← Chapters

အတိတ်မှ သက်ရှိများကို ပြန်လည်ရှင်သန်စေခြင်း....

Vol. 77 Ch. 1077

အတိတ်မှ သက်ရှိများကို ပြန်လည်ရှင်သန်စေခြင်း....

Vol. 77 Ch. 1077

" ကန်ဝေယန်း..." လင်းယွမ်က ကြောင်းကျိုးဆက်နွယ်မှုများအတိုင်း လိုက်ရင် ဖရိုဖရဲဟင်းလင်းပြင်သို့ ပထမဆုံးရောက်ရှိချိန်က ဆုံတွေ့ခဲ့သော လွှမ်းမိုးခြင်းအဆင့် ကန်ဝေယန်းကို တွေ့လိုက်ရသည်။

ကန်ဝေယန်းက သူ၏ ရတနာအားလုံးကို လင်းယွမ်ထံသို့ ပေးခဲ့သည်။ သူ၏ တစ်ခုတည်းသော တောင်းဆိုချက်မှာ ကျောက်လူသားမျိုးနွယ်ကို စောင့်ရှောက်ပေးရန် ဖြစ်သည်။ လင်းယွမ်ကလည်း ထိုကတိကို ဖြည့်ဆည်းပေးခဲ့သည်။

" ငါက...." ဟင်းလင်းပြင်တစ်ခုတွင် ကန်ဝေယန်းက နားမလည်နိုင်စွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်နေသည်။

" ငါသေသွားပြီမဟုတ်လား။ " ကန်ဝေယန်း၏ စိတ်ထဲသို့ အချက်အလက်များ စီးဝင်လာသည်။

" ငါ့ကို ပြန်လည်ရှင်သန်အောင် လုပ်ပေးခဲ့တာက အချိန်သက်ရှိ နဂါးငွေ့တန်းလား။ သူက ငါ့ရဲ့ အမွေအနှစ်တွေကို ရရှိခဲ့လို့ ကျေးဇူးဆပ်တာလား။ " ကန်ဝေယန်းက မျက်လုံးများ ပြူးသွားခဲ့သည်။ သူချန်ခဲ့သော အမွေအနှစ်က သူပြန်လည်ရှင်သန်ရန် သော့ချက်တစ်ခု ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့မိပေ။

" ကျေးဇူးတင်ပါတယ် အချိန်သက်ရှိ။ " ကန်ဝေယန်းက ရိုသေစွာ ဦးညွှတ်လိုက်သည်။ သူက လင်းယွမ်၏ စစ်မှန်သော ခန္ဓာကိုယ်ကို တိုက်ရိုက်မကြည့်ရှုဝံ့ပေ။ အချိန်သက်ရှိတစ်ယောက်ကို တိုက်ရိုက်ကြည့်ရှုခြင်းက သူ၏ စိတ်အသိကို ပျက်စီးသွားစေနိုင်သည်။

" ငါမင်းကို ကျောက်လူသားမျိုးနွယ်ဆီ ပို့ပေးလိုက်မယ်။ " လင်းယွမ်က ကန်ဝေယန်းကို ကျောက်လူသားမျိုးနွယ်ဆီသို့ ပို့ဆောင်ပေးလိုက်သည်။

ကျောက်လူသားမျိုးနွယ်၏ လျို့ဝှက်နယ်မြေတွင် ကန်ဝေယန်း၏ ပုံရိပ်က ပေါ်လာသည်။

" ဒါဘယ်သူလဲ။ " ကန်ယုလုံက တစ်စုံတစ်ခုကို သတိပြုမိသွားပြီး ချက်ချင်း ရောက်လာသည်။

" ဒါ.... ဘိုးဘေးဝေယန်းလား။ " ကန်ယုလုံက ကန်ဝေယန်းကို ကြည့်ပြီး မယုံကြည်နိုင်ဖြစ်နေသည်။ ကန်ယုလုံက ကန်ဝေယန်း၏ မျိုးဆက်တစ်ယောက်ဖြစ်သည်။

" ယုလုံ ငါ့ကို အချိန်သက်ရှိက ပြန်လည်ရှင်သန်အောင် လုပ်ပေးခဲ့တာပဲ။ " ကန်ဝေယန်းက ရှင်းပြလိုက်သည်။

" အချိန်သက်ရှိလား။ " ကန်ယုလုံက အသက်ပြင်းပြင်းရှူလိုက်သည်။

အလွှာဆယ့်နှစ်သက်ရှိတစ်ယောက်ကို ပြန်လည်ရှင်သန်အောင် လုပ်ပေးနိုင်သူမှာ အချိန်သက်ရှိသာဖြစ်သည်။

