← Chapters

လဲ့ဖေးချီ

Vol. 112 Ch. 1558

လဲ့ဖေးချီ

Vol. 112 Ch. 1558

ရှောင်ထျန်းတိက ဝမ်ဝေ့၏ ဖိတ်ခေါ်မှုကို လက်ခံလိုက်ကာ သူ၏အခန်းထဲသို့ ကူးသန်းပြောင်းရွှေ့လာခဲ့သည်။

"လင်းဖန်... ဒါက ရှောင်ထျန်းတိပဲ။ ရှောင်ထျန်းတိ... ဒါကတော့ လင်းဖန်"

ဝမ်ဝေ့က သူတို့ကို မိတ်ဆက်ပေးလိုက်သည်။

"ငါတို့ သိကြပါတယ်" လင်းဖန်က ရှောင်ထျန်းတိကို နှုတ်ဆက်လိုက်ရင်း ပြောလိုက်ရာ ရှောင်ထျန်းတိကလည်း ပြန်လည်နှုတ်ဆက်သည်။

"သိကြတယ် ဟုတ်လား"

"ငါတို့ရဲ့ ဆရာတွေက တစ်ယောက်နဲ့တစ်ယောက် သိကြပြီးတော့ မိတ်ဆွေတွေလေ။ ဒါကြောင့် ဆုံဖူးကြတော့ အသိအကျွမ်းတွေလို့ ပြောလို့ရပါတယ်" ရှောင်ထျန်းတိက ပြန်ဖြေလိုက်သော်လည်း သူက အနည်းငယ် အာရုံပျံ့လွင့်နေသည်။ ဝမ်ဝေ့၏ အနားယူကုလားထိုင်မှာ မည်မျှ သက်သောင့်သက်သာရှိကြောင်း သူ သတိပြုမိသွားပြီး သူ့အတွက် တစ်ခု ဖန်တီးလိုက်သည်။

"ငါ အဲဒါကို မေ့သွားတယ်" ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ ခုံက သူ လုပ်သကဲ့သို့ပင် ရှုကျင်းယောင်ထံမှ သတင်းအချက်အလက်များ ဝယ်ယူလေ့ရှိကြောင်း သူ မှတ်မိသွားသည်။ ဝမ်ဝေ့က အားလုံးကို ဖိတ်ခေါ်ထားသဖြင့် သေရည်များကို ငှဲ့ပေးလိုက်သည်။

ဤအနုပညာစစ်စစ်အပြာရောင်စံအိမ်တွင် ကာမဂုဏ်မသေမျိုးအိမ်မက်ဟု ခေါ်သော ထူးခြားသည့် သေရည်တစ်မျိုးရှိပြီး ၎င်းကို ကမ္ဘာပေါ်ရှိ သေရည်များထဲတွင် အဆင့်မြင့်ဆုံးဟု သတ်မှတ်နိုင်သည်။

"မင်း ဒီကို ဘာလို့ ရောက်နေတာလဲဆိုတာ ငါ့ကို မပြောရသေးဘူးနော်"

"လိပ်ပြာမင်းသမီးက ဆရာကို ဖိတ်ထားလို့လေ" ရှောင်ထျန်းတိက သေရည်ကို မြိန်ယှက်စွာ သောက်ရင်း ပြန်ဖြေသည်။

"လက်ရှိနဲ့ အရင်က အလှဆုံး အမျိုးသမီးနှစ်ယောက်ရဲ့ တွေ့ဆုံပွဲပေါ့လေ" လင်းဖန်က မှတ်ချက်ပေးလိုက်သည်။ ထိုသို့သော မြင်ကွင်းကို စိတ်ကူးကြည့်မိရုံနှင့်ပင် သူ့နှာခေါင်းမှ သွေးလျှံမတတ် ဖြစ်သွားရလေ၏။ ဤသည်မှာ သူ တစ်ယောက်တည်း မဟုတ်ပေ။

