အခန်း (၇၅၁-၇၅၃)
Vol. 51 Ch. 751-753
အပိုင်း ( ၇၅၁ ) မာစတာ ဆန်းလပ်စ်
နိုးထသူ အကယ်ဒမီရဲ့ ခိုင်ခံ့တဲ့ ဟောပြောပွဲခန်းမတစ်ခုမှာ ကျောင်းသားတွေနဲ့ တဖြည်းဖြည်း ပြည့်နှက်လာနေခဲ့ပါတယ်..။ ဒီ လူငယ်တွေက အတွေ့အကြုံမရှိတဲ့ အိပ်စက်သူ တွေနဲ့တော့ မတူကြပါဘူး..။ အဲ့ဒီအစား သူတို့အများစုမှာ တိုက်ပွဲပေါင်းများစွာ ဖြတ်သန်းခဲ့တဲ့ ဝါရင့်စစ်သည်တော် တွေရဲ့ ခက်ထန်တဲ့ ယုံကြည်မှုမျိုး ရှိနေခဲ့ကြတယ်..။
သူတို့က ထက်မြက်ပြီး ကြမ်းတမ်းတဲ့ ပုံစံတွေနဲ့ အိပ်မက်ကမ္ဘာ ကနေ မကြာသေးမီကမှ ပြန်ရောက်လာသူတွေရဲ့ လက္ခဏာရပ်တွေကို ပြသနေကြပါတယ်..။ ဒီ အကြောင်းပြချက်ကြောင့်ပဲ ကျောင်းသားထုကြားမှာ သေမင်းနဲ့ ထိပ်တိုက်တွေ့ခဲ့ပေမဲ့ အသက်ရှင်လျက် လွတ်မြောက်လာခဲ့သူတွေဆီမှာသာ တွေ့ရတတ်တဲ့ တက်ကြွလန်းဆန်းမှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်..။
သူတို့က အသစ်စက်စက် နိုးထသူတွေ ပါ..။ ဆောင်းယဉ်စွန်းချိန် ပြီးဆုံးလို့ ရက်သတ္တပတ် အနည်းငယ်အကြာမှာတော့ အသက်ရှင်ဖို့ ကံပါလာသူ အများစုဟာ လူသားခံတပ်တစ်ခုခုဆီ လမ်းကြောင်းရှာတွေ့ခဲ့ကြပြီး နိုးထခြင်းလောကဆီ ပြန်ရောက်လာခဲ့ကြပြီ ဖြစ်ပါတယ်..။ အခုဆိုရင် သူတို့ဟာ သူတို့ရဲ့ ဘဝသစ်နဲ့ တာဝန်ဝတ္တရားတွေထဲမှာ အသားကျအောင် ကြိုးစားနေကြရပါပြီ..။
အချို့က ကိုယ်ပိုင်လမ်းစဉ်ကို ဖော်ဆောင်ဖို့ ရွေးချယ်ကြပေမဲ့ အများစုကတော့ အကယ်ဒမီမှာ ခနလောက် ထပ်နေဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်..။ အကယ်ဒမီရဲ့ သင်ရိုးညွှန်းတမ်းက အိပ်စက်သူတွေအတွက်တင် ရည်ရွယ်ထားတာ မဟုတ်ပါဘူး..။ ဒီအဆောက်အဦးရဲ့ အစိတ်အပိုင်း တော်တော်များများက နိုးထသူ ကျောင်းသားတွေကို ဆက်လက် လေ့ကျင့်ပေးဖို့အတွက် သီးသန့်ထားရှိထားတာ ဖြစ်ပါတယ်..။
အိပ်မက်ကမ္ဘာထဲကို ပထမဆုံးအကြိမ် သွားရောက်တဲ့ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ခဲ့ရုံနဲ့ သင်ယူမှုကို ရပ်တန့်လို့မရဘူး ဆိုတာကို သူတို့ အားလုံး သိထားခဲ့ကြတယ်..။ အမှန်တော့ အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရတဲ့ အသက်ရှင်ကျန်ရစ်သူ အများစုက အရေးကြီးတဲ့ သင်ခန်းစာတစ်ခုကို သင်ယူခဲ့ကြရပါတယ်..။
အဲ့ဒါကတော့ သူတို့ ဘယ်လောက်ပဲ ပြင်ဆင်ထားပါစေ၊ ဘယ်တော့မှ မလုံလောက်ဘူး ဆိုတဲ့ အချက်ပါပဲ..။
...တကယ်တော့ အခု ဒီ နိုးထသူ လူငယ်တွေ နားထောင်တော့မယ့် ဟောပြောပွဲက လူကြိုက်များတဲ့ ဘာသာရပ်တစ်ခုတော့ မဟုတ်ပါဘူး..။
"ရေရှည် စူးစမ်းလေ့လာရေး ခရီးစဉ်များနှင့် ခံတပ်အချင်းချင်း သွားလာရာတွင် ရင်းမြစ်များ စီမံခန့်ခွဲခြင်း" လို့ အမည်ပေးထားတဲ့ ဒီသင်ရိုးညွှန်းတမ်းက တိုက်ပွဲလေ့ကျင့်ရေး ဒါမှမဟုတ် ဂဏ္ဍစွမ်းရည် ကျွမ်းကျင်မှုတွေနဲ့ ဘာမှမသက်ဆိုင်ပါဘူး..။ ဒါကြောင့်ပဲ အတော်လေးကို လူသိနည်းပြီး လူမကြိုက်တဲ့ ဘာသာရပ် ဖြစ်နေခဲ့တယ်..။
အခုလို ကျောင်းသားတွေ အများကြီး ရောက်နေတာက သင်ခန်းစာ ခေါင်းစဉ်ကြောင့် မဟုတ်ဘဲ ဟောပြောမယ့်သူရဲ့ အမည်ကြောင့်ပဲ ဖြစ်ပါတယ်..။ အစစ်အမှန် တက်ရောက်သူ တစ်ယောက်ဖြစ်သလို လူသိများတဲ့ ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်တာကြောင့် ဒီကြယ်ပွင့် ဟောပြောသူဟာ နိုးထသူ ကျောင်းသားတွေအတွက် မငြင်းဆန်နိုင်တဲ့ ဆွဲဆောင်မှုတစ်ခုလိုဖြစ်နေခဲ့ပါတယ်..။
အိပ်မက်ကမ္ဘာရဲ့ အန္တရာယ်တွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ပြီး လက်ဗလာနဲ့တင် အိပ်မက်ဆိုး သတ္တဝါ ပေါင်းများစွာကို သတ်ဖြတ်ခဲ့တဲ့ လူတစ်ယောက်ထက် ပိုကောင်းတဲ့ ဆရာ ဘယ်မှာ ရှိနိုင်ဦးမှာလဲ..။
ဟောပြောပွဲ အချိန်နီးကပ်လာတာနဲ့အမျှ ကျောင်းသားတွေဟာ ခန်းမထဲမှာ ဝင်ရောက်လာခဲ့ကြပြီး ဟောပြောသူ ရောက်လာမှာကို စောင့်ဆိုင်းနေခဲ့ကြတယ်..။
နောက်ဆုံးမှ ဝင်လာသူတွေထဲမှာ စတိုင်ကျတဲ့ အရပ်သား အဝတ်အစားကို ဝတ်ဆင်ထားတဲ့ လူငယ်တစ်ယောက် ပါဝင်နေခဲ့ပါတယ်..။ သူ့ရဲ့အဝတ်အစားတွေက အနက်ရောင်ကို အဓိကသုံးထားပြီး မီးခိုးရောင် အစင်းကြောင်းလေးတွေ ပါဝင်နေခဲ့တယ်..။ အဲ့ဒီလူငယ်က နိုးထသူတွေကို တစ်ချက်ကြည့်လိုက်ပြီး ခန်းမရဲ့ အလယ်ဗဟိုဆီကို လျှောက်သွားခဲ့ပါတယ်..။
လူအနည်းငယ်က သူ့ကို ဇဝေဇဝါနဲ့ ကြည့်နေကြတယ်..။
အဲ့ဒီလူငယ်က ကျောင်းသားတွေကြားထဲမှာ ဝင်ထိုင်မယ့်အစား ဆရာ့စားပွဲဆီ လျှောက်သွားပြီး လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပါတယ်..။ လူတိုင်း အံ့အားသင့်သွားရတာက သူက မှတ်သားမူ တစ်ခုကို ဆင့်ခေါ်နေတာ ပါပဲ။
ပိုပြီး ထူးဆန်းတာက ထွက်ပေါ်လာတဲ့ မှတ်သားမူ က လက်ရာမြောက်လှတဲ့ သစ်သားကုလားထိုင် တစ်လုံး ဖြစ်နေတာပါပဲ..။ ဒီ ထူးဆန်းတဲ့ လူငယ်က ကုလားထိုင်ကို ချလိုက်ပြီး စားပွဲနောက်မှာ ဝင်ထိုင်ကာ ကမ္ဘာပေါ်မှာ အလှပဆုံးအရာတစ်ခုလိုပဲ သူတို့ကို ကြည့်နေခဲ့ပါတယ်..။
နိုးထသူ တစ်ချို့က သူ့ရဲ့ ကလေးဆန်တဲ့ အပြုအမူကို ကန့်ကွက်ဖို့ ပါးစပ်ဟလိုက်ကြပေမဲ့ ချက်ချင်းပဲ တုံ့ဆိုင်းသွားခဲ့ကြတယ်..။ ဒီ ထူးဆန်းတဲ့ ကျောင်းသားရဲ့ လေးစားမှုမရှိတဲ့ အပြုအမူက ဟောပြောသူကို စိတ်ဆိုးစေမှာ သေချာပေမဲ့ သူ့ဆီမှာ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်တဲ့ အရာတစ်ခု ရှိနေပါတယ်..။ သူတို့ တုံ့ဆိုင်းသွားရတဲ့ နောက်ထပ် အကြောင်းပြချက်တစ်ခုကတော့ ဒီလူငယ်လေးက... မယုံနိုင်စရာ ကောင်းလောက်အောင် ဆွဲဆောင်မှု ရှိနေလို့ပါပဲ..။
အဲ့ဒီလူငယ်က အရပ်သိပ်မရှည်ပေမဲ့ သူ့ရဲ့ သွယ်လျတဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ စတိုင်ကျတဲ့ ဝတ်စားဆင်ယင်မှုက သူ့ကို အလွန် ဆွဲဆောင်မှု ရှိစေပါတယ်..။ ကြွေထည်လို အသားအရေနဲ့ နက်မှောင်တဲ့ ဆံပင်တွေကြောင့် သူက လက်ရာမြောက်တဲ့ အရုပ်ကလေးတစ်ရုပ်နဲ့ တူနေခဲ့တယ်..။ သူ့ရဲ့ ထူးခြားတဲ့ မျက်လုံးတစ်စုံကတော့ စိတ်စေတနာကောင်းပြီး ဟာသဥာဏ်တွေနဲ့ တောက်ပနေသလိုပါပဲ။
တစ်ချိန်တည်းမှာပဲ ဒီမျက်လုံးတွေထဲမှာ အေးစက်တဲ့ အငွေ့အသက် တစ်ခုလည်း ရှိနေတယ်။ လူငယ်ကို အကြာကြီး စိုက်ကြည့်မိသူတွေက တုန်လှုပ်မူကို ခံစားကြရပါတယ်။
သူ့ရဲ့ ပတ်ဝန်းကျင်က အရိပ်တွေဟာ ပိုပြီး နက်ရှိုင်းလာကြသလိုပါပဲ..။
ခနအကြာမှာတော့ ပထမတန်းက မိန်းကလေးတစ်ယောက်က ချောင်းဟန့်လိုက်ပြီး ရင်းရင်းနှီးနှီး လေသံနဲ့ ပြောလာခဲ့တယ်..။
“ဟေး...။မာစတာ ဆန်းလပ်စ် မရောက်ခင် နင် ဖယ်လိုက်တာ ပိုကောင်းမယ်နော်..။ ဒီမှာ လွတ်တဲ့ ခုံရှိတယ်... အင်း... ငါ့ဘေးနားမှာလေ...”
