← Chapters

အခန်း (၇၅၇-၇၅၉)

Vol. 51 Ch. 757-759

အခန်း (၇၅၇-၇၅၉)

Vol. 51 Ch. 757-759

အပိုင်း ( ၇၅၇ ) ပညာရှင် ပီသသော ခံယူချက်

မာစတာ ဂျက် ရဲ့ အေးစက်တည်ငြိမ်တဲ့ အရှိန်အဝါကြားမှာ စီးမျောမပါသွားဖို့ဆိုတာ တကယ့်ကို ခက်ခဲလှပါတယ်..။ ဒါပေမဲ့ ဆန်နီ ကတော့ ဒီလောက်နဲ့ ယိမ်းယိုင်သွားမယ့်သူ မဟုတ်ပါဘူး..။ သူက သူမရဲ့ အကြည့်ကို ခနလောက် ပြန်ကြည့်နေပြီးမှ အကြည့်ကိုလွှဲလိုက်တယ်..။

သူ့ရဲ့ မျက်နှာထားက တည်ကြည်လေးနက်သွားခဲ့ပြီး..

“...အန္တာတိက ကို ဆုံးရှုံးရတာက လူသားမျိုးနွယ်အတွက် ပြုပြင်လို့မရနိုင်တဲ့ ပျက်စီးမှုမျိုး မဟုတ်ဘူးလို့ အစ်မပဲ တစ်ချိန်လုံး ပြောနေခဲ့တာလေ..။ ပြီးတော့ အဲ့ဒီကို သွားတဲ့သူ အများစုက သေကြလိမ့်မယ်လို့လည်း ပြောခဲ့သေးတယ်..။ အခုကျမှ ဘာလို့ ကျွန်တော့်ကိုပါ လိုက်ခဲ့စေချင်နေတာလဲ..။ ကျွန်တော်က ဘာလို့ အဲ့ကိုသွားရမှာလဲ..”

ဟုတ်ပါတယ်.. အိပ်မက်ဆိုး သတ္တဝါတွေနဲ့ မြင့်မြတ်ပြီး ဂုဏ်သိက္ခာရှိတဲ့ စစ်ပွဲတစ်ခု ဆင်နွှဲရမယ်ဆိုတာက စိတ်လှုပ်ရှားစရာ ကောင်းတာတော့ အမှန်ပါပဲ..။သို့ပေမဲ့ ဆန်နီ က အတွေ့အကြုံမရှိတဲ့ ကလေးတစ်ယောက် မဟုတ်တော့ပေ..။ သူက ဂုဏ်သိက္ခာ ဆိုတဲ့ အရာအတွက် ပေးဆပ်ရမယ့် တန်ဖိုးကို ကောင်းကောင်းကြီး သိနေခဲ့ပါပြီ..။ သူ့အတွက်တော့ စစ်ပွဲရဲ့ အသေအပျောက်စာရင်းဆိုတာ စိတ်ကူးယဉ်မူ တစ်ခု မဟုတ်ဘဲ.. ရင်းနှီးပြီးသားဖြစ်တဲ့ ကြောက်မက်ဖွယ် လက်တွေ့ဘဝတစ်ခုပါ။

သူဟာ ကိုယ့်ကိုယ်ကိုယ် သေခြင်းတရားကနေ ကင်းလွတ်ခွင့်ရနေတယ်လို့ ထင်မှတ်ရလောက်အောင်လည်း မိုက်မဲတဲ့သူ မဟုတ်ပေ။

မာစတာ ဂျက် က ခုံကို မှီထိုင်လိုက်တယ်..။

“နင်က လူသားမျိုးနွယ်တွေကို မကာကွယ်ပေးချင်ဘူးလား..”

ဆန်နီ က ပုခုံးတွန့်လိုက်ပြီး..

“ကျွန်တော့်ကို အထင်မလွဲပါနဲ့..။ အန္တာတိက မှာ ရှိတဲ့ လူတွေ အကုန်လုံးကို ရှင်သန်စေချင်ပါတယ်..။ ဒါပေမဲ့ ကျွန်တော် ဆင်းရဲသားရပ်ကွက်ထဲမှာ ငတ်ပြတ်ပြီး သေလုမျောပါး ဖြစ်နေတုန်းက ဒီလူတွေ တစ်ယောက်မှ ကျွန်တော့်ကို လာ

မကူညီခဲ့ကြဘူး..။ မေ့ပျောက်ကုန်းမြေ မှာ ကိုယ့်သွေးကိုယ်ပြန်သောက်ပြီး အသက်လုနေရတုန်းကလည်း ဘယ်သူမှ ရှိမနေခဲ့ဘူး..။ အစိုးရကလည်း ကျွန်တော့်ဘဝ တိုးတက်လာအောင် ဘာမှ လုပ်မပေးခဲ့ဘူးလေ..”

သူက မျက်မှောင်ကျုတ်လိုက်ပြီးမှ ထပ်ပြောလိုက်တယ်..။

“တကယ်တော့ အစိုးရက ကျွန်တော့်ကို ပစ်ပယ်ထားရုံတင် မကဘူး.. အကျိုးအမြတ် အနည်းငယ် ရဖို့အတွက်နဲ့ ကျွန်တော့်ကို အသုံးချပြီး..ချက်ချင်း သေသွားအောင်ကြိုးစားခဲ့ကြတယ်လို့တောင် ပြောလို့ရတယ်..။ ကျွန်တော့် မိဘတွေကို လုပ်ခဲ့သလိုမျိုးပေါ့..။ ဒါပေမဲ့ အဲ့ဒါတွေ အားလုံးကြားထဲကနေ ကျွန်တော် ရှင်သန်အောင် ကြိုးစားခဲ့တယ်။ အခုတော့ အတော်အသင့် ကောင်းမွန်တဲ့ ဘဝတစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီလေ..။ကျွန်တော့်မှာ အခုမှ ကောင်းမွန်တဲ့ အရာတွေ ပိုင်ဆိုင်ခါစ ရှိသေးတယ်..။ အဲ့ဒါတွေ အကုန်လုံးကို စွန့်လွှတ်ပြီး မသိတဲ့သူစိမ်းတွေအတွက် ကျွန်တော့် အသက်ကို သွားရင်းနှီးစေချင်တာလား..”

မာစတာ ဂျက် က သက်ပြင်းချလိုက်တယ်..။

“ငါ နားလည်ပါတယ်..။ဒီ ခံစားချက်ကို ငါ တကယ် နားလည်တယ် ဆိုတာတော့ ယုံကြည်ပေးပါ..။ ဒါပေမဲ့...”

ဆန်နီ က မျက်ခုံးပင့်လိုက်ပြီး..

“ဒါပေမဲ့ ဘာဖြစ်လဲ..။အစ်မ နားလည်တယ်ဆိုတာကိုတော့ ကျွန်တော် ယုံပါတယ်..။ အစ်မကိုယ်တိုင်လည်း ဆင်းရဲသားရပ်ကွက်က လာတာပဲမဟုတ်လား..။ဒါက ကျွန်တော့်လောက် မဆိုးဘူး ဆိုရင်တောင်မှ အများကြီးတော့ ကွာခြားမှာ မဟုတ်ပါဘူး..။ အဲ့ဒါဆိုရင် အစ်မ

ကရော ဘာလို့ အန္တာတိကတိုက် ကို သွားမှာလဲ..”

သူမက ခဏလောက် တုံ့ဆိုင်းနေပြီးမှ အကြည့်လွှဲလိုက်တယ်..။

“ဒါက ရှင်းပြဖို့ ခက်မယ် ထင်တယ်..။ ဂုဏ်သိက္ခာ ၊ တာဝန် ၊ စွန့်လွှတ်မှု... နင်ပြောတာ မှန်တယ်.. အဲ့ဒီ စကားလုံးတွေက ငါ့အတွက်တော့ ဘာအဓိပ္ပာယ်မှ မရှိဘူး..။ အစိုးရအတွက် အလုပ်လုပ်ပေးတာက ငါ့ရဲ့ ပန်းတိုင်ဆီ ရောက်ဖို့ နည်းလမ်းတစ်ခု သက်သက်ပဲ..။ ဒါပေမဲ့... ငါက အစိုးရအတွက် အလုပ်လုပ်နေတာလေ..။ ပြီးတော့ ငါ့အလုပ်အပေါ်မှာ ငါ ဂုဏ်ယူတယ်..”

