← Chapters

ဒုတိယအဆင့် အချိန်သက်ရှိ....

Vol. 77 Ch. 1079

ဒုတိယအဆင့် အချိန်သက်ရှိ....

Vol. 77 Ch. 1079

ထိုက်ရှုနယ်မြေက ကောင်းကင်မြစ်နှလုံးသားကို လုယူလိုသည့်အကြောင်းရင်းမှာ ဒုတိယအဆင့် အချိန်သက်ရှိတစ်ယောက်နှင့် အပေးအယူလုပ်ထားသောကြောင့်ဖြစ်သည်။

မကြာသေးမီက ဒုတိယအဆင့် အချိန်သက်ရှိတစ်ယောက်က ထိုက်ရှုနယ်မြေမှ အချိန်သက်ရှိများကို ဆက်သွယ်လာပြီး ကောင်းကင်မြစ်နှလုံးသားကို ရယူပေးလျှင် တန်ဖိုးတစ်ခု ပေးမည်ဟု ကမ်းလှမ်းခဲ့သည်။ ထိုတန်ဖိုးက ထိုက်ရှုနယ်မြေ၏ အရှင်သခင်အတွက် ငြင်းပယ်ရန် မဖြစ်နိုင်သောကြောင့် သူက သဘောတူခဲ့သည်။

မကြာမီ ထိုက်ရှုနယ်မြေမှ အချိန်သက်ရှိများက မီးခိုးရောင်ဝတ်ရုံနှင့် အချိန်သက်ရှိတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုဒုတိယအဆင့် အချိန်သက်ရှိ၏ နာမည်က ဟွေ့ဘိုးဘေးဖြစ်ပြီး ထိုဒိုင်မန်းရှင်းအက်ကြောင်းမှမဟုတ်ဘဲ အဝေးမှလာခဲ့ခြင်းဖြစ်သည်။

အချိန်သက်ရှိများက သူတို့၏ ဒိုင်မန်းရှင်းများမှ ထွက်ခွာလာပြီး ကျယ်ပြောလှသော ဒိုင်မန်းရှင်အက်ကြောင်းများကို ရှာဖွေကြသည်။ ဟွေ့ဘိုးဘေးကလည်း နှစ်ပေါင်းများစွာ လေ့လာပြီးနောက် သူ၏ ကိုယ်ပိုင်မူလတာအိုကို နားလည်သွားခဲ့ပြီး ဒုတိယအဆင့် အချိန်သက်ရှိဖြစ်လာခဲ့သည်။

ဟွေ့ဘိုးဘေးက ကောင်းကင်မြစ်ဒိုင်မန်ရှင်းအနီးမှ ဖြတ်သွားချိန်တွင် မကြာမီ ဖြစ်ပေါ်လာတော့မည့် ကောင်းကင်မြစ်နှလုံးသားက အလွန်ထူးခြားနေပြီး အချိန်အရှင်သခင်အဆင့် လက်နက်တစ်ခု ဖန်တီးရန်အတွက် ကုန်ကြမ်းတစ်ခု ဖြစ်လာလိမ့်မည်ကို ရှာဖွေတွေ့ရှိခဲ့သည်။

ထိုသို့ ရှာဖွေတွေ့ရှိရန်အတွက် အနာဂတ် အချိန်အတိုင်းအတာများကို ကြည့်ရှုခဲ့ရသည်။ ဒုတိယအဆင့် အချိန်သက်ရှိဖြစ်သော ဟွေ့ဘိုးဘေးအနေဖြင့် အချိန့အတိုင်းအတာများကို ကြည့်ရှုခြင်းက ပထမအဆင့် အချိန်သက်ရှိများထက် များစွာ သာလွန်သည်။

