← Chapters

ဆရာမ…... အဲဒါ ဆရာမလားဟင်

Vol. 6-10 Ch. 110

ဆရာမ…... အဲဒါ ဆရာမလားဟင်

Vol. 6-10 Ch. 110

အခန်း (၁၁၀) : ဆရာမ…... အဲဒါ ဆရာမလားဟင်

ရွှေကြာ ကောင်းကင်အသျှင်က  အခြေအနေကို အကဲခတ်နေစဉ် ဂိုဏ်းချုပ်က ဝင်ပြောလိုက်သည်

“ ဂိုဏ်းတူညီမလေး ရွှေကြာ ရောက်လာပြီပဲ  … လာလာ မိတ်ဆက်ပေးရဦးမယ်။ သူက ငါတို့ဂိုဏ်းရဲ့ သူတော်စင်အသစ် ရှန်ထျန်းလေ”

ရှန်ထျန်းက ခေါင်းညိတ်ပြကာ အရိုအသေပြုလိုက်ပြီး ပြောသည်

“ တွေ့ရတာ ဝမ်းသာပါတယ် ဆရာဒေါ်လေး ရွှေကြာ”

ရွှေကြာ ကောင်းကင်အသျှင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်

“ မင်းရဲ့ မျိုးရိုးနာမည်က ရှန်လား။ အရှေ့ပိုင်းလွင်ပြင်မှာရှိတဲ့ မီးတိုင်းပြည်ရဲ့ အရှင်ဘုရင် ရှန်ရှောင်းနဲ့ ယဲ့လန်ယွိတို့နဲ့ ပတ်သက်မှု ရှိတာလား”

ရွှေကြာ ကောင်းကင်အသျှင်၏ မေးခွန်းကို ကြားပြီး ရှန်ထျန်း စိတ်ရှုပ်သွားရသည်။

“ ရှန်ရှောင်းက ကျွန်တော်ရဲ့ အဖေပါ။ ကိုယ်လုပ်တော်လန်က ကျွန်တော်ရဲ့အမေပါ”

ရှန်ထျန်း စကားအဆုံးတွင် ရွှေကြာ ကောင်းကင်အသျှင်၏ မျက်လုံးထဲမှာ ဒေါသအရိပ်အယောင်တို့ စိုးမိုးသွားသည်။

အရမ်းလွန်သွားပြီ…..

လွန်ခဲ့တဲ့ နှစ်၂၀တုန်းက ယဲ့လန်ယွိဆိုတဲ့ နင်က နင့်ရဲ့ လှပမှုကို အသုံးချပြီးတော့ ငါ့ရဲ့ ထင်ရှားကျော်ကြားမှုတွေကို လုယူသွားခဲ့တာ။ ဒီကိစ္စပဲဆိုရင်တော့ ကျော်သွားလိုက်မလို့ပါပဲ

ဒါပေမဲ့ နှစ် ၂၀ကြာပြီးတော့ နင့်ရဲ့သားကလည်း ချောမောပြီးတော့ ငါ့သားကို လွှမ်းမိုးအနိုင်ယူနေတာတဲ့လား

ရွှေကြာ ကောင်းကင်အသျှင်က သူမ၏ ကံမကောင်းသော သားကို လှည့်ကြည့်လိုက်သည်။

သူ့ဘာသာ ချောမောပေမဲ့ ရှန်ထျန်းဆိုသော ကောင်လေးကိုတော့ လုံးဝ မယှဉ်နိုင်ပေ။

ချင်ယွင်တိက သူမ မျှော်လင့်ထားသည့်အတိုင်း ဖြစ်မနေသည့်အတွက် ရွှေကြာ ကောင်းကင်အသျှင်လည်း ဒေါသပိုထွက်လာရသည်။

ရှန်ထျန်းကို ကြည့်လိုက်စမ်း … ဘယ်လောက်ထိ ချောမောလိုက်သလဲ

ရွှေကြာ ကောင်းကင်အသျှင်က ရှန်ထျန်းဆီ ဦးတည်ရင်း ဖြည်းဖြည်းချင်း လမ်းလျှောက်လာသည်။ သူမ၏ ရွှေရောင်ဆံနွယ်တွေက လေထဲမှာ ဝဲနေပြီး မျက်လုံးမှာ ညှို့ငင်အားတို့ ပြည့်နှက်နေသည်။

