အရင်ဆုံး ကိုယ့်ကိုယ်ကို ခွေးမသားလို့ ပြောလိုက်ပါဦး
Vol. 6-10 Ch. 111
အခန်း (၁၁၁) : အရင်ဆုံး ကိုယ့်ကိုယ်ကို ခွေးမသားလို့ ပြောလိုက်ပါဦး
“ ယင်ယန် မိုးကြိုးဖောက်ခွဲရေးအဆောင်ရဲ့ ဓမ္မအသုံးအဆောင်ပစ္စည်းကို လုပ်ဖို့ မခက်ခဲပါဘူး။ ကျွန်မ ပြန်သွားတာနဲ့ စပြီးတော့ လုပ်နိုင်ပါတယ်” ရွှေကြာ ကောင်းကင်အသျှင်က အေးစက်စွာ ပြောလိုက်သည်။
“ ဒါပေမဲ့ ကျွန်မမှာ မေးခွန်းတစ်ခုရှိတယ်။ ဂိုဏ်းချုပ် ကျွန်မကို ရှင်းပြနိုင်မယ်လို့ ထင်ပါတယ်”
ဂိုဏ်းချုပ်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ ဂိုဏ်းတူ ညီမလေး မေးသာ မေးလိုက်ပါ”
ရွှေကြာ ကောင်းကင်အသျှင်က ဂိုဏ်းချုပ်ကို ကြည့်ကာ လှောင်ရယ်သံဖြင့် ပြောလိုက်သည်
“ သူတော်စင်မက သေချာပေါက် လက်ထပ်ရမယ်ဆိုပြီးတော့ စည်းမျဉ်းရှိတယ်ဆိုပြီးတော့ ကျွန်မ မှတ်မိထားတယ်။
ကျွန်မတို့ ဂိုဏ်းရဲ့ သူတော်စင်က ရှီးအာကို ဖိအားပေးပြီးတော့ ရှေးအစဉ်အလာအရ စည်းမျဉ်းတွေအရ သူ့ကို လက်ထပ်ရမယ်လို့ ပြောတယ်ဆိုပြီးတော့ ဘာလို့ ကောလဟာလတွေ ထွက်နေရတာလဲ။
ပြီး…ပြီးတော့…သူက ရှီးအာရဲ့ အပျိုစင်ဘဝကို ယူပြီးပြီလို့တောင် သတင်းတွေထွက်နေတယ်”
ယင်ယန် မိုးကြိုးဖောက်ခွဲရေးအဆောင်၏ အကျိုးအမြတ်က အံ့အားသင့်ဖို့ ကောင်းသော်လည်း ထိုအတွက်ကြောင့် ရွှေကြာ ကောင်းကင်အသျှင်က သူမ၏ ဝိညာဉ်ကို ရောင်းစားမည်ဟု မဆိုနိုင်သေးပေ။
အံ့ဖွယ်မိုးကောင်းကင်၏ သူတော်စင်မ ကျန်းယွင်ရှီးကို သမီးအရင်းတစ်ယောက်လိုမျိုး သဘောထားသည့်အတွက် သူမနှင့် ပတ်သက်ပြီး တစ်ခုခုမှားယွင်းသွားမည်ကို သူမ ဒီအတိုင်း လက်ပိုက်ပြီး ကြည့်မနေနိုင်ပေ။ အထူးသဖြင့် ကျန်းယွင်ရှီး၏ အလှကို တပ်မက်နေသူက သူမ၏ မဟာရန်သူတော်ကြီး ယဲ့လန်ယွိ၏ သားဖြစ်နေတာကြောင့်လည်း ပါ၏။
စကားပြောနေရင်း ရွှေကြာ ကောင်းကင်အသျှင်ကို ကြည့်လိုက်သော အကြည့်တို့က ပိုမိုနူးညံ့လာကာ ဖြားယောင်းသွေးဆောင်မှုတို့ပါ ရောယှက်ပါဝင်လာသည်။
