နတ်ဆိုးကပ်ဘေးက ပြီးဆုံးသွားပြီ...
Vol. 77 Ch. 1075
" နဂါးငွေ့တန်းက ဘိုးဘေးတစ်ယောက် ဖြစ်လာပြီလား။ " အရှင်ချင်းဖန်က ထိုအော်ရာနှင့် ကြောင်းကျိုးဆက်နွယ်မှု ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။
သူက လင်းယွမ်ကို စတင်တွေ့ရှိခဲ့သော အချိန်ကို သတိရသွားသည်။ သို့သော် ယခုအချိန်တွင် ထိုအားနည်းသော ကောင်လေးက သူကိုယ်တိုင်ပင် မော့မကြည့်နိုင်သော အဆင့်သို့ ရောက်သွားခဲ့ပြီဖြစ်သည်။
တလင်းရှေးဟောင်းနိုင်ငံတွင် လင်းရှန်းဘုရင်ကလည်း ဘိုးဘေးအသစ်ထွက်ပေါ်လာသည်ကို သိရှိလိုက်သည်။
" ဒါက နဂါးငွေ့တန်းအရှင်သခင်လား။ " လင်းရှန်းဘုရင်က တိတ်ဆိတ်သွားပြီး ခေါင်းခါလိုက်သည်။ " ငါက ဘိုးဘေးတစ်ယောက်ဖြစ်မယ့်သူနဲ့ ရင်ဆိုင်ခဲ့ရလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့မိဘူး။ "
" ဟားဟား နဂါးငွေ့တန်း ဂုဏ်ပြုပါတယ်။ " တဖုဘိုးဘေးနှင့် အခြားဘိုးဘေးများက လင်းယွမ်ကို လာရောက်တွေ့ဆုံခဲ့ကြသည်။
" ကျုပ်ကို ပေါင်းစည်းခွင့်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ " လင်းယွမ်က ပြောလိုက်သည်။ သူက အလွှာဆယ့်သုံသို့ မတက်လှမ်းမီ ဘိုးဘေးအားလုံးနှင့် ပေါင်းစည်းခဲ့သည်။
" နဂါးငွေ့တန်း မင်း သတ္တမမြောက် ရှေးဟောင်းနိုင်ငံကို ဘယ်တော့တည်ထောင်ဖို့ စိတ်ကူးထားလဲ။ " လီယန်ဘိုးဘေးက မေးလိုက်သည်။
ဤရင်းမြစ်ကမ္ဘာတွင် ဘိုးဘေးတစ်ယောက်စီက ရှေးဟောင်းနိုင်ငံတစ်ခုကို တည်ထောင်သော ဓလေ့တစ်ခုရှိသည်။ သူတို့က သူတို့၏ မျိုးဆက်များကို လေ့ကျင့်ပေးရန်အတွက် ရှေးဟောင်းနိုင်ငံများကို တည်ထောင်ကြသည်။
" ခဏစောင့်ဦးမယ်။ ကျုပ်အဆင့် တည်ငြိမ်သွားတဲ့အထိ စောင့်လိုက်ပါမယ်။ " လင်းယွမ်က ပြောလိုက်သည်။
မူလရင်းမြစ်စီးဆင်းမှုကို ရရှိသော ဖရိုဖရဲဟင်းလင်းပြင်နှင့်ယှဉ်လျှင် ဤရင်းမြစ်ကမ္ဘာတွင်မူ လင်းယွမ်က အကျိုးကျေးဇူးများစွာ မရရှိခဲ့ပေ။ ထို့ကြောင့် ခွန်အားအရ သူက ဒုတိယအဆင့်ကို ရောက်ရုံမျှသာဖြစ်သည်။ သူ၏ နောက်ထပ်ခြေလှမ်းမှာ သူ၏ စွမ်းအားကို အကန့်အသတ်ထိ မြှင့်တင်ရန်ဖြစ်သည်။
