မိသားစုရဲ့ မျက်နှာစာ / ဖော်ထုတ်ခံရတဲ့ ခံစားချက်အစစ်အမှန် (4)
Vol. 48 Ch. 474
သူ ခြောက်သွေ့နေသည့် မျက်လုံးများအား အနည်းငယ် မျက်တောင်ခတ်လိုက်သည်။
ထို့နောက် လက်ကို ဆန့်လိုက်ပြီး တစ်ချိန်လုံး တုန်ခါနေခဲ့သည့် ဖုန်းအား ပြန်လည်ကောက်ယူလိုက်သည်။
အပြင်ဘက်တွင် မည်မျှပင် အေးစက်နေပါစေ၊ ထိုအရေပြားကို ဆွဲခွာလိုက်ပါက အတွင်းမှ အနာက အလုံးစုံ ကျက်သွားခြင်းမရှိပါချေ။
ယန်ချန်သာ စာမပြန်ခဲ့ပါက ဖူချင်းအာသည် အတွေးလွန်လိမ့်မည်။
ထို့နောက် ညီအစ်ကိုနှစ်ဦးကြားမှ ‘မသင့်မြတ်မှု’အကြောင်းကိုသာ တွေးပူနေခဲ့မည်ဖြစ်ကြောင်း သူကောင်းကောင်းသိသည်။
သူ့အနေဖြင့် နူးညံ့၍ စိတ်ခံစားလွယ်တတ်သော မိခင်အား မထိခိုက်စေလိုသောကြောင့် စာပြန်ခဲ့သည်။
ယန်ဟဲက သူ့ထံသို့ အသံမက်ဆေ့ချ်များ ပို့ထားခဲ့လေသည်။
သူ့၏အသံသာမက၊ ယန်ချန်အား တောင်းပန်စကားဆိုနေသည့် ဖူချင်းအာ၏ အသံဖျော့ဖျော့ကိုလည်း ကြားရသည်။
ယန်ချန် ဆိုဖာအား မှီထိုင်လိုက်ရင်း အသံမက်ဆေ့ချ်အား နားထောင်လိုက်ပြီးနောက် မိခင်ဖြစ်သူအား နှစ်သိမ့်ရန် စာနှစ်လုံးခန့် တိတ်တဆိတ် ရေး၍ပို့လိုက်သည်။
သားဖြစ်သူထံမှ ပြန်စာရပြီးနောက် ဖူချင်းအာ၏ လှုပ်ရှားနေခဲ့သည့် စိတ်နှလုံးသားက တည်ငြိမ်သွားခဲ့ရသည်။
သူမနှင့်၊ ယန်ဟဲနှစ်ယောက်လုံး ဤစကားပြောနေခြင်းကို ရုတ်တရက် ရပ်မသွားစေလိုကြပါချေ။
သူတို့က သားငယ်ဖြစ်သူ ယန်ရှုကွေးကိုသာ ဂရုစိုက်နေသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် ယန်ချန်နှင့်လည်း ပို၍ နီးစပ်ချင်ကြသည်။
ယန်ဟဲက သူ့ထံသို့ အသံမက်ဆေ့ချ်များ ပို့ထားခဲ့လေသည်။
သူ့၏အသံသာမက၊ ယန်ချန်အား တောင်းပန်စကားဆိုနေသည့် ဖူချင်းအာ၏ အသံဖျော့ဖျော့ကိုလည်း ကြားရသည်။
ယန်ချန် ဆိုဖာအား မှီထိုင်လိုက်ရင်း အသံမက်ဆေ့ချ်အား နားထောင်လိုက်ပြီးနောက် မိခင်ဖြစ်သူအား နှစ်သိမ့်ရန် စာနှစ်လုံးခန့် တိတ်တဆိတ် ရေး၍ပို့လိုက်သည်။
သားဖြစ်သူထံမှ ပြန်စာရပြီးနောက် ဖူချင်းအာ၏ လှုပ်ရှားနေခဲ့သည့် စိတ်နှလုံးသားက တည်ငြိမ်သွားခဲ့ရသည်။
သူမနှင့်၊ ယန်ဟဲနှစ်ယောက်လုံး ဤစကားပြောနေခြင်းကို ရုတ်တရက် ရပ်မသွားစေလိုကြပါချေ။
သူတို့က သားငယ်ဖြစ်သူ ယန်ရှုကွေးကိုသာ ဂရုစိုက်နေသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် ယန်ချန်နှင့်လည်း ပို၍ နီးစပ်ချင်ကြသည်။
ထို့ကြောင့် ယန်ဟဲက သားဖြစ်သူ ပို၍ စိတ်ဝင်စားမည့်အကြောင်း ပြောင်းပြောလိုက်သည်။
“နည်းပညာဌာနက ရှောင်ကျန်းဆီကနေ ကြားခဲ့တယ်၊ မင်းက သူတို့ကို လုံးဝ အသစ်ဖြစ်မယ့် system upgrade တစ်ခုကို ပြင်ဆင်ခိုင်းထားတယ်ဆို၊ နိုင်ငံကာကွယ်ရေးဌာနကပါ ပူးပေါင်းနေတာဆိုတော့ အဲဒါက တကယ့်ကို အမိုက်စားပဲ!”
