အနက်ရောင်မြူခိုး၏ မူလ(1)
Vol. 49 Ch. 490
အသက်မဲ့စွာ ခံစားချက်မဲ့နေခဲ့သည့် ဟဲကျောက်ရှန်း၏ မျက်နှာက ကုကျစ် ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
သူ ကုကျစ်စု့န်ကို စိုက်ကြည့်နေခဲ့ပြီးနောက် အားလျော့ပြီး အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်မိသည်။
“…မင်း ငါ့ကို လိမ်နေတာမလား!”
“ငါ့အနေနဲ့ လိမ်စရာအကြောင်းမရှိဘူး မင်းက ဒီမကောင်းမှုလုပ်ငန်းတွေ၊ ပြန်ပေးအဖွဲ့တွေ၊ ငွေလိမ်အဖွဲ့တွေ၊ အခြား အင်တာနက်ပေါ်က မကောင်းတဲ့အဖွဲ့တွေ အကုန်လုံးမှာ ပါခဲ့ဖူးတာပဲ
မင်းက သူတို့အတွက် အရမ်းကို အကူအညီပေးခဲ့တာလေ၊ အဲဒီလို သဘာဝလွန်ဖြစ်ရပ်တွေမှာ ပတ်သတ်ပြီး သေဆုံးခဲ့တဲ့ ဝိဉာဉ်တွေ အကုန်လုံး ပျောက်သွားခဲ့တယ်”
“အနက်ရောင်မြူခိုး’ရဲ့ ဝါးမျိုခြင်းခံလိုက်ရတာလေ”
“မဟုတ်ဘူး…”
ဟဲကျောက်ရှန်း အကြောက်အကန် ခေါင်းရမ်းလိုက်သည်။
သူသည်က သက်ရှိခန္ဓာကို ဆုံးရှုံးခဲ့ရပြီး ဇောချွေးမပြန်နိုင်တော့သော်ငြား ယခုအချိန်တွင် ရေခဲတိုက်အတွင်း ပစ်သွင်းခံလိုက်ရသည့်အလား အေးစက်ခြင်းကို ခံစားနေခဲ့ရသည်။
မြေအောက်ကမ္ဘာမှ ဖမ်းဆီးခြင်းမခံရစေရန် သူသည်က မြေအောက်ကမ္ဘာအနီးသို့ ခြေပင် မချခဲ့ဘူးပေ။
ဖခင်ဖြစ်သူနှင့် မျက်နှာချင်းဆိုင်တွေ့ရမည်ကိုလည်း ကြောက်လန့်နေခဲ့သည်။
ဟဲကျောက်ရှန်း၏ ရင်ထဲတွင် သူ့အတွက်နှင့် ဘဝတစ်လျှောက်လုံး ကြိုးစားရုန်းကန်ခဲ့သော ဖခင်ဖြစ်သူက သူ့ကြောင့်နှင့်ပင် အသက်ဆုံးရှုံးခဲ့ရကြောင်းသာ တွေးနေခဲ့သည်။
ထို့ကြောင့် ဖခင်ဖြစ်သူကို မျက်နှာမပြရဲခဲ့ပေ။
“ဒီကမ္ဘာကြီးမှာ မကောင်းတဲ့လူတွေ၊ ငတုံးငပိန်းတွေ အများကြီးရှိတယ်ဆိုတာကို ငါလက်ခံပါတယ်၊ ဒါပေမဲ့ ဒီလောက်ကြီး လူတစ်ယောက်ကို ဝိုင်းပြီး ဖိနှိပ်နေခဲ့တာတောင် ဘယ်သူမှ မတားခဲ့ကြဘူးဆိုတာ ထူးဆန်းတယ်လို့ မထင်ဘူးလား?”
