← Chapters

အခန်း (၇၆၃-၇၆၅)

Vol. 51 Ch. 763-765

အခန်း (၇၆၃-၇၆၅)

Vol. 51 Ch. 763-765

အပိုင်း ( ၇၆၃ ) အန္တရာယ်ရှိသော မေးခွန်းများ

နာကျင်စရာကောင်းလောက်အောင် ရင်းနှီးနေတဲ့ အဆောက်အဦးတစ်ခုကို ဖြတ်လျှောက်သွားတဲ့အချိန်မှာပဲ ကြီးမြတ်တဲ့ ကလန်နဲ့ ရင်ဆိုင်ရတဲ့ ဒီရှုပ်ထွေးလှတဲ့ ညှိနှိုင်းမှု ကစားပွဲက စတင်နေပြီဆိုတာကို ဆန်နီ သတိပြုမိလိုက်ပါတယ်..။

ဆန်နီ ရဲ့ မျက်နှာက အနည်းငယ် နက်မှောင်သွားခဲ့တယ်။သူက ခနလောက် တုံ့ဆိုင်းနေပြီးမှ အဆောက်အဦးကို လက်ညှိးညွှန်ပြကာ ပြောလိုက်ပါတယ်..။

“ဒါကတော့ အကယ်ဒမီ ရဲ့ ဆေးရုံဝန်း ပဲ..။ ဒီနေရာက လူသားမျိုးနွယ်မှာ ရှိသမျှ အကောင်းဆုံး ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေထဲက တစ်ခုပေါ့..။ ခေတ်မီ နည်းပညာတွေနဲ့ ဆန်းသစ်တဲ့ စပဲလ် နည်းပညာ တွေကို ပေါင်းစပ်ထားသလို.. ကုသရေး စွမ်းရည် ရှိတဲ့ နိုးထသူ အများအပြားကိုလည်း ခန့်ထားတယ်လေ..။ ပြီးတော့ ဒါက အိပ်စက်သူတွေ အိပ်စက်ခြင်း သေတ္တာ တွေထဲကို ဝင်ပြီး အိပ်မက်ကမ္ဘာ ထဲကို ပထမဆုံး စွန့်စားခန်းထွက်ရတဲ့ နေရာလည်း ဖြစ်တယ်..။ ကျွန်တော်ကိုယ်တိုင်လည်း ဒီထဲမှာ တစ်နှစ်နီးပါးလောက် အချိန်ဖြုန်းခဲ့ဖူးတာပဲ..”

သူ ခနလောက် ရပ်လိုက်ပြီးမှ ထပ်ဖြည့်ပြောလိုက်ပါတယ်..။

“ဒီနေရာက ဟောလိုး ဖြစ်သွားတဲ့သူ အများအပြားကို ထားတဲ့နေရာဆိုလည်း မမှားဘူး..”

မော်ဂန် က အဆောက်အဦးရဲ့ သတ္တုစပ် နံရံတွေကို ကြည့်လိုက်တယ်..။ ခနအကြာမှာတော့ သူမက ရုတ်တရက် မေးလိုက်ပါတယ်..။

“ဒါဆို အင်မော်တယ် မီးလျှံ ကလန် ရဲ့ ပြောင်းလဲနေတဲ့ ကြယ်ပွင့် ကိုလည်း ဒီမှာ ထားထားတာပေါ့..”

ဆန်နီ ရဲ့ စိတ်ကပဲ ထင်နေတာလားတော့ မသိပေမဲ့ သူမရဲ့ အသံက ရုတ်တရက် ပိုပြီး စူးရှသွားသလိုပါပဲ..။

သူက မျက်မှောင်ကျုတ်လိုက်ပြီး..

“သူမက ဟောလိုး တစ်ယောက်မဟုတ်ဘူးလေ..။ ဒါပေမဲ့ ဟုတ်တယ်.. ဒီမှာပဲ ထားထားတာ..။အင်း.. ဒါနဲ့ စကားမစပ်... ဒီလို အပိုတွေ ပြောနေတာတွေကို ရပ်လိုက်ကြရအောင်လား..”

မော်ဂန် က သူ့ကို အေးစက်တဲ့ အပြုံးနဲ့ ကြည့်လိုက်တယ်..။

“...ရှင်က ဘာကို ဆိုလိုတာလဲ..”

ဆန်နီ က သူမရဲ့ ခြောက်လှန့်နေတဲ့ အကြည့်ကို မတုန်မလှုပ်ဘဲ ရင်ဆိုင်လိုက်ပါတယ်..။ သူသာ ဆန္ဒရှိရင် သူ့ရဲ့ နက်မှောင်တဲ့ မျက်လုံးတွေကလည်း သူမလိုပဲ အေးစက်ပြီး ဖိနိုပ်နိုင်စွမ်းရှိအောင် ပြုလုပ်ထားနိုင်တာပဲ မဟုတ်ဘူးလား။

တကယ်တော့ သူရဲ့ အနက်ရောင် မျက်ဝန်းအိမ်ထဲမှာ ကြောက်ရွံ့မှု ဒါမှမဟုတ် စိုးရိမ်ပူပန်မှု လုံးဝ မရှိတာက ပိုပြီးတော့တောင် ထိတ်လန့်စရာ ကောင်းနေနိုင်ပါသေးတယ်..။

“မိန်းကလေး က တကယ်ပဲ လည်ပတ်ကြည့်ရှုဖို့ စိတ်ဝင်စားနေတာ မဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်..။ အချိန်တွေ ဖြုန်းမနေကြရအောင်..”

မော်ဂန် က သူ့ကို ခနလောက် စူးစမ်းကြည့်လိုက်ပြီးမှ တခစ်ခစ် ရယ်မောလိုက်တယ်..။

“ရှင့်ဆန္ဒအတိုင်းပေါ့.. မာစတာ ဆန်းလပ်စ်..။ ဒါဆိုရင်တော့ လုပ်ထုံးလုပ်နည်းတွေကို အရင်ဆုံး အပြတ်ရှင်းလိုက်ကြတာပေါ့..”

သူမက သူ့ကို စူးရှတဲ့ အကြည့်နဲ့ စိုက်ကြည့်လိုက်ပြီးမှ မေးလာခဲ့ပါတယ်..။

“ရှင် ညဘုရားကျောင်း ကို ရောက်သွားတာက အဲ့ဒီက အကျဉ်းသားကို လွှတ်ပေးဖို့ ရည်ရွယ်ချက်နဲ့ လာခဲ့တာလား..”

ဗာလာ ရဲ့ သမီးတော်ဆီမှာ ပေးထားတဲ့ အဖြေတွေက အမှန်လား အမှားလား ဆိုတာကို ခွဲခြားနိုင်တဲ့ မှတ်သားမူ တွေ အများကြီး ရှိနေမှာကို ဆန်နီ သိပါတယ်..။ သူ လိမ်ချင်ရင်တောင် လိမ်လို့မရနိုင်ပါဘူး..။

သူက သူမကို မျက်မှောင်ကြီးကျုတ်လိုက်ပြီးအံကြိတ်ကာ ပြောလိုက်တယ်..။

“ဒါပေါ့... ဘယ်ဟုတ်ပါ့မလဲ..။ တကယ်လို့ကျွန်တော်သာ ကြိုသိနေခဲ့ရင် မင်းတို့ရဲ့ အဲ့ဒီ

အမှောင် ခံတပ် နဲ့ ဝေးနိုင်သမျှ ဝေးဝေးမှာပဲ နေမှာပေါ့..။ အဲ့ဒီနေရာက ထောင်တစ်ခု ဖြစ်နေမှန်းတောင် မသိခဲ့ဘူးလေ.. ။အဲ့ဒီ ခွေးသားကို လွှတ်ပေးဖို့ ဆိုတာက အဝေးကြီးပဲ.."

မော်ဂန် က ခနလောက် ငြိမ်နေပြီးမှ ကတ်စီ ဘက်ကို လှည့်လိုက်တယ်..။

“နင်ကရော... ကျဆုံးမူ သံစဥ်..”

မျက်မမြင် မိန်းကလေးရဲ့ မျက်နှာက နက်မှောင်

သွားခဲ့တယ်..။

“ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ကို ရှင် မယုံကြည်တာတော့ လက်ခံပါတယ်။.. ဒါပေမဲ့ အနည်းဆုံးတော့ ကျွန်မတို့ရဲ့ ဉာဏ်ရည်ကိုတော့ မစော်ကားသင့်ဘူးလေ..။ တကယ်လို့ ကျွန်မတို့က အဲ့ဒီ မိစ္ဆာ ကို တကယ်ပဲ လွှတ်ပေးချင်တာဆိုရင် သူ့နဲ့အတူ အဲ့ဒီထောင်ချောက်ထဲမှာ ပိတ်မိမနေဘဲ လွှတ်ပေးနိုင်မယ့် နည်းလမ်းကို ရှာမှာပေါ့..။ ဟုတ်တယ်မလား..။ဆန်နီ ရော ကျွန်မရောက သူတော်စင် တိုင်းရစ် ကြောင့်သာ အဲ့ဒီ ကပ်ဘေးကနေ အသက်ရှင် လွတ်မြောက်လာခဲ့တာ..။ တကယ်လို့ သူမကသာ အနားမှာ မရှိခဲ့ဘူးဆိုရင် ကျွန်မတို့ သေနေလောက်ပြီ.. ဒါမှမဟုတ် အဲ့ဒီထက် ပိုဆိုးတာတွေ ဖြစ်နေလောက်ပြီ..”