“မင်းအဖေနဲ့ အမေနဲ့ အသက် (20ကျော်လောက်တုန်းကဆို လျှောက်ပြီး လည်နေတုန်းပဲရှိသေးတာ”
ယခုအချိန်တွင် သူစိတ်အဝင်စားဆုံးအကြောင်းအရာအား ပြောလာသောကြောင့် ယန်ချန်လည်း မိဘများနှင့် ဆက်၍ စကားပြောနေခဲ့သည်။
ယခုကာကွယ်ရေး စနစ်အား အကြံပြုခဲ့သူမှာ ကုကျစ်စုန့်ဖြစ်သည်။ သို့သော် အတွင်းပိုင်းသတင်းများက လျှို့ဝှက်ချက်ဖြစ်သောကြောင့် သူ့အနေဖြင့် ပြောဆိုခွင့်ရှိသည့် အကြောင်းအရာအချို့ကိုသာ ပြောပြခဲ့သည်။
“အဖေရော၊ အမေရော မင်း ဒီစနစ်ကို ပြင်ဖို့အတွက် အများကြီး ကြိုးစားနေတယ်ဆိုတာကို သိပါတယ် ၊ ဒါပေမယ့် လူ့ခန္ဓာကိုယ်က သံနဲ့ လုပ်ထားတာမဟုတ်တော့ ပုံမှန်စားသောက်ပြီး ပုံမှန်အနားယူဖို့လည်း မေ့လို့ မရဘူး…”
“ မင်းတို့ ဌာနရဲ့ လုပ်နိုင်စွမ်းက အရမ်းကို မြင့်နေပြီလေ၊ ကိုယ့်ကိုကိုယ် အများကြီး ဖိအားမပေးပါနဲ့!”
ယန်ချန် စိတ်ထဲတွင် ကြိတ်ပြောလိုက်မိသည်။
‘အရမ်းမမြင့်ပါဘူး’
သူသည်က လုပ်ငန်းရှင်တစ်ဦးဖြစ်သော်လည်း အသိစိတ်ရှိသေးသည်။
နည်းပညာဌာနမှ အဓိကအဖွဲ့ဝင်များမှာ ရုံးခန်းထဲတွင် နေထိုင်ကြပြီး လစာသုံးဆပေးထားသည်။ သူလိုချင်သည့် စနစ်သစ်အား အမြန်ဆုံးအောင်မြင်စွာ အဆင့်မြှင့်တင်နိုင်ရေးအတွက် အခြားသော လိုအပ်ချက်များကိုလည်း ထောက်ပံ့ပေးထားခဲ့သည်။
ထိုအရာက ကုကျစ်စုန့်အတွက် သူလုပ်ပေးနိုင်သည့် တစ်ခုတည်းသော အရာသာဖြစ်သည်။
စနစ်သစ်အား ပြင်ဆင်၍ မပြီးသေးသော်လည်း သူ၏ လက်ချောင်းများက ကုကျစ်စုန့်၏ အကောင့်ကို နှိပ်ကာ နှုတ်ဆက်စကားများ ရေးသားခဲ့မိသည်။ သို့သော် ထိုစာများအား ပို့နိုင်စွမ်းမရှိခဲ့ပေ။
ယန်ဟဲထံမှ စာများ ရပ်သွားခဲ့သည်။
ယန်ချန် ဖုန်းကို ကိုင်ထားရင်း ဆယ်စက္ကန့်မျှ စောင့်နေခဲ့သော်လည်း နောက်ထပ် စကားပြန်ရောက်မလာတော့ပေ။
ဖုန်းကို ကိုင်ထားသည့် လက်ချောင်းများမှာ ပါးလျ၍ ခွဲဖြာထွက်လာသော သွေးကြောစိမ်းစိမ်းများသည်လည်း လက်ဖျံမှတဆင့် ခေါက်ထားသည့် အင်္ကျီစအနီးထိ မြင်သာနေခဲ့သည်။
