← Chapters

စာလိပ် ၁၂ လိပ်နှင့် တိုင်လုံးပေါင်း ၃၃,၀၀၀

Vol. 112 Ch. 1561

စာလိပ် ၁၂ လိပ်နှင့် တိုင်လုံးပေါင်း ၃၃,၀၀၀

Vol. 112 Ch. 1561

"မဟာချင်မှာ ဧကရီတစ်ပါးရှိတယ်လို့ ကိုယ် မှတ်မိနေပါတယ် ဟုတ်တယ်မလား" ဝမ်ဝေ့က မေးလိုက်သည်။

"ဟုတ်တယ်။ ဒါပေမဲ့ သူမမှာ ဘာအာဏာမှမရှိဘဲ အဆောင်အယောင်သက်သက်ပဲလေ" ဝူဟုန်က ရှင်းပြလာသည်။

"တကယ်တော့ လက်ရှိ ဧကရီက ၃၀ ယောက်မြောက် ဧကရီပဲ။"

"သူမရဲ့ ကျင့်ကြံဆင့်က သိပ်မမြင့်ဘူးထင်တယ်"

"အကြွင်းမဲ့တားမြစ်ချက် မတိုင်ခင်က ၉၄ ရာခိုင်နှုန်းပဲ ရှိတာ။ သူမက အဲဒီတိုက်ပွဲမှာတောင် မပါဝင်ခဲ့ဘူး။"

"ဒါဆို လမင်းရှင်းလင်းရေးအတွင်းမှာ သူမ သေဆုံးသွားတာလား။ ဒါပေမဲ့ အခုချိန်ဆို ပြန်လည်အသက်ဝင်လာလောက်ပြီပေါ့။"

"ဖြစ်နိုင်တယ် … ဒါမှမဟုတ်လည်း ယင်ကျန်းက ဒီစီမံကိန်းကို ပြင်ဆင်နေတာ ကြာပြီဆိုတော့ သူမကို ပြန်အသက်မသွင်းတာလည်း ဖြစ်နိုင်တယ်" ဝူဟုန်က ဆိုသည်။

"ကိုယ် တစ်ယောက်ယောက်ကို စစ်ခိုင်းလိုက်မယ်" ဝမ်ဝေ့က ပြောရင်း အနီရောင်မျက်နှာဖုံးအဖွဲ့ထံ အမိန့်ပေးလိုက်သည်။

"လိပ်ပြာမင်းသမီးဆီ ချဉ်းကပ်ဖို့ဆိုရင် ယင်ရုန်လွေ့ကိုပဲ အားကိုးရတော့မယ် ထင်တယ်။"

သူက ရွှေရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် ချင်စစ်သည်တစ်စုကို တည်ငြိမ်စွာ ကြည့်နေမိသည်။ ထိုရွှေရောင်ချပ်ဝတ်မှာ ယင်ကျန်း၏ အမိန့်ကိုသာ နာခံသည့် ဧကရာဇ်တပ်ဖွဲ့၏ အမှတ်အသားဖြစ်ပြီး သူတို့က လိပ်ပြာမင်းသမီးကို နန်းတော်ဆီသို့ ခေါ်ဆောင်သွားကြသည်။

မင်းသမီး ထွက်ခွာသွားပြီးနောက် အခမ်းအနား ပြီးဆုံးသွားလေသည်။ လူအများအပြားမှာ ရင်ထဲတွင် တစ်ခုခု တစ်ဆို့နေသကဲ့သို့ ခံစားချက်ဖြင့် ထွက်ခွာသွားကြ၏။ တစ်ကွက်တည်းဖြင့် ချင်သူတော်စင်ခုံရုံး၏ ကံကြမ္မာနှင့် ဂုဏ်သတင်းမှာ သိသိသာသာ မြင့်တက်သွားခဲ့သည်။ အဆိုးဆုံးမှာ ညီလာခံမတိုင်မီ ရက်အနည်းငယ်အတွင်း သူတို့သည် အံ့ဖွယ်ယုံကြည်မှုကောင်းကင်ဘုံ၊ အကန့်အသတ်မဲ့လဲလှယ်ရေးခန်းမနှင့် အရည်အချင်းလမ်းစဉ်အဖွဲ့အစည်းကဲ့သို့သော အားအနည်းဆုံး အာဏာရှင်အင်အားစုများထံ ဗြောင်ကျကျ သွားရောက်လည်ပတ်ခဲ့ခြင်းပင် ဖြစ်၏။

