← Chapters

အဆုံးမဲ့ဟင်းလင်းပြင် သတ္တမအဆင့်...

Vol. 77 Ch. 1080

အဆုံးမဲ့ဟင်းလင်းပြင် သတ္တမအဆင့်...

Vol. 77 Ch. 1080

" ငါမြင်နေရတဲ့ အချိန်အတိုင်းအတာတွေက ပုံမှန်ထက် ပိုပြီးဝေဝါးနေတာ မထူးဆန်းတော့ဘူး။ အဲ့ဒါကို ငါက ကောင်းကင်မြစ်ဒိုင်မန်းရှင်းမှာ အချိန်သက်ရှိအများကြီး ပါဝင်နေလို့လို့ ထင်နေတာ။ " အရှင်မိုရှုက ပြောလိုက်သည်။

လင်းယွမ်ပြောသည့်စကားများကို သူသံသယမဖြစ်ပေ။ အမှန်တော့ သူက ယခင်ကတည်းက တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားခဲ့ရသည်။ သို့သော် ၎င်းကို ဒုတိယအဆင့် အချိန်သက်ရှိတစ်ခုကြောင့်ဟု သူမတွေးခဲ့မိပေ။

" အဲ့ဒါကြောင့်မလို့ ထိုက်ရှုနယ်မြေက ကောင်တွေက ဒီလောက်အသည်းအသန် လုပ်နေကြတာကိုး။ " အခြားအချိန်သက်ရှိများ၏ စိတ်ထဲမှ သံသယများကလည်း ရှင်းလင်းသွားခဲ့သည်။

" နဂါးငွေ့တန်း ဒုတိယအဆင့် အချိန်သက်ရှိတစ်ယောက်က နောက်ကွယ်မှာ ဘာလို့ရှိနေတာလဲ။ " လူခေါင်းမြွေခန္ဓာရှိသော အချိန်သက်ရှိက ပြောလိုက်သည်။ သူ့ကို ကျူးယင်ဟုခေါ်ဆိုကြပြီး ဖရိုဖရဲဟင်းလင်းပြင်မှ ပထမဆုံး မွေးဖွားလာသော သက်ရှိဖြစ်သည်။

" ဟုတ်တယ်။ ဒုတိယအဆင့် အချိန်သက်ရှိက ဘာလိုချင်လို့လဲ။ " အရှင်မိုရှုက နားမလည်နိုင်စွာဖြင့် ပြောလိုက်သည်။

" ဒီတစ်ခေါက်ထွက်ပေါ်လာတဲ့ ကောင်းကင်မြစ်နှလုံးသားက အရမ်းထူးခြားတယ်။ " လင်းယွမ်က ပြောလိုက်သည်။

" နားလည်ပြီ။ " အရှင်မိုရှုက ခေါင်းညိမ့်လိုက်သည်။ သူက ကောင်းကင်မြစ်နှလုံးသားနှင့် ပက်သက်၍ အမျယးကြီး မတွေးခဲ့ပေ။ သူက ယခင်မွေးဖွားပေးလိုက်သော ကောင်းကင်မြစ်နှလုံးသားများနှင့် အတူတူဟုသာ ယူဆခဲ့သည်။

" ဒါဆို ငါတို့ အခု ကောင်းကင်မြစ်ဒိုင်မန်းရှင်းကို ဘယ်လိုလုပ်မလဲ။ " ကျူးယင်က အချိန်သက်ရှိများကို ကြည့်ပြီး ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ အခြားသူများက တိတ်ဆိတ်သွားကြသည်။ အရှင်မိုရှုကလည်း ဝေခွဲမရဖြစ်သွားသည်။ နောက်ကွယ်တွင် ဒုတိယအဆင့် အချိန်သက်ရှိတစ်ယောက်ရှိမှန်း သူတို့မသိလျှင် သူတို့က တိုက်ခိုက်ရန် ယုံကြည်မှုရှိပေလိမ့်မည်။