ဝိဥာဉ်ရိတ်သိမ်းသူ ဟာ သူမရဲ့ အေးစက်တဲ့ အပြာရောင် မျက်လုံးတွေနဲ့ ကဖေးဆိုင်ထဲက လူတွေကို ဝေ့ကြည့်လိုက်တယ်..။ပြီးမှ ဆန်နီကို ပြန်ကြည့်လိုက်ပါတယ်..။

“ငါက လူသားမျိုးနွယ်အပေါ်မှာ အရမ်းကြီး ချစ်ခင်တွယ်တာစိတ် မရှိရင်တောင်မှ.. သူတို့ ဆက်လက် ရှင်သန်နိုင်အောင် ထိန်းထားပေးရတဲ့ ဒီ ဟန်ချက်ညီမှုကိုတော့ ငါ့ရဲ့ တာဝန်အဖြစ် သတ်မှတ်ထားတယ်..။ ဒါက ငါ့ရဲ့ နယ်မြေပဲ..။ ဒါကြောင့် အန္တာတိက တစ်ခုလုံး မီးဟုန်းဟုန်း တောက်နေတာကို ဘေးကနေ ထိုင်ကြည့်နေဖို့ဆိုတာက ငါ့ရဲ့ သဘောထား ခံယူချက်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေလိမ့်မယ်..”

ဆန်နီ ဟာ သူမပြောတဲ့ စကားတွေကို စဉ်းစားရင်း ခဏလောက် တိတ်ဆိတ်နေခဲ့တယ်..။ တစ်နည်းအားဖြင့် ပြောရရင် မာစတာ ဂျက် က သူ့နဲ့ အများကြီး တူတယ်လို့ ခံစားလိုက်ရပါတယ်..။ အရှုံးမပေးဘဲ ခေါင်းမာလွန်းတာရယ်.. ကမ္ဘာကြီးက သူတို့ကို ကြိုးဆွဲရာ ကခိုင်းနေတာကို လက်မခံတာရယ်မှာပေါ့..။ ဒါပေမဲ့ သူတို့ကြားမှာ ကြီးမားတဲ့ ခြားနားချက်တစ်ခုက ရှိနေခဲ့တယ်..။ ဆန်နီ က ရန်ငြိုး နဲ့ မကျေနပ်ချက်တွေ အားလုံးကို ကိုယ်တိုင် ရှင်သန်ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ဖို့အတွက် အသုံးချနေချိန်မှာ.. သူမကတော့ ပိုပြီး ကြီးကျယ်တဲ့ အရာတစ်ခုကို သူမရဲ့ ပန်းတိုင်အဖြစ် ရွေးချယ်ထားခဲ့တာပါ..။

ဝိဥာဥ် ရိတ်သိမ်းသူဟာ တစ်ကိုယ်တော် အဖြစ် လျှောက်လှမ်းမယ့်အစား ပိုပြီး ကြီးမားတဲ့ အဖွဲ့အစည်းတစ်ခုနဲ့ သူမကိုယ်သူမ ချည်နှောင်ထားဖို့ ဆုံးဖြတ်ခဲ့တာပါ။

အဲ့ဒါက ထိုက်တန်ရဲ့လား..သူ သေချာ မသိပေမဲ့.. မထိုက်တန်ဘူးလို့ပဲ ခံစားရပါတယ်..။ သူ့လို လူမျိုးတွေ၊ သူမလို လူမျိုးတွေက တစ်ကိုယ်ကောင်းဆန်ဖို့ ထိုက်တန်ကြတာ အမှန်ပါပဲ..။ ကမ္ဘာကြီးက သူတို့အပေါ် တစ်ခါမှ ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့တာကြောင့် သူတို့ကလည်း ပြန်ပြီး ကောင်းပြဖို့ တာဝန် မရှိပါဘူး..။ ကိုယ် ဂရုမစိုက်တဲ့ တစ်စုံတစ်ယောက်အတွက်နဲ့ သေပေးဖို့ ဆိုတာကတော့ လုံးဝကို မိုက်မဲတဲ့ လုပ်ရပ်ပါပဲ။

သူက သူမကို ကြည့်ပြီး သုန်မုန်စွာ ပြောလိုက်တယ်..။

“ဒါပေမဲ့ ကျွန်တော်က အစ်မလို ပညာရပ်တစ်ခုတည်းကို လုပ်နေတာမှ မဟုတ်တာ..”

မာစတာ ဂျက် က ပြုံးလိုက်ပြီး

“မှန်တယ်..။ ဒါပေမဲ့ ငါ ပြောတာ မပြီးသေးဘူး..။ ငါ့ရဲ့ အလုပ်အပေါ် ထားတဲ့ ခံယူချက်က အန္တာတိက ကို သွားရမယ့် အကြောင်းရင်းရဲ့ တစ်စိတ်တစ်ပိုင်းပဲ ရှိသေးတယ်..။ နောက်ထပ် အကြောင်းရင်းကတော့... အနာဂတ် အတွက် ပဲ..”

ဆန်နီ က မျက်ခုံးပင့်လိုက်ပြီး..

“အနာဂတ် အတွက်လား..”

သူမက ခေါင်းညိတ်ပြလိုက်တယ်..။

“ဟုတ်တယ်..။ ကမ္ဘာကြီးက ပြောင်းလဲနေပြီ ဆန်နီ..။ အန္တာတိက မှာ ဖြစ်လာမယ့် အရာတွေက လူသားမျိုးနွယ်ကို အဆုံးမသတ်စေနိုင်ဘူး.. ဒါမှမဟုတ် အရမ်းကြီး မပြောင်းလဲစေနိုင်ဘူး ဆိုရင်တောင်မှ.. နိုးထသူ တွေရဲ့ လောကကိုတော့ အကြီးအကျယ် ပြောင်းလဲစေလိမ့်မယ်..။ စဉ်းစားကြည့်စမ်း... အစောပိုင်း တပ်ဖွဲ့တွေအနေနဲ့ ဖြစ်ဖြစ်.. စေတနာ့ဝန်ထမ်း စစ်ကူတွေအနေနဲ့ ဖြစ်ဖြစ်.. အရေအတွက် အများကြီး သွားကြရမှာ..။ အဲ့အချိန်ကြရင် နိုးထသူ တွေရဲ့ အင်အား ဟန်ချက်ညီမှုက ပြောင်းလဲသွားလိမ့်မယ်..။ လူပေါင်း ထောင်ချီပြီး သေကြမှာ မှန်ပေမဲ့.. ရှင်သန်ကျန်ရစ်တဲ့သူတွေက ပိုပြီး အင်အားကြီးလာကြလိမ့်မယ်..”

ဝိဥာဉ်ရိတ်သိမ်းသူ က ရှေ့ကို တိုးလာခဲ့တယ်။သူမရဲ့ အသံကတော့ ရုတ်တရက် လေးနက်လာခဲ့ပါတယ်..။

“ဘယ်သူတွေကများ အမြုတေ တွေကို အပြည့်အဝ ဖြည့်တင်းနိုင်ကြမလဲ..။ ဘယ်သူတွေက တိုက်ခိုက်ရေး စွမ်းရည်ကို မြှင့်တင်နိုင်ကြမလဲ..။ ဘယ်သူတွေက တက်ရောက်သူ တွေ ဖြစ်လာကြမလဲ..။ အခု ကမ္ဘာပေါ်မှာ အသက်ရှင်နေတဲ့ မာစတာ တွေက တစ်ထောင်တောင် မပြည့်ဘူး..။ အန္တာတိက တိုက်ပွဲပြီးရင် ဘယ်လောက်အထိ ရှိလာမလဲ..။ .ဒီထက် အများကြီး ပိုလာလိမ့်မယ်လို့.ငါ လောင်းကြေးထပ်ရဲတယ်.။ သူတော်စင် အသစ်တွေရော ဘယ်လောက်တောင် ထွက်ပေါ်လာဦးမလဲ..။ အရာအားလုံးက ပြောင်းလဲတော့မှာ ဆန်နီ..။ နင်က အဲ့ဒီ အပြောင်းအလဲရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်မလား.. ဒါမှမဟုတ် နောက်မှာ ကျန်ရစ်ခဲ့မလား ဆိုတာပဲ..”

ဆန်နီ ဟာ သူမရဲ့ မျက်နှာကို ခနလောက် အကဲခတ်နေပြီးမှ ပုခုံးတွန့်လိုက်တယ်..။ ယင်းနောက် သူက တည်ငြိမ်တဲ့ အသံနဲ့ မေးလိုက်ပါတယ်..။

“ကြီးမြတ်တဲ့ ကလန်တွေက တခြားနေရာတွေကို အာရုံစိုက်နေတုန်းမှာ.. အစ်မက ဒီ ဗရမ်းဗတာအခြေအနေကြားထဲကနေ သူတော်စင် တစ်ယောက် ဖြစ်လာဖို့ မျှော်လင့်နေတာလား..”