မော်ဂန် က ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီးမှ ရုတ်တရက် ပြုံးလိုက်ပါတယ်..။

“ကောင်းပြီလေ..။ကျွန်မ ရှင်တို့ကို ယုံပါတယ်..။ ဒါပေမဲ့လည်း... ရည်ရွယ်ချက် ရှိလို့ပဲဖြစ်ဖြစ် မရှိလို့ပဲဖြစ်ဖြစ် ရှင်တို့ နှစ်ယောက်က ဗာလာ ကလန် ကို ကြီးမားတဲ့ ထိခိုက်မှုတွေ ဖြစ်စေခဲ့တာတော့ အမှန်ပဲလေ..”

ဆန်နီ စိတ်ထဲကနေ သက်ပြင်းချလိုက်တယ်..။

အခုဆိုရင် ညှိနှိုင်းမှုရဲ့ အခက်ခဲဆုံး အပိုင်းကတော့ ပြီးဆုံးသွားပုံရပါပြီ..။ အခုကစပြီး ရှည်လျားပြီး ပင်ပန်းလှတဲ့ အပေးအယူ လုပ်ငန်းစဉ်တွေ စတင်တော့မှာပါ..။ အဆုံးသတ် ရလဒ်က ဘာဖြစ်မလဲဆိုတာကတော့ လုံးဝ မသေချာသေးပါဘူး..။

ဆန်နီ နဲ့ ကတ်စီ တို့က ဖိအားတွေကို ကြံ့ကြံ့ခံရမှာဖြစ်သလို တစ်ဖက်ကလည်း ပြန်ပြီး ဖိအားပေးဖို့ လိုအပ်ပါတယ်..။ သူတို့ရဲ့ ကိုယ်ပိုင် ကံကြမ္မာကို ဆုံးဖြတ်ဖို့တင် မကဘူး.. အဖမ်းခံထားရတဲ့ မီးစောင့်ရှောက်သူတွေ ကို ပြန်လွှတ်ပေးဖို့နဲ့ တခြား အကျိုးရှိမယ့် အချက်တွေကိုပါ ညှိနှိုင်းရမှာ ဖြစ်ပါတယ်..။

ဒါက... လွယ်ကူမှာ မဟုတ်ပါဘူး.. ။အထူးသဖြင့် မော်ဂန် လို လူတစ်ယောက်နဲ့ ရင်ဆိုင်ရတဲ့ အချိန်မျိုးမှာပေါ့..။ အရေးကြီးဆုံး အပိုင်းကတော့ တစ်ဖက်လူ ပြောသမျှ နောက်က လိုက်မနေဘဲ ကိုယ်တိုင်ကပဲ ညှိနှိုင်းသူ တစ်ယောက်ရဲ့ လေသံနဲ့ အရှိန်အဟုန်ကို ထိန်းချုပ်နိုင်တာ သေချာအောင် လုပ်ဖို့လိုပါတယ်..။

သူတို့က ပြန်ပြီး တိုက်စစ် ဖွင့်ရမှာပါ..။

သူက ယုံကြည်မှုရှိတဲ့ အပြုံးတစ်ခုကို အတင်းအကြပ် ဖန်တီးလိုက်တယ်..။

“အဲ့ဒီလို မလုပ်ကြရအောင်လား..။ အပြစ်ဖို့နေရတာက ပျော်စရာကောင်းတာ မှန်ပေမဲ့ ရိုးရိုးသားသား ပြောရရင်... ဗာလာ ကလန် က ကျွန်တော်တို့ကို လိုအပ်နေတာက ကျွန်တော်တို့ ဗာလာ ကလန် ကို လိုအပ်တာထက် ပိုပါတယ်..”

မော်ဂန် က မျက်ခုံးပင့်လိုက်ပြီး..

“ဟုတ်လား..။ ဘာလို့ အဲ့ဒီလို ပြောရတာလဲ..”

ဆန်နီ ပုခုံးတွန့်ပြလိုက်တယ်..။

“ကျွန်တော်တို့က အဲ့ဒီ အရူး ကို လွတ်အောင် ကူညီခဲ့တာ မဟုတ်ဘူး ဆိုပေမဲ့.. သူ့မှာ ကူညီမယ့်သူ မရှိဘူးလို့တော့ မဆိုလိုဘူးလေ..။ ဒါမှမဟုတ် သူက အခု စကားပြောနေတဲ့ အချိန်မှာတောင် အကူအညီ ရှာနေတာလည်း ဖြစ်နိုင်တာပဲ..။ အမှန်တော့ သူက အခုချိန်မှာ မင်းတို့ရဲ့ ရန်သူတွေထဲက တစ်ယောက်ယောက်နဲ့ ကျွန်တော်တို့လိုပဲ ညှိနှိုင်းမှုတွေ လုပ်နေတာတောင် ဖြစ်နိုင်တယ်လေ.။ ဒါပေမဲ့ သူ့မှာတော့ ဒီမျိုးဆက်ရဲ့ ပါရမီ အရှိဆုံး နိုးထသူ ငါးဆယ်ရဲ့ ထောက်ခံမှုမျိုး ရှိမှာ မဟုတ်ဘူးလေ..”

မော်ဂန် ရဲ့ မျက်လုံးတွေက အရင်ကထက် ပိုပြီး အေးစက်သွားတာကြောင့် သူ အနည်းငယ် တုန်ရီ သွားခဲ့တယ်..။

"အင်း.. ကျဆုံးမူ သံစဥ် ကရော ဒါကို ဘယ်လို ထင်လဲ..”

သူမက ကတ်စီ ဘက်ကို လှည့်လိုက်ပေမဲ့ ထူးဆန်းတာက မျက်မမြင် မိန်းကလေးက ဘေးနားမှာ မရှိတော့ပါဘူး..။

ဘယ်အချိန်ကတည်းက ကျန်ခဲ့တာလဲ မသိပေမဲ့ ကတ်စီ က သူတို့ နောက်က မီတာ အနည်းငယ် အကွာမှာ ရပ်နေခဲ့ပြီး ဆေးရုံဝန်း ဆီကိုသာ မျက်နှာမူထားခဲ့တယ်..။

သူမရဲ့ ပုံစံက လူသေတစ်ယောက်လို ဖြူဖျော့နေခဲ့ပါပြီ။

မကောင်းတဲ့ အငွေ့အသက်တစ်ခုက သူ့နှလုံးသားကို ရုတ်တရက် ဖမ်းဆုပ်လာခဲ့တာကြောင့် ဆန်နီ က သူမဆီကို အမြန် လျှောက်သွားလိုက်ပြီး စိုးရိမ်တကြီးနဲ့ မေးလိုက်တယ်..။

“ကတ်စီ.. ဘာဖြစ်လို့လဲ..။တစ်ခုခု ဖြစ်လို့လား..”

မျက်မမြင် မိန်းကလေးက ခနလောက် တိတ်ဆိတ်နေခဲ့တယ်..။ သူမရဲ့ လက်က ရုတ်တရက် လှုပ်ရှားသွားပြီး တိတ်တဆိတ် ကခုန်သူ ရဲ့ လက်ကိုင်ကို ရှာဖို့ ကြိုးစားနေသလိုပါပဲ..။

ယင်းနောက် သူမက ဆေးရုံဘက်ကို မျက်နှာမူထားရင်း ပါးစပ်ကို ဖွင့်လိုက်ကာ တီးတိုး ပြောလာခဲ့တယ်..။

“မီး...”

...နောက်တစ်စက္ကန့်မှာတော့ သူတို့ ခြေထောက်အောက်က မြေပြင်က တုန်ခါသွားခဲ့တယ်...။

အကာအကွယ်တွေ အပြည့်အဝ တပ်ဆင်ထားတဲ့ မြေအောက် အခန်းထဲမှာတော့ အိပ်စက်ခြင်း သေတ္တာ တစ်ခုဟာ အမှောင်ထဲမှာ မှိန်ပြပြ လင်းလက်နေခဲ့တယ်..။

အထဲမှာတော့ ငွေရောင် ဆံပင်တွေနဲ့ အမျိုးသမီးငယ်လေးတစ်ယောက်က ဖြူဖျော့ပြီး မျက်နှာနဲ့ ငြိမ်သက်စွာ အိပ်စက်နေခဲ့ပါတယ်..။

သို့ပေမယ့် သူမရဲ့ မျက်လုံးတွေက မျက်ခွံတွေအောက်မှာ ရုတ်တရက် လှုပ်ရှားလာခဲ့တယ်..။ သူမပုံစံက ထိတ်လန့်စရာကောင်းတဲ့ အိပ်မက်ဆိုး တစ်ခုကို ခံစားနေရသလိုပါပဲ..။ ထူးဆန်းတဲ့ အပူရှိန်တစ်ခုက လေထုထဲမှာ ပြည့်နှက်လာခဲ့တယ်..။

ခနအကြာမှာတော့ တစ်စုံတစ်ခုက လက်ခနဲ ဖြစ်သွားခဲ့ပါတယ်..။

အခန်းတစ်ခုလုံးဟာ ပြင်းထန်လှတဲ့ မီးတောက်မီးလျှံတွေ ကြားထဲကို ချက်ချင်းပဲ ကျရောက်သွားခဲ့တယ်..။

သံမဏိ တံခါးကြီးက ပတ္တာတွေကနေ ပြုတ်ထွက်သွားပြီး လေထဲမှာတင် အရည်ပျော်သွားကာ သတ္တုရည်တွေအဖြစ် လွင့်စင်သွားခဲ့တယ်..။ ခိုင်ခံ့အောင် ပြုလုပ်ထားတဲ့ သတ္တုစပ် နံရံတွေကလည်း အက်ကွဲကုန်ကြတယ်..။ အိပ်စက်ခြင်း သေတ္တာ ကတော့ ပြင်းပြင်းထန်ထန် နဲ့ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားခဲ့ပါတယ်။