သို့သော် သူမနှင့် ရင်းနှီးထားသူတွေကတော့ သူမ ဤသို့ကြည့်လိုက်ခြင်းက သူမ ဒေါသထွက်နေတာကို ပြသသည်ဟု ကောင်းကောင်းသိကြသည်။
သူမ၏ အသက်ရှူသံပင် မြန်ဆန်လာပြီး ရင်ဘတ်က နိမ့်ချည် မြင့်ချည် ဖြစ်နေလေသည်။
ရှန်ထျန်းက ရွှေကြာ ကောင်းကင်အသျှင်၏ မေးမြန်းစုံစမ်းမှုနှင့် ပတ်သက်ပြီး သိပ်ဘဝင်မကျပေ။
“ ဆရာဒေါ်လေး တစ်ခုခုကို အထင်မှားနေပြီ ထင်တယ်နော်”
ရွှေကြာ ကောင်းကင်အသျှင်က ဟင်းခနဲ လုပ်ကာ ပြောလိုက်သည်
“ အထင်လွဲတယ် ဟုတ်လား။ ရှေးအစဉ်အလာ စည်းမျဉ်းတွေကို အသုံးချပြီးတော့ ရှောင်းအာကို မင်းနဲ့ အတင်းအကြပ် လက်ထပ်ခိုင်းတာ မဟုတ်ဘူးလို့ ပြောရဲသေးတာလား”
ရှန်ထျန်းက ကူကယ်ရာမဲ့စွာ ပြန်ဖြေလိုက်သည်
“ အတင်းအကြပ် လက်မထပ်ခိုင်းပါဘူး”
ရွှေကြာ ကောင်းကင်အသျှင်၏ အရှိန်အဝါက ရှန်ထျန်းဆီသို့ ပြင်းထန်စွာ တိုးဝှေ့သွားသည်
“ ရှီးအာရဲ့ အပျိုစင်ဘဝကို မယူခဲ့ဘူးလို့ ပြောချင်သေးတာလား”
ရှန်ထျန်းက ပြောလိုက်သည်
“ ကျွန်တော် တကယ် မယူခဲ့ပါဘူး”
ရွှေကြာ ကောင်းကင်အသျှင်၏ အရှိန်အဝါက အနည်းငယ် လျော့နည်းသွားသော်လည်း သူမက ရှန်ထျန်းကို ကြည့်ကာ သံသယဖြင့် မေးလိုက်သည်
“ မင်း သူမရဲ့ အလှကို မတပ်မက်ဘူးလို့ ပြောရဲလား”
ရှန်ထျန်းက အလျင်အမြန်ခေါင်းယမ်းပြကာ ပြောလိုက်သည်
“ ကျွန်တော်သာ သူမရဲ့ အလှကို တပ်မက်ရင် မိုးကြိုးပစ်ခံရမှာပေါ့”
ရွှေကြာ ကောင်းကင်အသျှင်က ဒေါသလေသံဖြင့် ပြောလိုက်သည်
“ မင်းက သူမကို ရွံတယ်လို့ ဆိုလိုချင်တာလား”
ရှန်ထျန်း မျက်ရည်တွေဝဲနေသည်။
ကျွန်တော် မှားသွားပါတယ်။ ကျွန်တော် အမျိုးသမီးတွေနဲ့ မပတ်သက်ခဲ့သင့်ဘူး…အထူးသဖြင့် ဆရာဒေါ်လေးက သမီးတစ်ယောက်လို သဘောထားတဲ့ ဂိုဏ်းတူအစ်မကိုတော့ မပတ်သက်ခဲ့သင့်ဘူး……
သူက ဂိုဏ်းချုပ်ကို ကြည့်ကာ ပြောလိုက်သည်
“ ဆရာ…..”