“ဒီလူတွေနဲ့တော့ ဘာမှမဆိုင်ဘူး၊ ဒါတောင် အဲဒီလူတွေက လူတော်လူမှန်ကြီးတွေလိုမျိုး ဆေးရုံကို အပြေးသွားပြီး မင်းအဖေကို ဒုက္ခပေးခဲ့ကြတယ်
ဆေးရုံက ဝန်ထမ်းတွေကလည်း ဒီအတိုင်း ဝင်ခွင့်ပေးလိုက်တာပဲတဲ့လား”
“မင်းကို ဒီလိုကိစ္စမျိုးတွေနဲ့ ပတ်သတ်ပြီး ငါ့မှာ လိမ်နေစရာလည်း မလိုဘူး၊ မင်း မယုံဘူးဆိုရင် အခု အဖမ်းရပြီးတော့ ဌာနချုပ်မှ သေချာ အမိန့်ကို လိုက်နာမယ်၊ စစ်ဆေးတဲ့နေရာမှာ ကူညီပေးမယ်ဆိုရင်တော့ ဌာနချုပ်ကလူတွေနဲ့အတူတူ မင်းကိုယ်တိုင် မြေအောက်ကမ္ဘာကို သွားပြီး ရှာကြည့်လို့ ရတယ်”
ဟဲကျောက်ရှန်း မည်သည်ကိုမျှ ရှာတွေ့နိုင်မည်မဟုတ်ပေ။
သူမနှင့် ရှဲ့ပြန့်တို့ကိုယ်တိုင် လိုအပ်သော အချက်အလက်များအား စစ်ဆေးခဲ့ခြင်းပင်။
မြေအောက်ကမ္ဘာတစ်ခုလုံး မြေလှန်၍ ရှာဖွေခဲ့သော်ငြား ဟဲကျောက်ရှန်း၏ ဖခင်သည်က မြေအောက်ကမ္ဘာတွင်းသို့ ဝင်ရောက်လာခြင်း၊ ပြန်ထွက်သွားခြင်းဟူ၍ မရှိ။ တခြားသော မတရားသေဆုံးခဲ့ရသည့် ဝိဉာဉ်များကဲ့သို့ပင် တိတ်တဆိတ် ဝါးမျိုခြင်းခံလိုက်ရသည်။
ထက်မြက်သော ဟဲကျောက်ရှန်းမှာ ကုကျစ်စုန့်စကားများသည် အမှန်တရားများဖြစ်ကြောင်း သဘောပေါက်လိုက်ပြီး ထိုခါးသီးသည့် အမှန်တရားအား သူကိုယ်တိုင်ပင် မငြင်းဆန်နိုင်ခဲ့ပေ။
အဖြစ်အပျက်များအား သူအလုံးစုံ နားလည်သွားပြီဖြစ်သည်။
သူ၏ ဘဝတစ်ခုလုံးသည်က ဆိုးဝါးလှသော ဟာသတစ်ခုသာလျှင်ဖြစ်ခဲ့သည်။
ပြင်းထန်လှသော စိတ်ဝေဒနာကြောင့် သူအလုံးစုံ ပြိုလဲကျသွားခဲ့ရပြီး စူးရှနက်ရှိုင်းသည့် အော်သံတစ်ခုသည် အင်တာနက်ကဖေးတွင်း ပျံ့လွင့်သွားခဲ့သည်။
“ငါ့ကို ဒီအတိုင်းသာ သတ်ပစ်လိုက်ပါတော့!”
ဟဲကျောက်ရှန်း၏ ပြိုလဲကျခြင်းကြောင့် ကုကျစ်စုန့် သနားကြင်နာစိတ်ပေါ်လာမည်မဟုတ်ပေ။
သူသည်က ဉာဏ်ကောင်းလွန်းသည်၊ ထက်မြက်လျင်မြန် ပါးနပ်လွန်းလှသည်။ သူ သေချာပေါက် သိထားသင့်သည်:
‘အနက်ရောင်မြူခိုး’သည်က မကောင်းမှုများ၏ထိပ်ဆုံးမှ လူယုတ်မာတစ်ဦးသာ ဖြစ်ပြီး သက်ရှိလူများကဲ့သို့ ရှုပ်ထွေးခြင်းမရှိ၊ တွေဝေခြင်းအလျဉ်းမရှိပေ။
ထိုအရာ၏ ပြင်းထန်လှသော ‘မကောင်းမှု’သည်က လူတိုင်းအပေါ်သို့ ချွင်းချက်မရှိ သက်ရောက်မည်ဖြစ်ကာ ဟဲကျောက်ရှန်းကိုယ်တိုင် အပါအဝင်ဖြစ်သည်။
သူမ လက်မြှောက်လိုက်ပြီးနောက် ဟဲကျောက်ရှန်း၏ ဖိနှိပ်ထားသော ဝိဉာဉ်အား ဖွဲ့စည်းပုံများဖြင့် စီရင်ထားသော ဝိဉာဉ်ဖန်ပုလင်းအတွင်းသို့ ထည့်သွင်းလိုက်သည်။
မီးခိုးရောင်ဖျော့ ဝိဉာဉ်ငယ်က ဖန်ပုလင်းအတွင်းသို့ မဝင်ရောက်မီ ကွဲရှသည့် အသံတစ်ခု ကြားလိုက်ရသည်။
