← Chapters

အခန်း (၉၈၁-၉၈၂)

Vol. 82 Ch. 981-982

အခန်း (၉၈၁-၉၈၂)

Vol. 82 Ch. 981-982

အခန်း ၉၈၁ -

သေခြင်းတရားကို ငါပေးလိုက်ပြီ။

“ လေနတ်ဘုရား ဥပဒေစည်းမျဉ်း။ ”

ဤသည်မှာ အပြာရောင်လွမ် ဝိညာဉ်မျိုးနွယ်၏ အမြင့်မြတ်ဆုံးသောအမွေ ဖြစ်သည်။ ဤဥပဒေစည်းမျဉ်းကို ပိုင်ဆိုင်ထား သူသည် နေနှင့်လကိုပင် လွင့်စင်သွားအောင် လေတိုက်နိုင်၏။

ဖုန်းရှင်းယာ လှုပ်ရှားလိုက်သည်နှင့် သူ့ပုံရိပ်သည် ငွေရောင်မုန်တိုင်းကြီးအလား ပြောင်းလဲဝေဝါးသွား၏။

အနားရှိလေဟာနယ်သည် ထိုဥပဒေစည်းမျဉ်းကြောင့် အစိတ်စိတ်အမွှာမွှာ ကြိတ်ခြေခံလိုက်ရတော့သည်။

ဖုန်းမုယွမ်နှင့် ဖုန်းရှန်းဟူတို့သည် အသက်ရှူကြပ်လာပြီး တိုက်ပွဲနှင့်ဝေးရာသို့ ချက်ချင်းဆုတ်ခွာလိုက်ရ၏။

ဖုန်းရှင်းယာ၏ အရှိန်အဝါသည် ကြောက်စရာကောင်းလွန်းပြီး သူတို့ကဲ့သို့သော နယ်ပယ်ဘုရင်များသည်ပင် ဖိအားခံရ၏။

ရုတ်ချည်း စုရီအနားတွင် လေဓားတစ်လက်ထွက်ပေါ်လာသည်။ သာမန် နယ်ပယ်ဘုရင်များဆိုပါက တုံ့ပြန်ရန်ပင် အချိန်ရနိုင်မည်မဟုတ်ချေ။

“ သွား ... ။ ”

“ ဝုန်း ... ။ ”

သို့သော် စုရီအတွက်မူ ကြိုတင်သိရှိနေသကဲ့သို့ သူ့ဓားကိုဝှေ့ယမ်းကာ လေဓားအပေါ် ရိုက်ချိုးပစ်လိုက်သည်။

ထိပ်တိုက်တွေ့ဆုံမှုသည် ပေါက်ကွဲမှုဖြင့် ရပ်တန့်သွားတော့၏။ ဖုန်းရှင်းယာမှနှုတ်ခမ်းကို လျှာနှင့်သပ်လိုက်ပြီးနောက် မူလနေရာမှ ရုတ်ချည်း ပျောက်ကွယ်သွားသည်။

“ဝူး ... ။ ”

စုရီကို ဗဟိုပြု၍ ပေတစ်ထောင် ပတ်လည်တွင် လျှပ်စီးများအလား လေဓား မုန်တိုင်းကြီး ပေါ်ထွက်လာသည်။

လေဟာနယ်တစ်ခုလုံး အပိုင်းအပိုင်း ပြတ်တောက်သွား၏။ အပြာရောင်လွမ် ဝိညာဉ် မျိုးနွယ်၏ လေနတ်ဘုရားဓားကိုးချက်မှ ပထမဓားပေပင်။

“ လေဟာနယ်ပျက်သုဉ်းခြင်း ... ဟမ့် ... စီနီယာအစ်ကိုက ပွဲစတည်းက လူသတ်ဓားချက် ထုတ်နေတာလား။ ”

ဖုန်းရှန်းဟူက ထိုမြင်ကွင်းကြောင့် အံ့သြသွားသည်။ ဤဓားသည် မျိုးနွယ်စုအတွင်း အမြင့်မြတ်ဆုံး အမွေဖြစ်ပြီး တုံ့ယွီအဆင့် နယ်ပယ်ဘုရင်ကိုပင် သတ်နိုင်ချေပြီ။

ပြိုင်ဘက်အတွက် နုပ်နုပ်ဆင်းခံရသော အသားစများအလား မသိလိုက်ဘဲ ပျောက်ကွယ် သွားနိုင်၏။ သို့သော် ထိုပြိုင်ဘက်သည် စုရီနှင့် မတွေ့ခင်ဖြစ်သည်။

“ အရမ်းမြန်တယ် ... ။ ”

ဖုန်းရှင်းယာက အော်ဟစ်လိုက်သည်။ စုရီပုံရိပ်သည်လျှပ်စီးအလား မြင်ကွင်းအတွင်းမှ ပျောက်ကွယ်သွားပြီး အဝေးတစ်နေရာတွင် ပြန်ပေါ်လာ၏။