လူငယ်က သူမကို ကြည့်ပြီး ပြုံးပြလိုက်တယ်..။
တစ်ချိန်တည်းမှာပဲ သူမဘေးက မိန်းကလေးက ဒေါသတကြီးနဲ့ တီးတိုးပြောလိုက်ပါတယ်..။
“နင် ဘာလုပ်နေတာလဲ။ဒါက မာစတာ ဆန်းလပ်စ် လေ... နင်အတော် တုံးအတာပဲ”
ပထမမိန်းကလေးဟာ မျက်လုံးပြူးကျယ်သွားပြီး မျက်နှာတစ်ခုလုံး နီမြန်းသွားခဲ့တယ်။ပြီးမှ ထိတ်လန့်တကြားနဲ့ သူမရဲ့ ပါးစပ်ကို လက်နဲ့ အုပ်လိုက်ပါတယ်..။
ခန်းမတစ်ခုလုံးမှာ တီးတိုးသံတွေ ပျံ့နှံ့သွားခဲ့ပါပြီ။
“ဘာလဲ? ဒါက မာစတာ ဆန်းလပ်စ် တဲ့လား”
“ဒါပေမဲ့ သူက ငါတို့နဲ့ အသက်တူတူပဲကို"
“ဒါပေါ့... အသက်တူမှာပေါ့! သူကတက်ရောက်သူ ဖြစ်ဖို့ နှစ်နှစ်တောင် မကြာဘူးလေ။ သူ ဘာကြောင့် နာမည်ကြီးနေတာလဲလို့ နင် ထင်နေတာလဲ.."
“...အလင်းနှင့် အမှောင် ဇာတ်လမ်းထဲမှာ သူ့နေရာ သရုပ်ဆောင်တဲ့ မင်းသားနဲ့ လုံးဝ မတူဘူးပဲ။လူရွေးတဲ့ ဒါရိုက်တာတော့ ရူးနေတာလား မသိဘူး.."
အဲ့ဒီ စကားလုံးတွေကို ပြုံးပြုံးလေး နားထောင်နေတဲ့ ဆန်နီဟာ ချောင်းဟန့်လိုက်ပါတယ်..။ ချက်ချင်းပဲ ကျောင်းသားတွေ တိတ်သွားကြတယ်..။
“မင်္ဂလာနံနက်ခင်းပါ နိုးထသူတို့..။ ငါက တက်ရောက်သူ ဆန်းလပ်စ် ပါ..။ ငါ့ကို မာစတာ ဆန်းလပ်စ် လို့ ခေါ်နိုင်သလို၊ ရိုးရိုးလေးပဲ မာစတာ လို့လည်း ခေါ်နိုင်ပါတယ်..။ ရေရှည် စူးစမ်းလေ့လာရေး ခရီးစဉ်များနှင့် ခံတပ်အချင်းချင်း သွားလာရာတွင် ရင်းမြစ်များ စီမံခန့်ခွဲခြင်း သင်ရိုးရဲ့ ပထမဆုံး ဟောပြောပွဲကနေ ကြိုဆိုပါတယ်..။ မင်းတို့ထဲက အချို့ သိထားကြတဲ့အတိုင်းပဲ ငါ့မှာ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး အတွေ့အကြုံ အနည်းငယ် ရှိတယ်လေ...”
ပရိသတ်ဆီကနေ ရယ်သံ အနည်းငယ် ထွက်ပေါ်လာတာကြောင့် သူ စိတ်ထဲမှာ တွန့်သွားခဲ့တယ်..။
'ချီးပဲ..။ ဒါက အတော် ခက်ခဲတဲ့ ပရိသတ်ပဲ..'
အကယ်ဒမီမှာ ဆရာတစ်ယောက်အနေနဲ့ ပထမဆုံးနေ့ ဖြစ်တာကြောင့် ဆန်နီ စိတ်လှုပ်ရှားနေတာ မထူးဆန်းပါဘူး..။ လူတွေအပြည့်ရှိတဲ့ အခန်းထဲမှာ စကားပြောရတာထက် အိပ်မက်ဆိုး သတ္တဝါ တွေနဲ့ ပြည့်နေတဲ့ အခန်းထဲမှာ တိုက်ခိုက်ရတာကိုသာ သူ ပိုနှစ်သက်ပါတယ်..။
အနည်းဆုံးတော့ အိပ်မက်ဆိုး သတ္တဝါတွေကို သူ သတ်ပစ်လို့ရတယ် မဟုတ်ဘူးလား..
ဆန်နီ ခဏလောက် ရပ်လိုက်ပြီးမှ ပြောလိုက်တယ်..။
“ဒီဟောပြောပွဲတွေမှာ ငါတို့ ခေါင်းစဉ် အမျိုးမျိုးကို လေ့လာကြမယ်..။ ဒါပေမဲ့ အရင်ဆုံး မင်းတို့ကို မေးခွန်းတစ်ခု မေးပါရစေ...”
သူ ကျောင်းသားတွေကို ကြည့်ပြီး ပြုံးလိုက်ပါတယ်..။
“အိပ်မက်ကမ္ဘာ မှာ မင်းတို့ရဲ့ အသက်အန္တရာယ်ကို အကြီးမားဆုံး ခြိမ်းခြောက်ခဲ့တဲ့အရာက ဘာလဲ..”
ခြုံငုံကြည့်ရင်တော့ ဟောပြောပွဲက ဆန်နီ မျှော်လင့်ထားတာထက် ပိုကောင်းခဲ့ပါတယ်..။ အချို့သော ကျောင်းသူတွေက ဘာကြောင့်မှန်းမသိ သူ့ကို အရမ်း စိုက်ကြည့်နေတာကလွဲရင် ဒီ နိုးထသူ လူငယ်တွေကို စာသင်ပေးရတာက သူ့အတွက် အတော်လေး အဆင်ပြေခဲ့တယ်..။
ဘာပဲဖြစ်ဖြစ် သူက ကိုယ်ပိုင် အတွေ့အကြုံတွေအပေါ် အခြေခံပြီး သင်ပေးနေတာဖြစ်သလို.. ကျောင်းသားတွေကလည်း သူ့လောက် တိုက်ပွဲအတွေ့အကြုံ မရှိကြပေမဲ့ အတွေ့အကြုံ လုံးဝ
မရှိသူတွေတော့ မဟုတ်ကြပါဘူး..။ သူတို့ တစ်ယောက်ချင်းစီတိုင်းက ပထမ အိပ်မက်ဆိုး နဲ့ အိပ်မက်ကမ္ဘာ ဆီ ခရီးစဉ်တွေကို ကျော်ဖြတ်ခဲ့ပြီးကြသူတွေပါ..။ ဒါကြောင့် ဒီဟောပြောပွဲက ရိုးရိုးစာသင်ခန်းထက်စာရင် ပညာရှင်တွေအချင်းချင်း အသိပညာ ဖလှယ်ကြတဲ့ နေရာတစ်ခုနဲ့ ပိုတူနေခဲ့တယ်..။
ဒါက ရိမ်း ကို စာသင်ပေးရတဲ့ အချိန်တွေနဲ့ ယှဉ်ရင်တောင် ပိုပြီး လန်းဆန်းစေပါတယ်..။ သူ့ညီမလေးက မယုံနိုင်လောက်အောင် ထက်မြက်ပြီး ကြိုးစားသူ ဖြစ်သလို၊ အနားမှာ ရှိနေရင်လည်း စိတ်ချမ်းသာဖို့ ကောင်းပေမဲ့ သူမကို စကားလုံးတွေနဲ့ ရှင်းပြလို့ မရတဲ့ အရာတွေ အများကြီး ရှိနေတာ အမှန်ပါပဲ..။
သက်ပြင်းတစ်ချက်နဲ့အတူပဲ ဆန်နီဟာ ပရိုဂျက်တာကို ပိတ်လိုက်ပြီး မှောင်မိုက်သွားတဲ့ ခန်းမကြီးကို ကြည့်လိုက်တယ်..။
ဒါက အခု သူ့ရဲ့ ဘဝ ဖြစ်သွားပြီလား..။
ဒုတိယ အိပ်မက်ဆိုး ကနေ အဖွဲ့သားတွေ ပြန်လာခဲ့တာ ခြောက်လ ရှိသွားပါပြီ..။ ဒီ အချိန်အတွင်းမှာ အရာများစွာ ဖြစ်ပျက်ခဲ့တယ်..။ ပြီးခဲ့တဲ့ အပတ်တွေတုန်းကပဲ သူက အသက် နှစ်ဆယ် ပြည့်တဲ့ မွေးနေ့ကို ကျင်းပခဲ့ပါသေးတယ်... ။အချို့သော ပြောင်းလဲမှုတွေက ကောင်းမွန်ပေမဲ့ အချို့ကတော့ အတော်လေး ဆိုးဝါးလှပါတယ်..။
ကောင်းတဲ့အချက်ကတော့ ရိမ်း နဲ့ အတူ အချိန်အများကြီး ဖြုန်းနိုင်ခဲ့တာပါပဲ..။ သူမကို ကိုယ့်ကိုကို ဘယ်လိုကာကွယ်ရမလဲ ဆိုတာကို သင်ပေးရင်း..သူတို့နှစ်ယောက်က တဖြည်းဖြည်း ပိုနီးစပ်လာခဲ့ကြတယ်..။ ဒါပေမဲ့ ဆန်နီဟာ ရင်းနှီးလွန်းတဲ့ ပုံစံမပေါက်အောင်တော့ သတိထားခဲ့ရပါတယ်..။ သူတို့က မောင်နှမတွေ ဖြစ်တယ်ဆိုတာကို ရိမ်း အပါအဝင် ဘယ်သူ့ကိုမှ မသိစေချင်သေးပါဘူး။
သူက အီကို နဲ့ စကားပြောဖို့လည်း အချိန်အများကြီး ပေးခဲ့ပါတယ်။အံ့ဩဖွယ် ကုန်စည်ပြပွဲ ကသေးငယ်ပေမဲ့ အောင်မြင်တဲ့ စီးပွားရေးတစ်ခု ဖြစ်လာအောင် ကြိုးစားနိုင်ခဲ့တယ်..။
ဒါပေမဲ့ သူလုပ်သမျှ အရာအားလုံးရဲ့ အပေါ်မှာ ကြီးမားတဲ့ ပြဿနာတစ်ခုက အရိပ်လို စိုးမိုးနေခဲ့ပါတယ်..။
အိပ်မက်ဆိုး ကနေ ပြန်ရောက်လာကတည်းက ဆန်နီဟာ အိပ်မက်ကမ္ဘာ ထဲကို တစ်ခါမှ ပြန်မဝင်နိုင်တော့ပါဘူး..။ ဒီ ခြောက်လလုံးလုံးမှာ သူက နိုးထခြင်းကမ္ဘာရဲ့ ဘေးကင်းလုံခြုံမှုထဲမှာပဲ ကုန်ဆုံးခဲ့ရတယ်..။ဒီအတွက် အကြောင်းပြချက်ကတော့ ဗာလာ ကလန်နဲ့ သူ ရင်ဆိုင်နေရတဲ့ ထူးဆန်းတဲ့ အခြေအနေကြောင့်ပဲ ဖြစ်ပါတယ်..။