ပေါက်ကွဲမှုရဲ့ အရှိန်အဟုန်က အတော် ကြောက်စရာကောင်းလှတာကြောင့် တစ်ထပ်လုံးကို ဖျက်ဆီးပစ်မယ့် ရိုက်ခတ်မှုလှိုင်း တစ်ခုအဖြစ် ဖြတ်သန်းသွားခဲ့ပြီး ကြီးမားတဲ့ ပျက်စီးမှုတွေကို ဖြစ်ပေါ်စေခဲ့တယ်..။ချက်ချင်းဆိုသလိုပဲ ကျယ်လောင်တဲ့ အချက်ပေးသံတွေ မြည်ဟည်းလာပြီး မီးတွေ ပိတ်သွားတဲ့အခါမှာတော့ အရေးပေါ် မီးအိမ်တွေက လင်းလာခဲ့တယ်..။တောက်လောင်နေတဲ့ စင်္ကြံလမ်းတွေကို မှိန်ပြပြ အနီရောင် အလင်းတွေနဲ့ ဖုံးလွှမ်းသွားခဲ့ပါတယ်..။

ဒါပေမဲ့ ဒီ မီးအလင်းရောင်တွေကလည်း ပျံ့နှံ့လာတဲ့ မီးတောက်တွေရဲ့ ပြင်းထန်တဲ့ အလင်းရောင်အောက်မှာ ချက်ချင်းဆိုသလို မှေးမှိန်သွားခဲ့ရတယ်..။

...စက္ကန့်ပိုင်းအတွင်းမှာပဲ ဆေးရုံဝန်း ရဲ့အကာအကွယ် အကောင်းဆုံးဆိုတဲ့ အလွှာဟာလုံးဝကို ပျက်စီးသွားခဲ့ပါပြီ..။

အပိုင်း ( ၇၆၃ ) ပြီး၏။

အပိုင်း ( ၇၆၄ ) မီးလျှံဝိဥာဥ်

ဖြူဖွေးနေတဲ့ မီးတောက် ပင်လယ်ကြီးဟာ ပျက်စီးနေတဲ့ မြေအောက်အလွှာမှာ ပျံ့နှံ့နေခဲ့တယ်..။ဒီ မီးလျှံတွေ က ထိတွေ့သမျှ အရာအားလုံးကို ဆာလောင်စွာ ဝါးမြိုနေခဲ့ပါတယ်..။ အမှောင်ထု ၊ အရေးပေါ်မီးအိမ်တွေရဲ့ အနီရောင်အလင်းတန်းတွေ နဲ့ စူးရှတောက်ပတဲ့ အဖြူရောင် အလင်းတွေဟာ ရောယှက်နေခဲ့ပြီး.. ပျက်စီးခြင်းနဲ့ အုတ်အော်သောင်းနင်း အခြေအနေတစ်ခုကို ဖန်တီးနေခဲ့တယ်..။ ဖုန်မှုန့်တွေနဲ့ မီးခိုးငွေ့တွေကလည်း ပူပြင်းလှတဲ့ လေထုထဲမှာ ပြည့်နှက်နေခဲ့ပါတယ်..။

ခနအကြာမှာတော့ မီးငြှိမ်းသတ်ရေး စနစ်တွေ အလုပ်လုပ်လာခဲ့ပြီး.. တောက်လောင်နေတဲ့ စင်္ကြံလမ်းတွေကို ရေတွေ၊ အမြှုပ်တွေနဲ့ ဖုံးလွှမ်းသွားစေခဲ့တယ်..။ မီးတောက်တွေက အနည်းငယ် နှေးကွေးသွားပေမဲ့ ဆုတ်ခွာမသွားခဲ့ပါဘူး..။ အဲ့ဒီအစား ဆူပွက်နေတဲ့ ရေနွေးငွေ့ တွေက မြေအောက်အလွှာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့တာကြောင့်.. နဂိုကတည်းက ကြည့်ရခက်ခဲ့တဲ့ မြင်ကွင်းကို ပိုပြီးတော့တောင် ဆိုးဝါးသွားစေခဲ့ပါတယ်။

အချက်ပေးသံတွေက ဆက်တိုက် မြည်ဟည်းနေခဲ့ပြီး.. ပေါက်ကွဲမှုဖြစ်ပွားရာနေရာဆီကို အကယ်ဒမီ ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဆင့်ခေါ်နေခဲ့တယ်...။

ဒီ အရာတွေ အားလုံးရဲ့ အလယ်မှာတော့...

တောက်ပတဲ့ ပုံရိပ်တစ်ခုဟာ မျက်စိကျိန်းမတတ် အလင်းရောင်တွေ ဝန်းရံထားပြီး အဖြူရောင် မီးလျှံတွေထဲကနေ ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့ပါတယ်..။ အဲ့ဒီ မီးလျှံဝိဥာဥ် ဒါမှမဟုတ် အဲ့ဒီ သက်ရှိဟာ ဘယ်လိုအရာပဲ ဖြစ်နေပါစေ ဒီကမ္ဘာကြီးပေါ်က အညစ်အကြေးတွေ သက်ရောက်နိုင်ခြင်းမရှိသလို အလွန်လှပပြီး သန့်စင်နေခဲ့တယ်..။ သူမက သွယ်လျတဲ့ အမျိုးသမီးငယ်တစ်ယောက်ရဲ့ ကျော့ရှင်းတဲ့ ပုံသဏ္ဌာန်ရှိပေမဲ့.. တစ်ဖက်မှာလည်း လူသားမဆန်တဲ့ အငွေ့အသက်တွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်..။

မီးတောက်တွေက သူမကို ထိခိုက်မှုမရှိဘဲ ဝန်းရံထားတဲ့အချိန်မှာပဲ..ဒီ သက်ရှိ သတ္တဝါဟာ ဘာတွေ ဖြစ်နေမှန်း မသိသလိုမျိုး ပတ်ဝန်းကျင်ကို ဖြည်းဖြည်းချင်း ကြည့်လိုက်ပါတယ်..။ ယင်းနောက် သူမက ချိနဲ့နေတဲ့ ခြေလှမ်းနဲ့ ရှေ့ကို တစ်လှမ်း လှမ်းလိုက်တယ်..။

အဲ့ဒီအချိန်မှာပဲ ဆေးရုံဝန်း ရဲ့ အလိုအလျောက် စနစ်တွေက နောက်ဆုံးတော့ အလုပ်လုပ်လာခဲ့ပါတယ်..။ အက်ကွဲနေတဲ့ သတ္တုချပ်ပြားတစ်ခုက မျက်နှာကျတ်ကနေ ပြုတ်ကျလာခဲ့ပြီး.. လျှို့ဝှက်အိမ်လေးတစ်ခုထဲကနေ လုံခြုံရေး စက်သေနတ်စင်တစ်ခု ထွက်ပေါ်လာခဲ့တယ်..။

မြင်ကွင်းကတော့ မှုန်ဝါးနေခဲ့ပါတယ်။ပြိုလဲကျနေတဲ့ အခန်းထဲမှာ တပ်ဆင်ထားတဲ့ ကင်မရာတွေနဲ့ အာရုံခံကိရိယာတွေက ပျက်စီးနေကြပြီဆိုပေမယ့်လည်း.. အန္တရာယ်ရှိတဲ့ သက်ရှိ တစ်ဦး ရှိနေတယ်ဆိုတဲ့ အချက်အလက်ကိုတော့ ရယူနိုင်ခဲ့ပါသေးတယ်။ စက်သေနတ်တွေက ပစ်မှတ်ကို ချိန်ရွယ်ဖို့ စက္ကန့်ပိုင်းလောက်သာ အချိန်ယူခဲ့ရတယ်..။

တောက်ပနေတဲ့ ပုံရိပ်က သူမရဲ့ ခေါင်းကို ရုတ်တရက် လှည့်လိုက်ပြီး နားမလည်စွာနဲ့ ပြောင်းဝနှစ်ခုကို စိုက်ကြည့်လိုက်ပါတယ်..။

ခနအကြာမှာတော့ စက်သေနတ်တွေက အသံတွေ ထွက်လာခဲ့ပြီး.. ကျူးကျော်သူဆီကို ရာနဲ့ချီတဲ့ ကျည်ဆန်တွေနဲ့ ပစ်ခတ်လိုက်တယ်..။ ကျည်တစ်တောင့်ချင်းစီက သံချပ်ကာ ကားတစ်စီးကိုတောင် ထိုးဖောက်နိုင်လောက်တဲ့အထိ စွမ်းအားပြင်း လှပါတယ်..။

သို့ပေမဲ့ အဲ့ဒီကျည်ဆန်တွေထဲက တစ်ခုမှ မီးလျှံတွေ ဝန်းရံထားတဲ့ ပုံရိပ်ကို ဒဏ်ရာ မရစေခဲ့ပါဘူး..။

အဖြူရောင် မီးလျှံတွေက ရုတ်တရက် တိုးထွက်လာခဲ့ပြီး.. တောက်ပနေတဲ့ ပုံရိပ်ကို သံချပ်ကာတစ်ခုလို ဖုံးကွယ်ပေးထားခဲ့တယ်..။ကြီးမားတဲ့ကျည်ဆန်တွေက သက်ရှိရဲ့ အသားအရေနဲ့ ထိတွေ့တဲ့ အချိန်မှာ အချည်းနှီးပဲ လွင့်စင်ထွက်သွားခဲ့ကြသလို.. နံရံတွေနဲ့ ထိမှန်တဲ့အခါမှာလည်း အရည်ပျော်ကုန်ကြပါတယ်..။ ဒီသက်ရှိက အနည်းငယ် ယိမ်းယိုင်သွားခဲ့ပြီးမှ လက်တစ်ဖက်ကို အထက်ကို မြှောက်လိုက်တယ်..။

