← Chapters

မူလနတ်ဘုရားရွှေများပျောက်ကွယ်သွားခြင်း....

Vol. 77 Ch. 1071

မူလနတ်ဘုရားရွှေများပျောက်ကွယ်သွားခြင်း....

Vol. 77 Ch. 1071

နန်းတော်၏ ရှေ့တွင် ပညာရှိများနှင့် စစ်သူကြီးများက စိတ်ရှည်စွာ စောင့်ဆိုင်းနေကြသညယ ထိုအချိန်တွင် လင်းယွမ်၏ ပုံရိပ်က ပေါ်လာသည်။

" သခင်ကို ဂါရဝပြုပါတယ်။ " အားလုံးက ဒူးတစ်ဖက်ထောက်ပြီး ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။

အတိတ်မှ မင်းဆက်များက အားနည်းမှုကြောင့် ပျက်သုဉ်းခဲ့သော်လည်း တဖုန်းမင်းဆက်က အထွတ်အထိပ်သို့ ရောက်နေချိန်တွင် ပျက်သုဉ်းခဲ့ခြင်းဖြစ်သည်။ အရာအားလုံး၏ နောက်ကွယ်တွင် ကြိုးကိုင်ထားသူမှာ လင်းယွမ်ပင်ဖြစ်သည်။

" ထကြ။ " လင်းယွမ်က ပြောလိုက်သည်။ " စစ်တပ် မြို့ထဲဝင်လာတုန်းက သာမန်ပြည်သူတွေကို အနှောက်အယှက်မပေးဘူးမလား။ "

" သခင် စစ်သည်တွေက ဘာအမှားအယွင်းမှ မလုပ်ခဲ့ပါဘူး။ "

" သခင် တဖုန်းက အခု ရှုပ်ထွေးနေပြီ။ သခင်အနေနဲ့ အင်ပါယာတစ်ခု တည်ထောင်ပြီး လောကကြီးကို ပြန်လည်စုစည်းသင့်ပါတယ်။ "

လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ ယခုအခါ တဖုန်းဧကရာဇ်အစစ်က ပျောက်ဆုံးနေသည်။ ဧကရာဇ်အစစ်ကို ရှာဖွေရန် လင်းယွမ်က တစ်ကမ္ဘာလုံး၏ အင်အားကို လိုအပ်နေသည်။

" အင်ပါယာနာမည်ကို ဘယ်လိုပေးရမလဲ။ " စစ်ဗျူဟာမှူးက သတိထားပြီး မေးလိုက်သည်။

" အင်ပါယာနာမည်လား။ " လင်းယွမ်က ခဏစဉ်းစားလိုက်သည်။ " တယန်လို့ပဲ ခေါ်ကြတာပေါ့။ "

လင်းယွမ်က တတိယအကြိမ်ဆင်းသက်ချိန်တွင် တယန်နိုင်ငံ၏ မင်းသားတစ်ပါးဖြစ်ခဲ့သည်။ ယခုတစ်ကြိမ်တွင်လည်း သူက သိပ်မစဉ်းစားတော့ဘဲ တယန်ဟုသာ အသုံးပြုလိုက်ခြင်းဖြစ်သည်။

" တယန်ဆိုတဲ့နာမည်က တကယ်ကာင်းပါတယ်။ " စစ်သူကြီးများက တစ်ယောက်ကိုတစ်ယောက် စိတ်လှုပ်ရှားစွာ ကြည့်လိုက်ကြသည်။

လင်းယွမ်က အသစ်တည်ထောင်လိုက်သော အင်ပါယာအတွင်း အခြေအနေများ တည်ငြိမ်စေရန်အတွက် အမိန့်များကို ထုတ်ပြန်လိုက်သည်။ အင်ပါယာတစ်ခု တည်ထောင်ခြင်းက လင်းယွမ်အတွက် အလွန်ကျွမ်းကျင်သော အလုပ်တစ်ခုဖြစ်သည်။

