← Chapters

လုံးလုံးလျားလျား စတင်လာခြင်း (2)

Vol. 50 Ch. 496

လုံးလုံးလျားလျား စတင်လာခြင်း (2)

Vol. 50 Ch. 496

ယမန်နေ့ညက ကောင်းကင်ယံတွင် လက်သည်းခြေသည်းများ ထုတ်ထားသော မြူထူထုကြီးကို မြင်နေရသည်။ တစ်နှစ်ပတ်လုံး လူအများ၏ ကံကောင်းမှုနှင့် အသက်စွမ်းအားများကို ဝါးမြိုလာခဲ့သော ‘အနက်ရောင်မြူခိုး’ မှာ ကောင်းကင်ရှိ လမင်းကိုပင် ကွယ်လုနီးပါးအထိ ကြီးမားလာခဲ့ချေပြီ။

ဤအခြေအနေတွင် သူမ တွက်ချက်နိုင်သော လျှို့ဝှက်ချက်မှာ အလွန်နည်းပါးလွန်းသည်။

ကုကျစ်စုန့်က ဆက်ပြောခဲ့သည်။

“ရှင်တို့ အရင်အတိုင်း လုပ်စရာရှိတာတွေကို ဆက်လုပ်ပါ၊ မကောင်းဆိုးရွားရဲ့ အသိုက်တွေကို ဖျက်ဆီးပါ၊ ‘မျက်နှာတစ်ထောင်’ ရဲ့ ကိုယ်ပွားတွေကို ဆက်ရှာ၊ သံသယရှိတဲ့ ဘယ်နေရာကိုမှ လွှတ်မထားပါနဲ့

အခု ယင်စွမ်းအင်ထောက်လှမ်းရေးစနစ်က အန္တရာယ်တွေကို သိနေပြီဆိုတော့ မြို့ထဲမှာ အဖြစ်ဆိုးတွေ မဖြစ်အောင် အတတ်နိုင်ဆုံး တားဆီးပေးပါလိမ့်မယ်”

သူမက စနစ်တကျညွှန်ကြားလိုက်သည်။

“အပြစ်မဲ့တဲ့ လူသားတွေ အသက်ဆုံးရှုံးမှု နည်းလေလေ၊ အနက်ရောင်မြူခိုး လုယူနိုင်တဲ့ စွမ်းအား နည်းလေလေပါပဲ၊

ရှင်တို့ မထင်မှတ်တဲ့ သေးငယ်တဲ့ အလုပ်တွေက အရေးကြီးဆုံးပဲ၊ မကောင်းတာတွေ ပြောနေမဲ့ အစား အပြစ်မဲ့တဲ့ ပြည်သူတစ်ယောက်ကို ပိုကယ်နိုင်အောင် လုပ်ကြ

အနက်ရောင်မြူခိုးကို ဘယ်လို ပြန်တိုက်မလဲဆိုတာနဲ့ ပတ်သက်ပြီး ဌာနချုပ်မှာ အစီအစဥ်သစ် ရှိပြီးသားပါ”

သူမ၏ စီမံမှုများကြောင့် လူတိုင်း၏ စိုးရိမ်စိတ်တို့က လုံးဝ ပျောက်မသွားသော်လည်း အနည်းဆုံးတော့ လျော့နည်းသွားကြသည်။

ရှီကွေးက ခေါင်းညိတ်၍ ပြောလာသည်။

“ကုတောက်ကျန့်ရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ကြတာပေါ့ ၊ညကျွန်တော်လည်း ဒီနေ့ မိသားစုဆီ ပြန်ပြီး လူငယ်မျိုးဆက်တွေကို ကယ်ဆယ်ရေးမှာ ပါဝင်ဖို့ ခေါ်ပါ့မယ် ဒီအခက်အခဲကို အတူတူ ကျော်ဖြတ်ကြတာပေါ့”

တောက်ကျန့် ချန်ချင်းကလည်း ပြောလာသည်။

“ကျွန်တော်တို့ ဝမ်ယွမ်ကျောင်းတော်က တောက်ကျန့်တွေလည်း အတူပါဝင်ပြီးလုပ်ဆောင်ကြမှာပါ၊ ရဲအရာရှိတို့ အကူအညီလိုရင် အားမနာပါနဲ့”

“ဗုဒ္ဓဘာသာ တပည့်သားတွေလည်း ကူညီဖို့ အသင့်ပါပဲ!”

