← Chapters

ခိုအီငါးပြိုင်ပွဲ

Vol. 50 Ch. 494

ခိုအီငါးပြိုင်ပွဲ

Vol. 50 Ch. 494

ထိုအသံမှာ သူမ၏ ‘စနစ်’ ပင် ဖြစ်သည်။ ယွီဖုန်းချင်း၏ စိတ်ခံစားချက်များ ရုတ်တရက် ပေါက်ကွဲသွားပြီး ခုတင်ဘေးကို ပြင်းထန်စွာ ရိုက်လိုက်မိသည်။

“နင် ပြောစမ်း... ဒါတွေက နင် လှည့်စားနေတာလား?! ငါ ဘာကို ပြောချင်တ်လဲဆိုတာ နင် သိတယ်မလား!”

“ မဟုတ်ပါဘူး”

စနစ်၏ အသံမှာ နူးညံ့ညင်သာနေပြီး လူတို့၏ စိတ်ထဲမှ အမှောင်ထုကို ဆွပေးနေသကဲ့သို့ ရှိသည်။

“အဲဒီအိပ်မက်တွေက အစစ်အမှန်တွေပါပဲ၊ အဲဒါတွေက Host ပိုင်ဆိုင်သင့်တဲ့ ပျော်ရွှင်ချောမွေ့တဲ့ ဘဝတွေပဲ

ဒါပေမဲ့ Host လည်း သိတာပဲလေ၊ အခု ကုကျစ်စုန့်က ကံကောင်းမှုတွေကို အများကြီး လုယူသွားပြီ၊ သူမက အခု အရမ်းကို နာမည်ကြီးနေတာ”

“ဒါကြောင့် Host ရဲ့ အာရုံစိုက်ခံရမှုတွေ၊ ပရိသတ်တွေ... အရာအားလုံးက Host ဆီကနေ လုယူခံရတော့မှာပါ”

“မဖြစ်နိုင်ဘူး”

ယွီဖုန်းချင်း အံကြိတ်လိုက်မိပြီး မျက်ရည်များ ဝဲလာခဲ့သည်။

“ရှုကွေ့က ငါ့ကို ချစ်နေတုန်းပဲ၊ သူက အိပ်မက်ထဲကလိုမျိုး မလုပ်နိုင်ပါဘူး!”

“ဘယ်သူသိမှာလဲ... လူတွေက ပြောင်းလဲတတ်ကြတာပဲလေ၊ Host ကိုယ်တိုင်တောင် ဝန်ခံရမှာက... ယန်ရှုကွေ့က ကုကျစ်စုန့်ကို မုန်းနေရတဲ့ အဓိကအကြောင်းရင်းက Host နဲ့ Host ရဲ့ ဘေးနားကလူတွေက သူမကို မနှစ်သက်ကြလို့ပဲလေ၊

သူကိုယ်တိုင်ကြောင့် မဟုတ်ဘူး.. Host က သူမကို မုန်းတယ် မဟုတ်ဘေုးလား?”

စနစ်က ဆက်ပြောသည်။

“သူ့ရဲ့စိတ်က တစ်သက်လုံး မပြောင်းလဲဘူးဆိုရင်တောင် ကုကျစ်စုန့်က ရွေးချယ်ခံရတဲ့ ဇာတ်လိုက်နဲ့ဇာတ်လိုက်မတို့ရဲ့ ကံကောင်းမှုကို လုယူသွားတဲ့အတွက် ယန်ရှုကွေ့ရဲ့ ဘဝကလည်း ပျက်စီးသွားမှာပဲ”

မှန်ပေသည်။ စောစောစီးစီး သေဆုံးသွားသင့်သော ကုကျစ်စုန့်ကြောင့် ယန်မိသားစု၏ ဖျားနာနေသော အစ်ကိုကြီးမှာ အသက်ရှင်နေဆဲ ဖြစ်၏။

သူသာ မသေဆုံးပါက ယန်ရှုကွေ့မှာ အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်ပြီး လုပ်ငန်းရှင်ကြီးတစ်ဦး ဖြစ်လာမည့်အစား နေ့တိုင်း ကားပြိုင်ပြီး ပျော်ပါးနေရုံသာတတ်သော ဒုတိယသခင်လေးဘဝတွင်သာ အမြဲရှိနေပေလိမ့်မည်။

“Host… အဲဒီလိုပဲ ဖြစ်စေချင်တာလား?”

