← Chapters

တဖုန်းဧကရာဇ်ကို သတ်ဖြတ်ခြင်း...

Vol. 77 Ch. 1069

တဖုန်းဧကရာဇ်ကို သတ်ဖြတ်ခြင်း...

Vol. 77 Ch. 1069

လင်းယွမ်က ထိပ်တန်းကုန်သည်အသင်းကြီးဆယ်ခုလုံးကို သူကိုယ်တိုင် တည်ထောင်ထားခြင်းဖြစ်သည်။ ထို့အပြင် ပြည်နယ် ၉၉ခုအနက် သူက ၇၀ ကျော်ကို ထိန်းချုပ်ထားခဲ့ပြီဖြစ်သည်။ မြို့တော်၏ အလယ်ပိုင်းတွင် လင်းယွမ်က သူ၏ လူများကို နေရာချပေးခဲ့ပြီး နန်းတော်တစ်ခုတည်းကသာ သူလက်လှမ်းမမီနိုင်သောအရာဖြစ်သည်။

ဟေးစန်းတောင်တန်း၏ အပြင်ဘက်တွင် စစ်သူကြီးများက စခန်းအပြင်ဘက်တွင် ရပ်နေကြပြီး မြင့်မားသော တောင်တန်းများကို စိုက်ကြည့်နေကြသည်။ ထိုအချိန်တွင် အနက်ရောင် ခိုတစ်ကောင်က ပျံသန်းလာပြီး ခေါင်းဆောင်စစ်သူကြီး၏ ပခုံးပေါ်သို့ ဆင်းသက်လာသည်။

" ဒါက..." စစ်သူကြီးက ခို၏ ခြေထောက်မှစာကို ထုတ်ဖတ်လိုက်ပြီး သူ၏ အမူအရာက ပြောင်းလဲသွားသည်။

" လူကြီးမင်းတို့..." ခေါင်းဆောင်စစ်သူကြီးက အခြားသူများကို ကြည့်လိုက်သည်။

ထိုစစ်သူကြီးများက ပတ်ဝန်းကျင်ရှိ ပြည်နယ်အသီးသီးမှ လာကြသူများဖြစ်ပြီး ယခု သူတို့က ဟေးစန်းတောင်တန်းကို ဝိုင်းထားကြခြင်းဖြစ်သည်။

" စစ်သူကြီး ဘာဖြစ်လို့လဲ။ " အခြားသူများက ခေါင်းဆောင်စစ်သူကြီးကို မေးလိုက်ကြသည်။

" နန်းတွင်းကို ဖရိုဖရဲဖြစ်အောင် လုပ်နေတဲ့ သစ္စာဖောက်ဝန်ကြီးတွေ ရှိနေတယ်။ မင်းတို့ ငါနဲ့အတူ နန်းတော်ကို စီးနင်းပြီး တိုင်းပြည်တည်ငြိမ်အောင် သစ္စာဖောက်တွေကို ကွပ်မျက်ဖို့ မင်းတို့ ဆန္ဒရှိကြလား။ " ခေါင်းဆောင်စစ်သူကြီးက ပြတ်သားစွာဖြင့် ပြောလိုက်သည်။

ချက်ချင်း ထိုနေရာတစ်ခုလုံးက တိတ်ဆိတ်သွားကြသည်။ စစ်သူကြီးများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာတွင် ထူးဆန်းသော အမူအရာများ ပေါ်လာကြသည်။ စစ်သူကြီးအနည်းငယ်က မယုံကြည်နိုင်ဖြစ်နေပြသည်။ ထိုစကားများ၏ အဓိပ္ပါယ်ကို သူတို့ ဘယ်လိုလုပ်မသိဘဲနေမှာလဲ။

" ရွမ်ချင်းချွမ်း မင်းတကယ်ပဲ ပုန်ကန်ရဲတာလား။ " ထွားကြိုင်းသော စစ်သူကြီးတစ်ယောက်က ရှေ့ထွက်လာပြီး ဒေါသတကြီး ပြောလိုက်သည်။