နောက်တစ်စက္ကန့်မှာတော့ မီးတောက်တွေထဲကနေ မီးလျှံစလေးတစ်ခု ခွဲထွက်သွားပြီး.. လေထဲကို ပျံသန်းကာ စက်သေနတ်တွေကို ထိမှန်သွားခဲ့တယ်..။ နောက်ထပ် ပေါက်ကွဲမှုတစ်ခုက အဆောက်အဦးကို တုန်ခါသွားစေခဲ့ပါတယ်..။ စက်သေနတ်စင်က ချက်ချင်းဆိုသလို အစအနတောင် မကျန်အောင် ပျက်စီးသွားခဲ့ပြီး.. သူတို့ကို ဝန်းရံထားတဲ့ မျက်နှာကျတ် အစိတ်အပိုင်းတွေလည်း လုံးဝ ပျောက်ကွယ်သွားခဲ့ကြတယ်။အဲဒီနေရာမှာတော့ အပေါ်က သံ ကွန်ကရစ် အပိုင်းအစတွေသာ ပေါ်ထွက်လာခဲ့ပါတယ်..။

သို့ပေမဲ့လည်း တခြားသော လုံခြုံရေး အစီအမံတွေက စတင် လှုပ်ရှားနေခဲ့ပါပြီ..။

ဒီထက် ပိုပြီးအရေးကြီးတာကတော့ ဆေးရုံကို ကာကွယ်ဖို့ တာဝန်ယူထားတဲ့ နိုးထသူ တွေ ရောက်ရှိလာခဲ့တာပါပဲ..။

အတွေ့အကြုံမြင့်မားတဲ့ စစ်သည်တော် နှစ်ဖွဲ့ဟာ မြေအောက်အလွှာရဲ့ တစ်ဖက်တစ်ချက်ကနေ ပေါ်လာခဲ့ပြီး.. ပေါက်ကွဲမှု ဗဟိုချက်ဆီကို အလျင်အမြန် ချဉ်းကပ်လာခဲ့ကြတယ်..။ အဖွဲ့ဝင်တိုင်းက အစွမ်းထက်လှတဲ့ မှော်စွမ်းအင်

ချပ်ဝတ် တွေကို ဝတ်ဆင်ထားကြပြီး.. အားကောင်းတဲ့ မှတ်သားမူ လက်နက်တွေကို ကိုင်ဆောင်ထားကြပါတယ်..။

တောက်ပတဲ့ ပုံရိပ်က မတုံ့ပြန်နိုင်ခင်မှာပဲ.. ငွေရောင် လှံတို တစ်စင်းက သူမရဲ့ ကျောပြင်ကို ထိမှန်သွားခဲ့တယ်။ဒီလက်နက်က.. မီးပွားတွေအဖြစ် အရည်ပျော်ပြီးပျက်စီးမသွားခင်မှာ.. အသွေးအသားထဲကို နက်နက်ရှိုင်းရှိုင်း တိုးဝင်သွားခဲ့ပါတယ်..။ယင်းနောက် တောက်ပနေတဲ့ သံချပ်ကာ အက်ျီ ကို ဝတ်ဆင်ထားတဲ့ စစ်သည်တော်တစ်ဦးက အနားကို ရောက်လာခဲ့ပြီး.. သူရဲ့ စစ်ပွဲသုံး ပုဆိန် နဲ့ အားပြင်းစွာ ခုတ်ချလိုက်တယ်။

သို့ပေမဲ့ ဒါက ဘာမှ မထူးခြားခဲ့ပါဘူး..။

ငွေရောင် လှံတို ပျောက်ကွယ်သွားပြီး ခနအကြာမှာတော့.. သက်ရှိရဲ့ ကျောပြင်ပေါ်က နက်ရှိုင်းတဲ့ ဒဏ်ရာက အလိုအလျောက် ပြန်စေ့သွားခဲ့တယ်..။သူမက စစ်ပွဲပုဆိန်နဲ့ အခုတ်ခံရမယ့်အစား.. လက်တစ်ဖက်ကို မြှောက်လိုက်ပြီးလခြမ်းပုံသဏ္ဌာန် ဓားသွားကို သူမရဲ့ လက်ဖျံနဲ့ ခုခံလိုက်ပါတယ်..။

အသွားထက်လှတဲ့ ဓားသွားက သက်ရှိရဲ့ အသားအရေကို မထိုးဖောက်နိုင်ခဲ့ပါဘူး..။

ပုဆိန်ကို ကိုင်ထားတဲ့ နိုးထသူ စစ်သည်တော်ရဲ့ ခေါင်းစွပ်အောက်က မျက်နှာဟာ ဖြူဖျော့သွားခဲ့တယ်။

သူက ဒီသက်ရှိရဲ့ တောက်ပနေတဲ့ မျက်နှာကို တစ်ခနလောက် မြင်လိုက်ရတာကြောင့်ပါ။.. သူမရဲ့ မျက်လုံးတွေထဲမှာ လောင်မြိုက်နေတဲ့ ဒေါသနဲ့ ရက်စက်တဲ့ သတ်ဖြတ်လိုစိတ်တွေ

ပြည့်နှက်နေတာကို ခံစားလိုက်ရတယ်..။

တောက်ပတဲ့ ပုံရိပ်က လှုပ်ရှားလာခဲ့ပြီး ဒီလူရဲ့ လည်ပင်းကို ဖမ်းဆုပ်လိုက်ပါတယ်..။ သူရဲ့ အစွမ်းထက်လှတဲ့ မှတ်သားမူ သံချပ်ကာက အရည်ပျော်ကျသွားခဲ့ပြီး.. အထဲက အသားတွေကလည်း မည်းတူးသွားခဲ့တယ်..။ဒီအခြေအနေမှာတော့ စစ်သည်တော်က နာကျင်စွာ အော်ဟစ်လိုက်ရပါတယ်..။

သို့ပေမဲ့ ဒီဒဏ်ရာကြောင့် မသေဆုံးသေးခင်မှာပဲ..သက်ရှိက သူမရဲ့ ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး ရှေ့တိုးလာနေတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဆီကို ပစ်ပေါက်လိုက်ပါတယ်..။

ကျူးကျော်သူကို ရင်ဆိုင်ဖို့ နိုးထသူ ဆယ့်သုံးယောက် ရှိနေခဲ့ပြီး.. တစ်ယောက်ချင်းစီက အတွေ့အကြုံ အပြည့်အဝရှိနေခဲ့ကြတယ်။သူတို့အားလုံးက လက်နက်ကိရိယာ အပြည့်အစုံတပ်ဆင်ထားတဲ့ တိုက်ခိုက်ရေးသမားတွေချည်းပါပဲ..။

သို့ပေမဲ့ ဒီ မီးလျှံပုံရိပ်က အရမ်းကို သန်မာလွန်းနေခဲ့တာပါ..။

သူမက သူတို့ရဲ့ တားဆီးမူတွေကို ပိုးမွှားတွေကို ရှင်းထုတ်နေသလိုမျိုး ဖြတ်ကျော်သွားခဲ့တယ်..။ ဘယ်လို ကျွမ်းကျင်မှု၊ ဘယ်လို အစွမ်းထက်တဲ့ မှတ်သားမူ တွေနဲ့ ဖျက်ဆီးအားပြင်းတဲ့ ဂဏ္ဍစွမ်းရည် တွေကမှ သူမကို မနှေးကွေးစေနိုင်သလို.. ထိခိုက်မှုလည်း မပေးနိုင်ခဲ့ပါဘူး..။ ဒီလို ထိန်းချုပ်လို့ မရတဲ့ ရန်သူနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့ လုံခြုံရေးအဖွဲ့ရဲ့ ပြီးပြည့်စုံတဲ့ ပူးပေါင်းဆောင်ရွက်မှုကတောင် ဘာမှ အရာမထင်ပဲ ဖြစ်နေခဲ့တယ်။

နိုးထသူတွေ လုပ်နိုင်သမျှကတော့ တစ်ဦးနဲ့တစ်ဦး ကာကွယ်ပေးပြီး.. ဒဏ်ရာရနေတဲ့ ရဲဘော်တွေကို ဒီသတ္တဝါ လက်ထဲမှာ မသေဆုံးအောင် ကယ်ထုတ်ဖို့ပဲ ရှိပါတော့တယ်..။ သို့ပေမယ့် သူတို့ရဲ့ ခုခံနိုင်စွမ်းက ကုန်ဆုံးလုနီးပါး ဖြစ်နေခဲ့ပါပြီ..။

မကြာခင်မှာပဲ သူတို့က သေဆုံးကြရတော့မှာပါ..။

ပိုဆိုးတာကတော့ တိုက်ပွဲတစ်ခုလုံးက စက္ကန့်ပိုင်းလောက်သာ ကြာမြင့်ခဲ့တယ်..။ ဒီအချိန်ပမာဏက စစ်ကူတွေ ရောက်လာဖို့အတွက် လုံလောက်တဲ့ အချိန်တစ်ခု မဟုတ်ပါဘူး...။

နိုးထသူတွေ စိတ်ဓာတ်ကျနေတုန်းမှာပဲ.. လျင်မြန်လှတဲ့ အရိပ်တစ်ခုက သူတို့ကြားထဲမှာ ရုတ်တရက် ပေါ်လာခဲ့ပါတယ်..။

ဆန်နီ က အရိပ်တွေထဲကနေ ထွက်လာခဲ့ပြီး

တဟွတ်ဟွတ် ချောင်းဆိုးလိုက်တယ်..။ ပြင်းထန်လှတဲ့ အပူရှိန်၊ မီးခိုးငွေ့တွေနဲ့ ပူပြင်းတဲ့ ရေနွေးငွေ့တွေက သူ့ကို တိုက်ခိုက်နေသလို ခံစားနေခဲ့ရပါတယ်..။ သူက မြေပြင် တုန်ခါသွားတာနဲ့ တစ်ပြိုင်နက် အရိပ်ခြေလှမ်း ကို အသုံးပြုပြီး ဆေးရုံဝန်း ရဲ့ မြေအောက်အလွှာဆီကို အရောက်လာခဲ့တာပါ။..။ထာဝရချိန်း ကို ဆင့်ခေါ်ဖို့ အတွက်ပဲ သူ အချိန်ရခဲ့ပါတယ်..။

မှိန်ပြပြ သံမဏိ ချပ်ဝတ် နဲ့ တခြား မှတ်သားမူ အချို့ ပေါ်ထွက်လာတဲ့အချိန်မှာတော့. သူက ပျက်စီးနေတဲ့ အတွင်းပိုင်း မြင်ကွင်းတွေကို ကြည့်ပြီး တုန်လှုပ်သွားခဲ့တယ်..။

'ဘုရားသခင်တို့...'