ဂိုဏ်းချုပ်က မိုးကြိုးအရှိန်အဝါ လွှမ်းမိုးနေသော အသံဖြင့် ပြောလိုက်သည်
“ ဟုတ်ပါပြီ…..ဂိုဏ်းတူညီမလေး……ရှန်ထျန်းက သူ့ကို လက်ထပ်ဖို့ ရှီးအာကို ဖိအားမပေးခဲ့ပါဘူး။ ငါ့အမြင်မှာဆိုရင်တော့ ထူးချွန်ပြီး ချောမောတဲ့ ထျန်းအာကို ရှီးအာကတောင် လက်ထပ်ချင်နေမယ်လို့ ထင်တယ်”
ရွှေကြာ ကောင်းကင်အသျှင်က နှာမှုတ်ကာ ပြောလိုက်သည်
“ မဖြစ်နိုင်ဘူး….ရှီးအာက စီစဉ်ထားတဲ့ အိမ်ထောင်ရေးမျိုးကို မုန်းတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ ပြောချင်တာက အရာအားလုံးကို ညှိနှိုင်းလို့ ရပေမဲ့ ဒီဟာကတော့ မရဘူး။
ရှီးအာက အစ်ကို့ရဲ့ သမီးဆိုပေမဲ့လည်း သူမကို ကျွန်မရဲ့ သမီးရင်းလေးတစ်ယောက်လို သဘောထားတယ်။
သူမကို ဘယ်သူမှ ဖိအားပေးလို့ မရဘူး။ ရှီးအာ ဘယ်သူ့ကို လက်ထပ်ချင်လဲဆိုတာကို သူမရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ခွင့် ရစေရမယ်။ ကျွန်မက သူတော်စင်နယ်မြေထဲကို မဝင်ရသေးပေမဲ့ အရှေ့ပိုင်းလွင်ပြင်မှာ ကျွန်မကို ကူညီချင်တဲ့ မိတ်ဆွေကောင်းတွေ ပေါပါတယ်”
ရွှေကြာ ကောင်းကင်အသျှင်က ဂိုဏ်းချုပ်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်
“ ဂိုဏ်းတူအစ်ကို….အစ်ကိုက ခံစားချက်နဲ့ ဆန္ဒတွေကို စွန့်လွှတ်ထားတယ်ဆိုပေမဲ့လည်း အစ်ကို့ရဲ့ အကောင်းအဆိုး ဝေဖန်ပိုင်းခြားတတ်တဲ့ စိတ်ကိုတော့ မမေ့လိုက်ပါနဲ့”
ဂိုဏ်းချုပ်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်
“ ဂိုဏ်းတူညီမလေးက ဘာတွေပြောနေတာလဲ။ ထျန်းအာနဲ့ ရှီးအာက ဖြူစင်ကြပါတယ်။ တပည့်တွေ လျှောက်ပြောနေတဲ့ ကောလဟာလတွေကို မယုံပါနဲ့”
“ ဒါဆိုလည်း ကောင်းတာပေါ့” ရွှေကြာ ကောင်းကင်အသျှင်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ ဒါဆိုရင် ရွှေကြာတောင်မှာ ပစ္စည်းတွေ ဖန်တီးဖို့အတွက် ကျွန်မရဲ့သားကို အခုပဲ ပြန်ခေါ်သွားလိုက်တော့မယ်”
သူမ ပြောပြီးနောက် ရွှေကြာ ကောင်းကင်အသျှင်၏ အင်္ကျီလက်ထဲမှ ငွေရောင်ပိုးချည် ထွက်လာပြီး ချင်ယွင်တိ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ရစ်ပတ်ထားလိုက်သည်။
ထို့နောက် သူမက ချင်ယွင်တိကို လက်ထဲမှာ ထည့်ထားရင်း ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ ထွက်သွားသည်။
ချင်ယွင်တိ “ ဝူး ... ဝူ ... ဝူး ...”
ရွှေကြာ ကောင်းကင်အသျှင်က ပျံသန်းနေရင်း ပြောလိုက်သည်
“ ရုန်းမနေနဲ့တော့ … အမေနဲ့အတူ အိမ်ကို လိမ်လိမ်မာမာ လိုက်ခဲ့”
ချင်ယွင်တိ “ ဝူး ... ဝူး...”