သို့သော် ယခု ဒုတိယအဆင့် အချိန်သက်ရှိတစ်ယောက်၏ ပါဝင်ပက်သက်နေသည်ကို သိရှိသွားပြီဖြစ်သောကြောင့် သူတို့က အခြေအနေကို မဆုံးဖြတ်နိုင်ကြတော့ပေ။ ပထမအဆင့် အချိန်သက်ရှိက ဒုတိယအဆင့် အချိန်သက်ရှိကို ယှဉ်ပြိုင်ရန် ခက်ခဲသည်။

" ဒုတိယအဆင့် အချိန်သက်ရှိက အဲ့လောက်တောင် ကိုင်တွယ်ရခက်ခဲတာလား။ " လောဟောက်က နားမလည်နိုင်ဘဲ မေးလိုက်သည်။

သူကလည်း ကောင်းကင်မြစ်ဒိုင်မန်းရှင်းမှ ကိစ္စများကို သိရှိထားပြီး သူကိုယ်တိုင်ပင် ကူညီပေးရန်အတွက် အရှင်မိုရှုက သူ၏ အဆင့်ကို တည်ငြိမ်အောင် လုပ်ခိုင်းထားခဲ့သည်။

" ကိုင်တွယ်ရခက်ခဲတာမဟုတ်ဘူး။ ကိုင်တွယ်ဖို့ မဖြစ်နိုင်တာ။ " အရှင်မိုရှုက ခေါင်းခါပြီး လင်းယွမ်ကို ကြည့်လိုက်သည်။ " နဂါးငွေ့တန်း မင်းဘယ်လိုထင်လဲ။ "

" ငါ့ရဲ့အမြင်ကတော့..." လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။ " ငါတို့က လှုပ်ရှားမှုစလုပ်နေပြီပဲ အဆုံးထိဆက်သွားတာ ပိုကောင်းမယ်လို့ထင်တယ်။ "

" အဆုံးထိ ဆက်သွားမယ်။ " အရှင်မိုရှုက လင်းယွမ်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

" စိတ်မပူနဲ့။ ငါ့မှာ အစီအစဉ်ရှိပါတယ်။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။

လင်းယွမ်က ယခု အလွှာဆယ့်သုံးသို့ ရောက်နေပြီဖြစ်သောကြောင့် ထိုအဆင့်၏ တိုက်ခိုက်ရေးနည်းလမ်းများနှင့် ရင်းနှီးရန် လိုအပ်သည်။ သို့သော် သူ၏ လက်ရှိနည်းလမ်းများအရ ပထမအဆင့် အချိန်သက်ရှိတစ်ယောက်ကို ပြိုင်ဘက်အဖြစ် သတ်မှတ်လျှင် အနိုင်ကျင့်ရာရောက်ပေသည်။

ဟွေ့ဘိုးဘေးကဲ့သို့သော အချိန်သက်ရှိတစ်ယောက်ကို ရွေးချယ်ခြင်းကသာ အသင့်တော်ဆုံးဖြစ်ပေလိမ့်မည်။ ထို့အပြင် လင်းယွမ်က ကောင်းကင်မြစ်နှလုံးသားကို အတော်လေးစိတ်ဝင်စားနေသည်။ ၎င်းမှာ အချိန်အရှင်သခင်အဆင့် ကုန်ကြမ်းတစ်ခု ဖြစ်လာနိုင်သည့် အလားအလာရှိနေသည်။ သူကိုယ်တိုင်အသုံးမပြုလျှင်တောင် ၎င်းကို လဲလှယ်နိုင်လေသည်။

" ဒါကို သေချာသိမ်းထားပါ။ အန္တရာယ်နဲ့ကြုံရင် ဒါကို အသက်သွင်းလိုက်ပါ။ " လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားပြီး အဆုံးမရှိသော မှော်စာလုံးများဖြင့် ဖွဲ့စည်းထားသော ကျောက်စိမ်းတုံးတစ်ခုက အရှင်မိုရှုဆီသို့ ပျံသန်းသွားခဲ့သည်။

