ထျန်းဖူနန်းတော်သို့ ပြန်ခြင်း
Vol. 50 Ch. 530
ဧရာမ ကမ္ဘာ့မူလ အစုအဝေးကြီးကြောင့် ထိုနေရာရှိ လူအားလုံး၏ မျက်လုံးများ ပြူးသွားကြတော့သည်။
ဤပမာဏကို ကြည့်ရသည်မှာ အနည်းဆုံး ထောင်ဂဏန်းအထက်တွင် ရှိနေပေလိမ့်မည်။
သို့သော် အပျက်အစီးနယ်မြေထဲတွင် ဤမျှများပြားသော ကမ္ဘာ့မူလများ ရှိနေခဲ့သလော။
ရှင်းဟယ် အင်မော်တယ် ဧကရာဇ်က စစ်ဆေးပြီးနောက် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်မိပြီး မယုံကြည်နိုင်သော လေသံဖြင့် ပြောလိုက်သည်။ "ဒါတွေက တကယ့်ကို သန့်စင်တဲ့ ကမ္ဘာ့မူလတွေပဲ"
"ပြီးတော့ စုစုပေါင်း အရေအတွက်က... တစ်သောင်းနှစ်ဆယ့်သုံးခု တောင် ရှိတယ်"
အင်မော်တယ် ဧကရာဇ်များ အားလုံး ဆွံ့အသွားကြသည်။
တစ်သောင်းကျော်ဆိုတာ... ဒါက တကယ်ကို...
သူတို့ ထျန်းဖူနန်းတော်ကြီးကိုးခုလုံး ပေါင်းလိုက်လျှင်ပင် ရှေးဟောင်းစစ်မြေပြင်တွင် တစ်နှစ်ပတ်လုံး သွေးချောင်းစီး တိုက်ပွဲဝင်ခဲ့လျှင်တောင် ဤမျှ ကြောက်စရာကောင်းသော ကိန်းဂဏန်းကို ရရှိနိုင်မည်မဟုတ်ပေ။
ထန်ထျန်းက ဒါတွေကို ဘယ်လိုများ ရှာတွေ့ခဲ့တာလဲ။
လူတိုင်းက ထန်ထျန်းကို အလွန်ပင် စူးစမ်းချင်နေသော ကလေးလေးများကဲ့သို့ ဝိုင်းကြည့်နေကြတော့သည်။
သို့သော် ထန်ထျန်းကမူ အမြဲတမ်းအတိုင်း တည်ငြိမ်စွာပင် ပြုံးလျက် ပြောလိုက်သည်။ "ဘာမှ ထွေထွေထူးထူး မရှိပါဘူး"
"ကံကောင်းသွားလို့ပါ"
လူအုပ်ကြီး တိတ်ဆိတ်သွားသည်။
ဟုတ်ပေသည်။ ဤမျှ များပြားလှသော ကမ္ဘာ့မူလ ပမာဏမှာ ခွန်အားတစ်ခုတည်းဖြင့် လုပ်နိုင်သော ကိစ္စမဟုတ်ပေ။
ထူးခြားဆန်းကြယ်လှသော 'ကံကောင်ခြင်း ' ဆိုသည့် အချက်ဖြင့်သာ ရှင်းပြနိုင်ပေလိမ့်မည်။
သို့သော် ထန်ထျန်းက မည်သည့်နည်းဖြင့် ရရှိခဲ့သည်ဖြစ်စေ၊ သူတို့အတွက်မူ အလွန်ပင် ဝမ်းသာစရာ သတင်းကောင်းကြီး ဖြစ်သည်။
ထျန်းဖူနန်းတော်တစ်ခုချင်းစီ ရရှိသည့် ကမ္ဘာ့မူလ အရေအတွက်မှာ အဆင့်သတ်မှတ်ချက်အတွက် စံနှုန်းတစ်ခုသာ ဖြစ်သည်။
ရရှိလာသော မူလစွမ်းအားများကို မည်သို့ ခွဲဝေမည်ဆိုသည်မှာ နောက်ထပ် စံနှုန်းတစ်ခု ရှိသေးသည်။
တကယ်တော့ ဤအရာမှာ ထန်ထျန်း တစ်ဦးတည်း၏ ရလဒ်ဖြစ်သည့်အတွက် တိမ်တိုက်ထျန်းဖူနန်းတော်က အဓိကနေရာမှ ရရှိပေလိမ့်မည်။
သို့သော် အခြားနန်းတော်များကလည်း အနည်းနှင့်အများ ခွဲဝေရရှိနိုင်မည် ဖြစ်သည်။