“ကျွန်တော်တို့ ကျောင်းတော်က သေးငယ်ပေမဲ့လည်း တောက်ဓမ္မတတ်ကျွမ်းတဲ့ တပည့်ဆယ်ယောက်ကျော် ရှိပါတယ်၊ အားလုံးကို ဌာနချုပ်က အသုံးပြုနိုင်ပါတယ်”

…

ယနေ့တွင် တစ်နိုင်ငံလုံး၌ အန္တရာယ်များက နေရာအနှံ့ ရှိနေသည်။

အနက်ရောင်မြူခိုး၏ ဝါးမြိုမှုကို ခံရမည့် နောက်ထပ်လူမှာ မည်သူဖြစ်မည်ကို မသိနိုင်ပါချေ။

နယ်မြေအသီးသီးရှိ ရဲအင်အားမှာလည်း အနီရောင်အစက်ပြနေသော အိမ်ခြေအားလုံးသို့ သွားရောက်ရန် မလုံလောက်ပေ။ သို့သော် တောက်ကျန့်များ ပါဝင်လာခြင်းက ဖိအားများနေသော ရဲတပ်ဖွဲ့အတွက် ယုံကြည်မှု ရရှိစေခဲ့သည်။

လူတိုင်း လှုပ်ရှားလာချိန်တွင် မြို့ထဲတွင် ထူးခြားသော မြင်ကွင်းအချို့ ပေါ်လာခဲ့သည်။

ဥပမာအားဖြင့် သံဓားကို လွယ်ထားပြီး တောက်ဝတ်စုံဝတ်ထားသော လူငယ်လေးတစ်ဦးက ရဲတပ်ဖွဲ့ဝင်များနှင့်အတူ လမ်းလျှောက်နေခြင်း၊ အချစ်ရေးကြောင့် စိတ်ပျက်ကာ မြစ်ထဲသို့ ခုန်ချရန် ကြိုးစားသော မိန်းကလေးတစ်ဦးကို သင်္ကန်းဝတ် ဗုဒ္ဓဘာသာတပည့်တစ်ဦးက လျင်မြန်စွာ ကယ်တင်လိုက်ခြင်း စသည်တို့ ဖြစ်၏။

ကိုယ့်ကိုယ်ကို သတ်သေရန် ကြိုးစားသော ကလေးများကိုလည်း တောက်ဝတ်စုံဝတ်သူများက တံခါးဝတွင် ပိတ်ဆို့ကာ ဝိညာဉ်သန့်စင်ခြင်း ဂါထာများကို အတင်းအဓမ္မ နားထောင်ခိုင်းနေကြသည်။

သတင်းများတွင် အတိအကျ မဖော်ပြသော်လည်း ဒေသအသီးသီးရှိ ရှုပ်ထွေးမှုများကို လုံးဝ ဖုံးကွယ်ထား၍ မရနိုင်ပါချေ။ ပြည်သူများကြားတွင်လည်း ထိတ်လန့်မှုများ ဖြစ်ပေါ်လာခဲ့သည်။

#မကောင်းဆိုးရွားဂိုဏ်းများကြောင့် မငြိမ်မသက်ဖြစ်ခြင်း# ဟူသော ကောလာဟလများလည်း ပျံ့နှံ့လာခဲ့၏။

အစိုးရက လုပ်ဆောင်နိုင်သည်မှာ သတင်းများ ကျယ်ကျယ်ပြန့်ပြန့် မပျံ့နှံ့အောင် ထိန်းချုပ်ခြင်းနှင့် သော့ချက်စကားလုံးများကို ကန့်သတ်ခြင်းသာ ဖြစ်ပေသည်။

လူချင်း ပြောဆိုနေကြသည်ကို မတားဆီးနိုင်သော်လည်း အနည်းဆုံးတော့ လူမှုအဖွဲ့အစည်းတစ်ခုလုံး ကြောက်ရွံ့မှုအောက် ကျရောက်မသွားအောင် လုပ်ဆောင်နေရသည်။

နှစ်ရက်အကြာ ဌာနချုပ်တွင်...