ရုတ်တရက် သူ၏ မျက်ဝန်းများ ပြူးကျယ်သွားသည်။
သူ တစ်စုံတစ်ရာအား ခံစားလိုက်ရသကဲ့သို့ ခေါင်းအား လှည့်လိုက်ချိန်တွင် သူ၏ မျက်နှာထက်၌ အေးစက်မှုနှင့်၊ သတိကြီးကြီးထားခြင်းတို့ အတိုင်းသား ပေါ်နေခဲ့သည်။
သို့သော် သူ့၏နောက်ကျောမှ ဧည့်ခန်းအလယ်ရှိ မြင်ကွင်းအား မြင်လိုက်ရချိန်တွင်တော့ အံ့အားသင့်ခြင်းအား ထိန်းမထားနိုင်သော်ဘဲ ကြက်သေ,သေသွားခဲ့ရပြန်သည်။
ယန်ချန်ကိုယ်တိုင် မသိသော်ငြား သူ၏ မျက်ဝန်းဖျော့ဖျော့များက အရောင်လက်သွားခဲ့သည်။
“စုန့်… စုန့်စုန့်?”
သူ ရုတ်တရက် ထရပ်လိုက်မိရင်း ခြေလှမ်းများကိုနောက်ပြန်ဆုတ်မိလိုက်သည်။
ဤသည်မှာ သူ့၏အနီးအနားတွင် ဝန်းရံနေသော မကောင်းဆိုးဝါးဝိဉာဉ်များအား မြင်နိုင်ပြီးနောက် ပေါ်လာခဲ့သည့် ယန်ချန်၏ အကျင့်တစ်ခုလည်းဖြစ်သည်။
ယခင်က သူ့အနီးသို့ တစ်စုံတစ်ယောက် ချဉ်းကပ်လာပါက ယန်ချန်၏ ကိုယ်ရှိန်ကိုယ်ဝါက အားကောင်း၍ အနားကပ်ရန် ခက်လှသည်ဟု ထင်မိကြသည်။ သူ့အနားတွင် ကြာကြာနေမိပါက နှလုံးများ တုန်လာတတ်ကြသည်။
ယခုအချိန်တွင်တော့ သူဘက်မှစတင်ကာ ကုမ္ပဏီမှလူများအား သူ့အနီးမကပ်ရန် ကြိုတင်တောင်းဆိုထားခဲ့သည်။
ကလေးများ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်သည်များ ရှိနေပါက သူ၏မကောင်းဆိုးဝါးဝိဉာဉ်များ စက်ကွင်းနှင့် လွတ်ရာနေရာထိ ထိုလူများ မထိခိုက်စေရန် ရှောင်ကွင်းသွားတတ်လာသည်။
ထို့ကြောင့် ယန်ချန်က လူအများ၏ အမြင်တွင် ပို၍ သွေးအေးကာ ဝေးကွာလာခဲ့သည်။
သူ၏ စိတ်ထဲတွင်နေရာယူထားသော ကုကျစ်စုန့်၏ မျက်နှာအား မြင်တွေ့လိုက်ရချိန်တွင် ယန်ချန်၏ ခန္ဓာကိုယ်က အလိုအလျောက် လှုပ်ရှားသွားခဲ့ပြီး သူမအား မကောင်းဆိုးဝါးဝိဉာဉ်များ နှောင့်ယှက်မည်ကို စိုးရိမ်မိခဲ့သည်။