ယနေ့ခေတ်တွင် တဖုန်းဧကရာဇ်က အကြွင်းမဲ့အုပ်ချုပ်သူဖြစ်သည်။ သစ္စာဖောက်ဝန်ကြီးများက ဖရိုဖရဲဖြစ်အောင် လုပ်ရဲလျှင်တောင် ဧကရာဇ်၏ စကားတစ်ခွန်းနှင့် ဝန်ကြီးတစ်ယောက်ကို သတ်ဖြတ်နိုင်သည်။

နန်းတော်ဆိုသည်မှာ ဧကရာဇ်စံမြန်းရာနေရာဖြစ်သည်။ အကယ်၍ သူတို့က ထိုနေရာကို စီးနင်းလိုက်လျှင် ဧကရာဇ်၏ သေခြင်းရှင်ခြင်းက သူတို့လက်ထဲသို့ ကျရောက်သွားပေလိမ့်မည်။

" ကြည့်ရတာ မင်းက သစ္စာဖောက်တွေထဲက တစ်ယောက်ပဲ။ " ခေါင်းဆောင်စစ်သူကြီးက အေးစက်စွာ ပြောလိုက်သည်။ " ငါ့လူတို့ သူ့ကို ဖမ်းဆီးလိုက်ကြ။ "

" ဟုတ်ကဲ့။ " ချပ်ဝတ်နှင့် စစ်သည်ဆယ်ယောက်ကျော်က ရှေ့သို့ တက်လာပြီး ထွားကြိုင်းသော စစ်သူကြီးကို လျင်မြန်စွာ ဖမ်းဆီးလိုက်ကြသည်။

ထို့နောက် စစ်သူကြီး လေးငါးယောက်က ရှေ့သို့ ထွက်လာကြသည်။ သူတို့က ရွမ်ချင်းချွမ်း၏ လုပ်ရပ်များကို ကန့်ကွက်ရန် ပြင်လိုက်ကြသည်။ စစ်သူကြီးများဖြစ်သော သူတို့က လှည့်ဖြားရန် ထိုမျှမလွယ်ကူကြပေ။ သို့သော် မေးခွန်ထုတ်လိုသော စစ်သူကြီးများက ချက်ချင်း ဖမ်းဆီးခံလိုက်ရပြီး စစ်သူကြီးအားလုံး အညံ့ခံလိုက်ရသည်။

" မင်းတို့အားလုံးက ထိုင်ကြည့်နေမှာလား။ " ထွားကြိုးသော စစ်သူကြီးက အခြားသူများကို ကြည့်လိုက်ကြသည်။

ထိုနေရာတွင် စစ်သူကြီး ၅၃ ယောက်ရှိနေသည်။ ကန့်ကွက်သော ခြောက်ယောက်အပြင် တုန့်ပြန်မှုမရှိသော စစ်သူကြီး ၄၆ ယောက် ရှိနေသေးသည်။ ၎င်းမှာ ထွားကြိုင်းသော စစ်သူကြီးကို နားမလည်နိုင်ဖြစ်သွားစေသည်။

ရွမ်ချင်းချွမ်း၏ စကားများက ပုန်ကန်ရန် ပြောဆိုနေခြင်းဖြစ်သည်မှာ ရှင်းလင်းသည်။ သူတို့သာ ပါဝင်ခဲ့လျှင် ရွမ်ချင်းချွမ်းက ဘာမှတတ်နိုင်မည်မဟုတ်ပေ။

ခဏကြာသောအခါ စစ်သူကြီးက နားလည်သွားခဲ့သည်။ " မင်းတို့အားလုံးက ပုန်ကန်ဖို့ ကြံစည်နေကြတာလား။ "