စနစ်က ဖြည်းညင်းစွာဖြင့် သွေးဆောင်လာခဲ့သည်။

“Host က သာမန်ကာလျှံကာ ပျင်းစရာကောင်းတဲ့ ဘဝကို လက်ခံပြီး ကံကောင်းမှုတွေ အကုန်ဆုံးရှုံးမှာကိုရော၊ ချစ်သူက ဘာမှအသုံးမကျတာကိုရော ကြည့်နေနိုင်မှာလား?

ဒါက ဒီစနစ်က နောက်ဆုံးအကြိမ် မေးတာပါ၊ ဘာလို့လဲဆိုတော့ ကုကျစ်စုန့်က ဒီကမ္ဘာပေါ်က ကံကောင်းမှုအားလုံးကို လုယူပြီး ကမ္ဘာ့ဇာတ်လိုက် ဖြစ်လာတော့မှာလေ၊

အဲဒီအချိန်ကျရင် စနစ်လည်း ပျက်စီးသွားမှာဖြစ်သလို Host လည်း... နောင်တရဖို့ အခွင့်အရေးတောင် ရှိတော့မှာ မဟုတ်ဘူး”

အိပ်ခန်းထဲတွင် ခဏကြာအောင် ငြိမ်သက်သွားပြီး အမျိုးသမီး၏ ရှိုက်သံတိုးတိုးကိုသာ ကြားရတော့သည်။

အတော်ကြာပြီးနောက်တွင် သူမ၏အသံတိုးတိုးက ထွက်ပေါ်လာခဲ့၏။

“ငါ ဘာလုပ်ရမလဲ?”

‘ခိုအီငါး’ ကဲ့သို့ ကံကောင်းမှုကို မြည်းစမ်းဖူးပြီး လိုချင်သည့်အရာမှန်သမျှ ရခဲ့ဖူးသူတစ်ဦးအတွက် ဤစွမ်းအားကို တစ်သက်လုံး ပိုင်ဆိုင်ရမည့် သွေးဆောင်မှုကို မည်သူမျှ တွန်းလှန်နိုင်မည်မဟုတ်ပါချေ။

“စိတ်မပူပါနဲ့... ကျွန်တော် ကူညီပါ့မယ်”

စနစ်က တက်ကြွသောအသံဖြင့် ပြောလိုက်လေသည်။

မနက် သုံးနာရီကျော်ချိန်တွင် ရှားနိုင်ငံရှိ ပြည်သူအများစုမှာ အိပ်ပျော်နေကြပေပြီ။

နိုင်ငံ၏ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာနတွင် တာဝန်ကျဝန်ထမ်းတချို့မှာ သူတို့၏ လုပ်ငန်းခွင်၌ တိတ်တဆိတ် အလုပ်လုပ်နေကြ၏။

ယန်ရှီလုပ်ငန်းစုမှ အဓိက တီထွင်ထားသော လုံခြုံရေးစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာပြီးနောက် ဤဌာနအတွက် လုပ်ငန်းအသစ်တစ်ခု တိုးလာခဲ့သည်။

ကြီးမားသော မျက်နှာပြင်များပေါ်တွင် ရှားနိုင်ငံ၏ မြေပုံများကို အပြာရောင်မျဉ်းများဖြင့် ဖော်ပြထားသည်။

ထိုမြေပုံများပေါ်တွင် ဖုန်မှုန့်ကဲ့သို့ သေးငယ်သော အနီရောင်အစက်အပြောက်များ ပြန့်ကျဲနေခဲ့၏။

တချို့သော နေရာများမှလွဲ၍ ကျန်နေရာများတွင်တော့ အနီရောင်အစက်များကို အနည်းငယ်သာ တွေ့ရတတ်သည်။

ထိုအခအုက်တွင် တည်ငြိမ်နေသော မျက်နှာပြင်များက ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။

တချို့နေရာများတွင် အနီရောင်အစက်များ အမြန်နှုန်းနဲ့ စတင်တိုးပွားလာခဲ့လေ၏။

ထိုအစက်များမှာ အနီရောင်မှင်များ ဖိတ်ကျသွားသကဲ့သို့ အတွင်းမှ အပြင်သို့၊ ဘေးပတ်ဝန်းကျင်သို့ တဟုန်ထိုး ပြန့်နှံ့သွားခဲ့သည်။

ဤပြောင်းလဲမှုက ရုတ်တရက် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အခြေအနေမှာ စိုးရိမ်ရသဖြင့် ခဏအကြာတွင် လုပ်ငန်းခွင်အတွင်း၌ အချက်ပေးခေါင်းလောင်းသံများ မြည်ဟည်းလာခဲ့လေသည်။

“ဘာဖြစ်တာလဲ?”

