← Chapters

အစည်းအဝေး ပြင်ဆင်ခြင်းနှင့် နောက်ထပ် မိုးကြိုးပစ်ခြင်း (2)

Vol. 48 Ch. 479

အစည်းအဝေး ပြင်ဆင်ခြင်းနှင့် နောက်ထပ် မိုးကြိုးပစ်ခြင်း (2)

Vol. 48 Ch. 479

“ရှင်တို့က မသန့်စင်တာတွေ၊ အညစ်အကြေးတွေကို စားခဲ့မိတဲ့အတွက် ခန္ဓာကိုယ်ထဲမှ အကြွင်းအကျန်တွေ ကျန်နေသေးတယ်

ဒီအဆောင်ကို အညစ်အကြေးသန့်စင်ဖို့အတွက်‌ ဆောင်ထားမယ်ဆိုရင် ပထမရက်တွေမှာတော့ အန်တာတို့ ၊ ဝမ်းလျှောတာတို့ ဖြစ်လိမ့်မယ်

ရှင်တို့ အန်ထုတ်လိုက်တဲ့အရာတွေကလည်း ညစ်ညမ်းတဲ့အရာတွေချည်းပဲ၊ ဒါပေမဲ့ ကိုယ်တွင်းက အဲဒါတွေ ကုန်စင်သွားရင်တော့ လုံးဝ သက်သာသွားပါလိမ့်မယ်”

“ရှင့်ရဲ့ တုံ့ပြန်မှုက တခြားနှစ်ယောက်ထက် ပိုပြီး ကြာလိမ့်မယ်.. အဆောင်ကို အနည်းဆုံး လဝက်လောက်ထိ ဆောင်ထားပြီးရင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါပြီ”

သူမ အိတ်များကို တင်းကြပ်စွာ ချည်နှောင်လိုက်ရင်း တံခါးဖွင့်ကာ အပြင်မှ စောင့်ဆိုင်းနေသည့် အဖွဲ့ဝင်များထံသို့ လှမ်းပေးလိုက်သည်။

ဤသတ္တဝါသုံးကောင်အား သေချာ သုတ်သင်ရှင်းလင်းရန်လည်း မှာကြားလိုက်သည်။

“ဒါတွေကို ဖွဲ့စည်းပုံအကြီးထဲမှာ ထည့်ပြီးတော့ အမှုန့်ကြိတ်ပစ်လိုက်ပါ၊ လုံးဝ အသက်မရှင်ပါစေနဲ့”

အဖွဲ့ဝင်များကတွန့်လိမ်နေဆဲ အိတ်သုံးလုံးအား ယူဆောင်သွားပြီးနောက် ကုကျစ်စုန့် သူမ၏ လက်ချောင်းများကို တစ်သျှူးဖြင့် သေချာ သန့်စင်လိုက်သည်။

ကံကောင်းစွာဖြင့် ယခုတစ်ခေါက်တွင် သန္ဓေသားများက နုဆဲကာလ၊ လူ့ဗိုက်ထဲတွင် ပုန်းအောင်းနေစဉ်ကာလကတည်းက ရှာတွေ့နိုင်ခဲ့ပြီး သူမဘက်မှ ဖယ်ရှားပေးနိုင်ခဲ့သည်။

ထိုအရာများသာ နိုးထလာခဲ့ပါက ရှောင်ကောင်းနှင့် တခြားလူများသာ သေဆုံးရမည်မဟုတ်၊ ထိုနေရာအနီးတဝိုက်သည်က လူသေကုန်းကဲ့သို့ပင် ဖြစ်သွားနိုင်သည်။

ထိုအချိန်တွင် လောဘဖြင့် ကြီးပြင်းလာသော တစ္ဆေသန္ဓေသားက ယခုကဲ့သို့ သူမ ကိုင်ပေါက်၍ ရနိုင်တော့မည်မဟုတ်ချေ။

ကုကျစ်စုန့် တာဝန်ကျအဖွဲ့ဝင်တစ်ဦးအား ကျမ်းစာ, စာရွက်နှင့် စုတ်တံများ ယူဆောင်လာရန် လွှတ်လိုက်သည်။ ထို့နောက် မှင်ထူထူဖြင့် ကျမ်းစာများ ရေးဆွဲပြီးနောက် ရှောင်ကောင်းတို့အား ပေးလိုက်သည်။