သူတော်စင် တိုင်ရစ် က ဆန်နီနဲ့ ကတ်စီ တို့ကို ကြီးမြတ်တဲ့ ကလန်ရဲ့ ဒေါသကနေ အတတ်နိုင်ဆုံး ကာကွယ်ပေးထားခဲ့ပေမဲ့ သူမရဲ့ သြဇာအာဏာကလည်း အကန့်အသတ် ရှိနေခဲ့တယ်..။ အဖြူရောင် တောင်ပံ မျိုးနွယ်စု ကိုယ်တိုင်လည်း သူတို့ရဲ့ အရှင်သခင်တွေနဲ့ ပြဿနာ တက်နေခဲ့တာပါ..။ ဆန်နီ သိရသလောက်တော့ သူတို့က ချိန်းကျွန်းစု ကို အုပ်ချုပ်ခွင့်ကနေ ဖယ်ရှားခံလိုက်ရပြီး တခြား တာဝန်တစ်ခုကို ပေးအပ်ခြင်း ခံလိုက်ရပါပြီ။
အဲ့ဒီ တာဝန်က ဘာလဲဆိုတာကိုတော့ သူလည်းမသိပါဘူး..။
တကယ်လို့ သူတို့သာ နိုးထသူတွေ အဖြစ်ပဲ ရှိနေသေးရင် ဆန်နီရော ကတ်စီပါ အခြေအနေ မကောင်းနိုင်ပါဘူး..။ ဒါပေမဲ့ သူတို့ရဲ့ တက်ရောက်မူ အဆင့်က အခြေအနေကို သိသိသာသာ ပြောင်းလဲစေခဲ့ပြီး အပေးအယူ လုပ်ဖို့အတွက် နေရာ ပိုရစေခဲ့ပါတယ်..။ အရင်တုန်းကဆိုရင် ကြီးမြတ်တဲ့ ကလန်တွေက သူတို့ကို ပျောက်ကွယ်သွားအောင် လုပ်ဖို့ပဲ စဉ်းစားကြမှာ ဖြစ်ပေမဲ့ အခုတော့ သူတို့ရဲ့ ချဉ်းကပ်ပုံက ပိုပြီး သတိထားလာကြတာ အမှန်ပါပဲ။
ဒါနဲ့ပဲ အရာအားလုံး အဆင်ပြေသွားပြီလို့တော့ မဆိုလိုနိုင်ပေ..။
ပြဿနာက သိမ်မွေ့လွန်းပြီး အထိမခံလွန်းတာကြောင့် မြန်မြန်ဆန်ဆန် ဖြေရှင်းလို့ မဖြစ်နိုင်ပါဘူး..။ ဒါကြောင့် ဆွေးနွေးညှိနှိုင်းမှုတွေ အတွက် ပြင်ဆင်မှုက အချိန်အများကြီး ယူခဲ့ရတယ်..။ လောလောဆယ်တော့ သူတို့ နှစ်ယောက်စလုံး ကိုယ့်ကိုကိုယ်ပဲ ကာကွယ်နေကြရတာပါ..။
မော်ဒရက် လွတ်မြောက်မှုမှာ ပိုပြီး ပါဝင်ပတ်သက်နေတယ်လို့ ယူဆရတဲ့ ကတ်စီ အတွက်တော့ အခြေအနေက ပိုဆိုးနေခဲ့တယ်..။ ဘာပဲဖြစ်ဖြစ် သူမက ညဘုရားကျောင်း မှာ နေခွင့်ရဖို့ တောင်းဆိုခဲ့ပြီး ခနအကြာမှာပဲ အပြင်ကို ထွက်သွားခဲ့တာပါ။သူမ ပြန်ရောက်လာတဲ့ အချိန်မှာပဲ ဒီကပ်ဘေးက ဖြစ်ပျက်သွားခဲ့တယ်။
သူတော်စင် တိုင်ရစ် ကလွဲရင် ဘယ်သူကမှ ဆန်နီနဲ့ မှန်သားရဲ တို့ရဲ့ တိုက်ပွဲအကြောင်း မသိတာကြောင့်..ကတ်စီဟာ ခံတပ်မှာ နေထိုင်စဉ်အတွင်း အကျဉ်းကျနေတဲ့ မင်းသားနဲ့ အဆက်အသွယ် ရခဲ့ပြီး သူ့ကို လွတ်မြောက်အောင် စီစဉ်ပေးခဲ့တာ... ဒါမှမဟုတ် သူမမှာ အစကတည်းက ဒီလို ရည်ရွယ်ချက် ရှိနေခဲ့တာလို့ပဲ လူတွေက ယုံကြည်နေကြပါတယ်....။
ရလဒ်အနေနဲ့ မီးစောင့်ရှောက်သူ တွေရဲ့အခြေအနေက အတော်လေး ဆိုးဝါးသွားခဲ့တယ်..။ သူတို့ထဲက အချို့က ပျောက်ကွယ်သွားပြီး ကျန်တဲ့သူတွေက အနက်ရောင် နဲ့ ဆင်စွယ်ရောင် တာဝါ တွေမှာ ခိုလှုံခဲ့ကြရပါတယ်..။ အဲ့ဒီနေရာက နတ်ဘုရား မီးတောက် သမုဒ္ဒရာနဲ့ ဖိအား တွေရှိနေတာကြောင့် သူတို့ကို ဘယ်ခြိမ်းခြောက်မှုကနေမဆို ကာကွယ်ပေးထားခဲ့တယ်..။ ပြဿနာတွေကို ရှောင်ရှားဖို့အတွက် သူတို့ဟာ နိုးထခြင်းလောကကို ပြန်လာလေ့ မရှိကြပါဘူး..။
ဆန်နီ ကတော့ ဆန့်ကျင်ဘက် အခြေအနေမှာ ရှိနေခဲ့တယ်..။ မာစတာ ဂျက် ရဲ့ ကျေးဇူးကြောင့် သူက အစိုးရရဲ့ အကာအကွယ် အနည်းငယ်ကို ရရှိထားပါတယ်..။ ကြီးမြတ်တဲ့ ကလန်တွေဟာ အိပ်မက်ကမ္ဘာ မှာ သြဇာကြီးမားကြပေမဲ့ နိုးထခြင်းကမ္ဘာ မှာတော့ ဒီလောက် အင်အားမကြီးမား ကြပါဘူး။ဒါကြောင့် သူ့ကို ဒီမှာပဲ ခနနေဖို့ အကြံပြုထားကြပါတယ်..။
ဒါက သူအနေနဲ့ အချိန်ခနတော့ အေးအေးဆေးဆေး နေနိုင်မယ်လို့ ဆိုလိုတာပါပဲ..။
...ဒီတော့ အနီးအနားမှာ ဂိတ် တစ်ခု ရုတ်တရက် ပွင့်မလာမချင်း ဆန်နီ အနေနဲ့ အိပ်မက်ဆိုး သတ္တဝါတွေကို အမဲမလိုက်နိုင်သလို ၊ သူ့ရဲ့ အမြုတေ တွေကိုလည်း ဖြည့်တင်းလို့ မရဘူးလို့ ဆိုလိုပါတယ်။
ဒါက... သူကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုပါပဲ..။
အပိုင်း ( ၇၅၁ ) ပြီး၏။
အပိုင်း ( ၇၅၂ ) ခိုင်မာသော အခြေခံအုတ်မြစ်
အိပ်မက်ဆိုး မျိုးစေ့ ဖျက်ဆီးခံရပြီးနောက်မှာတော့ မမျှော်လင့်ထားတဲ့ အရာတစ်ခု ဖြစ်ပျက်ခဲ့ပါတယ်..။ အဲ့ဒီနေရာမှာ ထွက်ပေါက် တစ်ခု အစားထိုးဝင်ရောက်လာပြီး ဆင်စွယ်ရောင် တာဝါ ကို ခံတပ် တစ်ခုအဖြစ် ပြောင်းလဲပေးခဲ့တာပါပဲ..။
တစ်ချိန်တည်းမှာပဲ အဖွဲ့သားတွေရဲ့ အိပ်မက်ကမ္ဘာထဲက စခန်းတွေက ပြောင်းလဲသွားပြီး ဆင်စွယ်ရောင် တာဝါ နဲ့ ချိတ်ဆက်မိသွားခဲ့ကြတယ်..။ မာစတာ တွေက အိပ်ပျော်တိုင်း တခြားကမ္ဘာကို သွားဖို့ မလိုပေမဲ့ လက်တွေ့ကမ္ဘာကို ပြန်ဖို့အတွက်တော့ ထွက်ပေါက် တစ်ခု လိုအပ်ပါသေးတယ်..။ စခန်းကို ပြောင်းလဲဖို့က တခြား ထွက်ပေါက် တစ်ခုကို အသုံးပြုလိုက်ရုံနဲ့ လွယ်ကူပေမဲ့ အဲ့နေရာမှာ ပြဿနာတစ်ခု ရှိနေခဲ့တယ်။
သူတို့ရဲ့ ခံတပ်အသစ်ကနေ ထွက်ခွာနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက ဖိအား ကို တစ်နည်းနည်းနဲ့ ရင်ဆိုင်ဖို့ ဒါမှမဟုတ် အနက်ရောင် တာဝါ ဆီကို ပေါ်တယ်ကနေ ဖြတ်ပြီး သင်္ဘောပျံနဲ့ အောက်ဘက်ကောင်းကင်ကနေ တက်လာဖို့ပဲ ရှိပါတယ်..။
ဒီအချက်တွေက ဆင်စွယ်ရောင် တာဝါ ကို မယုံနိုင်လောက်အောင် ဘေးကင်းစေပေမဲ့ အနီးနားမှာ သူတို့ အမဲလိုက်ဖို့ အိပ်မက်ဆိုး သတ္တဝါတွေ မရှိဘူးလို့လည်း ဆိုလိုနေခဲ့ပါတယ်..။ ဆန်နီ အတွက် အိပ်မက်ကမ္ဘာ ကို သွားဖို့ အကြောင်းပြချက် မရှိတော့ပါဘူး..။ အထူးသဖြင့် မျှော်လင့်ချက် ရဲ့ အကျဉ်းထောင်ဟောင်းကို သူက စူးစမ်းပြီးသား ဖြစ်တာကြောင့် တစ်ခြား စိတ်ဝင်စားစရာ ဘာမှ မရှိတော့ပေ။
...မော်ဒရက် လည်း အဲ့ဒီ ထွက်ပေါက် မှာပဲ စခန်းချ နေတာဖြစ်နိုင်ပါတယ်..။ သို့ပေမယ့် စွန့်ပစ်ခံ မင်းသား ကတော့ ဘယ်တော့မှ ပေါ်မလာခဲ့ပါဘူး..။ သူက တစ်ခြားနေရာကို သွားဖို့ နည်းလမ်းရှာတွေ့သွားတာ ဖြစ်နိုင်သလို နိုးထခြင်းလောကမှာပဲ နေဖို့ ရွေးချယ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်..။