သူ၏ မြင်ကွင်းထဲတွင် ကုကျစ်စုန့်၏ ခန္ဓာကိုယ်ပ အနည်းငယ် လှုပ်ရှားနေခဲ့ပြီး နောက်ကွယ်မှ သုန်မှုန်ထိုင်းမှိုင်းသည့် စွမ်းအင်များ ဖုံးလွှမ်းနေခဲ့သည်။ သူမ၏ မျက်နှာကတော့ ပုံမှန်ပင်။
သူမ၏ နောက်ကျောတွင်တော့ မည်းနက်၍ မြင့်မားလွန်းသော ဂိတ်တံခါးဝကြီးတစ်ခုရှိနေခဲ့သည်။
ထိုတံခါးဝမှပင် ယင်စွမ်းအင်များက စီးဆင်းနေခဲ့လေသည်။ ယန်ချန် ထိုတံခါးအား တစ်ကြိမ်မြင်ဖူးသောကြောင့် မြေအောက်ကမ္ဘာနှင့် ချိတ်ဆက်ထားသော တစ္ဆေဂိတ်တံခါးဝဖြစ်သည့်အကြောင်း သိထားသည်။
ဂိတ်တံခါးဝမှ တစ္ဆေစွမ်းအင်များသည်ပင် ကုကျစ်စုန့်၏ကိုယ်ပေါ်မှ အားကောင်းသော ချီစွမ်းအင်၏ ထိန်းချုပ်ခြင်းခံထားရသည်။
သူ့၏ဘေးတွင် ဝန်းရံနေသော မကောင်းဆိုးဝါးဝိဉာဉ်များ မဆိုထားနှင့် သူကိုယ်တိုင်ပင် မလှုပ်နိုင်ပေ။
သူတို့ နှစ်ဦးသား မျက်လုံးချင်းဆုံလိုက်သည်နှင့် ကုကျစ်စုန့်၏ခြေဖဝါးအောက်မှ တစ္ဆေဆန်သည့် စွမ်းအင်များက ပို၍ အားကောင်းလာခဲ့ပြီးနောက် အခန်းတွင်းမှ မကောင်းဆိုးဝါးဝိဉာဉ်များအား တိုက်ခိုက်တော့သည်။
ကုကျစ်စုန့် သူ့အနီးသို့ ခြေတစ်လှမ်းတိုးလာလေလေ၊ သူ့ကိုယ်ပေါ်မှ မကောင်းဆိုးဝါးဝိဉာဉ်သည်လည်း စက္ကူတစ်စအလား ဆုတ်ဖြဲခံလိုက်ရလေလေ ဖြစ်ကြောင်း ယန်ချန်ခံစားနေရသည်။
သူ့မျက်နှာအနီးသို့ တိုးဝင်လာခဲ့သော အေးစက်သည့် စွမ်းအင်များမှာ ကုကျစ်စုန့်၏ ထူးခြားသော စွမ်းအင်များသာဖြစ်သည်။
ယန်ချန်၏ မျက်ဝန်းဖျော့ဖျော့မှာ သူ့ကို စူးစိုက်ကြည့်နေသော ကုကျစ်စုန့်၏အကြည့်ကြောင့် မျက်ဝန်းများ ဝိုင်းစက်လာရပြန်သည်။
သူမအား စိုက်ကြည့်နေသည့် မျက်ဝန်းအစုံတွင် သူမကိုယ်တိုင်၏ ပုံရိပ်ကိုပင် ပြန်မြင်နေရသည်။ ပုံရိပ်ထဲမှ မိန်းမလေးမှာ ပုံမှန်ကဲ့သို့ တည်ငြိမ်အေးစက်သည့်အကြည့်ဖြင့်မဟုတ်ဘဲ အနည်းငယ် စနောက်လိုသကဲ့သို့ အပြုံးတစ်ခု ရှိနေခဲ့သည်။
“ဘာတွေ အဲဒီလောက်ကြည့်နေတာလဲ၊ ကျွန်မကို ကြောက်လို့လား?”
