← Chapters

အလွှာဆယ့်သုံးသို့ ရောက်ရှိခြင်း...

Vol. 77 Ch. 1074

အလွှာဆယ့်သုံးသို့ ရောက်ရှိခြင်း...

Vol. 77 Ch. 1074

ဖရိုဖရဲဟင်းလင်းပြင်မှ မရေတွက်နိုင်သော သက်ရှိများကလည်း လင်းယွမ်၏ မူလရင်းမြစ်များ ဝါးမျိုနေသော ထူးခြားသော အခြေအနေကို သတိပြုမိသွားကြသည်။ ၎င်းက ရှောင်လွှဲ၍ မရနိုင်ပေ။ သာမန်အချိန်သက်ရှိတစ်ယောက် ထွက်ပေါ်လာခြင်းကပင် အလွန်ထင်ရှားလှပြီး လင်းယွမ်အတွက်ဆို ပြောစရာပင်မလိုပေ။

" ဖရိုဖရဲစွမ်းအားတွေက ဘာလို့ တစ်ဝက်လောက်နည်းပါးသွားတာလဲ။ "

" ကြီးမြတ်တဲ့ အချိန်သက်ရှိတစ်ယောက် မွေးဖွားလာပြီပဲ။ "

" ဟုတ်တယ်။ ငါ နဂါးငွေ့တန်းအရှင်သခင်ရဲ့ ကြောင်းကျိုးဆက်နွယ်မှုကို ခံစားနေရတယ်။ နဂါးငွေ့တန်းအရှင်က အလွှာဆယ့်သုံးကို တက်လှမ်းသွားပြီ။ "

ဖရိုဖရဲဟင်းလင်းပြင်မှ မဟာသူတော်စင်များက လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ လောဟောက်၏ အဆင့်တက်မှုနှင့်ယှဉ်လျှင် နဂါးငွေ့တန်း အလွှာဆယ့်သုံးသို့ တက်လှမ်ခြင်း၏ ရိုက်ခတ်မှုက ပိုမိုကြီးမားလှသည်။

နဂါးငွေ့တန်းက သမိုင်းတစ်လျှောက် အသန်မာဆုံး အနှိုင်းမဲ့အရှင်သခင်ဖြစ်ပြီး ဖရိုဖရဲဟင်းလင်းပြင် စတင်ဖြစ်ပေါ်လာချိန်မှစ၍ ထွက်ပေါ်လာဖူးသော တစ်ယောက်တည်းသော လူပင်ဖြစ်သည်။

" အချိန်သက်ရှိနှစ်ယောက်က တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာလိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့မိဘူး။ "

" အချိန်သက်ရှိနှစ်ယောက်ထွက်ပေါ်လာတာကို မြင်တွေ့ခွင့်ရတာ တကယ်ကံကောင်းတာပဲ။ "

" ငါလည်း အလွှာဆယ့်သုံးကို တက်လှမ်းဖို့ ကြိုးစားတော့မယ်။ "

ဖရိုဖရဲဟင်းလင်းပြင်မှ မဟာသူတော်စင်များက စိတ်ရှုပ်ထွေးနေကြသည်။

" လင်းယွမ်က အလွှာဆယ့်သုံးကို တက်လှမ်းသွားပြီလား။ "

နဂါးငွေ့တန်းဖရိုဖရဲကုန်းမြေပေါ်တွင် ရှချင်နှင့် အခြားသူများက စိတ်လှုပ်ရှားနေကြသည်။ ပင်မစကြာဝဠာမှ ထွက်ခွာလာပြီးနောက် ထွက်ပေါ်လာသော အလွှာဆယ့်နှစ် သက်ရှိများက ပို၍ပင် ဝမ်းသာနေကြသည်။