ကျမ်းစာအဆောင်များကို လက်ထဲတွင် ဆုတ်ကိုင်ထားပြီးနောက် မိန်းကလေးသုံးဦး၏ စိတ်နှလုံး အေးချမ်းသွားခဲ့ရပြီး အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားပြီဟု ခံစားခဲ့ရသည်။

ရှောင်ကောင်းတစ်ယောက်မျက်ရည်များ ဝဲတက်လာပြန်သည်။

“ကျေးဇူးတင်ပါတယ် စုန့်စုန့်၊ ကျွန်မတို့ကို ကယ်ပေးလို့ တကယ်ကျေးဇူးတင်ပါတယ်”

ညနေခင်းပိုင်းတွင် ထုတ်လွှင့်ခဲ့သည့် တိုက်ရိုက်ထုတ်လွှင့်မှုသတင်းက ပျံ့နှံ့သွားခဲ့ပြီးနောက် သူမတို့၏ မိသားစုဝင်များ၊ သူငယ်ချင်းများ၊ အတန်းဖော်များနှင့်၊ ချစ်သူက စာများ ဆက်တိုက်ပို့၍ အခြေအနေအား မေးမြန်းခဲ့ကြသည်။

သို့သော် အန္တရာယ်အား အပြီးတိုင် မရှင်းလင်းနိုင်သေးသရွေ့၊ လုံခြုံပြီဟု အာမ, မခံနိုင်သေးသရွေ့ သူတို့ စိတ်ကို မလျှော့ရဲကြပါချေ။

ထိုမိန်းကလေးသုံးဦးမှာ အသက်(20)ကျော်ခန့်သာ ရှိသေးသည်။ ကျောင်းတက်နေဆဲအရွယ်သာ ဖြစ်သည်။

သူတို့၏ ဘဝသည်က အစပျိုးကာစ ဖြစ်ပေသည်။ သို့သော် လူတစ်ဦးတစ်ယောက်၏ လောဘ၊ မောဟများ၊ တပ်မက်မှုများကြောင့် သူတို့ အသက်ဆုံးရလုနီးနီး ဖြစ်ခဲ့ရသည်။

သူတို့ တိုင်ပင်လိုက်ပြီးနောက် သုံးဦးလုံးက စွန်းယွဲ့၏ အိမ်သို့ ပြန်မသွားချင်ကြပါချေ။ အိမ်ထဲမှ ပြဿနာအား ဖြေရှင်းပြီးသော်လည်း သူတို့ စိတ်မလုံခြုံခဲ့ပေ။

ဝိဉာဉ်ဆိုင်ရာအထူးဌာနတွင် ယနေ့ညအိပ်ပြီးနောက် နောက်နေ့မနက်မှသာလျှင် ဆွေမျိုးမိဘများထံသို့ အကူအညီတောင်း၍ ချက်ချင်း အိမ်ပြောင်းကြမည်ဖြစ်သည်။

‘လူသေကောင်အလောင်းအား စားသုံးခြင်း’အမှုသည်လည်း ဤနေရာတွင် ပြီးဆုံးသွားခဲ့သည်။

ကုကျစ်စုန့် အနားယူခန်းအတွင်းမှ ထွက်လာပြီးနောက် တစစီ ဖျက်ဆီးခံထားရသည့် တစ္ဆေသန္ဓေသားသုံးကောင်ကို သေသေချာချာ စိုက်ကြည့်လိုက်သည်။

ထို့နောက် သမာဓိမီးတောက်ဖွဲ့စည်းပုံအတွင်း၌ ထိုအရာများ လောင်းကျွမ်းသွားသည်ိထိ စောင့်ကြည့်ခဲ့ပြီးနောက် ရုံးခန်းနေရာသို့ ပြန်လျှောက်လာခဲ့လေသည်။

စနစ်အသစ်၏ အသုံးပြုပုံအပြင် ထိုနည်းပညာက ပုံဖော်ဖန်တီးနေသည့် plug-ins အဆင့်တွင်သာ ရှိသေးသောကြောင့် အပြင်လူများအနေဖြင့် အတွင်းကျသည့် အချက်အလက်များကို သိရန် မသင့်တော်ပေ။