"နှာဘူးကောင်" ဝမ်ဝေ့က လှောင်လိုက်သည်။

"မင်းလည်း အဲဒီလို စိတ်ကူးမယဉ်မိဘူးလို့တော့ လာမပြောနဲ့" လင်းဖန်က ပြန်ပြောသည်။

"ငါကတော့ အဲဒီမြင်ကွင်းမှာ ငါ့မိန်းမပါ ရှိနေတာကိုပါ ထည့်ပြီး စိတ်ကူးယဉ်တာကွ။ မင်းရော အဲဒီလို လုပ်နိုင်လား"

လင်းဖန် ရုတ်တရက် ဆွံ့အမိသွားသည်။

"အေးပါကွာ ... မင်းရဲ့ ရွှေလျှာကို ငါတို့ မယှဉ်နိုင်ပါဘူး"

"မင်းဘာသာ မင်းပြောနေလိုက် … " ရှောင်ထျန်းတိက ပြန်ပြောပြီးနောက် ဝမ်ဝေ့ကို မာန်ပါပါ ကြည့်လိုက်သည်။

"ငါကတော့ တခြားလူတွေကို စိတ်ကူးယဉ်နေဖို့ မလိုဘူး"

"အဲဒါဆို မင်းက မင်းရဲ့ဆရာအပေါ် မသန့်ရှင်းတဲ့ အတွေးတွေရှိတယ်လို့ ဝန်ခံတာပေါ့လေ"

ရှောင်ထျန်းတိ လက်ထဲမှ သေရည်ခွက်ပင် ဖိတ်ကျမတတ် ဖြစ်သွားသည်။

"ဒီကောင်စုတ်... မင်း နည်းနည်းလောက်တောင် လေးစားမှု မရှိဘူးလား"

ဝမ်ဝေ့က သူ့ကို ဂရုမစိုက်တော့ပေ။ ဤနှစ်ယောက်ကို နှိပ်ကွပ်ရသည်မှာ လွန်စွာ လွယ်ကူလှသည်။ သူတို့၏ ဇနီးသည်များကသာ ပို၍ စကားနိုင်လုနိုင်လိမ့်မည်။

"ဘာလို့ လိပ်ပြာမင်းသမီးက မင်းဆရာကို တွေ့ချင်ရတာလဲ"

"သူမရဲ့ လက်ရာသစ်အတွက် အကူအညီရဖို့လို့ ပြောတာပဲ။ မင်း သိတဲ့အတိုင်း ငါ့ဆရာက အနုပညာကို မြတ်နိုးတယ်လေ"

ရှုကျင်းယောင်သည် အနုပညာအပေါ် ဝါသနာကြီးမှုကြောင့် ကျော်ကြားသူ ဖြစ်၏။ ထို့ကြောင့်ပင် သူမ၏ မွေးနေ့တွင် တက်ရောက်သူအားလုံးက ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်ကြရခြင်း ဖြစ်သည်။

"မင်း အဲဒီစကားပြောလိုက်ကတည်းက ငါတော့ ပူးပေါင်းကြံစည်မှု အနံ့ရနေပြီ။ မင်း မခံစားမိတာကို ငါ အံ့သြမိတယ်" ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။

"ပူးပေါင်းကြံစည်မှုလား … ဘာလို့ ပူးပေါင်းကြံစည်မှု ရှိရမှာလဲ... လိပ်ပြာမင်းသမီးက ငါ့ဆရာရဲ့ ပြည့်စုံမှုအတွက် တစ်ခုခု ကြံစည်နေတယ်လို့ သံသယရှိနေတာလား"

"မင်း လိပ်ပြာမင်းသမီးရဲ့ ဘဝကို သေချာကြည့်ရင် ထူးဆန်းတာတွေ အများကြီး တွေ့ရလိမ့်မယ်။ သူမက ချင်တိုင်းပြည်ကနေ ဘယ်တော့မှ မထွက်ခွာဖူးဘူး။ သူမက သူမ ရသမျှ လက်ထပ်ခွင့် တောင်းဆိုမှုတိုင်းကို ငြင်းပယ်ခဲ့တယ်။ ဒါက ချင်တိုင်းပြည်က ဘယ်သူကမှ သူမကို လက်ထပ်ခွင့် မတောင်းခဲ့ဘူးဆိုတဲ့ အချက်သာ မရှိရင် ပြဿနာ မဟုတ်ဘူး။