မာစတာ ဂျက် က သက်ပြင်းချလိုက်ပြီး ခေါင်းကို ဖြည်းဖြည်းချင်း ခါပြလိုက်ပါတယ်..။

“မဟုတ်ဘူး.. အဲ့လိုတော့ မဟုတ်ဘူးပေါ့..။ အထွတ်အထိပ်အဆင့် ကို ရောက်ဖို့ ခက်ခဲနေတာက သူတို့ရဲ့ တားဆီးမူတွေကြောင့်ပဲလို့ ထင်နေရင်တော့ နင် မှားသွားပြီ..။တကယ်လို့ နင်က သူတော်စင် တစ်ယောက် ဖြစ်လာတယ် ဆိုရင်တောင်မှ.. သူတို့က နင့်ကို ပျောက်ကွယ်သွားအောင် လုပ်နိုင်ကြသေးတယ်။..ဒီလိုလည်း လုပ်ကြမှာပဲ..။ ပြီးတော့ တတိယ အိပ်မက်ဆိုး ထဲကို ဝင်ဖို့ဆိုတာက စိတ်လှုပ်ရှားမှု တစ်ခုတည်းနဲ့ လုပ်လို့ရတဲ့ အရာ မဟုတ်ဘူး.။ နင် အဲ့ထဲမှာ အသက်ရှင်ချင်တယ်ဆိုရင် နှစ်ပေါင်းများစွာ ပြင်ဆင်မှုတွေနဲ့ အရင်းအမြစ်တွေ အမြောက်အမြား လိုအပ်တယ်..။ပြီးတော့အင်အားကြီးပြီး စည်းလုံးတဲ့ အဖွဲ့တစ်ခု ရှိဖို့လည်း လိုအပ်သေးတယ်..။ ကြုံရာ မျိုးစေ့

တစ်ခုထဲကို ခုန်ဝင်လိုက်တာက ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ အတူတူပဲ..”

ဆန်နီ ဟာ ခဏလောက် တိတ်ဆိတ်နေပြီးမှ မျက်မှောင်ကျုတ်လိုက်တယ်..။

“...ဒါနဲ့.. ကြီးမြတ်တဲ့ ကလန်တွေက ဒီအခြေအနေမှာ ဘာတွေ လုပ်နေကြတာလဲ..။ညအိမ်တော် ကတော့ ရေတပ်အတွက် သူတို့ရဲ့ လမ်းပြတွေကို ထောက်ပံ့ပေးထားတယ်..။ သူတို့က မြေပြင်တပ်ဖွဲ့တွေမှာရော ပါဝင်ကြမှာလား..။ ဆောင်ကလန် နဲ့ ဗာလာကလန် ကရော ဘယ်လို ပါဝင်ကြမှာလဲ..”

ဝိဥာဉ်ရိတ်သိမ်းသူ က မျက်နှာပျက်သွားပြီး ခေါင်းခါယမ်းလိုက်ပါတယ်..။

“မပါဘူး..။ ကြီးမြတ်တဲ့ ကလန်တွေက မြေပြင်စစ်ဆင်ရေးတွေကနေ ကင်းကင်းရှင်းရှင်း နေနေကြတယ်.. အခုချိန်ထိတော့ပေါ့..။ နောက်ပိုင်းကြရင်တော့ သူတို့ ပါဝင်လာနိုင်ခြေ ရှိပေမဲ့.. လောလောဆယ်တော့ ကလန် သုံးခုလုံးက သူတို့ရဲ့ အင်အားစုတွေကို ထိန်းထားကြတုန်းပဲ..”

သူ့မျက်နှာက နက်မှောင်သွားခဲ့ပြီး..

“ဘာလို့လဲ..။ လူသားတွေရဲ့ အသက်ကို ကာကွယ်ဖို့က သူတို့ တည်ရှိနေရတဲ့ ရည်ရွယ်ချက် မဟုတ်ဘူးလား..”

သူမက သက်ပြင်းချလိုက်တယ်။

“ဟုတ်တယ်..။ သူတို့ ကာကွယ်နေကြတာပဲ..။ ဒါပေမဲ့ အဲ့ဒီအပေါ်မှာ သူတို့ရဲ့ ကိုယ်ပိုင် အတွေးအမြင်တွေ ရှိနေသေးတယ်လေ..”

မာစတာ ဂျက် က ခနလောက် တုံ့ဆိုင်းနေပြီးမှ ထပ်ပြောလိုက်ပါတယ်..။

“ကြီးမြတ်တဲ့ ကလန်တွေက ကမ္ဘာမြေကို စွန့်လွှတ်ထားတာ ကြာပြီ ဆန်နီ..။ လူသားမျိုးနွယ်ရဲ့ အိမ်ဟောင်းကြီး ပြိုကျမသွားအောင် ကာကွယ်ဖို့ ကြိုးစားမယ့်အစား.. အိမ်သစ်တစ်ခု တည်ဆောက်ဖို့အတွက်ပဲ သူတို့က အာရုံစိုက်ထားကြတယ်..။ သူတို့မှာ အိပ်မက်ကမ္ဘာ အတွက် ကြီးမားတဲ့ အစီအစဉ်တွေ ရှိထား ပြီးပြီလေ.."

အပိုင်း ( ၇၅၇ ) ပြီး၏။

အပိုင်း ( ၇၅၈ ) လမ်းဆုံ

ဆန်နီ ဟာ အတွေးပေါင်းများစွာနဲ့ အကယ်ဒမီကနေ ထွက်ခွာလာခဲ့တယ်။

မာစတာ တစ်ယောက်အနေနဲ့ရော.. အဆင့်မြင့် နိုင်ငံသားတစ်ယောက်အနေနဲ့ပါ သူ့မှာ PTV လိုင်စင် ရယူပိုင်ခွင့်ရှိသလို.. အဲ့ဒါကို ဝယ်ယူဖို့အတွက်လည်း လုံလောက်တဲ့ ငွေကြေးရှိပါတယ်..။သို့ပေမဲ့ ဆန်နီ ကတော့ သယ်ယူပို့ဆောင်ရေး ယာဉ်ကို ဘယ်လို ထိန်းချုပ်မောင်းနှင် ရမလဲဆိုတာ လုံးဝ မသိသလို.. သင်ယူဖို့လည်း ပျင်းရိနေခဲ့ပါတယ်။..။ ဒါကြောင့် သူက မြို့ထဲမှာ သွားလာဖို့အတွက် အများသုံး လျှပ်စစ်ရထားတွေကိုသာ ဆက်ပြီး အသုံးပြုနေခဲ့တယ်။

မြောက်ဘက် စတုတ္ထ ဝန်းရံခံ မြို့တော် တစ်ဝိုက်မှာပါ။

ဆန်နီဟာ လူတွေက သူ့ကို တအံ့တဩနဲ့ ဝိုင်းကြည့်နေကြတာကို ဂရုမစိုက်ဘဲ.. ပြတင်းပေါက်ကနေတဆင့် အပြင်ဘက်ကိုသာ ငေးကြည့်နေခဲ့တယ်..။ရထားကတော့ သံလိုက်ကြောင်းအတိုင်း အရှိန်အဟုန်နဲ့ ခရီးဆက်နေခဲ့ပါတယ်။ဒါက ခရိုင်တစ်ခုပြီးတစ်ခုကို မယုံနိုင်စရာ အရှိန်နဲ့ ဖြတ်သန်းနေတာပါ..။

ဒီမြို့က... ဆင်းရဲသားရပ်ကွက်မှာ ရှိနေခဲ့တာ မဟုတ်ဘူးဆိုရင် တကယ့်ကို နေချင်စဖွယ် နေရာတစ်ခုပါပဲ..။ မြေအောက်ထဲအထိ နက်ရှိုင်းစွာ တူးဖော်ထားပြီး.. ကောင်းကင်ယံအထိ မြင့်မားအောင် ဆောက်လုပ်ထားတဲ့ အဆောက်အဦးကြီးတွေ ၊ ဂရပ်ဖင်း အားဖြည့်သတ္တုစပ်တွေနဲ့ပြုလုပ်ထားတဲ့ ဥမင်တွေ.. ၊ ဝေဟင်တံတားတွေနဲ့ အရာအားလုံးက ရှုပ်ထွေးလှတဲ့ ဝင်္ကပါကြီးတစ်ခုလို ချိတ်ဆက်ထားကြတယ်..။ ဟိုနား ဒီနားမှာတော့ စိမ်းလန်းတဲ့ သစ်ပင်တုတွေနဲ့ မြက်ခင်းတွေက အဖြူရောင် ဖြစ်နေတဲ့ မြို့ပြရှုခင်းကို စိမ်း၊ ဝါ၊ လိမ္မော်၊ နီ စတဲ့ အရောင်အသွေး အစုံအလင်နဲ့ ဖြည့်ဆည်းပေးထားပါတယ်..။