" ဘာကိစ္စလဲ။ " ဟွေ့ဘိုးဘေးက တည်ငြိမ်စွာ မေးလိုက်သည်။

သူကိုယ်တိုင် ကောင်းကင်မြစ်နှလုံးသားကို လုမယူဘဲ ထိုက်ရှုနယ်မြေမှ အချိန်သက်ရှိများကို ခိုင်းစေရသည့် အကြောင်းရင်မှာ ကောင်းကင်မြစ်နှလုံးသားကို ရရှိရန် အခွင့်အရေးများသောကြောင့် ဖြစ်သည်။

ထို့အပြင် သူကိုယ်တိုင်ယူခဲ့လျှင် ဒုတ်ယအဆင့် အချိန်သက်ရှိတစ်ယောက်က ကောင်းကင်မြစ်နှလုံးသားကို လုယူရန် ဆင်းသက်လာခြင်းမှာ ကောင်းကင်မြစ်ဒိုင်မန်းရှင်းအတွင်းမှ အချိန်သက်ရှိများ၏ ရန်လိုမှုကို ခံရစေနိုင်သည်။

" ဖရိုဖရဲဟင်းလင်းပြင်က အဲ့ဒီအချိန်သက်ရှိ ခုနှစ်ယောက်နဲ့ဆို ငါတို့ ဘာမှမလုပ်နိုင်ဘူး။ " ထိုက်ရှုအရှင်သခင်က ဟွေ့ဘိုးဘေးကို ကြည့်ပြီး ပြောလိုက်သည်။

" ဘာမှမလုပ်နိုင်ဘူးလား။ " ဟွေ့ဘိုးဘေးက မျက်မှောင်ကြုတ်သွားသော်လည်း ဘာမှမပြောပေ။

သူကလည်း အနာဂတ်အချိန်အတိုင်းအတာများကို ကြည့်ရှုပြီးသောကြောင့် ဖရိုဖရဲဟင်းလင်းပြင်မှ အရှင်မိုရှုက မည်မျှဒုက္ခပေးနိုင်သည်ကို ကောင်းစွာ သိရှိထားသည်။

" ဒီရတနာကို ငါက အချိန်အရှင်သခင်တစ်ယောက်ရဲ့ နယ်မြေထဲမှ အရောင်းအဝယ်လုပ်ရင်း ရခဲ့တာပဲ။ " ဟွေ့ဘိုးဘေးက လက်မြှောက်လိုက်ရာ လက်ဝါးအရွယ်ပုဆိန်လေးတစ်ခုက သူ၏ ရှေ့တွင် လွင့်မျောနေသည်။

ထိုပုဆိန်လေးက သေးငယ်သော်လည်း ၎င်းမှ ထွက်ပေါ်နေသော အော်ရာက သာမန်ပထမအဆင့် အချိန်သက်ရှိများကို ထိတ်လန့်သွားစေရန် လုံလောက်သည်။

" ဒီရတနာက...." ထိုက်ရှုအရှင်သခင်၏ အမူအရာက လေးနက်သွားသည်။

သူက ထိုပုဆိန်၏ ကြောက်စရာကောင်းသော အော်ရာကို ခံစားမိနေသည်။ ၎င်းကို အကြိမ်အနည်းငယ်သာ အသုံးပြုနိုင်မည်ဖြစ်သော်လည်း ပထမအဆင့် အချိန်သက်ရှိကို ပြင်းထန်စွာ ဒဏ်ရာရသွားစေနိုင်သည်။

" ဒီလက်နက်ကို ငါက အချိန်စွမ်းအားနဲ့ ဖုံးကွယ်ပြီးသားမလို့ သာမန်ပထမအဆင့် အချိန်သက်ရှိတွေက အနာဂတ်အချိန်အတိုင်းအတာမှာ ဒါကို မြင်နိုင်မှာမဟုတ်ဘူး။ မင်းတို့ အရေးကြီးတဲ့အချိန်ကျရင် ဒါကို အသုံးချလိုက်လို့ရတယ်။ " ဟွေ့ဘိုးဘေးက ပြောလိုက်သည်။