အလုပ်များလွန်းပြီး နွမ်းနယ်နေသော ကျန်းရူယွီက အစီရင်ခံစာအသစ်များကို ကိုင်ဆောင်ကာ ကုကျစ်စုန့်ဘေးသို့ ရောက်လာသည်။

သူမက စာရွက်စာတမ်းများကို ကုကျစ်စုန့်ထံ တွန်းပေးရင်းမေးလိုက်သည်။

“ကြည့်ချင်သေးလား?”

ကုကျစ်စုန့် ဖွင့်မကြည့်သော်လည်း အတွင်းရှိ အကြောင်းအရာများမှာ ထိတ်လန့်ဖွယ်ကောင်းမည်ကို သိနေခဲ့သည်။ ကျန်းရူယွီက ဒေါသတကြီးဖြင့် ဆက်ပြောလာလေ၏။

“လူလိမ်ဂိုဏ်းတွေက ဒီရှုပ်ထွေးမှုကို အခွင့်ကောင်းယူပြီး လုယက်သတ်ဖြတ်မှုတွေ လုပ်နေကြတယ် လူတွေ အများကြီး သေကုန်ပြီ!”

“ငါတို့ကို ပြင်ဆင်ဖို့ နောက်ထပ် တစ်လလောက် အချိန်ရရင် ဒီလောက် ဆိုးမှာ မဟုတ်ဘူး”

ကုကျစ်စုန့်: “ဒါက သူတို့ ဒီလောက်အထိ အချိန်မဆွဲနိုင်တော့ဘူးဆိုတာကို ပြနေတာပဲ”

“အမှန်ပဲ” ကျန်းရူယွီက စိတ်ကို ပြန်ထိန်းကာ ပြောလိုက်သည်။

“ကံကောင်းတာက အစပိုင်းကလောက်တော့ အခြေအနေ မဆိုးတော့ဘူး၊ ထိန်းချုပ်နိုင်လာပြီဆိုတော့ ကုတောက်ကျန့် တွက်ချက်ပေးထားတဲ့ နေရာတွေက ကိုယ်ပွားတွေကို ကျွနာမတို့အဖွဲ့က ရှင်းလင်းနိုင်ခဲ့တယ်ဒါက ဒီရက်ပိုင်းအတွင်း ကြားရတဲ့ သတင်းကောင်းပဲ”

“ဒါနဲ့ ရှင် ကျွန်မကို စာပို့ထားတယ်လေ... အဲဒီဟာက တစ်ခုခု ထပ်လုပ်ဖို့ ကြံနေတယ်ဆိုတာ... အခြေအနေက ဘယ်လိုလဲ?”

ကျန်းရူယွီက အလေးအနက် မေးမြန်းလိုက်သည်

“အနက်ရောင်မြူခိုးရဲ့ ခန္ဓာကိုယ်အစစ်ကို ရှာနေတယ်လို့ ကျွနာမပြောဖူးတာကို မှတ်မိလား?”

ကုကျစ်စုန့်က မေးလိုက်သည်။

“ ရှာတွေ့ပြီလား?!”