မည်သည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်ကို မည်သူမျှ မသိသော်လည်း မရိုးသားသော အကြံအစည်တစ်ခုခု ရှိနေသည်ကို အားလုံးက ရိပ်မိနေကြသည်။ ပါဝင်သူအားလုံးက မျှော်လင့်မထားသည်များ ဖြစ်မလာနိုင်တော့ဟု ထင်နေကြသော်လည်း ညီလာခံမတိုင်မီ တစ်ရက်အလိုတွင် ထူးခြားမှုတစ်ခု ဖြစ်ပွားခဲ့သည်။

ဝမ်ဝေ့က ဝူဟုန်နှင့်အတူ ရှိမနေဘဲ မုန့်ခယ်၊ တုကွန်းတို့နှင့်အတူ ညစာစားနေခြင်း ဖြစ်၏။ လူရိုင်းမျိုးနွယ်စုအပြင် အခြားအင်အားစု သုံးခုတွင်လည်း ရှေးဦးမူလ တစ်ပါးစီ ရှိကြပြီး သူတို့သည်လည်း ညီလာခံတွင် ပါဝင်နိုင်သည်။ သို့သော် သူတို့သည် ဆုံးဖြတ်ချက်များကို အဆိုပြုနိုင်သော်လည်း မဲခွဲဆုံးဖြတ်ပိုင်ခွင့် မရှိပေ။ ဤအုပ်စုလေးခု ပေါင်းလိုက်ပါက အလွန်အမင်း အင်အားကြီးမားလာမည်ကို ထောက်လျှင် အလွန်မတရားသော ကိစ္စဖြစ်လာပေမည်။

ဝမ်းနည်းစရာကောင်းသည်မှာ အာဏာရှင်တို့၏ လျို့ဝှက်စည်းမျဉ်းထဲမှ တစ်ခုကား ဤအင်အားစု လေးခုကို ဖိနှိပ်ရန်နှင့် သူတို့ အချင်းချင်း မဟာမိတ်မဖွဲ့နိုင်အောင် တားဆီးရန် ဖြစ်သည်။ အကန့်အသတ်မဲ့လဲလှယ်ရေးခန်းမသည် ဤစည်းမျဉ်းကို အလွန်အလေးထားပြီး သူတို့အုပ်စုလေးခုကို အမြဲမျက်စိဒေါက်ထောက် စောင့်ကြည့်နေခဲ့သည်။

သူတို့ သုံးဦး ပျော်ရွှင်စွာ စကားပြောနေစဉ် ရုတ်တရက် တစ်ခုခုကို အာရုံရသွားပြီး ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။ ရွှေရောင်စာလိပ် ၁၂ လိပ်မှာ မိုးမြေကြားတွင် ရုတ်တရက် ပေါ်ပေါက်လာပြီး တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေသည်။ စာလိပ်များမှာ စက္ကန့်အနည်းငယ်မျှ တောက်ပသွားပြီးနောက် အာဏာရှင်တစ်ဦးစီ၏ လက်ထဲသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြသည်။

ထို့နောက် ဧရာမ ငွေရောင်တိုင်လုံးပေါင်း ၃၃,၀၀၀ သည် ကောင်းကင်ယံတွင် စုစည်းလာပြီး အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ နေရာအနှံ့အပြားသို့ ပျံ့နှံ့ကျရောက်သွားသည်။

"အဲဒါတွေက..." မုန့်ခယ်က မေးလိုက်သည်။

"လဲလှယ်ရေးစာရင်းတွေပဲ" ဝမ်ဝေ့က ခေါင်းညိတ်ပြသည်။

"တိုင်လုံးတစ်လုံးက ကျွန်မတို့နယ်မြေထဲ ကျလာတယ်" တုကွန်းက မှတ်ချက်ပေးသည်။

"သူတို့ ကျရောက်တဲ့နေရာတွေကို သေသေချာချာ ရွေးချယ်ထားတာပဲ" ဝမ်ဝေ့က ဆိုသည်။

"ရှေးဦးမူလနဲ့ ထိပ်တန်း စံပြမျိုးရိုးတွေက တစ်ခုစီ ရကြပြီး ကျန်တာတွေကတော့ အင်အားကြီးတဲ့ လေလွင့်ကျင့်ကြံသူတွေ ရှိတဲ့နေရာတွေမှာ ကျတာ။"

