← Chapters

အချိန်အရှင်သခင်တစ်ယောက် ကျဆုံးခြင်း...

Vol. 77 Ch. 1073

အချိန်အရှင်သခင်တစ်ယောက် ကျဆုံးခြင်း...

Vol. 77 Ch. 1073

" တဖုန်းဧကရာဇ်က ငါ့လိုပဲ ပြင်ပကမ္ဘာက လာခဲ့တာပဲ။ " လင်းယွမ်က အတွေးနက်သွား၏။

" ဒါပေမယ့် သူက ဘာလို့ ငါ့ရဲ့ အချိန်စက်ဝန်းထဲကို ရောက်လာတာလဲမသိဘူး။ "

လင်းယွမ်အနေဖြင့် တစ်ဖက်လူက အလွှာဆယ့်နှစ်သက်ရှိမဟုတ်သည်ကို ခံစားမိသော်လည်း သိပ်တော့မသေချာပေ။ အမှန်အတိုင်းပြောရလျှင် ခက်ခက်ခဲခဲနှင့် အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

သာမန်အလွှာဆယ့်နှစ်တစ်ယောက်က ဤအချိန်စက်ဝန်းထဲသို့ ကျရောက်ပြီး တဖုန်းဧကရာဇ်နှင့် ရင်ဆိုင်ရလျှင် တဖုန်းဧကရာဇ်ကို သတ်ပြီး စမ်းသပ်မှုကို အောင်မြင်ရန် မဖြစ်နိုင်သလောက်ဖြစ်သည်။

လင်းယွမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ ကမ္ဘာကြီးပျက်စီးသွားသည်နှင့်အမျှ သူ၏ အမှတ်အသားက ထုတ်ယူခံလိုက်ရသည်ကို ခံစားလိုက်ရသည်။

" ဒီအချိန်စက်ဝန်းထဲက ငါ့ရဲ့ အတွေ့အကြုံက ပုံတူကူးခံရပြီး အမှတ်အသားတစ်ခုအနေနဲ့ အခြားသူတွေ ဖြတ်ကျော်ရမယ့် ကပ်ဘေးတစ်ခု ဖြစ်လာမှာလား။ " လင်းယွမ်၏ အမူအရာက ထူးဆန်းသွားသည်။

မဟာတာအိုက လင်းယွမ်၏ စွမ်းဆောင်ရည်မှာ အလွန်ထူးချွန်သောကြောင့် အမှတ်အသားတစ်ခုအဖြစ် အထူးတလည် စုစည်းလိုက်ခြင်းဖြစ်သည်။

" ဒါက အမှတ်အသားတစ်ခုပဲဆိုတော့ ကျော်ဖြတ်ဖို့ မဖြစ်နိုင်တာတော့မဟုတ်ဘူး။ " လင်းယွမ်က တွေးလိုက်သည်။ " ဒါဆို တဖုန်းဧကရာဇ်က ကပ်ဘေးကို စိန်ခေါ်တဲ့သူပေါ့။ "

တဖုန်းဧကရာဇ်အတွက်မူ ကပ်ဘေးကို ရင်ဆိုင်နေရခြင်းဖြစ်ပြီး သူ၏ ကပ်ဘေးမှာ လင်းယွမ်ပင်ဖြစ်သည်။ လင်းယွမ် ရင်ဆိုင်နေရသော စမ်းသပ်မှုကလည်း တဖုန်းဧကရာဇ်ဖြစ်သည်။ သူတို့နှစ်ယောက်ယောက်တွင် တစ်ယောက်သာ အောင်နိုင်သူဖြစ်ပေလိမ့်မည်။

" ငါ့ရဲ့ အတွေ့အကြုံကို ပုံတူကူးလိုက်တဲ့အတွက် ငါ အချိန်သက်ရှိဖြစ်လာရင် ထိုက်ယင်မူလတာအိုနဲ့ ထိုင်ယန်မူလတာအိုတို့ရဲ့ လည်ပတ်မှုကို ကြည့်ရှုခွင့်ရလိမ့်မယ်။ အချိန်စက်ဝန်းရဲ့ စမ်းသပ်မှုက ဒီလိုအကျိုးအမြတ်တွေ ရလိမ့်မယ်လို့ မထင်ထားမိဘူး။ " လင်းယွမ်က ပြုံးလိုက်သည်။

ဖရိုဖရဲဟင်းလင်းပြင်နှင့် အလွန်ဝေးကွာသော နေရာတစ်ခုတွင် အချိန်အရှင်သခင်၏ နယ်မြေတစ်ခုရှိနေသည်။ လက်တံများစွာ ပါရှိသော သက်ရှိကြီး၏ စိတ်အသိက ဖြည်းညင်းစွာ နိုးထလာသည်။