“သဲလွန်စလေးပဲ ရသေးတာပါ”

ကုကျစ်စုန့်က ခဏမျှ စဉ်းစားပြီးနောက် သူမ၏ ယူဆချက်ကို ပြောပြသည်။

“ဒီမမြင်ရတဲ့အရာရဲ့ ခန္ဓာကိုယ်ဆိုတာ နှစ်မျိုးပဲ ရှိနိုင်တယ်၊ တစ်ခုက တစ်စုံတစ်ခုကို အခြေခံပြီး တစ်နေရာရာမှာ ပုန်းနေတာ၊ ဒါမှမဟုတ် တစ်ယောက်ယောက်ကို ပူးကပ်ထားတာပဲ”

“တကယ်လို့ ပထမအခြေအနေဆိုရင် ကိုယ်ပွားတွေထဲမှာ ပုန်းနေမှာ ဖြစ်ပေမဲ့ ငါတို့ အခုထိ ရှာမတွေ့သေးဘူး၊ ဒုတိယအခြေအနေဆိုရင်တော့ ကျွန်မမှာ သံသယရှိတဲ့လူတချို့ ရှိတယ်

ကျန်းရူယွီ: “ဘယ်သူ့ကို သံသယရှိတာလဲ?”

“ပထမဆုံးက ယန်ချန်”

ကျန်းရူယွီ၏ အံ့ဩသွားသော အကြည့်အောက်တွင် ကုကျစ်စုန့်က ဆက်ပြောလာသည်။

“ဒါပေမဲ့ သူ မဟုတ်ဘူး ၊ အနက်ရောင်မြူခိုးက သူ့ကို ဝါးမြိုဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။ အခု ကျွန်မ သူ့ကို ကိုယ်တိုင် စောင့်ကြည့်နေတော့ သူ့မှာ ပြဿနာရှိဖို့ အလားအလာ အရမ်းနည်းတယ်”

ထို့နောက်ချက်ချင်းပင် သူမ၏ ဖုန်းကို ထုတ်၍ ကျန်းရူယွီအား ပြလိုက်သည်။

“ဒါကို ကြည့်ဦး”

မျက်နှာပြင်ပေါ်တွင် ပြန်လည်မျှဝေသူ အများအပြားရှိသော ဘလော့ဂ်ပို့စ်တစ်ခုရှိနေလေ၏။

တင်ထားသူမှာ ကျန်းရူယွီ ရင်းနှီးသလိုရှိသော်လည်း အတိအကျ မသိသောသူ ဖြစ်သည်။

“ဒါကို ပြန်မျှဝေပြီး ဆုတောင်းရင် ‘ခိုအီငါး’ ကံကောင်းခြင်းတွေ ရမယ်တဲ့... ယွီဖုန်းချင်း? ဒီတစ်ယောက်က ဘယ်သူလဲ... ရင်းနှီးသလိုပဲ...”

ကျန်းရူယွီ မျက်မှောင်ကြုတ်၍ စဉ်းစားလိုက်ကာ ပြန်လည် သတိရသွားသည်။

“မှတ်မိပြီ! ယွီဖုန်းချင်းဆိုတာ ဟိုမင်းသမီး မဟုတ်ဘူးလား? ရှင်နဲ့ အရင်က အဆင်မပြေဘူးမလား၊ ဌာနချုပ်က ရှင့်အကြောင်း အချက်အလက်တွေ စုခိုင်းတုန်းက ရှင်တို့နှစ်ယောက်အကြောင်း သတင်းတွေကို တွေ့ဖူးတယ်”

ကုကျစ်စုန့် : ...

ယခင်က အဆင်ပြေမပြေဆိုသည်ကို သူမ မသိပါချေ။

သို့သော် ယွီဖုန်းချင်းတွင် အစကတည်းက တစ်ခုခု မှားယွင်းနေသည်ဟု သူမ သံသယရှိခဲ့သည်။

ဆုတောင်းသမျှ ပြည့်စုံနေသည့် ‘ခိုအီငါး’ ကံကောင်းခြင်းဆိုသည်မှာ အလွန်ပင် ထူးဆန်းလွန်းသည်။ ယခုအချိန်တွင် ဤကဲ့သို့သော ကံကောင်းခြင်းမှာ ‘အနက်ရောင်မြူခိုး’ ကြောင့် ဖြစ်သည်ဟု သူမ ပို၍ သံသယဝင်လာမိသည်။

“ဘလော့ဂ်ပို့စ်ထဲမှာတော့ အဲဒီမင်းသမီးက ငယ်ငယ်ကတည်းက အရမ်းကံကောင်းတယ်၊ ဆုတောင်းသမျှ ပြည့်တယ်လို့ ပြောထားတယ်၊ Fan တွေ တင်ထားတဲ့ သက်သေတွေကို ကြည့်ရတာလည်း ဟုတ်နေတာပဲ!”