" ကောင်းပြီလေ။ " ထိုက်ရှုအရှင်သခင်က ပြုံးလိုက်သည်။

၎င်းမှာ မရေတွက်နိုင်သော ခေတ်များတစ်လျှောက် ဖြတ်သန်းလာသော အချိန်သက်ရှိများ၏ ကြောက်စရာကောင်းသော အချက်ပင် ဖြစ်သည်။ သူတို့က ခွန်အားတိုးတက်လာရုံသာမက သူတို့စူးစမ်းခဲ့သော နေရာများမှ ရတနာများနှင့် အကျိုးအမြတ်များလည်း ရှိနေသည်။

" မင်းတို့ ငါ့ကို စိတ်ပျက်အောင် မလုပ်ဖို့ ငါမျှော်လင့်ပါတယ်။ " ဟွေ့ဘိုးဘေးက ထိုက်ရှုအရှင်သခင်ကို တစ်ချက်ကြည့်ပြီး ပျောက်ကွယ်သွားသည်။

ထိုက်ရှုအရှင်သခင်က သူ၏ ရှေ့မှ ပုဆိန်ကို ကြည့်ပြီး အတွေးနက်သွားသည်။ ဟွေ့ဘိုးဘေးက ထိုကောင်းကင်မြစ်နှလုံးသားကို အလွန်လိုချင်နေသည်မှာ ထင်ရှားသည်။ ၎င်းက ယခင် ဖြစ်ပေါ်ခဲ့သော ကောင်းကင်မြစ်နှလုံးသားများနှင့် ကွဲပြားသော ထူးခြားချက်တစ်ခုခု သေချာပေါက် ရှိပေလိမ့်မည်။

သို့သော် ထိုက်ရှုအရှင်သခင်က ထိုအချက်အလက်များကို ဂရုမစိုက်ပေ။ သူက ဟွေ့ဘိုးဘေး ပေးထားသော ကမ်းလှမ်းချက်ပေါ်တွင်သာ အာရုံစိုက်ထားသည်။

" အရှင်မိုရှု...." ထိုက်ရှုအရှင်သခင်က ပြုံးလိုက်သည်။

ထိုပုဆိန်နှင့်ဆိုလျှင် အရှင်မိုရှုကို ရင်ဆိုင်ရလျှင်တောင် ဒဏ်ရာအပြင်းအထန် ရသွားစေရန် သူ့အတွက် အခွင့်အရေး အပြည့်အဝ ရှိသည်။ အရှင်မိုရှုသာ ဒဏ်ရာအပြင်းအထန်ရရှိသွားလျှင် အခြားအချိန်သက်ရှိများကို စိုးရိမ်စရာမလိုပေ။

ထို့နောက် ဟွေ့ဘိုးဘေးနှင့် အပေးအယူ ပြီးမြောက်သွားသည်နှင့် သူကိုယ်တိုင်အလိုရှိသော ရတနာကိုလည်း ရရှိနိုင်မည်ဖြစ်သည်။

ဖရိုဖရဲဟင်းလင်းပြင်တွင် လင်းယွမ်က ခြေချိတ်ထိုင်နေပြီး တတိယရင်းမြစ်ကမ္ဘာကို ဆင်းသက်ရန်အတွက် သင့်တော်သော ခန္ဓာကိုယ်များကို ရွေးချယ်ရန် သူ၏ စိတ်အသိတစ်စိတ်တစ်ပိုင်းကို ခွဲထုတ်ထားသည်။ ကျန်ရှိသော စိတ်အသိများက သူ၏ ကိုယ်ပိုင်အနာဂတ်အချိန်အတိုင်းအတာများကို ဆက်လက်စောင့်ကြည့်နေသည်။

" ဟမ်..." လင်းယွမ်က အနာဂတ်အချိန်အတိုင်းအတာများကို ကြည့်ရှုနေစဉ် ကောင်းကင်မြစ်ဒိုင်မန်းရှင်းအတွင်းရှိ ဖရိုဖရဲဟင်းလင်းပြင်မှ အချိန်သက်ရှိများကို မြင်လိုက်ရသည်။