သူ ဘာမှ သေချာ မမြင်ရပေမဲ့.. သူ့ရဲ့ အရိပ်အာရုံခံမူ ကတော့ ထိတ်လန့်စရာကောင်းတဲ့ အဖြစ်အပျက်ကို ပြောပြနေခဲ့ပါတယ်..။ ဒီစင်္ကြံလမ်းထဲမှာ ပေါက်ကွဲမှုတွေ တစ်ခုပြီးတစ်ခု ဖြစ်သွားခဲ့သလိုမျိုး နံရံတွေ၊ ကြမ်းပြင်တွေနဲ့ မျက်နှာကျက်တွေ အက်ကွဲနေခဲ့တယ်..။ မီးငြှိမ်းသတ်ရေး စနစ်အချို့ကနေ ရေတွေနဲ့ အမြှုပ်တွေ ထွက်နေပေမဲ့လည်း.. ပတ်ဝန်းကျင် တစ်ခုလုံးမှာ မီးတွေက တောက်လောင်နေဆဲပါပဲ..။

...အဖြူရောင်..။အဖြူရောင် မီးတောက်တွေ..။

ဒဏ်ရာရနေတဲ့ နိုးထသူ လုံခြုံရေးအဖွဲ့နဲ့ သူတို့ကြားမှာ သောင်းကျန်းနေတဲ့ တောက်ပတဲ့ ပုံရိပ်တစ်ခု ကိုလည်း သူ မြင်တွေ့ရပါသေးတယ်..။

ကြည့်ရတာတော့ ဒီ တပ်ဖွဲ့တွေက အကြာကြီး တောင့်ခံနိုင်မှာ မဟုတ်တော့ပါဘူး...။

“နောက်ဆုတ်..နောက်ဆုတ်ကြ..။ငါ ကိုင်တွယ်လိုက်မယ်.”

ထူးကဲသောကျောက်တုံး ရဲ့ [အသံထည်ဝါခြင်း] မှော်စွမ်းအားကြောင့် သူ့ရဲ့ အသံက ပူပြင်းလှတဲ့ မီးလျှံ အမှောင်ထုထဲမှာ ဟိန်းထွက်သွားခဲ့တယ်..။ သူ့ရဲ့ အမိန့်ပေးသံကနေ ထွက်ပေါ်လာတဲ့ အရှိန်အဝါကို မဆန့်ကျင်ရဲတာကြောင့် နိုးထသူတွေဟာ ဒုတိယအကြိမ် ထပ်ပြောတာကိုတောင် စောင့်မနေကြတော့ပေ..။ သူတို့က ဒဏ်ရာရသူတွေကို ဆွဲခေါ်ပြီး တိုက်ပွဲထဲကနေ အမြန် ဆုတ်ခွာသွားခဲ့ကြပါတယ်..။

အဲ့အချိန်မှာပဲ ဆန်နီ က ရှေ့ကို တိုးဝင်သွားလိုက်တယ်..။

သူ့ရဲ့ နှလုံးသားကတော့ ရူးသွပ်မတတ် ခုန်နေခဲ့ပါပြီ..။

'မဖြစ်နိုင်တာ... မဖြစ်နိုင်ဘူး...'

မီးတောက်တွေနဲ့ လေဝင်လေထွက် စနစ် ပျက်စီးသွားတာကြောင့် လေထုထဲမှာ အောက်ဆီဂျင် သိပ်မကျန်တော့ပေ..။ဒါက အသက်ရှူရတာကို အတော်လေး ခက်ခဲနေစေပါတယ်...။

သူ့ရဲ့ ညွှန်ကြားမူကနေတဆင့် အရိပ်တွေက ရုတ်တရက် လှုပ်ရှားလာပြီး မြေပြင်ကနေ အပေါ်ကို တက်လာခဲ့ကြတယ်..။ တောက်ပနေတဲ့ သက်ရှိရဲ့ အသားအရေနဲ့ ထိတွေ့တဲ့အချိန်မှာတော့..ဒီအရိပ်တွေက ပြာမဖြစ်သွားခဲ့ကြပါဘူး..။အဲဒီအစား အရိပ်တွေက သူမရဲ့ ခန္တာကိုယ် ဝန်းကျင်မှာ စုဝေးလာကြပြီး ခိုင်မာလှတဲ့ အနက်ရောင် လှောင်အိမ်တစ်ခု အဖြစ် ပြောင်းလဲသွားခဲ့ကြပါတယ်။

ဒီ ချုပ်နှောင်မူက တစ်စုံတစ်ရာကို ထိန်းချုပ်ထားဖို့အတွက် လုံလောက်အောင် ခိုင်မာပါတယ်...။

အရိပ်လှောင်အိမ်ရဲ့ မျက်နှာပြင်ပေါ်မှာတော့ ဖြူဖွေးတဲ့ အက်ကြောင်းတွေ ချက်ချင်း ပေါ်လာခဲ့ပြီး.. အနက်ရောင် အပိုင်းအစတွေအဖြစ် ပေါက်ကွဲထွက်သွားခဲ့တယ်..။

ဆန်နီ ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့ပါပြီ.။

'ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..။ ဒါက တက်ရောက်မူ အဆင့် လှောင်အိမ်လေ..'

သူက တောက်ပနေတဲ့ သက်ရှိ အနားကို ချဉ်းကပ်သွားလိုက်ပြီး.. အရိပ်မီးအိမ် ကို အသုံးပြုကာ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အလင်းရောင် အားလုံးကို ဝါးမြိုပစ်လိုက်တယ်..။ပြီးတာနဲ့ စင်္ကြံလမ်းတစ်ခုလုံးကို အကြွင်းမဲ့ အမှောင်ထုထဲမှာ နစ်မြုပ်သွားစေခဲ့ပါတယ်..။

တစ်ခနအတွင်းမှာ အရာအားလုံးက အမှောင်အတိ ကျရောက်သွားခဲ့ပါပြီ..။

...ယင်းနောက်မှာတော့.. ဒေါသထွက်နေတဲ့ အဖြူရောင် မျက်လုံးနှစ်လုံးက အမှောင်ထုထဲမှာ လင်းလက်လာခဲ့တယ်..။ ခနအကြာမှာတော့ မျက်စိကျိန်းမတတ် အလင်းရောင်တွေ ဝန်းရံထားတဲ့ အဖြူရောင် ခန္တာကိုယ်ပုံရိပ်တစ်ခုကို ပြန်မြင်လာ ခဲ့ရပြန်ပါတယ်..။ အဲ့ဒီအလင်းရောင်တွေက အမှောင်ထုကို ပြန်လှန် တွန်းထုတ်နေခဲ့ပြီး.. အမှောင်ထုကို အနိုင်ယူတော့မယ့် အခြေအနေမှာ ရှိနေခဲ့တယ်..။

သို့ပေမယ့် ဆန်နီ က ဒီပုံရိပ်ရဲ့ အနားကို ရောက်ရှိနေခဲ့ပါပြီ..။

သူက သူမကို စိတ်ကြိုက် တိုက်ခိုက်လို့ ရပါတယ်..။

သို့ပေမဲ့ သူ ဒီလို မလုပ်ခဲ့ပေ..။

ပူပြင်းလှတဲ့ လက်တစ်ဖက်က ရှေ့ကို ထိုးထွက်လာပြီး သူ့ရဲ့ လည်ပင်းကို ချိန်ရွယ်လာခဲ့တယ်..။ ဆန်နီ က ပြန်တိုက်ခိုက်မယ့်အစား သူမရဲ့ လက်ဖျံကိုသာ ဖမ်းဆုပ်လိုက်ပါတယ်..။

ကြောက်စရာကောင်းတဲ့ ဖိအားနဲ့ အပူရှိန်က သူ့လက်မောင်းပေါ်ကို ကျရောက်လာခဲ့ပြီး. ထာဝရချိန်း ရဲ့ သံမဏိတွေကို လိမ္မော်ရောင်အဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲသွားစေခဲ့တယ်..။

အောက်မှာရှိတဲ့ သူ့ရဲ့ အသားတွေက စတင် လောင်ကျွမ်းနေတာကို သူ ခံစားလိုက်ရပါတယ်..။

သို့ပေမဲ့ သူက တိုက်ခိုက်ဖို့ ငြင်းဆန်နေဆဲပါပဲ..။

အဲ့ဒီအစား ဆန်နီ က သူ့ရဲ့ သံမဏိ ခေါင်းစွပ် ကို ရုပ်သိမ်းလိုက်ပြီး မီးလျှံပုံရိပ်ကို တည့်တည့် စိုက်ကြည့်လိုက်တယ်..။

“တော်တော့ ”

သူ့လက်မောင်းကတော့ နာကျင်စရာကောင်းလှတဲ့ မီးလျှံပင်လယ်ထဲမှာ ရောက်နေခဲ့ပါပြီ..။

ဆန်နီ ဟာ မတုန်လှုပ်ပဲ သူ့ ရှေ့က လှပစွာ တောက်ပနေတဲ့ မျက်နှာကိုသာ ကြည့်နေခဲ့တယ်..။

“တော်လိုက်တော့...ငါပါ..."