" ငါ့ရဲ့ နောက်ဆုံးကပ်ဘေးက ဘာလို့ ဒီလောက်တောင် ခက်ခဲနေတာလဲ။ "

သူက ထိုစမ်းသပ်မှုမှ အသက်ရှင်လွတ်မြောက်ရန် သူက မူလနတ်ဘုရားရွှေ ခေါင်းတလားထဲတွင် အိပ်စက်ခဲ့သော်လည်း နောက်ဆုံးတွင် သေဆုံးခဲ့ရသည်။

" ကမ္ဘာစိတ်အသိနဲ့ ယှဉ်ရတဲ့ စမ်းသပ်မှုလား။ " လက်တံများပါရှိသော သက်ရှိကြီး၏ စိတ်ထဲတွင် ပုံရိပ်များပေါ်လာပြီး ကမ္ဘာ၏ စွမ်းအားက သူ့ကို ချေမှုန်းခဲ့သည်ကို ခံစားလိုက်ရသည်။

" ငါ အဲ့ဒါကို ဘယ်လိုဖြတ်ကျော်ရမှာလဲ။ " လက်တံများနှင့် သက်ရှိက စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရသည်။

" လွတ်မြောက်ခြင်း... ဒီစမ်းသပ်မှုတွေကို မကျော်ဖြတ်ဘဲနဲ့ ငါက ဘယ်လိုလုပ်လွတ်မြောက်နိုင်မှာလဲ။ " လက်တံများနှင့် သက်ရှိ၏ အော်ရာက ပျံ့နှံ့သွားပြီး သူ၏ နယ်မြေအတွင်း ကောင်းကင်က ပြိုကျပြီး မြေပြင်က အက်ကွဲသွားသည်။

ယခုအချိန်တွင် သူ၏ စိတ်အသိအများစုက ပျောက်ကွယ်သွားပြီဖြစ်သည်။ စိတ်အသိမပျောက်ကွယ်မီ သက်ရှိကြီးက သူ၏ ခန္ဓာကိုယ်ကို သူကိုယ်တိုင် ဖျက်ဆီးပစ်လိုက်သည်။ အစွမ်းထက်သူများက သူတို့သေဆုံးပြီးနောက် သူတို့၏ ရုပ်ခန္ဓာကို ချန်ရစ်လိုခြင်း မရှိကြပေ။ အချိန်အရှင်သခင်၏ ခန္ဓာကိုယ်ဆိုလျှင် ပြောစရာပင်မလိုပေ။

ထို့ကြောင့် အချိန်အရှင်သခင်များက သူတို့မသေဆုံးမီ သူတို့၏ ရုပ်ခန္ဓာကိုယ် တတ်နိုင်သမျှ ဖျက်ဆီးရန် ကြိုးစားကြပေလိမ့်မည်။ ကြီးမားလှသော သက်ရှိကြီးက လုံးဝ ပျက်စီးသွားပြီး ကြောင်းကျိုးဆက်နွယ်မှုများကလည်း ပျောက်ကွယ်သွားသည်။

ထိုအဖြစ်အပျက်က ပတ်ဝန်းကျင်မှ အချိန်သက်ရှိများ၏ အာရုံစိုက်မှုကို ခံလိုက်ရသည်။

" ချင်းကျန်းအရှင်သခင်က ကျဆုံးသွားပြီလား။ "

" သူက လွတ်မြောက်ဖို့ ကြိုးစားရင်း ကျရှုံးသွားတာလား။ "

အချိန်အရှင်သခင်များအနေဖြင့် သူတို့ကိုယ်တိုင် သေဆုံးရန် ဆန္ဒမရှိသရွေ့ သေဆုံးမည်မဟုတ်ပေ။ အချိန်အရှင်သခင်တစ်ယောက်ကို လုံးဝ ကျဆုံးစေနိုင်သော အရာမှာ လွတ်မြောက်ခြင်းကို ကြိုးစားခြင်းသာ ဖြစ်သည်။

လွတ်မြောက်ခြင်းလမ်းစဉ်များထဲတွင် အလွှာဆယ့်လေး ပြည့်စုံသော အချိန်သက်ရှိအဖြစ်သို့ ကြိုးစားခြင်းက အခက်ခဲဆုံး ဖြစ်သည်။

ဖရိုဖရဲဟင်းလင်းပြင်တွင် အရှင်မိုရှုနှင့် အခြားအချိန်သက်ရှိများက စုဝေးနေကြသည်။

" ထိုက်ရှုနယ်မြေက အချိန်သက်ရှိတွေက တကယ် ရူးနေကြတာပဲ။ ကျုပ်တို့ လှုပ်ရှားကြမလား။ " လောဟောက်က မေးလိုက်သည်။

" အခုတော့ အလျင်မလိုသေးဘူး။ " အရှင်မိုရှုက ခေါင်းခါလိုက်သည်။ " မင်းရဲ့ အဆင့်ကို တည်​ငြိမ်အောင် လုပ်ဖို့ အာရုံစိုက်ထားပါ။ "

