← Chapters

အချိန်စက်ဝန်း၏ ခက်ခဲမှု....

Vol. 77 Ch. 1070

အချိန်စက်ဝန်း၏ ခက်ခဲမှု....

Vol. 77 Ch. 1070

" တဖုန်းဧကရာဇ်..." လင်းယွမ်၏ စိတ်ထဲတွင် တဖုန်းဧကရာဇ်နှင့် ပက်သက်သော အချက်အလက်များ ပေါ်လာသည်။

တဖုန်းဧကရာဇ်က သူ့ထက်ပင် နှစ်နှစ်ငယ်သေးသည်။ သူက အသက် ၁၆နှစ်တွင် နန်းတက်ခဲ့သည်။ နှစ်ပေါင်းခုနှစ်ဆယ်အတွင်း တဖုန်းဧကရာဇ်က ပြောင်းလဲခြင်းမရှိသောကြောင့် မှားယွင်းသတ်မိစရာ အကြောင်းမရှိပေ။

" တကယ်ပဲ ဒီစမ်းသပ်မှုက အဲ့ဒီလောက် မရိုးရှင်းဘူးပဲ။ " လင်းယွမ်က အချိန်စက်ဝန်းအတွင်းသို့ ရောက်ရှိချိန်တွင် စမ်းသပ်မှုက လွယ်ကူလွန်းသည်ဟု ခံစားခဲ့ရသည်။

လင်းယွမ်၏ စွမ်းအားက သာမန်ဖရိုဖရဲအဆင့်များထက် များစွာ သာလွန်သောကြောင့် သီအိုရီအရ သူရင်ဆိုင်ရမည့် အချိန်စက်ဝန်းမှာ ပို၍ ခက်ခဲသင့်ပေသည်။ သို့သော် တဖုန်းဧကရာဇ်ကို သတ်ဖြတ်ခြင်းက လွယ်ကူလွန်းလှသည်။

" စမ်းသပ်မှုထဲက တဖုန်းဧကရာဇ်ဆိုတာ တကယ် တဖုန်းဧကရာဇ်ကို ရည်ညွှန်းတာမဟုတ်ဘဲ တစ်စုံတစ်ယောက်ရဲ့ နာမည်ဖြစ်နေမလား။ ဒါဆို တဖုန်းဧကရာဇ်က အခု မသေသေးဘူးပေါ့။ အသက်ရှင်နေတုန်းလား။ စိတ်ဝင်စားစရာပဲ။ "

သာမန်ဟုထင်ရသော သင်္ဘောတစ်စင်းက ကျယ်ပြောလှသော အရှေ့ပင်လယ်တွင် လွင့်မျောနေသည်။ သင်္ဘောကုန်းပတ်ပေါ်တွင် လူငယ်တစ်ယောက် ရပ်နေသည်။ ၎င်းက တဖုန်းဧကရာဇ်ပင်ဖြစ်၏။

" ငါက ငါနဲ့ တစ်ပုံစံတည်းတူတဲ့ လူစားထိုးတစ်ယောက်ကို နှစ်ပေါင်းနှစ်ဆယ်ကြာအောင် ပျိုးထောင်ခဲ့တယ်။ သူက ငါ့ကိုယ်စား အားလုံးကို လုပ်ဆောင်ပေးလိမ့်မယ်။ " တဖုန်းဧကရာဇ်က စိတ်ထဲမှ တွေးလိုက်သည်။

နောက်ဆုံးတွင် စမ်းသပ်မှုက နှစ်ပေါင်း ၁၅၀ အသက်ရှင်နေထိုင်ရန်ဖြစ်သည်။ ထို့ကြောင့် ထိုလူငယ်က နန်းတော်တွင် နေထိုင်ခြင်းကို စွန့်လွှတ်ခဲ့ပြီး အရှေ့ပင်လယ်သို့ လာခဲ့ခြင်းဖြစ်သည်။

တဖုန်းဧကရာဇ်က လှည့်ပြီး သင်္ဘောခန်းထဲသို့ ဝင်သွားသည်။ ထိုနေရာတွင် ကြီးမားသော ခေါင်းတလားတစ်ခုရှိနေသည်။ ခေါင်းတလားကို အနက်ရောင်သတ္တုနှင့် ပြုလုပ်ထားပြီး နက်ရှိုင်းသော အော်ရာတစ်ခု ထွက်ပေါ်လာသည်။