“လောင်ကျိုး... ဒီစက်အသစ်တွေကို ကြည့်ဦး၊ အနီရောင်မီးတွေ တိုးလာနေတယ်!”

တာဝန်ကျဝန်ထမ်းများမှာ အလန့်တကြား ဖြစ်သွားကြပြီး အခြေအနေကို စစ်ဆေးကာ အထက်လူကြီးများထံ အစီရင်ခံရန် ပြင်ဆင်ကြတော့သည်။

မြို့ပြ၏ အထက်ကောင်းကင်ယံ၌ သာမန်လူတို့ မမြင်နိုင်သော ‘အနက်ရောင်မြူခိုး’ များက လေတိုက်နှုန်းနှင့်အတူ ကမ္ဘာမြေပြင်ကို ပင့်ကူအိမ်ကြီးကဲ့သို့ ဖုံးလွှမ်းသွားခဲ့လေသည်။

တစ်ချိန်တည်းမှာပင် ရဲစခန်းတစ်ခု၌...

စူးရှသော ဖုန်းသံက ည၏ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်၏။

တာဝန်ကျ အော်ပရေတာက ဖုန်းကို ကိုင်လိုက်လေသည်။

“ဟဲလို... ဒါက XX ခရိုင် ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးအဖွဲ့ပါ၊ ဘာကိစ္စရှိလို့လဲ”

ဖုန်းထဲမှ နောက်ခံအသံများမှာ ရှုပ်ထွေးနေပြီး အမျိုးသားတစ်ဦးမှအော်ဟစ်နေသံကို ကြားနေရသည်။

“ရှောင်ယန်... စိတ်အေးအေးထားပါ၊ အဖေ မှားသွားတာပါ၊ ပြောစရာရှိတာကို စကားနဲ့ပြောကြရအောင်လေ”

ဖုန်းဆက်လာသူမှာ အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမ၏ အသံင တုန်ရီနေခဲ့သည်။

“ရဲစခန်းလား.. ကျွန်မရဲ့သားလေး... သူ ခေါင်မိုးပေါ်ကနေ ခုန်ချဖို့ လုပ်နေတယ်! အခု သူ လက်ရမ်းကို ကျော်နေပြီ! ကျေးဇူးပြုပြီး လာကယ်ပေးကြပါဦး!”

“အစ်မ... ကျွန်တော် မီးသတ်တပ်ဖွဲ့ကို ချက်ချင်း လွှဲပေးပါ့မယ် ဖုန်းမချပါနဲ့ဦး”

အော်ပရေတာက ပြောလိုက်လေသည်။

“အရင်ဆုံး စိတ်ကို ထိန်းထားပါ၊ လိပ်စာအတိအကျကို ပြောပြပါ၊ သားဖြစ်သူက ဘာလို့ အခုလိုအချိန်မှာ အိမ်ခေါင်မိုးပေါ်တက်ပြီး သတ်သေဖို့ လုပ်တာလဲ?”

“ကျွန်မ... ကျွန်မ မသိဘူး၊ သူ့အဖေက ညက သူ့ကို ရိုက်လိုက်လို့ ထင်တယ်၊ ဒါပေမဲ့..”

အမျိုးသမီးမှာ ပါးစပ်ကိုပိတ်ကာ ငိုရှိုက်ရင်း စကားများကို အထစ်ထစ်အငေါ့ငေါ့ ပြောနေခဲ့သည်။

မိနစ်အနည်းငယ်အကြာတွင် တာဝန်ကျရဲအရာရှိက မေးမြန်းလိုက်သည်။

“ကလေးက ဘာလို့ အဲဒီလို လုပ်ရတာလဲဆိုတာ မေးပြီးပြီလား?”

အော်ပရေတာ: “မိသားစု ပြဿနာကြောင့်လို့ ထင်ရပါတယ်”

“ခုန်ချမယ့်ကလေး နာမည်က ကုယန်ပါ၊ အသက် (14)နှစ်ရှိပြီဖြစ်ပြီး အလယ်တန်း ဒုတိယနှစ် ကျောင်းသားပါ

မိခင်ဖြစ်သူရဲ့ ပြောစကားအရ ကလေးက စာမေးပွဲအမှတ်တွေ သိပ်မကောင်းသလို ကျောင်းမှာလည်း သူငယ်ချင်းတွေနဲ့ အမြဲ ရန်ဖြစ်တတ်တယ်လို့ သိရပါတယ်”