" မှန်တာပေါ့။ " တဖုဘိုးဘေးနှင့် အခြားဘိုးဘေးများက ခေါင်းညိမ့်လိုက်ကြသည်။
ဒုတိယရင်းမြစ်ကမ္ဘာ။
လင်းယွမ်က အလွှာဆယ့်သုံးသို့ တက်လှမ်းလိုက်ခြင်းက ထိုကမ္ဘာ၏ မဟာတာအိုကို တုန်ခါသွားစေခဲ့သည်။
" ထာဝရအရှင်သခင်.... ထာဝရအရှင်သခင်အသစ်တစ်ယောက် ထွက်ပေါ်လာပြီ။ " လျို့ဝှက်ကမ္ဘာအတွင်း ဂိုဏ်းချုပ်များက အလွန်ဝမ်းသာနေကြသည်။
" နတ်ဆိုးနတ်ဘုရား.... " လင်းယွမ်က အလွှာဆယ့်သုံးသို့ တက်လှမ်းပြီးနောက် ရင်းမြစ်ကမ္ဘာတစ်ခုလုံးက သူ၏ အမြင်တွင် လျို့ဝှက်ချက်မရှိတော့ပေ။ သူက ရင်မြစ်ကမ္ဘာ၏ အနက်ရှိုင်းဆုံးတွင် ပုန်းအောင်းနေသော နတ်ဆိုးနတ်ဘုရားကိုလည်း တွေ့လိုက်ရသည်။
လင်းယွမ်က သူ၏ ညာလက်ကို မြှောက်လိုက်သည်။ ကြီးမားသော ထိုက်ကျိသင်္ကေတက စုစည်းလာပြီး ရင်းမြစ်ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ဝုန်း....
အဖြူရောင်နှင့် အနက်ရောင် ထိုက်ကျိစွမ်းအားက အနက်ရောင်နတ်ဆိုးစွမ်းအားများကို လျင်မြန်စွာ တိုက်စားဖျက်ဆီးနေသည်။ နတ်ဆိုးနတ်ဘုရား၏ ပုံရိပ်က စုစည်းလာပြီး သူက လင်းယွမ်ကို စိုက်ကြည့်နေသည်။
" မင်းက ချက်ချင်း ထွက်လာတာပဲ။ " လင်းယွမ်ကလည်း နတ်ဆိုးနတ်ဘုရားကို ကြည့်လိုက်သည်။
ထိုအခိုက်အတန့်တွင် လင်းယွမ်က အလွှာဆယ့်သုံးသို့ တက်လှမ်းသွားခဲ့ပြီဖြစ်သောကြောင့် နတ်ဆိုးနတ်ဘုရား၏ အမြင်တွင် သူက ထင်ရှားနေသည်။ လင်းယွမ်က နတ်ဆိုးနတ်ဘုရားကို နှိမ်နင်းပြီး နတ်ဆိုးကပ်ဘေးကို အဆုံးသတ်ရန် ပြင်နေစဉ်မှာပင် နတ်ဆိုးနတ်ဘုရား၏ မျက်လုံးများအတွင်း ခံစားမှုအရိပ်အယောင်တစ်ခု ပေါ်လာသည်။
" မင်းက ငါ့ရဲ့ အဆင့်အတန်းကို ဆက်ခံခဲ့တာပဲ။ ငါ့ရဲ့ အရာအားလုံးကလည်း မင်းအပိုင်ပဲပေါ့။ " နတ်ဆိုးနတ်ဘုရားက လင်းယွမ်ကို ကြည့်ပြီး ပြုံးလိုက်သည်။
သူ၏ အကြည့်က နူးညံ့ပြီး ကြင်နာမှုများဖြင့် ပြောလိုက်သည်။ အဆုံးမဲ့ နတ်ဆိုးစွမ်းအားများ ဝန်းရံနေသော်လည်း အဆုံးမဲ့အလင်းရောင်ကို ပေးစွမ်းနေသည်။