သူမက တစ်လှမ်းချင်း ကျက်သရေရှိစွာ လျှောက်လှမ်းလာပြီး သူမ၏ စွဲမက်ဖွယ်ကောင်းသော ခန္ဓာကိုယ်က အဝတ်အစားထဲကနေ ထိုးဖောက်ထွက်လာတော့မလို ဖြစ်နေပြီး သူမ၏ မျက်နှာကတော့ ငယ်ရွယ်ပြီး လှပပုံပေါ်သည်။

ဟုတ်တယ် ... ကောင်းကင်အသျှင်က ညို့ယူသွေးဆောင် ပညာရပ်ထဲက  ပြိုင်ဘက်ကင်း ဆွဲဆောင်ရေးကျမ်းကို အသုံးပြုနေတာဖြစ်ပြီး သူမရဲ့ ရှေ့က ကောင်လေးကို လွှမ်းမိုးနိုင်ဖို့ သူမရဲ့ အလှအပကို အသုံးချဖို့ လိုအပ်တယ်လေ...

အထင်မြင်မှားမှုထဲ ရောက်ရှိသွားပါက  ဆွဲဆောင်နေသူအား နက်နက်ရှိုင်းရှိုင်း မြတ်နိုးသွားမိလိမ့်မည်။

ရွှေကြာ ကောင်းကင်အသျှင်၏ အတွေးက ရိုးရှင်းလှသည်။

သူမအနေနဲ့ ယဲ့လန်ယွိကို အနိုင်မယူနိုင်မှတော့ သူမရဲ့သားကို သေချာပေါက် အနိုင်ယူရမယ်

သို့သော် ရွှေကြာ ကောင်းကင်အသျှင်ကို အံ့အားသင့်သွားစေသည့်အရာက ညို့ယူသွေးဆောင် ပညာရပ်ကို ဘယ်လောက်ပဲ အဆင့်မြှင့်လိုက်ပါစေ သူမ၏ ရှေ့မှာ ရပ်နေသော လူသားက အင်မတန် တည်ငြိမ်နေသည်။

ရှန်ထျန်း၏ စိတ်ထဲရှိ လိုချင်တပ်မက်မှုကို ပြသသော မြင်ကွင်းမျိုးကို မီးမောင်းထိုးပြဖို့အတွက် သူမက ညို့ယူသွေးဆောင် ပညာရပ်ကို အသုံးချနေသော်လည်း သူက တုံ့ပြန်မှု မရှိချေ။

နာမည်ကျော် ပြိုင်ဖက်ကင်း ဆွဲဆောင်မှုကျမ်းက ပစ်မှတ်ကို သူ အမြင်ချင်ဆုံး အရာကို  မြင်ခွင့်ရအောင် လုပ်ပေးသည့်အတွက် ကြောက်စရာအကောင်းဆုံး ပညာရပ် တစ်ခု ဖြစ်သည်။

အမြင်ချင်ဆုံးသူ ပေါ်လာပြီးလျှင် ထိုသူက ပစ်မှတ်၏ ရင်ခွင်ထဲသို့ ပစ်ဝင်ကာ ကာမဆက်ဆံမှုတို့ ပြုလုပ်လိမ့်မည်။ ထိုပစ်မှတ်၏ ကျင့်ကြံရေးအဆင့်က ဘယ်လောက်အထိ မြင့်နေပါစေ တွန်းလှန်ဖို့ အလွန်ခက်ခဲလှသည်။

သို့သော် သူမရှေ့ရှိ လူသားက တည်ငြိမ်နေဆဲသာ …

နောက်ဆုံးမှာတော့ ရှန်ထျန်းက ရွှေကြာ ကောင်းကင်အသျှင်ကို ကြည့်ပြီး ပြောလိုက်သည်

“ ဆရာမ ဆိုလာအွိုင်းလား၊ ဆရာမလားဟင်”

သူ ပြောလိုက်သော စကားလုံးတွေက ရွှေကြာ ကောင်းကင်အသျှင်၏ နှုတ်ခမ်းကို မဲ့သွားစေသည်။

အမလေး…..