သေသေချာချာပြန်တွေးကြည့်လိုက်ပါက ‘ကိုယ်ပိုင်အိမ်တစ်လုံးအတွင်းသို့ ခွင့်ပြုချက်မရှိဝင်ရောက်ခြင်း’သာ မဟုတ်ပါလာ့? အခြားလူများ၏ အမြင်တွင်လည်း ကောင်းမည်မဟုတ်ပေ။
ကုကျစ်စုန့် တောင်းပန်လိုက်သည်။
“ခုနတုန်းက ရှင့်ဆီကို မက်ဆေ့ချ်တော့ ပို့လိုက်သေးတယ်၊ ရှင် မမြင်လိုက်ဘူးထင်တယ် ၊ ကျွန်မ နည်းနည်းလောက် ကြိုပြောလိုက်ရမှာ”
ယန်ချန် ရုတ်တရက် အသိစိတ်ပြန်ကပ်လာခဲ့သည်။
“မဟုတ်တာ…”
သူ့အနေဖြင့် ဝိဉာဉ်စွမ်းအင်များထံသို့သာ အာရုံရောက်နေခဲ့သောကြောင့် အေးစက်နေသည့် သူ၏ နှာခေါင်းထိပ်တွင် ကုကျစ်စုန့်၏ ရနံ့လေး သင်းဝေ့နေခဲ့သည်။
အနံ့မှာ ခပ်သင်းသင်းသာ ဖြစ်သော်လည်း သူ လျစ်လျှူရှုထား၍ မရပါချေ။
ရုတ်တရက် တစ်စုံတစ်ခုအား သတိရလိုက်ရင်း ယန်ချန်၏ နားရွက်ထိပ်လေးများ နီမြန်းသွားသည်။
ကုကျစ်စုန့်မှ သူ့ထံသို့ စာပို့ထားသည်ဆိုသော စကားကို ကြားရပြီးနောက် သူမျက်လွှာချ၍ လက်ထဲမှ ဖုန်းအား ကြည့်လိုက်မိသည်။
သို့သော် သူ့ဖုန်းသည်က ယန်ဟဲနှင့် စကားပြောနေသည့် ချက်အား ဖွင့်ထားဆဲဖြစ်ကာ မကြာသေးခင်ကထိ စာပြန်မလာခဲ့သော ဖခင်ဖြစ်သူမှ သူ့ထံသို့ အသံမက်ဆေ့ချ်နှစ်စောင် ထပ်ပို့ထားခဲ့သည်။
သို့သော် စိတ်လှုပ်ရှားမှုကြောင့် လက်ချောင်းများမှ ဖုန်းအား ဆုတ်ကိုင်လိုက်မိချိန်တွင် သူ၏ လက်ချောင်းထိပ်က အသံမက်ဆေ့ချ်တစ်ခုအား နှိပ်မိသွားခဲ့လေသည်။
ဖုန်းအတွင်းမှ အနည်းငယ်စိတ်ပူပန်နေသည့် ဖူချင်းအာ၏ အသံတိုးတိုး ထွက်ပေါ်လာခဲ့သည်။
“အားချန်၊ မင်း ကုတောက်ကျန့်ကို စိတ်ဝင်စားနေတာလား.. အမေက အခြားဘာသဘောနဲ့မှ မေးတာမဟုတ်ဘူးနော်၊ ဒါပေမဲ့ အမေ့အမြင်မှာတော့ မင်း ကုတောက်ကျန့်ကို ဆက်ဆံတာ သူများနဲ့ မတူသလိုပဲ အမြဲလိုလို…”
ယန်ချန်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီးနောက် အလောတကြီးဖြင့် အသံကို ပိတ်ရန် ကြိုးစားခဲ့သော်လည်း အသံအတိုးအချဲ့ ခလုတ်ကိုသာ ဖိမိသွားသောကြောင့် မိခင်ဖြစ်သူ၏ အသံမှာ တဖြည်းဖြည်းသာ တိုးဝင်သွားခဲ့သည်။
အသံမက်ဆေ့ချ်က ဆက်၍ ပြောနေဆဲဖြစ်သော်ငြား အသံမထွက်တော့ချေ။
အခန်းထဲတွင်လည်း အပ်ကျသံကို ကြားရလုနီးနီး တိတ်ဆိတ်နေခဲ့သည်။