“ဒါပေမဲ့ လီကုယန် ကိုယ်တိုင်ပြောတာကတော့ သူငယ်ချင်းတွေက သူ့ကို အရင်လာစလို့သာ ရန်ဖြစ်ရတာလို့ပြောပါတယ်

ကလေးရဲ့ အဖေက စိတ်ဆတ်တဲ့သူဖြစ်ပြီး ကလေးရဲ့ စကားတွေကို ဆင်ခြေလို့ပဲ ထင်နေခဲ့တာ၊ ဆရာမဆီက ဖုန်းလာတိုင်း ကလေးကို ရိုက်နှက်ဆဲဆိုလေ့ရှိလို့ မိဘနဲ့ ကလေးကြား ဆက်ဆံရေးက တင်းမာနေပါတယ်”

“ငါ ထင်သားပဲ”

ရဲအရာရှိက ညည်းညူပြောဆိုလိုက်သည်။

“အခုခေတ် မိဘတွေကလည်း ကလေးတွေနဲ့ ကောင်းကောင်းမွန်မွန် စကားမပြောနိုင်ကြဘူးလား!”

အော်ပရေတာက ဆက်ပြောလာသည်။

“ကလေးရဲ့ အမေပြောတာကတော့ သူက အင်တာနက်ပေါ်က Group chat တစ်ခုထဲမှာ ဝင်နေတာ သုံးလကျော်ပြီတဲ့၊ အဲဒီဂရုထဲမှာ ဆရာမကို ကျိန်ဆဲတာ၊ သူငယ်ချင်း သုံးယောက်ကို သတ်ဖို့ ကြိုးစားတာနဲ့ ကျောင်းထဲကို ဓားမြှောင် ခိုးယူသွားဖို့ ကြိုးစားတာမျိုးတွေ ရှိခဲ့တယ်လို့ သိရပါတယ်

ကျွန်တော်တို့ဘက်က စုံစမ်းစစ်ဆေးသူတွေက ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာက စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေလို့ မိဘတွေကို အကြောင်းကြားခဲ့တယ်၊

ဒါပေမဲ့ လီကုယန်ရဲ့ အဖေက အလွန်အမင်းဒေါသထွက်ပြီး သူ့သားက အင်တာနက်ပေါ်မှာ ဒီလိုတွေ လုပ်နေတာကို အရှက်ရစရာကောင်းတယ်လို့ပဲ သတ်မှတ်ခဲ့တယ်”

ရဲများအနေဖြင့် နောက်ပိုင်းတွင် မည်သည့်အရာများဖြစ်လာမည်ကို မေးနေစရာ မလိုတော့ပေ။

ကလေးမှာ ထပ်မံ၍ ပြင်းထန်စွာ ရိုက်နှက်ခြင်း ခံခဲ့ရပေလိမ့်မည်။ ထို ဂရုက ရပ်ဆိုင်းသွားသည်မှာ လွန်ခဲ့သော တစ်ပတ်ခန့်ကတည်းက ဖြစ်လေ၏။ ဤသည်မှာ လီကုယန် အိမ်ခေါင်မိုးပေါ်သို့ တက်သွားရသည့် ကိစ္စအတွက်အစပျိုးချက်ပင် ဖြစ်သည်။

အုပ်စုထဲတွင် ရင်ဖွင့်ပြောဆိုချက်များကြောင့် အဖေဖြစ်သူ၏ ရိုက်နှက်ခြင်းကို ခံရပြီး ဖုန်းမှာလည်း ရိုက်ခွဲခံခဲ့ရသည်။ ထို့နောက်တွင် ထိုအလယ်တန်းကျောင်းသားလေး၏ စိတ်ဓာတ်မှာ ပိုမို ပျက်ပြားလာခဲ့ပြီး မိသားစုဝင်များကိုပင် မုန်းတီးလာခဲ့သည်။

သူသည်က မိဘများ၏ ဆံပင်များကို စုဆောင်းကာ အမည်ရေးထားသော စာရွက်နှင့်အတူ ပန်းကန်ပြားထဲထည့်၍ သူ၏ သွေးများကို အစက်ချကာ မိသားစု_ အထူးသဖြင့် အဖေဖြစ်သူကို ကျိန်စာတိုက်ခဲ့သည်။

နောက်ဆုံးတွင် အဖေဖြစ်သူက အိမ်သန့်ရှင်းရေးလုပ်ရင်းဖြင့် ခုတင်အောက်မှ ထိုပန်းကန်ပြားကို တွေ့ရှိသွားခဲ့ကာ ဒေါသအလွန်ထွက်ပြီး သူ့ကို တစ်ဝက်သေအောင် ရိုက်နှက်ခဲ့ပြန်သည်။