"ကပ်ဘေးက ငါတို့အပေါ် ကျရောက်တော့မှာတောင် ကောင်းကင်တာအိုက မျက်နှာလိုက်နေတုန်းပဲ" မုန့်ခယ်က သက်ပြင်းချလိုက်သည်။

အာဏာရှင်များက လဲလှယ်ရေးစာရင်းကို ရရှိကြသော်လည်း ကျန်လူများမှာမူ ဤတိုင်လုံးများကိုသာ အသုံးပြုရမည် ဖြစ်သည်။ ထို့အပြင် ရွှေရောင်နှင့် ငွေရောင် ကွာခြားချက်အရ လဲလှယ်ရေးစာရင်းမှာ ပို၍ အားသာချက်ရှိနိုင်ပေသည်။

မုန့်ခယ်၏ အကြည့်ထဲတွင် ပြတ်သားသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ ကောင်းကင်တာအိုက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သူ သိသည်။ သူ့အဓိကပစ်မှတ်မှာ လူရိုင်းမျိုးနွယ်ကဲ့သို့ ဒုတိယမြောက် ရှေးဦးမူလတစ်ပါးကို မွေးထုတ်ပေးနိုင်ပြီး အာဏာရှင်နေရာကို ပြိုင်ဆိုင်နိုင်စမ်းရှိသည့် ရှေးဦးမူလမျိုးနွယ်များပင် ဖြစ်သည်။ ကောင်းကင်တာအိုသည် သူတို့ကို အချင်းချင်း ပြိုင်ဆိုင်တိုက်ခိုက်စေပြီး အင်အားစုအသစ်များ ပြန်လည်ဖွဲ့စည်းရန် ရည်ရွယ်နေခြင်း ဖြစ်၏။

ရန်သူ့အကြံအစည်ကို သိသော်လည်း သူ ဘာမျှ မတတ်နိုင်ပေ။ ဝမ်ဝေ့နှင့်အတူ ရှိနေစဉ်အတွင်း မုန့်ခယ် သင်ယူခဲ့ရသည့်အရာမှာ စနစ်တစ်ခုကို မဖြိုဖျက်နိုင်ခင်အထိ ထိုစနစ်ထဲတွင် လိုက်ပါကစားရမည်ဟူသောအချက်ပင် ဖြစ်၏။

"ငါ သွားရတော့မယ်" ဝမ်ဝေ့က ပြောလိုက်သည်။

"ငါတို့ နားလည်ပါတယ်" မုန့်ခယ်က ဆိုသည်။ တကယ်တော့ သူလည်း သွားရမည် ဖြစ်သည်။ ဤကဲ့သို့ ရုတ်တရက် ပြောင်းလဲမှုကြောင့် လျှို့ဝှက်အစည်းအဝေးများစွာ ဖြစ်ပေါ်နေပြီ ဖြစ်သည်။

ဝမ်ဝေ့ ခေါင်းညိတ်ပြီးနောက် ထွက်ခွာလာခဲ့သည်။ မြို့တော်အတွင်း ခရီးဝေး ကူးသန်းပြောင်းရွှေ့ခြင်းနှင့် အရှိန်ပြင်းစွာ ပျံသန်းခြင်းကို တားမြစ်ထားသောကြောင့် ဝမ်ဝေ့က မိမိကိုယ်ကို ထိန်းချုပ်ရင်း အိမ်သို့ အမြန်ပြန်ခဲ့ရသည်။

သူ ရောက်ရှိသွားချိန်တွင် အထွေထွေသောင်းပြောင်း၊ ဝမ်ပေါ် နှင့် ထိုက်စုန့် အပါအဝင် လူတိုင်း ထိုင်စောင့်နေကြပြီ ဖြစ်သည်။

