့အစည်းတွင် ရှေးဦးမူလ အဆင့်ရှိသည့် တစ်ခုတည်းသော လူသားမဟုတ်သည့် မျိုးနွယ် ဖြစ်ပေသည်။ နှစ်ပေါင်းများစွာ ဝမ်နှင့် ရှောင်မျိုးနွယ်တို့၏ နှိမ်ချခြင်းကို ခံခဲ့ရသော်လည်း ယခုအခါ ဝမ်ကောအပေါ် သံသယများ ရှိလာခြင်းကြောင့် အခြေအနေများ စိတ်ဝင်စားစရာ ကောင်းလာတော့မည် ဖြစ်သည်။

ရှောင်ရှေးဦးစံပြက ဝမ်ကောနဲ့ တည်ဆောက်ထားတဲ့ ယုံကြည်မှုကို အလွယ်တကူ စွန့်လွှတ်ပြီး ယဲ့မျိုးနွယ်နဲ့ မိတ်ဖွဲ့မှာ မဟုတ်ဘူး။ ငါ သူတို့ကြားမှာ အဖုအထစ်ဖြစ်အောင် တစ်ခုခု လုပ်ဖို့ လိုတယ်

ဝမ်ဝေ့ တွေးလိုက်သည်။ သူက အာကာသမျိုးနွယ်နှင့် ကိစ္စကို စဉ်းစားလိုက်သော်လည်း ထိုကိစ္စမှာ ရှင်းလင်းပြီး ဖြစ်နေသည်။

သူနှင့် ဝမ်ကောကြားရှိ သဘောတူညီချက်မှာ အဖွဲ့အစည်းအနေဖြင့် အာကာသမျိုးနွယ်၏ သစ္စာဖောက်မှုကို အပြစ်မပေးရန် ဖြစ်ပြီး ဝမ်ဝေ့ သိသလောက်ဆိုလျှင် ထိုကိစ္စမှာ ဘိုးဘေးများ ပြန်လာပြီးနောက် မကြာမီမှာပင် ပြီးပြတ်သွားခဲ့သည်။

စောင့်ကြည့်ရမှာပေါ့။ အခွင့်အရေး တစ်ခုခု ပေါ်လာနိုင်ပါတယ်။ မပေါ်လာရင်လည်း ငါကိုယ်တိုင် တစ်ခုခု ဖန်တီးရမှာပဲ

ဝမ်ဝေ့က ထိုအကြောင်းများအား ခေါင်းထဲမှ ထုတ်ပြီး အနားယူရန်သာ အာရုံစိုက်လိုက်သည်။

ဘယ်ကို ဆက်သွားရမလဲ။ အင်း... ချင်ရဲ့ အပျော်မယ်ရပ်ကွက်က ကမ္ဘာပေါ်မှာ အတော်ဆုံး အပျော်မယ်တွေကို မွေးထုတ်ပေးတယ်လို့ ကြားဖူးတယ်

ဝမ်ဝေ့က စဉ်းစားလိုက်သည်။

ဒါပေမဲ့ ငါက မကြာခင် လက်ထပ်တော့မဲ့သူ … ပြီးတော့ ကြောက်စရာကောင်းတဲ့ မိန်းမရှိတဲ့သူလေ။ ပြည့်တန်ဆာအိမ်ကို ဒီတိုင်းကြီး သွားလို့ မဖြစ်ဘူး မဟုတ်လား

အကယ်၍ ပြဿနာမတက်ဘဲ လွတ်မြောက်နိုင်မည်ဟု သူ သိပါက သူ သွားဖြစ်လိမ့်မည်။ သူက အမျိုးသမီးများနှင့် အိပ်စက်ရန် သွားခြင်းမဟုတ်ဘဲ ၎င်းတို့၏ အလှအပနှင့် အနုပညာကို ခံစားရန်သာ သွားလိုခြင်း ဖြစ်သည်။

ကျစ် ... ဒီမိန်းမက ဘာလို့ ငါ့အပေါ် ဒီလောက် လွှမ်းမိုးထားနိုင်ရတာလဲ

ဝမ်ဝေ့က ငြီးတွားလိုက်သည်။ လွတ်လပ်မှုကို ရှာဖွေသူတစ်ယောက်အနေဖြင့် ဇနီးကို ကြောက်သောကြောင့် တစ်ခုခု မလုပ်ရခြင်းမှာ အရှက်ရစရာပင် ဖြစ်၏။

သွားမှာပဲ။ သူ ငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ

သူ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ကျောရိုးထဲတွင် စိမ့်ခနဲ ခံစားလိုက်ရသည်။

မစမ်းကြည့်တာပဲ ကောင်းပါတယ်

ဝမ်ဝေ့၏ မျက်နှာအထက် နာကျင်သော အမူအရာ ပေါ်လာသည်။ သူ တကယ်ကို သွားချင်နေမိသည်။

သူ့ဆီက ခွင့်တောင်းရင်ရော … အင်း... ဒါ အကြံကောင်းပဲ

သူက လေထဲတွင် မမြင်ရသော စာလုံးများကို ရေးလိုက်ရာ ထိုစာလုံးများသည် တပ်မက်စရာကောင်းသော အဆောင်လက်ဖွဲ့တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားသည်။ စက္ကန့်အနည်းငယ်အကြာတွင် အကြောင်းပြန်စာ ရောက်လာသည်။

[ချင်ရဲ့ အပျော်မယ်တွေက တကယ်ကို ကမ္ဘာ့အဆင့်မီပဲလေ။ သူတို့ရဲ့ ဖျော်ဖြေမှုကို မကြားရတာလည်း ကြာပြီ။ ကျွန်မလည်း အခုလာခဲ့မယ်။ ကျွန်မတို့ အတူတူ ကြည့်ကြတာပေါ့။ ကျွန်မ နောက်ကျနေရင် စိတ်ဝင်စားစရာရှိတာတွေကို မှတ်တမ်းတင်ထားပေးပါဦး]

"ဒါမှ ငါ့မိန်းမကွ " ဝမ်ဝေ့ ပြုံးလိုက်သည်။ လင်မယားနှစ်ယောက် အတူတူ အပျော်မယ်ရပ်ကွက်ကို သွားတာထက် ပိုကျန်းမာသည့် အရာ ရှိဦးမည်လား။

"ငါ မိန်းမ ရွေးတာ မှန်တယ်ဆိုတာ သိသားပဲ"

ဝမ်ဝေ့က ပျော်ရွှင်သော ခြေလှမ်းများဖြင့် အပျော်မယ်ရပ်ကွက်သို့ ဦးတည်လိုက်သည်။ သူက အကျော်ကြားဆုံးနေရာကို ရှာဖွေရာ အနုပညာစစ်စစ် အပြာရောင်စံအိမ် သို့ ရောက်ရှိသွားသည်။

ဝမ်ဝေ့ အံ့သြသွားသည်မှာ လူအများအပြား တန်းစီနေကြခြင်းပင် ဖြစ်၏။ သူ၏ ကျင့်ကြံမှုနှင့် အဆင့်အတန်းကို ပြသပြီးနောက်တွင်မှ တစ်ဦးတည်းအသုံးပြုနိုင်သော သီးသန့်အခန်းကို ရရှိခဲ့သည်။ ထို့အပြင် လိပ်ပြာမင်းသမီး ဟု ခေါ်သော ဂန္တဝင်အပျော်မယ်တစ်ဦးက ဒုတိယမူလစစ်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဖျော်ဖြေတင်ဆက်မည်ဖြစ်ကြောင်းကိုလည်း သူ သိရှိခဲ့ရလေသည်။

All Chapters