" တဖုန်းအင်ပါယာရဲ့ အရင်းအမြစ်အားလုံးကို အသုံးချပြီး ဒီခေါင်းတလားကို မူလနတ်ဘုရားရွှေနဲ့ သွန်းလုပ်ခဲ့တယ်။ "

မူလနတ်ဘုရားရွှေက ကမ္ဘာကြီး စတင်ဖြစ်ပေါ်လာချိန်ကတည်းက အမာဆုံးသတ္တုဖြစ်သည်။ တဖုန်းဧကရာဇ်က ၎င်းတို့ကို စုဆောင်းပြီး ခေါင်းတစ်လားတစ်ခု တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

" ငါ ဟန်ပြသေခြင်းနည်းစနစ်တစ်ခုကို ဖန်တီးခဲ့တယ်။ ဒါနဲ့ဆို သက်တမ်းကုန်ဆုံးတဲ့အထိ အိပ်စက်နေလို့ရလိမ့်မယ်။ " တဖုန်းဧကရာဇ်က ခေါင်းတလားထဲသို့ ဝင်လိုက်ပြီး ခေါင်းတလားက ချက်ချင်း ပိတ်သွားခဲ့သည်။

နောက်ခဏတွင် ခေါင်းတလားတင်ဆောင်ထားသော သင်္ဘောက ပျက်စီးသွားခဲ့ပြီး အနက်ရောင်ခေါင်းတလားက ပင်လယ်ကြမ်းပြင်သို့ နက်ရှိုင်းစွာ နစ်မြှုပ်သွားခဲ့သည်။ ၎င်းမှာ နောက်ဆုံးစမ်းသပ်မှုတွင် ရှင်သန်ရန် သူရွေးချယ်ခဲ့သော နည်းလမ်းပင်ဖြစ်သည်။

သူက ပင်လယ်ကြမ်းပြင်ထိ နစ်မြှုပ်သွားပြီး ဘယ်သူမှ ထိုနေရာသို့ ရောက်လာနိုင်မည်မဟုတ်ပေ။ အကယ်၍ တစ်စုံတစ်ယောက်က ပင်လယ်ကြမ်းပြင်ထိ ရောက်နိုင်ခဲ့လျှင်တောင် ကမ္ဘာအမာဆုံး မူလနတ်ဘုရားရွှေကို ဘာမှလုပ်နိုင်မည်မဟုတ်ပေ။

" ပုန်ကန်သူတွေ ကျူးကျော်လာပြီ။ ပြေးကြ။ "

" ဘာလို့ပြေးမှာလဲ။ သူတို့ဖြတ်သန်းသွားတဲ့ နေရာတိုင်းမှာ ဘာထိခိုက်မှုမှမရှိဘူးလို့ ငါကြားတယ်။ ငါတု့ ပြန်မခုခံသရွေ့ ဘာမှဖြစ်မှာမဟုတ်ဘူး။ "

တဖုန်းဧကရာဇ်၏ နားမလည်နိုင်သော သေဆုံးမှုက ဖုံးကွယ်၍ မရတော့ပေ။ ခဏအတွင်း မြို့ထဲမှ တပ်ဖွဲ့များက ဖရိုဖရဲဖြစ်သွားကြသည်။ သူတို့က မည်မျှသစ္စာရှိသည်ဖြစ်စေ အနာဂတ်ကို မြင်နိုင်ရန် မျှော်လင့်ချက်လိုအပ်သည်။ ယခု အလွန်အရေးကြီးသော အချိန်တွင် ဧကရာဇ်က သေဆုံးသွားခဲ့သည်။

လင်းယွမ်က အခွင့်အရေးကို အရယူပြီး တာအိုဝင်ရောက်သူအများစုကို ထိန်းချုပ်ထားခဲ့သည်။ ထို့နောက် မြို့တော်အပြင်ဘက်မှ စစ်တပ်က ရုတ်တရက် တိုက်ခိုက်ခဲ့သည်။ တာအိုဝင်ရောက်သူများက မြို့ထဲသို့ တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက်လာကြသည်။