" သူက ငါ့ကို ပြန်ပြီး ကျေးဇူးဆပ်ခဲ့တာပဲ။ " ကန်ဝေယန်းက ပြုံး၍ ပြောလိုက်သည်။

" အဲ့ဒါက နဂါးငွေ့တန်းမဟာသူတော်စင်လား။ " ကန်ယုလုံးက ရေရွတ်လိုက်သည်။

" မှန်တယ်။ နဂါးငွေ့တန်းမဟာသူတော်စင်ပဲ။ " ကန်ဝေယန်းက ခေါင်းညိမ့်လိုက်သည်။

သီခြားစကြာဝဠာတစ်ခု၏ အပြင်ဘက်တွင် အစိမ်းရောင်ဂါဝန်နှင့် အမျိုးသမီးတစ်ယောက် ပေါ်လာသည်။ ထိုအခိုက်အတန့်တွင် ခန့်ညားသော အမျိုးသားတစ်ယောက်ကလည်း အဝေးတွင် ပေါ်လာသည်။

" ရွှမ်..."

" စီနီယာအမ..." ထိုအမျိုးသားကလည်း ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

" ရွှမ် ငါဘယ်လိုလုပ် အသက်ရှင်နေတာလဲ။ " အမျိုးသမီးက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

" စီနီယာအမ ကျွန်တော်တို့ ပြန်လည်ရှင်သန်လာတာပါ။ အချိန်သက်ရှိက ကျွန်တော်တို့ကို ပြန်လည်ရှင်သန်အောင် လုပ်ပေးခဲ့တာပဲ။ " ရွှမ်ဟွမ်က ပြောလိုက်ပြီး ကြီးမားသော ခန္ဓာကိုယ်ကြီးကို မော့ကြည့်လိုက်သည်။

အနှိုင်းမဲ့မဟာသူတော်စင်တစ်ယောက်ဖြစ်သော ရွှမ်ဟွမ်က အချိန်သက်ရှိကို မော့ကြည့်နိုင်သော အခွင့်အရေးကို ရရှိထားခြင်းဖြစ်သည်။

" မင်းရဲ့ စီနီယာအမနဲ့အတူ ကောင်းကောင်း နေထိုင်သွားပါ။ " လင်းယွမ်၏ အသံက ရွှမ်ဟွမ်၏ နားထဲတွင် ပေါ်လာသည်။

ရွှမ်ဟွမ်၏ အကြီးမားဆုံးသော စွဲလမ်းမှုက သူ၏ စီနီယာအမပင်ဖြစ်သည်။ သူမကို ပြန်လည်ရရှိရန်အတွက် သူက အလွှာဆယ့်သုံး အချိန်သက်ရှိဖြစ်လာမည့်အခွင့်အရေးကိုပင် စွန့်လွှတ်ခဲ့သည်။

" ကျေးဇူးတင်ပါတယ် အချိန်သက်ရှိ။ " ရွှမ်ဟွမ်က ဦးညွှတ်လိုက်သည်။

" နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်...." လင်းယွမ်က နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင် ကျရောက်နေသာ အချိန်စက်ဝန်းကို ကြည့်လိုက်သည်။

" အချိန်စက်ဝန်းကို ချိုးဖျက်ဖို့ အခွင့်အရေးမရှိတော့ဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

" ပြိုကွဲစမ်း...." လင်းယွမ်၏ အမူအရာက လေးနက်သွားပြီး ထိုအချိန်စက်ဝန်းကို အတင်းအကျပ် ချိုးဖျက်လိုက်သည်။

ဝုန်း...

ကြောက်စရာကောင်းသော တန်ပြန်မှုများ ကျရောက်လာသော်လည်း လင်းယွမ်က အလွယ်တကူ ခုခံလိုက်သည်။ လင်းယွမ်က အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်တစ်ခုကို ဆွဲယူလိုက်သည်။

" ငါက..." အချိန်စက်ဝန်းမှ လွတ်မြောက်ပြီးနောက် နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က သူ၏ စိတ်အသိကို လျင်မြန်စွာ ရရှိလိုက်သည်။

" ကျေးဇူးတင်ပါတယ် အချိန်သက်ရှိ။ " နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က လင်းယွမ်ကို ဦးညွှတ်လိုက်သည်။

" အချိန်သက်ရှိတစ်ယောက်ကို မွေးထုတ်ပေးနိုင်လိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး။ " နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်၏ စိတ်ထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

နာရီဝက်ကြာမြင့်ပြီးနောက် လင်းယွမ်နှင့် အတိတ်တွင် ကြောက်ကျိုးဆက်နွယ်မှုများရှိခဲ့သော သေဆုံးသွားသည့် သက်ရှိများအားလုံး ပြန်လည်ရှင်သန်လာကြသည်။ သူက အလွှာဆယ့်သုံးသို့ ရောက်ရှိပြီဖြစ်သောကြောင့် ထိုသက်ရှိများက ဒုတိယအကြိမ် အခွင့်အရေး ရရှိသင့်သည်ဟု ယူဆထားသည်။