ယခုအခါ ကမ္ဘာတိုင်းမှာ ယိုယွင်းပျက်စီးနေချိန်ဖြစ်ရာ ဤမျှများပြားသော မူလစွမ်းအားများကို ရရှိလိုက်ခြင်းက သူတို့၏ ကမ္ဘာများကို အချိန်အတော်ကြာ ဆက်လက် တည်တံ့နေစေမည် ဖြစ်သည်။
ဒါကို သူတို့ ဘယ်လိုများ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။
"ထန်ထျန်း... ငါက ထိုက်ယိထျန်းဖူနန်းတော်နဲ့ ငါတို့ရဲ့ ကမ္ဘာကိုယ်စား မင်းကို အထူးပဲ ကျေးဇူးတင်ရှိကြောင်း ပြောချင်ပါတယ်"
ဟုန်ယွမ် အင်မော်တယ် ဧကရာဇ်က ပြောလိုက်သည်။
ထို့နောက် အခြားနန်းတော်များမှ အင်မော်တယ် ဧကရာဇ်များကလည်း ထန်ထျန်းကို တစ်ဦးပြီးတစ်ဦး ကျေးဇူးတင်စကား ဆိုကြသည်။
ကျိုးရွှမ် အင်မော်တယ် ဧကရာဇ်နှင့် ကျန်းယွီ အင်မော်တယ် ဧကရာဇ် တို့ပင်လျှင် ချွင်းချက်မရှိခဲ့ပေ။ ကမ္ဘာ့မူလ ရှေ့မှောက်တွင် သူတို့အကြားရှိ အာဃာတလေးများမှာ ဘာမှ မဟုတ်တော့ပေ။
ထိုနေရာရှိ အခြား မြင့်မြတ်သားတော်လောင်းလျာများမှာမူ မှင်တက်နေကြတော့သည်။ အဆင့်အတန်း မြင့်မားလှသော နန်းတော်သခင်ကြီးများစွာက တပည့်တစ်ယောက်အပေါ် ဤမျှအထိ လေးလေးစားစားနှင့် ကျေးဇူးတင်နေကြသည်ကို သူတို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
၎င်းက တစ်ကြိမ်မကဘဲ နှစ်ကြိမ်တောင် ရှိပြီဖြစ်သည်
ဒါက သူတို့ စိတ်ကူးထဲမှာတောင် ထည့်မထားဝံ့သော ကိစ္စပင်။
ကြည့်ရသည်မှာ ထန်ထျန်းက ခွန်အားပိုင်းမှာတင် သူတို့နှင့် အဆင့် မတူသည်မဟုတ်ဘဲ အခြားသော ကဏ္ဍစုံမှာလည်း အပြတ်အသတ် သာလွန်နေခြင်း ဖြစ်သည်။
ဤကဲ့သို့သော ထူးခြားပြောင်မြောက်လှသည့် ပါရမီရှင်၏ ရှေ့မှောက်တွင် သူတို့၏ သေးငယ်သော မာန်မာနလေးများမှာ ထုတ်ပြစရာပင် မလိုတော့ဘဲ နှိုင်းယှဉ်ချင်စိတ်ပင် ပျောက်ကွယ်သွားရသည်။
ဤကဲ့သို့သော တည်ရှိမှုမျိုးကို မော့ကြည့်နေရုံသာ တတ်နိုင်တော့မည်
ထန်ထျန်းကမူ လူတိုင်း၏ တုံ့ပြန်မှုများကို ရင်ဆိုင်ရာတွင် စိတ်ထဲ၌ ထူးထူးခြားခြား လှုပ်ရှားမှု မရှိပေ။
ဤကဲ့သို့သော မြင်ကွင်းမျိုးကို သူ နေသားကျနေပြီ ဖြစ်သည်။
ယခု သူ အဖြစ်ချင်ဆုံးအရာမှာ ဒါတွေအားလုံးကို အမြန်အဆုံးသတ်ပြီး တိမ်တိုက်ထျန်းဖူနန်းတော်သို့ ပြန်ကာ ဝမ်ကျိယွီနှင့် လုချန်းကျီ တို့ဘက်မှာ ဘာတွေဖြစ်နေပြီလဲဆိုတာကို သိချင်နေခြင်း ဖြစ်သည်။
ကံကောင်းစွာဖြင့် သူ အကြာကြီး စောင့်စရာ မလိုခဲ့ပေ။
ကမ္ဘာ့မူလ တစ်သောင်းကျော်ကို ထုတ်ပြပြီးနောက် တိမ်တိုက်ထျန်းဖူနန်းတော်က ယခုတစ်ကြိမ် မြင့်မြတ်သားတော် စမ်းသပ်ပွဲ၏ ပထမဆုကို အငြင်းပွားဖွယ်မရှိ သိမ်းပိုက်နိုင်ခဲ့သည်။