“ငါ့လိုမျိုး ဖြစ်တည်မှုတွေက တစ်ခုမက ရှိနေသေးတယ်၊ မင်းတို့ ငါ့ကို ဖမ်းမိသွားရင်တော့ ဒီအတွက်လည်း လူတွေ အများကြီး ကြိုးစားခဲ့ရမှာပဲ”
ကုကျစ်စုန့် မျက်ဝန်းများ ကျဉ်းမြောင်းသွားခဲ့သော်လည်း စကားတစ်ခွန်းမျှမဆိုခဲ့ချေ။ ဝိဉာဉ်ဖန်ပုလင်းအား အဖုံးပိတ်လိုက်ပြီးနောက် သူမနှင့်အတူ ရှိနေသည့် တစ်ဦးတည်းသော လူသားကို ကြည့်လိုက်မိသည်။
နင်ဂျာကောင်လေး လက်နှစ်ဖက်လုံး မြှောက်၍ ဦးခေါင်းနောက်တွင် ယှက်ထားခဲ့သည်။
“ငါ အရှုံးပေးတယ်! အကုန်ပြောပြပါ့မယ်!”
ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။
ကုကျစ်စုန့်က ဆိုးဝါးလွန်း၍ မဟုတ်ပေ။ သို့သော် သူ၏ အဖွဲ့ဝင်ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များ၊ ဝေဒနာနှင့် ခံစားချက်များကို မြင်တွေ့ရပြီးနောက် သူ့၏နောက်ကွယ်မှ အင်အားစုသည်က အင်မတန်ဆိုးဝါးသည့်အရာများဖြစ်ကြောင်း လူငယ်လေး သဘောပေါက်သွားခဲ့ခြင်းသာဖြစ်သည်။
သူတို့သည်က နတ်ဆိုးတစ်ကောင်အား ကျေးကျွန်ခံနေခဲ့ခြင်းသာလျှင်ဖြစ်နေသည်။
ဟဲကျောက်ရှန်း၏ အဆုံးသတ်သည်က နောင်အချိန်တွင် သူ၏ အနာဂတ်ဖြစ်လာနိုင်သည်။
ထို့ကြောင့် လက်မြောက်အရှုံးပေးလိုက်ခြင်းပင်။
သူ ရှားနိုင်ငံသို့ ရောက်သည်မှာ နှစ်လခန့်သာ ရှိသေးသည်။ သူ့တွင် မကောင်းမှုကျူးလွန်ရန်အတွက် သေချာပင် အခြေမချနိုင်သေးသောကြောင့် ရဲအရာရှိများသည်လည်း သူ့အား သက်ညှာပေးမည်မှာ အသေအချာပင်။
လမ်းဆုံးသို့ ရောက်နေသော်ငြား မာနမလျှော့၊ လေသံမာနေသည့် အသည်းနှလုံးမရှိသော ဟဲကျောက်ရှန်းကဲ့သို့ မပြုမူသင့်ချေ။
သူ့တွင်လည်း အရေးကြီးသည့် အချက်အလက်များ ရှိနေသောကြောင့် ကုကျစ်စုန့် သတိကို မလျှော့ဘဲ အထူးပြုလုပ်ထားသည့် ကြိုးဖြင့် တင်းကြပ်စွာ ချည်နှောင်လိုက်ပြီးနောက် သူ့အနီးဝန်းရံထားသည့် ဖွဲ့စည်းပုံကိုလည်း အားဖြည့်လိုက်သည်။
သူမ နားတွင် တပ်ဆင်ထားသည့် ဆက်သွယ်ရေးကိရိယာအား လက်ဖြင့် ထိရင်း ပြောလိုက်သည်။
“ဖမ်းဆီးမှု အောင်မြင်တယ်”
သူမ အင်တာနက်ကဖေးတွင်းမှ ထွက်လာချိန်တွင် တားမြစ်ထားသည့် တိပ်များဖြင့် ကာရံထားပြီး ရဲကားများလည်း ရပ်ထားခဲ့သည်။ ဆူဆူညံညံအသံကြောင့် လူများ ထွက်လာခဲ့ကြပြီး စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ကြသည်။
ကုကျစ်စုန့် ထွက်လာသည်ကို မြင်တွေ့ရပြီးနောက် အပြင်မှလူအများ၏ အသံ ပို၍ပင် ကျယ်လောင်လာခဲ့သည်။
“အဲ့တာ တကယ့် စုန့်စုန့်ပဲဟ! စုန့်စုန့်ဟေ့! X မြို့တော်မှာတော့ ဒီတော့ ထိပ်တန်းရှာဖွေမှုတွေ ဆက်တိုက်ဖြစ်နေတာပဲ!”