" ဟမ် " လင်းယွမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ ဆန်းကြယ်သော အော်ရာတစ်ခု ထွက်ပေါ်လာသည်။ လင်းယွမ် အလွှာဆယ့်သုံးသို့ တက်လှမ်းပြီးနောက် အနန္တကမ္ဘာများ၏ ဂိတ်တံခါးကလည်း စတင်ပြောင်းလဲလာသည်။ ယခုအချိန်တွင် အနန္တကမ္ဘာများ၏ ဂိတ်တံခါး ပုံရိပ်ယောင်မှာ တည်​ငြိမ်သွားခဲ့ပြီဖြစ်သည်။

လင်းယွမ်၏ အမူအရာက လေးနက်နေပြီး အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို ကြည့်ရှုလိုက်သည်။

" ဒါက အခုထိ ပုံရိပ်ယောင်ပဲ ရှိသေးတာလား။ အစစ်အမှန်မဟုတ်သေးဘူးလား။ " လင်းယွမ်က သေချာလေ့လာလိုက်သည်။

သူက ယခု အလွှာဆယ့်သုံးသို့ ရောက်ရှိပြီးသော်လည်း ဂိတ်တံခါး၏ စစ်မှန်သော တည်ရှိမှုက ဆင်းသက်လာခြင်းမရှိသေးပေ။ လင်းယွမ်၏ စိတ်ထဲမှ ဂိတ်တံခါးမှာ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်နေဆဲ ဖြစ်သည်။ အလွှာဆယ့်နှစ်နှင့် နှိုင်းယှဉ်လျှင် ထိုပုံရိပ်ယောင်မှာ ပို၍ စစ်မှန်လာခြင်းဖြစ်သည်။

အလွှာဆယ့်သုံးသို့ မတက်လှမ်းမီ နှစ်ပေါင်းနှစ်ထောင်ကြာ အိပ်စက်ချိန်က မြင်မက်ခဲ့သော အိပ်မက်ထဲမှ အလင်းတံခါးနှင့် ပိုတူလာခဲ့သည်။

" အလွှာဆယ့်သုံးအချိန်သက်ရှိတစ်ယောကတောင်မှ အစစ်အမှန်ဂိတ်တံခါးကို မခံနိုင်သေးဘူးလား။ " လင်းယွမ်က စိတ်ထဲမှ အံ့ဩနေမိသည်။

အနန္တကမ္ဘာများ၏ ဂိတ်တံခါးက အလွှာဆယ့်လေးနှင့် သက်ဆိုင်သည်ဟု အတော်လေး သေချာနေပြီဖြစ်သည်။ လင်းယွမ်က သာမန်အလွှာဆယ့်သုံး အချိန်သက်ရှိတစ်ယောက်မဟုတ်ပေ။ သူ၏ စွမ်းအားက ဒုတိယအဆင့်များထက် ကျော်လွန်နေသည်။

ထိုသို့သော အခြေအနေမျိုးမှာပင် သူက အစစ်အမှန်ဂိတ်တံခါးကို ခံနိုင်ရည်မရှိသေးပေ။ ၎င်းက အမှန်တကယ် ကြောက်စရာကောင်းလှသည်။

" အလွှာဆယ့်လေး အထွတ်အထိပ် လက်နက်တစ်ခုလား ဒါမှမဟုတ် ရတနာတစ်ခုလား။ " လင်းယွမ်က အံ့ဩနေမိသည်။

ယခုအချိန်ထိ လင်းယွမ်က အလွှာဆယ့်သုံး အထွတ်အထိပ် သို့မဟုတ် အလွှာဆယ့်လေး ရတနာအကြောင်းတစ်ခါမှ မကြားဖူးသေးပေ။ အလွှာဆယ့်လေးနှင့် ပက်သက်သော အချက်အလက်များအားလုံးကို အလွှာဆယ့်သုံး အချိန်သက်ရှိများ၏ ခန့်မှန်းချက်များမှ ဆင်းသက်လာခြင်းဖြစ်သည်။

အထူးသဖြင့် တတိယအဆင့်မှ အချိန်အရှင်သခင်များက သူတို့၏ ကံကြမ္မာကို ချိုးဖျက်ရန် တောင့်တနေကြပြီး ထိုသို့လုပ်ဆောင်ရန် နည်းလမ်းတစ်ခုမှာ ပြည့်စုံသော အချိန်သက်ရှိအဖြစ် ကူးပြောင်းရန်ပင် ဖြစ်သည်။

