ကိုယ်လုပ်တော်လန်၏ မဟာရန်သူတော်ကြီး
Vol. 6-10 Ch. 109
အခန်း (၁၀၉) : ကိုယ်လုပ်တော်လန်၏ မဟာရန်သူတော်ကြီး
ရွှေကြာဝိညာဉ်တောင်ထိပ်သည် အံ့ဖွယ်ကောင်းကင် ကမ္ဘာငယ်၏ အနောက်ဘက်ခြမ်းတွင် တည်ရှိသည်။ ထိုနေရာက သတ္တုတွေ တည်ရှိသော နေရာဆိုလျှင်လည်း မမှားပေ။
ထိုဝိညာဉ်တောင်ပေါ်တွင် သာမန် စိတ်ဝိညာဉ် ကျောက်တွင်းအဖြစ် ပြောင်းပေးနိုင်သော အစီအရင်ကို ခင်းကျင်းထားသည်။
သာမန်အားဖြင့် ထိုဝိညာဉ်ကျောက်တွင်းက ကျင့်ကြံဖို့ ကူညီပေးသော သိပ်သည်းသော သတ္တုဓာတ် ဝိညာဉ်ချီကို ထုတ်လွှတ်ပေးသည်။
အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရှိ သတ္တုဓာတ် တပည့်များသည် ရွှေကြာတောင်ပေါ်တွင် အများဆုံးနေသည့်အတွက် ထိုနေရာတွင် လူများ ယောက်ယက်ခတ်နေသည်။
ယခု ရွှေကြာတောင်ထိပ်ပေါ်တွင် တပည့်အချို့က စကားပြောနေကြသည်။
တပည့် (၁) “ မင်း ကြားပြီးပြီလား။ ငါတို့ နောက်ထပ် နှစ်ပေါင်း ၁၀၀အတွက် အထွတ်အမြတ်မြေရဲ့ သူတော်စင်ကို ရွေးချယ်ပြီးပြီလို့ ကြားထားတယ်”
တပည့် (၂) “ ဟမ် သူတော်စင်ကို ရွေးချယ်ပြီးပြီတဲ့လား။ ဘယ်သူလဲ။ အစ်ကိုကြီးလား၊ အစ်ကို (၂)လား ဒါမှမဟုတ် အစ်မကြီး(၃)လား”
တပည့် (၁) “ အစ်မကြီး (၃)က သူတော်စင်မလေ အရူးရဲ့။ ငါ့ရဲ့ ဝမ်းကွဲတစ်ယောက်က ဟောက်ရန်တောင်ရဲ့ ပင်မတပည့် အစ်ကိုကြီး လီယွင်ဖုန်းနဲ့ ရင်းနှီးတယ်လေ။ အစ်ကိုကြီးလီ ပြောတာကတော့ သူတော်စင်အသစ်က အစ်ကိုကြီးလည်း မဟုတ်သလို အစ်ကို(၂)လည်း မဟုတ်ဘူးတဲ့။ အပြင်လူတဲ့”
တပည့် (၂) “ အပြင်လူ ဟုတ်လား။ ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ။ ငါတို့ရဲ့ ဂိုဏ်းသား မဟုတ်တဲ့သူက သူတော်စင်ဖြစ်လာရင် သူ့ကို လက်ခံဖို့အတွက် လူတွေကို ဘယ်လို စည်းရုံးမှာလဲ”
တပည့် (၃) “ အစ်ကို (၂)က ဖော်ရွေပြီး ချဉ်းကပ်ရလွယ်ကူတယ်။ အစ်ကိုကြီးရဲ့ ကျင့်ကြံရေးအဆင့်ကလည်း အရမ်းအံ့အားသင့်ဖို့ ကောင်းနေတာပဲလေ။ သူတို့နှစ်ယောက်ထဲက တစ်ယောက် သူတော်စင် ဖြစ်လာနိုင်ပေမဲ့ အခု အပြင်လူက သူတော်စင်တဲ့လား။ ဘယ်လိုကြောင့်များလဲ”