“အဲဒီ အဖမ်းခံထားရတဲ့ လယ်သာဘောင်းဘီနဲ့ တစ်ယောက်က သရဲလား?”
“…”
ကုကျစ်စုန့် ရဲအရာရှိတာဝန်ခံအား နှုတ်ဆက်လိုက်ပြီးနောက် နင်ဂျာလူငယ်အား ရဲကားသို့ ပို့ဆောင်လိုက်သည်။
ရဲအရာရှိများမှ အင်တာနက်ကဖေးအတွင်း ပျက်စီးသွားသော ကွန်ပြူတာနှစ်လုံးအတွက် ပြန်လည် အစားထိုးပေးမည်ဖြစ်ကြောင်း ပြောဆို၍ ထွက်ခွာသွားခဲ့ကြသည်။
ဟဲကျောက်ရှန်း၏ အရေးပါမှုကြောင့် ကုကျစ်စုန့်သည်လည်း အချိန်ဆွဲနေခြင်းမရှိဘဲ ဝိဉာဉ်ဖန်ပုလင်းငယ်နှင့် နင်ဂျာတို့အား ညတွင်းချင်း ရုံးချုပ်သို့ ပို့ဆောင်စေခဲ့သည်။
မြေအောက်ကမ္ဘာမှတဆင့် ကုကျစ်စုန့်က တစ္ဆေဂိတ်တံခါးဝကို ဖြတ်ကာ ဝင်ရောက်လာသည်အား မြင်တွေ့ရပြီးနောက် နင်ဂျာကောင်လေးတွင် ရုန်းကန်လိုစိတ်မရှိတော့။
ရုံးချုပ်တွင် စတင်စစ်ဆေးလိုက်သည်နှင့် သူသိထားသမျှ၊ မြင်ထားသမျှ အရာအားလုံးအား ခရေစေ့တွင်းကျ အကုန် ပြောပြလာခဲ့သည်။
ကောင်လေး၏ မိခင်က အရှေ့တိုင်းဂန္ဓမာဂိုဏ်းမှ နင်ဂျာတစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူသည်က ရှားနိုင်ငံတွင်းသို့ သွားရောက်၍ စီးပွားရေးလုပ်ကိုင်နေသူတစ်ဦးဖြစ်သည်။
ဂန္ဓမာနင်ဂျာနည်းပညာများကို သင်ယူနိုင်ရန် သူက မိခင်ဖြစ်သူ၏ မျိုးရိုးနာမည် Ivyကို ဆက်ခံခဲ့ပြီး သူ၏ နာမည်အပြည့်အစုံသည်က Ivyi ဖြစ်သည်။
သူ၏ ရှားနိုင်ငံစကား ကျွမ်းကျင်နေရသည့် အကြောင်းအရင်းမှာ သူသည် ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူနှင့်အတူ ရှားနိုင်ငံတွင်းသို့ မကြာခဏ စီးပွားရေးလုပ်ရန် လိုက်ပါလာတတ်ပြီး အလယ်တန်းကျောင်း သုံးနှစ်ကိုလည်း ရှားနိုင်ငံတွင်သာ သင်ယူခဲ့ခြင်းကြောင့်ဖြစ်သည်။
သူ၏ ကိုယ်တွင်း၌ ရှားနိုင်ငံသွေး တစ်ဝက်နှောသော်ငြား နင်ဂျာပညာအား ဆက်ခံခဲ့သောကြောင့် သူက အရှေ့တိုင်းသားတစ်ဦးသာဖြစ်ခဲ့သည်။
သူ၏ စကားအရ ‘မျက်နှာတစ်ထောင် နတ်ဘုရား’က ရှားနိုင်ငံတွင်သာ ပျံ့နှံ့နေခြင်းမဟုတ်။
အရှေ့တိုင်းဒေသတွင်လည်း ယုံကြည်ကိုးကွယ်သူ အများအပြားရှိ၍ ကျောင်းဆောင်များပင် တည်ဆောက်ပူဇော်ထားကြသည်။