သို့သော် ပြည့်စုံသော အချိန်သက်ရှိဆိုသည်မှာ အမှန်တကယ်ရှိပါသလား။ မည်သည့်အထောက်အထားကမှ ၎င်းကို အတည်မပြုနိုင်သေးပေ။ ယခုအချိန်တွင် ပြည့်စုံသော အချိန်သက်ရှိများနှင့် ဆက်စပ်နိုင်သည်မှာ ရင်းမြစ်ကမ္ဘာများသာ ဖြစ်သည်။

" အနည်းဆုံးတော့ ဂိတ်တံခါးက ပြည့်စုံသော အချိန်သက်ရှိတွေ တကယ်ရှိနေတယ်ဆိုတာ ငါသေချာသွားပြီး။ " လင်းယွမ်က တွေးလိုက်သည်။ ပြည့်စုံသော အချိန်သက်ရှိတစ်ယောက်မှလွဲ၍ ထိုကဲ့သို့ ကြောက်စရာကောင်းသော အရာတစ်ခုကို မည်သူမှဖန်တီးနိုင်မည်မဟုတ်ပေ။

အလွှာဆယ့်သုံးသို့ တက်လှမ်းပြီးနောက် အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ လုပ်ဆောင်ချက်အသစ်များကို ရရှိလိုက်သည်။ လင်းယွမ်က သတင်းအချက်အလက်များကို စုပ်ယူလိုက်ရာ သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

ပထမဦးစွာ အနန္တကမ္ဘာများ၏ ဂိတ်တံခါးက ရင်းမြစ်ကမ္ဘာများကိုသာ သွားနိုင်သည်မဟုတ်ဘဲ အတိတ်နှင့် အနာဂတ်များသို့လည်း သွားလာနိုင်သည်။ ရင်းမြစ်ကမ္ဘာသို့ သွားလာခြင်းက လေဟာနယ်နှင့် သက်ဆိုင်ပြီး အတိတ်နှင့် အနာဂတ်က အချိန်နှင့် သက်ဆိုင်သည်။

" အတိတ်နဲ့ အနာဂတ်လား။ " လင်းယွမ်က ထိတ်လန့်သွားမိသည်။

အချိန်သက်ရှိများက အချိန်အတိုင်းအတာများကို ကြည့်ရှုနိုင်သော်လည်း အတိတ်သို့ သွားခြင်းက အချိန်အရှင်သခင်များသာ လုပ်ဆောင်နိုင်သောအရာဖြစ်သည်။ သို့သော် ယခု လင်းယွမ်က ဂိတ်တံခါး၏ အကူအညီဖြင့် အတိတ်သို့ သွားနိုင်ပြီဖြစိသည်။

ထို့အပြင် သူ၏ စိတ်ထဲသို့ စီးဝင်လာသော အချက်အလက်များအရ လင်းယွမ်က အတိတ်ကို အတင်းအကျပ် ပြောင်းလဲပစ်နိုင်စွမ်းရှိသည်။ ထိုသို့ဖြင့် အနာဂတ်ကို လွှမ်းမိုးနိုင်သည်။ အတိတ်ကို ပြောင်းလဲခြင်းနှင့် အနာဂတ်ကို လွှမ်းမိုးခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော တန်ပြန်မှုကိုလည်း အနန္တကမ္ဘာများ၏ ဂိတ်တံခါးက အားနည်းသွားအောင် လုပ်ဆောင်နိုင်သည်။

သို့သော် အတိတ်ကို အတင်းအကျပ် ပြောင်းလဲပြီး အနာဂတ်ကို လွှမ်းမိုးခြင်းက တန်ပြန်မှုများရှိသည်ထက် ပိုလေသည်။ ပြောင်းလဲလိုက်သော အတိတ်မှ နောက်ဆက်တွဲဆိုးကျိုးများက ပြည့်စုံသော အချိန်သက်ရှိတစ်ယောက်၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်သည်။

အကယ်၍ ပြည့်စုံသော အချိန်သက်ရှိများက အတိတ်နှင့် အနာဂတ်တို့ကို အလွယ်တကူ ပြောင်းပြန်လှန်နိုင်လျှင် လက်ရှိအချိန်အတိုင်းအတာများမှာ သူတို့၏ ဆန္ဒများသာ ဖြစ်နေနိုင်သည်။ ၎င်းတို့က ပြည့်စုံသော အချိန်သက်ရှိများ၏ စီစဉ်မှုများသာ ဖြစ်သည်။

အတိတ်ကို ပြောင်းလဲလိုက်ခြင်းက ပြည့်စုံသော အချိန်သက်ရှိ၏ အစီအစဉ်များကို ဖျက်ဆီးခြင်းနှင့် အတူတူပင်ဖြစ်သည်။ ထို့ကြောင့် မည်သည့်အချိန်သခင်မှ အတိတ်ကို ပေါ့ပေါ့ဆဆ ပြောင်းလဲရန် မဝံ့ရဲကြပေ။

All Chapters