ငါက ညို့ယူသွေးဆောင် ပညာရပ်ကို ဘာရည်ရွယ်ချက်နဲ့များ နှစ်၁၀၀လုံး ကျင့်ကြံမိခဲ့ပါလိမ့်

ယဲ့လန်ယွိ နင်ကတော့ ငါ့ရဲ့ လှပမှုကို လျစ်လျူရှုလို့ ရပါတယ်။ ငါ ဘာမှာမပြောပါဘူး။ ဒါပေမဲ့ နင့်ရဲ့သားကတောင် ငါ့ကို ဒီလိုမျိုး အရှက်ခွဲနေတာတဲ့လား

သူ့ရဲ့ လိုချင်တပ်မက်စိတ်တွေ မြင့်တက်လာအောင်လို့ ငါကတော့ ဆွဲဆောင်မှုကို ပြသဖို့ အစွမ်းကုန်ကြိုးစားလိုက်ရတာ ဒါပေမဲ့ နောက်ဆုံးတော့ သူ မြင်တာက ဆရာမ တစ်ယောက်တဲ့လား

နင့်ရဲ့သားက ငတုံးလား။ ဘယ်လို ဆရာမျိုးက ငါ့ထက်ပိုပြီးတော့ ဩဇာကြီးမားနေရတာလဲ

ငါ နှစ် ၁၀၀လောက် ကျင့်ကြံခဲ့တဲ့ ကျင့်စဉ်က နင့်သွေးသားရှေ့မှာ တကယ်အသုံးမဝင်တော့ဘူးဆိုတာ ဖြစ်နိုင်ရဲ့လား

ရွှေကြာ ကောင်းကင်အသျှင်က သူမ၏ တည်ရှိမှုနှင့် ပတ်သက်ပြီး မေးခွန်းထုတ်နေမိသည်။ ထို့နောက် ရှန်ထျန်းအပေါ် အသုံးပြုနေသော ညို့ယူသွေးဆောင် ပညာရပ်ကို ရပ်တန့်လိုက်သည်။

ရှန်ထျန်း ခေါင်းယမ်းလိုက်ကာ အသိစိတ် ပြန်ဝင်လာချိန်မှာတော့ နောက်ကျောမှ ချွေးစေးများ စီးကျလာလေသည်။

တကယ်ကို ကျင့်ကြံရေးလောကမှာ အန္တရာယ်က နေရာတိုင်းမှာ ရှိနေတာပဲ။ ထောင်ချောက်တွေ များတယ်

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ ရွှေကြာ ကောင်းကင်အသျှင် ငါ့ကို တိတ်တဆိတ် တိုက်ခိုက်နေတာကိုပဲ ကြည့်လေ

မကြာမီကပင် ရှန်ထျန်းတစ်ယောက် ရွှေကြာ ကောင်းကင်အသျှင်၏ မျက်လုံးထဲ ရုတ်တရက် ကြည့်မိသွားပြီး သူ့ဦးနှောက်ထဲမှာ များပြားသော မြင်ကွင်းတွေ ပေါ်လာရသည်။

ရှန်ထျန်း၏ ရှေ့မှာ မတ်တပ်ရပ်နေသော ရွှေကြာ ကောင်းကင်အသျှင်ကနေ ချစ်မြတ်နိုးရသော ဆရာမအဖြစ် ရုတ်ချည်း ပြောင်းလဲသွားသည်။

ရှန်ထျန်းသာ ယခင်ဘဝတုန်းက စိတ်ဓာတ်ကြံခိုင်ခြင်းနှင့် ပတ်သက်ပြီး လေ့ကျင့်ရေး ဆင်းထားပြီး တူညီသောအခြေအနေမျိုးကို ခဏခဏ မဖြတ်ကျော်ခဲ့ဖူးပါက ယခုအခြေအနေတွင် ဘာလုပ်ရမယ်မှန်း သိမည် မဟုတ်သလို အကြည့်နှင့်တင် ရှက်ရွံ့နေမိလိမ့်မည်။

ထိုအချိန်တွင် ဂိုဏ်းချုပ်က ချီးကျူးလိုက်သည်

“ ကောင်းတယ်။ အရမ်းကို ကောင်းတယ်။ ထျန်းအာ…မင်းရဲ့ ကျင့်ကြံရေးအဆင့်က နိမ့်သေးပေမဲ့လည်း မင်းရဲ့ တာအိုနှလုံးသားက ဒီလောက်အထိကို တည်ငြိမ်နေပြီ။