နောက်ဆက်တွဲပုံရိပ်သည်သာ လေဓားအတွင်း အပိုင်းပိုင်းပြတ်သွားလေသည်။ ထို့နောက်တွင် ဖုန်းရှင်းယာသည် အဟုန်ကို တိုးမြှင့်လိုက်တော့၏။

ယင်းသည် အရှိန်အဟုန်ပြိုင်ပွဲကို စတင်လိုက်သကဲ့သို့ တစ်ဦးသည်အလင်းကဲ့သို့ ပျံသန်းနေပြီး ကျန်တစ်ဦးသည် လေပြင်းအလား အပြန်အလှန် တိုက်ခိုက်နေကြတော့၏။

အဝေးမှ ကြည့်နေသော ဖုန်းမုယွမ်တို့မှာ နတ်အာရုံသုံးသော်မှ မည်သူသည် ဖုန်းရှင်းယာ ဖြစ်ပြီး မည်သူသည် သူ့ပြိုင်ဘက်ဖြစ်ကြောင်း မကွဲပြားနိုင်ခဲ့ချေ။

စက္ကန့်အနည်းငယ် အကြာတွင် ကောင်းကင်တွင် သွေးစက်များပက်ဖြန်းလွင့်စင် လာခဲ့သည်။ တစ်ဆက်တည်းမှာပင် ဖုန်းရှင်းယာ တစ်ယောက် ယိမ်းထိုးလျက် ထွက်ပေါ်လာ၏။

သွေးချင်းချင်းနီနေသော ဓားဒဏ်ရာများစွာသည် သူ့ခန္ဓာကိုယ်တွင် ပြည့်နှက်နေခဲ့သည်။ အချို့ဒဏ်ရာများမှာ အရိုးပင် မြင်နေရ၏။

“ မင်းမှာရှိတာ ဒါပဲလား။ ”

စုရီပုံရိပ်သည်လည်း အဝေးတွင် ပြန်ပေါ်လာပြီး ခေါင်းခါလျက် စိတ်ပျက်သွား၏။ သူ့လက်ထဲရှိ ဓားဖျားမှသွေးစက်များ တဖျတ်ဖျတ် စီးကျနေခဲ့သည်။

“ ဘယ်လောက် မောက်မာလိုက်လဲ။ ”

ထိုအမူအရာနှင့် အသွင်အပြင်ကြောင့် ဖုန်းရှင်းယာသည် ဒဏ်ရာများကို ဂရုမစိုက်ခဲ့ဘဲ ရူးသွပ်လွန်းသောမျက်ဝန်းများဖြင့်၊

“ ဒါဘာတာအိုလဲ။ ”

-ဟု မေးမြန်းလာ၏။

“ စကြာဝဠာအလင်း ဥပဒေ ... ။ ”

စုရီမှ ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။ ထို့နောက်တွင် ဖုန်းရှင်းယာသည် ရူးသွပ်ခြင်း မျိုးဆက်သွေးကို လောင်ကျွမ်းလျက် ပေတစ်ရာ ရှည်သော အပြာရောင်လွမ်းငှက်ကြီးအဖြစ် အသွင်ပြောင်းလိုက်တော့၏။

ဤသည်မှာ မိသားစုအမွေဖြစ်သော လေနတ်ဘုရားဓားကိုးချက်၏ အပြင်းထန်ဆုံး လေနတ်ဘုရားကောင်းကင် ဖျက်ဆီးခြင်း ဓားကိုအသုံးပြုရန် ပြင်လိုက်ခြင်းပေပင်။

သို့သော် ထိုခဏမှာပင် လောကကြီးတစ်ခုလုံး ရုတ်တရက် ရပ်တန့်ကာ ပန်းချီကားတစ်ချပ်အလား အေးခဲသွား၏။

“ ဟမ့် ... ။ ”

စီးဆင်းနေသော လေဥပဒေသည်ပင် ရေခဲများအလားတုံ့နှေးကုန်သည်။ ယင်းကြောင့် မီးတောက်များ လောင်မြိုက်လျက် ပိတ်ဆို့မှုကို ချက်ချင်းချိုးဖြတ်တော့၏။

“ ကျီး ... ။ ”

အပြာရောင်လွမ်ငှက်သည် အပြာရောင်ဖီးနစ်ငှက်မျိုးနွယ်ဖြစ်၏။ သို့သော် ၎င်းသည် လေနှင့်မီးကို ထိန်းချုပ်နိုင်သဖြင့် စစ်မှန်သောဖီးနစ်မဟုတ်ချေ။

ထို့ကြောင့် အပြာရောင်လွမ်ငှက်ကြီး ပတ်ဝန်းကျင်တွင် လေနှင့်မီးဥပဒေများစွာသည် တဝုန်းဝုန်းတောက်လာကာ ကန့်သတ်မှုကို ချိုးဖြတ်လိုက်တော့၏။

“ ဝုန်း ... ။ ”

ယင်းသည် သူ၏ နောက်ဆုံးအတွေးပေပင်။ အေးခဲနေသောပန်ချီကားအတွင်း ငှက်ဦးခေါင်းမှ တိခနဲပြတ်ကျသွားတော့သည်။