ဒီလိုအချိန်မျိုးဆိုရင် ပြင်းထန်တဲ့ နှင်းမုန်တိုင်းတွေ ကျရောက်လေ့ရှိပေမဲ့.. အရာအားလုံးက သန့်ရှင်းတောက်ပနေခဲ့တယ်..။ဒါက ဆင်းရဲသားရပ်ကွက်တွေရဲ့ ညစ်ပတ် မှောင်မိုက်ပြီး. အဆိပ်အတောက်တွေ ပြည့်နှက်နေတဲ့ ပုံစံနဲ့ လုံးဝ မတူပါဘူး..။ ဧရာမ ဖန်သားပြင်ကြီးတွေပေါ်မှာလည်း လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက ကမ္ဘာပေါ်မှာ မရှိတော့တဲ့ ရင်သပ်ရှုမောဖွယ် ရှုခင်းအလှတွေကို ပြသထားပါသေးတယ်။.. နိုင်ငံသားတွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးဖို့ အနုပညာဆန်ဆန် ဖန်တီးထားတဲ့ ဝါဒဖြန့် ပုံရိပ်ယောင်တွေကိုလည်း တွေ့မြင်နေရပါတယ်..။

...အရေးကြီးဆုံးအချက်ကတော့ ဒီမြို့မှာ သက်ရှိတွေနဲ့ ပြည့်နှက်နေတာပါပဲ..။ လူတန်းရှည်ကြီးတွေက လမ်းကူးတံတားတွေပေါ်မှာ ပြည့်ကျပ်နေပြီး.. တစ်ခါတစ်လေမှသာ PTV တစ်စီး ၊ နှစ်စီးလောက် ပေါ်လာတတ်ပါတယ်..။ သန်းပေါင်းများစွာ.. သော လူတွေက ဒီနေရာကို သူတို့ရဲ့ အိမ်အဖြစ် သတ်မှတ်ထားကြခဲ့ကြတယ်..။ ကြီးမားတဲ့ အကာအကွယ် အတားအဆီးတွေ.. လေသန့်စင် စနစ်တွေနဲ့ အင်အားကြီးတဲ့ နိုးထသူ တွေရဲ့ စောင့်ရှောက်မှုအောက်မှာပဲ သူတို့က အသက်ရှင်နေနိုင်ခဲ့ကြတယ်။

အန္တာတိက မှာ ရှိတဲ့ ဒီလိုမျိုး လူသားခိုလှုံရာ နေရာတွေက မကြာခင်မှာ အဆုံးမရှိတဲ့ အိပ်မက်ဆိုး သတ္တဝါတွေရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးကြရတော့မယ်ဆိုတာကို မြင်ယောင်ကြည့်ဖို့က တကယ်ပဲ ထူးဆန်းနေခဲ့တယ်..။

ဂိတ်ပေါက် တစ်ခု မမျှော်လင့်ဘဲ ပွင့်လာတဲ့အခါ ဘယ်လို ထိတ်လန့်တုန်လှုပ်တွေ ..ကမောက်ကမ ဖြစ်မှုတွေ ဖြစ်ပေါ်လာလဲ ဆိုတာ ဆန်နီ ကောင်းကောင်း မြင်ဖူးပါတယ်..။ ဒါပေမဲ့ အဲလို ဘေးအန္တရာယ်မျိုး ရာနဲ့ချီပြီး များပြားလာရင် ဘယ်လိုပုံစံ ဖြစ်သွားမလဲဆိုတာကိုတော့ သူ စိတ်ကူးနဲ့တောင် ပုံဖော်လို့ မရနိုင်ပေ.။ကြက်သွေးရောင် မျှော်စင် အောက်မှာ အိပ်စက်သူ တပ်ဖွဲ့ကြီး ရင်ဆိုင်ခဲ့ရတဲ့ အိပ်မက်ဆိုးသားရဲတွေက အခုလို အေးချမ်းတဲ့ လမ်းမတွေပေါ်မှာ ရုတ်တရက် ပေါ်လာတာမျိုးကိုပဲ သူ မြင်ယောင်ကြည့်နိုင်ပါတယ်..။

ဒါကို တွေးလိုက်မိရုံနဲ့တင် သူ တုန်လှုပ်သွားခဲ့ရတယ်..။

...ဒါပေမဲ့ သူပြောခဲ့တဲ့ စကားတွေကိုတော့ ဆက်ပြီး ဆုပ်ကိုင်ထားဆဲပါပဲ..။

သူက ဒီလူတွေကို ပေးဆပ်ဖို့ ဘာအကြွေးမှ မရှိပါဘူး..။ဒါပေါ့.. တကယ်လို့ သူ့ရှေ့မှာတင် ဂိတ်ပေါက် တစ်ခု ပွင့်လာမယ်ဆိုရင်တော့ ဆန်နီ က အရပ်သားတွေ ထွက်ပြေးဖို့ အချိန်ရအောင် တိုက်ခိုက်ပေးမှာပါ..။ ဒါက လူသားတစ်ယောက်ရဲ့ သဘာဝပဲ မဟုတ်ဘူးလား..။ ဒါပေမဲ့ သူက အနှစ်သာရမရှိတဲ့ တာဝန်ဝတ္တရားတွေအတွက်နဲ့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတဲ့အထိတော့ ရူးမိုက်မှာ မဟုတ်ပေ..။ သူ အကူအညီ လိုအပ်နေတုန်းက ဘယ်သူတွေက ကူညီပေးခဲ့ကြလို့လဲ..။ သူက လူသားမျိုးနွယ်ကြောင့် ရှင်သန်နေတာ မဟုတ်ဘဲ.. လူသားမျိုးနွယ်ကြားထဲကနေ ရုန်းကန်ရင်း ရှင်သန်နေရတာပါ..။

ဒါကြောင့် သူက ကိုယ့်ကိုယ်ကိုယ်ပဲ အမြဲတမ်း ဦးစားပေးနေဦးမှာပါပဲ..။

ဒါပေါ့..

မာစတာ ဂျက် ရဲ့ စကားတွေကြောင့် သူ့နှလုံးသားထဲမှာ သံသယ မျိုးစေ့လေးတစ်ခု ကျန်မနေခဲ့ဘူးလို့ ပြောရင် ဆန်နီ လိမ်ရာကျပါလိမ့်မယ်..။ အန္တာတိက စစ်ဆင်ရေးက ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ တူတဲ့ အရာတစ်ခုလို့ ထင်ရပေမဲ့ သူမပြောတာ အမှန်ပါပဲ..။ အဲ့ဒီ အခက်အခဲတွေကို ကျော်လွှားနိုင်တဲ့သူတွေက ပိုပြီး အင်အားကြီးလာကြမှာပါ..။

ဆန်နီဟာ မကြာခင် တောင်ဘက်စတုတ္ထ ပတ်လမ်း ကို လွှမ်းမိုးတော့မယ့် အိပ်စက်မူအဆင့် နဲ့ နိုးထမူ အဆင့် သားရဲအုပ်ကြီးတွေဆီကနေ အရိပ်အပိုင်းအစတွေ မရနိုင်ပေမဲ့.. ဝိဥာဥ် အမြုတေနဲ့ မှတ်သားမူ တွေ.. ထပ်တူညီမူတွေတော့ အများကြီး စုဆောင်းနိုင်ပါသေးတယ်..။ အန္တာတိက မှာ ကျဆုံးမူ အဆင့် အိပ်မက်ဆိုး သတ္တဝါတွေလည်း အမြောက်အမြား ရှိနေမှာ သေချာပါတယ်..။