ဘာပဲဖြစ်ဖြစ် ဆန်နီ အနေနဲ့ အိပ်မက်ကမ္ဘာ မှာ အရိပ်အပိုင်းအစတွေ စုဆောင်းဖို့ နည်းလမ်း မရှိတော့ပေ..။ အံ့ဩဖွယ် ကုန်စည်ပြပွဲ ကတစ်ဆင့် ရောင်းချဖို့ မျှော်လင့်ထားတဲ့ မှတ်သားမူ ရင်းမြစ်ကလည်း ပြတ်တောက်သွားခဲ့ရပါပြီ။
ပထမတော့ ဆန်နီ ဟာ ဒီအခြေအနေကို သိပ်မကျေနပ်ခဲ့ပေ..။ သူက အရင်ကထက် အများကြီး သန်မာလာခဲ့ပေမဲ့ စစ်မှန်တဲ့ စွမ်းအားပိုင်းမှာတော့ နစ်ဖီ ရဲ့ နောက်မှာ အများကြီး ကျန်နေပါသေးတယ်..။ အခုက သူတို့ကြားမှာ အဆင့် နှစ်ဆင့်တောင် ကွာဟနေပြီ ဆိုပေမဲ့ သူ့ရဲ့ ဝိဥာဉ်ကတော့ ပိုမို သန်မာလာဖို့အတွက် ဆာလောင်နေဆဲပါပဲ..။
သူ့မှာ လုံလောက်တဲ့ ခွန်အား ဘယ်တော့မှ ရှိမှာ မဟုတ်သလို၊ ဘဝရဲ့ အပြောင်းအလဲတွေကြားမှာ မိမိကိုယ်ကိုယ်နဲ့ မိမိတန်ဖိုးထားရသူတွေကို ကာကွယ်နိုင်လောက်အောင်လည်း မသန်မာသေးပါဘူး..။ သူက ကံကြမ္မာကို စိန်ခေါ်ဖို့အတွက် အားနည်းလွန်းနေပါသေးတယ်..။
...သို့ပေမဲ့ နိုးထခြင်းကမ္ဘာမှာ ဘဝကို ရက်အနည်းငယ် အေးချမ်းစွာ ဖြတ်သန်းပြီးတဲ့နောက်မှာတော့ ဆန်နီ့ ရဲ့ အတွေး တွေက ဖြည်းဖြည်းချင်း ပြောင်းလဲလာခဲ့ပါတယ်..။
လွန်ခဲ့တဲ့ သုံးနှစ်အတွင်းမှာ သူ့ရဲ့ စွမ်းအားတွေက မယုံနိုင်လောက်အောင် မြင့်မား လာခဲ့တယ်..။ ဒါကို ခြုံငုံကြည့်လိုက်ရင် အကျိုးရှိလှပေမဲ့ ဒီလောက် မြန်ဆန်တဲ့နှုန်းမှာ ဆိုးကျိုးတစ်ခုတော့ ရှိနေခဲ့တယ်..။
ဒါက သူ့ရဲ့ အခြေခံအုတ်မြစ်က မတည်မငြိမ် ဖြစ်နေခဲ့တာပါပဲ..။ သူ့အနေနဲ့ ပိုမိုကြီးမားတဲ့ စွမ်းအား၊ ပိုမိုသန်မာတဲ့ ခွန်အား၊ ပိုမိုနက်ရှိုင်းတဲ့ အမြင်နဲ့ ပိုမိုကောင်းမွန်တဲ့ နားလည်မှုတွေကို ရရှိဖို့အတွက်ပဲ အာရုံစိုက်နေခဲ့တာကြောင့်... ရရှိလာသမျှ အရာတွေကို တစ်သားတည်းဖြစ်အောင် ပေါင်းစပ်ဖို့အတွက် အချိန်အလုံအလောက် မပေးနိုင်ခဲ့ပေ..။ သူသင်ယူခဲ့သမျှ သင်ခန်းစာတွေကို အရိုးထဲအထိ စိမ့်ဝင်အောင် လုပ်ဖို့က အရေးကြီးပေမဲ့.. အချိန်နဲ့ အခွင့်အရေး မရှိတာကြောင့် သူ လျစ်လျူရှုထားခဲ့ရပါတယ်..။
သူ ရရှိထားတဲ့ ကြီးမားတဲ့ စွမ်းအားတွေကို အမှန်တကယ် ကိုယ်ပိုင်ဖြစ်လာစေဖို့အတွက် အချိန်လိုအပ်နေခဲ့တာပါပဲ..။
ဒါ့အပြင် ဆန်နီ့ ကို စိုးရိမ်စေတဲ့ နောက်ထပ်အရာတစ်ခု ရှိပါသေးတယ်..။ အဲ့ဒါကတော့ သူ့ရဲ့... စိတ်ပိုင်းဆိုင်ရာ အခြေအနေပါပဲ..။
အသက် ဆယ့်ခြောက်နှစ်အရွယ်မှာ အိပ်မက်ဆိုး အခိုက်အတန့် ရဲ့ ကူးစက်ခြင်းကို ခံခဲ့ရတာကြောင့် သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာဟာ - တစ်ခါတစ်ရံ အခြေအနေအရရော..ကိုယ်ပိုင်ဆန္ဒအရရော ကြောက်မက်ဖွယ်ကောင်းတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ခံစားနေခဲ့ရပါတယ်..။ ဆန်နီ ဟာ သူ့အနေနဲ့ ဘယ်လို ထိတ်လန့်စရာကောင်းတဲ့ အရာတွေနဲ့ နာကျင်မှုတွေကို ရင်ဆိုင်ရပါစေ၊ ဘယ်တော့မှ စိတ်ဓာတ်မကျခဲ့ဘူးဆိုတဲ့ အချက်ကို ဂုဏ်ယူနေခဲ့တာပါ..။
အဲ့ဒီလို အချိန်တွေကလည်း အများကြီး ရှိခဲ့တာ မဟုတ်လား..။
ဒါပေမဲ့ အရိပ်ဓား ကတ် ကို သတ်ဖြတ်ဖို့ သွားတုန်းက မာစတာ ဂျက် ပြောခဲ့တဲ့ စကားတွေကို သူ ဘယ်တော့မှ မမေ့ပါဘူး..။ နိုးထသူ တွေဟာ ဘယ်လောက်ပဲ ကြီးမြတ်ပြီး သန်မာနေပါစေ၊ စိတ်ဓာတ်ပြိုလဲဖို့ အလွယ်ကူဆုံးသူတွေ ဖြစ်တယ်ဆိုတာ သူ သိထားခဲ့တယ်..။ အိပ်မက်ကမ္ဘာ ကနေ သူတို့ သယ်ဆောင်လာတဲ့ အိပ်မက်ဆိုးတွေက သူတို့ကို ခြောက်လှန့်နေပြီး လူအတော်များများက များပြားလှတဲ့ ဖိအားတွေအောက်မှာပဲ အရှုံးပေးသွားကြရပါတယ်..။
ဆန်နီ ဟာ ဝမ်းဗိုက်အဖောက်ခံရဖူးတယ်၊ ခေါင်းဖြတ်ခံရဖူးတယ်၊ မီးရှို့ခံရဖူးပါတယ်..။ သူငယ်ချင်းတွေ သေဆုံးတာ ဒါမှမဟုတ် ကျန်ရစ်ခဲ့တာတွေကိုလည်း ကြည့်ခဲ့ရဖူးတယ်..။ သူ ဖြတ်သန်းခဲ့ရတဲ့ နာကျင်မှု ပမာဏက သူ ခံစားခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မူတွေလောက် နီးနီးကိုရှိနေခဲ့ပါတယ်..။ အနီရောင် အဆောက်အဦး ၊ အိပ်မက်ဆိုးတွေနဲ့ ကျန်တဲ့အရာတွေ အားလုံးက... လူ အတော်များများကို ချေမှုန်းပစ်ဖို့ လုံလောက်ပါတယ်..။ ဒါပေမဲ့ သူကတော့ မားမားမတ်မတ် ရပ်တည်နေနိုင်ဆဲပါပဲ..။
ဒါပေမဲ့ ဘယ်လောက်အထိ ကြာကြာခံနိုင်မှာလဲ..။
ဆန်နီ ဟာ ကိုယ့်ကိုကို ကြံ့ခိုင်တဲ့သူတစ်ယောက်လို့ ယူဆထားပေမဲ့၊ တခြားလူတွေထက် သာလွန်တယ်လို့ ထင်လောက်အောင်တော့ မောက်မာခြင်း မရှိပါဘူး..။ တကယ်လို့ သူကိုသာ မရပ်မနား ဆက်ပြီး နှိပ်စက်နေမယ်ဆိုရင် သူ့ရဲ့ ဝိဥာဉ်နဲ့ စိတ်ဓာတ်က ဆက်ပြီး ခိုင်မာနေနိုင်ဦးမှာလား ဒါမှမဟုတ် အက်ကြောင်းလေးတွေ ပေါ်လာမှာလား..။
ဖြစ်နိုင်တာကတော့ အဲ့ဒီ အက်ကြောင်းတွေက မရေမတွက်နိုင်အောင် ရှိနေပြီးသား ဖြစ်နေမှာပါ..။
...နောက်ဆုံးမှာတော့ သူရဲ့ အခြေခံအုတ်မြစ်ကို ခိုင်မာအောင် လုပ်ဖို့နဲ့ သူ့စိတ်ဓာတ်ကို ကုစားဖို့အတွက် အချိန်ပေးပြီး အနားယူတာက ထိုက်တန်တယ်လို့ ဆုံးဖြတ်လိုက်ပါတယ်..။ ဗာလာ ကလန်နဲ့ အခြေအနေက သိပ်ပြီး မနှစ်မြို့စရာ ကောင်းပေမယ့် စိုးရိမ်ရတဲ့ အခြေအနေလည်း မဟုတ်ပေ..။ဒါက အချိန်နဲ့ သတိထားမှုပဲ လိုအပ်တာပါ..။ ဖြည်းဖြည်းချင်းပဲ နှစ်ဖက်စလုံးက နားလည်မှု ရလာကြမှာဖြစ်ပြီး ညှိနှိုင်းမှုတွေကတစ်ဆင့် အပေးအယူတစ်ခု ရှာတွေ့ကြပါလိမ့်မယ်..။