ထိုဓားသည် လျက်မြန်ပြီး ထက်ရှလွန်းသောကြောင့် သွေးပန်းထွက်ရန်ပင် အချိန်မရလိုက်ချေ။ ဖုန်းရှင်းယာ၏ အံ့အားသင့် နေသော အကြည့်များအောက်တွင် ဦးခေါင်းနှင့် ခန္ဓာကိုယ်ကြီးသည် အမှုန်အဖြစ် ပြောင်းလဲ လွင့်ပြယ်သွားတော့၏။

ဤနည်းဖြင့် အပြာရောင်လွမ် ဝိညာဉ်မျိုးနွယ်စု ပင်မဌာနမှ အရူးမျိုးဆက်သွေး တုံ့ယွီအဆင့် ပညာရှင်တစ်ဦးကြွေလွင့်သွား ရချေပြီ။

စုရီက လေထုအလယ် ဝိုင်ဝိုးကို သောက်လျက်ဖြင့် ပြန်ပေါ်လာပြီး၊

“ သူက သေခြင်းတရားကို ... တောင်းဆိုနေတာ ငါဖြည့်ဆည်းပေးလိုက်တယ် ဒီအတွက်ကျေးဇူးတင်သင့်တယ် မဟုတ်လား။ ”

-ဟု အေးဆေးစွာ ပြောကြားလိုက်သည်။

ဖုန်းရှန်းဟူနှင့် ဖုန်းမုယွမ်တို့သည် ထိတ်လန့်တုန်လှုပ်လွန်း၍ စကားပင် မပြောနိုင် တော့ချေ။ စုရီမှ သူတို့ကိုလက်ပြလျက်၊

“ ပြန်သွားပြီး ... ဒီထက် သန်မာတဲ့လူကို ခေါ်လာခဲ့ ... ။ ”

-ဟု ဆိုကာ ရေကန်အစပ်သို့ ပြန်လည် ဆင်းသက်လိုက်တော့သည်။

ထို့နောက် အရာအားလုံးလျစ်လျူရှုကာ တံဆိပ်ကို ဆက်လက် သန့်စင်နေလိုက်သည်။ ဖုန်းရှန်းဟူနှင့် ဖုန်းမုယွမ်သည် အချင်းချင်း ပြန်ကြည့်လျက် ချက်ချင်း ပျောက်ကွယ် သွားတော့၏။

“ သခင်ငယ် ... အကြီးအကဲရှင်းယာ ကျဆုံးသွားပါပြီ။ ”

ပျက်စီးနေသော ဘုံကျောင်းအတွင်း ဖုန်းယွင်လျဲ့သည် ခရီးဆက်ရန်ပြင်ဆင်နေစဉ် သတင်းဆိုးတစ်ခု ရောက်ရှိလာသည်။

ခန်းမအတွင်းရှိ အပြာရောင်လွမ် ဝိညာဉ်မျိုးရိုးဝင်တိုင်း မျက်လုံးပြူးကုန်တော့၏။ ဖုန်းယွင်လျဲ့က လက်နှစ်ဖက်ကို နောက်ပို့ကာ မျက်မှောင်ကြုတ်သွားလေသည်။

အင်္ကျီလက်အတွင်း လက်သီးများကို ကျစ်ကျစ်ဆုပ်လျက် ငွေရောင်လျှပ်စီးများသည် သူ့မျက်ဝန်းများတွင် မှိတ်တုတ်မှိတ်တုတ် လင်းလက်လာနေတော့၏။

အခန်းအတွင်းလေထုသည် လေးလံလွန်းလှသဖြင့် အသက်ရှူကျပ်လာ၏။ လူတိုင်း၏မျက်နှာသည် ရေခဲတမျှပင် ချက်ချင်း အေးစက်သွားတော့သည်။

“ ငါ့ ပေါ့ဆမှုပဲ ... ။ ”

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ ဖုန်းယွင်လျဲ့က ဖြည်းညှင်းစွာ ပြောကြားလာ၏။ အဖြူဝတ်အဖိုးကြီးတစ်ယောက်က၊

“ သခင်ငယ် ... ဒီအတွက် ကိုယ့်ကိုယ်ကို အပြစ်တင်နေစရာ မလိုပါဘူး ... ဒီလောက်အထိ သတ်ရခက်ခဲလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ ”

-ဟု နှစ်သိမ့်လာသည်။ ဖုန်းယွင်လျဲ့က ခေါင်းခါလျက်၊

“ အမှားကအမှားပဲ၊ အကြီးအကဲရှင်းယာ သေဆုံးရတာက ငါ့မှာတာဝန်ရှိတယ် ... ရှန်းဟူ အသေးစိတ်ပြန်ပြောပြစမ်း။ ”

-ဟု မေးမြန်းလိုက်၏။ ဖုန်းရှန်းဟူက မြင်သမျှတွေ့ခဲ့သမျှကို အသေးစိတ် ပြန်လည် တင်ပြလိုက်လေသည်။

ဖုန်းယွင်လျဲ့သည် ဖေးကွမ်းဥပဒေ ဟူသည့်အမည်ကို ကြားလိုက်သောအခါတွင် မျက်မှောင်ကြုတ်သွား၏။