" ပြီးတော့ တဖုန်းက ကျန်တဲ့လူတွေအားလုံးကို ရှာဖွေကြ။ ငါကိုယ်တိုင် သတင်းအချက်အလက်တွေနဲ့ သဲလွန်စတွေအားလုံးကို ပြန်စစ်ဆေးချင်တယ်။ "

" ဟုတ်ကဲ့ပါ။ " အားလုံးက ချက်ချင်း ပြန်ပြောလိုက်ကြသည်။

မင်းဆက်အသစ်ပြောင်းလဲသွားခြင်းက ပြည်နယ် ၉၉ ခုမှ သာမန်ပြည်သူများအပေါ် သိသိသာသာ သက်ရောက်မှုမရှိခဲ့ပေ။ အဓိကအားဖြင့် အုပ်ချုပ်သူပြောင်းလဲခြင်းက အလွန်တည်ငြိမ်ခဲ့သောကြောင့် ဖြစ်သည်။

တယန်ပထမနှစ်။ လင်းယွမ်က နန်းတက်ပြီး လောကကို အုပ်ချုပ်လေသည်။ နန်းတော်အတွင်း ဆံပင်များဖြူဖွေးနေသော ဦးလေးသုံးက ခမ်းနားထည်ဝါသော နန်းတော်ကို ကြည့်နေသည်။ သူ၏ ဘေးတွင် လင်းယွမ်က ပြုံး၍ ကြည့်နေသည်။

ဦးလေးသုံးက တိတ်ဆိတ်နေပြီး မယုံကြည်နိုင်ဖြစ်နေသည်။ တဖုန်းအင်ပါယာက တကယ်ပဲ ပြိုကွဲသွားပြီလား။ ဂိုဏ်းချုပ်၏သားက တယန်အင်ပါယာကို တည်ထောက်လိုက်တာလား။

" သခင်လေး ကျွန်တော် အိပ်မက်မက်နေတာ မဟုတ်ဘူးလား။ " ဦးလေးသုံးက ပြောလိုက်သည်။

" အိပ်မက်မဟုတ်ပါဘူး။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။ လက်ရှိအချိန်စက်ဝန်းထဲတွင် သူ၏ မိသားစုဟုညခေါ်နိုင်သူမှာ ဦးလေးသုံးသာ ရှိသည်။

" ကျွန်တော်က သခင်လေး အင်ပါယာအသစ်တည်ထောင်တာကို မြင်ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ သခင်ကြီးမမြင်ရတာ နှမြောစရာပဲ။ " ဦးလေးသုံးက ပြောလိုက်သည်။

" ငါ အချိန်စက်ဝန်းက လွတ်မြောက်တာနဲ့ အားလုံးရှင်သန်အောင် ကြိုးစားကြည့်ရမယ်။ " လင်းယွမ်က တွေးလိုက်သော်လည်း ထိုကိစ္စအပေါ် ယုံကြည်မှု အပြည့်အဝ မရှိပေ။

အချိန်စက်ဝန်းအတွင်းမှ သက်ရှိများက အမှန်တကယ် တည်ရှိခဲ့ခြင်း ရှိမရှိ သူမသေချာပေ။ အချိန်စက်ဝန်းအတွင်း ကြုံတွေ့သမျှက အိပ်မက်တစ်ခုကဲ့သို့ ဖြစ်သည်။

တစ်လကြာသောအခါ ဦးလေးသုံးက သေဆုံးသွားခဲ့သည်။ လင်းယွမ်က ဘာမှမတတ်နိုင်ပေ။ အသက် ၁၃၀နီးပါး နေထိုင်သွားရခြင်းကပင် အံ့ဩစရာကောင်းနေပြီဖြစ်သည်။