...ဒါပေမဲ့ အစိုးရအနေနဲ့ အဲ့ဒီမှာ ဘာဖြစ်လာမယ်ဆိုတာကို တိတိကျကျ ခန့်မှန်းနိုင်စွမ်း ရှိတယ်ဆိုတာ သူ မယုံကြည်ပါဘူး..။ သူတို့က ဆက်တိုက်ဖြစ်ပေါ်လာမယ့် အချက်ပေးမူတွေ အတွင်းမှာ အဆင့်နိမ့် ဂိတ်ပေါက် တွေပဲ ပွင့်လာမယ်လို့ ထင်နေကြပေမဲ့.. အဲ့ဒီ ခန့်မှန်းချက်က မှန်ကန်နိုင်ရဲ့လား..။ အဆင့် (၅) ဂိတ်ပေါက် တစ်ခု ထပ်ပြီး ပွင့်မလာဘူးလို့ ဘယ်သူက အတိအကျ ပြောနိုင်လို့လဲ...။

ပြီးခဲ့တဲ့တစ်ကြိမ် အဲ့လို ဖြစ်ခဲ့တုန်းကဆိုရင် အင်မော်တယ် မီးတောက် နဲ့ ကောင်းကင်အပြုံး တို့လို ပုဂ္ဂိုလ်တွေတောင် တိုက်ပွဲမှာ ကျဆုံးခဲ့ကြရတာပါ..။ ဆန်နီ ကရော သူတို့ထက် ပိုပြီး စွမ်းဆောင်နိုင်မယ်လို့ အာမခံနိုင်လို့လား..။ မဟုတ်ဘူး.. သူ လုံးဝ ဒီလို အာမခံချက် မပေးနိုင်ပါဘူး..။

နောက်ဆုံးမှာတော့ အရာအားလုံးက မနက်ဖြန်ဆောင်ရွက်မယ့် ညှိနှိုင်းမှုတွေအပေါ်မှာ မူတည်နေတဲ့ ရိုးရှင်းတဲ့ ရွေးချယ်မှုတစ်ခုသာ ဖြစ်လာခဲ့တယ်။

တကယ်လို့ အရာအားလုံး အဆင်ပြေသွားမယ်ဆိုရင် ဆန်နီ က အိပ်မက်ကမ္ဘာ ထဲကို ဝင်ရောက်နိုင်တဲ့ အခွင့်အရေး ပြန်ရပါလိမ့်မယ်..။ အဲ့ဒီမှာသာ ဆိုရင် သူက အန္တာတိက စစ်ဆင်ရေးထက် အန္တရာယ် ပိုနည်းပြီး ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေကို ရယူနိုင်မှာပါ..။

ထပ်ပြောရရင်.. သူက ဂုဏ်သိက္ခာကြီးမားတဲ့ ဗာလာ ကလန်ကိုတောင် သစ္စာခံလိုက်လို့ ရပါသေးတယ်..။ အခုဆို သူ့မှာ အကျိုးအမြတ် များပြားတဲ့ သဘောတူညီမှုတစ်ခုကို ညှိနှိုင်းဖို့ လုံလောက်တဲ့ အနေအထားမျိုး ရှိနေပါပြီ..။တကယ်လို့ ဗာလာကလန် ရဲ့ လေ့ကျင့်ပေးမှုတွေ.. ထောက်ပံ့မှုတွေနဲ့ အရင်းအမြစ်တွေရှိရင် တိုက်တန် တစ်ယောက် ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်တဲ့ အရာ မဟုတ်တော့ပေ။

ဒါဆိုရင် သူနဲ့ အထွတ်အထိပ်အဆင့် ကြားမှာ ရှိနေတဲ့ အတားအဆီးကလည်း ချက်ချင်း ပျောက်ကွယ်သွားမှာပါ..။ အဲ့ဒီအစား သူက တတိယ အိပ်မက်ဆိုး ကို အောင်မြင်အောင် ကြိုးစားဖို့အတွက် အကောင်းဆုံး အခြေအနေဆီကိုတောင် ရောက်သွားပါလိမ့်မယ်..။

သူက မှော်ပညာနဲ့ ပတ်သက်တဲ့ နားလည်မှုကိုလည်း အကြီးအကျယ် မြှင့်တင်နိုင်ပါလိမ့်မယ်..။ ဗာလာ ကလန်က အံ့ဩစရာကောင်းတဲ့ မှတ်သားမူ တွေကို ဖန်တီးတဲ့နေရာမှာ ကျော်ကြားတာ မဟုတ်ဘူးလား.။ ညဘုရားကျောင်းမှာ တုန်းကလည်း ကြီးမြတ်တဲ့ ကလန် ရဲ့ ကိုယ်စားလှယ်တွေက ရူးနစ် မှော်စွမ်းအား ကို ဘယ်လောက်အထိ ကျွမ်းကျင်စွာ အသုံးပြုနိုင်လဲဆိုတာ သူ မြင်ခဲ့ပြီးသားပါ..။ သူတို့ဆီမှာ ရှိတဲ့ အသိပညာတွေက တကယ်ကို အများကြီးပါပဲ..။ဆန်နီအနေနဲ့ သူတို့ဆီကနေ သင်ယူစရာတွေ အများကြီး ရှိနေပါတယ်..။

ကြီးမြတ်တဲ့ ကလန်တွေက ကမ္ဘာမြေကို စွန့်ခွာပြီး အိပ်မက်ကမ္ဘာ ဘက်ကို အခြေချဖို့ ပြင်ဆင်နေကြတယ် ဆိုတဲ့ အချက်နဲ့ ပတ်သက်ရင်တော့....

သူတို့က ဘာများ မှားနေလို့လဲ..

ဆန်နီ ကတော့ အမှောင်မြို့တော် ရဲ့ ပျက်စီးနေတဲ့ ဘုရားကျောင်းကြီးထဲမှာ အယ်ဖီ နဲ့ ပြောခဲ့တဲ့ စကားတွေကို မှတ်မိနေတုန်းပါပဲ..။ သူမကလည်း နိုးထခြင်း ကမ္ဘာကြီးက သေဆုံးနေပြီဖြစ်ပြီး အိပ်မက်ကမ္ဘာ ကသာ လူသားမျိုးနွယ်ရဲ့ ကယ်တင်ရှင် ဖြစ်လာနိုင်တယ်လို့ ယုံကြည်နေခဲ့တာပါ..။ သူမရဲ့ အယူအဆက... ကြောက်စရာ ကောင်းပေမဲ့ လက်ခံချင်စရာလည်း ကောင်းနေခဲ့တယ်..။

ဘာပဲဖြစ်ဖြစ်.. တကယ်လို့ တစ်ခုခု လွဲချော်သွားမယ်ဆိုရင်တောင် သူက ဗာလာ ကလန်ကို အချိန်မရွေး စွန့်ခွာသွားလို့ ရတာပဲ မလား..။ သစ္စာခံမူ ဆိုတာက ဆန်နီအတွက်တော့ ဘာအဓိပ္ပာယ်မှ မရှိပါဘူး..။ ဂုဏ်သိက္ခာ ဆိုတဲ့ စကားလုံးကို မုန်းတီးတဲ့သူတစ်ယောက်အနေနဲ့.. သူ့အတွက်သာ အကျိုးရှိမယ်ဆိုရင် သူပေးထားတဲ့ ဘယ်ကတိကိုမဆို သစ္စာဖောက်ဖို့ အမြဲတမ်း အဆင်သင့်ရှိပါတယ်။

ကြီးမြတ်တဲ့ ကလန်တစ်ခုကို စွန့်ခွာဖို့ဆိုတာ မလွယ်ကူလောက်ပေမဲ့.. အဲ့ဒီအချိန်ကျရင်တော့ သူက ဒါကို စီမံနိုင်လောက်အောင် အင်အားကြီးနေမှာပါ..။

...ဒါကြောင့် တကယ်လို့ ညှိနှိုင်းမှုတွေ အဆင်ပြေခဲ့ရင် မာစတာ ဂျက် နောက်ကိုလိုက်ပြီး အန္တာတိက ကို သွားရမယ့် မိုက်မဲတဲ့ လုပ်ရပ်မျိုးကို လုပ်စရာ အကြောင်း မရှိတော့ပါဘူး..။

သို့ပေမဲ့ တကယ်လို့ ညှိနှိုင်းမှုတွေက မအောင်မြင်ခဲ့ဘူးဆိုရင်တော့ အဲ့ဒါက သူ့ရဲ့ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်လာပါလိမ့်မယ်..။

ဒါကြောင့်လည်း ဆန်နီ က ဝိဥာဉ်ရိတ်သိမ်းသူ ကို သေချာ အဖြေပြန်မပေးခဲ့တာပါ။..။ သူမကလည်း အတင်းအကြပ် အဖြေတောင်း မနေခဲ့ပေ..။ မာစတာ ဂျက် က သူမရဲ့ ကမ်းလှမ်းချက်ကို သေချာ စဉ်းစားဖို့နဲ့ နောက်ထပ် နှစ်လအတွင်းမှာ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြောပေးဖို့ပဲ ပြောခဲ့တာပါ..။

ရထားက သူနေထိုင်ရာ တဲရပ်စ် ခရိုင် နားကိုချဉ်းကပ်လာတဲ့အခါမှာတော့ ဆန်နီ သက်ပြင်းချလိုက်ပြီး ထွက်ပေါက်ဆီကို လျှောက်သွားလိုက်တယ်..။

'ချီး...တကယ်ကို ခေါင်းကိုက်စရာပဲ..။ ဘာလို့ ဒါတွေ အားလုံးက ငါ့ရဲ့ စာသင်ရတဲ့ ပထမ နေ့မှာပဲ ဖြစ်လာရတာလဲ..။ တစ်ရက်တည်းမှာတင် စိတ်လှုပ်ရှားစရာတွေ အတော် များနေပြီ!'