"အင်း... အဲဒါကလည်း လုံးဝကြီးတော့ မမှန်ဘူး။ သေသွားတဲ့ မင်းသားတစ်ယောက်ကတော့ မကြာခင်မှာပဲ ပြည်နှင်ဒဏ်ပေးခံရပြီး မြို့တော်ကို ဘယ်တော့မှ ပြန်မလာတော့ဘူး။ ထူးဆန်းတာက လူသားဧကရာဇ် ကိုယ်တိုင်တောင် သူမရဲ့ အလှအပအပေါ် မယိုင်လဲခဲ့တာပဲ။ သူက စည်းကမ်းကြီးတဲ့သူမို့လို့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်တယ်လို့ မင်း ငြင်းချင်ငြင်းမှာပေါ့။

"ဒါပေမဲ့ ဒီလို ရည်မှန်းချက်ကြီးတဲ့သူက လူတွေကို ကျင့်ကြံရေးအဟန့်အတား ကျော်လွှားနိုင်အောင် ကူညီပေးနိုင်တဲ့ သူမရဲ့ အရည်အချင်းအပေါ် မမက်မောဘူးလို့ မင်း ဆိုလိုချင်တာလား။ လူသားဧကရာဇ်ရဲ့ စရိုက်အရဆိုရင် သူမကို သူ ပိုင်အောင် လုပ်ထားပြီးသား ဒါမှမဟုတ် ဖျက်ဆီးပစ်ပြီးသား ဖြစ်ရမယ်။ ဒီမြို့ထဲမှာ ဒီအတိုင်းကြီး အကျဉ်းချထားမှာ မဟုတ်ဘူး"

"အပျော်မယ်တစ်ယောက်ရဲ့ ဘွဲ့အမည်မှာ မင်းသမီးဆိုတဲ့ စကားလုံး ပါနေတာကလည်း ထူးဆန်းတယ်" လင်းဖန်က ဝင်ပြောလိုက်သည်။

"လူသားဧကရာဇ်ကသာ အဲဒီဘွဲ့ကို လက်မခံထားရင် လူအတော်များများက သူမကို ကန့်ကွက်ကြမှာပဲ။ စံအိမ်ကိုတောင် ဒေါသတကြီးနဲ့ ဖျက်ဆီးပစ်ကြလိမ့်မယ်။ ဒါမှမဟုတ် သူမကို ဖယ်ရှားဖို့ အကြောင်းပြချက် လုပ်ကြမှာပဲ"

အတွေးတစ်ခုက သူ့ခေါင်းထဲသို့ ရုတ်တရက် ဝင်လာသည်။

"မင်း ထင်တာက သူမက ချင်ရဲ့ လျှို့ဝှက်မင်းသမီးများ ဖြစ်နေမလား"

"ဒီနာမည်က တကယ်ကို အရိပ်အမြွက်ကောင်းတစ်ခုပဲ" ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ သူသည် တစ်စုံတစ်ခုကို ဖမ်းဆုပ်မိတော့မည့်အတိုင်း ခံစားနေရသည်။

"သူ့နာမည်ကို ခဏထားလိုက်ပါဦး။ ငါ့ဆရာအပေါ်မှာ သူမက ဘာပူးပေါင်းကြံစည်မှု ရှိနိုင်လို့လဲ"

"ငါက ဘယ်လိုသိမှာလဲ။ ဒီဖိတ်ကြားမှုက သံသယဖြစ်စရာ ကောင်းတယ်လို့ပဲ ငါ ထင်တာ" ဝမ်ဝေ့က ပုခုံးတွန့်ပြလိုက်သည်။