" ဒါပေမယ့် ငါလျှောက်ခဲ့တဲ့ လမ်းစဉ်က အခုအလုပ်မဖြစ်တော့ဘူး။ ငါ့ရဲ့ အဆင့်အတန်းက ကိုးကားစရာပဲ ဖြစ်သင့်တယ်။ ဘယ်တော့မှ လျှောက်လှမ်းဖို့ မကြိုးစားနဲ့။ " စကားပြောပြီးနောက် နတ်ဆိုးနတ်ဘုရား၏ ခန္ဓာကိုယ်က စတင်ပြိုကွဲသွားသည်။ မူလစွမ်းအားများအဖြစ် ပြောင်းလဲသွားပြီး လင်းယွမ်၏ ရှေ့တွင် စုစည်းလာသည်။
" ဟမ်...." လင်းယွမ်က ထိုမြင်ကွင်းကို ကြည့်နေသည်။
အချိန်အတိုင်းအတာမှာ အတိတ်သို့ အဆက်မပြတ် ပြန်ဆုတ်သွားပြီး ကောင်းကင်အလင်းအရှင်သခင် အလွှာဆယ့်လေးသို့ တက်လှန်းရန် ကြိုးစားခဲ့သော အချိန်သို့ ပြန်ရောက်သွားသည်။ အလွှာဆယ့်လေးသို့ တက်လှမ်းရန် ကျရှုံးသွားသော အခိုက်အတန့်တွင် သူက အလင်းခန္ဓာနှင့် အမှောင်နတ်ဆိုးခန္ဓာတို့ကို မဖျက်ဆီးနိုင်ခဲ့ပေ။
ထို့ကြောင့် သူ၏ နောက်ဆုံးစွမ်းအားများဖြင့် အရှင်သခင်အခွင့်အာဏာကို အတင်းအကျပ် ဖြိုခွဲပစ်ခဲ့သည်။ ထိုအရှင်သခင်အခွင့်အာဏာကို ကမ္ဘာပေါ်ရှိ သက်ရှိများအတွင်းသို့ ပေါင်းစည်းသွားစေခဲ့သည်။
ထိုသို့ပြုလုပ်ရခြင်းက ရည်ရွယ်ချက်နှစ်ခုရှိသည်။ ပထမအချက်မှာ အလင်းခန္ဓာနှင့် အမှောင်နတ်ဆိုးခန္ဓာတို့၏ စွမ်းအားကို အားနည်းသွားစေရန်ဖြစ်သည်။
ဒုတိယရည်ရွယ်ချက်မှာ တစ်နေ့တွင် ထာဝရအရှင်သခင်တစ်ယောက်က ထိုအရှင်သခင်အခွင့်အာဏာကို ပြန်လည်စုစည်းနိုင်လျှင် သူ၏ စွမ်းအားများအားလုံးကို ဆက်ခံနိုင်ရန်ဖြစ်သည်။
" ကောင်းကင်အလင်းအရှင်သခင်.... " လင်းယွမ်က နတ်ဆိုးစွမ်းအားများမှ ဖြစ်တည်လာသော သန့်စင်သည့်စွမ်းအားများကို စိုက်ကြည့်နေသည်။
" အဲ့ဒီမှာပဲ။ " လင်းယွမ်က ရင်းမြစ်ကမ္ဘာ၏ အပြင်ဘက်သို့ ကြည့်လိုက်သည်။ သူက ကောင်းကင်အလင်းအရှင်သခင်၏ အလင်းခန္ဓာကို အာရုံခံမိလိုက်သည်။
အဆုံးမဲ့အလင်းများ တောက်ပနေသော အချိန်လေဟာနယ်တစ်ခုအတွင်း၌ ထာဝရအရှင်သခင်များကလည်း ရင်းမြစ်ကမ္ဘာ၏ အပြောင်းအလဲများကို သတိပြုမိလိုက်ကြသည်။ သို့သော် သူတို့မတုန့်ပြန်နိုင်မီမှာပင် သူတို့ကို အမြဲတမ်း ဖုံးလွှမ်းထားသော အဆုံးမဲ့အလင်းများက လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