ဂိုဏ်းတူညီမလေး ရွှေကြာရဲ့ ပုံရိပ်ယောင်ကနေ ဆရာမတစ်ယောက်ကို မြင်ခဲ့တာဆိုတော့ ကောင်းပါတယ်။ သတိမမူဘဲ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်နေမယ်ဆိုရင် ပြစ်ဒဏ်ပါ ကျနိုင်တယ်။ စာအုပ်တွေဖတ်ပြီး သင်ယူနေတာကမှ မင်းကို တိုးတက်စေနိုင်လိမ့်မယ်။

ဒီလိုမျိုး ရိုးသားဖြူစင်တဲ့ နှလုံးသားကို ဆက်လက်ပြီး ထိန်းသိမ်းထားနော်။ ငါတို့ဂိုဏ်းရဲ့ အောင်မြင်မှုက မင်းအပေါ်မှာပဲ မူတည်နေတယ်”

ဂိုဏ်းချုပ်က ရှန်ထျန်းကို ချီးကျုးလိုက်သည့်အတွက် ရွှေကြာ ကောင်းကင်အသျှင်လည်း ဘာမှမတတ်နိုင်ဘဲ မကျေမနပ် ဖြစ်နေရသည်။ တခြားသူ၏ ကလေးများက မိမိ၏ ကလေးထက် အမြဲတမ်း ပိုပြီးထူးချွန်လေ့ ရှိကြသည်။

ရွှေကြာ ကောင်းကင်အသျှင်၏ အသုံးမကျသော သားက ကျင့်ကြံရေးမှာ အားမထုတ်ပေ။ သူ၏ ကျင့်ကြံဖော်များက ရွှေအမြုတေအဆင့်သို့ ရောက်ရှိနေပြီး သူက ယခုအထိ အခြေတည်အဆင့်မှာသာ ရှိသေးသည်။

အစကတည်းက ရွှေကြာ ကောင်းကင်အသျှင်က မကျေမနပ်ဖြစ်နေလေပြီ။

ယခု ကိုယ်လုပ်တော်လန်၏ သားဖြစ်သူ သူတော်စင် ဖြစ်လာသည်တင်မကဘဲ ဂိုဏ်းချုပ်က ချီးကျူးပြီး ဂိုဏ်းချုပ်အသစ်နေရာအတွက် လျာထားသည်ကိုပါ ကြည့်နေရသည်။

ရွှေကြာ ကောင်းကင်အသျှင်၏ စိတ်ပိုင်းဆိုင်ရာ ကြောက်ရွံ့မှုတို့ တဖန်ပြန်လည်ဖြစ်တည်လာသည့်အတွက် စိတ်ဓာတ်ပင် ကျသွားမိသည်။

သူမက မကျေမချမ်းဖြစ်သော မျက်နှာဖြင့် ပြောလိုက်သည်

“ ဂိုဏ်းချုပ် ကျွန်မကို ဘာဖြစ်လို့ ခေါ်လိုက်တာလဲ”

ဂိုဏ်းချုပ်က ခပ်ဖွဖွ ပြုံးကာ ပြန်ဖြေလိုက်သည်

“ ဂိုဏ်းတူညီမလေးက သားကောင်းလေးတစ်ယောက်ကို မွေးထုတ်ထားတာပဲ”

ရွှေကြာ ကောင်းကင်အသျှင် ထိုစကားကို ကြားပြီးတော့ နားမလည်နိုင် ဖြစ်သွားရသည်။

ဂိုဏ်းချုပ်က ငါ့ရဲ့ စိတ်ပျက်စရာ ကောင်းတဲ့သားကို ချီးကျူးလိုက်တာလား

သူမ ချင်ယွင်တိကို ကြည့်လိုက်တော့ ချင်ယွင်တိက ဂုဏ်ယူသည့်ပုံစံဖြင့် ခေါင်းမော့ထားသည်။

အရိုးသားဆုံး ပြောရလျှင် ရွှေကြာ ကောင်းကင်အသျှင်အနေနှင့် သူ့သားကို အထင်ကြီးမိတာ ပထမဆုံးအကြိမ် ဖြစ်၏။

ဂိုဏ်းချုပ်က ပြုံးရင်း ယင်ယန် ဆန့်ကျင်ဘက် တာအိုအကြောင်းကို ရှင်းပြပြီးနောက် သေနတ်ဖြင့် သူမကို ပစ်လိုက်သည်။