အလွှာဆယ့်နှစ်နှင့် အလွှာဆယ့်သုံးက အဆင့်တစ်ခုသာ ကွာခြားခြင်းဖြစ်သော်လည်း ၎င်းမှာ အချိန်သက်ရှိနှင့် အချိန်သက်ရှိမဟုတ်သူများကြားမှ ကွာဟချက်ဖြစ်သည်။ အချိန်သက်ရှိများအတွက် အလွှာဆယ့်သုံးအောက်ရှိ သက်ရှိများက စက္ကူများသဖွယ် ရိုးရှင်းလှပြီး အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ကို တစ်ချက်ကြည့်ရုံဖြင့် ထိုးဖောက်မြင်နိုင်ကြသည်။

ဖရိုဖရဲဟင်းလင်းပြင်ရှိ မဟာသူတော်စင်များက အချိန်သက်ရှိများ၏ ခြေရာများကို ရှာဖွေနေကြပြီး အချိန်သက်ရှိများ၏ သဲလွန်စလေးတစ်ခုကိုပင် ရရှိရန်ပင် မျှော်လင့်နေကြသည်။

" လင်းယွမ် " ရွှမ်ယွမ်၏ စိတ်ထဲတွင် အံ့ဩလေးစားမှုများဖြင့် ပြည့်နှက်နေသည်။

အသက်ရှူကြိမ် ၃၃၃ ကြိမ်ကြာပြီးနောက် ဖရိုဖရဲဟင်းလင်းပြင်၏ မူလရင်းမြစ်စီးဆင်းမှုက ရပ်တန့်သွားသည်။ ဖရိုဖရဲဟင်းလင်းပြင်၏ မူလရင်းမြစ် စီးဝင်ချိန်မှာ အသက်ရှူကြိမ် ၃၃၃ကြိမ် ဖြစ်သည်။

" ပြီးသွားပြီလား။ " လင်းယွမ်၏ မျက်နှာတွင် မျှော်လင့်ချက်အချို့ ရှိနေသည်။

ဖရိုဖရဲဟင်းလင်းပြင်၏ မူလရင်းမြစ်ကို စီးဝင်စေခဲ့သော်လည်း သူ၏ စွမ်းအားကို ၇၀ ရာခိုင်နှုန်းသာ ပြည့်ဝစေခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာ လင်းယွမ်က ရည်ရွယ်ချက်ရှိရှိ ထိန်းထားခဲ့ခြင်းကြောင့်ဖြစ်သည်။

အကယ်၍ သူက ဖရိုဖရဲဟင်းလင်းပြင်၏ မူလရင်းမြစ်များကို အပြည့်အဝ စုပ်ယူခဲ့လျှင် သူ၏ စွမ်းအား ပြည့်ဝသည်အထိ စုပ်ယူနိုင်ပေသည်။ သို့သော် ၎င်းက ဖရိုဖရဲဟင်းလင်းပြင်၏ မူလရင်းမြစ်များကို ကုန်ခမ်းသွားစေပြီး ၎င်း၏ ပျက်စီးသော အချိန်မှာ ရှေ့တိုးလာပေလိမ့်မည်။

၎င်းက လင်းယွမ်၏ ဆန္ဒနှင့် ဆန့်ကျင်နေသည်။ သူက မိမိ၏ စွမ်းအားကို မြှင့်တင်ရန် ဖရိုဖရဲဟင်းလင်းပြင်၏ မူလရင်းမြစ်ကို အသုံးပြုလိုသည်မှာ အမှန်ပင်ဖြစ်သော်လည်း ဖရိုဖရဲဟင်းလင်းပြင်ကို မထိခိုက်စေလိုပေ။

လင်းယွမ်က အလွှာဆယ့်သုံးသို့ ရောက်ပြီးနောက် အရှင်သခင်အခွင့်အာဏာ၏ အသုံးဝင်ပုံများကို ဖော်ထုတ်နိုင်ခဲ့သည်။

" ငါ့ရဲ့ လက်ရှိစွမ်းအားက..." လင်းယွမ်က သူ့ကိုသူ စတင်စစ်ဆေးလိုက်သည်။ ယခု သူက အလွှာဆယ့်သုံးသို့ စတင်ဝင်ရောက်ရုံသာရှိပြီး ပထမအဆင့်သို့ပင် အပြည့်အဝမရောက်သေးပေ။