မြို့ထဲသို့ အရင်ဆုံး ဝင်ရောက်ခြင်းဖြင့် အခြေအနေကို အမြန်ဆုံး ထိန်းချုပ်နိုင်မည်ဖြစ်သည်။ တာအိုအရှင်သခင်များက မြို့၏ အပြင်ဘက်တွင် စောင့်ဆိုင်းနေကြပြီး အချိန်မရွေး ကူညီရန် အသင့်ပြင်ထားကြသည်။

နန်းတော်၏ အပြင်ဘက်တွင် ချပ်ဝတ်များနှင့် စစ်သူကြီးများက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေကြသည်။ ဤခရီးစဉ်အတွင်း သူတို့ ကြုံတွေ့ခဲ့ရသည်များမှာ အိပ်မက်တစ်ခုကဲ့သို့ ဖြစ်နေသည်။ ၎င်းက မယုံကြည်နိုင်လောက်အောင် ချောမွေ့နေသည်။

" ငါတို့ တဖုန်းကို ဖြုတ်ချနိုင်ခဲ့ပြီလား။ " စစ်သူကြီးတစ်ယောက်က ရေရွတ်လိုက်သည်။

" ငါတို့မဟုတ်ဘူး။ အဲ့ဒါ သခင်ပဲ။ " သက်လတ်ပိုင်း ပညာရိတစ်ယောက်က ခေါင်းခါပြီး ပြောလိုက်သည်။ " တဖုန်းမင်းဆက်ကို ဖြတ်ချခဲ့တာ သခင်ပဲ။ ငါတို့က သူ့နောက်က လိုက်လာရုံသက်သက်ပဲ။ "

ထိုစကားများကို ကြားသောအခါ အခြားသူများကလည်း ကန့်ကွက်ခြင်းမရှိကြပေ။ သခင်မရှိလျှင် သူတို့က ပြည်နယ်အသီးသီးကပင် ထွက်လာနိုင်မည်မဟုတ်ပေ။ မြို့အပြင်ဘက်သို့ သူတို့ရောက်ပြီး မကြာမီ ဧကရာဇ်သေဆုံးသည့်သတင်းကို ကြားခဲ့ရသည်။

ဤပုန်ကန်မှုတွင် သူတို့၏ သခင်ကသာ အဆုံးအဖြတ်ပေးနိုင်သည်။ သခင်သာရှိနေလျှင် ခွေးတစ်ကောင်ပင် တဖုန်းကို ဖြုတ်ချနိုင်မည်ဖြစ်သည်။

" သခင် အခုဘယ်မှာလဲ။ " နောက်ထပ် စစ်သူကြီးတစ်ယောက်က မေးလိုက်၏။

သူတို့က နန်းတော်၏ အပြင်ဘက်တွင် လင်းယွမ်ကို စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။ နန်းတော်ကို ဝင်နိုင်မှသာ တဖုန်းမင်းဆက်၏ အုပ်ချုပ်မှုကို ဖြုတ်ချနိုင်ပေလိမ့်မည်။ သူတို့က အရည်အချင်းမရှိသောကြောင့်မဟုတ်ဘဲ သူတို့၏ သခင်ကသာ အရေးကြီးဆုံးဖြစ်သောကြောင့် ဖြစ်သည်။

" စောင့်ရုံပဲရှိတယ်။ " သက်လတ်ပိုင်း ပညာရှိက အခြားသူများကို ကြည့်ပြီး ပြောလိုက်သည်။

လမ်းမတစ်ခုပေါ်တွင် လင်းယွမ်က အတွေးနက်နေသည်။ တဖုန်းဧကရာဇ်ကို သတ်ဖြတ်ပြီးနောက် သူက နန်းတော်တစ်ခုလုံးကို ရှာဖွေခဲ့သည်။ ထို့နောက် သူက မြို့ရိုးဆီသို့ သွားပြီး ထိုနေရာတွင် စောင့်ကြပ်နေသော တာအိုအရှင်သခင်များကို နှိမ်နင်းခဲ့သည်။