ထိုကျောက်စိမ်းတုန်းက မှော်စာလုံးလမ်းစဉ်နှင့် စုစည်းထားခြင်းဖြစ်ပြီး ဟွေ့ဘိုးဘေး၏ ပုဆိန်ကို ပစ်မှတ်ထားပြီး ဖန်တီးထားခြင်းဖြစ်သည်။

" ဒီကျောက်စိမ်းတုန်းက.... " အရှင်မိုရှုက ကျောက်စိမ်းတုံးကို ဂရုတစိုက် ကြည့်ရှုလိုက်သည်။ ၎င်းအတွင်းပါရှိသော မှော်စာလုံးများက ဖရိုဖရဲဟင်းလင်းပြင်ကဲ့သို့ပင် ကျယ်ပြောလှသည်။

အခြားအချိန်သက်ရှိများကလည်း အံ့အားသင့်သွားကြသည်။ လင်းယွမ်၏ စကားအရ သူက ဒုတိယအဆင့် အချိန်သက်ရှိကို တုန့်ပြန်ရန် ယုံကြည်ချက်ရှိနေသည်ဟု ပြသနေသည်။ လင်းယွမ်၏ ကြောက်စရာကောင်းသော စွမ်းအားကို သိရှိကြပြီးဖြစ်သော်လည်း သူတို့အားလုံးမှာ တုန်လှုပ်နေရဆဲ ဖြစ်သည်။

" နဂါးငွေ့တန်းက ဒီလိုပြောနေမှတော့ ထိုက်ရှုနယ်မြေက အချိန်သက်ရှိတွေကို ရင်ဆိုင်ကြတာပေါ့။ " အရှင်မိုရှုက ကျောက်စိမ်းတုံးကို သိမ်းဆည်းပြီး ပြောလိုက်သည်။

" ဟွေ့ဘိုးဘေး..." လင်းယွမ်၏ အကြည့်များက နက်ရှိုင်းသွားသည်။

စစ်မှန်သော ဒုတိယအဆင့် အချိန်သက်ရှိတစ်ယောက်က သူ့ကို မည်မျှအထိ တွန်းပို့နိုင်မလဲဆိုသည်ကို သူလည်း မြင်တွေ့လိုပေသည်။

ယခင် ထိုက်ရှုနယ်မြေ၏ နောက်ကွယ်တွင် ဒုတိယအဆင့် အချိန်သက်ရှိတစ်ယောက် ရှိနေသည်ကို မြင်တွေ့ပြီးနောက် လင်းယွမ်က သူ၏ ထိုက်ကျိမူလစိတ်ဝိညာဉ်ကို ကောင်းကင်မြစ်ဒိုင်မန်းရှင်းသို့ စေလွှတ်ခဲ့သည်။

ထိုက်ကျိမူလစိတ်ဝိညာဉ်ကလည်း ဖရိုဖရဲဟင်းလင်းပြင်၏ မူလရင်းမြစ်စီးဆင်းမှုကို ခံယူခဲ့သည်။ အမှုန်ကမ္ဘာများကို ဖွင့်လှစ်လိုက်ခြင်းနှင့်အတူ ထိုက်ကျိမူလစိတ်ဝိညာဉ်၏ တိုက်ခိုက်ရေးစွမ်းအားမှာ မူလခန္ဓာကိုယ်ထက် များစွာ အားနည်းခြင်းမရှိပေ။

ကောင်းကင်မြစ်ဒိုင်မန်းရှင်းမှ ကိစ္စများကို ကိုင်တွယ်ရန် ထိုက်ကျိမူလစိတ်ဝိညာဉ်က လိုအပ်သည်ထက် ပိုနေသေးသည်။ လင်းယွမ်၏ မူလခန္ဓာကိုယ်က အဆုံးမဲ့ဟင်းလင်းပြင်၏ သတ္တမအဆင့်ကို လေ့လာနေသည်။