သို့သော် သူ၏ အခြေခံအုတ်မြစ်ခိုင်မာမှုကြောင့် လင်းယွမ်၏ တိုက်ခိုက်နိုင်စွမ်းက ဒုတိယအဆင့် အချိန်သက်ရှိအများစုထက်ပင် ကျော်လွန်နေသည်။ အချိန်အတိုင်းအတာများကို ကြည့်ရှုနိုင်စွမ်းမှာပင် အရှင်သခင်အခွင့်အာဏာ၏ အထောက်အပံ့ဖြင့် အချိန်အရှင်သခင်အဆင့်နီးပါး ရောက်ရှိနေသည်။

" အရှင်သခင်အခွင့်အာဏာက ငါ့အတွက် အများကြီး အထောက်အကူဖြစ်စေတာပဲ။ " လင်းယွမ်က သူ၏ စိတ်ထဲတွင် အံ့ဩနေမိသည်။

အချိန်သက်ရှိအဆင့်တွင် တိုက်ခိုက်ရေးစွမ်းအားတစ်ခုတည်းနှင့် လွှမ်းမိုးထားနိုင်ရန် မလုံလောက်ပေ။ အချိန်အတိုင်းအတာများကို ကြည့်ရှုနိုင်စွမ်းသာမရှိလျှင် ပြိုင်ဘက်ထက် တိုက်ခိုက်ရေးစွမ်းအား သာလွန်နေလျှင်တောင် အသားစီးယူနိုင်မည်မဟုတ်ပေ။

အချိန်သက်ရှိများက သူတို့ထက် ပို၍ သန်မာသော ပြိုင်ဘက်ကို ရင်ဆိုင်ရလျှင် သူတို့ အနိုင်ရရှိမည့် အချိန်အတိုင်းအတာကို ရှာဖွေပြီး အနိုင်ယူနိုင်စွမ်းရှိကြသည်။ အချိန်သက်ရှိများအတွက် အနိုင်ယူခြင်းက တိုက်စစ်နှင့် ခံစစ်နည်းစနစ်များထဲတွင် ကန့်သတ်မထားပေ။

" အချိန်သက်ရှိဖြစ်လာပြီးတဲ့နောက်မှာ ကျင့်ကြံခြင်းရဲ့ ဦးတည်ချက်က ကိုယ်ပိုင်မူလတာအိုကို နားလည်ဖို့ပဲ။ " လင်းယွမ်က တွေးလိုက်သည်။

အချိန်သက်ရှိတစ်ယောက်စီတိုင်းတွင် မတူညီသော မူလတာအိုများ ရှိကြသည်။ ဥပမာ လင်းယွမ်၏ ဖရိုဖရဲထိုက်ကျိလမ်းစဉ်က ဖရိုဖရဲထိုက်ကျိတာအိုဖြစ်သည်။

ဖရိုဖရဲထိုက်ကျိတာအိုက အဆုံးမရှိသော ဒိုင်မန်းရှင်းများတွင် ထိုတာအို၏ လမ်းညွှန်ချက်မရှိသေးပေ။ ထို့ကြောင့် လင်းယွမ်က ဖရိုဖရဲထိုက်ကျိတာအိုကို ကိုယ်တိုင်နားလည်အောင် ကြိုးစားရမည်ဖြစ်သည်။

" ကိုယ်ပိုင်မူလတာအိုကို နားလည်သွားရင် ဒုတိယအဆင့်ကို တက်လှမ်းနိုင်ပြီ။ " လင်းယွမ်က တွေးလိုက်သည်။

မူလတာအိုက အခြေခံအားဖြင့် အဆုံးမဲ့ဒိုင်မန်းရှင်းများ၏ ကန့်သတ်ချက်ကို ရောက်သွားပြီဖြစ်သည်။ ၎င်းကို ကျော်လွန်သွားလျှင် အမြင့်ဆုံးမဟာတာအိုဖြစ်သည်။ အမြင့်ဆုံးမဟာတာအိုက ဒိုင်မန်းရှင်းအားလုံးနှင့် သက်ဆိုင်သည်။ အချိန်သက်ရှိများက သူတို့၏ မူလတာအိုကို မြှင့်တင်ရန် အမြင့်ဆုံးမဟာတာအိုကို ကိုးကားချက်အဖြစ် နားလည်အောင် ကြိုးစားကြသည်။