ဖြည်းဖြည်းချင်းဆိုသလိုပဲ..တောက်ပနေတဲ့ ပုံရိပ်ရဲ့ အဖြူရောင် မျက်လုံးတွေထဲမှာ မှတ်မိသွားတဲ့ အရိပ်အယောင်လေးတွေ ပေါ်လာခဲ့ပါတယ်..။ သူမရဲ့ ခန္တာကိုယ်ကနေ ဖြာထွက်နေတဲ့ မျက်စိကျိန်းမတတ် အလင်းရောင်တွေကလည်း အနည်းငယ် မှေးမှိန်သွားခဲ့တယ်..။

ဆန်နီ က အံကို ကြိတ်လိုက်ပြီး..

“ပြောင်းလဲနေတဲ့ ကြယ်ပွင့်.."

သူမရဲ့ လက်က တုန်ခါသွားခဲ့တယ်..။ သူမမျက်နှာပေါ်က လူသားမဆန်တဲ့ အငွေ့အသက်တွေကလည်း လျော့နည်းသွားခဲ့ပါပြီ..။

ပုံရိပ်က သူမရဲ့ ပါးစပ်ကို ဖွင့်လိုက်တယ်..။

သူမက အချိန်အတော်ကြာအောင် စကားမပြောပဲ နေခဲ့ရတာကြောင့်..အသံထွက်ပေါ်လာတဲ့ အချိန်မှာ အက်ရှပြီး ထူးဆန်းနေခဲ့ပါတယ်။

“...ဆ...ဆန်နီ လား...."

သူက ဖြူဖျော့တဲ့ အပြုံးတစ်ခုကို ကြိုးစားဖန်တီး လိုက်ပြီး..

“ငါပါ...သတိစိတ် ပြန်ဝင်လိုက်ပါတော့...."

နစ်ဖီ ရဲ့ တောက်ပတဲ့ ပုံရိပ် က တောင့်တင်းသွားခဲ့တယ်..။ ဖြည်းဖြည်းချင်းဆိုသလို ပဲ သူမရဲ့ ခန္တာကိုယ် ပေါ်က အလင်းရောင်တွေ မှေးမှိန်ကာပျောက်ကွယ်သွားခဲ့ပါတယ်..။

မြေအောက်အလွှာကို ဝါးမြိုနေတဲ့ မီးတောက်တွေကလည်း အားနည်းသွားခဲ့တာကြောင့်.. မီးငြှိမ်းသတ်ရေး စနစ်တွေက ငြိမ်းသတ်နိုင်တဲ့ အခြေအနေကို ရောက်သွားခဲ့တယ်..။

သူမက ကိုယ်တိုင် ဖန်တီးထားတဲ့ အပျက်အစီးတွေရဲ့ အလယ်မှာ ကိုယ်လုံးတီးနဲ့ ရပ်နေခဲ့ပါတယ်။.. ပြောင်းလဲနေတဲ့ ကြယ်ပွင့် က ဆန်နီကို ဝေဝါးစွာ စိုက်ကြည့်နေခဲ့တာပါ။

ယင်းနောက် သူမက ရုတ်တရက် ယိမ်းယိုင်ပြီး.. လဲကျသွားခဲ့တယ်..။

ဆန်နီ ဒူးထောက်ပြီး သူမကို အလျင်အမြန် လှမ်းဖမ်းလိုက်ရပါတယ်..။

သူ နစ်ဖီကို ရင်ခွင်ထဲမှာ ပွေ့ထားရင်း အပေါ်ကို မော့ကြည့်လိုက်တဲ့ အချိန်မှာတော့..လုံခြုံရေး အဖွဲ့သားတွေက..အံ့ဩနေတဲ့ မျက်နှာအမူအရာတွေနဲ့ စိုက်ကြည့်နေကြတာကို တွေ့လိုက်ရတယ်..။

သူ့ရဲ့ နှုတ်ခမ်းထောင့်စွန်းက တွန့်ကွေးသွားခဲ့ပြီး..

“...မင်းတို့ ဘာလုပ်နေကြတာလဲ.. အရူးတွေ..။သူမကို ဖုံးပေးဖို့ အမြန် တစ်ခုခု ယူလာခဲ့..။ဒါ ဘယ်သူလဲဆိုတာ မသိကြဘူးလား.."

ယင်းနောက် သူ ခေါင်းခါယမ်းလိုက်တယ်။ သူကိုယ်တိုင်လည်း သူတို့လိုပဲ အံ့ဩနေမိတာကို တော့ ကြိုးစားပြီး ဖုံးကွယ်ထားလိုက်ပါတယ်..။

'ဒါ...ဒါက အင်မော်တယ် မီးတောက်ကလန် ရဲ့ နောက်ဆုံး သမီးတော်ဖြစ်တဲ့..လေဒီ ပြောင်းလဲနေတဲ့ ကြယ်ပွင့် ပါ..။သူမက ပြန်လာခဲ့ပါပြီ..'

အပိုင်း ( ၇၆၄ ) ပြီး၏။

အပိုင်း ( ၇၆၅ ) ဝရုန်းသုန်းကား အခြေအနေ

အံ့ဩသင့်မူ.. စိတ်ရှုပ်ထွေးမူ..ဝမ်းသာမူ. စိတ်သက်သာရာရမူ..ငြိမ်းချမ်းမူ..ကြောက်ရွံ့ထိပ်လန့်မူ..။

ဆန်နီ ဟာ သံချပ်ကာ တံခါးကြီးရှေ့က နားနေဆောင်မှာရှိတဲ့ ကုလားထိုင်တစ်လုံးပေါ်မှာ ထိုင်ရင်း.. ဖြစ်ပျက်ခဲ့တဲ့ အရာတွေကြောင့် အံ့ဩသင့်နေခဲ့ပါတယ်..။အခုက ဘာတွေ ဖြစ်ပျက်နေတာလဲ..။ ရှေ့ဆက်ပြီး ဘာတွေ ဖြစ်လာဦးမှာလဲဆိုတာကို သူ စိတ်ကူးနဲ့တောင် ပုံဖော်လို့ မရတော့ပါဘူး..။

သူ့ရဲ့ စိတ်တွေကတော့ လုံးဝကို ရှုပ်ထွေးနေခဲ့ပါပြီ..။

ဒီနားနေဆောင်က ဆေးရုံဝန်း ရဲ့ တခြားတစ်ထပ်မှာ တည်ရှိတာပါ..။ အခုချိန်မှာတော့ မကြာခင်က ဖြစ်ရပ်တွေကြောင့် ပျက်စီးသွားတဲ့ အလွှာကို ပိတ်ထားခဲ့ကြတယ်..။ မီးတောက်တွေကလည်း ငြိမ်းသွားခဲ့ပါပြီ..။ အကယ်ဒမီ ဝန်ထမ်းအဖွဲ့တွေကတော့ အပျက်အစီးတွေကြားမှာ ရှာဖွေနေကြပြီး.. အဆောက်အဦးရဲ့ တည်ဆောက်ပုံနဲ့ တခြားသော စက်ကိရိယာတွေ ဘယ်လောက်အထိ ထိခိုက်သွားလဲဆိုတာကို တွက်ချက်ဖို့ ကြိုးစားနေခဲ့ကြတယ်..။

ပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့သူတွေနဲ့ လုံခြုံရေးအဖွဲ့ဝင်တွေကိုတော့ အလျင်အမြန် ကုသပေးနေကြပါတယ်..။ ဘယ်သူမှတော့ အသက်အန္တရာယ် မရှိခဲ့ကြပေ..။ ဒါကလည်း ဆန်နီ အချိန်မီ ရောက်သွားခဲ့လို့ပါ..။

အတိအကျ ပြောရရင် ဘာတွေ ဖြစ်ခဲ့တာလဲ..။

ဆန်နီ စဥ်းစားမိတာ တစ်ခုတော့ ရှိနေခဲ့တယ်။

ဆန်နီ နိုးထခဲ့တုန်းကလည်း..သူ့ရဲ့ အသိစိတ်တွေ အပြည့်အဝ မရသေးခင်မှာ သူ့ရဲ့စွမ်းရည်ကို အလိုလျောက် အသက်သွင်းမိတာမျိုး ဖြစ်ခဲ့ဖူးပါတယ်။ရလာဒ်အနေနဲ့ကတော့ သူ အသိစိတ်ပြန်ဝင်လာတဲ့ အချိန်မှာ အိပ်စက်ခြင်း သေတ္တာထဲမှာ မဟုတ်ပဲ ဘေးနားမှာသာ ရပ်လျက်သား ဖြစ်နေခဲ့တာပါ။

အရိပ်ခြေလှမ်း ဆိုတာက တည်နေရာရွှေ့ပြောင်းနိုင်တဲ့ စွမ်းရည် တစ်ခုပါ..။ တကယ်လို့ သူ့မှာသာ တိုက်ရိုက် တိုက်ခိုက်နိုင်တဲ့ စွမ်းရည် ရခဲ့မယ်ဆိုရင် ဘာဖြစ်သွားနိုင်မလဲ..။

ဒါမှမဟုတ် သူက အဲဒီအချိန်မှာ အမြုတေ လေးခုရှိတဲ့ တိုင်ရန့် တစ်ယောက် ဖြစ်နေခဲ့ရင် ဘယ်လိုတွေ ဖြစ်လာမှာလဲ..။