ရွှေကြာ ကောင်းကင်အသျှင်က တည်ငြိမ်စွာဖြင့် ဆက်ပြောလိုက်သည်
“ စိတ်အေးအေးထားပါ။ အမေ မင်းကို ရွှေအမြုတေအဆင့် ရောက်အောင် လုပ်ဖို့ ဖိအားမပေးတော့ပါဘူး”
ချင်ယွင်တိ “ အမ်… ဝူး ... ”
ရွှေကြာ ကောင်းကင်အသျှင်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ ဟုတ်တယ်လေ…မင်းက မိုးကြိုး ကျင့်စဉ်ကို ကျင့်ကြံတဲ့နေရာမှာ အာရုံစိုက်ချင်တဲ့စိတ်မှ မရှိဘူးဆိုတော့ မင်းကို ဖိအားမပေးတော့ပါဘူး။ ဒါပေမဲ့ ဒီတစ်ခေါက် ရွှေကြာတောင်ကို ပြန်ရောက်ရင် မင်းကို ပြိုင်ဘက်ကင်း ညို့ယူသွေးဆောင် းပညာရပ်ကို သင်ပေးမယ်။ အဲဒါကို မင်း ကြိုးကြိုးစားစား ကျင့်ကြံရမယ်”
ချင်ယွင်တိ နားမလည်နိုင်ဖြစ်နေသည်။
ရွှေကြာ ကောင်းကင်အသျှင်က စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်
“ ယဲ့လန်ယွိ….နင်က စောစောသေသွားပြီးတော့ ငါ့ကို နှစ်၁၀၀ စာ နောင်တရအောင် လုပ်ခဲ့တာ။ ဘယ်လိုပဲဖြစ်ဖြစ် နင် သေသွားတာနဲ့ပဲ ဘယ်သူနိုင်တယ် ဘယ်သူရှုံးတယ်ဆိုတာကို ဆုံးဖြတ်လို့ရပြီလို့ မထင်လိုက်နဲ့။ နောက်မျိုးဆက်ဆိုတာ အမြဲတမ်းရှိနေတာပဲလေ။
ငါ့သား….မင်း ပြိုင်ဘက်ကင်း ဆွဲဆောင်ခြင်း ပညာရပ်ကို အကောင်းဆုံးဖြစ်အောင် ကျင့်ကြံပြီးတော့ ယွင်ရှီးကို ညှို့ယူဖမ်းစားလိုက်စမ်းပါ။
ယဲ့လန်ယွိရဲ့သားကို အနိုင်ယူလိုက်။ ဒါက မင်းအမေရဲ့ ခံယူချက်ပဲ။
မင်းရဲ့ အမေတစ်ယောက်အနေနဲ့ မင်းကို ကြီးမားတဲ့ အောင်မြင်မှုတွေ ရစေချင်တယ်။ အမေ့ကို စိတ်ပျက်အောင် မလုပ်နဲ့”
ချင်ယွင်တိ “အွန်း…အွန်း…”
ရွှေကြာ ကောင်းကင်အသျှင်နှင့် ချင်ယွင်တိ ထွက်သွားပြီးနော် စံအိမ်တော်ထဲမှာ ဂိုဏ်းချုပ်နှင့် ရှန်ထျန်းတို့ နှစ်ယောက်တည်းသာ ကျန်နေခဲ့သည်။
ဂိုဏ်းချုပ်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ ထျန်းအာက ငါတို့ဂိုဏ်းထဲကို ဝင်ဝင်လာချင်းမှာပဲ ကြီးမားတဲ့ အကူအညီပေးလိုက်တာပဲ။ ဒါမျိုးက တကယ်ရှားတယ်”
ဂိုဏ်းချုပ်က ကြာပြာ ကောင်းကင်အသျှင်ကို မျက်လုံးထောင့်မှ ကြည့်ကာ ဆက်ပြောလိုက်သည်
“ မင်းရဲ့ ကူညီမှုအတွက် ဆုချခံသင့်တယ်။ မင်း ဘယ်လိုဆုမျိုးကို လိုချင်လဲဆိုတာပြောလိုက်။ လွတ်လွတ်လပ်လပ် တောင်းဆိုလို့ရတယ်နော်”
ရှန်ထျန်းက ဂိုဏ်းချုပ်ကို ကြည့်ပြီး ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
ကျွန်တော်သာ သူတော်စင် မဖြစ်ချင်ဘူးလို့ ပြောရင် သဘောတူမှာလား… ဟင်း… မဖြစ်နိုင်တာပဲ
ခဏလောက် စဉ်းစားပြီးနောက် ရှန်ထျန်းက ပြောလိုက်သည်
“ ဆရာ….ကျွန်တော်ရဲ့ ကျင့်ကြံရေးအဆင့်က နိမ့်နေသေးတယ်။ ဒါပေမဲ့ ကျွန်တော်ကို စောင့်ရှောက်ပေးမဲ့ ရတနာတွေလည်း မရှိသေးဘူး”
