← Chapters

အစည်းအဝေး ပြင်ဆင်ခြင်းနှင့် နောက်ထပ် မိုးကြိုးပစ်ခြင်း (3)

Vol. 48 Ch. 480

အစည်းအဝေး ပြင်ဆင်ခြင်းနှင့် နောက်ထပ် မိုးကြိုးပစ်ခြင်း (3)

Vol. 48 Ch. 480

အချက်အလက်များအားလုံးကို စစ်ဆေးပြီးချိန်တွင် လူတိုင်း၏မျက်နှာပေါ်မှ တုန်လှုပ်ခြင်းတို့က အတိုင်းသား‌ ပေါ်နေခဲ့ကြသည်။

“ခေါင်းဆောင်များနဲ့ ဝန်ကြီးများကို သတင်းပို့ပါတယ်၊ ကျွန်တော်တို့တွေ အခုပဲ စွန်းယွဲ့ရဲ့ ဖုန်းထဲက ဒေတာတွေကို ပြန်လည်စစ်ဆေးပြီးနောက် သူနောက်က ပညာရှင်ကို ခြေရာခံကြည့်ခဲ့ပါတယ်

အဲဒီပညာရှင်ရဲ့ IP address က လော့ချထားခဲ့တယ်၊ ပြီးတော့ ကွမ်ချီဟုန်ရဲ့ ကွန်ပြူတာမှာ ခြေရာခံမိတဲ့ IP address သဲလွန်စကတော့ လင်ရှီးမှာ တည်ရှိနေပါတယ်

သူတို့ကြားက အကွာအဝေးက အနည်းဆုံး မိုင်တရာလောက်ပဲ ရှိလိမ့်မယ်၊

ဒီတော့ အခုလက်ရှိအမှုတွေရဲ့ နောက်ကွယ်က ပညာရှင်တွေအဖွဲ့ရဲ့ တည်ရှိရာနေရာက J ပြည်နယ်ရဲ့ တောင်ပိုင်းဒေသမှာ ဖြစ်လိမ့်မယ်လို့ အကြမ်းဖျင်း ခန့်မှန်းလို့ ရနိုင်ပါတယ်”

“ပြီးတော့ သဲလွန်စတွေအများကြီးတွေ့ခဲ့ရတာက ဒီပညာရှင်အဖွဲ့က အခုရက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ လူထုကြားက ပြဿနာတွေ၊ အန္တရာယ်ရှိတဲ့ အမှုတွေမှာလည်း ပါဝင်ပတ်သတ်နေပါတယ်

ဒါတင်မကပါဘူး၊ သူတို့တွေက ကျွန်တော်တို့ အရင်တုန်းက စစ်ဆေးခဲ့တဲ့‌ လူလိမ်အဖွဲ့တွေ၊ လူကုန်ကူးတဲ့ အဖွဲ့တွေအကုန်လုံးနဲ့လည်း ဆက်သွယ်မှုရှိနေပါတယ်

အဓိပ္ပာယ်ကတော့ သူတို့တွေအကုန်လုံးက တဖွဲ့တည်းသားတွေချည်းပါပဲ!”

သူတို့ ပို၍ ရှာဖွေတွေ့ရှိလေလေ၊ ပို,ပို၍ ထိတ်လန့်ဖွယ်ကောင်းလာလေလေဖြစ်သည်။

ယခုပြစ်မှုများ၏ နောက်ကွယ်မှ ရာဇဝတ်သားများသည်က မိသားစုတွင်း အခြေအတင်ဖြစ်၍ အမွေလု၊ လူသတ်ရန် ကြံစည်ခြင်း စသော အမှုငယ်လေးများမှအစ တစ်နိုင်ငံလုံး၊ လူထုတစ်ရပ်လုံးအား အန္တရာယ်ပေးနိုင်သည့် ကိစ္စများအဆုံးပါဝင်ပတ်သတ်နေခဲ့သည်။

လမ်းပေါ်မှ အလုပ်သမားများ၊ ပြည်သူ့ဝန်ထမ်းများ၊ လမ်းဘေးအလေအလွင့်များ၊ ကျောင်းတက်နေသည့် ကျောင်းသားများသာမက အင်တာနက်ပေါ်တွင် ပရိတ်သတ်ပေါင်း သန်းချီရှိသည့် ကြယ်ပွင့်များကိုပါ စည်းရုံးသိမ်းသွင်း၍ မကောင်းမှုများ ကျူးလွန်စေခဲ့သည်။