တပည့် (၁) “ မင်း ဒါကို မသိသေးဘူးထင်တယ်။ အစ်ကိုကြီးလီ ပြောတာတော့ သူတော်စင်အသစ်ဆီမှာ ထူးခြားတဲ့ စွမ်းရည်တွေ ရှိတယ်တဲ့။ သူက သတ္တုရိုင်းတုံး အကဲဖြတ်တဲ့နေရာမှာ အရမ်းကျွမ်းကျင်တယ်တဲ့။
သူ ရွေးပေးလိုက်တဲ့ သတ္တုရိုင်းတုံးတွေကလည်း သွေးထွက်အောင် မှန်တယ်တဲ့လေ။ သူက ငါတို့ဂိုဏ်းချုပ်ရဲ့ အမှတ်အသားပြားလို့ခေါ်တဲ့ ကျားနဂါးဆွဲပြားကို ဝိညာဉ်သတ္တုရိုင်းတုံးဆိုင်ထဲမှာ ရှာတွေ့ခဲ့တာလေ”
ဂိုဏ်းတူ ညီလေးနှင့် အစ်ကိုကြီးတို့၏ မျက်လုံးထဲမှာ စိတ်အားထက်သန်မှုတွေကို မြင်နေရသည့်အတွက် တပည့်(၁)က စကားပြောရင်း ပိုမိုစိတ်လှုပ်ရှားလာရသည်။
တပည့် (၁) “ ငါတို့ဂိုဏ်းရဲ့ စည်းမျဉ်းတွေကို သိလား”
တပည့် (၂) “ အစ်ကိုကြီး ကျွန်တော်တို့ကို ပြောပြပါ”
တပည့် (၁) “ ကျစ်…ကျစ်… စည်းမျဉ်းတွေက အရမ်းကို ဆန်းကြယ်တယ်။ ငါတို့ဂိုဏ်းရဲ့ စည်းမျဉ်းတွေအရ ကျားနဂါးဆွဲပြားထဲမှာ အရမ်းကို အံ့ဩဖို့ကောင်းတဲ့ အမွေအနှစ်တစ်ခု ရှိနေတယ်။ ကျားနဂါးဆွဲပြားကို ရှာတွေ့တဲ့သူက သူတော်စင်ဖြစ်လာပြီးတော့ သူတော်စင်မနဲ့ လက်ထပ်ခွင့် ရမယ်တဲ့”
တပည့် (၂) “ အမလေး စည်းမျဉ်းက အဲဒီလောက်ထိ တစ်ဖက်သတ် ဆန်ရလား။ ကျွန်တော်တို့ရဲ့ သူတော်စင်မက အဲလိုမလုပ်ချင်ရင် ဘယ်လိုလုပ်မလဲ”
တပည့် (၁) “ သူမ မလုပ်ချင်ရင် ဘာဖြစ်မလဲဟုတ်လား။ ဒါက ငါတို့ဂိုဏ်းရဲ့စည်းမျဉ်းဖြစ်ပြီးတော့ အထွတ်အမြတ်မြေမှာ စည်းမျဉ်းက ဘယ်အရာထက်မဆို အရေးပါတယ်။ ငါ မင်းကို လျှို့ဝှက်ချက်တစ်ခု ပြောပြရဦးမယ်။ ငါ့ ဝမ်းကွဲတစ်ယောက်က ပြောပြတာတော့ သူတော်စင်မက သူတော်စင်အသစ်နဲ့အတူ နှစ်ကိုယ်တူ ကျင့်စဉ်ကို ကျင့်နေပြီတဲ့”
တပည့် (၃) " ဘယ်လို ဘယ်လို … ဒါ အမှန်ပဲလား။ ဘယ်လို နှစ်ကိုယ်တူ ကျင့်စဉ်မျိုးလဲ။ အဲဒါက အစ်ကိုကြီးနဲ့ အစ်ကို(၂) ကျင့်တဲ့ ကျင့်စဉ်မျိုးလား ဒါမှမဟုတ် တစ်ခြားတစ်မျိုးလား”
တပည့် (၁) “ မဟုတ်တာ…ဒါက အမျိုးသားနဲ့အမျိုးသမီး အတူတူ ကျင့်တဲ့ နှစ်ကိုယ်တူ ကျင့်စဉ်လေ။ ဘယ်လိုမျိုးလို့ ထင်လို့လဲ။ အသံတွေတောင် ကြားရတယ်လို့ ပြောတယ်”