ရှောင်ထျန်းတိက သူ့ကို စိုက်ကြည့်လိုက်သည်။

"ထားလိုက်ပါတော့ … ငါ့ဘာသာငါပဲ စဉ်းစားတော့မယ်။ ပူးပေါင်းကြံစည်မှု... ပူးပေါင်းကြံစည်မှု... ဆရာပြောတာကတော့ လိပ်ပြာမင်းသမီးလို အနုပညာရှင်အဆင့်မျိုးက သက်သေပြစရာ ဘာမှမလိုတော့ဘူးတဲ့။ အဲဒီတော့ သူမရဲ့ လက်ရာသစ်က အရေးကြီးတဲ့ တစ်ခုခု ဖြစ်ရမယ်။ သူမရဲ့ အရင်လက်ရာတွေထက် သာလွန်တဲ့ ကိုယ်ပိုင်အရာတစ်ခု ဖြစ်မှာပဲ။

"သူမရဲ့ လက်ရာသစ်လား။ လိပ်ပြာမင်းသမီးက သူမရဲ့ လက်ရာသစ်ကို ပြီးပြည့်စုံအောင်လုပ်ဖို့ ငါ့ဆရာရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံကို သုံးချင်တာလား။ မဟုတ်ဘူး... သူမက ပြီးပြည့်စုံတဲ့ အနုပညာလက်ရာတစ်ခုကို ဖန်တီးချင်တာ နေမယ်"

ရှောင်ထျန်းတိ မတ်တတ်ရပ်လိုက်ပြီး ချက်ချင်းပင် ကူးသန်းပြောင်းရွှေ့ထွက်ခွာသွားသည်။

"အချစ်ဆိုတာ... လှပတဲ့ အရာတစ်ခုပဲ မဟုတ်လား" ဝမ်ဝေ့က နက်နက်ရှိုင်းရှိုင်း သက်ပြင်းချလိုက်သည်။

သို့သော် လင်းဖန်က သူ့ကို ပြန်မဖြေပေ။ ထိုအစား သူက မျက်မှောင်ကြုတ်နေသည်။

"ဘာဖြစ်လို့လဲ"

"ငါ ရုတ်တရက်ကြီး စိတ်ထဲမှာ မကောင်းတာတစ်ခုခု ဖြစ်တော့မယ်လို့ ခံစားနေရတယ်"

"ခံစားရမှာပေါ့"

"မင်း ဘာကို ဆိုလိုတာလဲ"

"အခု မင်းရဲ့ ဆရာက ကံကြမ္မာရဲ့ ရွေးချယ်ခံ ဖြစ်နေပြီလေ။ သူနဲ့ ပတ်သက်တဲ့သူတွေဟာ ဖြစ်ရပ်အမျိုးမျိုးတွေထဲကို မလွှဲမရှောင်သာ ဆွဲသွင်းခံရတော့မှာပဲ" ဝမ်ဝေ့က ရယ်မောလိုက်သည်။

"ဘာဖြစ်သွားလဲဆိုတာ ငါ ခန့်မှန်းလို့ရတယ်။ ရှုရှစ်က သူမရဲ့ စွမ်းရည်ကို မြှင့်တင်ဖို့ သွားရင်းနဲ့ ထိပ်တန်းအပျော်မယ်တစ်ယောက်ဆီက သင်ယူနေမှာပဲ။ အဲဒီလုပ်ငန်းစဉ်မှာ လိပ်ပြာမင်းသမီးက အကြောင်းတစ်ခုခုကြောင့် သူမကို သတိထားမိသွားပြီး သူမရဲ့ လက်ရာသစ်မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်တာ ဖြစ်လိမ့်မယ်"

သူသည် ရှုရှစ်၊ ရှုကျင်းယောင်နှင့် လိပ်ပြာမင်းသမီးတို့ကို အာရုံမရနိုင်ခြင်းက အဖြေတစ်ခု ဖြစ်နေသည်။

လင်းဖန်၏ မျက်နှာပျက်သွားပြီးနောက် သူလည်း ချက်ချင်း ကူးသန်းပြောင်းရွှေ့သွားရာ ရယ်မောကျန်ရစ်သူမှာ ဝမ်ဝေ့သာ ဖြစ်တော့သည်။