နေ့စဉ် လှုပ်ရှားသွားလာနေသည့် မြို့ပြလူနေမှုအတွင်းမှ အထင်အမြင်များ၊ ကောလဟာလများ၊ ညစ်ပတ်လိမ်ညာသည့် လုပ်ရပ်များအားလုံးသည်က သာမန်လူများကို ချုပ်နှောင်ထားခဲ့သော ပင့်ကူအိမ်ကြီးတစ်ခုအလား ကျယ်ပြန့်လွန်းသည်။

အင်တာနက်ရဲများသည် ကွန်ယက်ပိုင်းဆိုင်ရာ လုံခြုံမှုကိုသာ တာဝန်ယူထားရပြီး ထူးခြားစွမ်းအင်များအကြောင်း မသိနားမလည်ကြပါချေ။

သို့သော် ယခုကဲ့သို့ နည်းမျိုးစုံဖြင့် ပျံ့နှံ့နေသော ဂရုချက်များ၊ နယ်မြေပေါင်းစုံတွင် ဖြန့်ကျက်နေသော မကောင်းမှုအစီအရင်များ၊ အောက်တန်းကျသည့် လုပ်ရပ်များသာ အောင်မြင်သွားခဲ့ပါက နိုင်ငံနှင့် လူထုတစ်ခုလုံးကို အတိဒုက္ခရောက်စေမည်ဖြစ်ကြောင်း သူတို့ပင် သဘောပေါက်ကြသည်။

ဗီဒီယိုအစည်းအဝေးတွင် ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့၏ ခေါင်းဆောင်က စားပွဲခုံအား ဒေါသတကြီး ရိုက်ချလိုက်မိသည်။

ဤခေါင်းဆောင်တွင် သဘာဝလွန်စွမ်းရည်မရှိခဲ့ချေ။ သို့သော် သူတစ်ဦးတည်းဖြင့် ဝိဉာဉ်ဆိုင်ရာအထူးဌာနအား ယခုကဲ့သို့ အခြေအနေရောက်လာသည်ထိ အောင်မြင်လာအောင် ထူထောင်ပေးနိုင်ခဲ့သူဖြစ်သည်။

သူ၏ အမူအရာမှာ အမြဲလိုလို တည်ငြိမ်၍ အရှိန်အဝါကြီးမားသေု လူတစ်ဦးလည်းဖြစ်ပေသည်။

“နားထောင်ကြဦး၊ ဒါက အရမ်းကို ပညာဂုဏ်မောက်တာဖြစ်နေပြီ! သဘာဝလွန်ပညာဆိုတာ မကောင်းမှုကို ကျူးလွန်ဖို့အတွက် လက်နက်မဟုတ်ဘူး

ငါတို့ရဲ့ ရှားနိုင်ငံတော်ကြီးကလည်း ဒီလို လူဆိုးလူမိုက်တွေ သောင်းကျန်းချင်တိုင်း သောင်းကျန်းလို့ရတဲ့ နေရာတစ်ခု မဖြစ်သင့်ဘူး!”

သူက တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့သည့် ကုကျစ်စုန့်ကို ကြည့်ရင်း လေးလေးနက်နက်‌ မေးလိုက်သည်။

“ကုတောက်ကျန့်၊ မင်းက ဒီ ‘အနက်ရောင်မြူခိုး’ဆိုတာကို ပထမဆုံး သတိပြုမိခဲ့တဲ့ သူပဲ, သူနဲ့ အများဆုံး ထိပ်တိုက်ရင်ဆိုင်ခဲ့ရတာလည်း မင်းပဲလေ

ဒီတော့ မင်းက ငါတို့လိုမျိုး ရုံးချုပ်မှာပဲ ထိုင်နေပြီး တစ်နှစ်လုံး တင်ပြစာတွေကိုပဲ ဖတ်နေတဲ့ သူတွေထက် သူ့အကြောင်းကို ပိုပြီး သဘောပေါက်နားလည်မှာပါ

မင်းရဲ့အမြင်အရဆိုရင် ငါတို့တွေက ဒီအရှက်မရှိတဲ့ ကြွက်စုတ်လို တိရိစ္ဆာန်ကောင်တွေကို အမြစ်ကနေ ချေမှုန်းနိုင်ဖို့အတွက် ဘာလုပ်သင့်တယ်လို့ ထင်လဲ”