တပည့် (၂) “ ဒါပေမဲ့ ငါတို့ရဲ့ သူတော်စင်မကို ကြည့်ရတာကတော့ ယောက်ျားတစ်ယောက်ကို အရှုံးပေးမဲ့သူမျိုးတော့ မဟုတ်ဘူး”
တပည့် (၁) “ သူမ ဘာတတ်နိုင်မှာလဲ။ ငါတို့ရဲ့ စည်းမျဉ်းတွေက သတ်မှတ်ပြီးသားလေ။ အဲဒါကြောင့် သူမ လက်လျှော့ရုံအပြင် မတတ်နိုင်ဘူး”
တပည့် (၃) “ ဒါက အရမ်းလွန်လွန်းတယ်။ စည်းမျဉ်းတွေကြောင့်နဲ့ ငါတို့ရဲ့ သူတော်စင်မက သူမရဲ့ ဖြူစင်သန့်ရှင်းတဲ့ ခန္ဓာကိုယ်ကို ဆက်သရမှာလား”
တပည့် (၂) “ အစ်ကိုကြီးက သူတော်စင်မကို အရူးအမူး ချစ်နေတာလေ။ သူတော်စင်မသာ အတင်းအကြပ် လက်ထပ်ဖို့ စေခိုင်းခံရတယ်ဆိုတာ သိရင် အထွတ်အမြတ်မြေတော့ ဇောက်ထိုးဖြစ်သွားလိမ့်မယ်”
တပည့် (၁) “ ဒါကို မင်းတို့ပဲ သိထားကြနော်။ တစ်ခြား ဘယ်သူ့ကိုမှ ပြန်ပြောလို့မဖြစ်ဘူးနော်။ ငါ ငါ့ရဲ့ဝမ်းကွဲကို ကတိပေးထားတယ်”
တပည့်(၂) နှင့် တပည့်(၃) “ အစ်ကိုကြီး မစိုးရိမ်ပါနဲ့။ ကျွန်တော်တို့ နှုတ်လှုံပါ့မယ်”
တပည့် (၁) “ အဓိကက အစ်ကိုကြီး မသိမှ ဖြစ်မယ်နော်”
တပည့် (၂) နှင့် တပည့် (၃) “ မစိုးရိမ်ပါနဲ့။ ကျွန်တော်တို့က သတင်းပြန်ဖြန့်မဲ့ လူစားမျိုးတွေ မဟုတ်ပါဘူး”
သူတို့နှစ်ယောက် ပြောပြီးသွားသည်နှင့် ဆွဲဆောင်မှုအပြည့်ရှိသော အသံကို ကြားလိုက်ရသည်
“ မင်းတို့ ဒါကို ဘယ်ကနေ ကြားလာတာလဲ”
ထိုအသံက ရွှေကြာတောင်မှာ ပဲ့တင်မြည့်သွားပြီးနောက် သူတို့ဆီ တိုက်ခတ်လာသော လေပြည်ညှင်းက ဆွဲဆောင်သော ရနံ့တစ်ချို့ကိုပါ သယ်ဆောင်လာသည်။
ငွေရောင်ပိတ်ကျဲစ ဝတ်စုံကို ဝတ်ဆင်ထားသော ရွှေရောင်ဆံသားပိုင်ရှင် အမျိုးသမီးက သူတို့ဆီ ကျက်သရေရှိစွာ လျှောက်လှမ်းလာသည်။
သူမ လှမ်းလိုက်သော ခြေလှမ်းတိုင်းတွင် သူမ၏ ခြေထောက်အောက်မှ ဝိညာဉ်ချီက မြူခိုးကဲ့သို့ ပွင့်လန်းလာသည်။
ထိုအမျိုးသမီး၏ ပျော့ပျောင်းသော ခန္ဓာကိုယ်က စိတ်ဝိညာဉ် မြူခိုး လွှမ်းခြုံခံလိုက်ရသည့်အခါ ပိုပြီးတော့ ဆွဲဆောင်မှုရှိသွားသည်။ သူမကို ပြိုင်ဘက်ကင်း အလှရှိသောသူတစ်ယောက်ဟု ခေါ်ဆိုနိုင်သည်။ သူမ ပြုံးပြီး လှုပ်ရှားမှုတစ်ခု လုပ်လိုက်တိုင်း ဆွဲဆောင်မှုတို့ ပိုတိုးလာရသည်။