"ကျုပ် ဘာများ လွတ်သွားသေးလဲ" ဝမ်ဝေ့က မေးလိုက်သည်။

"ကိုယ်တိုင်ပဲ ကြည့်လိုက်တော့" ချီယွမ်က ပြန်ဖြေရင်း လဲလှယ်ရေးစာရင်းကို ကမ်းပေးလိုက်သည်။ ဝမ်ဝေ့ ထိုင်ချလိုက်ပြီး စာရင်းပါ အကြောင်းအရာများကို ဖတ်ရှုလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း အမြင့်ဆုံးအဆင့်တွင် မေးခွန်းထုတ်စရာများ မရှိတော့ဘဲ [ပထမအဆင့် ထူးကဲသာလွန်သူ] ဟု အမည်တပ်ထားသည်။ ဝမ်ဝေ့၏ မျက်လုံးများ တောက်ပသွားပြီး အောက်ဆုံးမှ စတင်ကာ ဖတ်ရှုလိုက်သည်။ သံသရာမူလကျောက်တုံး သို့မဟုတ် သူ့အဘွားဆီမှ ရရှိခဲ့သည့် အဆောင်လက်ဖွဲ့မှလွဲ၍ ကျန်အရာအများစုကို သူ မသိပေ။ ကံကောင်းသည်မှာ လဲလှယ်ရေးစာရင်းသည် တုံ့ပြန်မှုရှိပြီး အရာတစ်ခုခုကို အာရုံစိုက်လိုက်သည်နှင့် ပုံရိပ်နှင့် ဖော်ပြချက်ကို ပြသပေးသည်။

စာရင်း၏ အောက်ခြေအပိုင်းတွင် ရှေးဦးမူလများကို လေ့ကျင့်ပေးရန် ထူးခြားသည့် ကုန်ကြမ်းများနှင့် ထူးကဲသာလွန်အုတ်မြစ် တည်ဆောက်ရန် လိုအပ်သည့် ပစ္စည်းများ အဓိက ပါဝင်သည်။ ဝမ်ဝေ့မှာ ဖတ်ရင်းနှင့်ပင် သွားရည်ကျမိသော်လည်း ထိုအရာက အစပဲ ရှိသေးသည်။

အလယ်ပိုင်းနားတွင်မူ သူ့အာရုံကို ဖမ်းစားသည့် အရာနှစ်ခုကို တွေ့လိုက်ရသည်။ ပထမတစ်ခုမှာ တိုက်ပွဲနယ်မြေ နိဗ္ဗာန်ကျောက်တုံး ဖြစ်ပြီး ထိုအရာမှာ ယခင်အဆင့်တွင် တားမြစ်တိုက်ခိုက်ရေးအဆင့်သို့ မရောက်ရှိခဲ့သည်ကို ပြန်လည်ဖြည့်ဆည်းပေးနိုင်သည်။ ထိုအရာကို တစ်ကြိမ်သာ အသုံးပြုနိုင်သော်လည်း အလွန်အရေးပါသည့် အရာတစ်ခု ဖြစ်နေသည်။

ဒုတိယအရာမှာ [မဟာလွှဲပြောင်းမိန့်ခွန်း] ဖြစ်ပြီး အတုအယောင်ကောင်းကင်ဘုံအဆင့်မျှသာ ဖြစ်သည့် ရှေးဦးမူလတစ်ပါးကို ဘေးထွက်ဆိုးကျိုးမရှိဘဲ အတိုင်းအတာမဲ့ စံပြအဆင့်သို့ ပြောင်းလဲပေးနိုင်သည်။

အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတွင် တိုက်ပွဲရူး အပါအဝင် လူသုံးဦးသာ အတုအယောင်ကောင်းကင်ဘုံအဆင့်ဖြင့် ရှေးဦးမူလ ဖြစ်လာခဲ့ကြခြင်း ဖြစ်သည်။ (ဝမ်ချုံးကဲ့သို့ ခန္ဓာကိုယ်လေ့ကျင့်သူ၏ စိတ်ဆန္ဒစွမ်းအားကို အသုံးပြုသူများကို ထည့်မတွက်ထားပေ)

ဝမ်ဝေ့က ဤနှစ်ခုကို မှတ်သားထားပြီး အပေါ်သို့ ဆက်ကြည့်လိုက်သည်။ ဈေးနှုန်းများ ရုတ်တရက် ပြောင်းလဲသွားသဖြင့် အလယ်ပိုင်းသို့ ရောက်သွားပြီဖြစ်ကြောင်း သတိပြုမိသည်။ အောက်ခြေစာရင်းတွင် ခရမ်းရောင် ကုသိုလ်ကို ငွေပေးချေမှုအဖြစ် သုံးသော်လည်း အလယ်ပိုင်းတွင်မူ ခရမ်းရောင်တိမ်တိုက်ကို ငွေပေးချေမှုအဖြစ် အသုံးပြုထားသည်။

ဝမ်ဝေ့၏ နှုတ်ခမ်းများ တွန့်သွားသည်။ ကုသိုလ်ကို အရောင်မဲ့၊ ရွှေရောင် နှင့် ခရမ်းရောင်ဟူ၍ ခွဲခြားထားသည်။ တိမ်တိုက်တစ်ခု ဖြစ်လာရန် လိုအပ်သည့် ကုသိုလ်ပမာဏမှာ အမြောက်အများဖြစ်ရာ ခရမ်းရောင်ကုသိုလ်ကို သုံးရမည်ဆိုသည်မှာ မတွေးဝံ့စရာပင် ဖြစ်၏။ သူ သက်ပြင်းချရင်း ဆက်ဖတ်လိုက်သည်။