နှစ်လကြာပြီးနောက်။

မြို့တော်၏ အောက်တွင် မြေမီးတောက်ဂူတစ်ခု ရှိသည်။ တယန်အင်ပါယာကို မတည်ထောင်ခင်ကတည်းက ထိုမြေမီးတောက်ဂူက ရှိနေခဲ့သည်။

" အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ " လက်မှုပညာရှင်များက ဦးညွှတ်လိုက်ကြသည်။

" ငါမှတ်မိသလောက်ဆို တဖုန်းအင်ပါယာက စုဆောင်းထားတဲ့ မူလနတ်ဘုရားရွှေတွေအားလုံး ဒီမှာ သိမ်းထားတာ မဟုတ်ဘူးလား။ " လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်ပြီး ပြောလိုက်သည်။

" အရှင်မင်းကြီး ကျွန်တော်မျိုး မသိပါဘူး။ ကျွန်တော်မျိုးတာဝန်ယူကတည်းက မူလနတ်ဘုရားရွှေတစ်ခုမှ မတွေ့မိပါဘူး။ " လက်မှုပညာရှင်ခေါင်းဆောင်က တုန်ယင်စွာ ပြောလိုက်သည်။

" အဲ့လိုလား။ " လင်းယွမ်က ထိုသူကို ကြည့်ပြီး အတိတ်အချိန်အတိုင်းအတာကို ကြည့်ရှုလိုက်သည်။

" မင်းမတိုင်ခင် ဒီမြေမီးတောက်ဂူကို ဘယ်သူတာဝန်ယူခဲ့တာလဲ။ "

" သူ ပျောက်ကွယ်သွားပါတယ်။ ကျွန်တော်အဖိုးက လွန်ခဲ့တဲ့ နှစ်ခုနှစ်ဆယ်ကတည်းက ရုတ်တရက် ပျောက်သွားခဲ့ပါတယ်။ "

" လွန်ခဲ့တဲ့ နှစ်ခုနှစ်ဆယ်လား။ " လင်းယွမ်က မျက်မှောင်ကြုတ်သွားသည်။ မူလနတ်ဘုရားရွှေများအားလုံး ပျောက်ကွယ်သွားခြင်းမှာ တဖုန်းဧကရာဇ်နှင့် ဆက်စပ်နေသည်။

" တဖုန်းဧကရာဇ် ဒီလောက်များတဲ့ မူလနတ်ဘုရားရွှေတွေနဲ့ မင်း ဘာတွေသွန်းလုပ်ခဲ့တာလဲ။ "

လင်းယွမ်က နောက်ထပ်အမိန့်တစ်ခုကို ထုတ်ပြလိုက်သည်။ မူလနတ်ဘုရားရွှေတုံးကြီးကို တွေ့ရှိသူတိုင်း ကြီးမားသော ဆုလာဘ်များကို ရရှိမည်ဟူ၍ပင် ဖြစ်သည်။

အချိန်များက တရွေ့ရွေ့ကုန်ဆုံးလာပြီး မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်းရှစ်ဆယ်ကြာသွားခဲ့သည်။

ချိုင့်ဝှမ်းတစ်ခု၏ အပြင်ဘက်တွင် ချပ်ဝတ်များနှင့် အထူးစစ်သည်များက အတွင်းအပြင် နေရာယူထားကြပြီး ထိုဧရိယာတစ်ခုလုံးကို လုံးဝ ပိတ်ဆို့ထားသည်။ ချိုင့်ဝှမ်းအတွင်း လူများစွာက ကြောက်ရွံ့မှုများ၊ မျှော်လင့်ချက်မဲ့မှုများနှင့် စုရုံးနေကြသည်။

" အရင်မင်းဆက်ရဲ့ အကြွင်းအကျန်တွေက ဒီမှာ ပုန်းနေလိမ့်မယ်လို့ မထင်ထားဘူး။ ငါတို့ ရှာရကျိုးနပ်သွားပြီ။ " ခေါင်းဆောင်ဖြစ်သူ လုကျူးက ချိုင့်ဝှမ်းအတွင်းရှိ လူတစ်ယောက်ချင်းစီကို စူးစိုက်ကြည့်ပြီး သူ၏ ဘေးမှ စစ်သည်များကို အမိန့်ပေးလိုက်သည်။ " သေချာစောင့်ကြည့်ထား။ တစ်ယောက်မှမလွတ်စေနဲ့။ "