ရွမ်ချင်းချွမ်း၏ စကားများကို စတင်ကြားချိန်တွင် သူက ဒေါသထွက်ရုံသာ ရှိခဲ့သည်။ သို့သော် ယခုအခါ စစ်သူကြီးအများစု၏ တုန့်ပြန်မှုကို မြင်သောအခါ သူက ကျောချမ်းသွားခဲ့သည်။ စစ်သူကြီးလေးဆယ်ကျော်က ရွမ်ချင်းချွမ်းနှင့်အတူ ပုန်ကန်ရန် ကြံစည်နေကြသည်။

၎င်းက သူတို့၏ နောက်ကွယ်တွင် ကြီးမားသော အင်အားစုတစ်ခုရှိနေသည်ကို ဆိုလိုသည်။ ထို့အပြင် ပုန်ကန်မှုဆိုသည်မှာ ကျရှုံးသွားလျှင် ရလဒ်က တစ်မိသားစုလုံး သတ်ဖြတ်ခံရပေလိမ့်မည်။

" သူတို့ကို ခေါ်သွားကြ။ " ရွမ်ချင်းချွမ်းက လက်ဝှေ့ရမ်းလိုက်သည်။

စစ်သည်များက ထိုစစ်သူကြီးများကို ဖမ်းဆီးခေါ်ဆောင်သွားကြသည်။

" ရွမ်ချင်းချွမ်း မင်းမှာ ဘယ်လောက်ပဲ ယုံကြည်မှုရှိရှိ ခေါင်းဆောင်နဲ့ တာအိုအရှင်သခင်တွေ ရှိနေသေးတယ်ဆိုတာ မမေ့နဲ့။ "

" ခေါင်းဆောင်နဲ့ တာအိုအရှင်သခင်တွေလား။ " ရွမ်ချင်းချွမ်းက စိတ်ထဲမှ တွေးလိုက်သည်။ သူတို့အားလုံး မရှိတော့ဘူး။ "

အစောက ခိုနက်ကလေးက တာအိုအရှင်သခင်များအားလုံးကို နှိမ်နင်းလိုက်ပြီဟု သတင်းပေးပို့ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်ပင် သူက ရှေ့ထွက်ရဲခြင်းဖြစ်သည်။ အကယ်၍ တာအိုနှိမ်နင်းရေးဌာန၏ ခေါင်းဆောင်နှင့် တာအိုအရှင်သခင်များ ရှိနေသေးလျှင် သူက လှုပ်ရှားရဲမည်မဟုတ်ပေ။

" သခင်...." ရွမ်ချင်းချွမ်း၏ အတွေးမျယးက လွန်ခဲ့သော နှစ်ပေါင်းလေးငါးဆယ်ဆီသို့ လွင့်မျောသွားသည်။

ထိုစဉ်က သူက သူတောင်းစားတစ်ယောက်သာ ဖြစ်သည်။ သူ၏ ထူးချွန်သော ပါရမီကို အသိအမှတ်ပြုပြီး ခေါ်ယူကျွေးမွေးခဲ့သည်မှာ သူ၏ သခင်ပင်ဖြစ်သည်။ သခင်၏ ပံ့ပိုးမှုဖြင့် သူက စစ်တပ်အတွင်းသို့ ချောမွေ့စွာ ဝင်ရောက်နိုင်ခဲ့ပြီး ယခုလက်ရှိရာထူးကို ရရှိခဲ့ခြင်းဖြစ်သည်။

မကြာသေးမီက သူ၏ သခင်က ရုတ်တရက် အမိန့်တစ်ခု ထုတ်လိုက်သည်။ ဟေးစန်းတောင်တန်းကို ဝန်းရံထားသော စစ်တပ်ကို အချိန်မရွေး လှုပ်ရှားနိုင်အောင် မြင်ဆင်ခိုင်းထားသည်။ အစပိုင်းတွင် သူ၏ သခင်က သူ့အား ဘာလုပ်ခိုင်းမည်ကို အတော်လေးစိတ်ဝင်စားခဲ့သည်။