ပိုဆိုးတာကတော့ မနက်ဖြန်ကျရင် ဒီထက်တောင် ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းဦးမယ် ဆိုတာပါပဲ.. ။

အပိုင်း ( ၇၅၈ ) ပြီး၏။

အပိုင်း ( ၇၅၉ ) တိုးတက်မူ အသစ်များ

ဆန်နီ ဟာ ရထားဘူတာကနေ အိမ်ကို လမ်းလျှောက်ရင်း ဆက်လက် စဥ်းစားနေခဲ့တယ်..။ အိမ်ကို ရောက်တဲ့အချိန်မှာတော့ တံခါးပိတ်ပြီး ဧည့်ခန်းထဲမှာ ထိုင်ချလိုက်ကာ နံရံကို

ခနလောက် ငေးကြည့်နေခဲ့ပါတယ်..။

'ဒါက မကောင်းဘူး..'

မနက်ဖြန် ဗာလာ ရဲ့ ကိုယ်စားလှယ်နဲ့ တွေ့ဆုံဖို့အတွက် အခုချိန်ကတည်းက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရမှာပါ..။ အန္တာတိက ကိစ္စ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဒီညှိနှိုင်းမှုတွေက သူ့ဘဝရဲ့ လမ်းကြောင်းကို ဆုံးဖြတ်ပေးပါလိမ့်မယ်..။ဒါက.. သူ အသက်ရှင်မှာလား၊ သေမှာလားဆိုတာကိုပါ အဆုံးအဖြတ် ပေးနိုင်စွမ်း ရှိနေခဲ့ပါတယ်..။

မကြာခင် ကျရောက်တော့မယ့် ကပ်ဘေးအကြောင်း ရုတ်တရက် သိလိုက်ရတာကလည်း သူ့ကို စိတ်တွေ ထွေပြားသွားစေခဲ့တယ်။ဒါက လက်တလော ပြဿနာကို အာရုံစိုက်ဖို့ ခက်ခဲသွားစေပါတယ်..။

ဗာလာ ရဲ့ တမန်တော်ကို ရင်ဆိုင်ရတာက... သိမ်မွေ့တဲ့ ကကွက်တစ်ခု ကရသလိုပါပဲ..။ ဆန်နီ အတွက် အထောက်အကူဖြစ်စေတဲ့ အချက်ကတော့ သူက မော်ဒရက် ကို လွှတ်ပေးဖို့ ဘယ်တုန်းကမှ ရည်ရွယ်ချက် မရှိခဲ့တာပါပဲ..။ ဒါပေမဲ့ သူ့မှာ လုံးဝ အပြစ်ကင်းစင်နေတာမျိုးလည်း မဟုတ်ပေ..။ ဘာပဲဖြစ်ဖြစ် သူက ဝဲလ်သီ နဲ့ ပီးယားစ် တို့ကို ဆန့်ကျင် တိုက်ခိုက်ခဲ့သလို.. ကြီးမြတ်တဲ့ ကလန် ရဲ့ နာမည်ကျော် သူရဲကောင်း နှစ်ယောက်ထဲက တစ်ယောက်ကိုလည်း ကိုယ်တိုင် သတ်ဖြတ်ခဲ့တာပါ..။

မော်ဒရက် က သူ့နောက်ကနေ အိပ်မက်ဆိုး ထဲအထိ လိုက်လာပြီး တက်ရောက်သူ အဆင့် ရောက်သွားခဲ့တာကိုလည်း ထည့်မတွက်လို့ မရပါဘူး..။

ဆန်နီမှာ ဖုံးကွယ်ထားရမယ့် အရာတွေ အများကြီး ရှိနေခဲ့တယ်..။ ဒါပေမဲ့ သူက လိမ်ညာပြောလို့မရပါဘူး..။သူ့ရဲ့ အဖြေတွေကို လှည့်ပတ်ပြီး အမှန်တရားကို ကွေ့ဝိုက်ပြောဆိုနိုင်စွမ်းအပေါ် ယုံကြည်မှုရှိပေမဲ့.. ညှိနှိုင်းမှုတွေက ဘယ်အချိန်မှာမဆို လမ်းကြောင်းလွဲသွားနိုင်ပါတယ်..။

'ထားလိုက်တော့..။ ငါ့လို နိုးထသူ တစ်ယောက်က ဗာလာ ရဲ့ နာမည်ကျော် သူရဲကောင်း တစ်ယောက်ကို သတ်နိုင်ခဲ့တယ်ဆိုတာ ဘယ်သူက ယုံမှာလဲ..'

အခုတော့ ဆန်နီ ကိုယ်တိုင်က မာစတာ တစ်ယောက် ဖြစ်နေပြီမို့ အားနည်းချင်ယောင်ဆောင်ဖို့ အတော်လေး ခက်ခဲသွားခဲ့ပါပြီ..။သို့ပေမဲ့ သူရင်းနှီးတဲ့ သူငယ်ချင်းတွေကလွဲရင် သူ ဘယ်လောက်အထိ အစွမ်းထက်တယ်ဆိုတာကို ဘယ်သူမှ မသိကြပါဘူး..။ ဒါကလည်း သူ့အတွက် အားသာချက်တစ်ခု ဖြစ်နေနိုင်ပါတယ်..။

'အရာအားလုံးက ရောက်လာမယ့် တမန်တော်အပေါ်မှာပဲ မူတည်တယ်.. ။သူတို့ ဘယ်လို ပြုမူကြမလဲဆိုတာပဲ..'

တကယ်လို့ ဗာလာကလန် က မောက်မာဝင့်ကြွားတဲ့သူမျိုးကို လွှတ်လိုက်မယ်ဆိုရင်တော့ ဆန်နီ က သူတို့ကို ကစားပွဲထဲမှာ လှည့်ပတ်ကစားနိုင်မှာပါ..။ သူက မောက်မာတဲ့သူတွေကို ကိုင်တွယ်တဲ့နေရာမှာ အတွေ့အကြုံ အများကြီး ရှိထားပြီးပါပြီ..။

ဒါပေမဲ့ တကယ်လို့ သူတို့က ထက်မြက်တဲ့သူတစ်ယောက်ကို လွှတ်လိုက်မယ်ဆိုရင်တော့... အဲ့ဒါက ပြဿနာဖြစ်နိုင်ပါတယ်..။

ဆန်နီ ဟာ သူ့ရဲ့ အရိပ်ကို စိုက်ကြည့်နေရင်း သက်ပြင်းချကာ မတ်တပ်ထရပ်လိုက်တယ်..။

မနက်ဖြန် အရာအားလုံး အဆင်ပြေပြေ ပြီးဆုံးသွားဖို့ သူ တကယ် မျှော်လင့်နေခဲ့တာပါ။ဒါပေမဲ့ ကြိုတင်ပြင်ဆင်ထားတာက အကောင်းဆုံးပါပဲ.။ အဆိုးဆုံး အခြေအနေတွေ ရောက်လာရင်တော့ သူက မီးစောင့်ရှောက်သူ တွေနဲ့အတူ အိပ်မက်ကမ္ဘာ ထဲမှာ ခဏလောက် သွားပြီး ပုန်းနေရပါလိမ့်မယ်..။ ဒါကြောင့်... သားရဲအသားတွေပဲ စားရတဲ့ ငြီးငွေ့စရာကောင်းတဲ့ စားသောက်မှုပုံစံဆီ ပြန်မသွားချင်ဘူးဆိုရင်တော့ အချို့အရာတွေကို ပြင်ဆင်ထားတာ ပိုကောင်းပါလိမ့်မယ်။