တစ်ချိန်တည်းတွင် လင်းယွမ်၏ ပုံရိပ်က ပေါ်လာသည်။
" အားလုံးကို နှုတ်ဆက်ပါတယ်။ " လင်းယွမ်က ထာဝရအရှင်သခင်များကို ကြည့်ပြီး ပြုံးလိုက်သည်။
" နဂါးငွေ့တန်းလား။ " အဆုံးမဲ့အရှင်သခင်က အံ့အားသင့်သွားသည်။ " ဆရာရဲ့ အလင်းခန္ဓာရော။ "
" ဒီမှာပါ။ " လင်းယွမ်က သူ၏ ညာလက်ကို ဖြန့်လိုက်ရာ အဆုံးမဲ့အလင်းများဖြင့် စုစည်းထားသော သလင်းကျောက်တစ်ခု ပေါ်လာသည်။
ထာဝရအရှင်သခင်များက လင်းယွမ်၏ လက်ထဲမှ အလင်းသလင်းကျောက်ကို ကြည့်ပြီး မှင်သက်နေကြသည်။ ခေတ်အဆက်ဆက် သူတို့ကို ချုပ်နှောင်ခဲ့သော အလင်းခန္ဓာကို လင်းယွမ်က အလွယ်တကူ ဖြေရှင်းလိုက်သည်။
သူတို့က အလင်းသလင်းကျောက်အတွင်း ကိန်းအောင်းနေသော ကြောက်စရာကောင်းသည့် အော်ရာကို ခံစားနိုင်ကြသည်။ အမှောင်နတ်ဆိုးခန္ဓာမှ ဖြစ်တည်လာသော အမှောင်သလင်းကျောက်နှင့် ယှဉ်လျှင် အလင်းသခင်းကျောက်က ပို၍ ကြောက်စရာကောင်းလှသည်။
ထာဝရအရှင်သခင်များက ရှုပ်ထွေးသော အတွေးများရှိနေကြသည်။ ပထမအချက်မှာ ကောင်းကင်အလင်းအရှင်သခင်က သူတို့အပေါ် အတိတ်တွင် ကျေးဇူးပြုခဲ့သောကြောင့်ဖြစ်သည်။ ဒုတိယအချက်မှာ အချိန်အရှင်သခင်အဆင့်ရှိသော ကောင်းကင်အလင်းအရှင်သခင်ပင် ပြည့်စုံသော အချိန်သက်ရှိအဖြစ် ပြောင်းလဲရန် ကြိုးစားချိန်တွင် စိတ်ဝိညာဉ်နှင့် စိတ်အသိများ ပျက်စီးသွားခဲ့သည်။
" နတ်ဆိုးကပ်ဘေးက ပြီးဆုံးသွားပြီ။ " လင်းယွမ်က အလင်းသလင်းကျောက်ကို သိမ်းဆည်းလိုက်ပြီး ထာဝရအရှင်သခင်များကို ကြည့်လိုက်သည်။
" မှန်တယ်။ နောက်ဆုံးတော့ ကပ်ဘေးကြီး ပြီးဆုံးသွားပြီ။ " အဆုံးမဲ့အရှင်သခင်က ရင်းမြစ်ကမ္ဘာကို ကြည့်ပြီး ရေရွတ်လိုက်သည်။
" ထာဝရအရှင်သခင်ဖြစ်လာတဲ့အတွက ဂုဏ်ပြုပါတယ်။ " ဝူရှန်းအရှင်သခင်က ပြောလိုက်သည်။
ထိုအခါမှ အခြားထာဝရအရှင်သခင်များကလည်း အသိဝင်လာကြပြီး လင်းယွမ်ကို ဂုဏ်ပြုစကား ပြောလိုက်ကြသည်။ လင်းယွမ်က ပြုံးပြီး အားလုံးကို ပြန်လည်နှုတ်ဆက်လိုက်သည်။