" ဟုတ်ကဲ့။ " စစ်သည်များက ခေါင်းညိမ့်ပြီး ပြောလိုက်သည်။

" ငါ နန်းတော်ကို သတင်းပို့ပြီးပြီ။ မကြာခင် သူတို့ကို လာခေါ်ဖို့ လူတစ်ယောက် ရောက်လာလိမ့်မယ်။ " လုကျူးက ပတ်ဝန်းကျင်ကို ကြည့်ပြီး ပြောလိုက်သည်။ " မင်းဆက်ဟောင်းရဲ့ အကြွင်းအကျန်တွေကို ရှာတွေ့တာက ကြီးမားတဲ့ စွမ်းဆောင်မှုပဲ။ မင်းတို့အားလုံး ဆုလာဘ်ရကြလိမ့်မယ်။ "

" အရင်က အကြွင်းအကျန်တွေကို ရှာတွေ့တိုင်း နန်းတော်က လူလွှတ်ကြီး ခေါ်ခိုင်းကြတယ်။ ဘာလို့ ဒီလောက်ဒုက္ခခံနေတာလဲ နားမလည်ဘူး။ " လုကျူးက တွေးလိုက်သည်။ သူတို့ကို တစ်ခါတည်း ရှင်းပစ်လိုက်ခြင်းက ပိုကောင်းလေသည်။

သို့သော် ၎င်းက တယန်ဘိုးဘေး၏ အမိန့်ဖြစ်သည်။ ယနေ့ခေတ်တွင် တယန်ဘိုးဘေးက နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်သည်။ ထိုဂုဏ်ဒြပ်က အာဏာကြောင့် ရလာခြင်းမဟုတ်ဘဲ တယန်အင်ပါယာ၏ ကျင့်သုံးသော မူဝါ​ဒများကြောင့် ဖြစ်သည်။ တယန်အင်ပါယာက ပြည်သူများအပေါ် ညှာတာလေသည်။

ခဏကြာသောအခါ ချိုင့်ဝှမ်း၏ အပြင်ဘက်တွင် လူငယ်တစ်ယောက် ပေါ်လာသည်။ ထိုလူငယ်က သာမန်အဝတ်အစားများကို ဝတ်ဆင်ထားပြီး သူ၏ အမူအရာက တည်ငြိမ်နေသည်။ ချိုင့်ဝှမ်းအတွင်းအပြင် ပိတ်ဆို့ထားသည့် စစ်သည်များ ရှိနေသော်လည်း သူက ကြောက်ရွံ့ခြင်းမရှိပေ။

" ဒါက တဖုန်းအင်ပါယာက မိန်းမစိုးလျန်နဲ့ သူ့ရဲ့ မျိုးဆက်တွေ ပုန်းအောင်းနေတဲ့ နေရာဖြစ်ရမယ်။ " လင်းယွမ်က အဝေးမှ ချိုင့်ဝှမ်းထဲသို့ လှမ်းကြည့်လိုက်သည်။

" မင်း ဘယ်သူလဲ။ ဒီနေရာကို ပိတ်ထားတယ်။ အခုချက်ချင်း ထွက်သွား။ " ကင်းလှည့်နေသော စစ်သည်များက လင်းယွမ်ကို သတိပြုမိသွားပြီး ငေါက်ငမ်းလိုက်ကြသည်။

လင်းယွမ်က စစ်သည်များကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး သူ၏ ရင်ဘတ်ထဲမှ တံဆိပ်တစ်ခုကို ထုတ်ပြလိုက်သည်။ ထိုတံဆိပ်က အနီရောင်ဖြစ်ပြီး အပေါ်တွင် ယန်စာလုံးကို ထွင်းထုထားသည်။