" ကောင်းကင်မြစ်ဒိုင်မန်းရှင်း.... ကောင်းကင်မြစ်နှလုံးသား..." လင်းယွမ်က ဂရုတစိုက် လေ့လာလိုက်သည်။

ပထမအဆင့် အချိန်သက်ရှိများနှင့် ယှဉ်လျှင် လင်းယွမ်ကြည့်ရှုနေသော အနာဂတ် အချိန်အတိုင်းအတာများက များစွာရှင်းလင်းလှသည်။ အရှင်သခင်အခွင့်အာဏာ၏ အကူအညီဖြင့် သူက ဖုံးကွယ်ထားသော အချက်အလက်အချို့ကိုပင် သိနိုင်သည်။

လင်းယွမ်က အနာဂတ်အချိန်အတိုင်းအတာတစ်ခုတ်ခင် ထိုက်ရှုအရှင်သခင်က အရှင်မိုရှုနှင့် တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးတွင် ထိုက်ရှုအရှင်သခင်၏ လက်ထဲမှ လက်ဝါးအရွယ် ပုဆိန်တစ်ခု ပေါ်လာပြီး အရှင်မိုရှုအား ခုတ်ပိုင်းလိုက်သည်ကို မြင်လိုက်ရသည်။

ထိုတိုက်ခိုက်မှုက အရှင်မိုရှုက ဒဏ်ရာအပြင်းအထန် ရသွားစေခဲ့ပြီး အခြားအချိန်သက်ရှိများကို ဆုတ်ခွာသွားစေခဲ့သည်။ ဖရိုဖရဲဟင်းလင်းပြင်မှ အချိန်သက်ရှိများက ကြီးမားသော ဆုံးရှုံးမှုများဖြင့် ကြုံတွေ့ခဲ့ရပြီး အချိန်သက်ရှိတစ်ယောက်၏ အဓိကတိုက်ခိုက်ရေးခန္ဓာတစ်ခုပင် ဆုံးရှုံးခဲ့ရသည်။

" ဒီပုဆိန်က " လင်းယွမ်က လက်ဝါးအရွယ်ပုဆိန်ကို ကြည့်နေသည်။

အချိန်အတိုင်းအတာက ကျယ်ပြန့်လာပြီး လင်းယွမ်က ဟွေ့ဘိုးဘေး၏ တည်ရှိမှု၊ ထိုသို့လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်နှင့် ကောင်းကင်မြစ်နှလုံးသား၏ စစ်မှန်သော တန်ဖိုးကို မြင်တွေ့လိုက်ရသည်။

" အချိန်အရှင်သခင်အဆင့် ကုန်​ကြမ်းတစ်ခု ဖြစ်လာနိုင်တဲ့ ကောင်းကင်မြစ်နှလုံးသား။ " လင်းယွမ်က တွေးလိုက်ပြီးနောက် အရှင်မိုရှုနှင့် အခြားအချိန်သက်ရှိများကို ဆင့်ခေါ်လိုက်သည်။

" နဂါးငွေ့တန်း...." အရှင်မိုရှုနှင့် အခြားသူများ၏ ကိုယ်ပွားများက လင်းယွမ်၏ ရှေ့တွင် ပေါ်လာကြသည်။

" ကောင်းကင်မြစ်ဒိုင်မန်းရှင်က ကိစ္စကို မင်းတို့ မကိုင်တွယ်နိုင်ဘူး။ " လင်းယွမ်က အချိန်သက်ရှိများကို ကြည့်ပြီး တိုက်ရိုက်ပြောလိုက်သည်။

ဟွေ့ဘိုးဘေးကဲ့သို့ ဒုတိယအဆင့် အချိန်သက်ရှိတစ်ယောက်က နောက်ကွယ်တွင် ရှိနေသရွေ့ ဖရိုဖရဲဟင်းလင်းပြင်မှ အချိန်သက်ရှိများက အနည်းငယ် ပေါ့ဆလိုက်သည်နှင့် ပြင်းထန်သော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရပေလိမ့်မည်။