အထွတ်အထိပ်ရှင် ကျီယန်ဆီမှာ အရမ်းစွမ်းအားကြီးသော အထွတ်အထိပ်အဆင့် ဓားအမှတ်အသားပြားရှိသည်ကို ရှန်ထျန်း မှတ်မိနေဆဲ ဖြစ်သည်။ ဝိညာဉ်ချီ အလုံအလောက် လောင်းထည့်လိုက်ပါက ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ကိုယ်ပွားကို ထုတ်လွှတ်ပေးနိုင်သည်။
ဆရာသာ ထိုကဲ့သို့သော ရတနာမျိုးကို သူ့ဆီ ပေးအပ်ထားပါက ရှေ့လျှောက် အပြင်သွားတိုင်း စိတ်အေးလက်အေးဖြင့် သွားလို့ရနိုင်သည်။
ရှန်ထျန်းမှာ ဓားသခင်အမှတ်အသားပြား ရှိနေပြီးသားမဟုတ်လား
ဟား…ဟား…ဟား…အဲဒီအမှတ်အသားပြားကို တစ်ခါသုံးဖို့အတွက် ဝိညာဉ်ကျောက်တုံး ၃၅၀၀ လိုအပ်တယ်လေ။ ပြီးတော့ တစ်ခါ သုံးပြီးသွားရင်လည်း နောက်ထပ် ဝိညာဉ်ကျောက်တုံးတွေ ပြန်စုပ်ယူပြီးအားဖြည့်ဖို့အတွက် နာရီအနည်းငယ်ကြာသေးတယ်တဲ့
သူသာ အန္တရာယ်ကျသွားရင် အဲဒီအမှတ်အသားပြားက အထောက်အကူ သိပ်မဖြစ်နိုင်ဘူး။ အဲဒါကြောင့် သူ့ဆရာဆီကနေ ကာကွယ်ရေးရတနာအချို့ တောင်းတာက ပိုကောင်းပါတယ်လေ
ဂိုဏ်းချုပ်က ရှန်ထျန်း၏ တောင်းဆိုမှုကိုကြားတော့ ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ မင်း အခုလိုမျိုး တောင်းဆိုတာ ရှားတယ်ဆိုတော့ ကောင်းပြီလေ..”
ထို့နောက် ဂိုဏ်းချုပ်၏ အင်္ကျီလက်ထဲမှ အနက်ရောင် အလင်းတန်းလေး ထွက်သွားကာ ရှန်ထျန်း၏ ရှေ့သို့ သက်ဆင်းသွားသည်။ ထို့နောက် သူ၏ ပုံစံအမှန် ထွက်ပေါ်လာသည်။
ရှန်ထျန်းက ချက်ချင်း သဘောမကျသည့်ပုံစံဖြင့် ပြောလိုက်သည်
“ ဘာလို့ ထပ်ပြီးတော့ လိပ်နက် ဒိုင်းကာလဲ”
ဂိုဏ်းချုပ်က ခေါင်းယမ်းပြကာ ပြောလိုက်သည်
“ ထျန်းအာ မင်းမှားနေပြီ။ ဒါက လိပ်နက်ဒိုင်းကာ မဟုတ်ပါဘူး။ ဒါက အဆင့်မြင့် လိပ်နက်ချပ်ဝတ်တန်ဆာ…..ဒီဟာရဲ့ တန်ဖိုးက အလယ်အလတ်အဆင့် လိပ်နက်ဒိုင်းကာရဲ့ ဆယ်ဆတန်ဖိုးနဲ့ ညီမျှတယ်။
ဒါကို ဝိညာဉ်အသွင်ပြောင်း မကောင်းဆိုးဝါးဖြစ်တဲ့ နတ်ဆိုးလိပ်နက်ရဲ့ အခွံကနေ လုပ်ထားတာ။ ဒါက ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူတွေရဲ့ တိုက်ခိုက်မှုကနေ ကာကွယ်ပေးနိုင်တယ်။
ထျန်းအာ ဒါကို ဝတ်ထားသ၍တော့ ရွှေအမြုတေအဆင့်က ကျင့်ကြံသူတွေ ဝိုင်းထားပြီး တိုက်ခိုက်ရင်တောင် ဒဏ်ရာရမှာမဟုတ်ဘူး”
ရှန်ထျန်းက သူ့ရှေ့မှာ မြောနေသော အနက်ရောင်အလင်းတန်းများ ထုတ်လွှတ်နေသော ထူထဲလေးလံသည့် သံချပ်ကာကို ကြည့်ပြီး ခါးသီးစွာ ပြန်ဖြေလိုက်သည်
“ ကျေးဇူးတင်ပါတယ် ဆရာ”
ဟင်း….သူ ပေးမှတော့ လက်ခံလိုက်ရတော့မှာပေါ့
ငါ အသက်အန္တရာယ်မရှိသ၍တော့ ဒီလိုမျိုး ချပ်ဝတ်တန်ဆာကို လုံးဝ ဝတ်မှာမဟုတ်ဘူး
ငါ အသက်ကိုခြိမ်းခြောက်ခံရတဲ့ အခြေအနေတွေ ကြုံလာရင်ရော….