“ အကြီးအကဲရှင်းယာရဲ့ အဟုန်ထက် မြန်ဆန်တဲ့ ထုံရှောက်အဆင့်တစ်စုံတစ်ယောက် တကယ်ရှိနေတာလား အဲဒီဖေးကွမ်းဥပဒေမျိုး အရှေ့ဘက်ကြယ်ဒိုမိန်းမှာ ဘယ်တုန်းက ပေါ်လာရတာလဲ ... ။ ”

သူ့မေးခွန်းကို ဖုန်းရှန်းဟူအပါအဝင် လူတိုင်းမဖြေနိုင်ချေ။ ဖုန်းယွင်လျဲ့တစ်ယောက် သက်ပြင်းချလျက်၊

“ဒါပုံမှန်မဟုတ်ဘူး ... သူ့ရဲ့အစစ်အမှန် ကျင့်ကြံမှုကိုဖုံးကွယ်ထားတာလား ဒါမှမဟုတ် သူ့နောက်ခံကို ဖုံးကွယ်ချင်နေတာလား။”

-ဟု ညည်းတွားလိုက်၏။ အဆုံးတွင် သူ့မျက်ဝန်းများ တောက်ပလာပြီး၊

“ ဒီကျီးကန်းတောင်ကြားမှာ ငါတို့သိမှာကြောက်တဲ့လူဆိုလို့ ရန်ထောင်လင် တစ်ယောက်ပဲရှိတယ်။ ”

-ဟု မှတ်ချက်ပေးလိုက်တော့သည်။

“ ဒါပမေယ့် သခင်ငယ် ဒီလူရန်ထောင်လင်က ဝင်မပါဘူးလို့ ကတိပေး ထားတာမဟုတ်လား ... ဒါဟာ ထောင်ချောက် တစ်ခု ဖြစ်နိုင်မလား။ ”

အဖြူဝတ်အဖိုးကြီးတစ်ဦးမှ ဝင်ပြောလာသည်။ ဖုန်းယွင်လျဲ့မှလေးနက်စွာ တွေးတောလျက် တိတ်ဆိတ်သွား၏။

“ မေ့လိုက်ပါ လက်စားချေဖို့ထက် ပိုအရေးကြီးလှတဲ့ အင်မော်တယ် ကံကြမ္မာ နန်းတော်ဆီသွားရအောင် ဒီလူလည်း သေချာပေါက် ရောက်လာမယ်လို့ ငါယုံကြည်တယ်။ ”

ဤနည်းဖြင့် တစ်ရက်တာ ကုန်လွန်သွားချေပြီ။ ရေကန်ဘေးတွင်စုရီသည် တံဆိပ်ကို အပြီးသတ်သန့်စင်နိုင်ခဲ့၏။ တံဆိပ်မှ အင်မ်ောတဘ်ချီများ တဖျပ်ဖျပ်ခတ်ကာ လေထဲ လွင့်မျောနေသည်။

သူ့ဝန်းကျင်တွင် လွင့်မျောနေသော လေထုသည်ပင် ကြောက်စရာကောင်းသည့် ရောင်ဝါများပါရှိနေ၏။

“ ငါ့ကျင့်ကြံမှုနဲ့ဆိုရင် ဒီတံဆိပ်ရဲ့ စွမ်းအားတစ်ဝက်ကိုပဲ သုံးနိုင်သေးတယ် အသုံး ပြုနိုင်ချိန်ကတည်း (၁၅)မိနစ်စာပဲခံမယ်။ ”

စုရီက သူ့ခွန်အားကို တွက်ချက်ပြီး အံ့အားသင်နေခဲ့သည်။ ပျက်စီးနေသောတံဆိပ် တစ်ခုသည် ဤမျှစွမ်းအားကျန်ရှိနေသည်မှာ မယုံနိုင်စရာပေပင်။

ထို့နောက် ထရပ်လိုက်ကာ ရေကန်ထဲ ရင့်မှည့်လာသောနတ်ဆေးပင်ကို ခူးဆွတ်ခဲ့၏။ ဤသည်မှာ အင်မော်တယ်နယ်ပယ်သို့ တက်လှမ်းမည့် သူများအတွက် များစွာ အသုံးဝင်ချေပြီ။

အခြေခံအုတ်မြစ်ကို ခိုင်မာစေပြီး တာအိုနားလည်မှုအပေါ် မြှင့်တင်ပေးနိုင်၏။ တန်ဖိုးမဖြတ်နိုင်သည့် ရတနာပေပင်။ ဤသို့ လွယ်လွယ်ကူကူ ရရှိခဲ့သည်မှာ ကြီးစွာသော ကံကောင်းမှုဖြစ်၏။

စုရီက ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်၏။ သည်နှစ်ရက်အတွင်း အပြာရောင်လွမ် ဝိညာဉ် မျိုးရိုးမှ လက်စားချေရန် ရောက်ရှိလာခြင်း မရှိသည့်အပေါ် အနည်းငယ်အံ့ဩရသည်။