အောက်ခြေအပိုင်းက ရှေးဦးမူလများ မွေးထုတ်ခြင်းနှင့် သာလွန်ခြင်းနယ်မြေအတွက် အုတ်မြစ်ချခြင်းကို အာရုံစိုက်ထားလျှင် အလယ်ပိုင်းမှာမူ ခန္ဓာကိုယ် သို့မဟုတ် ဝိညာဉ်သာလွန်ခြင်းကို စုစည်းနိုင်မည့် တိကျသော နည်းလမ်းများအကြောင်း ဖြစ်သည်။ ဝမ်ဝေ့အနေနှင့် ဝိညာဉ်နှင့် ခန္ဓာကိုယ် နှစ်မျိုးလုံးအတွက် မပြည့်စုံသော နည်းလမ်းများစွာကို တွေ့ခဲ့ရသည်။

ကမ္ဘာဦးဟွင်သွမ်း သူတော်စင်များ၏ ဟောပြောချက်များ ပါဝင်သည့် အဆောင်လက်ဖွဲ့ကိုလည်း တွေ့ရသည်။ မပြည့်စုံသော နည်းလမ်းများကို ပြည့်စုံစေရန် သို့မဟုတ် ကိုယ်ပိုင်နည်းလမ်းများ ဖန်တီးနိုင်ရန် ကောင်းကင်တာအိုမှ အသိပညာများကို ရရှိနိုင်မည့် ဒိုင်မေးရှင်းများသို့ ဝင်ရောက်ခွင့်ကိုလည်း တွေ့ရသည်။ ကမ္ဘာဦးသူတော်စင်တစ်ပါး၏ မွေးဖွားချိန်မှ ထူးကဲသာလွန်အဆင့်သို့ ရောက်ရှိချိန်အထိ ဘဝကို အတွေ့အကြုံယူနိုင်မည့် ဆေးလုံးများကိုလည်း တွေ့ရသည်။

ကောင်းကင်တာအိုကတော့ တကယ့်ကို အကုန်အစင် ထုတ်ပြလိုက်တာပဲ

ဝမ်ဝေ့က စဉ်းစားမိသည်။

ဤစာရင်းပါအရာများကို ရရှိနိုင်ရန် ကောင်းကင်တာအိုက ကံကောင်းမှုနှင့် ကံကြမ္မာ မည်မျှအထိ အသုံးပြုခဲ့ရမည်ကို သူ ခန့်မှန်းနိုင်သည်။ သူသည် ဤအပိုင်းတွင် အားလုံးကို တွေ့မြင်ပြီးပြီဟု ထင်ကာ ဆက်လက်ဖတ်ရှုခဲ့သည်။ သို့သော် အလယ်ပိုင်း၏ ထိပ်ဆုံးရှိ အရာကို မြင်လိုက်ရသောအခါ ဝမ်ဝေ့ အကြီးအကျယ် မှားသွားမှန်း သိလိုက်ရသည်။

[ထူးကဲသာလွန်ကောင်းကင်အလိုဆန္ဒ (၂ ခုသာ ရနိုင်သည်): စုပ်ယူပြီးသည်နှင့် ထိပ်သီးစံပြအဆင့်ရှိသူ၏ ဝိညာဉ်ကို ကောင်းကင်တာအို၏ အဆီအနှစ်ဖြင့် အတင်းအဓမ္မ ပြုစုပျိုးထောင်ပေးမည်ဖြစ်ရာ ဝိညာဉ်သာလွန်ခြင်းကို စုစည်းစေနိုင်မည်။

သတိပေးချက် ၁ - ဤလမ်းစဉ်သည် အောင်မြင်ရန် အာမမခံပါ။ ကျရှုံးပါက ထူးကဲသာလွန်ကောင်းကင်အလိုဆန္ဒကို ပြန်လည်သိမ်းဆည်းမည်ဖြစ်သည်။

သတိပေးချက် ၂ - ဤနည်းလမ်းကို အသုံးပြုသူသည် ထိုအဆင့်တွင် အားအနည်းဆုံးသူ ဖြစ်လိမ့်မည်။]