"နေ့တိုင်း စိတ်ပူနေရတဲ့သူ မဟုတ်ရတာ တကယ်ကို နေလို့ကောင်းတာပဲ"

မိနစ်အနည်းငယ်အကြာတွင် ထိုနှစ်ယောက် ပြန်ရောက်လာသည်။

"ကဲ... ဘယ်လိုလဲ"

"သူတို့က အပြီးသတ် ပြင်ဆင်မှုတွေအတွက် အပြင်ကနေ အဆက်အသွယ် ဖြတ်လိုက်ကြပြီ"

ရှောင်ထျန်းတိက အံကြိတ်ရင်း ပြောလိုက်သည်။

ဝမ်ဝေ့က နှုတ်ခမ်းသပ်လိုက်သည်။

"မင်းတို့ နောက်ကွယ်မှာ အင်အားကြီးတဲ့ အဖွဲ့အစည်းတစ်ခုသာ ရှိမယ်ဆိုရင် အခုအချိန်မှာ ဘယ်လောက်တောင် လုံခြုံမှုရှိတယ်လို့ ခံစားရမလဲဆိုတာ စိတ်ကူးကြည့်စမ်း"

"ဒါက အဲဒီလို ပြောရမဲ့ အချိန်လား" ရှောင်ထျန်းတိက အသံကျယ်ကျယ်နှင့် ပြောလိုက်သည်။

"ငါက အကြံပေးရုံတင်ပါ" ဝမ်ဝေ့က ပုခုံးတွန့်ပြသည်။

"ငါ သွားတော့မယ်" လင်းဖန်က ဆိုသည်။ သူက ဤအခြေအနေကို သူ၏ဆရာအား အသိပေးလိုသည်။

"ကောင်းပြီ... ကံကြမ္မာရဲ့ လက်ပါးစေဘဝမှာ ပျော်ပျော်ရွှင်ရွှင် နေခဲ့ပါဦး" ဝမ်ဝေ့က ရယ်မောလိုက်သည်။

လင်းဖန်က သူ့ကို စိုက်ကြည့်ပြီးနောက် ပျောက်ကွယ်သွားသည်။ ရှောင်ထျန်းတိကလည်း အေးစက်စွာ နှာမှုတ်ပြီး သူ၏ သီးသန့်အခန်းသို့ ပြန်သွားသည်။

"ပွဲက ပြီးသွားပြီလား။ နှမြောစရာပဲ" ဝမ်ဝေ့က ရယ်မောလိုက်သည်။ သူက ကုလားထိုင်ပေါ်တွင် ကိုယ်ကို လျှော့ချလိုက်သည်။

"တစ်ခါတလေကျရင် ဒီလိုမျိုး မူးရီနေရတာက ကောင်းပါတယ်"

ဝမ်ဝေ့က နောက်ရက်အနည်းငယ်အတွင်း ပျော်ရွှင်စွာ ဖြတ်သန်းခဲ့သည်။ ဖျော်ဖြေမှုများက တကယ်ကို ပြောင်မြောက်လှသည်။ အကယ်၍ သူသာ အထွတ်အထိပ် ကျင့်ကြံသူ မဟုတ်ပါက အချို့သော ဖျော်ဖြေမှုများက သူ့ကို ဉာဏ်အလင်းပွင့်လင်းသွားစေနိုင်သည်။ သုံးရက်အကြာတွင် မူလစည်းတံဆိပ်ကုန်းမြေ ရောက်ရှိလာခဲ့သည်။