ပေဟန့်ထျန်းဖူနန်းတော်နှင့် မင်ယွမ်ထျန်းဖူနန်းတော်တို့က ဒုတိယနှင့် တတိယ အသီးသီး ရရှိကြသည်။
သူတို့က ယခုတစ်ကြိမ် ကမ္ဘာ့မူလ ခွဲဝေမှုတွင် ဦးစားပေး အခွင့်အရေးများကို ရရှိကြမည် ဖြစ်သည်။
၎င်းအပြင် တိမ်တိုက်ထျန်းဖူနန်းတော်၏ တပည့်တိုင်းသည်လည်း ကောင်းမွန်သော ဆုလာဘ်များကို ရရှိကြသည်။
အကြီးမားဆုံးသော သူရဲကောင်း ဖြစ်သည့် ထန်ထျန်းအတွက်မူ အင်မော်တယ် ဧကရာဇ် တစ်ဦးချင်းစီက ရှားပါးရတနာများကို ထုတ်ပေးကြရာ ၎င်းတို့၏ တန်ဖိုးမှာ ဧကရာဇ်အဆင့် ရတနာများနှင့် မခြားနားလှပေ။
သို့သော် လက်ရှိ ထန်ထျန်းအတွက်မူ ဤရတနာများမှာ ထူးထူးခြားခြား အသုံးမဝင်တော့ဘဲ ဂိုဒေါင်ထဲတွင်သာ စုပုံထားရန် ဖြစ်ပေလိမ့်မည်။
ဒါတွေအားလုံး ပြီးဆုံးသွားသည့်အခါ ထျန်းဖူနန်းတော်ကြီးကိုးခုမှာ တောင်ထိပ်ပေါ်တွင် နှုတ်ဆက်ကြပြီး သူတို့ လမ်းအတိုင်း ပြန်ခဲ့ကြသည်။
အပြန်လမ်းတွင် ရှင်းဟယ် အင်မော်တယ် ဧကရာဇ်က ထန်ထျန်းအား မြင့်မြတ်သားတော် နေရာငါးခုကို နန်းတော်သို့ ပြန်ရောက်မှ အတည်ပြုမည်ဖြစ်သော်လည်း ထန်ထျန်းအနေဖြင့် သေချာပေါက် တစ်နေရာ ရရှိမည်ဖြစ်ကြောင်း ပြောပြသည်။
ထန်ထျန်းက ခေါင်းညိတ်လိုက်သည်။ ၎င်းမှာ မျှော်လင့်ထားပြီးသား ကိစ္စပင်။
ခေတ္တမျှအကြာတွင် သူတို့က ရှေးဟောင်းစစ်မြေပြင်သို့ စတင်ဝင်ရောက်ခဲ့စဉ်က နေရာသို့ ရောက်ရှိလာကြသည်။
ယင်းနောက် ရှင်းဟယ် အင်မော်တယ် ဧကရာဇ်၏ ထိန်းချုပ်မှုအောက်တွင် နက်ရှိုင်းလှသော ဟင်းလင်းပြင်လမ်းကြောင်းကြီး လူတိုင်း၏ ရှေ့မှောက်၌ ထပ်မံ ပေါ်ထွက်လာသည်။
လာစဉ်တုန်းက လူပေါင်း တစ်ရာကျော် ရှိခဲ့သော်လည်း ပြန်သည့်အခါတွင်မူ ရှစ်ဆယ်ပင် မပြည့်တော့ပေ။
တပည့်ပေါင်း လေးဆယ်ကျော်မှာ အပျက်အစီးနယ်မြေထဲတွင် သေဆုံးသွားခဲ့ကြပြီး အလောင်းပင် ပြန်မရှာနိုင်ခဲ့ကြပေ။
သို့သော် ကျင့်ကြံခြင်းလမ်းဆိုသည်မှာ ဤသို့ပင် ဖြစ်သည်။ မြေဆီလွှာတိုင်းမှာ မည်သူမှ ဂရုမစိုက်သော အရိုးဖြူများဖြင့် ပြည့်နှက်နေတတ်ပြီး နောက်ဆုံးအထိ တောင့်ခံနိုင်သောသူသာလျှင် သမိုင်းမြစ် ထဲတွင် ထာဝရ တောက်ပနိုင်မည် ဖြစ်သည်။
လူတိုင်း၏ အကြည့်အောက်တွင် ဟင်းလင်းပြင်လမ်းကြောင်းမှာ လုံးဝ တည်ငြိမ်သွားတော့သည်။
ထို့နောက် သူတို့ အပြန်လမ်းကို စတင်လျှောက်လှမ်းခဲ့ကြသည်။
......