ဒါက အများကြီး ပြောင်းလဲသွားစေတာပဲ

ဝမ်ဝေ့ တွေးလိုက်သည်။ အသည်းအသန်ဖြစ်နေသူများသည် သတိပေးချက်များကို ဂရုစိုက်မည် မဟုတ်သည်မှာ သေချာပေသည်။ အရေးကြီးဆုံးအချက်မှာ ဤအာဏာရှင်များသည် သူတို့၏ အမှားများမှ သင်ခန်းစာယူထားခြင်းပင် ဖြစ်သည်။

သူတို့၏ မျိုးနွယ်အတွက် အကာအကွယ်ပေးမည့် ကမ္ဘာဦးသူတော်စင်တစ်ပါးမျှ မရှိခြင်း၏ ရလဒ်ကို မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ ဤကောင်းကင်အလိုဆန္ဒဖြင့် သူတို့သည် ကပ်ဘေးမှ လွတ်မြောက်ရန် အခွင့်အလမ်း ပိုများလာမည်ဖြစ်ပြီး အခြားသူများကို ကာကွယ်ရသည့် ဝန်ထုပ်ဝန်ပိုးမရှိဘဲ မိမိတို့၏ ထူးကဲသာလွန်လမ်းစဉ်ကို ရှာဖွေရန် အချိန်ရသွားမည် ဖြစ်သည်။

ဂိုဏ်းက ဒါတွေထဲက အနည်းဆုံး တစ်ခုတော့ ရအောင်ယူရမယ်

ဝမ်ဝေ့ တွေးလိုက်သည်။

ဤထူးကဲသာလွန်ကောင်းကင်အလိုဆန္ဒအတွက် လိုအပ်သည့် ခရမ်းရောင်တိမ်တိုက် ပမာဏမှာ ကြောက်စရာကောင်းသော်လည်း ဝမ်ဝေ့ကို မတားဆီးနိုင်ပေ။ အခြားအာဏာရှင်များကိုလည်း တားဆီးနိုင်မည် မဟုတ်ကြောင်း သူ ယုံကြည်သည်။

ဝမ်ဝေ့သည် စိတ်ကို တည်ငြိမ်အောင်ထားပြီး စာရင်း၏ အထက်ပိုင်းကို စစ်ဆေးလိုက်သည်။ ဈေးနှုန်းများသည် ခရမ်းရောင်တိမ်တိုက်မှ ရွှေနဂါးများသို့ ခုန်တက်သွားသည်။ ရွှေရောင်ကုသိုလ် အများအပြားကို စုစည်းပါက ရွှေရောင်တိမ်တိုက် ဖြစ်လာပြီး ထပ်မံပေါင်းစပ်ပါက ရွှေနဂါးများ ဖြစ်လာသည်။ ထိုအပိုင်းရှိ အနိမ့်ဆုံးဈေးမှာ ရွှေနဂါးဖြစ်ပြီး အမြင့်ဆုံးမှာ ခရမ်းရောင်နဂါးများ ဖြစ်သည်။

ပထမတွင် ဝမ်ဝေ့က ကောင်းကင်တာအိုသည် လူတွေကို အမြတ်ထုတ်နေသည်ဟု ငြီးတွားချင်ခဲ့သော်လည်း ထိုအပိုင်းရှိ အရာအားလုံးမှာ ပထမအဆင့် သာလွန်ခြင်းကျင့်ကြံရေးနယ်ပယ် ကုန်ကြမ်းများ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ထိုအထဲတွင် ဆေးလုံးနှင့် လက်နက်များ ပြုလုပ်ရန် ဆေးဖက်ဝင်အပင်များနှင့် သတ္တုရိုင်းများ ပါဝင်သည်။

ထို့အပြင် ကုသိုလ်တစ်ခုတည်းကိုသာ လက်ခံခြင်း မဟုတ်ဘဲ တန်ဖိုးတူအရာများဖြင့်လည်း လဲလှယ်နိုင်ကြောင်း ဖော်ပြထားရာ ကမ္ဘာဦးသူတော်စင်များအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိသာသည်။ ဝမ်ဝေ့က အထက်ပိုင်းကို အသေးစိတ် မကြည့်တော့ဘဲ အမြန်မှတ်သားလိုက်သည်။ ဤအပိုင်းမှာ လက်ရှိ သူ့အနေအထားနှင့် လက်လှမ်းမမီနိုင်သေးသည့် အဆင့်ပင် ဖြစ်တော့သည်။

All Chapters