ထို့ကြောင့် ယန်ချန်က ပြဿနာရှိနေသည့် စက်ပစ္စည်းများကို ယူဆောင်ကာ တစ်ဦးတည်း plug-ins များ တင်၍ ပြင်ဆင်ရန် ကြိုးစားနေခဲ့သည်။

ကုကျစ်စုန့် သန္ဓေသား သုံးကောင်အား ကိုင်တွယ်ဖြေရှင်းပြီးချိန်တွင် ယန်ချန်သည်လည်း လုပ်ငန်းတိုးတက်မှု ရှိနေပြီဖြစ်သည်။

ကုကျစ်စုန့် တံခါးကို ခေါက်၍ ဝင်လာပြီးနောက် အကြည့်တို့က စားပွဲခုံသို့ ရောက်သွားခဲ့သည်။

ဒေတာအချက်အလက်များ မပျောက်ဆုံးသွားစေရန် သိမ်းဆည်းထားသည့် မိုဘိုင်းဖုန်းများ၊ ကွန်ပြူတာများမှာ ရှင်းလင်းထားခြင်းမရှိပေ။

Passwords များကိုလည်း ရဲဌာန၏ ကွန်ယက်လုံခြုံရေးဝန်ထမ်းများမှ အလုံးစုံ ဖွင့်ထားပြီးဖြစ်သည်။

အလုပ်,လုပ်နေသည့်အချိန်၌ ယန်ချန်က ဘောင်မပါသည့် မျက်မှန်ပါးပါးတစ်လက်ကို တပ်ဆင်ထားခဲ့သည်။ သူ၏ ကျဉ်းမြောင်းသော မက်မွန်ကဲ့သို့ မျက်ဝန်းများသည်လည်း မျက်မှန်နောက်တွင် ပုန်းကွယ်နေခဲ့ပြီး ဖုန်း၊ ကင်မရာတို့မှ အလင်းရောင်သည်သာ ပြန်ဟပ်နေခဲ့သည်။

သူ့ရှေ့မှ စက်ပစ္စည်းများကိုလည်း ဖွင့်ထားပြီး ဒေတာကြိုးများမှတဆင့် သူ၏ ကိုယ်ပိုင် device နှင့် ချိတ်ဆက်ထားခဲ့သည်။

သွယ်လျ၍ ရှည်လျားသော လက်ချောင်းများက ကီးဘုတ်ပေါ်တွင် ခပ်မြန်မြန် လှုပ်ရှားနေခဲ့ပြီး ကုကျစ်စုန့် နားမလည်နိုင်သော ကုတ်များ၊ ဂဏန်းများအား မြန်မြန်ဆန်ဆန်၊ တိတိကျကျ ရိုက်သွင်းခဲ့သည်။

ထိုကုတ်များအားလုံးသည်က ဒေတာကြိုးမှတဆင့် ချိတ်ဆက်ထားသည့် စက်ပစ္စည်းများတွင်လည်း ပေါ်နေခဲ့သည်။

မကြာခင် Progress bar လေးတစ်ခုက မှိတ်တုတ်မှိတ်တုတ် ပေါ်လာခဲ့သည်။

၁၀၀ ရာခိုင်နှုန်းပြည့်သွားချိန်တွင် စာသားများ ထင်ရှားစွာ ထွက်လာခဲ့သည်။

SUCCESS!

“အလုပ်,ဖြစ်သွားပြီ”

ယန်ချန်က အောက်နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်လိုက်မိရင်း လက်မှလည်း မျက်မှန်ကို အသာ ပင့်တင်လိုက်သည်။ ထို့နောက် သူ၏ အာရုံက ကုကျစ်စုန့်ထံသို့ ရောက်လာခဲ့သည်။

“ကွန်ပြူတာတစ်ခုကတော့ system က နိုင်ငံခြားထုတ်ဖြစ်နေတော့ ကျွန်တော်တို့ ကုမ္ပဏီက app တွေနဲ့ သိပ်မကိုက်ဘူး၊ နောက်ထပ်တစ်ခုကတော့ တော်တော်လေး ပျက်စီးနေတယ်

ကြည့်ရတာတော့ motherboard ထဲက internal chipတွေ ထိခိုက်ထားပုံပါပဲ။ ဒီတော့ plug-ins ကို တင်လိုက်နိုင်ရင်တောင် စက်က မrun ဘဲ freeze ဖြစ်သွားမှာပဲ”