ထိုအချိန်မှစ၍ မိဘနှစ်ပါးစလုံးမှာလည်း စိတ်နှလုံး ကြေကွဲခဲ့ရသည်။

ည သုံးနာရီအချိန်တွင် ဇနီးမောင်နှံနှစ်ဦး အိပ်ပျော်နေချိန်၌ အမျိုးသမီးမှာ ဧည့်ခန်းထဲမှ တံခါးဖွင့်သံကို ကြားလိုက်ရသဖြင့် သူခိုးဝင်သည်ဟု ထင်မှတ်ခဲ့သည်။

သူမက ခင်ပွန်းဖြစ်သူကို နှိုး၍ ထွက်ကြည့်ချိန်တွင် ဧည့်ခန်းတံခါးက ပွင့်နေပြီး သားဖြစ်သူ၏ အခန်းမှာလည်း လွတ်နေသည်ကို တွေ့လိုက်ရ၏။

ကလေးက အိမ်ပြင်သို့ ထွက်ပြေးသွားခြင်း ဖြစ်ပေသည်။

လီကုယန်ကို သူတို့ တွေ့ရှိချိန်တွင် ကလေးက အိမ်ခေါင်မိုးပေါ်မှ ဝရံတာကို ကျော်ကာ အစွန်းဘက်တွင် မတ်တပ်ရပ်နေခဲ့ချေပြီ။

ခဏအကြာတွင် အော်ပရေတာက အလျင်အမြန် ပြောလိုက်သည်။

“ခဏလေး... ဖုန်းလိုင်း ပြတ်သွားလို့ပါ.. ”

မိနစ်အနည်းငယ်အကြာတွင် ရဲကားမှာ ရပ်ကွက်ထဲသို့ ဝင်ရောက်လာခဲ့သည်။ အဝေးမှ မီးသတ်ကားကို မြင်နေရသော်လည်း အသက်ကယ် လေအိတ်မှာ ဖောင်းကြွနေခြင်းမရှိဘဲ မြေပြင်ပေါ်တွင်သာ ရှိနေခဲ့သည်။

မီးသတ်သမားများကိုလည်း မတွေ့ရပါချေ။

အင်္ကျီအထူကြီးများ ဝတ်ဆင်ထားသော ရပ်ကွက်သူ ရပ်ကွက်သားများမှာ အဝေးမှ ကြည့်နေကြပြီး ရှေ့ဆက်သွားမည့်လမ်းကို ပိတ်ဆို့နေခဲ့ကြသည်။

ရဲကားထဲမှ မှန်ကိုချလိုက်သောအခိုက်တွင် လူအုပ်ထဲမှ အသည်းခိုက်မတတ် ငိုကြွေးသံများကိုသာ ကြားလိုက်ရလေသည်။

ထိုအချိန်တွင် ဖုန်းပြန်လာခဲ့သည်။

“ဟဲလို... ဘာဖြစ်သွားပြီလဲ?”

အရာရှိက မေးလိုက်၏။

အော်ပရေတာ၏ အသံမှာ အလွန်ပင် စိုးရိမ်ထိတ်လန့်နေခဲ့သည်။

“ဒုရဲအုပ်ဝမ် .. လီကုယန်က... တိုက်ပေါ်ကနေ ကျသွားပါပြီ”

ရဲကားထဲရှိ အရာရှိများ တိတ်ဆိတ်သွားကြသည်။ မြင့်မားသော အဆောက်အအုံပေါ်သို့ တက်သွားသူအများစုမှာ အောက်မှ ချောက်ကမ္ဘာကို ကြည့်၍ တုံ့ဆိုင်းခြင်း၊ ကြောက်ရွံ့ခြင်းနှင့် ရင်ထဲမှ နာကျင်မှုများကို ဖွင့်ထုတ်ပြီးမှသာ ဆုံးဖြတ်ချက် ချတတ်ကြသည် မဟုတ်ပါလား။

သို့သော် ဤကလေးမှာတော့ မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ သူ့ဘဝကို အဆုံးသတ်သွားခဲ့သည်။

မီးသတ်သမားများ အဘယ်ကြောင့် လှုပ်ရှားမှုမရှိခဲ့သည်ကလည်းရှင်းသွားခဲ့ပေပြီ။ အသက်ကယ် လေအိတ်ကိုလည်း အသုံးပြုရန် အချိန်မရလိုက်ပါချေ။

All Chapters