" မကိုင်တွယ်နိုင်ဘူးဟုတ်လား။ " အရှင်မိုရှုက ထိတ်လန့်သွားသည်။ သူက ကောင်းကင်မြစ်ဒိုင်မန်းရှင်းကို အာရုံစိုက်နေပြီး အနာဂတ်အချိန်အတိုင်းအတာများကို အဆက်မပြတ် စောင့်ကြည့်နေခဲ့သည်။ သို့သော် သူတို့မကိုင်တွယ်နိုင်သော အခြေအနေမျိုးကို ရှာမတွေ့ခဲ့ပေ။

" ဟုတ်တယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ " ဒုတိယအဆင့် အချိန်သက်ရှိတစ်ယောက်က နောက်ကွယ်မှာ ရှိနေလို့ မင်းတို့ သတိမထားမိတာ ပုံမှန်ပါပဲ။ "

ဒုတိယအဆင့် အချိန်သက်ရှိများ၏ စီစဉ်ကြံစည်မှုများက အလွန်လျို့ဝှက်လှသည်။ အကယ်၍ သူတို့က အစီအစဉ်များ ချမှတ်ထားလျှင်တောင် ၎င်းတို့ကို နောက်ကွယ်မှနေ၍ တွန်းအားပေးလုပ်ဆောင်ကြသည်။

ဒုတိယအဆင့် အချိန်သက်ရှိများက ပို၍ နက်ရှိုင်းပြီး ပိုမိုများပြားသော အချိန်အတိုင်းအတာများကို မြင်တွေ့နိုင်ကြသည်။ အကယ်၍ သူတို့က မိမိ၏ တည်ရှိမှုကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားလျှင် ပထမအဆင့် အချိန်သက်ရှိများက သတိပြုမိရန် ခက်ခဲပေသည်။

ယခု ထိုက်ရှုနယ်မြေ၏ နောက်ကွယ်တွင် ရှိနေသူမှာ ဟွေ့ဘိုးဘေးဟုခေါ်သော ဒုတိယအဆင့် အချိန်သက်ရှိဖြစ်သည်။ သူက ဖရိုဖရဲဟင်းလင်းပြင်မှ အချိန်သက်ရှိများကို သတ်ဖြတ်လိုစိတ်မရှိဘဲ ကောင်းကင်မြစ်နှလုံးသားကို ရယူရန်သာ ရည်ရွယ်ထားသည်။

သူက ကြီးကြီးမားမား ဝင်ရောက်စွက်ဖက်မည်မဟုတ်ပေ။ ပုံမှန်အခြေအနေများတွင် ဟွေ့ဘိုးဘေးက ကိုယ်တိုင်လှုပ်ရှားရန် ရည်ရွယ်ချက်မရှိပေ။ ထို့ကြောင့် ယခုအချိန်ထိ အရှင်မိုရှုနှင့် အခြားအချိန်သက်ရှိများက ထူးခြားမှုတစ်စုံတစ်ရာကို သတိမထားမိခဲ့ကြခြင်းဖြစ်သည်။

" ဘာ ဒုတိယအဆင့် အချိန်သက်ရှိတစ်ယောက်က နောက်ကွယ်မှာရှိနေတာလား။ " အရှင်မိုရှုနှင့် အခြားအချိန်သက်ရှိများ၏ အမူအရာများက တုန်လှုပ်သွားကြသည်။

ဒုတိယအဆင့် အချိန်သက်ရှိတစ်ယောက်လား။ ထိုဒိုင်မန်းရှင်းအက်ကြောင်းအတွင်း ဒုတိယအဆင့် အချိန်သက်ရှိနှစ်ယောက်သာ ရှိသည်။ နှစ်ယောက်လုံးက အချိန်အရှင်သခင်ဖြစ်ရန် ကြိုးစားနေကြသူများဖြစ်သည်။ ကောင်းကင်မြစ်ဒိုင်မန်းရှင်းကို လာရောက်နှောက်ယှက်ရန်ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။

All Chapters