ယခု သတင်းရောက်လာချိန်တွင် ၎င်းက ပုန်ကန်ရန် ဖြစ်ကြောင်း သူသိသွားခဲ့သည်။ ရွမ်ချင်းချွမ်းက တွန့်ဆုတ်ခြင်းမရှိဘဲ အမိန့်ကို နာခံခဲ့သည်။

ရွမ်ချင်းချွမ်က လှုပ်ရှားမှုမရှိဘဲ ရပ်နေကြသော ပြည်နယ်အသီးသီးမှ စစ်သူကြီးများကို ကြည့်ပြီး သူ၏ စိတ်ထဲတွင် အံ့အားသင့်နေမိသည်။ ထိုစစ်သူကြီးများကလည်း သခင်၏ အမိန့်အောက်တွင် ရှိနေလိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့ပေ။

" သခင်..." ရွမ်ချင်းချွမ်း၏ စိတ်ထဲတွင် ပုံရိပ်တစ်ခုပေါ်လာသည်။ သူက ဤကမ္ဘာရှိ အရာအားလုံးကို သိရှိနေသော လူငယ်တစ်ယောက်ဖြစ်သည်။

ယနေ့တွင် ဟေးစန်းတောင်တန်းကို ဝန်းရံထားသော စစ်သည်ရှစ်သိန်းက မြို့တော်သို့ ဦးတည်လိုက်ကြသည်။ ဧကရာဇ်၏ ဘေးမှ သစ္စာဖောက်ဝန်ကြီးများကို ရှင်းလင်းရန် ရည်ရွယ်ချက်ဖြင့် ပြည်နယ် ၆၈ခု၏ စစတ်ပ်များက လှုပ်ရှားလာကြသည်။

သာမန်ပြည်သူများကြား အခြေအနေများမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။ စစ်တပ်ရောက်ရှိလာသော အချိန်တွင်လည်း စနစ်တကျရှိပြီး အရာအားလုံးက ချောမွေ့နေခဲ့သည်။

မြို့တော်၏ ပြင်ပတွင် ကြီးမားသော စစ်တပ်ကြီးမှာ စုရုံးနေသည်။ တာအိုဝင်ရောက်သူများကလည်း နေရာအသီးသီးတွင် ရပ်နေကြပြီး မြို့တော်ကို ဝန်းရံထားကြသည်။ တောင်ကုန်းတစ်ခုပေါ်တွင် လူဆယ်ယောက်ကျော်က တိတ်ဆိတ်စွာ ရပ်နေကြပြီး မြို့တော်ကို တည်ငြိမ်စွာ ကြည့်နေကြသည်။

" သခင်က ဘာပြောလဲ။ ငါတို့ တိုက်ခိုက်မှုကို စတင်ကြတော့မလား။ "

" မလောနဲ့ဦး။ " အဖြူရောင်ဝတ်ရုံနှင့် ပညာရှိတစ်ယောက်က ပြုံးလိုက်သည်။

လူငယ်တစ်ယောက်က လမ်းမပေါ်တွင်သက်သောင့်သက်သာ လမ်းလျှောက်နေသည်။ ထိုလူငယ်က လင်းယွမ်ပင် ဖြစ်သည်။ ယခုအချိန် မြို့တော်အတွင်းရှိ အင်အားအားလုံးနီးပါးက အပြင်ဘက်ရှိ အင်အားစုများကြောင့် အာရုံပျံ့လွင့်နေသည်။

ထိုအချိန်တွင် လင်းယွမ်အတွက် တဖုန်းဧကရာဇ်ကို လုပ်ကြံရန် အကောင်းဆုံးအချိန်ဖြစ်သည်။ များပြားလှသော ကိုယ်ရံတော်များက ကင်းလှည့်နေကြသော်လည်း လင်းယွမ်ကို မည်သူမှသတိမပြုမိကြပေ။

" ဒီနေရာမှာ စိတ်ဝိညာဉ်စွမ်းအားကို ဖိနှိပ်မှုက တကယ်ကို ပြင်းထန်တယ်။ " လင်းယွမ်က နန်းတော်ထဲသို့ ဝင်လိုက်သောအခါ သူ၏ စိတ်ဝိညာဉ်စွမ်းအားက အားနည်းသွားသည်ကို ခံစားလိုက်ရသည်။