ကမ္ဘာပေါ်က ယောက်ျားသားမှန်သမျှ သူမရှေ့မှာ တည်တည်ငြိမ်ငြိမ် မနေနိုင်လောက်ပေ။
သူမ ရောက်လာတာနဲ့ တပည့်သုံးယောက်က လက်အုပ်ချီကာ ဦးညွှတ်ပြီး အရိုအသေပြုလိုက်ကြသည်
“ တောင်ထိပ်သခင်မကို အရိုအသေပြုပါတယ်”
အမျိုးသမီးက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရှိ ဝိညာဉ်အသွင်ပြောင်း အကြီးအကဲ ကိုးဦးအနက် တစ်ဦးဖြစ်ပြီး ရွှေကြာဝိညာဉ်တောင်၏ သခင်မ ရွှေကြာ ကောင်းကင်အသျှင် ဖြစ်သည်။
ရွှေကြာ ကောင်းကင်အသျှင်သည်လည်း အထွတ်အမြတ်မြေမှာ သူတော်စင်မ ဖြစ်ခဲ့ဖူးသည်ဟု ကြားဖူးသည်။ ထိုအချိန်တုန်းက သူမ၏ အရည်အချင်းနှင့် အသွင်အပြင်ကလည်း ကျန်းယွင်ရှီးကို မရှုံးပေ။
ရွှေကြာ ကောင်းကင်အသျှင်က သူမနှင့် မတွေ့ခင်အထိ ဂုဏ်မောက်ပြီး ထူးချွန်ပါသည်ဆိုသောသူများကိုပင် အကြည့်တစ်ချက် မပို့ခဲ့ပေ။
သူမနှင့် တွေ့ဆုံမှုက ရွှေကြာ ကောင်းကင်အသျှင်၏ ဘဝတစ်ခုလုံး ရင်ဆိုင်ခဲ့ရသော ဆိုးဝါးမှုကြီး တစ်ခု ဖြစ်ခဲ့ရသည်။ ထိုအမျိုးသမီး၏ ပုံပန်းသွင်ပြင်က ရွှေကြာပန်းလိုမျိုး အသွင် ရှိပြီး အလှတရားက ပြိုင်ဖက်ကင်းကာ ကျက်သရေရှိသော အလှတရားမျိုး ဖြစ်၏။ သူမ၏ ကျင့်ကြံရေးအဆင့်က သာမန်မျှ ဖြစ်သော်လည်း ကောင်းကင်ထာဝရအရှင်တစ်ပါးလိုမျိုး အရှိန်အဝါမျိုး ရှိနေတတ်သည်။
သူမ၏ သွင်ပြင်က ရွှေကြာ ကောင်းကင်အသျှင်အား လှပခြင်းမှာ ရှုံးနိမ့်သွားသလို ခံစားရအောင် လုပ်နိုင်ပြီး စိတ်ဝိညာဉ်နတ်ဆိုးကိုပင် ဖန်တီးမိတော့မတတ် ဖြစ်သွားခဲ့ရသည်။
သူမသာ ကျက်သရေရှိပြီး ပြိုင်ဘက်ကင်းအလှမျိုး ပိုင်ဆိုင်ထားသည့် သူမနှင့် ပြိုင်ဆိုင်မည်ဆိုပါက သူမ တစ်ဘဝလုံး အနိုင်ရမည် မဟုတ်တာကို သူမ ကောင်းကောင်းသိထားသည်။
ထို့ကြောင့် ရွှေကြာ ကောင်းကင်အသျှင်က မတူညီသော လမ်းကြောင်းကို ရွေးချယ်ကာ မတော်တဆ ရရှိလာသော ညို့ယူသွေးဆောင် ပညာရပ်ကို စတင်ကျင့်ကြံတော့သည်။
နှစ်တွေ အများကြီးကြာသွားပြီးနောက် ...