အံ့အားသင့်ဖွယ်ကောင်းသော စွမ်းအားကြောင့် ရွှေကြာ ကောင်းကင်အသျှင်ပင် ထိတ်လန့်မိသွားသည်။

ငါ့ရဲ့ စိတ်ပျက်စရာကောင်းတဲ့သားက ဒီလိုမျိုး စွမ်းအားကြီးတဲ့ ဓမ္မအသုံးအဆောင်ပစ္စည်းကို ဖန်တီးနိုင်ခဲ့တာတဲ့လား

ဒီပစ္စည်းက ရွှေအမြုအဆင့်မှာရှိတဲ့ နည်းလမ်းတွေကို မသုံးခဲ့ပေမဲ့ ရွှေအမြုတေကျင့်ကြံသူတွေကို ခြိမ်းခြောက်နိုင်တာပဲ

သို့သော် ထို ဓမ္မအသုံးအဆောင်ပစ္စည်းကို လုပ်ဖို့ လမ်းညွှန်ပေးသူက ရှန်ထျန်းဖြစ်ပြီး သူမ၏ သားက ပစ္စည်းကို လုပ်ပေးရုံသာ ဖြစ်ကြောင်း သိလိုက်ရသည့်အခါ ရွှေကြာ ကောင်းကင်အသျှင် ထပ်ပြီးတော့ စိတ်ဓာတ်ကျသွားပြန်သည်။

ထင်ထားတဲ့အတိုင်း သူမရဲ့သားက အရင်အတိုင်း စိတ်ပျက်စရာကောင်းတုန်းပဲ….သူ့ အကျင့်စရိုက်က လုံးဝ မပြောင်းလဲသွားဘူး

ဂိုဏ်းချုပ်က ပြောလိုက်သည်

“ ဒါက သူတော်စင် တင်ပြတဲ့ နည်းလမ်းဆိုပေမဲ့လည်း ဂိုဏ်းတူ တူလေး ယွင်တိကလည်း ဒီဓမ္မရတနာကို ကူညီပြီးဖန်တီးပေးခဲ့တဲ့အတွက် ဂုဏ်ယူစရာကောင်းပါတယ်။

အဲဒါကြောင့် ရွှေကြာဝိညာဉ်တောင်မှာ လျှို့ဝှက်နေရာတစ်ခု ထပ်ပြီး ဆောက်လုပ်ဖို့ ဆုံးဖြတ်လိုက်တာ။ အထူးသဖြင့် ဒီလိုမျိုး မိုးကြိုးအဆောင်တွေ ထုတ်လုပ်ဖို့အတွက်ပေါ့။

ပြီးတော့ ဂိုဏ်းတူ ညီမလေး ရွှေကြာ လုပ်ရမဲ့အလုပ်က မိုးကြိုးကို စုပြီး ရေကို ဖြိုခွဲနိုင်ရမယ် ပြီးရင် ထပ်ခါထပ်ခါလည်း အသုံးပြုနိုင်တဲ့ ဓမ္မအသုံးအဆောင်ပစ္စည်း ဖန်တီးဖို့ပဲ။

အဲဒီလိုမျိုး ဓမ္မအသုံးအဆောင်ပစ္စည်းကို အဆင့်မြင့် သိုဝှက်အစီအရင်နဲ့ သေချာပိတ်လှောင်ထားမှ ဖြစ်မယ်။ အထဲမှာပါတဲ့ လျှို့ဝှက်ချက်ကို တစ်ခြားတွေ သိခွင့်ပေးလို့ မရဘူး။

ဒီလုပ်ဆောင်မှုမှာ ပါဝင်တဲ့ တပည့်တွေကလည်း သူတို့ရဲ့ အတွင်းအားကို မိုးကြိုးအဖြစ် ပြောင်းလဲပြီး ဓမ္မအသုံးအဆောင်ပစ္စည်းထဲကိုပဲ ထည့်ပေးဖို့ လိုအပ်တယ်။ ပြီးရင် ယင်ယန်ဓာတ်ငွေ့က တစ်ခြားဘက်ကနေ ထွက်လာလိမ့်မယ်။