အဆုံးတွင် ဆက်မတွေးတော့ဘဲ နတ်ဆေးပင်ကို သိမ်းဆည်းပြီး တားမြစ်နယ်မြေ ဗဟိုဒေသဆီသို့ ဦးတည်လာခဲ့တော့၏။

***

အခန်း ၉၈၂ -

အင်မော်တယ်နန်းတော် ထွက်ပေါ်လာခြင်း။

ကျီးကန်းတောင်ကြား အတွင်းပိုင်းတွင် တည်ရှိနေသော အပျက်အစီးနယ်မြေကြီးသည် ငှက်သိုက်ကြီးတစ်ခုအသွင်ဖြစ်နေ၏။

တောက်ပပြီး မြင့်မြတ်သော အလင်းရောင်များသည် ကောင်းကင်ပေါ် ထိုးတက်နေပြီး နတ်သက်တံအလား ဖြာထွက်နေခဲ့သည်။

ထိုမြင်ကွင်းသည် အံ့သြစရာ ကောင်းလောက်အောင်လှပကာ ပတ်ဝန်းကျင်ရှိ တောင်နှင့်မြစ်များကို လင်းလက် တောက်ပစေ၏။

သန့်ရှင်းပြီး ကြီးကျယ်ခမ်းနားမှု မြင်ကွင်းတစ်ခုပေပင်။ ကောင်းကင်ကို ဖုံးအုပ်ထားသော အနက်ရောင် တိမ်များသည် ထိုအလင်းရောင်ကြောင့် ပျံ့လွင့်သွား၏။

ကျယ်ပြန့်သော သွေးနီရောင် မိုးကြိုးများသည် ပေတစ်ထောင်ကျယ်သည့် ရေဝဲကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုရေဝဲအောက်၌ ကျီးကန်းအသိုက်ရှိ၏။

“ အဲဒီမိုးကြိုးရေဝဲထဲက ဝိညာဉ်တွေဟာ သူတို့ရဲ့အရင်ဘဝက ကျီးကန်းတောင်ကြားရဲ့ တပည့်တွေပဲ ... အခု သူတို့ဒီမှာစုဝေးနေကြပြီး အချိန်ကောင်းကို စောင့်မျှော်နေကြတာ သိသာပါတယ်။ ”

ကျီးကန်းအသိုက် အစွန်အဖျားတွင် ဖုန်းယွင်လျဲ့သည် လက်နှစ်ဖက်နောက်ပို့လျက် ကောင်းကင်ပေါ်ရှိ ရေဝဲကြီးထံ မော့ကြည့်ကာ ပြောလိုက်သည်။

သွေးနီရောင်ဝဲဂယက်သည် သားရဲတစ်ကောင်၏ ပါးစပ်ကြီးအလား ပြင်းပျသော သွေးညှီရနံ့များထုတ်ဖော်နေ၏။

၎င်းသည် ထာဝရခေတ်အဆုံးတွင် သေဆုံးကုန်ကြသော ကျင့်ကြံသူများစွာ၏ ဝိညာဉ်များဖြင့် ဖွဲ့စည်းထားခြင်းပေပင်။

ထိုဝိညာဉ်များသည် အလွန်ထူးဆန်းပြီး ကြောက်စရာကောင်းကာ ကျိန်စာများစွာနှင့် ပြည့်နှက်နေ၏။

သာမန်နယ်ပယ်ဘုရင်များမဆိုနှင့် တုံ့ယွီအဆင့်နယ်ပယ်ဘုရင်ပင် ၎င်းတို့အတွင်း ပိတ်မိသော် အန္တရာယ်ကြီးကြီးမားမား ကြုံတွေ့ရပေလိမ့်မည်။

ကျီးကန်းတောင်ကြားတွင် သွေးကျီးကန်းများနှင့် သွေးနတ်ဆိုးသားရဲများ အပါအဝင် အခြားသော ဝိညာဉ်ဆိုးများရှိ၏။

“ ကံကောင်းထောက်မစွာနဲ့ ... ဒီဝိညာဉ်ဆိုးတွေကို ကြောက်လန့်စေနိုင်တဲ့ ထူးထူးခြားခြား လှံတစ်စင်းရှိနေခဲ့တယ်။ ”

ဖုန်းယွင်လျဲ့က စကားပြောပြီးသည်နှင့် သူ့အကြည့်များကို အပျက်အစီးမြေ အလယ် ဗဟိုသို့ ရွေ့ကာ လျှောက်လှမ်းသွားတော့၏။

လမ်းခရီးတစ်လျှောက် ရတနာလှံမှ ထွက်သောစွမ်းအားသည် သွေးကျီးကန်းများနှင့် အခြားသောမကောင်းဆိုးရွားများကို ကောင်းစွာ သုတ်သင်ပစ်ခဲ့သည်။

များမကြာမီ ရွှေ‌ရောင်အလင်းများ တောက်ပနေသည့် မြင့်မားသောချောက်ကမ်းပါး တစ်ခုကို မြင်လာရသည်။