လင်းယွမ်၏ အကြည့်က ဖရိုဖရဲဟင်းလင်းပြင်၏ အပြင်ဘက်သို့ ရောက်ရှိသွားသည်။ အမြင့်ဆုံးမဟာတာအိုက ပြင်းထန်သော လှိုင်းများကို ထုတ်လွှတ်နေသည်။ လင်းယွမ်သာ အလိုရှိလျှင် ထိုက်ယန်နှင့် ထိုက်ယန်တို့၏ မူလအနှစ်သာရလည်ပတ်မှုကို အချိန်မရွေး စောင့်ကြည့်နိုင်လေသည်။

ဒိုင်မန်းရှင်းများတွင် ဖရိုဖရဲထိုက်ကျိတာအို မရှိသော်လည်း ဖရိုဖရဲထိုက်ယန်တာအိုနှင့် ဖရိုဖရဲထိုက်ယင်တာအိုက ရှိပြီးသားဖြစ်သည်။ ဖရိုဖရဲထိုက်ယန်တာအိုက ဒိုင်မန်းရှင်းများကို ထိန်းသိမ်းပေးသော အဓိကတာအိုများထဲမှ တစ်ခုဖြစ်သည်။ လင်းယွမ်၏ ထိုက်ကျိတာအိုက ထိုက်ယင်နှင့် ထိုက်ယန်တို့မှ မြစ်ဖျားခံလာသော်လည်း ၎င်းတို့ကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။

" မကြည့်ခင် ခဏလောက် စောင့်ဦးမယ်။ " လင်းယွမ်က သူ၏ အတွေးများကို ထိန်းချုပ်လိုက်သည်။

သူက အလွှာဆယ့်သုံးသို့ ရောက်ရှိခါစဖြစ်သောကြောင့် တိုးတက်ရန် နေရာများစွာ ရှိသေးသည်။ အထွတ်အထိပ်သို့ ရောက်မှ ကြည့်ရှုခြင်းက ထိရောက်မှုပိုရှိလေသည်။

လင်းယွမ်က ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး အရှင်မိုရှုနှင့် အခြားအချိန်သက်ရှိများ၏ ရှေ့သို့ ရောက်ရှိလာသည်။

" ဂုဏ်ပြုပါတယ် နဂါးငွေ့တန်း။ " အရှင်မိုရှုက ပြုံး၍ ပြောလိုက်သည်။

" အလွှာဆယ့်သုံးကို ရောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်။ " အခြားအချိန်သက်ရှိများကလည်း ဂုဏ်ပြုစကား ပြောလိုက်ကြသည်။

တူညီသော ဒိုင်မန်းရှင်းနယ်မြှေ အချိန်သက်ရှိများ ဖြစ်သောကြောင့် အနာဂတ်တွင် အခြားသော အချိန်သက်ရှိများကို ဆန့်ကျင်ရာတွင် သူတို့က တစ်ဖက်တည်း ရပ်တည်ကြမည်ဖြစ်သည်။

" အရှင်မိုရှု..." လင်းယွမ်က အရှင်မိုရှုကို ကျေးဇူးတင်စွာ ကြည့်လိုက်သည်။ သူက အရှင်မိုရှုဖန်တီးခဲ့သော အဆုံးမဲ့ဟင်းလင်းပြင်ကို ကျင့်ကြံခဲ့ခြင်းဖြစ်သည်။

" မင်းရဲ့ တိုးတက်မှုနှုန်းကို မြင်ရတိုင်း ငါ ဒီနှစ်တွေမှာ အချိန်ဖြုန်းခဲ့သလိုတောင် ခံစားရတယ်။ " အရှင်မိုရှုက ပြောလိုက်သည်။ ထိုခံစားချက်က အခြားအချိန်သက်ရှိများနှင့် ထပ်တူကျနေသည်။