နာမည်ကျော် မာစတာ တွေဖြစ်တဲ့ ဆန်နီ နဲ့ ကတ်စီ တို့အတွက် ဒီညှိနှိုင်းမှုတွေကနေ အဆင်ပြေတဲ့ ရလဒ်တစ်ခု ရဖို့ လုံလောက်တဲ့ သြဇာအာဏာ ရှိနေကြပါတယ်..။ အထူးသဖြင့် သူတို့ မျိုးဆက်ရဲ့ အလားအလာအရှိဆုံး နိုးထသူ ငါးဆယ်ကျော်က ကျဆုံးမူသံစဥ် နောက်ကို လိုက်နေခဲ့ကြတာ ကြောင့်ပါပဲ။
ဒီကိစ္စတွေ မဖြစ်လာခင် သူက အချိန်ကို အကျိုးရှိရှိ အသုံးချသွားမှာပါ..။
ဒါကြောင့်ပဲ လွန်ခဲ့တဲ့ ခြောက်လဟာ ဆန်နီ အတွက် စိတ်လှုပ်ရှားစရာ မကောင်းခဲ့ပေမဲ့၊ အတော်လေး အကျိုးရှိခဲ့ပါတယ်..။
သူက တိုက်ခိုက်ရေး ကျွမ်းကျင်မှုတွေနဲ့ အရိပ်ကခုန်မူ ကို လေ့ကျင့်ဖို့ အချိန်အများကြီး ပေးထားခဲ့တယ်။ သူသင်ယူခဲ့သမျှ အရာအားလုံးကို တိုက်ပွဲရဲ့ အဆင့်သစ်တစ်ခုဆီ မြှင့်တင်နိုင်ဖို့အတွက် သေချာ ပေါင်းစပ်ခဲ့တယ်..။ မာစတာ တစ်ယောက်အနေနဲ့ သူ့ရဲ့ စွမ်းအားအသစ်နဲ့ အသားကျဖို့အတွက် အရာများစွာကို ပြန်လည် သင်ယူခဲ့ရသလို၊ နည်းစနစ်အားလုံးကိုလည်းလက်တွေ့ဘဝသစ်နဲ့ ကိုက်ညီအောင် ညှိယူခဲ့ရပါတယ်..။
ဒီအချိန်အတွင်းမှာ သူရှာဖွေတွေ့ရှိခဲ့တဲ့ တန်ဖိုးရှိတဲ့ အရာတစ်ခုကတော့ - အရိပ်ကခုန်ခြင်း ရဲ့ ပုံသဏ္ဌာန်မဲ့မှုထဲမှာ မိမိကိုယ်ကိုယ် ပျောက်ဆုံးသွားမှာ ကြောက်နေရတဲ့ ပြဿနာကို - ရိုးရှင်းတဲ့ စိတ်ပိုင်းဆိုင်ရာ အလေ့အကျင့် တစ်ခုနဲ့ ဖြေရှင်းနိုင်တယ်ဆိုတာပါပဲ..။ သူက သူ့ရဲ့ အစစ်အမှန်နာမည် ကို မှတ်သားထားဖို့ပဲ လိုအပ်တာပါ..။ သူ ဘယ်လောက်ပဲ ဝေးဝေးရောက်သွားပါစေ၊ ဒီနာမည်က သူ့ကို အမြဲတမ်း ပြန်ခေါ်လာပေးပါလိမ့်မယ်..။
ဒါ့အပြင် ဆန်နီ့ ဟာ တိုက်ခိုက်ရေးစွမ်းရည်တွေ ရဲ့ အရိပ်အဆီအနှစ် အပေါ် ထိန်းချုပ်မှုကြောင့်ရော၊ သူ့ရဲ့ တိုက်ပွဲအတွေ့အကြုံတွေကို အပြည့်အဝ စုပ်ယူနိုင်ခဲ့တာကြောင့်ရော သိသိသာသာ တိုးတက်လာခဲ့ပါတယ်..။
သူက တိုက်ပွဲနည်းစနစ်တွေတင် လေ့ကျင့်ခဲ့တာ မဟုတ်ပါဘူး..။ ဆန်နီဟာ အရိပ်ရုပ်သွင်ဖော်ခြင်း ရဲ့ ရှုပ်ထွေးနက်နဲမှုတွေထဲကိုလည်း နက်နက်နဲနဲ ထိုးဖောက်နိုင်ခဲ့ပါတယ်..။သူက
အရင်ဆုံး ဒီအရာကို ဘယ်လို စနစ်တကျ ကိုင်တွယ်ရမလဲဆိုတာ သင်ယူခဲ့ပြီး၊ အဲ့ဒီနောက်မှာတော့ သူ့ရဲ့ ပါးနပ်မှုနဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို အသုံးချကာ အဲ့ဒီစွမ်းရည်ရဲ့ အသုံးချမှုကို အကန့်အသတ်ထိရောက်အောင် တွန်းပို့ခဲ့ပါတယ်..။
သူ့ရဲ့ စွမ်းရည်အသစ်က မယုံနိုင်လောက်အောင် ဘက်စုံသုံးလို့ရတာကြောင့် သူလုပ်နိုင်တဲ့ အရာတွေကလည်း အများကြီး ရှိနေခဲ့တယ်..။ဒါက အတော်လေး သန်မာလာနိုင်တဲ့ အလားအလာ ရှိရုံတင်မကဘဲ၊ သူ့ရဲ့ တိုက်ပွဲစွမ်းဆောင်ရည် တိုင်းမှာ မမျှော်လင့်ထားတဲ့ လှည့်ကွက်တွေနဲ့ ပေါင်းစပ်နိုင်ပါသေးတယ်..။ ဆန်နီ ဟာ နေ့တိုင်းလိုလို သူလုပ်နိုင်တဲ့ အရာအသစ်တွေကို ရှာဖွေနေခဲ့တယ်..။ ဖြစ်နိုင်ခြေတွေက အကန့်အသတ် မရှိသလိုတောင် ဖြစ်နေခဲ့ပါတယ်။
ဒါပေမဲ့ အဲ့ဒီ အကန့်အသတ်မဲ့မှုကလည်း သူ့ရဲ့ ပြဿနာတစ်ခုပါပဲ..။ ဆန်နီ အနေနဲ့ အများကြီး လုပ်နိုင်တယ်ဆိုတာနဲ့ အဲ့ဒါတွေ အကုန်လုံးကို လုပ်တာက ပညာရှိရာ မရောက်ပါဘူး..။ ဒါကြောင့် အရိပ်ရုပ်သွင်ဖော်ခြင်း ကို အထိရောက်ဆုံးနဲ့ အကျိုးအရှိဆုံး အသုံးပြုနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဖို့ အချိန်အများကြီး ယူခဲ့ရပါတယ်..။ ဖြည်းဖြည်းချင်းဆိုသလိုပဲ သူ့ရဲ့ စမ်းသပ်ထားတဲ့ လှည့်ကွက်တွေနဲ့ နည်းလမ်းတွေက တိုးပွားလာခဲ့တယ်..။ သူက နည်းလမ်းတစ်ခုချင်းစီကို သူ့ရဲ့ တိုက်ခိုက်ရေးနည်းစနစ်တွေလိုပဲ ပင်ကိုယ်အတိုင်း ဖြစ်လာတဲ့အထိ လေ့ကျင့်ခဲ့ပါတယ်..။ ဒါမှသာ သူ လိုချင်တဲ့ အချိန်မှာ တစ်စက္ကန့်တောင် အချိန်ဖြုန်းနေစရာမလိုပဲ.. စဉ်းစားစရာမလိုပဲ အသုံးပြုနိုင် ပါလိမ့်မယ်။
နောက်ဆုံးအနေနဲ့ကတော့ မှော်ပညာ ပါ။
အိပ်မက်ဆိုး ထဲမှာ ပထမဆုံး စတင်သိရှိခဲ့ပြီးနောက်မှာတော့ ဆန်နီ အနေနဲ့ မှော်စွမ်းအားရက်လုပ်မူအပေါ် နားလည်မှုကို ချဲ့ထွင်ဖို့အတွက် အချိန်အများကြီး ပေးခဲ့ပါတယ်..။ ဒါကတော့ သူ့အတွက် အခက်ခဲဆုံးနဲ့ အကြမ်းတမ်းဆုံး နယ်ပယ်တစ်ခု ဆိုလည်း မမှားပါဘူး..။ ဘာကြောင့်လဲဆိုတော့ သူ့ကို ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပေးမယ့်သူ ဒါမှမဟုတ် သင်ပေးမယ့်အရာ ဘာမှမရှိလို့ပါပဲ..။
ဒီဘာသာရပ်ရဲ့ အတိုင်းအတာနဲ့ ရှုပ်ထွေးမှုက အကန့်အသတ်မဲ့နေခဲ့တယ်။ သူလုပ်နိုင်တာကတော့ အမှောင်ထဲမှာ စမ်းတဝါးဝါး လျောက်လှမ်းရင်း.. အမှားအယွင်းတွေကြားကနေ အနည်းငယ်စီ သင်ယူဖို့ပဲ ရှိပါတယ်..။ မှတ်သားမူ တွေနဲ့သာ စမ်းသပ်လို့ ရတာကလည်း ..သူ့အတွက် ရှားပါးတဲ့ အရင်းအမြစ်တစ်ခုလို ဖြစ်နေတာကြောင့် အခြေအနေက မကောင်လှပေ။
ဆန်နီ ဟာ အဲ့ဒီကန့်သတ်ချက်ကို ကျော်လွားဖို့အတွက် သာမန်ပစ္စည်းတွေကို မှတ်သားမူ တွေအဖြစ် ပြောင်းလဲပြီး စမ်းသပ်မှုတွေ လုပ်ခဲ့ပါတယ်..။ ဒါပေမဲ့ အဲ့ဒါကလည်း နောက်ထပ် အတားအဆီးတစ်ခု ရှိနေပြန်ခဲ့တယ်..။ ဒီလို ပြောင်းလဲဖို့အတွက် က ဝိဥာဉ်အမြုတေတွေ လိုအပ်ပြီး၊ ဝိဥာဉ်အပိုင်းအစတွေဆိုတာက
လက်တွေ့ကမ္ဘာမှာ အရမ်းကို ဈေးကြီးလွန်းနေခဲ့ပါတယ်။
ပြီးတော့ အခုလောလောဆယ် အခြေအနေက
သူ အိပ်မက်ကမ္ဘာ မှာ အမြုတေတွေ မရှာနိုင်သေးပါဘူး။
အရင်းအမြစ်ပြဿနာကို ဖြေရှင်းဖို့အတွက် ဆန်နီ ဟာ သူ ရနိုင်တဲ့ တစ်ခုတည်းသော ရင်းမြစ်ဆီကို မျက်နှာမူလိုက်ပါတယ်..။ အဲ့ဒါကတော့ အစိုးရက ပေးတဲ့ ဂုဏ်ပြုမှတ် တွေကို ရယူဖို့ ပါပဲ..။ အဲ့ဒါတွေကို တန်ဖိုးရှိတဲ့ အရာတွေနဲ့ လဲလှယ်လို့ ရပါတယ်..။