အဆုံးမဲ့ဟင်းလင်းပြင်၏ ရည်ရွယ်ချက်မှာ ဖရိုဖရဲဟင်းလင်းပြင်ဖြစ်သည်။ သို့သော် ပဉ္စမအဆင့်သို့ မတက်လှမ်းမီ လင်းယွမ်က ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး ရင်းမြစ်ကမ္ဘာနှစ်ခု၏ အနှစ်သာရလည်ပတ်မှုများကို ထည့်သွင်းခဲ့သည်။

၎င်းက အမွေအနှစ်၏ မူလလမ်းကြောင်းကို ယခင်ကတည်းက သွေးဖယ်သွားစေခဲ့သည်။ သို့သော် လင်းယွမ်က သတ္တမအဆင့်ကို လေ့ကျင့်ရန် လိုအပ်သော အဆင့်တစ်ခုအဖြစ် သတ်မှတ်ထားဆဲ ဖြစ်သည်။

" သတ္တမအဆင့်က အရှင်မိုရှုရဲ့ အကန့်အသတ်ဖြစ်ပေမယ့် ငါ့ရဲ့ အကန့်အသတ်မဟုတ်ဘူး။ အခု ငါ့အတွင်းစကြာဝဠာရဲ့ အလားအလာနဲ့ဆိုရင် အဋ္ဌမအလွှာနဲ့ နဝမအလွှာတွေလည်း ရှိလာလိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။

" ငါ့ရဲ့ လက်ရှိအတွင်းစကြာဝဠာက ဖရိုဖရဲဟင်းလင်းပြင်ရဲ့ အရွယ်အစား တစ်ရာခိုင်နှုန်းလောက်ရှိတယ်။ တကယ်လို့ ငါက သတ္တမအဆင့်ကို အောင်မြင်အောင်ကျင့်ကြံနိုင်မယ်ဆိုရင် ဒုတိယအဆင့်ကို မတက်လှမ်းခင် ငါ့ရဲ့ အတွင်းစကြာဝဠာက ဖရိုဖရဲဟင်းလင်းပြင်နဲ့ နှိုင်းယှဉ်နိုင်လုနီးပါးဖြစ်သွားလိမ့်မယ်။ ဒါပေမယ့် သတ္တမအလွှာကို ဘယ်လိုဖွင့်လှစ်ရမလဲ။ "

လင်းယွမ်၏ စိတ်ထဲတွင် အသိအမြင်များနှင့် အလင်းတန်းများက လင်းလက်သွားပြီး အဆုံးမဲ့ဟင်းလင်းပြင်၏ သတ္တမအဆင့် ဖွင့်လှစ်ရန် အဆက်မပြတ် တွန်းအားပေးနေသည်။ ခဏအတွင်း အတွင်းစကြာဝဠာ၏ အနှစ်သာရ၊ ကမ္ဘာ၏ အနှစ်သာရ၊ ဒိုင်မန်းရှင်းနယ်မြေများ၏ အနှစ်သာရ အားလုံးက လင်းယွမ်၏ စိတ်ထဲတွင် တစ်စစီပေါ်လာသည်။

" ဒိုင်မန်းရှင်းနယ်မြေ.... ငါနားလည်ပြီ။ " လင်းယွမ်၏ မျက်လုံးများက တောက်ပသွားသည်။

သူက အဆုံးမဲ့ဟင်းလင်းပြင်၏ သတ္တမအဆင့်ကို လျင်မြန်စွာ တည်ဆောက်နိုင်ခဲ့သည်။ သူက သတ္တမအဆင့်ကို အပြည့်အဝ နားမလည်သေးသော်လည်း အနည်းဆုံးတော့ သုံးပုံတစ်ပုံကို နားလည်ခဲ့ပြီဖြစ်သည်။

ဝုန်း ဝုန်း....