" ကောင်းပါပြီ။ " လောဟောက်က ခေါင်းညိမ့်လိုက်သည်။

ထိုအချိန်တွင် အရှင်မိုရှု၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူက ဖရိုဖရဲဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးသို့ ကြည့်လိုက်သည်။

အခြားအချိန်သက်ရှိများနှင့် လောဟောက်တို့ကလည်း အလားတူ လှမ်းကြည့်လိုက်ကြသည်။ သူတို့အားလုံးက အချိန်စက်ဝန်းနယ်မြေ၏ တုန်ခါမှုကို ခံစားလိုက်ရသည်။

" အဲ့ဒါ နဂါးငွေ့တန်းရဲ့ အချိန်စက်ဝန်းနယ်မြေပဲ။ " အရှင်မိုရှုက ပြောလိုက်သည်။

"နဂါးငွေ့တန်းက အလွှာဆယ့်သုံးကို တက်လှမ်းတော့မှာလား။ " လောဟောက်က အံ့ဩနေမိသည်။ ယခုလောက်ထိ မြန်လိမ်မည်ဟု မမျှော်လင့်ထားပေ။

" သွားကြစို့။ နဂါးငွေ့တန်း ထွက်လာမယ့်အချိန်ကို စောင့်ကြတာပေါ့။ "

လင်းယွမ်၏ စိတ်အသိက ပြန်လည်ရောက်ရှိလာပြီး သူ၏ အသက်အနှစ်သာရက စတင်ပြောင်းလဲလာသည်။ အသက်အနှစ်သာရ မြင့်တက်လာမှုကြောင့် လင်းယွမ်၏ အမြင်အာရုံက ရုတ်တရက် ကျယ်ပြန့်လာသည်။ သူက အနာဂတ်အချိန်အတိုင်းအတာများကို အလွယ်တကူ မြင်နိုင်ပြီဖြစ်သည်။

" ဒါက ပုံမှန်အမြင်နဲ့ မြင်နေရတဲ့ အချိန်အတိုင်းအတာလား။ " သူက စက္ကန့်ပိုင်းအတွင်း နောက်နှစ်ပေါင်းတစ်သန်းအထိ အနာဂတ်အချိန်အတိုင်းအတာ ထောင်ပေါင်းများစွာကို ကြည့်ရှုပြီးသွားပြီဖြစ်သည်။

" အဆုံးမဲ့ အချိန်အတိုင်းအတာတွေပဲ။ အားလုံးကို မြင်နိုင်ဖို့က ပုံမှန်ဆို မဖြစ်နိုင်ဘူး။ " လင်းယွမ်က အနာဂတ်အချိန်အတိုင်းအတာများအား ကြည့်ရှုခြင်းကို ရပ်တန့်လိုက်သည်။

ထို့နောက် သူ၏ ခန္ဓာကိုယ်အတွင်းမှ တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။ ၎င်းက ကောင်းကင်အလင်းအရှင်သခင်၏ အရှင်သခင်အခွင့်အာဏာပင်ဖြစ်သည်။

" အရှင်သခင်အခွင့်အာဏာဆိုတာ အချိန်အရှင်သခင်တစ်ယောက်ရဲ့ တာအိုကနေ စုစည်းထားတာပဲ။ ဒီအရှင်သခင်အခွင့်အာဏာရဲ့ အရာအားလုံးကို ဆက်ခံဖို့အတွက် နှစ်ပေါင်းငါးသောင်း ကြာလိမ့်မယ်။ "

" အရှင်မိုရှုနဲ့ အခြားသူတွေက ငါ့ကို စောင့်နေကြတာပဲ။ နောက်ဆုံး အဆင့်တက်တော့မယ်။ "

အချိန်စက်ဝန်းကို ချိုးဖျက်ခြင်းက သူ၏ အသက်အနှစ်သာရက အလွှာဆယ့်သုံးသို့ ရောက်ရှိသွားခြင်းကိုသာ ဆိုလိုသည်။ လင်းယွမ်က ဖရိုဖရဲဟင်းလင်းပြင်ကို ကြည့်လိုက်သည်။ ဖရိုဖရဲဟင်းလင်းပြင်တစ်ခုလုံးက တုန်ခါနေသည်ကို သူခံစားနေရသည်။

ဖရိုဖရဲဟင်းလင်းပြင်၏ အဆုံးမရှိသော မူလရင်းမြစ်များက လင်းယွမ်ဆီသို့ ရူးသွပ်စွာ စီးဆင်းလာသည်။ လင်းယွမ်၏ အတွင်းစကြာဝဠာက လျင်မြန်စွာ ပြောင်းလဲလာသည်။