" တယန်အမိန့်တော်လား။ " စစ်သည်များ၏ အမူအရာများက ပြောင်းလဲသွားပြီး လင်းယွမ်ကို လျင်မြန်စွာ ဦးညွှတ်လိုက်ကြသည်။

" ဒါက မင်းဆက်ဟောင်းရဲ့ အကြွင်းအကျန်တွေကို လာခေါ်ဖို့ နန်းတော်က လွှတ်လိုက်တဲ့သူဖြစ်ရမယ်။ "

နန်းတော်ရှိ အဆင့်မြင့်သူများသာ တယန်တံဆိပ်ကို ပိုင်ဆိုင်ကြသည်။ ၎င်းမှာ ဘိုးဘေးကိုယ်တိုင် ထုတ်ပေးထားသော တံဆိပ်ဖြစ်ပြီး မြင့်မြတ်သော အဆင့်အတန်းကို ကိုယ်စားပြုသည်။

မ​ကြာမီ လုကျူးက အပြေးအလွှားရောက်လာသည်။ လင်းယွမ်ကို မြင်သောအခါ သူက အလွန်တုန်လှုပ်သွားပြီး ချက်ချင်း ဒူးထောက်လိုက်သည်။

" အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ "

" မင်းက ငါ့ကို မှတ်မိတာလား။ " လင်းယွမ်က လုကျူးကို ကြည့်လိုက်သည်။

တယန်အင်ပါယာကို တည်ထောင်သူဘိုးဘေးအနေဖြင့် လင်းယွမ်က လူအများရှေ့တွင် ပေါလာခဲပြီး ကမ္ဘာအနှံ့လှည့်လည်သွားလာနေခဲ့သည်။

" တယန်နှစ်သုံးဆယ်မှာ ကျွန်တော်မျိုး မြို့တော်မှာ အရှင်မင်းကြီးကို မြင်တွေ့ခွင့်ရခဲ့ပါတယ်။ " နှစ်ပေါင်းငါးဆယ်ကြာပြီးသော်လည်း သူက လင်းယွမ်ကို တစ်ချက်ကြည့်ရုံနှင့် မှတ်မိနေဆဲ ဖြစ်သည်။

" အင်း "လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ " သူတို့အားလုံး အထဲမှာလား။ "

" ဟုတ်ပါတယ်။ " လုကျူးက ချက်ချင်း ပြန်ဖြေလိုက်သည်။

" လူအားလုံးကို အပြင်ခေါ်ထုတ်လိုက်။ " လင်းယွမ်က အမိန့်ပေးလိုက်သည်။

" ဟုတ်ကဲ့။ " လုကျူးက ခေါင်းညိမ့်ပြီး အနည်းငယ် တွန့်ဆုတ်သွားသည်။ " အရှင်မင်းကြီး သူတို့က အန္တရာယ်ရှိပါတယ်။ "

လုကျူးက လင်းယွမ်၏ ဘေးကင်းရေးကို စိုးရိမ်နေသည်။ စစ်သည်အားလုံး ထွက်သွားလျှင် လင်းယွမ်တစ်ယောက်တည်း အကြွင်းအကျန်များနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

" စိတ်ချပါ။ ငါ့ကိုင်တွယ်နိုင်ပါတယ်။ " လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။ သူ၏ စွမ်းအားက အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်ပြီး ကမ္ဘာပါ်ရှိ သက်ရှိများက သူ့ကို ထိခိုက်အောင်မလုပ်နိုင်တော့ပေ။

" ကောင်းပါပြီ။ " လုကျူးက တွန့်ဆုတ်နေသော်လည်း အမိန့်ကို နာခံပြီး စစ်သည်များကို ဆုတ်ခွာစေလိုက်သည်။

All Chapters