အမှတ်တွေရဖို့နဲ့ သူ့ရဲ့ သုတေသနအတွက် ရန်ပုံငွေရှာဖို့ သူဟာ ဆရာ ဂျူးလီယက် ရဲ့ အကူအညီကို ယူကာ နောက်ထပ် စာတမ်းတစ်ခုကို ပြုစုခဲ့ပါတယ်..။ "ချိန်းကျွန်းစု စူးစမ်းလေ့လာရေး အစီရင်ခံစာ - တက်ရောက်သူ ဆန်းလပ်စ်" ဆိုတဲ့ စာတမ်းက သာမန်လူထုကြားမှာ သိပ်ပြီး ဂယက်မထပေမဲ့၊ နိုးထသူ အသိုင်းအဝိုင်းမှာတော့ တကယ့်ကို ပေါက်ကွဲထွက် သွားခဲ့ပါတယ်..။
ရှေးဟောင်း အိပ်မက်ဆိုး သတ္တဝါ ၊ ယဉ်ကျေးမှုနဲ့ မျှော်လင့်ချက် နိုင်ငံတော်ရဲ့ ထူးဆန်းတဲ့ သဘာဝတွေ အကြောင်း အချက်အလက် တွေဟာ လူသားမျိုးနွယ်ရဲ့ အသိပညာ အတွက် တကယ်ကို အဖိုးတန်တဲ့ လက်ဆောင်တစ်ခု ဖြစ်သွားခဲ့တယ်..။ ဆန်နီ ကတော့ အထိခိုက်မခံတဲ့ အချက်အလက်တွေကို သူ့ဟာသူ သိမ်းထားခဲ့ပေမဲ့၊ ကျန်နေတဲ့ အချက်အလက်တွေကတင် မေ့ပျောက်ကုန်းမြေ အစီရင်ခံစာတုန်းကထက် အများကြီး ပိုတဲ့ ဂုဏ်ပြုမှတ်တွေကို ယူဆောင်လာပေးခဲ့ပါတယ်..။
အိပ်မက်ဆိုး တွေဆီက ရတဲ့ အချက်အလက်တွေက ဆယ်ဆလောက် ပိုတန်ဖိုးရှိပါတယ်..။ ဘာကြောင့်လဲဆိုတော့ အိပ်မက်ဆိုး တွေကို စိန်ခေါ်တဲ့သူ အလွန်နည်းပါးသလို၊ အသက်ရှင်လျက် ပြန်လာနိုင်သူက ပိုတောင် နည်းပါးသေးလို့ပါပဲ..။
ဒီ ဂုဏ်ပြုမှတ်တွေအပြင်၊ မာစတာ တစ်ယောက်အနေနဲ့ သူရရှိတဲ့ တခြား အကျိုးခံစားခွင့်တွေ နဲ့ အခွင့်အရေးတွေကြောင့် သူက မှော်ပညာကို စိတ်ရောကိုယ်ပါ လေ့လာနိုင်ရုံတင်မကဘဲ၊ အံ့ဩဖွယ်ရာ ကုန်စည်ပြပွဲ ကိုလည်း ဆက်လက် လည်ပတ်နိုင်စေခဲ့ပါတယ်..။
ဝမ်းနည်းစရာကတော့ အဲ့ဒါတောင်မှ လုံလောက်မူ မရှိသေးတာပါပဲ..။
...ဒါကြောင့်လည်း ဆန်နီ ဟာ အကယ်ဒမီမှာ နိုးထသူ လူငယ်တွေကို စာသင်ပေးနေခဲ့တာပါ..။ ဒါက မာစတာ တစ်ယောက် ဝင်ငွေရှာဖို့ အကောင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်း မဟုတ်ပေမဲ့၊ သူ့လို အခြေအနေမျိုးမှာ ရှိနေတဲ့သူအတွက်တော့ အတော်လေး အကျိုးအမြတ် ရှိနေပါသေးတယ်..။
ဟောင်းနွမ်းနေတဲ့ ခန်းမထဲမှာ ထိုင်နေရင်း ဆန်နီ သက်ပြင်းချလိုက်တယ်။သူက ဆက်သွယ်ရေးစက်ကို ကြည့်နေရင်း..မျက်နှာပေါ်မှာ ဖျော့တော့တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့ပါတယ်..။
“သူမ ရောက်နေလောက်ပြီ...”
ဒီနေ့က အကြောင်းပြချက် တစ်ချို့ကြောင့်ထူးခြားတဲ့ နေ့တစ်နေ့ ဖြစ်နေခဲ့တယ်။
လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက မာစတာ ဂျက် က သူ့ကို ရုတ်တရက် ဆက်သွယ်လာခဲ့ပါတယ်..။ ပြီးခဲ့တဲ့ ခြောက်လအတွင်း သူတို့ ခနခန ဆက်သွယ်ဖြစ်တာကြောင့် ဒါက သိပ်မထူးဆန်းပေမဲ့... ဒီတစ်ခါမှာတော့ ဝိဥာဉ်ရိတ်သိမ်းသူ ရဲ့ လေသံက တစ်ခုခု ထူးခြားနေခဲ့တယ်..။ဒါက ဆိုးဝါးတာမျိုး မဟုတ်ပဲ... တစ်မျိုးကြီး ဖြစ်နေခဲ့တာပါ..။
သူမက သူမမှာ သတင်းကောင်း တစ်ခုနဲ့ သတင်းဆိုး တစ်ခု ရှိတယ်လို့ ပြောခဲ့တယ်။ပြီးတော့ အရေးကြီးတဲ့ ကိစ္စတစ်ခုကို ဆွေးနွေးဖို့အတွက် လူချင်းတွေ့ချင်တယ်လို့လည်း တောင်းဆိုခဲ့ပါသေးတယ်..။
ဒီ တွေ့ဆုံမှုကတော့ နည်းပြတွေရဲ့ ထမင်းစားခန်းမ ထဲမှာပါ။
ဆန်နီ ခေါင်းခါလိုက်ပြီး မတ်တပ်ရပ်ကာ သူ့ရဲ့ ကုလားထိုင်ကို ရုတ်သိမ်းလိုက်တယ်။ပြီးတာနဲ့တံခါးဆီကို လျှောက်သွားလိုက်ပါတယ်..။
“မာစတာ ဂျက် ဘာပြောမလဲဆိုတာ သိချင်မိတယ်.။သူမ ဘာလို့ ဒီလောက်အထိ လျိုဝှက်နေလဲ ဆိုတာ နတ်ဘုရားတွေပဲ သိကြလိမ့်မယ်..။ သူမ ပုံစံက ကမ္ဘာကြီး အဆုံးသတ်တော့မယ့် အတိုင်းပဲ..."
အပိုင်း ( ၇၅၂ ) ပြီး၏။
အပိုင်း ( ၇၅၃ ) ပြသနာရဲ့ အဓိက အချက်..
အခုချိန်မှာ ဆန်နီက အကယ်ဒမီရဲ့ ဆရာတစ်ယောက်ဖြစ်နေပြီ ဖြစ်တာကြောင့်..သူ့အနေနဲ့ နည်းပြတွေရဲ့ ကဖေးဆိုင်ကို ဝင်ရောက်ဖို့အတွက် အတော်လေး မျှော်လင့်နေခဲ့တယ်..။နောက်ဆုံးတစ်ကြိမ် သူတို့စားသောက်ခဲ့ကြတာကို အသေးစိတ်ကျကျ သူ မှတ်မိနေပါသေးတယ်..။အစားအသောက် တွေက သေလောက်အောင်ကို ကောင်းမွန်နေခဲ့တာပါ..။
…အရိုးသားဆုံး ပြောရရင် ဒါက သူ ဒီဟောပြောသူ အလုပ်ကို လက်ခံခဲ့တဲ့ အဓိက အချက်တွေထဲက တစ်ခု ဆိုရင်လည်း မမှားပါဘူး..။
‘မဟုတ်ဘူး..ဒီလိုမဟုတ်ဘူး..ငါက အဲလောက်အထိလည်း အစားမမက်ပါဘူး..’
ဆန်နီ လမ်းလျောက်နေရင်း..အနုပညာဆန်တဲ့ အတွင်းပိုင်း အပြင်အဆင်ကို ကြည့်နေခဲ့တယ်..။ဒီမှာရှိနေတဲ့ သစ်သား အပြင်အဆင်တွေကိုတော့ သူ အတော်လေး သဘောကျမိပါတယ်..။အခုချိန်မှာတော့..သူက နိုးထခြင်း ကမ္ဘာမှာ ရှိနေတဲ့ သစ်သားတိုင်းကို မအံ့ဩမိတော့ပါဘူး..။သို့ပေမယ့်..ဒီမှာရှိနေတဲ့ အရာက သစ်သားတွေ မဟုတ်ကြပေ..။တကယ်လို့ သူ မှတ်မိတာသာ မှန်ကန်မယ်ဆိုရင်..ဒါတွေက တိုက်တန်တစ်ကောင်ရဲ့ အလောင်းကနေ ရောက်လာခဲ့တာပါ..။
အတိအကျပြောရရင်တော့ ဗာလာကလန်က သတ်ခဲ့တဲ့ တိုက်တန်ကြီးပါ..။ဒါက အန်ဗီကိုယ်တိုင် သတ်ခဲ့တာတောင် ဖြစ်နိုင်ပါတယ်..။သူ့ကို တိတ်တဆိတ် အမဲလိုက်နေတဲ့ လူတွေ..ဆီကနေ ရလာတဲ့ တိုက်တန်နဲ့ ပြုလုပ်ထားတဲ့ စားပွဲပေါ်မှာ ထိုင်ပြီး စားသောက်ရတာက..လှောင်ပြောင်နေသလို ဖြစ်နေမှာ အမှန်ပါပဲ..။
ဆန်နီ သက်ပြင်းတစ်ချက်ချလိုက်ပြီး လှည့်ပတ်ကြည့်လိုက်တဲ့ အချိန်မှာတော့..ရင်းနှီးတဲ့ မျက်နှာတစ်ခုကို သတိထားမိလိုက်တယ်..။အတော်လေး လှပတဲ့ အမျိုးသမီးတစ်ယောက်က နက်ပြာရောင် ယူနီဖောင်းကို ဝတ်ဆင်ထားပြီး..ကဖေးရဲ့ ထောင့်တစ်နေရာမှာ ထိုင်နေခဲ့တယ်..။သူမရဲ့ လက်ထဲမှာတော့..ကော်ဖီတစ်ခွက် ရှိနေခဲ့ပါတယ်..။သူက ယုံကြည်မူရှိစွာပဲ သူမရဲ့ ရှေ့ကို လျောက်သွားလိုက်တယ်..။
“မာစတာ ဂျက်..”
ဝိဉာဉ်ရိပ်သိမ်းသူက အပေါ်ကို မော့ကြည့်လာခဲ့ပြီး..သူ့ကို ပြုံးပြလိုက်တယ်..။
“မာစတာ ဆန်းလပ်စ်..”