အတွင်းဘက်ရှိ နဂါးပလ္လင်ပေါ်တွင် ရွှေရောင်ဝတ်ရုံနှင့် အဖိုးအိုတစ်ယောက် ထိုင်နေသည်။

" တဖုန်းဧကရာဇ်...," ပုံသဏ္ဍန်မဲ့သော စိတ်ဝိညာဉ်စွမ်းအားက တဖုန်းဧကရာဇ်၏ ဦးခေါင်းကို ထိုးဖောက်သွားသည်။

ပလ္လင်ပေါ်တွင် ထိုင်နေသော တဖုန်းဧကရာဇ်၏ ဦးခေါင်းမှာ ဖရဲသီးတစ်လုံးကဲ့သို့ ပေါက်ကွဲသွားသည်။

" အရှင်မင်းကြီး နတ်ရွာစံသွားပြီ။ "

" အရှင်မင်းကြီး နတ်ရွာစံသွားပြီ။ "

တဖုန်းဧကရာဇ်၏ ဦးခေါင်းပေါက်ကွဲသွားသည်ကို ပတ်ဝန်းကျင်မှ နန်းတွင်းအပျိုတော်များနှင့် မိန်းမစိုးများက အရင်ဆုံး မြင်တွေ့ခဲ့ကြသည်။ သူတို့က ထိတ်လန့်တကြား အော်ဟစ်ပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

မကြာမီ နန်းတွင်းကိုယ်ရံတော်များနှင့် သမားတော်များက နန်းတော်ထဲသို့ အပြေးအလွှား ဝင်ရောက်လာကြသော်လည်း ခေါင်းမရှိသော ဧကရာဇ်ကို မြင်သောအခါ အားလုံး တိတ်ဆိတ်သွားကြသည်။ ကိုယ်ရံတော်တပ်မှူးကိုးယောက်ကလည်း တဖုန်းဧကရာဇ်၏ ရုပ်အလောင်းကို ကြည့်ပြီး ထိတ်လန့်နေကြသည်။

ယခုပုန်ကန်သူများ တိုက်ခိုက်တော့မည့်အချိန်တွင် တဖုန်းဧကရာဇ်က သေဆုံးသွားခဲ့သည်။ ထိုသတင်းသာ ပျံ့နှံ့ခဲ့လျှင် မြို့ကိုကာကွယ်နေသော စစ်တပ်က လက်နက်ချရုံသာ ရှိတော့သည်။ ဧကရာဇ်က သေဆုံးသွားပြီ ဖြစ်သောကြောင့် သူတို့က ဘယ်သူ့အတွက် တိုက်ခိုက်မှာလဲ။

လင်းယွမ်က မျက်မှောင်ကြုတ်ရင်း ခန်းမထဲမှ ထွက်လာသည်။

" အချိန်စက်ဝန်းက ဘာလို့မပြီးသေးတာလဲ။ " လင်းယွမ်က ရှုပ်ထွေးနေသော ပတ်ဝန်းကျင်ကို ကြည့်ပြီး အတွေးနက်သွားသည်။

ဧကရာဇ်၏ သေဆုံးမှုကသာ နန်းတော်အပေါ်သို့ ထိုမျှအထိ ကြီးမားသော သက်ရောက်မှုရှိပေလိမ့်မည်။ သို့သော် ထိုသို့ဖြစ်လေ လင်းယွမ်၏ စိတ်ထဲတွင် ပို၍ ထူးဆန်းလေဖြစ်သည်။ တဖုန်းဧကရာဇ်က သူ၏ လက်ချက်ဖြင့် သေဆုံးသွားသော်လည်း သူက အချိန်စက်ဝန်းကို ချိုးဖျက်နိုင်ခြင်းမရှိသေးပေ။

All Chapters