အရာအားလုံးပြီးစီးပြီးနောက် လင်းယွမ်က စစ်တပ်နှင့် ပူးပေါင်းခြင်းမရှိခဲ့ပေ။ သူက မြို့တော်၏ လမ်းမပေါ်တွင် တိတ်ဆိတ်စွာ လမ်းလျှောက်နေသည်။ သူ၏ စိတ်ဝိညာဉ်စွမ်းအားများက ကီလိုမီတာများစွာကို လွှမ်းခြုံထားပြီး ထိုဧရိယာအတွင်း အသေးစိတ်အချက်အလက်တိုင်းက သူ၏ စိတ်ထဲတွင် ပေါ်လာသည်။

တဖုန်းဧကရာဇ်ကို သတ်ဖြတ်ခြင်းက အချိန်စက်ဝန်းကို အဆုံးသတ်စေပေလိမ့်မည်။ သူသတ်လိုက်သော တဖုန်းဧကရာဇ်က အစစ်အမှန်မဟုတ်ဘဲ ရုပ်သေးတစ်ခုသာ ဖြစ်နိုင်ကြောင်း လင်းယွမ်က ခန့်မှန်းမိခဲ့သည်။

ထိုရုပ်သေးမှာ စစ်မှန်သော တဖုန်းဧကရာဇ်ကိုယ်တိုင် စီစဉ်ထားခြင်း ဖြစ်ပေလိမ့်မည်။မဟုတ်လျှင် နန်းတွင်းအရာရှိများနှင့် တော်ဝင်မိသားစုများကို လှည့်စားနိုင်မည်မဟုတ်ပေ။

" ဧကရာဇ်က သူ့ကိုသူ အစားထိုးဖို့ ဘာလို့ရုပ်သေးတစ်ခုကို ဖန်တီးထားတာလဲ။ " လင်းယွမ်က တွေးလိုက်သည်။

ရုပ်သေးကို ဖန်တီးခဲ့လျှင်တောင် အချိန်မရွေးထိန်းချုပ်နိုင်ရန် ထိုရုပ်သေးနှင့် အနီးဆုံးတွင် ရှိရပေလိမ့်မည်။ သို့သော လင်းယွမ်က နန်းတော်တစ်ခုလုံးရှာဖွေခဲ့သော်လည်း ဒုတိယမြောက် တဖုန်းဧကရာဇ်ကို ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် ဧကရာဇ်အစစ်က ရုပ်သေးကို ဖန်တီးပြီး မြို့တော်မှ ထွက်သွားခြင်းဖြစ်ရပေလိမ့်မည်။

" တဖုန်းဧကရာဇ်အစစ်က ရုပ်သေးတစ်ခု ဖန်တီးပြီး ထွက်သွားတာလား။ " လင်းယွမ်၏ မျက်နှာတွင် ထူးဆန်းသော အမူအရာ ပေါ်လာသည်။

" ဒါက အချိန်စက်ဝန်းရဲ့ ခက်ခဲမှုလား။ ဧကရာဇ်က ငါသူ့ကို သတ်ချင်နေတာကို အရင်ကတည်းက ကြိုသိနေခဲ့တာလား။ ကြည့်ရတာ တဖုန်းဧကရာဇ်အစစ်က သူငါ့ကို လုံးဝမယှဉ်နိုင်ဘူးဆိုတာကိုလည်း သိပြီးသားဖြစ်လိမ့်မယ်။ "

လင်းယွမ်က လမ်းလျှောက်နေသည်ကို ရပ်တန့်လိုက်ပြီး သူ၏ အကြည့်များက ဝေဝါးသွားသည်။ သူက ရုပ်သေးဧကရာဇ်၏ အချိန်အတိုင်းအတာကို ကြည့်ရှုလိုက်သည်။

အချိန်စက်ဝန်းက နိယာမများအပေါ် ပြင်းထန်စွာ ဖိနှိပ်ထားပြီး ကြောင်းကျိုးဆက်နွယ်မှုရှိမှ တစ်ဖက်လူ၏ အချိန်အတိုင်းအတာကို ကြည့်ရှုန်ိုင်ပေသည်။

" လွန်ခဲ့သော တစ်နှစ်က.... သတ် အဲ့ဒီဟေးဖုန်းရွာက ဓားပြတွေကို အကုန်သတ်ပစ်။ "