ဝူဟုန်၏ ရောက်ရှိလာမှုမှာ မျှော်လင့်ထားသည့်အတိုင်းပင် ထူးကဲလှသည်။ သူမသည် အမြွှာနှစ်ယောက်ကို နောက်တွင် ထားကာ ပျံသန်းနေသော မြစ်တစ်စင်းပေါ်တွင် ရပ်နေသည်။ သို့သော် ထိုအရာမှာ သာမန်မြစ်တစ်စင်း မဟုတ်ပေ။ အဓိက တာအို ၃၈၀၀ လုံးမှ ပြင်းထန်ပြီး သန့်စင်သော တာအိုရနံ့များဖြင့် လူလုပ်ဖန်တီးထားသော မဟာတာအိုအရင်းအမြစ်တစ်ခု ဖြစ်သည်။ မူလစည်းတံဆိပ်ကုန်းမြေ ဖြတ်သန်းသွားရာတွင် ထိုမြစ်ကို ကြည့်ရုံဖြင့်ပင် လူအများအပြား ရုတ်တရက် အသိဉာဏ်ပွင့်လင်းမှုများ ရရှိခဲ့ကြသည်။

"ဒီအမျိုးသမီးကတော့ တကယ့်ကို ခမ်းခမ်းနားနား ရောက်လာတာပဲ မဟုတ်လား" ဝမ်ဝေ့က ပြုံးလိုက်သည်။ သူသည် ဝူဟုန်နှင့် မဆုံတွေ့ရမီ နောက်ထပ် နှစ်ရက်ခန့် စောင့်ဆိုင်းခဲ့ရပြီး ရင်တထိတ်ထိတ်နှင့် စောင့်နေခဲ့သည်။ သူမ ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူက သူမ၏ ရင်ခွင်ထဲသို့ ပြေးဝင်လိုက်သည်။

"နည်းနည်း စိတ်လှုပ်ရှားနေတာလား"

"မင်းရဲ့ နတ်မိမယ်လို မျက်နှာလေးကို လွမ်းနေတာ" ဝမ်ဝေ့က ပြုံးလိုက်သည်။

"ရှင် လွမ်းရမှာပေါ့" ဝူဟုန်က သူ့ကို အနမ်းတစ်ချက် ပေးလိုက်သည်။

"ဒါပဲလား"

"ရှင် တခြားမိန်းမတွေကို ရက်ပေါင်းများစွာ ငေးမောနေခဲ့ပြီးမှတော့ ကျွန်မက အဲဒီလောက်အထိ ချစ်ပြနေမှာ မဟုတ်ဘူး"

"ကိုယ် အဲဒီလို မလုပ်ပါဘူး။ သူတို့ရဲ့ အနုပညာကိုပဲ ခံစားခဲ့တာပါ"

"အင်း... ယုံပါတယ်" ဝူဟုန်က သူ့ကုလားထိုင်ပေါ်တွင် လှဲလျောင်းရင်း ခေါင်းညိတ်ပြသည်။

"ကဲ ကျွန်မအတွက် မှတ်တမ်းတင်ထားတာတွေ ဘယ်မှာလဲ"

"ဒီမှာပါ ကိုယ့်ဘုရင်မလေး" ဝမ်ဝေ့က အဆောင်လက်ဖွဲ့ အချို့ကို သူမအား ကမ်းပေးလိုက်သည်။ သူက သူမအတွက် သေရည်ငှဲ့ပေးပြီးနောက် သူမနှင့် မျက်နှာချင်းဆိုင်ရှိ အခြားကုလားထိုင်တစ်ခုတွင် ထိုင်လိုက်သည်။

"အမြွှာတွေကို ခေါ်လာပြီး ရုပ်သေးရုပ်ကို အစောင့်အဖြစ် ထားခဲ့တာက ကောင်းတဲ့ အကြံဟုတ်ရဲ့လား"

"သူ့နာမည်က လဲ့ဖေးချီပါ။ ပြီးတော့ သူက ရုပ်သေးရုပ်သက်သက် မဟုတ်ဘူး။ သူ့မှာ ဝိညာဉ်၊ အသိစိတ်နဲ့ ကိုယ်ပိုင်ဆန္ဒ ရှိတယ်။ ကျန်တဲ့ ကမ္ဘာကြီးက သူ့ကို ပစ္စည်းတစ်ခုလို ဆက်ဆံနေတာကို ကျွန်မတော့ ငြီးငွေ့နေပြီ"