" ဒါက ဘာလဲ။ " အရှင်မိုရှုနှင့် အချိန်သက်ရှိများက မှင်သက်သွားကြသည်။

လင်းယွမ် အလွှာဆယ့်သုံးသို့ တက်လှမ်းခြင်းက ဖရိုဖရဲဟင်းလင်းပြင်၏ မူလရင်းမြစ်နှင့် ပေါင်းစည်းသွားသကဲ့သို့ ဖြစ်နေသည်။ ကျယ်ပြောလှသော မူလရင်းမြစ်များက သူ့ဆီသို့ စီးဝင်နေသည်။ ဖရိုဖရဲဟင်းလင်းပြင်တစ်ခုလုံးက ရူးသွပ်စွာ လည်ပတ်လာပြီး ပြင်ပဒိုင်မန်းရှင်အက်ကြောင်းများမှ စွမ်းအားများကို စတင်ဝါးမျိုတော့သည်။

" တကယ်သက်သောင့်သက်သာရှိတာပဲ။ " လင်းယွမ်က သူ၏ အတွင်းစကြာဝဠာမှာ စွမ်းအားများ ပြည့်လျှံလာသည်ကို ခံစားနေရသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ အဆုံးမရှိသော အမှုန်ကမ္ဘာလေးများကလည်း ရူးသွပ်စွာ ချဲ့ထွင်နေကြသည်။

" ဘာဖြစ်တာလဲ။ "

" အဲ့ဒီဒိုင်မန်းရှင်းနယ်မြေထဲမှာ ဘာတွေဖြစ်နေတာလဲ။ " အချိန်သက်ရှိများက တစ်စုံတစ်ခုကို အာရုံခံမိသွားကြပြီး ဖရိုဖရဲဟင်းလင်းပြင်ရှိရာသို့ ကြည့်လိုက်ကြသည်။

ထိုကဲ့သို့ အမှောင်စွမ်းအားများကို ရူးသွပ်စွာ ဝါးမျိုနေခြင်းမှာ တွေ့ရခဲလှပြီး ပုံမှန်အားဖြင့် နယ်မြေတစ်ခုလုံး ပျက်စီးသွားပြီး ပြန်လည်မွေးဖွားသောအခါမှသာ ဖြစ်ပေါ်တတ်သည်။ သို့သော် ယခု ဖရိုဖရဲဟင်းလင်းပြင်က ပျက်စီးခြင်းနှင့် ဝေးကွာနေဆဲ ဖြစ်သည်။

" ဒီလောက်ကြီးမားတဲ့ စုပ်ယူမှုက..." အရှင်မိုရှုနှင့် အခြားသူများက အချင်းချင်း ကြည့်လိုက်ကြသည်။

သူတို့က ဖရိုဖရဲဟင်းလင်းပြင်မှာ လင်းယွမ်ကို အပြည့်အဝ မထောက်ပံ့နိုင်မည်ကို စိုးရိမ်သွားကြသည်။ သူတို့က ဖရိုဖရဲဟင်းလင်းပြင်၏ ပင်ပန်းမှုကို ခံစားလိုက်ရသည်။

" တကယ် ကြောက်စရာကောင်းတယ်။ " လောဟောက်က သက်ပြင်းချလိုက်သည်။

" အလွှာဆယ့်သုံးကို ခုမှရောက်တဲ့ နဂါးငွေ့တန်းက ဒုတိယအဆင့်ကို နီးကပ်သွားတော့မှာလား။ " လောဟောက်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီး သူကိုယ်တိုင်ပင် ထိတ်လန့်သွားမိသည်။

အချိန်သက်ရှိများတွင် ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့်ဟူ၍ ရှိသည်။ တတိယအဆင့်က အချိန်အရှင်သခင်ဖြစ်ပြီး ကြီးမားသော ဒိုင်မန်းရှင်းအက်ကြောင်းများကို သိမ်းပိုက်နိုင်လေသည်။

ထို့ကြောင့် ဒုတိယအဆင့် အချိန်သက်ရှိများက အခြေခံအားဖြင့် နယ်မြေတစ်ခုကို စိုးမိုးထားနိုင်သူများဖြစ်ပြီး သူတို့က သူတို့၏ မူလဒိုင်မန်းရှင်းနယ်မြေမှ ထွက်သွားသည်မှာ ကြာပြီဖြစ်သည်။ ပျက်စီးခြင်းသံသရာတစ်ခု ကြုံတွေ့ပြီးသော အချိန်သက်ရှိများပင် ဒုတိယအဆင့်သို့ မရောက်နိုင်ကြသေးပေ။ ယခု လင်းယွမ်က အလွှာဆယ့်သုံးသို့ စတင်တက်လှမ်းချိန်တွင် ဒုတိယအဆင့်သို့ နီးကပ်သွားပြီဖြစ်သည်။

All Chapters