ဒါက နိုးထသူတွေကြားမှာ မကြာခဏ ဖြစ်တတ်တဲ့ အဖြစ်အပျက်မျိုးပါပဲ..။ ဆန်နီ မှတ်မိသလောက်ဆိုရင် ကိုင် လည်း အလားတူ အဖြစ်အပျက်မျိုး ကြုံခဲ့ရဖူးပါတယ်..။ နစ်ဖီ ဆီမှာလည်း ဒီလိုအခြေအနေမျိုး ဖြစ်ပျက်ခဲ့တာပါ။

သူမရဲ့ စွမ်းရည်သစ်ကတော့ ဖျက်ဆီးအား အလွန်ပြင်းထန်တဲ့ စွမ်းရည်မျိုး ဖြစ်နေခဲ့တယ်။ ဒါက အင်မော်တယ် မီးတောက် ကလန် ရဲ့ သမီးတော်ဆီကနေ မျှော်လင့်ထားသင့်တဲ့ စွမ်းရည်မျိုးပါပဲ..။

သူမက မေ့ပျောက်ကုန်းမြေ မှာ တစ်နှစ်လုံး အချိန်ကုန်ဆုံးခဲ့ရပြီး.. နောက်ထပ် နှစ်နှစ်ကြာအောင် အိပ်မက်ကမ္ဘာ ထဲမှာ တစ်ယောက်တည်း လှည့်လည်သွားလာခဲ့ရတာပါ။.. သူမ နိုးထခြင်း ကမ္ဘာကို ပြန်ရောက်လာတဲ့အချိန်မှာ အတော်လေး ဇဝေဇဝါ ဖြစ်နေမှာ အသေအချာပါပဲ..။ သူမရဲ့ စွမ်းရည် ကို အသုံးပြုလိုက်တာကလည်း သူမကို ပြင်းထန်လှတဲ့ နာကျင်မှုတွေကြားမှာ ရောက်သွားစေခဲ့တယ်..။ သူမရဲ့ အားနည်းချက် က အတော်လေး ရက်စက်လွန်းလှပါတယ်။

နစ်ဖီ အနေနဲ့ သူမရဲ့ စိတ်ကို ပြန်ထိန်းနိုင်ခဲ့ရင်တောင်မှ.. စိတ်မကောင်းစရာက ဆေးရုံဝန်း မှာ ရှိနေတဲ့ အလိုအလျောက် တိုက်ခိုက်ရေး စနစ်တွေက အမည်မသိ နိုးထသူ တစ်ယောက်နဲ့ တကယ့်အန္တရာယ်ကို ခွဲခြားနိုင်လောက်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး..။ပြီးတော့ လုံခြုံရေး အဖွဲ့ဝင်တွေတောင် အဲ့ဒီ အချက်ကို သေချာခွဲခြားနိုင်ဖို့ ပျက်ကွက်ခဲ့ကြတာပါ..။

သူတို့ သိလိုက်ကြတာက.. အင်မော်တယ် မီးတောက် ကလန်ရဲ့ အမွေဆက်ခံသူ အိပ်စက်နေတဲ့ အခန်းက ပျက်စီးသွားခဲ့ပြီဖြစ်ပြီး.. မီးတောက်တွေကြားမှာ လူသားမဆန်တဲ့ ပုံရိပ်တစ်ခု ရပ်နေခဲ့တယ် ဆိုတာပါပဲ..။

ဘယ်လိုပဲဖြစ်ဖြစ်.. စက်သေနတ်တွေကနေ နစ်ဖီ ဆီကို ကျည်ဆန်တွေ မိုးရွာသလို ပစ်ခတ်လိုက်တာက.. သူမရဲ့ ရှုပ်ထွေးနေတဲ့ စိတ်ကို တိုက်ခိုက်ရေး အခြေအနေထဲကို ရောက်သွားစေခဲ့ပါတယ်..။ အဲ့ဒီနောက်မှာတော့ သူမ မြင်သမျှ အရာအားလုံးက အန္တရာယ်တွေပဲ ဖြစ်နေခဲ့တော့တာပါ..။

တိုက်ပွဲထဲမှာတော့ ရန်သူကို သတ်ရမယ်.. ရန်သူ့လက်ချက်နဲ့ ကိုယ်မသေအောင် ကာကွယ်ရမယ်..ဆိုတာပဲ ရှိပါတယ်။

တကယ်လို့သာ ဆန်နီသာ အချိန်မီ ရောက်မလာခဲ့ရင် သူမ ဘယ်လောက်အထိ ဖျက်ဆီးပစ်မလဲ ဆိုတာ ဘယ်သူ သိနိုင်မှာလဲ..။

'ကံကောင်းသွားတယ်...'

ဒါပေမဲ့.. သူမက ဘာလို့ ဒီလောက်တောင် သန်မာနေရတာလဲ..။ အားကောင်းတဲ့ နိုးထသူ ဆယ့်လေးယောက်က သူမကို နှေးကွေးသွားအောင်တောင် မလုပ်နိုင်ခဲ့ပါဘူး..။သူကိုယ်တိုင်အရိပ်တွေနဲ့ ဖန်တီးထားတဲ့ လှောင်အိမ်ကတောင် သူမရဲ့ မီးလျှံတွေကို ခံနိုင်ရည် မရှိခဲ့ပေ..။

ဆန်နီ မျက်မှောင်ကျုတ်ပြီး မျက်နှာပျက်သွားခဲ့တယ်..။

ကတ်စီ ကတော့ သူ့ဘေးမှာ ထိုင်နေပြီး.. သူ့ရဲ့ဝီဗာအရိုးတွေတောင် ခံနိုင်ဖို့ ခက်ခဲလောက်အောင်သူ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့ပါတယ်..။ သူတို့ နှစ်ယောက်လုံးက သတိလစ်နေတဲ့ နစ်ဖီ ကို စမ်းသပ်စစ်ဆေးနေတဲ့ ဆရာဝန်တွေဆီက သတင်းစကားကို စောင့်မျှော်နေကြတာပါ..။

သူက မျက်မမြင် မိန်းကလေးရဲ့ ပုခုံးကို ပုတ်ပေးလိုက်ပြီး အနေရခက်စွာ ပြောလိုက်တယ်..။

“ကတ်စီ... ငါ့လက်.. နာနေပြီ..”

သူမက သူ့ဘက်ကို ဇဝေဇဝါနဲ့ လှည့်ကြည့်လိုက်ပြီးမှ.. လန့်သွားပြီး လက်ကို လွှတ်ပေးလိုက်ပါတယ်..။

“...ဆောရီး..”

နားနေဆောင်မှာ သူတို့ နှစ်ယောက်တည်း ရှိနေတာ မဟုတ်ပါဘူး..။အမှန်တော့ လူအုပ်စု

လေးစုတောင် ရှိနေခဲ့တာပါ..။အဲတာကတော့ဆရာဝန်တွေ၊ အကယ်ဒမီ တာဝန်ရှိသူတွေ၊ အစိုးရ အေးဂျင့်အချို့ နဲ့ အကယ်ဒမီ အုပ်ချုပ်ရေးမှူးတွေပါပဲ..။ လူတိုင်းက ရင်တမမနဲ့ သတင်းကို စောင့်မျှော်နေခဲ့ကြတယ်..။ သူတို့ရဲ့ မျက်နှာတွေက ဖြူဖျော့နေသလို.. တုန်လှုပ်ခြောက်ခြားပြီး တစ်ဖက်မှာလည်း စိတ်လှုပ်ရှားနေခဲ့ကြပါတယ်..။

ဗာလာ ရဲ့ မော်ဂန် လည်း သူတို့နဲ့အတူ ရှိနေခဲ့တယ်..။ သူမက နံရံကို မှီရပ်ပြီး သူမရဲ့ ဆက်သွယ်ရေး ကိရိယာကနေတဆင့် တစ်ခုခုကို စာရိုက်နေခဲ့တာပါ။.. သူမရဲ့ မျက်နှာထားကတော့ တည်ငြိမ်ပြီး အေးဆေးနေခဲ့တယ်..။ သူမက

သူတို့ရဲ့ ညှိနှိုင်းမှုတွေကို ရွှေ့ဆိုင်းရတော့မယ်ဆိုတာကို နားလည်သွားတဲ့ ပုံပါပဲ..။

အရာအားလုံး ပြောင်းလဲသွားတဲ့ အချိန်မှာ ဆန်နီ နဲ့ ကတ်စီ တို့ကို ညှိနှိုင်းနေတာက ဘာများထူးခြားနိုင်မှာလဲ..။ တကယ်လို့ ဗာလာ ကလန် က ပြောင်းလဲနေတဲ့ ကြယ်ပွင့် ရဲ့ အဖွဲ့သားတွေနဲ့ မီးစောင့်ရှောက်သူတွေ ကို သိမ်းသွင်းချင်တယ်ဆိုရင်.. ပြောင်းလဲနေတဲ့ ကြယ်ပွင့် ကိုယ်တိုင်နဲ့ပဲ စကားပြောရတော့မှာပါ..။

ဒါမှမဟုတ် သူတို့က သူမကို လုပ်ကြံဖို့ ထပ်ကြိုးစားကြမှာလား..။ဒါပေါ့ ကာစတာ ကို စေလွှတ်ခဲ့တဲ့ နောက်ကွယ်မှာ ဗာလာ ကလန် ရှိနေတယ် ဆိုရင်ပေါ့..။

ဆန်နီ မျက်လုံးတွေကို ခနလောက် မှိတ်ထားလိုက်တယ်..။

'...ဟုတ်သားပဲ.. အဲ့ဒါလည်း ရှိသေးတာပဲ..'