"အိုး... တောင်းပန်ပါတယ်။ သူက မင်းအတွက် ဒီလောက်အထိ အရေးပါတယ်ဆိုတာ မသိခဲ့မိဘူး"

ဝူဟုန်က သက်ပြင်းချလိုက်သည်။ သူမက သေရည်ကို တစ်ငုံ သောက်လိုက်သည်။

"မဟုတ်ပါဘူး။ ကျွန်မကသာ တောင်းပန်ရမှာပါ" သူမသည် လဲ့ဖေးချီအကြောင်းကို သိပ်မပြောဖူးသဖြင့် ဝမ်ဝေ့ နားမလည်သည်မှာ သဘာဝကျပေသည်။

"တစ်ခုခု ဖြစ်ခဲ့လို့လား" ဝမ်ဝေ့က မေးလိုက်သည်။

"လူအတော်များများ မသိကြတာက... လဲ့ဖေးချီကို ကျွန်မရဲ့ ဆရာလို့ သတ်မှတ်လို့ရတယ်"

"အို"

"သူက ကျွန်မကို ရှေးဦးမူလဖြစ်လာအောင် သင်ကြားပေးခဲ့ပြီး ကူညီပေးခဲ့တဲ့သူပဲ။ ကျွန်မတို့ရဲ့ ပတ်သက်မှုက ကျွန်မ ရှေးဦးမူလဖြစ်လာရင် သူ့ကို ပြန်ပြင်ပေးမယ်ဆိုတဲ့ စီးပွားရေးဆန်ဆန် သဘောတူညီချက်နဲ့ စခဲ့ပေမဲ့ နောက်ပိုင်းမှာ နီးကပ်သွားခဲ့ကြတယ်။ သူက လက်မခံပေမဲ့ ကျွန်မကတော့ သူ့ကို ဆရာလို့ သတ်မှတ်ထားတယ်"

ဝမ်ဝေ့က သူမ၏စကားကို ကြားဖြတ်မပြောဘဲ တိတ်ဆိတ်စွာ နားထောင်နေသည်။

"ကျွန်မ အကြွင်းမဲ့တားမြစ်ချက်က ဒဏ်ရာတွေကို ကုသပေးပြီးပြီ။ ပြီးတော့ သူ့ကို ရှင်နဲ့ မိတ်ဆက်ပေးချင်ခဲ့တာ။ ကျွန်မတို့ရဲ့ မင်္ဂလာပွဲကိုတောင် သူ့ကို ဦးဆောင်ပေးဖို့ တောင်းဆိုချင်ခဲ့တာ။ ဒါပေမဲ့ အခု ကုန်းမြေက သူ့ကို မလိုတော့ဘူးဆိုတော့ သူက ထွက်သွားတော့မယ်လို့ ပြောတယ်"

ဝူဟုန်က သေရည်ကို ထပ်ငှဲ့ရန် ကြိုးစားသော်လည်း … ထို့အစား သေရည်အိုးကိုပဲ ‘မ’ ယူကာ အားလုံးကို သောက်ချလိုက်သည်။

"ဒီနေ့ ရောက်လာမယ်ဆိုတာ အမြဲသိနေခဲ့ပါတယ်။ ကျွန်မတို့ စတွေ့တုန်းက သူ ပြောခဲ့သမျှက အိမ်ပြန်ချင်တဲ့အကြောင်းပဲ။ သူက သူ့အိမ်က ဘယ်မှာလဲဆိုတာ ပြောပြရင် ဒါမှမဟုတ် ကျွန်မကို ကူညီခွင့်ပေးရင် ဒီလောက်အထိ စိတ်မကောင်းဖြစ်မှာ မဟုတ်ဘူး။ မဟုတ်ဘူး... အဲဒီ ခေါင်းမာတဲ့ ငတုံးကြီးက အရာရာတိုင်းကို သူ့ဘာသာသူပဲ လုပ်ချင်နေတာ"

All Chapters