သူကဲ့သို့ပင်။
နိုင်ငံနှစ်ခုအတွင်းမှ မျက်နှာတစ်ထောင် နတ်ဘုရားအား ကိုးကွယ်သည့် အဖွဲ့အစည်းနှစ်ခုသည်လည်း ဆက်သွယ်နေခဲ့ပြီး ဆက်ဆံရေးလည်း ကောင်းမွန်ကြသည်။
ချွန်းဖူကျိအား နတ်ဘုရားကျောင်းဆောင်၏ မန်နေဂျာမှ ရှားနိုင်ငံသို့ စေလွှတ်ခဲ့ခြင်းပင်။ ပြီးခဲ့သည့် နီစ်လအတွင်း သူသည် ဟဲကျောက်ရှန်းနှင့် လက်တွဲ၍ နိုင်ငံနှစ်ခု၏ အွန်လိုင်းစီးပွားရေးအား တွဲဖက်လုပ်ဆောင်နေခဲ့ခြင်းဖြစ်သည်။
ပို၍ ရှင်းရှင်းလင်းလင်း ပြောရလျှင် သူသည်က ကိုယ့်နိုင်ငံအတွင်းမှာပင်ဖြစ်ပါက အချို့အရာများကို မလုပ်ဆောင်ခင် အနည်းငယ် ထိန်းထိန်းသိမ်းသိမ်း ပြုမူတတ်သည်။
သို့သော် ပြည်ပသို့ ရောက်လာချိန်တွင် မည်သည်ကိုမျှ ဂရုမစိုက်တော့ပေ။ ယခုအချိန် နှစ်လအတွင်းမှာပင် ဖွင့်ပြော၍ပင် မရနိုင်သော မကောင်းမှုပေါင်းများစွာကို စိတ်လွတ်ကိုယ်လွတ် ကျူးလွန်ခဲ့သည်။
ချွန်းဖူကျိ၏ ဒုတိယမြောက်ရောဂါသည် သတ်ဖြတ်ခြင်းဖြစ်သောကြောင့် သူ၏ အဓိက ဦးတည်ချက်သည် ဆယ်ကျော်သက်အရွယ်များသာ ဖြစ်ကြသည်။
အထူးသဖြင့် ဖွံ့ဖြိုးမှုနည်းပါးသော နိုင်ငံများ၊ မြို့ငယ်လေးများ၊ ပညာမဲ့၍ ဆင်ခြင်တုံတရားနည်းသော လူငယ်လေးများကို ပစ်မှတ်ထားခြင်းဖြစ်သည်။
သူသည် ဂရုချက်ပေါင်း (၂၀၀)ကျော် စီမံနေသူဖြစ်ပြီး ထိုဂရုချက်များ၏ အဖွဲ့ဝင်များအားလုံးသည်လည်း ရှားနိုင်ငံတော်၏ ပြည်နယ်အနှံ့မှ ဆယ်ကျော်သက်လေးများသာ ဖြစ်ကြသည်။
ထိုကလေးငယ်များမှာ ဆင်းရဲသော၊ ကံမကောင်းသော၊ မိဘအသိုင်းအဝိုင်း မပြည့်စုံသော ကလေးများ ဖြစ်ပြီး ကိုယ်ပိုင်မဆုံးဖြတ်နိုင်သေးသည့် အရွယ်များဖြစ်သည်။
ထိုကလေးငယ်များသည်ကား ဦးနှောက်ဆေးရန်၊ ထိန်းချုပ်ရန်လည်း အလွယ်ကူဆုံးအရွယ်ဖြစ်သည်။
(TW: Self-harm, Suic*de)
ရဲအရာရှိများသည် ဂရုချက်များတွင်းသို့ ဝင်ရောက်စစ်ဆေးခဲ့ကြချိန်တွင် ကလေးငယ်အများစုမှာ မျက်နှာတစ်ထောင် နတ်ဘုရား၏ ရုပ်ပုံများအား ပြန်လည်မျှဝေနေကြသည်။