ကုကျစ်စုန့် မျက်ခုံးလေးကို ပင့်လိုက်မိသည်။

“ကျွန်မရဲ့ စကားကို တကယ်နားထောင်မှာလား”

အရာရှိအိုကြီးက ထိုင်ခုံလက်ရမ်းကို တင်းကြပာစွာ ဆုတ်ကိုင်လိုက်ရင်း လေးစားစွာ ပြောဆိုလိုက်သည်။

“အတွေ့အကြုံနဲ့ စွမ်းအင်အရဆိုရင်တော့ ဒီအဖွဲ့ကြီးတစ်ခုလုံးမှာ မင်းကို ယှဉ်နိုင်မယ့်လူရှိမယ်လို့ မထင်ပါဘူး

ဒါကြောင့်လည်း ဝိဉာဉ်ဆိုင်ရာအဖွဲ့ကို လမ်းပြပေးမယ့် နည်းပြတစ်ဦး၊ ခေါင်းဆောင်တစ်ဦးအဖြစ် ကူညီပေးဖို့ တောင်းဆိုခဲ့တာပါ”

“အခုထိလည်း ငါ့အတွေးက အဲဒီအချိန်တုန်းက အတိုင်းပါပဲ”

သူသည်ကား လွန်ခဲ့သည့် နှစ်ပေါင်း သုံးဆယ်ခန့်ကတည်းက သာမန်လူတစ်ဦးအဖြစ်နှင့် ဝိဉာဉ်ဆိုင်ရာအထူးဌာနတစ်ခုကို တည်ထောင်ခဲ့သည်။

သူက တောက်ဓမ္မဂိုဏ်းများ၏ ဖယ်ကျဉ်ထားခံရသော ပညာရှင်များအား ကူညီထောက်ပံ့ပေးခဲ့သည်။

သွားလေရာနေရာတိုင်းတွင် တောက်ဓမ္မဂိုဏ်းသားများ၏ ဦးတည်တိုက်ခိုက်ခံရမည်ကို မကြောက်ရွံ့ခဲ့ပေ။

ထိုသို့သော ခေါင်းဆောင်တစ်ဦး၏ သတ္တိ၊ ပညာနှင့် နှလုံးသားတို့သည် သာမန်လူများထက် ပို၍ အားကောင်းပေသည်။

ထိုအရာရှိအိုကြီးသာ မရှိပါက ရှားနိုင်ငံတော်တွင် ယခုကဲ့သို့ ပန်းများ ပွင့်လန်းနေမည်မဟုတ်ချေ။ ရွှမ်းမင်ကိုလည်း ထိန်းချုပ်နိုင်သည့် အဖွဲ့တစ်ခု ရှိလာမည်မဟုတ်ပေ။

သူ၏ အမြင်ကျယ်ခြင်းကြောင့်သာလျှင် အနက်ရောင်မြူခိုးင မည်မျှ အန္တရာယ်ကြီးသည့် အရာတစ်ခုဖြစ်ကြောင်း သတိထားမိခဲ့ခြင်းဖြစ်သည်။

ထိုအရာက သာမန်လက်နက်များ၊ တွက်ချက်မှုများနှင့် နှိမ်နင်းနိုင်သည့် အရာတစ်ခုမဟုတ်ခဲ့ပေ။

သာမန်လူများအတွက်တော့ အနက်ရောင်မြူခိုးအား အနိုင်ရနိုင်သည့် နည်းလမ်းမရှိ။

သဘာဝလွန်ပညာအား သဘာဝလွန်ပညာနှင့်သာ တိုက်ခိုက်နိုင်သည်။

ထိုသို့ ခြုံငုံ၍ တွေးလိုက်ပြီးနောက် ကုကျစ်စုန့်ထံသို့ အနက်ရောင်မြူခိုးနှင့် ပတ်သတ်၍ အာဏာကုန်လွှဲလိုက်ခြင်းင ပြဿာနာမရှိနိုင်ဟု သူယုံကြည်မိသည်။

သူမ၏ အသက်က ငယ်ရွယ်သေးပြီး ပညာသက်နုသေးသည်ဟု အချို့လူများ တွေးမိကြလိမ့်မည်။

တာဝန်ရှိအရာရှိကြီး၏ စကားဆုံးသည်နှင့် ဗီဒီယိုအစည်းအဝေးအတွင်းသာမက၊ အပြင်တွင်လည်း အားလုံး တိတ်ဆိတ်သွားခဲ့သည်။