တိမ်တိုက်ထျန်းဖူနန်းတော်
ထျန်းချီ တောင်
တိမ်တိုက်ထျန်းဖူနန်းတော်၏ အမြင့်ဆုံးတောင်ထွတ်အဖြစ် ထျန်းချီတောင်က နှစ်ပေါင်း မည်မျှကြာအောင် တည်ရှိနေခဲ့သည်ကို မည်သူမှ မသိကြပေ။
သို့သော် ယခုအခါတွင်မူ ၎င်းမှာ နှစ်ပိုင်း ပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။
ပြိုကျလာသော ကျောက်တုံးကြီးများက ထျန်းချီတောင်ခြေရှိ လေ့ကျင့်ရေးကွင်း လေးခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြီး အဆုံးမရှိသော ဖုန်မှုန့်များမှာ ကောင်းကင်ယံ၌ ပျံ့နှံ့နေဆဲပင်။
ထို့အပြင် ဧရာမ အက်ကြောင်းကြီးများ၊ လောင်ကျွမ်းနေသော မြေပြင်နှင့် လေထုထဲတွင် ကျန်ရစ်နေသော ကြောက်မက်ဖွယ်ရာ အော်ရာများမှာ ဤနေရာတွင် ရူးသွပ်ဖွယ်ကောင်းသော တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ကြောင်း သက်သေပြနေသည်။
ရုတ်တရက် ဖုန်မှုန့်များကြားမှ လူရိပ်တစ်ခု ဖြတ်သန်းသွားပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။
၎င်းမှာ တာအိုအဆင့် မဟာအကြီးအကဲ ပင် ဖြစ်သည်။
သို့သော် ယခုအချိန်တွင် သူ၏မျက်နှာမှာ ဖြူလျော့နေပြီး အလွန်ပင် ပင်ပန်းနွမ်းနယ်နေပုံ ရသည်။ သူ၏ လှပသော ဆံပင်ဖြူများမှာလည်း ဖရိုဖရဲ ဖြစ်နေတော့သည်။
သူက ကောင်းကင်ယံသို့ ပျံတက်သွားပြီး ဟင်းလင်းပြင်ထဲ၌ လွင့်မျောနေသော ဧရာမ ကျောက်တုံးကြီးတစ်ခုပေါ်သို့ ရောက်ရှိလာသည်။
ဤနေရာမှာ 'ဝမ့်ရှန်းစင်မြင့်' ပင် ဖြစ်သည်။
ယခင်က ဝမ့်ရှန်းစင်မြင့် မှာ ထျန်းချီတောင်ထိပ်နားတွင် ရှိခဲ့သော်လည်း တောင်ကြီးပြိုကျသွားပြီးနောက်တွင် ၎င်းမှာ ထိခိုက်မှုမရှိဘဲ ဤနေရာ၌ လွင့်မျောနေဆဲပင်။
ထူးခြားဆန်းကြယ်သော အော်ရာတစ်ခုက ၎င်းကို ထိန်းထားပေးသဖြင့် မြေပေါ်သို့ ပြုတ်မကျခြင်း ဖြစ်သည်။
ထိုအော်ရာမှာ မြူဖြူထူထူကြီးများ၏ အတွင်းဘက်ရှိ ထည်ဝါလှသော ပုံရိပ်ကြီးဆီမှ ထွက်ပေါ်လာခြင်းပင်။
မဟာအကြီးအကဲ ဝမ့်ရှန်းစင်မြင့် သို့ ရောက်လာသည့်အခါ လူအုပ်စုတစ်စုမှာ ကြိုတင်ရောက်ရှိနေကြပြီး ဖြစ်သည်။ ဦးဆောင်လာသူမှာ ထျန်းဖူနန်းတော်တပည့်များ၏ ကိစ္စများကို တာဝန်ယူရသော 'လန်တင်း' အင်မော်တယ်အရှင် ပင် ဖြစ်သည်။