" နဂါးငွေ့တန်း မင်း အခု ဘယ်လောက်သန်မာနေပြီလဲ။ " အဆုံးမဲ့အရှင်သခင်က လင်းယွမ်ကို ကြည့်ပြီး မေးလိုက်သည်။
လင်းယွမ်က အလွှာဆယ့်သုံးသို့ တက်လှမ်းပြီးနောက် ကောင်းကင်အလင်းအရှင်သခင်၏ အလင်းခန္ဓာနှင့် အမှောင်နတ်ဆိုးခန္ဓာတို့ကို ရှင်းလင်းခဲ့သည်။ သူ၏ စွမ်းအားကို သိပ်မသုံးဘဲ အရှင်သခင်အခွင့်အာဏာကို အသုံးပြုခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ထာဝရအရှင်သခင်များက လင်းယွမ်၏ စွမ်းအားကို စိတ်ဝင်စားနေကြသည်။ သူတို့၏ စိတ်ထဲတွင် အတွေးကိုယ်စီရှိနေကြသော်လည်း မယုံကြည်ကြသေးပေ။
" ကျွန်တော်ရဲ့ စွမ်းအားလား။ " လင်းယွမ်က ပြုံးလိုက်သည်။ " ဘယ်သူစမ်းကြည့်ချင်လဲ။ "
" ငါသွားမယ်။ " အနက်ရောင်လေဟာနယ်အရှင်သခင်က လင်းယွမ်ကို မျှော်လင့်ချက်များဖြင့် ကြည့်လိုက်သည်။
ထာဝရအရှင်သခင်များထဲတွင် အဆုံးမဲ့အရှင်သခင်က အသန်မာဆုံးဖြစ်ပြီး အနက်ရောင်လေဟာနယ်အရှင်သခင်က ဒုတိယဖြစ်သည်။ ခုခံမှုအပိုင်းတွင် သူတို့က အဆင့်တူလောက်ဖြစ်သည်။
" ကျုပ်က ဖိနှိပ်တဲ့ နည်းစနစ်တွေကို သုံးပါမယ်။ သေချာကြည့်ပေးပါဦး။ " လင်းယွမ်က ပြောလိုက်သည်။
အနက်ရောင်လေဟာနယ်အရှင်သခင်က တည်ငြိမ်စွာ ပြင်ဆင်လိုက်သည်။ အဖြူအနက် ယင်ယန်စွမ်းအားများ ရောယှက်လာပြီး အချိန်လေဟာနယ်ကို ဖုံးလွှမ်းသွားသည်။
အနက်ရောင်လေဟာနယ်အရှင်သခင်က သူ့အပေါ်သို့ ကျရောက်လာသော ဖိနှိပ်မှုစွမ်းအားကို ခံစားလိုက်ရပြီး သူ၏ အမူအရာက ပြောင်းလဲသွားသည်။
ဝုန်း....
အနက်ရောင်လေဟာနယ်အရှင်သခင်၏ ပုံရိပ်က ပျောက်ကွယ်သွားပြီး အချိန်လေဟာနယ်တွင်းနက်တစ်ခုအဖြစ် ပြောင်းလဲကာ ယင်ယန်ထိုက်ကျိစွမ်းအားများ၏ တိုက်စားမှုကို ခုခံလိုက်သည်။
ထိုက်ကျိသင်္ကေတတစ်ခုက ပေါ်လာပြီး အနက်ရောင်လေဟာနယ်အရှင်သခင်က မည်မျှခုခံသည်ဖြစ်စေ ယင်ယန်စွမ်းအားများက အတွင်းသို့ စိမ့်ဝင်လာပြီး သူ၏ စစ်မှန်သော ခန္ဓာကိုယ်ဆီသို့ ဦးတည်လာသည်။