ချက်ချင်းဆိုသလိုပဲ သူ့ရှေ့မှာ ကြီးမားတဲ့ သတ္တုသေတ္တာကြီး တစ်လုံး ပေါ်လာခဲ့ပါတယ်..။ ယင်းနောက် လေးလံတဲ့ အဖုံးက ပွင့်သွားပြီး ကြီးမားတဲ့ တြိဂံပုံ အစွယ်တန်းကြီးတွေကို မြင်တွေ့လိုက်ရပါတယ်..။

...တပ်မက်ခြင်း သတ္တော ကလည်း ဒုတိယ အိပ်မက်ဆိုး ပြီးနောက်မှာ ပြောင်းလဲသွားခဲ့ပါပြီ..။

[ လှည့်စားတတ်သော သေတ္တာ ] မှော်အစွမ်းက သူ့ကို သက်မဲ့အရာဝတ္ထု မှန်သမျှကို အသွင်ပြောင်းလဲစေနိုင်ပေမဲ့ ဆန်နီ့ရဲ့ အမြုတေ ပမာဏအပေါ်မှာ မူတည်ပြီး ကန့်သတ်ချက်တွေရှိပါတယ်..။ အခု သူက တက်ရောက်သူ တစ်ယောက် ဖြစ်လာပြီမို့ သူ့ရဲ့ အမြုတေ ပမာဏက အဆမတန် တိုးလာခဲ့ပါပြီ..။ ဒါကြောင့် ရွေးချယ်စရာတွေ အများကြီး ရှိလာတယ်..။

ပြီးခဲ့တဲ့ ခြောက်လအတွင်း ဆန်နီ ဟာ သေတ္တာရဲ့ ပုံစံကို အမျိုးမျိုး စမ်းသပ်ကြည့်ခဲ့ပါတယ်..။ သတ္တုစပ်နဲ့ လုပ်ထားတဲ့ လုံခြုံရေးသေတ္တာ အဖြစ်ကနေ သားရေ ဆိုဖာတွေနဲ့ အိပ်စက်တဲ့ သေတ္တာ တွေအထိ ပုံစံမျိုးစုံ ပြောင်းကြည့်ခဲ့တယ်..။တစ်ခါတစ်လေရေခဲသေတ္တာအဖြစ်တောင် ပြောင်းကြည့်ခဲ့ပါသေးတယ်.။သို့ပေမဲ့ ခဏလောက် ပျော်အောင် ကစားပြီးတဲ့နောက်မှာတော့ တစ်ခြားပုံစံတွေ အားလုံးက ဒီ မှတ်သားမူ နဲ့ မကိုက်ညီဘူးဆိုတာကို သူ နားလည်သွားခဲ့ပါတယ်..။

ပစ္စည်းတွေ သိုလှောင်တဲ့ လုပ်ဆောင်ချက် ရှိတဲ့ အရာဝတ္ထုကသာ သူ့အတွက် အကောင်းဆုံးပါပဲ..။ ဒါကြောင့် နောက်ဆုံးမှာတော့ သူက အားဖြည့်သတ္တုစပ်နဲ့ လုပ်ထားတဲ့ ဧရာမ သေတ္တာကြီး တစ်လုံးအဖြစ်ပဲ သတ်မှတ်လိုက်တယ်..။

အခုဆိုရင် တပ်မက်ခြင်း သေတ္တာ က ကြီးထွားလာပြီဖြစ်လို့ [ခြောက်ခြားဖွယ် သေတ္တာ] မှော်အစွမ်းက တကယ့်ကို အန္တရာယ်ရှိလာခဲ့ပါပြီ..။ အရင်က ဒီသေတ္တာလေးက လက်ချောင်း အနည်းငယ်ကိုပဲ ကိုက်ဖြတ်နိုင်တာဆိုရင်.. အခုတော့ လာရောက် ခိုးယူတဲ့သူရဲ့ တစ်ကိုယ်လုံးကိုပါ ဝါးမြိုပစ်နိုင်တဲ့အထိ ဖြစ်နေပါပြီ..။

[ကျယ်ပြန့်သော သေတ္တာ] စွမ်းရည် ကလည်း ပိုပြီး အစွမ်းထက်လာသလို ဘဏ္ဍာတိုက်ရဲ့ သိုလှောင်နိုင်စွမ်းကိုလည်း အဆမတန် မြင့်တက်စေခဲ့ပါတယ်..။ အခုဆိုရင် သူက အခန်းတစ်ခန်းစာလောက် ရှိတဲ့ပစ္စည်းတွေကို သိုလှောင်ထားနိုင်ပါပြီ.။ တစ်ဖက်မှာလည်း [ရွေ့လျားနိုင်သော သတ္တဝါ ] စွမ်းရည်က အများကြီး မပြောင်းလဲပေမဲ့.. သူ့ရဲ့ အရွယ်အစားကြီးမားလာမူကြောင့် သေတ္တာက ပိုပြီး မြန်မြန်ဆန်ဆန် ရွှေ့လျားနိုင်လာခဲ့ပါတယ်..။

...တကယ်တော့ အခုဆိုရင် ဘဏ္ဍာတိုက်က ဆန်နီ အပေါ်ကနေ ထိုင်လိုက်လို့ရတဲ့အထိ ကြီးမားနေပြီဖြစ်လို့ ဒီ မှတ်သားမူ ကို ထူးဆန်းတဲ့ စီးနင်စရာ အဖြစ်တောင် အသုံးပြုလို့ ရနေပါပြီ..။ဒီအချက်မှာတော့ ဆန်နီ အနက်ရောက် တာဝါအထိ စီးနင်းသွားခဲ့တဲ့ ဟန်ဆောင်တတ်သော လိမ်ညာသူ နဲ့ သိပ်မကွာ တော့ပါဘူး။

ဒီလို အတွေ့အကြုံမျိုးကိုတော့ သူ ထပ်ပြီး မခံစားချင်တော့တာတော့ အမှန်ပါပဲ!

စီးနင်းတဲ့ အကြောင်း ပြောမယ်ဆိုရင်...

ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာ ဆန်နီ ကို တကယ်ပဲ စိတ်ပျက်စေခဲ့တဲ့ အချက်ကတော့ အိပ်မက်ဆိုး မြင်း ကို ဘယ်လို စီးရမလဲဆိုတာ ကို သင်ယူဖို့ အခွင့်အရေး မရခဲ့တာပါပဲ..။ သူက သီးသန့် သားရေထည်ဆိုင် တစ်ခုကနေ အထူးမှာယူထားတဲ့ ကုန်းနှီးကိုတောင် မှာထားခဲပါသေးတယ်။

အဲ့ဒီမှာ အလုပ်လုပ်နေတဲ့ ပညာရှင်တွေက အသွင်မျိုးစုံ ရှိတဲ့ ထပ်တူညီမူ တွေအတွက် ဇက်ကြိုးတွေ၊ ကုန်းနှီးတွေ လုပ်ပေးရတာ အသားကျနေပြီဖြစ်တာကြောငိ့.. ဒီလို ထူးထူးဆန်းဆန်း တောင်းဆိုမှုတွေနဲ့ ရင်းနှီးပြီးသားပခ..။ ချမ်းသာတဲ့ နိုးထသူ တွေမှာပဲ ထပ်တူညီမူ တွေ ရှိတတ်တာမို့ သူတို့ရဲ့ ဈေးနှုန်းတွေကတော့ မသေးငယ်ပါဘူး..။ ဆန်နီ က ရရှိလာတဲ့ ကုန်းနှီးကို မှတ်သားမူ တစ်ခုအဖြစ် ပြောင်းလဲချက်တာကြောင့် အဖိုးတန် ဝိဥာဥ် အမြုတေ တစ်ခုကို စတေးလိုက်တဲ့အခါမှာ ကုန်ကျစရိတ်က ပိုပြီး မြင့်တက်သွားခဲ့ပါတယ်..။

ဒါတောင်မှ အရာအားလုံးက အလကား ဖြစ်နေဆဲပါပဲ..။ ဆန်နီ က အိပ်မက်ကမ္ဘာ ထဲကို သွားလို့ မရသလို.. မြို့ထဲမှာ သွားလာဖို့အတွက် ဒီ ကြောက်မက်ဖွယ်ကောင်းတဲ့ မြင်းကြီးကို ခေါ်ထုတ်ဖို့ကလည်း သိပ်ပြီး အဆင်မပြေပါဘူး..။ သူက မလိုအပ်တဲ့ အာရုံစိုက်မှုတွေကို ဂရုမစိုက်ဘူးဆိုရင်တောင်မှ.. အဲ့ဒီလိုမျိုး မလုပ်နိုင်အောင် တားဆီးထားတဲ့ ဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေက ရှိနေမှာ သေချာပါတယ်..။