လူအားလုံး၏ မျက်လုံးများက ကုကျစ်စုန့်ကိုသာ အာရုံစိုက်နေခဲ့ကြသည်။

ပို၍ အရေးပါသည့် နေရာတစ်ခုသို့ တွန်းပို့ခံလိုက်ရပြီးနောက် ‘အနက်ရောင်မြူခိုး’အား တိုက်ခိုက်ရန်ဖြစ်ပါစေ၊ ဝိဉာဉ်ဆိုင်ရာ အထူးဌာနတစ်ခုလုံး၏ ဌာနခွဲများ၊ ဝန်ထမ်းများအားလုံးကို စီမံခန့်ခွဲရသည်မှာ ကုကျစ်စုန့် သဘောကျသည့် အလုပ်မဟုတ်ပေ။

သို့သော် သူမတွင် ရွေးချယ်စရာမရှိခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် သူမနှင့် အနက်ရောင်မြူခိုးတို့၏ တိုက်ပွဲ စတင်ခဲ့သည်မှာ လွန်ခဲ့သော နှစ်ပေါင်း ၈၀၀ခန့်ကပင် ဖြစ်သည်။

ပြီးဆုံးမသွားခဲ့သည့် တိုက်ပွဲတစ်ခုပင်။

တစ်ဦးတည်း တိုက်ခိုက်နေမည့်အစား၊ နိုင်ငံတစ်ခုလုံး၏ စွမ်းအင်ကို အသုံးပြုခြင်းက သူမအတွက် အနိုင်ရနိုင်ချေ ပို၍ မြင့်မားပေလိမ့်မည်။

သေသေချာချာ စဉ်းစားနေပြီးနောက် ကုကျစ်စုန့် ဖြည်းညင်းစွာ ခေါင်းညိမ့်လိုက်သည်။

“အကောင်းဆုံး ကြိုးစားပါ့မယ်”

“ရှင်တို့တွေ အမြစ်ပြုတ်သည်ထိ ခြေမှုန်းချင်တယ်ဆိုရင်တောင် အရင်ဆုံးကတော့ လမ်းမှာပိတ်နေတဲ့ ‘အကိုင်းအခက်တွေ၊ အရွက်တွေ’ကို အရင်ဆုံး ဖယ်ရမှာပဲ ၊ ဒါမှ ပင်စည်ကို သေချာ မြင်နိုင်မှာလေ”

ယခုကဲ့သို့ပင်။

ဟဲကျောက်ရှန်းက ထူးချွန်သည့် ဉာဏ်ကြီးရှင်တစ်ဦးဖြစ်သည်။ သူ့အား အင်တာနက်ပေါ်တွင် မည်သူမှ ဖမ်းဆီးနိုင်လိမ့်မည်မဟုတ်၊ သူ၏ ဟာကွက်များကို သတိထားမိကြမည်မဟုတ်ဟု ယုံကြည်ထားသည်။

ထို့ကြောင့်ပင် ‘အနက်ရောင်မြူခိုး’၏ လုပ်ဆောင်မှုများ၊ ကျူးလွန်နေသည့် ပြစ်မှုအများစုသည် သူ့လက်မှတဆင့် ဖြန့်ကြက်နေခဲ့ခြင်းဖြစ်သည်။

သူသည် ယုံကြည်မှုလွန်ကဲလွန်း၍ ကုကျစ်စုန့်နှင့် ယန်ချန်တို့က သရဲ၊တစ္ဆေများအား သိပ္ပံနည်းကျဖမ်းဆီးနိုင်သည့် ပရိုဂရမ်များ ရေးဆွဲနိုင်လိမ့်မည်ဟု တွေးပင် တွေးထားခဲ့မည်မဟုတ်ပေ။

ခြေရာဖျောက်မထားသော သူ၏ သဲလွန်စများအား ရှာဖွေတွေ့ရှိ၍ ချိတ်ဆက်လိုက်ချိန်တွင် အရာအားလုံးသည် အဖြေပေါ်လာခဲ့သည်။