ချောက်ကမ်ပါးထိပ်တွင် ထူးခြားသည့်ရူရ်များဖြင့် တောက်ပနေသော လေထုကို ပေးဆောင်နေ၏။ ဖုန်းယွင်လျဲ့၏ မျက်လုံးများသည် စိတ်အားထက်သန်စွာဖြင့် လင်းလက်တောက်ပလာပြီး၊

“ ကျီးကန်းတောင်ကြားကို တည်ထောင်သူချန်ထားခဲ့တဲ့ အမွေအနှစ် ကျောက်စိမ်းပြားက အဲဒီအရပ်မှာ ရှိနေရမယ်။”

-ဟု မှတ်ဆက်ပြုလိုက်၏။

ဤတစ်ကြိမ်တွင် သူ့ဘေးရှိ အဖြူရောင်ဝတ်အကြီးအကဲသည် ရုတ်တရက် အဝေးသို့မော့ကြည့်ကာ၊

“ သခင်ငယ်၊ ကြယ်မြစ်ဂိုဏ်းက လူတွေ ရောက်လာပါပြီ။ ”

-ဟု သတင်းပေးပို့လာ၏။ အဝေးတွင် ပုံရိပ်များစွာသည် လေဟာနယ်ကိုဖြတ်သန်းကာ အလင်းတန်းအလား ပျံသန်းလာနေသည်။

အဖွဲ့ကို ဦးဆောင်သူသည် ငှက်မွှေးဝတ်ရုံ ဝတ်ဆင်ထားသော အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ကျောတွင် ဧရာမဓား တစ်လက်ကို ပိုးထား၏။

မုတ်ဆိတ်နှင့် ဆံပင်များသည် လေထဲလွင့်မျောနေပြီး သူ့မျက်ဝန်းများသည် နေနှင့်လကဲ့သို့ တောက်ပနေသည်။

အသက်ရှူသံသည်ပင် မုန်တိုင်း တစ်စင်းကဲ့သို့ ပြင်းထန်နေ၏။ ဤသည်မှာ ကြယ်မြစ်ဂိုဏ်းချုပ် ယုဟွာရှန်းဖြစ်သည်။ တုံ့ယွီအဆင့် ပြီးပြည့်စုံမှုဖြစ်၏။

ဤလောကကြီးမှ ကြာမြင့်စွာတည်းက ပျောက်ကွယ်နေခဲ့သော ဝံပုလွေအိုတစ်ကောင် ပေပင်။ သူ့နောက်တွင် ဂိုဏ်း၏ အကြီးအကဲ ပေါင်းများစွာ လိုက်ပါလာသည်။

“ အပြာရောင်လွမ် ဝိညာဉ်မျိုးရိုးရဲ့ မိတ်ဆွေတို့ ... ဓားတွေမှာ မျက်စိမရှိကြပါဘူး အခွင့်အရေးအတွက် ငါတို့ယှဉ်ပြိုင်တဲ့အခါ စွမ်းရည်ကိုသာ အားကိုးကြရအောင်။ ”

ယုဟွာရှန်းသည် ချောက်ကမ်းပါး တစ်နေရာသို့ဆင်းသက်ကာ ကျယ်လောင်သော အသံဖြင့် နှုတ်ဆက်ပြောကြားလာ၏။

“ ကောင်းပြီ ... ။ ”

ဖုန်းယွင်လျဲ့မှ လုံးဝမထီမဲ့မြင်ပြုကာ ခေါင်းညိတ်ပြလိုက်သည်။ အခွင့်အရေးအတွက် တိုက်ပွဲတစ်ခုတွင် မည်သူမဆိုယဉ်ကျေးနေရန် မလိုအပ်ချေ။

အနိုင်ရသူသည် အရာအားလုံးကို သိမ်းပိုက်ကာ ရှုံးနိမ့်သူသည် အရာအားလုံးကို လက်လွှတ်ရပေမည်။ ဤသည်မှာ သမိုင်း တလျှောက် ဖြစ်ရိုးဖြစ်စဉ်မျှသာဖြစ်၏။

များမကြာခင်မှာပင် ယုဟွာရှန်းသည် သူ့အဖွဲ့သားများကိုစုစည်းစေလျက် စကားအချို့ ခပ်တိုးတိုး မှာကြားနေခဲ့သည်။

ထိုစဉ် နောက်ထပ် လူရိပ်များ ထပ်မံ ရောက်ရှိလာသည်။ ဤသည်မှာ ရှေးဟောင်း ယုမျိုးနွယ်စုဝင်များဖြစ်၏။

အရှေ့ဘက် ကြယ်ဒိုမိန်း၏ အုပ်စိုးရှင် မိသားစုကြီးတစ်ခုပေပင်။ အုတ်မြစ်များအရ အပြာရောင်လွမ် ဝိညာဉ်မျိုးနွယ်ကို မယှဉ်နိုင် သော်လည်း တန်ခိုးအာဏာအရမဝေးလှချေ။

ယနေ့ဦးဆောင်လာသူသည် စာပေသမားဝတ်လုံဖြင့် ငှက်မွှေးယပ်တောင် ကိုင်ထားသည့် ကြော့ရှင်းသပ်ရပ်သော အမျိုးသားတစ်ယောက်ဖြစ်သည်။