...သို့ပေမဲ့ အရာအားလုံးတော့ မဆိုးလှပေ..။

တယ်ရာ တစ်ကောင်အနေနဲ့ အိပ်မက်ဆိုးမှာ တိုင်ရန့် တစ်ကောင်နဲ့ ဆင်တူတဲ့ စွမ်းရည်တစ်ခု ရှိပါတယ်..။ လက်ရှိ အခြေအနေမှာတော့ ဒီမြင်းက ရုပ်ဝတ္ထုပစ္စည်း နောက်လိုက်တွေ..အစား နာမည်နဲ့လိုက်အောင် တကယ့် အိပ်မက်ဆိုးတွေကို စုဆောင်းတာပါ..။ သူ သိမ်းပိုက်ထားတဲ့ အိပ်မက်ဆိုးတွေ များလေလေ၊ သူ့ရဲ့ အင်အားက ပိုကြီးလာလေလေပါပဲ..။ နောက်ဆုံးမှာတော့ ဒီအနက်ရောင် မြင်းကြီးက အိပ်မက်ဆိုး တစ်ထောင်ရှိတဲ့ စစ်တပ်တစ်ခုကို စုစည်းပြီး သူရဲ့ နောက်ဆုံးစွမ်းရည်ဖြစ်တဲ့ [အိပ်မက် ကျိန်စာ] ကို ရယူနိုင်ပါလိမ့်မယ်။

ဆန်နီ ဟာ ဒီလို ပုံရိပ်ယောင်တွေကို ဘယ်မှာ ရှာရမလဲ ဒါမှမဟုတ် ဘယ်လို ဖန်တီးရမလဲဆိုတာ မသိခဲ့ပေမဲ့.. ခြောက်လလောက် အနားယူနေရတဲ့အချိန်မှာတော့ သူ ဒါကို သဘောပေါက်သွားခဲ့ပါပြီ..။

နည်းလမ်း နှစ်မျိုး ရှိနေခဲ့တယ်..။ အိပ်မက်ဆိုး က သူ့ရဲ့ အိပ်မက်နောက်လိုက်တွေကို ဖန်တီးနိုင်သလို.. သူတို့ကို သိမ်းပိုက်လိုက်လို့လည်း ရပါတယ်..။

အိပ်မက်ဆိုးတစ်ခု ဖန်တီးဖို့ဆိုတာက မလွယ်ပါဘူး..။ ပထမဆုံးအနေနဲ့ အနက်ရောင်မြင်းက ရန်သူရဲ့ ဝိဥာဥ်ထဲကို ထိတ်လန့်မှု မျိုးစေ့တစ်ခု ချထားရပါမယ်..။ တကယ်လို့ ရန်သူက ထွက်ပြေးသွားပြီး အဲ့ဒီမျိုးစေ့က အမြစ်တွယ်သွားမယ်ဆိုရင်.. သူတို့က ဒီ ကြောက်မက်ဖွယ် မြင်းကြီးရဲ့ မှတ်ဉာဏ်တွေနဲ့အတူ ခြောက်လှန့်ခံရမှာဖြစ်ပြီး အိပ်မက်ထဲမှာပါ သူ့ကို မြင်နေရမှာပါ..။ သားကောင်ရဲ့ စိတ်ဓာတ်က အားနည်းလေလေ၊ အိပ်မက်ဆိုးက ကြီးထွားလာပြီး ပိုမိုအစွမ်းထက်လာဖို့ အခွင့်အလမ်း ပိုများလေလေပါပဲ..။ ဒါပေမဲ့ သတ္တိရှိတဲ့သူဆိုရင်တော့ အဲ့ဒီမျိုးစေ့က ညှိုးနွမ်းပြီး သေဆုံးသွားပါလိမ့်မယ်..။

နောက်ဆုံး အိပ်မက်ဆိုးက အပြည့်အဝ ပုံပေါ်လာပြီဆိုရင်တော့ မြင်းကြီးက သူ့ရဲ့ [အိပ်မက် လမ်းလျောက်သူ] စွမ်းရည်ကို အသုံးပြုပြီး အဲ့ဒါကို ရိတ်သိမ်းနိုင်ပါလိမ့်မယ်။

ဒုတိယ နည်းလမ်းကလည်း ရှုပ်ထွေးပါတယ်..။ အနက်ရောင် မြင်းကြီးက အင်အားကြီးတဲ့ သက်ရှိတွေရဲ့ အိပ်မက်တွေထဲကို ခရီးသွားပြီး သူတို့ရဲ့ ကိုယ်ပိုင် အိပ်မက်ဆိုးတွေကို သိမ်းပိုက်နိုင်ပါတယ်..။ နိုးထခြင်း ကမ္ဘာမှာဆိုရင် ဒါက တက်ရောက်သူ တွေကို ဆိုလိုတာပါ..။ ဒါပေမဲ့ အဲ့ဒီတာဝန်က မလွယ်ပါဘူး..။ အိပ်စက်နေတဲ့သူက အစွမ်းထက်လေလေ၊ သူတို့ကို ခြောက်လှန့်နေတဲ့ အိပ်မက်ဆိုးတွေက ပိုပြီး အစွမ်းထက်လေလေပါပဲ..။ အဲ့ဒီလို အိပ်မက်ဆိုးမျိုးကို သိမ်းပိုက်ဖို့အတွက် အရိပ် က အိပ်မက်ထဲမှာ တိုက်ပွဲဝင်ပြီး အနိုင်ယူရမှာ ဖြစ်ပါတယ်..။

အိပ်မက်ဆိုး ဟာ အဲ့ဒီလို တိုက်ပွဲတွေကနေ ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ တစ်ကြိမ်ထက်မက ပြန်လာခဲ့ဖူးပါတယ်..။

ဒါတောင်မှ သူက အဲ့ဒီနည်းလမ်းနဲ့ နောက်လိုက်အချို့ကို စုဆောင်းနိုင်ခဲ့ပါသေးတယ်..။ နိုးထခြင်း ကမ္ဘာကို ပြန်ရောက်ကတည်းက ဘယ်သူမှ အစစ်အမှန် ရန်သူတွေနဲ့ မရင်ဆိုင်ကြရတာမို့ လောလောဆယ်တော့ တခြားရွေးချယ်စရာ မရှိပါဘူး..။

...ဆန်နီ ဟာ လိုအပ်တဲ့ ပစ္စည်းအချို့ကို တပ်မက်ခြင်း သေတ္တာ ထဲမှာ သိမ်းဆည်းလိုက်ကာ မှတ်သားမူ ကို ပြန်ရုပ်သိမ်းလိုက်တယ်။သူ့ရဲ့ အရိပ် အတွက် အိပ်မက်ဆိုး တစ်ထောင် စုဆောင်းဖို့ဆိုတာ ကမလွယ်ပါဘူး..။ သူက အနက်ရောင်မြင်း နဲ့အတူ တခြားလူတွေရဲ့ အိပ်မက်ထဲကို လိုက်သွားသင့်တာတောင် ဖြစ်နိုင်ပါတယ်..။ ဒါပေမဲ့ သူ့ကို ခြောက်လှန့်နေတဲ့ အရာတွေကတင် အများကြီး ရှိနေတာ မဟုတ်ဘူးလား..။သူက တခြားလူတွေခံစားနေရတဲ့ ကြောက်ရွံ့မှုတွေကိုပါ ထပ်ပြီး ခံစားနေဖို့ မလိုတော့ပါဘူး..။ပြီးတော့ အိပ်ပျော်နေတဲ့ မာစတာ တွေနားကို ချဉ်းကပ်ဖို့ဆိုတာကလည်း အတော်လေး အန္တရာယ်များပါတယ်...။

အဲ့ဒီအချိန်မှာပဲ သူ့ရဲ့ အရိပ် တစ်ခုက ရင်းနှီးနေတဲ့ ပုံရိပ်တစ်ခု တံခါးဆီ လျှောက်လာတာကို သတိပြုမိလိုက်တယ်..။

ဆန်နီ အချိန်ကို ကြည့်ပြီး ပြုံးလိုက်မိပါတယ်..။

“အိုး.. သူမတောင် ရောက်လာပြီပဲ..။ ငါ့ရဲ့ အချစ်ဆုံး တပည့်လေးက အချိန်တိကျတာကလွဲရင် ဘာမှ မသိဘူးပဲ!”

အပိုင်း ( ၇၅၉ ) ပြီး၏။

All Chapters