အဲလိုဆိုရင်တောင် ငါ မဝတ်ဘူး…အဟင်း …ဒီအကြောင်းကို နောက်မှ စဉ်းစားပါတော့မယ်
ဂိုဏ်းချုပ်က သူ့ကို ရွှေအမှတ်အသားပြား ပေးလိုက်ပြီး ပြောသည်
“ ဒါက သူတော်စင်တောင်က အသိအမှတ်ပြုတဲ့ သူတော်စင် အမှတ်အသားပြားပဲ။ ဒီအမှတ်အသားပြားနဲ့ဆိုရင် သူတော်စင်တောင်ကို အပြည့်အဝ ထိန်းချုပ်ပြီးတော့ အစီအရင်တွေကို ခြယ်လှယ်လို့ ရတယ်။
မင်းက အရင်တစ်ခါက်က အလျင်စလိုနဲ့ ထွက်သွားလို့ အခုမှ ပေးရတယ်။ မင်းမှာ တခြားပြောစရာမရှိတော့ဘူးဆိုရင် ဓမ္မရတနာကို ဖန်တီးဖို့ သွားတော့လေ”
ရှန်ထျန်းက ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ ကျွန်တော် ပြန်လိုက်ပါဦးမယ်”
ရှန်ထျန်း ထွက်သွားတော့ ဂိုဏ်းချုပ်နှင့် ကြာပြာသာ ကျန်နေခဲ့သည်။
ယခု အကုန်လုံးက ထွက်သွားပြီဖြစ်သည့်အတွက် ကြာပြာ ကောင်းကင်အသျှင်က ပြုံးကာ ပြောလိုက်သည်
“ အဟွတ်…ဟွတ်….ဂိုဏ်းတူညီလေး…တကယ်…တကယ်တော့…ယင်ယန်နတ်မိုးကြိုး ထုတ်လုပ်တာကို ငါလည်း ကူညီပြီးတော့ ကြီးကြပ်ပေးနိုင်ပါတယ်။ ငါသာ အတူတူရှိနေရင် သူတော်စင်နယ်ပယ်အဆင့်ကသူတွေ လာပြီးတိုက်ခိုက်ရင်တောင် လုံခြုံမှာ သေချာတယ်။
သူတော်စင်က မီးစာကိုယ်ထည်မာ ကျင့်စဉ်ကို ကျင့်တယ်ဆိုတာကို မင်းလည်း မြင်တာပဲလေ။ ငါက ကိုယ်ထည်မာကျင့်စဉ်မှာ အကျွမ်းကျင်ဆုံးဆိုတာကို မင်းသိပါတယ်”
ကြာပြာ ကောင်းကင်အသျှင်၏ မျက်နှာမှာ စိတ်အားထက်သန်မှု ပြည့်ဝနေသည်ကို ကြည့်ပြီး ဂိုဏ်းချုပ်ကို လွှမ်းခြုံထားားသော အရှိန်အဝါက အပြင်းအထန် တက်လိုက်ကျလိုက် ဖြစ်နေသည်။
“ ဟား…ဟား…ဟား…ဟား…အစ်ကိုကြီး…ကျွန်တော် ကြားလို့ရအောင် အရင်ဆုံး ကိုယ့်ကိုယ်ကို ခွေးမသားလို့ ပြောလိုက်ပါဦး”