“ကျန်တဲ့ ဖုန်းနှစ်လုံးနဲ့ ကွန်ပြူတာတစ်လုံးကတော့ ပရိုဂရမ်အသစ်ကို ထည့်ပြီး plug-insလည်း ထည့်ပြီးသွားပြီဆို‌တော့ ပုံမှန်အတိုင်း အလုပ်လုပ်နိုင်လိမ့်မယ်”

ပြင်းပြင်းထန်ထန် ထိခိုက်ထားသည့် စက်ပစ္စည်းက အင်တာနက်ဆယ်လီ ရှောင်ဝူ၏ စက်သာဖြစ်သည်။

စွန်းယွဲ့၏ ဖုန်းနှင့် ကွမ်ချီဟုန်၏ အိမ်တွင်းမှ ရှာတွေ့ခဲ့သော ကွန်ပြူတာများတွင် plug-insအား အောင်မြင်စွာ ထည့်သွားထားပြီးပေပြီ ။

“ကိစ္စမရှိပါဘူး၊ အဓိက,က အောင်မြင်ဖို့ပါပဲ ၊ ဒါဆို ရှင့်ကို ဆက်ပြီး ဒုက္ခပေးရဦးမယ်”

သူမ အနီးကပ်‌ သေချာကြည့်လိုက်ပြီးနောက် အောင်မြင်စွာ ထည့်သွင်းထားသည့် plug-insက အလုပ်,လုပ်နေပြီဖြစ်ကြောင်းတွေ့လိုက်ရသည်။

ရှေးခေတ်တရုတ်စာလုံးပုံစံရှိသည့် icon တစ်ခုသက မှိတ်တုတ်မှိတ်တုတ် ဖြစ်နေလေပြီ။

ထို page တွင် အနီရောင်သတိပေးသည့် သင်္ကေတတစ်ခု ပေါ်နေခဲ့သည်။

ထိုအရာက အတွင်းပိုင်းထည့်သွင်းထားသော ဂါထာ၏ ကုတ်မှတဆင့် စက်အား စစ်ဆေးနေစဉ် မကောင်းမှုဝိဉာဉ်များ ရှာတွေခဲ့သည့်ဆိုသော သတိပေးသင်္ကေတပင်။

ကုကျစ်စုန့် စိတ်ဝင်တစားဖြင့် အံ့အားသင့်စွာ ပြောလိုက်မိသည်။

“ဒါက တကယ်ကို အောင်မြင်သွားတာပဲ ၊ ကျွန်မတို့ သူတို့တွေကို အခန်းထဲ ခေါ်လိုက်ရအောင်”

ပရိုဂရမ်ရေးဆွဲခြင်းနှင့် တောက်ဓမ္မတို့အား ပူးပေါင်း၍ သိပ္ပံနည်းကျ တစ္ဆေဖမ်းဆီးခြင်းဆိုသည်မှာ သူမ ရုတ်တရက် တွေးမိလိုက်သည့် အရာတစ်ခုသာ ဖြစ်သော်လည်း ထိုအရာက အောင်မြင်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ဝိဉာဉ်ဆိုင်ရာဌာနဝင်များ ဝင်ရောက်လာချိန်တွင် ယန်ချန်က ပရိုဂရမ်မှ ရှာဖွေတွေ့ရှိခဲ့သည့် သဘာဝလွန်နည်းပညာဖြင့် ဖုံးကွယ်ထားသော သက်သေများ၊ အချက်အလက်များကို ဖိုင်များအဖြစ် စုစည်း၍ ကုကျစ်စုန့်နှင့် တာဝန်ရှိအရာရှိထံသို့ ပို့ပေးလိုက်သည်။

တစ်ချိန်လုံး ပိပိရိရိ ပုန်းကွယ်နေခဲ့သည့် ဟဲကျောင်ရှန်း၏ ခြေရာများ တဖြည်းဖြည်း ပေါ်လာခဲ့သည်။

“ကွမ်ချီဟုန်ရဲ့ ကွန်ပြူတာက ဒေတာတွေကို ပြန်ပြီး restore လုပ်ထားတာ၊ ဒီမှာ တွေ့ရတာက သူ တိုက်ရိုက်မလွှင့်ခင်လေးမှာပဲ တစ်စုံတစ်ယောက်က သဘာဝလွန်စွမ်းအင်ကို သုံးပြီးတော့ သူ့ရဲ့ မော်နီတာမှာ တိုက်ရိုက်ထုတ်လွှင့်မှုကို မစဖို့ သတိပေးခဲ့တာကို တွေ့ရတယ်”