မဟာအကြီးအကဲ ပေါ်လာခြင်းက လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားသည်။
သို့သော် သူ မြေပေါ်သို့ ဆင်းသက်ပြီးနောက်တွင် ပြင်းထန်စွာ ချောင်းဆိုးလာပြီး သွေးစက်များ မြေပေါ်သို့ စင်ထွက်သွားကာ ခန္ဓာကိုယ်မှာ မတည်မငြိမ်ဖြစ်ပြီး လဲကျလုနီးပါး ဖြစ်သွားသည်။
လန်တင်းအင်မော်တယ်အရှင် က သူ့ကို အလျင်အမြန် လှမ်းတွဲလိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။ "မဟာအကြီးအကဲ... ခင်ဗျား အနားယူဖို့ အချိန်မယူဘဲ ဘာလို့ ဒီကို လာနေရတာလဲ"
"အကယ်၍ အချိန်နှောင့်နှေးသွားပြီး တာအိုဒဏ်ရာ ကျန်ခဲ့ရင် မကောင်းဘူးလေ"
"ဒီမှာ ကျွန်တော်ရှိရင် ရပါပြီ"
မဟာအကြီးအကဲက ခေတ္တမျှ အသက်ရှူလိုက်ပြီးမှ ပြောသည်။ "လန်တင်းအင်မော်တယ်အရှင် ရဲ့ စိုးရိမ်မှုကို ကျေးဇူးတင်ပါတယ်။ ငါ တောင့်ခံနိုင်ပါသေးတယ်"
"မြင့်မြတ်သားတော်လောင်းလျာတွေကို ငါ့ လက်နဲ့ ပို့ပေးခဲ့တာမို့လို့ သူတို့ ဘေးကင်းစွာ ပြန်လာတာကို ငါ မျက်စိနဲ့ မြင်မှ ဖြစ်မယ်"
လန်တင်းအင်မော်တယ်အရှင် က စိတ်ထဲကနေ ခေါင်းခါလိုက်မိသည်။ မဟာအကြီးအကဲ ဒီကို လာတာက တကယ်ပဲ ဒီအကြောင်းရင်း တစ်ခုတည်းကြောင့်လားဆိုတာ သူ မသိပေ။
သို့သော် သူက ဇွတ်အတင်း ပြောနေသဖြင့် ထပ်ပြီး မတားတော့ပေ။
သူက နောက်သို့ လှည့်ကြည့်ကာ ပျက်စီးနေသော မြေပြင်ကြီးကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။ "တကယ်တော့ သူတို့ ထွက်သွားခဲ့တာက ကံကောင်းတာပဲ"
"အကယ်၍ အဲဒီအချိန်တုန်းက သူတို့တွေ တောင်ပေါ်မှာ ရှိနေခဲ့ရင်တော့ အသက်ရှင်တဲ့သူ တော်တော်နည်းသွားလိမ့်မယ်"
ထို့နောက် သူက မဟာအကြီးအကဲကို မေးလိုက်သည်။ "တခြားသူတွေကော ဘယ်လိုလဲ"
မဟာအကြီးအကဲက ထပ်မံ ချောင်းဆိုးလိုက်ပြီး မျက်လုံးများက မှောင်မှိုင်သွားကာ ပြန်ဖြေလိုက်သည်။ "ရှုရှန်း၊ ဝမ်ကျိ၊ ဟုန်ကျွင်း၊ ထျန်းချန်း... အကုန် သေကုန်ပြီ"
"ယန်ရှို့၊ ဟောက်ယွီ... တို့ကတော့ သတိမေ့မြောနေတုန်းပဲ"
"လုချန်းကျီရဲ့ တိုက်ကွက် တစ်ချက်တည်းနဲ့ ထျန်းချီတောင်ရဲ့ အဆင့်မြင့် အကြီးအကဲ အားလုံးနီးပါးကို ဖျက်ဆီးပစ်လုနီးပါး ဖြစ်ခဲ့တာပဲ"