‘ကောင်းပြီလေ..ဒီစကားက ကြားရတာ တစ်မျိုးကြီးပဲ..’
သူ စိတ်ထဲမှာ တစ်မျိုးဖြစ်သွားခဲ့တယ်..။ဒီလို ခေါ်တာကို သူ အခုချိန်အထိ အသားမကျသေးပါဘူး..။အထူးသဖြင့် သူမဆီကနေ ဒီလို အခေါ်ခံရတာကိုပါ..။အခုချိန်မှာ သူတို့နှစ်ယောက်စလုံးက တူညီတဲ့ အဆင့်မှာ ရှိနေကြတယ် ဆိုပေမယ့်..သူမက သူ့ထက် အသက်ကြီးနေပါသေးတယ်..။သူတို့နှစ်ယောက်ကြားထဲက စွမ်းအားကွာခြားချက်က အတော်လေး ကျဉ်းမြောင်းသွားခဲ့ပြီ ဖြစ်ပေမယ့်..သူက သူမကို လေးစားမူ ရှိနေဆဲပါပဲ..။
ဆန်နီ ဟာ သူ့ရှေ့က တက်ရောက်သူ ကို ကြည့်လိုက်ပြီး ရုတ်တရက် မျက်မှောင်ကျုတ်လိုက်တယ်..။
မာစတာ ဂျက် ကြည့်ရတာ ဒီနေ့ အတော်ကွဲပြားနေခဲ့တယ်..။
သူက. သူမရဲ့ ထုံးစံအတိုင်း အနည်းငယ် ဖရိုဖရဲနိုင်ပြီး..ဂရုမစိုက်တတ်တဲ့ ပုံစံမျိုးကိုပဲ အသားကျနေခဲ့တာပါ..။သို့ပေမယ့်..အုခ သူ့ရှေ့မှာ ရှိနေတဲ့သူက တကယ့်ကို စံပြအရာရှိတစ်ယောက်နဲ့ တူနေခဲ့တယ်..။သူမရဲ့ ယူနီဖောင်းတွေက ပြီးပြည့်စုံစွာ မီးပူတိုက်ထားခဲ့ပြီး..ကြယ်သီးတွေကိုလည်း အဆုံးအထိ တတ်ထားပါသေးတယ်..။သူမရဲ့ ယူနီဖောင်းက ခြစ်ရာတွေ ၊ အစွန်းအထင်းတွေ တစ်ခုမှ ရှိမနေခဲ့ပေ..။သူမရဲ့ ငွေရောင် ပုခုံးတံဆိပ်တွေကလည်း..အရောင် တင်ထားသလို တလက်လက် တောက်ပနေခဲ့တယ်..။သူမရဲ့ လည်သာ ဖိနပ်တွေကလည်း..အသစ်ဝယ်ထားသလိုမျိုး ပြောင်လက်နေခဲ့ပါတယ်..။
သူမရဲ့ အနက်ရောင် ဆံသားတွေက..ပြီးပြည့်စံစွာ သေသပ်နေခဲ့ပြီး..သူမရဲ့ အေးစက်တဲ့ အပြာရောင် မျက်လုံးတွေက..ထက်ရှပြီး..ထိုးဖောက်ထိုင်စွမ်းတွေရှိနေခဲ့ပါတယ်..။
သူ မျက်ခုံးပင့်တင်လိုက်ပြီး..
“…အာ…အစ်မက…ကြည့်လို့ကောင်းနေတာပဲ..”
ဂျက် က သဘောကျစွာ ပြုံလိုက်တယ်..။
“အိုး..ဒါလား..။ငါက ဒီမနက်တုန်းက အထူးအခမ်းအနားပွဲ တစ်ပွဲကို တက်စရာ ရှိခဲ့လို့လေ..။အစိုးရပိုင်းမှာက ဒီရက်ပိုင်း ရာထူးတိုးမူတွေ ဆက်တိုက်ဖြစ်နေကြတာ..”
ဆန်နီ လည်ချောင်း ရှင်းလိုက်ပြီး..
“ဂုဏ်ပြုပါတယ်..”
ဝိဉာဉ်ရိတ်သိမ်းသူက ရယ်မောလိုက်ပြီး..သေးငယ်တဲ့ သတ္တုသေတ္တာလေးတစ်ခုကို သူ့ဘက်ကို တွန်းပေးလိုက်ပါတယ်..။
“မဟုတ်တာ..မဟုတ်ဘူး..နင့်ကိုပဲ ဂုဏ်ပြုရမှာ..။နောက်ကျမှ မွေးနေ့ဆုတောင်းပေးရတာ စိတ်မကောင်းပါဘူး..”
သူ အကြိမ်အနည်းငယ် မျက်တောင် ခတ်ပြီးကာမှ..သေတ္တာကို ဖွင့်လိုက်တယ်..။အထဲမှာတော့ တောက်ပတဲ့ ဝိဉာဉ်အမြုတေ တစ်ခု ရှိနေခဲ့ပါတယ်..။ဒီ အမြုတေရဲ့ အဆင့်က တက်ရောက်မူအဆင့် ဆိုတာကို ချက်ချင်းသိလိုက်တာကြောင့်..သူ့ မျက်လုံးတွေ အရောင်တောက်သွားခဲ့တယ်..။
“အာ..ဒါက ကျွန်တော် လိုအပ်နေတဲ့ဟာ အတိအကျပဲ..။ကျေးဇူးအများကြီး တင်ပါတယ်..။ဒါပေမဲံ..ဒါက နည်းနည်း တန်ဖိုးကြီးမနေဘူးလား..”
ဒီလိုအမြုတေ တစ်ခုက အတော်လေး စေ◌ျးကြီးပါတယ်..။
မာစတာ ဂျက် ပုခုံးတွန့်လိုက်ပြီး..
“ဒါက ပြည်သူ့ဝန်ထမ်း ဖြစ်နေရတဲ့ အကျိုးကျေးဇူးတွေပေါ့..။ငါက ဒီလို အရာတွေ မကြာခနရဖို့ အခွင့်အရေးရှိတယ်လေ..”
သူမ တိတ်ဆိတ်သွားခဲ့ပြီးမှ..မျှော်လင့်တကြီးနဲ့ ကြည့်နေခဲ့တယ္..။ခနကြာတဲ့အချိန်အထိ သူတို့နှစ်ယောက်စလုံး စကားမပြောခဲ့ကြပါဘူး..။
နောက်ဆုံးမှာတော့ ချောမောတဲ့ တက်ရောက်သူက သက်ပြင်းချလိုက်ပြီး..
“ဘာလဲ..ငါ့အတွက်တော့ လက်ဆောင်မရှိဘူးလား..။ငါက လတ်တလောကမှ အသက်သုံးဆယ်ပြည့်ထားတာလေ..သိရဲ့လား..”
ဆန်နီ တောင့်တင်းသွားပြီးကာမှ.အားတောင့်အားနာနဲ့ ရယ်မောလိုက်တယ်..။
“အိုး..ကောင်းပြီလေ..ဒီလိုဆိုရင်တော့ ကျွန်တော် ညစာကျွေးပါ့မယ်..”
ဝိဉာဉ်ရိတ်သိမ်းသူဟာ ဒီအစီစဉ်ကို အတော်လေး သဘောကျဿွားခဲ့တယ်..။
“အာ..နင့်က ငါ့အကြောင်းကို ကောင်းကောင်းသိတာပဲ..ဆန်နီ..။ဒီလိုဆိုရင်တော့ ငါ အားနာမနေတော့ဘူးနော်..”
အချိန်တစ်ချို့ကြာပြီးတဲ့ နောက်မှာတော့..သူတို့က စားသောက်လို့ ပြီးသွားခဲ့ကြတယ်..။သူတို့က စိတ်ကျေနပ်တဲ့အမူအရာနဲ့ ထိုင်ခုံတွေမှာ မှီပြီး ထိုင်နေခဲ့ကြပါတယ်..။
မာစတာဂျက်က လဖက်ရည်တစ်ငုံသောက်ကာ ပြုံးလိုက်ပြီး..
“အသိအမှတ်ပြုသင့်တဲ့နေရာမှာတော့ အသိအမှတ်ပြုရမယ်..။နင်တို့ အကယ်ဒမီက လူတွေက..ဝန်ထမ်းတွေကို ဘယ်လို ပြုစုရမလဲ ဆိုတာကို တကယ်သိကြတာပဲ..။ငါက အလုပ်ရွေးချယ်မူကိုတောင် နည်းနည်း နောင်တရသွားတယ်..”
သူမရဲ့ အသံက တဖြည်းဖြည်း တိုးညှင်းသွားပြီး..လွမ်းဆွတ်တမ်းတတဲ့ အမူအရာတစ်ချို့ ပေါ်လာခဲ့ပါတယ်..။ယင်းနောက်သူမက ခေါင်းခါယမ်းလိုက်ပြီး..ဒီနေ့တွေ့ဆုံရတဲ့ အဓိက ရည်ရွယ်ချက်ကို ပြောလာခဲ့ပါတယ်..။
“သတင်းကောင်း အရင်ပြောမယ်..။နင် စိတ်အေးအေးထားလို့ရပြီ ဆန်နီ..။ဗာလာကလည်း က နောက်ဆုံးတော့ အသိတရားဝင်လာပြီး ယုတ္တိရှိရှိ ပြုမူဖို့ ဆုံးဖြတ်လိုက်ပြီ..။ဒီတော့ အဆိုးဆုံ အပိုင်းက ပြီးဆုံးသွားပြီ..”
သူ အသက်ကို ပြင်းပြင်း ရူလိုက်ပြီး..
“နောက်ဆုံးတော့…။ဘာတွေ ပြောင်းလဲသွားသေးလဲ..”
မာစတာ ဂျက် ပုခုံးတွန့်လိုက်ပြီး..
“ကောင်းပြီလေ..အများကြီးပဲပေါ့..။ဒပေမဲ့..အဓိက အချက်ကတော့ သူတို့က ဒီလို အသေးအမွှားကိစ္စလေးတွေကို အာရုံ မစိုက်နိုင်တော့ဘူး ဆိုတာပဲ..။ကြီးမြတ်တဲ့ ကလန်တွေကြားထဲက တင်းမာမူတွေက ပိုပြီး မြင့်မားလာနေပြီ..။ဒါကြောင့် ဗာလာကလန်ရဲ့ အကြီးအကဲတွေမှာ လုပ်စရာတွေ အများကြီး ရှိနေတယ်..။ဒါကြောင့် နင့်အတွက် အခွင့်အရေးဖြစ်သွားတာ..။ဘာလို့လဲ ဆိုတော့ နင်နဲ့ နင့်ရဲ့ အဖွဲ့သားတွေက ကိုယ့်ကိုကို တန်ဖိုးရှိအောင် လုပ်နိုင်ခဲ့ကြတယ်လေ..။သူတော်စင်တို်ငးရစ်ကလည်း နင်တို့ဖက်ကနေ ကာကွယ်ပေးထားတာကြောင့်..စစ်မှန်ပြီး ရင်းနှီးတဲ့ ဆွေးနွေးမူတစ်ခုပြုလုပ်ဖို့ အရာအားလုံးက အဆင်သင့်ဖြစ်နေပြီ..”
ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။
“ရိုးသားမူ…ရင်းနှီးမူ တဲ့လား..။ပျောက်ကွယ်သွားတဲ့ မီးစောင့်ရှောက်သူတွေ ကြတော့ရော..။အစ်မက သတိမထားမိလောက်ပေမယ့်..မေ့ပျောက်ကုန်းမြေရဲ့ ရှင်သန်သူတွေက..အရမ်းကို စည်းလုံးကြတာ..။သူတို့အတွက်တော့ ဒါက အသေးအမွှားကိစ္စတစ်ခု မဖြစ်နိုင်ဘူး..”
သူမ ပြုံးလိုက်ပြီး..
“သိပ်ပြီး မကျန်းမာနိုင်ပေမယ့်…သူတို့ အသက်ရှင်နေတုန်းပဲ..။သူတို့ကို လွှတ်ပေးဖို့က နင်နဲ့ ကျရှုံးမူသံစဉ်တို့ ဆွေးနွေးရမယ့် အပိုင်းတွေထဲက တစ်ခုပဲ..။ဒါပေမဲ့..ဒီအတွက် ပြသနာရှိမယ်လို့တော့ ငါမထင်ဘူး..။မင်းက အမှန်အတိုင်း ပြောပြပြီး..နှစ်ယောက်စလုံးက..ဆန်းကျယ်တဲ့ အကျဉ်းသားကိုလွတ်မြောက်အောင် လုပ်ပေးဖို့ ရည်ရွယ်ချက် မရှိဘူး ဆိုရင်ကို အဆင်ပြေသွားလိမ့်မယ်..”
ဆန်နီ ရဲ့ မျက်နှာပေါ်မှာ နက်မှောင်တဲ့ အမူအရာတစ်ခု ပေါ်လာခဲ့တယ်..။
မာစတာဂျက်က အကြမ်းဖျင်းကို သိထားပေမယ့်..အသေးစိတ်ကိုတော့ မသိပါဘူး..။သူတို့နဲ့ ဗာလာကလန် ဖြစ်နေတဲ့ ပြသနာက အတော်လေးကို ရိုးရှင်းပါတယ်..။ဆန်နီ နဲ့ ကတ်စီ တို့က..ဗာလာကလန်ရဲ့ အကျိုးစီးပွားကို အများကြီး ထိခိုက်အောင် လုပ်ခဲ့ကြပေမယ့်..သက်သေမရှိတာ နဲ့ သူတော်စင် တိုင်းရစ်က တာဝန်ယူ ကာကွယ်ပေးထားတာကြောင့်..သည်းမခံနိုင်စရာ ကိစ္စတစ်ခုတော့ မဟုတ်ပေ..။
ဒါပေမဲ့ ပြသနာရဲ့ အဓိက အချက်ကတော့ ကြီးမြတ်တဲ့ ကလန်က လူတွေအနေနဲ့..သူတို့ရဲ့ လုပ်ရပ်က မတော်တဆလား ဒါမှမဟုတ်..ကြိုတင်ကြံစည်ထားကြတာလား ဆိုတာကို သေချာ မသိကြတာပါပဲ..။မာစတာဂျက် အစောက ပြောခဲ့တဲ့ စကားအရဆိုရင်တော့..ဗာလာကလန်က သူတို့ရဲ့ သံသယတွေကို စွန့်လွှတ်ပြီး..ဆန်နီ နဲ့ ကတ်စီ တို့က..မော်ဒရက် လွတ်မြောက်အောင် တမင်ကူညီပေးခဲ့တာမဟုတ်ဘူးလို့ ယုံကြည်ဖို့ အသင့်ဖြစ်နေကြပြီလို့ ဆိုလိုတာပါ..။အလားတူစွာပဲ..သူတို့ကို ယာယီလွတ်ငြိမးချမ်းသာခွင့် ပေးထားပါလိမ့်မယ်..။
အဖြူရောင် တောင်ပံကလန်က သူတော်စင်ကော်မတ် ရဲ့ သေဆုံးမူအတွက် တာဝန်ယူလိုက်ပြီ ဖြစ်တာကြောင့်.သူတို့က ဘာပြသနာမှ မဖြစ်ပဲ လွတ်မြောက်သွားတော့မှာပါ..။
သို့ပေမယ့် ကြီးမြတ်တဲ့ ကလန်အနေနဲ့..သူတို့ရဲ့ လုပ်ရပ်ကြောင့် မော်ဒရက် လွတ်မြောက်သွားတယ်ဆိုတာကို သိသည့်တိုင်အောင်..မော်ဒရက်က..သူတို့အဖွဲ့သားတွေနဲ့အတူ အိပ်မက်ဆိုးထဲကို လိုက်လာခဲ့တာကိုတော့ မသိထားသေးပါဘူး..။တကယ်လို့သာ..သူတို့ ငါးယောက်စလုံးက အိပ်မက်ဆိုးထဲမှာ အတူတကွ မာစတာ တွေ ဖြစ်လာကြတယ် ဆိုတဲ့ အချက်ကို သိသွားခဲ့မယ်ဆိုရင်တော့..အမှန်တရားက ဘယ်လိုပဲဖြစ်နေပါစေ..ဒီခွေးသားက..သူတို့ကို အသုံးချသွားတယ် ဆိုတာကို လုံးဝ ယုံကြည်ကြမှာ မဟုတ်ပေ..။
ဆန်နီ နဲ့ ကတ်စီ တို့ကလည်း..သူနဲ့ တစ်ဖွဲ့တည်းပဲလို့..သူတို့ က ထင်မှတ်သွားကြမှာပါ..။
ဒီတော့..ဒီလျိုဝှက်ချက်ကို တစ်သက်လုံး ထိမ်းသိမ်းထားဖို့ လိုအပ်ပါတယ်..။
ဆန်နီ မျက်နှာရှုံ့မဲ့သွားခဲ့ပြီး..
“ဒီတော့..သူတို့က ဘာလိုချင်တာလဲ..”
မာစတာ ဂျက် ပုခုံးတွန့်လိုက်ပြီး..
“ငါ သေချာတော့ မပြောနိုင်သေးဘူး..။ဒါပေမဲ့ နင် တစ်ခုခုကို လိုက်လျောဖို့ ပြင်ဆင်ထားသင့်တယ်..။ဗာလာကလန်က..နင့်ကို သူတို့ဖက်ပါလာအောင် အစွမ်းကုန် စည်းရုံးကြမှာပဲ..။နင် ဒီအချက်ကို တောင့်ခံနိုင်ပါ့မလား ဆိုတာကတော့ နင့်အပေါ်မှာပဲ မူတည်လိမ့်မယ်..”
သူမက တစ်ခနလောက် တွေးလိုက်ပြီးမှ ထပ်ပြောလိုက်တယ်..။
“နင့်အတွက် အားသာချက်ဖြစ်နေတာက..နင် ၊ ကျရှုံးမူသံစဉ် ၊ နိုက်တင်ဂေး နဲ့ ဝံပုလွေစောင့်ရှောက်သူ တို့က အားလုံးရဲ့ အမြင်မှာ တစ်ဖွဲ့တည်းဖြစ်နေကြတာပဲ..။ဗာလာကလန်က နင်တို့ အားလုံးကို သူတို့ရဲ့ ပိုင်ဆိုင်မူ ဖြစ်လာအောင် လုပ်ချင်တဲ့ ရည်မှန်းချက်တော့ ရှိကောင်းရှိလိမ့်မယ်..။ဒါပေမဲ့..သူတို့က နင်တို့ထဲက တစ်ယောက်မှ ပြိုင်ဖက်တွေဆီကို ရောက်မသွားဘူး ဆိုရင်..ကို ကျေနပ်ကြမှာပဲ..။သူတို့က တစ်ယောက်ကိုပဲ စည်းရုံးနိုင်ခဲ့ရင်တောင် ကျန်တဲ့ လူတွေက တစ်ဖက်ကို ပါမသွားနိုင်တော့ဘူးလေ..”
ဆန်နီ မျက်မှောင်ကျုတ်ထားခဲ့တယ်..။
“..ဒီတို့ အစ်မပြောချင်တာက..ကျွန်တော်တို့ထဲက တစ်ယောက်ကို ဗာလာကလန်ဆီ ထိုးကျွေးရမယ်လို့ ပြောချင်တာလား..”
မာစတာ ဂျက် ပြုံးလိုက်ပြီး..
“နင် ပြောပုံက ကြီးမြတ်တဲ့ ကလန်တစ်ခုကို ဝင်ရောက်တာက ကြောက်စရာ ကိစ္စတစ်ခုလို ပြောနေတာပဲ..။နိုးထသူ အများစုက ဒီလိုအခွင့်ရေၕးကို ရဖို့အတွက် လူသတ်ကြလိမ့်မယ်ဆိုတာ သိရဲ့လား..။သူတို့က နင့်ကို မျိုးဆက် ဆက်ခံသူ တစ်ယောက်လိုတော့ ဆက်ဆံကြမှာ မဟုတ်ပေမယ့်..ဒါနဲ့ပဲ အရင်းအမြစ် တွေ ၊ တစ်ခြားအခွင့်အရေးတွေ မပေးတော့ဘူးလို့ ဆိုလိုတာ မဟုတ်ဘူးလေ..”
ဆန်နီ အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ သက်ပြင်းချလိုက်တယ်..။
“ကျွန်တော်သိပါတယ်..ဒါပေမဲ့..ဒါကို သေချာစဉ်းစားဖို့ လိုသေးတယ်..”
သူမ ကော်ဖီတစ်ငုံသောက်လိုက်ပြီး နောက်ကို မှီလိုက်တယ်..။
“ကောင်းပြီလေ..မြန်မြန်တော့ စဉ်းစားပေါ့..”
သူက လှပတဲ့ တက်ရောက်သူကို ကြည့်လိုက်ပြီး နက်မှောင်တဲ့ အမူအရာနဲ့ မေးလိုက်တယ်..။
“ဘာလို့လဲ..”
မာစတာ ဂျက် ပြုံးလိုက်ပြီး..
“ကောင်းပြီလေ..ဘာလို့လဲ ဆိုတော့..ဗာလာကလန် ရဲ့ ကိုယ်စားလှယ်က မနက်ဖြန် ဒီကို ရောက်လာမှာ မို့လို့ပဲ..။နင့်ရဲ့ သူငယ်ချင်း ကတ်စီကလည်း နိုးထခြင်း ကမ္ဘာဆီကို ပြန်လာတော့မယ်..။နင်တို့က အကယ်ဒမီမှာပဲ တွေ့ဆုံကြရလိမ့်မယ်..။ဘာလို့လဲဆိုတော့ ဒီနေရာက ကြားနယ်မြေ ဖြစ်နေလို့ပဲ..။ဒီတော့..ညှိနှိုင်းမူတွေအတွက် ပြင်ဆင်ဖို့က မနက်ဖြန်မနက် အထိပဲ အချိန်ရှိတယ်..ဆန်နီ..။ကံကောင်းပါစေ..”
အပိုင်း ( ၇၅၃ ) ပြီး၏။