ကုကျစ်စုန့် ကွန်ပြူတာကို ရှေ့တိုးလိုက်ပြီးနောက် အဖွဲ့ဝင်များသာမက တိုက်ရိုက်ဗီဒီယိုကောမှတဆင့် ကြည့်နေကြသည့် ထူးခြားပညာရှင်များကို ပြသလိုက်သည်။

အချိန်မှာ ညဉ့်နက်နေပြီဖြစ်သော်လည်း ရုံးချုပ်၏ တာဝန်ကျအရာရှိမှာ ကြီးမားသည့် ရှာဖွေမှုတစ်ခု တွေ့ရှိရပြီဆိုသော သတင်းကို ကြားခဲ့ရလေသည်။

ထို့ကြောင့် သူက ဌာနအချို့မှ အရေးကြီးအရာရှိများထံသို့ ဆက်သွယ်၍ ည ၁၁နာရီမှာပင် ဗီဒီယို အစည်းအဝေးတစ်ခု စတင်ကာ ချိတ်ဆက်နေသော အမှုတွဲများ၏ အချက်အလက်များအား စောင့်ကြည့်နေခဲ့ကြသည်။

မော်နီတာပေါ်တွင် ရပ်တန့်နေခဲ့သော အနီရောင်စာလုံးများက ထင်ရှားလွန်းသည်။

ယခုမတိုင်ခင် ကွန်ယက်လုံခြုံရေးအရာရှိများမှာ စက်ပစ္စည်းအား စစ်ဆေးပြီးဖြစ်သော်လည်း ထိုအနီရောင်စာလုံးများနှင့် တူညီသော သဲလွန်စအား ရှာမတွေ့ခဲ့ရပေ။

“ကွမ်ချီဟုန်ရဲ့ ကိုယ့်ကိုကိုယ် အထင်ကြီးမှု၊ တုံးအမှုကြောင့် ဒီအကြံကို မလိုက်နာခဲ့တာပဲ.. သူသာ လိုက်နာခဲ့မယ်ဆိုရင် ကျွန်မတို့တွေ သူ့ကို ဖမ်းမိမှာမဟုတ်ဘူး”

“ပြီးတော့ အားလုံးသိတဲ့အတိုင်း ဒီခေတ်ကာလမှာ အင်တာနက်က အရမ်းမြန်တယ်လေ

နောက်ထပ် တစ်လလောက် နောက်ကျပြီးမှ သိရင်တောင် သူအဆိပ်ခတ်တာ ခံထားရတဲ့ သာမန်လူတွေ၊ ကံကောင်းခြင်းစုတ်ယူခံရလို့ ဒုက္ခရောက်သွားရတဲ့ ပြည်သူတွေလည်း နည်းမှာမဟုတ်ဘူး”

ဒေတာများအား စုံစမ်းစစ်ဆေးနေသည့် ကွန်ယက်လုံခြုံရေးအရာရှိသည် ယခုအကြိမ်မှာ သဘာဝလွန်ပညာများနှင့် ပထမဆုံး ထိတွေ့ဖူးခြင်းဖြစ်သည်။

သူ့အား အစည်းအဝေးတက်ရန် အိပ်ရာမှ အနှိုးမခံရခင်ထိ ကွန်ယက်ဒေတာများအား သဘာဝလွန်နည်းများဖြင့် ဖျက်ဆီးနိုင်၊ ပြုပြင်နိုင်လိမ့်မည်ဟု တွေးပင် မတွေးခဲ့ဖူးပေ။

သူက အံ့အားသင့်စွာဖြင့်ပင် ဝန်ကြီးများ၊ ဒါရိုက်တာများ၊ စစ်ဗိုလ်ချုပ်များအဆင့်ရှိသည့် လူများသာ ပြည့်နေသော အစည်းအဝေး၏ ဖိအားများအောက်တွင် ပေါ်ထွက်လာသည့် အချက်အလက်များ၊ သက်သေများကို အမြန်အဆန် ခွဲခြမ်းစိတ်ဖြာလိုက်လေသည်။

All Chapters