ထိုလူကိုမြင်ချိန်၌ အပြာရောင်လွမ် မိသားစုသခင်ငယ်နှင့် ကြယ်မြစ်ဂိုဏ်းချုပ်တို့ ကဲ့သို့ အစွမ်းထက်သူများသည်ပင် မျက်မှောင်ကြုတ်ကုန်ကြသည်။

တစ်ဖက်လူသည် လွန်ခဲ့သည့် နှစ်ပေါင်း (၃၀၀၀၀)အတွင်း ရှေးဟောင်းယုမျိုးနွယ်စုတွင် အတောက်ပဆုံး ပါရမီရှင်တစ်ပါးပေပင်။ အမည်မှာ ယုချင်းအန်ဖြစ်၏။

ရာထူးအဆင့်အတန်းသည် မြင့်မားခြင်းမရှိသော်လည်း အောင်မြင်မှုသည် ထင်ရှားကျော်ကြားလွန်းသည်။

“ စီနီယာယုပြောတာ လုံးဝမှန်တယ် ငါတို့ဓားတွေမှာမျက်စိမရှိဘူး ကျွမ်းကျင်မှုသာ အရာရာပါ ဟားဟားဟား။ ”

ယုချင်းအန်က ရယ်မောလျက် ပြောကြားလာသည်။ ယုဟွာရှန်းတစ်ယောက် ချက်ချင်းအေးစက်လာပြီး၊

“ ဒီနေ့ ကြယ်တွေပြည့်နေတဲ့ ... ကောင်းကင်ကြီးမှာ ယွီမျိုးနွယ်ရဲ့အထင်ရှားဆုံး ပါရမီရှင်တစ်ပါးနဲ့ ဆုံခွင့်ရတာဝမ်းသာစရာပဲ။ ”

-ဟု ပြန်လည် တုန့်ပြန်နှုတ်ဆက် လိုက်လေသည်။ ထိုစကားကြောင့် ယုချင်အန်မှ ပြုံးရယ်ပြီး စကားထပ်မဆိုတော့ဘဲ ခေါင်းညိတ်ပြလိုက်၏။

ထို့နောက်တွင် အင်အားစုသုံးခုသည် ချောက်ကမ်းပါးကြီးထံသို့ မျက်နှာမူလိုက်ကာ ဖြန့်ကျက် နေရာယူကုန်သည်။

“ ဝူး ... ။ ”

များမကြာခင် ချောက်ကမ်းပါးကြီးထံမှ ကျယ်လောင်သောမြည်သံများ ရုတ်တရက် ထွက်ပေါ်လာသည်။

ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသော နတ်ဘုရားနှင့် နတ်ဆိုးများ ဟိန်းဟောက်နေသည့်အလားပေပင်။

တစ်ဆက်တည်းမှာပင် နတ်ဘုရားအလင်းရောင်များ တောက်ပနေသော ရှေးဟောင်းနန်းတော်တစ်လုံး ချိုင့်ဝှမ်းကြီးထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာလေသည်။

လူတိုင်းစိတ်လှုပ်ရှားသွားပြီး အကြည့်များချက်ချင်း လင်းလက်လာတော့၏။   ကောင်းကင်တခွင် အလင်းမိုးများရွာသွန်းကာ မိုးတိမ်များ ကခုန်လာသည်။

“ ဝှစ် ... ။ ”

ရုတ်တရက် ပုံရိပ်တစ်ရိပ်သည် သည်းမခံနိုင်တော့ဘဲ နန်းတော်ဆီသို့ချက်ချင်း အပြေးအလွှား ပျံသန်းသွားတော့၏။

အပြာရောင်လွမ် ဝိညာဉ်မျိုးနွယ်စု၊ ကြယ်မြစ်ဂိုဏ်းနှင့် ရှေးဟောင်းယုမျိုးနွယ်စုမှ ကျွမ်းကျင်သူများမှာ အံ့အားသင့်သွားသည်။ အဘယ့်ကြောင့်ဆိုသော် ထိုပုံရိပ်ရှင်သည် သူတို့အဖွဲ့ဝင်တစ်ယောက် မဟုတ်ခဲ့ချေ။

တစ်ယောက်ယောက်သည် နောက်ကွယ်မှချောင်းမြောင်းကာ အခွင့်ကောင်း ရယူချင်နေပုံပေပင်။

“ ဟမ့် ... ။ ”

ထို့ကြောင့် ဖုန်းယွင်လျဲ့သည် အေးစက်စက်နှာခေါင်းရှုံ့လိုက်ပြီး ဟန့်တားရန် ပြင်လိုက်လေသည်။

အလားတူပင် အခြားအင်အားစုများ သည်လည်း သတ်ဖြတ်လိုခြင်းရည်ရွယ်ချက်များ ထုတ်ဖော်ကာ လေထဲလှမ်းတက်လာခဲ့၏။

“ ဝှစ် ... ။ ”