ရွှေကြာ ကောင်းကင်အသျှင်က ညို့ယူသွေးဆောင် ပညာရပ်မှာ ပိုမိုကျွမ်းကျင်လာသည့်အတွက် သူမ၏ ဆွဲဆောင်မှုကလည်း အားကောင်းသည်ထက် ပိုအားကောင်းလာသည်။
သို့သော် လွန်ခဲ့သော ဆယ်နှစ်တုန်းက ထိုအမျိုးသမီးနှင့် ပြန်လည်ယှဉ်ပြိုင်ဖို့ ပြင်ဆင်လိုက်ချိန်မှာ ထိုအမျိုးသမီး ဆုံးပါးသွားတာ ကြာပြီဖြစ်ကြောင်း သိလိုက်ရသည်။
ထိုအချက်က ရွှေကြာ ကောင်းကင်အသျှင်ကို အင်မတန် ဒေါသထွက်စေသည့်အတွက် နောင်တနှင့် ဒေါသအားလုံးကို ညို့ယူသွေးဆောင် ပညာရပ် ကျင့်ကြံခြင်းထဲသို့ ပုံချလိုက်သည်။
ယခု နောက်ထပ် ၁၀နှစ် ကြာပြီးချိန်တွင် သူမ၏ ညို့ယူသွေးဆောင် ပညာရပ်သည် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူမ၏ အပြုံးနှင့် လှုပ်ရှားမှုတို့က လူများကို ရူးသွပ်သွားစေနိုင်သည်။
‘လန်’ အမည်ရှိ အမျိုးသမီးသာ ဒီကမ္ဘာပေါ်မှာ ပြန်လည်ရှင်သန်လာပါက သူမထံ နောက်တစ်ခါ မရှုံးစေရဘူးဆိုသော ယုံကြည်မှုအပြည့် ရှိသည်။
ရွှေကြာ ကောင်းကင်အသျှင်က အတိတ်တုန်းက သူမ၏ အေးစက်သောပုံစံကို နှလုံးသားထဲမှာ မြှုပ်နှံထားဆဲဖြစ်သည်။
ထို့ကြောင့် ယခု မာနကြီးပြီး အေးစက်သော ကျန်းယွင်ရှီးကို ကြည့်ပြီး သူမနှင့်တူသည်ဟု ရွှေကြာ ကောင်းကင်အသျှင် ခံစားနေမိသည်။
ရွှေကြာ ကောင်းကင်အသျှင်က သတ္တမမြောက် နတ်မိုးကြိုးပညာရပ် (သတ္တု)ကိုသာ အများဆုံး သင်ကြားပေးလေ့ ရှိသည်။
သူတော်စင်မကိုတော့ ရွှေကြာ ကောင်းကင်အသျှင်က တကယ့် သမီးအရင်းတစ်ယောက်လိုမျိုး ဆက်ဆံပေးသည်။
ယခု ကျန်းယွင်ရှီးက ဂိုဏ်း၏ စည်းမျဉ်းများကြောင့် သူစိမ်းတစ်ယောက်နှင့် ကျင့်ကြံဖော်ဖြစ်လာပြီး ဂိုဏ်းဝင် မဟုတ်သော အရှက်မရှိသည့် အမျိုးသားတစ်ယောက်နှင့် နှစ်ကိုယ်တူကျင့်စဉ် ကျင့်ဖို့ ဖိအားပေးခံနေရသည်ဟု သူမ ကြားလိုက်ရသည်။ သူမက ခံစားချက်ကို ကောင်းကောင်း ထိန်းချုပ်နိုင်သောသူ ဖြစ်သော်လည်း ယခုအခါ ဘယ်လိုမှ မတတ်နိုင်ဘဲ ဒေါသထွက်နေမိသည်။
ဂိုဏ်းတူ တူမလေး ယွင်ရှီးအတွက် တရားမျှတမှု ရအောင် လုပ်ပေးမှဖြစ်မယ်