အခြေအနေတွေက အစကတည်းက ရှုပ်ထွေးနေခဲ့တာပါ..။ အခု နစ်ဖီ ပြန်ရောက်လာတာနဲ့ အရာအားလုံးက ပြောင်းပြန်လှန်သလို ဖြစ်သွားပြီး ပိုလို့တောင် ရှုပ်ထွေးသွားခဲ့ပါပြီ..။

ဝရုန်းသုန်းကားပဲ... အခြေအနေက လုံးဝကို ဝရုန်းသုန်းကားပဲ..။

အရာအားလုံး ပြောင်းလဲနေခဲ့ပါပြီ..။

သူ့ရဲ့ အခြေအနေကလည်း သိသာတဲ့ အကြောင်းပြချက်တွေကြောင့် ပိုပြီး စိုးရိမ်စရာ ကောင်းလာခဲ့ပါတယ်..။

...ဒါဆို ဘာလို့ သူက စိတ်ထဲကနေ ရိုးသားတဲ့ အပြုံးတစ်ခုကို မပေါ်အောင် အတင်း ထိန်းချုပ်နေရတာလဲ..။

ဆန်နီ မှာ တုန်လှုပ်စရာ အကြောင်းပြချက်တွေ ရှိသလို.. စိုးရိမ်စရာ အကြောင်းပြချက်တွေလည်း ရှိနေခဲ့တာပါ..။ သူ တကယ်ပဲ ဒီလို ခံစားနေခဲ့ရတယ်..။ ဒါပေမဲ့ အရေးကြီးဆုံးက သူ ပျော်ရွှင်နေတာပါပဲ..။

သူ တကယ်ကို ပျော်နေခဲ့တာပါ..။

ကြီးမားတဲ့ သက်ပြင်းချနိုင်မှု၊ ကျေနပ်အားရမှုနဲ့ ပျော်ရွှင်မှုတွေက သူ့ရဲ့ တွေးတော ဆင်ခြင်နိုင်စွမ်းတွေကိုတောင် ဝါးမြိုတော့မလို ဖြစ်နေခဲ့တယ်..။ သူက...သူ ဆုံးရှုံးသွားခဲ့ရတဲ့ တန်ဖိုးရှိတဲ့ အရာတစ်ခု၊ အရေးကြီးတဲ့ အရာတစ်ခုက သူ့ဆီကို ရုတ်တရက် ပြန်ရောက်လာသလိုမျိုး ခံစားနေခဲ့ရတာပါ။ဒါက သူ လိုအပ်နေခဲ့တဲ့ အရာတစ်ခုပေါ့..။

အခုတော့ ဒီအရာက ပြန်ရောက်လာပြီမို့ ဆန်နီ ဟာ ပြည့်စုံသွားသလို ခံစားလိုက်ရပါတယ်..။

'ဒါက ဘယ်လို အဓိပ္ပာယ်မရှိတဲ့ အရာမျိူးလဲ..။ ငါ ဘယ်တုန်းက ဒီလောက်တောင် စိတ်ကူးယဉ်ဆန်သွားရတာလဲ..'

သူ့ရဲ့ ခံစားချက်တွေကို အေးစက်တဲ့ ဟန်ဆောင်မှုတွေနဲ့ ဖုံးကွယ်ဖို့ ကြိုးစားနေပေမဲ့.. အမှန်တော့ ဆန်နီ ဟာ သူ ဘယ်အချိန်မှာ ပြောင်းလဲသွားခဲ့လဲဆိုတာကို အတိအကျ သိပါတယ်..။

အဲ့ဒါက သူ ကြက်သွေးရောင်ရောင် မျှော်စင် ထဲက ရူးစ် စာလုံး အဝိုင်းထဲကို ဝင်သွားပြီး..

နစ်ဖီ ကို အမှောင်ထုထဲမှာ တစ်ယောက်တည်း ထားခဲ့ကာ မေ့ပျောက်ကုန်းမြေ ကနေ လွတ်မြောက်ခဲ့တဲ့ အချိန်ကပါပဲ..။

အဲ့ဒီနောက်ပိုင်းမှာတော့ ဘယ်အရာကမှ အရင်ကနဲ့ မတူညီတော့ပါဘူး။

သူ အံကို ကြိတ်လိုက်တယ်..။

'ဘာမှ မဖြစ်ဘူး! ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းစမ်း..'

နစ်ဖီ အသက်ရှင်လျက် ပြန်ရောက်လာတာကို ဆန်နီ အနေနဲ့ ပျော်ပိုင်ခွင့် ရှိပါတယ်..။ ဘာပဲဖြစ်ဖြစ် သူမက သူ့ သူငယ်ချင်းပဲ မဟုတ်ဘူးလား..။အမှန်တော့ အဲဒီထက်တောင် ပိုပါသေးတယ်..။ ဒါပေမဲ့ အဲဒါနဲ့ပဲ သူ စိတ်လျှော့ထားလို့ ရပြီလို့ မဆိုလိုပါဘူး..။

သူမရဲ့ နာမည်အတိုင်းပဲ.. ပြောင်းလဲနေတဲ့ ကြယ်ပွင့် ရဲ့ ပြန်လာမှုက ကြီးမားတဲ့ အပြောင်းအလဲတွေကို ဖြစ်ပေါ်စေပါလိမ့်မယ်..။ အခုဆိုရင် ငြိမ်သက်နေတဲ့ အန္တရာယ်တွေ အများကြီးက နိုးထလာတော့မှာပါ..။ အဲ့ဒီထက် ပိုဆိုးတာက သူမကိုယ်တိုင်ကလည်း ဆန်နီ အတွက် အန္တရာယ်တစ်ခု ဖြစ်လာနိုင်တယ် ဆိုတဲ့ အချက်ပါပဲ..။

သူမ ပြန်လာဖို့အတွက် သူ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့သလို.. တစ်ဖက်မှာလည်း ကြောက်ရွံ့နေခဲ့မိတယ်..။

'အရေးကြီးတာကို ဦးစားပေးရမယ်...'

နစ်ဖီ ဘယ်လို နည်းလမ်းနဲ့ ပြန်ရောက်လာလဲဆိုတာကို သူ သိအောင်လုပ်ရမှာပါ..။ မေ့ပျောက်ကုန်းမြေ မှာက တခြား ထွက်ပေါက် တစ်ခု ဆိုတာ မရှိပါဘူး..။ သူမက ဟောလိုးတောင်တန်း မှာ ထွက်ပေါက် တစ်ခု တွေ့ခဲ့တာလား.. ဒါမှမဟုတ် အိပ်မက်ကမ္ဘာ ရဲ့ အန္တရာယ် နည်းတဲ့ နေရာတစ်ခုကို ရှာဖို့ မြောက်ဘက်၊ အရှေ့ဘက် ဒါမှမဟုတ် အနောက်ဘက်ကို သွားခဲ့တာလား..။

ဒီလိုမျိုး ဖြစ်နိုင်ဖို့ကတော့ မလွယ်ပါဘူး..။ ဘယ်သူမှလည်း အဲ့ဒီ နေရာတွေကနေ အသက်ရှင်လျက် ပြန်မလာနိုင်ခဲ့ကြပေ..။

အခု နစ်ဖီ သတိမေ့သွားပြီဆိုတော့ သူမက အိပ်မက်ကမ္ဘာ ထဲကို ပြန်ရောက်သွားပါလိမ့်မယ်..။ သူမရဲ့ တည်နေရာ ပတ်ဝန်းကျင်က ဘယ်လောက်အထိ အန္တရာယ်များတယ် ဆိုတဲ့ အပေါ်မှာ မူတည်ပြီး.. သူမ အချိန်ခနအတွင်းမှာ ပြန်မလာနိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဒါမှမဟုတ် လုံးဝ ပြန်မလာတာမျိုးလည်း ဖြစ်နိုင်တာပါပဲ..။သိုပေမဲ့ ဒီလို ဖြစ်ဖို့ အခွင့်အရေး နည်းတယ်ဆိုတာ ဆန်နီ ခံစားနေခဲ့ရတယ်။

အခိုက်အတန့် က ပြသတဲ့ ရူးစ် စာလုံးတွေမှာ နိုးထသူ ရဲ့ ခံတပ် နာမည်လည်း ပါပါတယ်..။ ဆန်နီ က သူကိုယ်တိုင်ရဲ့ အခြေအနေနဲ့ နစ်ဖီ ရဲ့ အခြေအနေ နှစ်ခုလုံးကို မြင်နိုင်တာကြောင့်.. ဒါကို သိဖို့အတွက်ဆိုရင် သူမရဲ့ အချက်အလက်တွေကို ခေါ်ထုတ်လိုက်ရုံပါပဲ..။

ဆန်နီ အချိန်ဆွဲမနေတော့ပဲ တောက်ပတဲ့

ရူးစ်နစ် စာလုံးတွေကို ဆင့်ခေါ်လိုက်ပြီး.. စာကြောင်းတစ်ချို့ကို အာရုံစိုက်လိုက်ပါတယ်..။ ခနအကြာမှာတော့ နစ်ဖီ ရဲ့ အချက်အလက်တွေက သူ့ရှေ့က လေထုထဲမှာ ပေါ်လာခဲ့တယ်..။

ဆန်နီ စတင်ပြီး ဖတ်လိုက်ပေမဲ့ ချက်ချင်းဆိုသလိုပဲ တောင့်တင်းသွားခဲ့ပါတယ်..။

သူ့ရဲ့ မျက်လုံးတွေကတော့ ပြူးကျယ်သွားခဲ့ပါပြီ..။

'ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..'

သို့ပေမဲ့ မှားစရာ အကြောင်းမရှိပေ..။

ရူးစ် စာသားထဲမှာတော့..

အမည် - နစ်ဖီ ။

အစစ်အမှန် နာမည် - ပြောင်းလဲနေတဲ့ ကြယ်ပွင့်။

အဆင့် - ...တက်ရောက်သူ ..။

အပိုင်း ( ၇၆၅ ) ပြီး၏။

All Chapters