သူ မကြာခဏ နေထိုင်တတ်သည့် နေရာကိုပင် ခြေရာခံထားနိုင်ခဲ့သည်။

ဟဲကျောက်ရှန်းအား ဖမ်းဆီးရန်မှာ မခက်ခဲတော့ပေ။

ယခုအစည်းအဝေးတစ်ခုလုံးာ လုံခြုံ၍ သတင်းအချက်အလက်မပေါက်ကြားနိုင်ကြောင်း၊ အစည်းအဝေးတွင်းမှ လူများက အတွင်းလူများသာ ဖြစ်ကြောင်း အတည်ပြုလိုက်ပြီးချိန်တွင် ကုကျစ်စုန့် နှုတ်ကိုဖွင့်ဟ၍ အစီအစဉ်အား တစ်ဆင့်ပြီး တစ်ဆင့် ချပြလိုက်သည်။

အစည်းအဝေးခန်းတွင်းမှ ပြဿနာများအား ခေတ္တဘေးဖယ်လိုက်ပါက…

ယနေ့ညသည်က သေချာပေါက် အိပ်ရေးပျက်မည့် ညတစ်ညပင် ဖြစ်ပေသည်။

ဖိုရမ်အများစု၏ Homepages များ၊ ထိပ်တန်းရှာဖွေမှုများအားလုံးမှာ ‘ဝိဉာဉ်ရေးရာ’အစီအစဉ်၏ နောက်ဆုံးမဲပေးခြင်းအကြောင်းသာ ဖြစ်နေခဲ့သည်။

စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြသူများ၊ တုန်လှုပ်စွာ စောင့်ဆိုင်းနေကြသည့် ပရိတ်များ၊ မဲပေးရန် စောင့်ဆိုင်းနေကြသူများသည်လည်း ထိပ်တန်းပို့စ်များ၏ အောက်တွင် ပွက်လောညံနေခဲ့ကြသည်။

မဲပေးခြင်း မစတင်မီ ငါးမိနစ်အလိုခန့်တွင် အွန်လိုင်းတွင် စောင့်ဆိုင်းနေကြသော လူအရေအတွက်က ဆယ်သန်းကျော်နေခဲ့ပြီဖြစ်သည်။

အနီရောင်၊ အနက်ရောင်တို့ဖြင့် ရေးသားထားသည့် ‘အသန်မာဆုံး ထူးခြားပညာရှင်ပြိုင်ပွဲ’ဆိုသော ပို့စ်တွင် တတိယရာသီ၏ ထိပ်တန်းပြိုင်ပွဲဝင်လေးဦး၏ အမည်နှင့် ဓာတ်ပုံတို့အား ယှဉ်တွဲထည့်သွင်းထားခဲ့သည်။

ည ၁၂နာရီ တိတိတွင် မဲပေးသည့် ချန်နယ်က အချိန်တိကျစွာ ပွင့်လာသည်။

ဆယ်မိနစ်ခန့် ကြာပြီးနောက် ထိပ်တန်းရှာဖွေမှုအသစ်တစ်ခု ပေါ်လာခဲ့သည်။

#ကုကျစ်စုန့်က တကယ်မိုက်လွန်းတယ်! #

မဲပေးသည့် နေရာသို့ ဝင်ရောက်ခဲ့သည့် ကုကျစ်စုန့်၏ မဲအရေအတွက်က တခြားပြိုင်ပွဲဝင်သုံးဦးထက် အဆပေါင်းများစွာ သာလွန်နေခဲ့ကြောင်း လူတိုင်း မြင်တွေ့နိုင်သည်။

အခြားအဖွဲ့ဝင်များ၏ မဲအရေအတွက်သည် ၆သိန်း နှင့် ၇သိန်းကြားတွင်သာ ရှိနေခဲ့ပြီး တဖြည်းဖြည်း တစ်သန်းပြည့်လုနီးပါးသာ ရှိသေးသော်ငြား ကုကျစ်စုန့်၏ မဲအရေအတွက််က ငါးသန်းကျော်နေခဲ့ပြီဖြစ်သည်။

ထိုနေရာတွင်သာ ရပ်တန့်နေသည်မဟုတ်ဘဲ ဆက်၍ အရှိန်အဟုန်မြင့်စွာ တိုးလာနေဆဲပင်။

တတိယရာသီ၏ သရဖူအား ကုကျစ်စုန့်သာ ပိုင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း (100)ရာခိုင်နှုန်း သေချာနေပြီပင်။

ထိပ်တန်းရှာဖွေမှုတိုင်းတွင်လည်း ‘ကုကျစ်စုန့်’ဆိုသော နာမည်သုံးလုံးသည် မပါမဖြစ် နေရာယူထားခဲ့သည်။

ယခုည၏ ချန်ပီယံမှာ ကုကျစ်စုန့်ပင်။

All Chapters