သူမက ရှေ့မှာ ရှိနေသော တပည့်သုံးယောက်ကို အေးစက်စွာ ကြည့်လိုက်ရင်း ပြောလိုက်သည်
“ မင်းတို့ အခု ပြောနေတာတွေက တကယ်အမှန်တွေပဲလား”
တပည့် (၁) “ ကျွန်တော်ရဲ့ ဝမ်းကွဲက အစ်ကိုကြီးလီဆီကနေ ကြားခဲ့တာလို့ ပြောပါတယ်ခင်ဗျ”
ရွှေကြာ ကောင်းကင်အသျှင်က ဆက်ပြီး မေးလိုက်ချင်သော်လည်း စိတ်စွမ်းအား၏ ပဲ့တင်သံကို ကြားလိုက်ရသည်
“ ဂိုဏ်းတူညီမလေး ရွှေကြာ….ဂိုဏ်းချုပ်တောင်ကို မြန်မြန်လာခဲ့ပါဦး။ အရေးတကြီး ဆွေးနွေးစရာလေးရှိလို့”
အသံမှာ ခံစားချက်တွေ မပါဘူးဆိုတော့ အသည်းနှလုံး မရှိတဲ့ အစ်ကို(၂)ပဲ ဖြစ်ရမယ်
ရွှေကြာ ကောင်းကင်အသျှင်၏ မျက်နှာပေါ်ရှိ အေးစက်သော အပြုံးကလည်း အေးစက်သထက် အေးစက်လာသည် “ အခုမှ ကျွန်မနဲ့ ဆွေးနွေးဖို့ သတိရပြီပေါ့လေ”
စကားအဆုံးတွင် မျက်ခုံးကြားမှ အလင်းတစ်ချက် လင်းလက်သွားကာ သတ္တမအဆင့် ရွှေကြာက သူမခြေထောက်အောက် ပွင့်လန်းလာလေသည်။
ကြာပန်းက အာကာပြင်ကို ဖြတ်သန်းသွားနိုင်သည့် ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ ဂိုဏ်းချုပ် စံအိမ်တော်ရှေ့မှောက် တန်းရောက်သွားသည်။
ဝုန်း…
တံခါးကို ဆောင့်ဖွင့်လိုက်ပြီးနောက် ရွှေကြာ ကောင်းကင်အသျှင်၏ အေးစက်စက် အသံက စံအိမ်တော်ထဲ ပျံ့နှံ့သွားလေသည်
“ အမလေး….အစ်ကို(၂)က အခုမှ ကျွန်မနဲ့တိုင်ပင်ဖို့ သတိရ ...”
သူမ စကားပြောလို့ မဆုံးခင်မှာဘဲ ကြောင်အမ်းသွားရသည်။ အကြောင်းအရင်းမှာ အရှက် မရှိသော အစ်ကိုကြီး၊ အသည်းနှလုံး မရှိသော အစ်ကို(၂)နှင့် သူမ၏ တုံးအသော သားအပြင် တခြားယောက်ျားသား တစ်ယောက်ကို တွေ့လိုက်ရသောကြာင့် ဖြစ်၏။
ထိုလူက အဖြူရောင် အဝတ်အစားများကို ဝတ်ဆင်ထားပြီး အလွန်အမင်းလည်း ချောမောတာကြောင့် ပန်းချီထဲမှ ထွက်လာသော ကောင်းကင် ထာဝအရှင်နှင့် တူနေသည်။
ထို မရင်းနှီးသောသူကို ကြည့်ပြီး ရွှေကြာ ကောင်းကင်အသျှင် အံ့အားသင့်သွားရသည်။
ဒီကမ္ဘာပေါ်မှာ ဒီလောက်ထိ ချောတဲ့သူ ရှိသေးတယ်ပေါ့
အာ….ငါ ဘာလို့ ဒီကောင်လေးကို …..
ရင်းနှီးသလို ခံစားနေရတာပါလိမ့်