ကျန်းရူယွီက ဖုန်းကို ကြည့်ရင်း အလွန်အံ့ဩနေသည်။

“မျှဝေသူ တစ်သန်းကျော်ပြီး မန့်တွေလည်း သန်းနဲ့ချီရှိနေတယ်၊ အားလုံးက ဆုတောင်းနေကြတာပဲ၊ ဒါပေမဲ့ ဆုတောင်းတဲ့ စကားလုံးတွေက နည်းနည်း ထူးဆန်းမနေဘူးလား?”

အင်တာနက်အသုံးပြုသူများမှာ အတည်တကျဖြစ်စေ၊ စနောက်၍ဖြစ်စေ အောက်ပါအတိုင်း မှတ်ချက်ပေးထားကြသည် ။

[ဒီတစ်သက် သက်သတ်လွတ်စားပါ့မယ်၊ အစိုးရဝန်ထမ်း စာမေးပွဲ အောင်ပါစေ!]

[ခိုအီငါးကံကောင်းခြင်းကို မျှဝေလိုက်ပါတယ် ၊ ရုပ်လှတဲ့သူတွေက လူမှုပတ်ဝန်းကျင်မှာ ပိုပြီး အခွင့်အရေးရကြတာလေ ၊ ကျွန်မလို ရုပ်လည်းမချောတဲ့ သာမန်လူတစ်ယောက်အတွက်တော့ ဘဝက ဘယ်တော့မှ ချောမွေ့မှာ မဟုတ်ဘူး... တကယ်လို့ ကျွန်မကို လှပတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်စေမယ်ဆိုရင် အသက် ၁၀ နှစ် ဒါမှမဟုတ် အနှစ် ၂၀ လျှော့ခံဖို့ အသင့်ပါပဲ!]

[ဟားဟား... ငါ့ကိုယ်ပေါ်က အသား ၃၀ လောက်ကို ငါ့သူငယ်ချင်းဆီ ခွဲပေးလို့ရမလား?]

[ဒါဆို ငါ့ကို ဖောက်ပြန်ခဲ့တဲ့ ရည်းစားဟောင်း အေးအေးချမ်းချမ်း မြေမြုပ်ခံရပါစေလို့ပဲ ဆုတောင်းလိုက်မယ်]

…

ဆုတောင်းများမှာ ပုံစံမျိုးစုံပင် ဖြစ်နေ၏။ တချို့မှာ စာမေးပွဲ၊ အလုပ်အကိုင်နှင့် အချစ်ရေးအတွက် အလေးအနက် ဆုတောင်းကြသော်လည်း တချို့မှာမူ နောက်ပြောင်နေကြခြင်း ဖြစ်သည်။

ဤကဲ့သို့သော ‘ကံကောင်းခြင်းများကို လက်ခံမည်’ ဟူသော ပို့စ်များမှာ လူမှုကွန်ရက်ပေါ်တွင် ပုံမှန်ရှိနေတတ်သောကြောင်း ပြဿနာမရှိသော်လည်း ဤအချိန်ကာလတွင် ဖြစ်နေခြင်းကြောင့် ကျန်းရူယွီအနေဖြင့် အန္တရာယ်ရှိသည်ဟု ခံစားလိုက်ရသည်။

“ဒါနဲ့... ဒီမင်းသမီးရဲ့ နာမည်ကြီးမှုက ဘယ်လောက်ရှိလဲဆိုတာ ကျွန်မမသိပေမဲသ မျှဝေသူနဲ့ မှတ်ချက် သန်းနဲ့ချီရှိနေတာက Trend စာရင်းထဲမှာ ပါသင့်နေပြီလေ၊ ဘာလို့ မပါတာလဲ?”