ထိုအချိန်တွင် ပျံသန်းနေသောလူရိပ်သည် နန်းတော်ထံသို့ တရွေ့ရွေ့နီးကပ်နေပြီးအဆုံး၌ နန်းတော်နှင့် ပေတစ်ရာအကွာအလင်းလွှာထဲ ဝင်ရောက်သွားလေသည်။

“ မဟုတ်ဘူး ... ။ ”

“ ဝှီး ... ။ ”

“ ဘောင်း ... ။ ”

အလင်းလွှာသည် လျင်မြန်စွာ ပျံသန်းဝင်ရောက်လာသော ထိုပုံရိပ်ရှင်အပေါ် တစ်စဆီပြန့်ကျဲသွားအောင် တိုက်ခိုက်လိုက်၏။

ထိုလူခမျာ တာအိုခန္ဓာနှင့်ဝိညာဉ်သည် ချက်ချင်းပြန့်ကျဲသွားပြီး ရှောင်တိမ်းကာကွယ် ရန်ပင် အချိန်မရလိုက်ချေ။ လျင်မြန်းလွန်း၏။

လူတိုင်းအသက်ရှူမဝ ဖြစ်ကုန်ကြပြီး ကျောရိုးတစ်လျှောက် အေးစက်လွန်းသော ခံစားချက်များ ဝင်ရောက်လာသည်။

ချောင်မြောင်းဝင်ရောက်သူသည် တုံ့ယွီအထွတ်အထိတ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လေသည်။ သို့သော် ဤအလင်းလွှာ၏ ဖျက်ဆီးမှုကို တစ်ချက်မျှပင် မခံနိုင်ခဲ့ချေ။

အခွင့်အရေးသည် ကြီးမားသော သွေးဆောင်မှုတစ်ခုဖြစ်သော်လည်း တန်ကြေး ကြီးကြီး လောင်းကစားလုပ်ရမည့်ပုံပေပင်။

များမကြာခင် နန်းတော်ကြီးသည် လေထဲလွင့်မျောလျက် ပြတ်သားစွာထွက်ပေါ် လာတော့၏။ သူ့ဝန်းကျင်ဧရိယာတစ်ခုလုံးကို ရွှေရောင်အလင်းလွှာတစ်ခုဖြင့် သိုင်းခြုံ ထားလေသည်။

၎င်းသည် ခမ်းနားထည်ဝါလွန်းပြီး ကောင်းကင်ရွှေနှင့် သွန်းလောင်းသည့်အလား ခန့်ငြားသောလေထု ပေးဆောင်ထား၏။

နန်းတော်၏ အမိုးအကာများပေါ်တွင် လိပ်နက်၊ မီးငှက်၊ ကျားဖြူ၊ နဂါး၊ ကြိုးကြာနှင့် အစရှိသည့် နတ်သားရဲပေါင်းများစွာ ရေးထွင်းထားသည်။

နန်းတော်တံစက်မြိတ်တွင် ရှေးဟောင်းနတ်ဆိုးအက္ခရာဖြင့် ‘ကောင်းကင် ကျီးကန်းနန်းတော်’ဟု ရေးထိုးထားသည့် ကမ္ပည်းပြားတစ်ခု ရှိနေသည်။

နန်းတော်တံခါးများမှာ ပွင့်နေသော်လည်း ထူထဲသော မြူခိုးများဖုံးအုပ်ထားပြီး အတွင်းရှိ မြင်ကွင်းများကို မှုန်ဝါးနေစေ၏။

“ တကယ်ပဲ ... ဒါက ထာဝရခေတ်ရဲ့ ထိပ်တန်းကျင့်ကြံမှု အင်အားစုတစ်ခုဖြစ်တဲ့ ကောင်းကင်ကျီးကန်းတောင် ချန်ထားခဲ့တဲ့ နန်းတော်တစ်ခုပဲ။ ”

ဖုန်းယွင်လျဲ့က ခပ်တိုးတိုးရေရွတ်လျက် စိတ်လှုပ်ရှားလာ၏။ ဤကောင်းကင်ကျီးကန်း နန်းတော်သည် အံ့မခန်းပေပင်။ သန့်ရှင်းပြီး ကြီးမြတ်လှချေ၏။

“ အား ... ။ ”

“ မြန်မြန် မင်းရဲ့ နတ်အာရုံကို ပိတ်လိုက်။ ”

ထိုစဉ် ရုတ်တရက် ကြယ်မြစ်ဂိုဏ်းမှ အဖိုးအိုတစ်ဦးသည် ဦးခေါင်းကိုဆုပ်ကိုင်ကာ အော်ဟစ်လာသဖြင့် ယုဟွာရှင်းမှ အော်ဟစ် သတိပေးလိုက်သည်။

သို‌့သော် နောက်ကျနေသေး၏။ နတ်အာရုံဖြင့် ကောင်းကင်ကျီးကန်းနန်‌တော်ကို စစ်ဆေးခဲ့သော အဖိုးကြီး၏ ဦးခေါင်းကြီးသည် ဖရဲသီးပမာ ပေါက်ကွဲသေဆုံးသွားခဲ့သည်။

***

All Chapters