ထျန်းအာ ပြောတာအရဆိုရင်တော့ ဒီဓမ္မအသုံးအဆောင်ပစ္စည်းက ယင်ယန်ဓာတ်ငွေ့ကို အဆောင်ထဲ စုပ်ယူပေးနိုင်ပြီးတော့ မိုးကြိုးဖောက်ခွဲရေးအဆောင်အဖြစ် တိုက်ရိုက် ပြောင်းလဲပေးနိုင်တယ်တဲ့။ ဒီလိုဆိုရင် ပိုပြီးတော့ ကောင်းသွားလိမ့်မယ်”

ဂိုဏ်းချုပ်က ရွှေကြာ ကောင်းကင်အသျှင်ကို ကြည့်ပြီး ပြုံးကာ ပြောလိုက်သည်

“ အဲလိုမျိုး လိုအပ်ချက်တွေအရ ဓမ္မအသုံးအဆောင်ပစ္စည်းဖန်တီးရတာ သိပ်ပြီးတော့ မခက်ခဲသင့်ဘူး ဟုတ်တယ်မလား”

ရွှေကြာ ကောင်းကင်အသျှင်က အေးစက်စွာ ပြန်ပြောလိုက်သည်

“ ဒီ ဓမ္မအသုံးအဆောင်ပစ္စည်းရဲ့ အဓိက ကျတဲ့အပိုင်းက အဆင့်မြင့် ဖုံးကွယ်အစီအရင်ပဲ။ ကျန်တာကတော့ ရိုးရှင်းပါတယ်။ သူတော်စင်နယ်မြေက သူတွေတောင် ကျွန်မ လုပ်ထားတဲ့ ဝေဟင်လှည့်စားရေး အစီအရင်ကို အလွယ်တကူကို ထိုးဖောက်ပြီးတော့ မမြင်နိုင်ကြဘူးလေ”

ဂိုဏ်းချုပ်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ အထွတ်အမြတ်မြေရဲ့ ကိုယ်စားလှယ်အနေနဲ့ ဂိုဏ်းတူညီမလေးကို ကျေးဇူးတင်ပါတယ်။

ယင်ယန် မိုးကြိုးဖောက်ခွဲရေးအဆောင်ကို တရားဝင် ရောင်းမယ်ဆိုရင် အသားတင်အမြတ်ရဲ့ ၄၀ရာခိုင်နှုန်းကို သူတော်စင်က ရပြီး ၁၀ရာခိုင်နှုန်းကို ယွင်တိက ရမယ်။

ဂိုဏ်းတူညီမလေးသာ ရွှေကြာတောင်မှာ အဆောင်ဖန်တီးရေးကို ကြီးကြပ်ပေးမယ်ဆိုရင် ကျန်တဲ့ ၅၀ရာခိုင်နှုန်းထဲက ၂၀ ရာခိုင်နှုန်းကို နစ်နာကြေးအနေနဲ့ ပေးမယ်။

ဂိုဏ်းတူညီမလေး စိတ်မပျက်စေရပါဘူး။”

ဂိုဏ်းချုပ် စကားအဆုံးတွင် အကျိုးအမြတ်ခွဲဝေမှုလည်း တစ်ခါတည်း ပြီးပြတ်သွားသည်။

ရှန်ထျန်းနှင့် ချင်ယွင်တိက ၅၀ ရာခိုင်နှုန်းကို အတင်း ပေးခံလိုက်ရပြီး ရွှေကြာ ကောင်းကင်အသျှင်က နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ကြီးကြပ်မှာဖြစ်သည့်အတွက် အသားတင်အမြတ်၏ ၂၀ရာခိုင်နှုန်းကို ရမည် ဖြစ်၏။

မိုးကြိုးအဆောင်၏ ရောင်းချရာနေရာနှင့် အားကြီးသော နောက်ခံဖြစ်သည့် အထွတ်အမြတ်မြေက အသားတင်အမြတ်၏ ၃၀ရာခိုင်နှုန်း ခံစားရပေမည်။

အနှစ်ချုပ်လိုက်လျှင် ခံစားချက် မရှိသော ဂိုဏ်းချုပ်က သူ့လူတွေကို အတော်လေး ရက်ရောနေသည်။

အကုန်လုံးနီးပါး အကျိုးအမြတ်တွေ ရကြသည်။

အင်း ဟုတ်တယ် အကုန်လုံးနီးပါး…..အစ်ကိုကြီးကတော့ ကျန်ခဲ့တာပေါ့

All Chapters