ကျန်းရူယွီက ချက်ချင်း သတိပြုမိလိုက်သည်။ ဘလော့ဂ်ပို့စ်ကို မနေ့က တင်ထားခြင်းဖြစ်ပြီး ဤမျှလောက် များပြားသော အချက်အလက်များမှာ သေချာပေါက် နာမည်ကြီးနေသင့်ပေသည်။

ကုကျစ်စုန့်က မျက်လုံးကို မှေး၍ ပြောသည်။

“ဒါကပဲ ပြဿနာပဲ ၊ ကျွန်မ ယန်ချန်ကို စုံစမ်းခိုင်းထားတယ်

ယွီဖုန်းချင်းရဲ့ ကုမ္ပဏီက Trend ထဲကို မဝင်အောင် ပိုက်ဆံပေးပြီး တားထားတာမျိုးလည်း မဟုတ်ဘူး၊ ဆိုလိုတာက ဒီပို့စ်မှာ ဖတ်ရှုသူနဲ့ ဆွေးနွေးသူ အရမ်းများနေပြီး Trend ထိပ်ဆုံး ၃ နေရာမှာ ရှိနေသင့်တာတောင် ဘာလို့ ကျွန်မတို့ရဲ့ အမြင်အာရုံထဲကို လုံးဝ ရောက်မလာခဲ့ရတာလဲ ဆိုတာပဲ”

အဆိုးရွားဆုံးအချက်မှာ ယွီဖုန်းချင်း၏ Fan များက trend မဝင်သည့်ကိစ္စအတွက် ကုကျစ်စုန့်ကို အပြစ်တင်နေကြခြင်း ဖြစ်သည်။

[လက်တစ်ဖက်တည်းနဲ့ ကောင်းကင်ကို ကွယ်ထားနိုင်တဲ့ စွမ်းအားရှိသူက ဟိုနာမည်ကြီး တောက်ကျန့်မဟုတ်ရင် ဘယ်သူရှိဦးမှာလဲ!]

[တကယ် စိတ်ပျက်စရာပဲ၊ သဘာဝလွန်ပညာရှင်ဆိုတဲ့ နာမည်က သူမ တစ်ယောက်တည်း ပိုင်တာလား? တခြားလူတွေကို သုံးခွင့်မပေးဘူးလား၊ ဘာလို့ ဒီလောက်တောင် အနိုင်ကျင့်ရတာလဲ?!]

[ယွီဖုန်းချင်းက ငယ်ငယ်ကတည်းက ခိုအီငါးလေးအဖြစ် နာမည်ကြီးခဲ့တာပါ၊ အခုလို လုပ်တာ တကယ် မတရားဘူး!]

…

ဆန့်ကျင်ဘက်အနေဖြင့် ဖြတ်လျှောက်ဖန်တချို့က ကုကျစ်စုန့်ဘက်မှ ကာကွယ်ပြောဆိုကြသော်လည်း Fan များ၏ ဆူညံမှုအောက်တွင် ပျောက်ကွယ်နေခဲ့သည်။

ဤကဲ့သို့သော အကြောင်းပြချက်မရှိ စွပ်စွဲချက်များအတွက် ကုကျစ်စုန့် အလွန်ပင် စိတ်ပျက်မိသည်။ သူမသည်ကား ဤနှစ်ရက်အတွင်း အလွန်အလုပ်များနေခဲ့သောကြောင့် ယွီဖုန်းချင်း ဘလော့ဂ်ပို့စ်တင်ထားသည်ကိုပင် မသိရှိခဲ့ပါချေ။

ကုကျစ်စုန့်နှင့် ရင်းနှီးသောသူငယ်ချင်းဟု လူသိရှင်ကြား ပြောထားသောကြောင့် ပရိသတ်များ၏ အမုန်းကို ခံနေရသော ယွီထုံချို့ ဤအကြောင်းကို သိရှိပြီး ကုကျစ်စုန့်ထံသို့ ပေးပို့လာခြင်းသာ ဖြစ်ပေသည်။

All Chapters