" လွန်ခဲ့သော ဆယ်နှစ်က... နန်းတော်ထဲကို အသစ်ရောက်လာတဲ့ ကိုယ်လုပ်တော်လေးက တကယ်ချစ်စရာကောင်းတာပဲ။ "

" လွန်ခဲ့သော နှစ်နှစ်ဆယ်က.... ငါဘယ်တော့မှ တာအိုအရှင်သခင်တစ်ယောက်ဖြစ်လာမှာလဲ။ "

" လွန်ခဲ့သော နှစ်သုံးဆယ်က..... နန်းတွင်းက အမတ်အိုကြီးတွေ တကယ်ကို သေသင့်တာပဲ။ စိတ်မတိုနဲ့ ငါက အခု ဧကရာဇ်ပဲ။ "

" လွန်ခဲ့သော နှစ်လေးဆယ်က... ငါက ဧကရာဇ်အစစ် ဟုတ်မဟုတ် ဘယ်သူမှခွဲခြားလို့မရနိုင်တော့ဘူး။ "

" လွန်ခဲ့သော နှစ်ငါးဆယ်က... သခင်က ငါ့ကို လာရှာပြီး သူ့နေရာမှ အစားဝင်ခိုင်းတယ်။ သခင်က တဖုန်းဧကရာဇ်ပဲ။ ဒါဆို ငါက ဧကရာဇ်ဖြစ်သွားပြီပေါ့။ "

" လွန်ခဲ့သော နှစ်ခုနှစ်ဆယ်က.... သလင်သာ ငါ့ကို မတွေ့ခဲ့ရင် သူတောင်းစားဖြစ်တဲ့ငါက ဟိုးအရင်ကတည်းက အေးခဲပြီး သေနေလောက်ပြီ။ နောက်ကျ သခင်ကို ကျေးဇူးပြန်ဆပ်ရမယ်။ "

ရုပ်သေးဧကရာဇ်၏ အတိတ်မှ ဖြစ်ရပ်များက လင်းယွမ်၏ ရှေ့တွင် စာသားများအဖြစ် ပေါ်လာသည်။ အချိန်အတိုင်းအတာများကို ကြည့်ရှုနိုင်သော စွမ်းရည်ကို အလွန်အမင်းဖိနှိပ်ထားသောကြောင့် ဖြစ်ရပ်အားလုံးကို မတွေ့ရပေ။ သို့သော် ထိုစာသားများမှ တစ်ဆင့် လင်းယွမ်က အဖြစ်မှန်ကို ကောက်ချက်ချနိုင်ခဲ့သည်။

" ထင်တဲ့အတိုင်းပဲ။ ရုပ်သေးဧကရာဇ်ဖြစ်နေတာကိုး။ တဖုန်းဧကရာဇ်က လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကတည်းက ပျောက်ကွယ်သွားတယ်။ ပြီးတော့ သူက ရုပ်သေးဧကရာဇ်ကို စပြီးပျိုးထောင်တာက လွန်ခဲ့တဲ့ နှစ်ခုနှစ်ဆယ်ကပဲ။ အဲ့ဒါက ငါ အချိန်စက်ဝန်းထဲကို ရောက်ခါစအချိန်ပဲ။ " လင်းယွမ်၏ မျက်နှာတွင် ထူးဆန်းသော အမူအရာ ပေါ်လာသည်။ တိုက်ဆိုင်မှုဖြစ်လျှင်တောင် ထိုတိုက်ဆိုင်မှုက အလွန်ကြီးမားပေသည်။

" ကံမကောင်းတာက တစ်ဖက်လူရဲ့ အချိန်အတိုင်းအတာကို ကြည့်ဖို့ လိုအပ်တဲ့ ကြောင်းကျိုးဆက်နွယ်မှု မရှိဘူး။ ဒါပေမယ့် အကျိုးအမြတ်မရှိတာတော့မဟုတ်ဘူး။ အနည်းဆုံးတော့ တဖုန်းဧကရာဇ်အစစ်က အသက်ရှင်နေသေးတယ်ဆိုတာ ငါသိသွားပြီ။ ငါ သူ့ကို ရှာဖို့ပဲ လိုတော့တယ်။ " လင်းယွမ်က တွေးပြီး ရှေ့သို့ ခြေလှမ်းလိုက်သည်။

All Chapters