" အရှင်မိုရှုရဲ့ အမွေအနှစ်ကလည်း ကျုပ်အတွက် အများကြီး အထောက်အကူဖြစ်ခဲ့ပါတယ်။ " လင်းယွမ်က အခြားအချိန်သက်ရှိတစ်ယောက်ကို ကြည့်ပြီး ဆက်ပြောလိုက်သည်။ " ပြီးတော့ အဲ့ဒီကောင်းကင်လေဟာနယ်အိုးကလည်း အချိန်အတိုင်းအတာရဲ့ စွမ်းအားကို ကြိုတင်ခံစားနိုင်အောင် ကူညီပေးခဲ့တယ်။ "

" ဟားဟား.... နဂါးငွေ့တန်း မင်းက နှိမ့်ချလွန်းနေပါပြီ။ " အရှင်မိုရှုက ရယ်မောပြီး ပြောလိုက်သည်။ " အဆုံးမဲ့ဟင်းလင်းပြင် အမွေအနှစ် မရှိရင်တောင် မင်းအတွက် သိပ်ပြီး ထိခိုက်မှာ မဟုတ်ပါဘူး။ အလွှာဆယ့်သုံးကို တက်လှမ်းဖို့ နည်းနည်းနောက်ကျသွားရုံပဲရှိမှာပဲ။ "

" မှန်တယ်။ နဂါးငွေ့တန်း မင်းက နှိမ့်ချလွန်းနေပြီ။ "

" နဂါးငွေ့တန်း မင်းက အခုဆိုရင် ငါ့ရဲ့ စွမ်းအားကို လုံးဝ ကျော်လွန်သွားလောက်ပြီ။ " အရှင်မိုရှုက စမ်းသပ်သည့်အနေဖြင့် ပြောလိုက်သည်။

" အဲ့ဒါက စွမ်းအားသက်သက်ပါပဲ။ " လင်းယွမ်က ပြောလိုက်သည်။

" သွားကြစို့။ ဒီနေ့ ငါတို့ စကားကောင်းကောင်း ပြောကြတာပေါ့။ "

" နဂါးငွေ့တန်း အလွှာဆယ့်သုံး တက်လှမ်းသွားတာကို ဂုဏ်ပြုကြတာပေါ့။ "

လင်းယွမ်က ငြင်းဆိုခြင်းမရှိပေ။ အလွှာဆယ့်သုံးသို့ တက်လှမ်းခြင်းက အမှန်တကယ် ပျော်စရာကောင်းသော အခိုက်အတန့် ဖြစ်ပြီး ဂုဏ်ပြုရန် ထိုက်တန်ပေသည်။

ပထမရင်းမြစ်ကမ္ဘာ။

လင်းယွမ်က အလွှာဆယ့်သုံးသို့ တက်လှမ်းလိုက်ချိန်တွင် ဤရင်းမြစ်ကမ္ဘာတွင်လည်း ထူးခြားသော ဖြစ်စဉ်များ ဖြစ်ပေါ်လာခဲ့သည်။

" ဘိုးဘေး ဘိုးဘေးအသစ်တစ်ယောက် ထွက်ပေါ်လာပြီ။ "

" အဲ့ဒါ နဂါးငွေ့တန်းအရှင်သခင်ပဲ။ နဂါးငွေ့တန်းအရှင်သခင်က ဘိုးဘေးတစ်ယောက် ဖြစ်သွားပြီ။ "

" နဂါးငွေ့တန်းအရှင်သခင်က ဘိုးဘေးဖြစ်လာပြီဆိုတော့ သတ္တမမြောက် ရှေးဟောင်းနိုင်ငံကို တည််ထောင်လိမ့်မယ်။ "

အရှင်သခင်များစွာက ကြီးမားသော အော်ရာတစ်ခုကို ခံစားမိကြပြီး သူတို့၏ စိတ်များ တုန်ယင်သွားကြသည်။ ၎င်းမှာ ဘိုးဘေးတစ်ယောက်၊ သတ္တမမြောက်ဘိုးဘေးပင်ဖြစ်သည်။

All Chapters