အတွင်းစကြာဝဠာ၏ အချိန်လေဟာနယ်က ရုတ်တရက် တုန်ခါသွားသည်။ အဆုံးမဲ့ဟင်းလင်းပြင်၏ သတ္တမအဆင့်ကို စတင်တည်ဆောက်လိုက်ခြင်းက အတွင်းစကြာဝဠာအပေါ် ချက်ချင်း သက်ရောက်လာခဲ့သည်။ ခဏအတွင်း အတွင်းစကြာဝဠာ၏ အချိန်လေဟာနယ်က ပို၍ တည်ငြိမ်လာခဲ့သည်။

" ဒါက..." ကျောက်စိမ်းဘူးသီးခြောက်၏ ဘေးတွင် အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ပတ်ဝန်းကျင်ကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေခဲ့သည်။

" သခင်ရဲ့ အတွင်းစကြာဝဠာက အခုဆိုရင် သခင်ဟောင်းတောင် မယှဉ်နိုင်လောက်တော့ဘူးထင်တယ်။ "

သူမက အရှင်မိုရှု၏ အတွင်းစကြာဝဠာကို မြင်တွေ့ဖူးသော်လည်း လင်းယွမ်၏ အတွင်းစကြာဝဠာနှင့် ယှဉ်လျှင် သိသိသာသာ နိမ့်ကျနေသည်။ သူမ ခံစားသိရှိရခြင်းက လင်းယွမ် အတွင်းစကြာဝဠာ၏ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်သည်။

အတွင်းစကြာဝဠာ၏ အခြားတစ်ဖက်တွင် ပတ်ဝန်းကျင်ရှိ အချိန်လေဟာနယ်က တည်ငြိမ်လာသည်နှင့်အမျှ လွင့်မျောနေသော နိယာမမူလသစ်ပင်က တုန်ယင်သွားသည်။

" အရှင်သခင်...." နိယာမမူလသစ်ပင်က လင်းယွမ်ကို ခေါ်လိုက်သည်။

" ဘာလဲ။ " လင်းယွမ်၏ စိတ်အသိက ဆင်းသက်လာပြီး နိယာမမူလသစ်ပင်၏ တိုးတက်လာသော အရှိန်အဝါကို ခံစားလိုက်ရသည်။

" ကျွန်တော် အဆင့်တက်တော့မယ်။ " နိယာမမူလသစ်ပင်က အလောတကြီး ပြောလိုက်သည်။ ဒိုင်မန်းရှင်းအက်ကြောင်းများအတွင်း မွေးဖွားလာသော နိယာမမူလသစ်ပင်ကဲ့သို့သော သက်ရှိများ၏ အဆင့်တက်ခြင်းမှာ ထိန်းချုပ်၍ မရပေ။

" အဆင့်တက်မယ်ဟုတ်လား။ " လင်းယွမ်က နိယာမမူလသစ်ပင်ကို ကြည့်လိုက်သည်။

နယ်ပယ်အရဆိုလျှင် နိယာမမူလသစ်ပင်က အလွှာဆယ့်နှစ် အထွတ်အထိပ်ဖြစ်သည်။ ၎င်းမှာ အဆင့်တက်လျှင် အလွှာဆယ့်သုံး ဖြစ်ပေလိမ့်မည်။ ဆိုလိုသည်မှာ နိယာမမူလသစ်ပင် အချိန်သက်ရှိဖြစ်လာတော့မည်ဖြစ်သည်။ အချိန်စက်ဝန်းကို ဖြတ်ကျော်ပြီး စမ်းသပ်မှုကို အောင်မြင်ရန်မှာ အခြေခံလိုအပ်ချက်ပင်ဖြစ်သည်။

All Chapters