‘သတ်သေသည့် ဂိမ်း’ဟုဆိုကာ လက်ချောင်းများကို ဖြတ်ခြင်း၊ လက်တွင် ဓားဖြင့် မွှမ်း၍ သွေးထွက်စေခြင်း အစရှိသည်တို့ ပြုလုပ်၍ မကောင်းဆိုးဝါးနတ်ဘုရားအား ‘သွေး’ဖြင့် ယဇ်ပူဇော်နေခဲ့ကြသည်။
သူတို့၏ အတွေးတွင် ထိုသို့ ပြုလုပ်ခြင်းအားဖြင့် ‘နတ်ဘုရား’၏ ကောင်းချီးရစေနိုင်ပြီး သူတို့မုန်းတီးသည့် မည်သူ့ကိုမဆို ကျိန်စာတိုက်နိုင်လိမ့်မည်ဟု ထင်နေခဲ့ကြသည်။
ပို၍ ဆိုးဝါးသည်မှာ စိတ်ပိုင်းဆိုင်ရာ ဆိုးရွားနေသော ကလေးငယ်အချို့သည်က ကိုယ့်ကိုကိုယ် သတ်သေရန်ပင် တွေးနေခဲ့ကြသည်။
ထိုအံ့အားသင့်ဖွယ် ဂရုချက်များကို ဖတ်ရှုပြီးချိန်တွင် ဌာနချုပ်မှ ဝန်ထမ်းများသည်လည်း ဒေါသထွက်လွန်း၍ အသားများပင် တဆတ်ဆတ် တုန်နေခဲ့ကြသည်။
သူတို့က ချုပ်နှောင်ထားသည့် အခန်းတွင်းသို့ ပြေးဝင်သွားကြပြီး ချွန်းဖူကျိအား နုတ်နုတ်စင်းပစ်ချင်နေခဲ့ကြသည်။
ကျန်းရူယွီ ကုကျစ်စုန့်အား တဆင့် ပြန်လည်သတင်းပို့ချိန်တွင်လည်း သူမ၏ မျက်နှာက သုန်မှုန်နေခဲ့သည်။
“သူက ပေါ့ပေါ့ပါးပါးနဲ့ အသာတကြည် ဝင်လာတာကို မြင်ရတော့ ဒီတစ်ယောက်က မသိလို့ လမ်းမှားသွားတဲ့ လူကောင်းလို့ ထင်ခဲ့မိတာ၊ တကယ့်ကို လူ့တိရိစ္ဆာန်ပဲ!”
“ပိုပြီး ရွံစရာကောင်းတာက သူ့ကို ဖမ်းပြီး သိပ်မကြာပါဘူး၊ သူ့ကို လွှတ်လိုက်တဲ့ ဘုန်းကြီးကျောင်းက လူတွေက ဒီဘက်ရုံးချုပ်ကို ဖုန်းလှမ်းဆက်တယ်လေ
ကျွန်မတို့တွေက သူတို့ရဲ့ အဖွဲ့ဝင်တစ်ယောက်ကို အကြောင်းရင်းမရှိဘဲ ဖမ်းဆီးထားပါတယ် ချွန်းဖူကျိကို ချက်ချင်းလွှတ်ပေးပါတဲ့လေ.. မျက်နှာကတော့ ပြောင်ချက်ပဲ”
ကုကျစ်စုန့် : “ဟဲကျောက်ရှန်းကရော၊ သူ့ကိုရော မေးပြီးပြီလား?”
“သူ အကုန်ပြောပြပါတယ်၊ စုန့်စုန့်ပြောတာ အမှန်ပဲ၊ ဒီကောင်လေးက တော်တော်လေးကို သိထားတာ များတယ်
သူပြောပြတဲ့ အတွင်းသတင်းတွေ၊ အချက်အလက်တွေကြောင့် စုံစမ်းစစ်ဆေးရေးလည်း တော်တော်လေး မြန်ဆန်သွားတယ်
နယ်မြေပေါင်းစုံက အဖွဲ့ဝင်တွေလည်း သူတို့နယ်မြေက မကောင်းမှုကျင့်ကြံသူတွေကို ဖယ်ရှားလိုက်နိုင်ပြီလေ
သူတို့ရဲ့ ခြေချစခန်း အခု ၃၀မှာ နတ်ဆိုးရုပ်ထု ၂၇ရုပ်ကို ဖျက်ဆီးလိုက်နိုင်ပြီ”