← Chapters

မြို့ကို မှောင်မိုက်သောမြူခိုးများနှင့် ဖုံးလွှမ်းနေပြီ(2)

Vol. 50 Ch. 501

မြို့ကို မှောင်မိုက်သောမြူခိုးများနှင့် ဖုံးလွှမ်းနေပြီ(2)

Vol. 50 Ch. 501

မိုင်ပေါင်းရာချီဝေးသော မြို့တော်ရှိ အမျိုးသား ထိန်းချုပ်ရေးဌာန၏ အထွေထွေရုံးခန်းတွင်ပင် မည်သည့်အရာမှ မှားယွင်းနေသည်ကို မတွေ့ရှိခဲ့ရပေ။

အနက်ရောင်မြူခိုးများမှာ ဆက်လက် လှိုင်းထနေပြီး ခုတင်ပေါ်ရှိ လူများ၏ မျက်နှာကို ဖုံးလွှမ်းသွားကာ သူတို့၏ ဒွာရ (၇) ပေါက်မှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားခဲ့သည်။

ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရချိန်တွင်မှသာ လူများက တုံ့ပြန်လာကြတော့သည်။

သူတို့သည်က အိပ်ပျော်နေချိန် ရုန်းကန်လာကြပြီး အကူအညီတောင်းရန် ပါးစပ်ကို အစွမ်းကုန် ဟလိုက်သော်လည်း မည်သည့်အသံမျှ မထွက်လာခဲ့ပါချေ။

အလွန်အမင်း နာကျင်မှုကြောင့် မျက်နှာများ ပျက်ယွင်းသွားပြီး မျက်လုံးများ ပြူးကျယ်နေခဲ့ရသည်။

မမြင်ရသော လက်သည်းများက ၎င်းတို့၏ ပါးစပ်များကို ပိတ်ထားပြီး နူးညံ့သော လည်ချောင်းများကို ဖြတ်တောက်လိုက်လေသည်။

သူတို့၏ အသက်စွမ်းအားများ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ပြီး အိပ်ပျော်နေချိန် သေမင်းနှင့် ရင်ဆိုင်လိုက်ရသော အပြစ်မဲ့ပြည်သူများ၏ မျက်လုံးများက ဝေဝါးသွားခဲ့ကာ နောက်ဆုံး၌ လုံးဝ ငြိမ်သက်သွားကြတော့သည်။

ထိတ်လန့်နေသော ဝိညာဉ်များမှာလည်း ရုပ်ပျက်ဆင်းပျက်ဖြင့် သေဆုံးသွားသော ရုပ်အလောင်းများမှ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး သေခါနီး ကြောက်ရွံ့မှုများ၊ အသက်ရှူကျပ်ခြင်း၏ စိတ်ပျက်အားငယ်မှုများနှင့် အရိုးများ ကျိုးကြေခြင်း၏ နာကျင်မှုများကို သယ်ဆောင်ထားကြသည်။

သူတို့က ပြတင်းပေါက်မှတစ်ဆင့် ထွက်ပြေးရန် ကြိုးစားကြသော်လည်း အနက်ရောင်မြူခိုးများက ပြန်လည်ဆွဲငင်ကာ အမှောင်ထုအတွင်းသို့ ဝါးမြိုပစ်လိုက်သောကြောင့် ပျောက်ကွယ်သွားခဲ့ကြရပြန်သည်။

မြူထများမှာ အစာငတ်နေသော သားရဲကြီးကဲ့သို့ ဝါးမြိုနေခဲ့၏။

ထွက်ပေါ်လာသော ရေတွက်မရနိုင်သည့် ဝိညာဉ်များအနေဖြင်် ထွက်ပြေး၍မရဘဲ ဝါးမြိုခံလိုက်ရသည်။ ထိုအချိန်တွင် မြို့ကို ဖုံးလွှမ်းထားသော အနက်ရောင်မြူခိုးကလညား တဟုန်ထိုး ကြီးထွားလာခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ ပေါ်ထွက်လာတော့သည်။

“ဝုန်း!”

ကျယ်လောင်သော အသံကြီးက ကောင်းကင်ယံကို ဖြိုခွဲလိုက်သကဲ့သို့ ထွက်ပေါ်လာသည်။ သို့သော် ထူထပ်လွန်းသော အနက်ရောင်မြူထုကြီးကိုသာ မြင်တွေ့ရပြီး အောက်ဘက်ရှိ မြို့ကတော့ ပျောက်ကွယ်သွားခဲ့ချေပြီ။

လျှပ်စီးကြောင်းများနှင့် ဖြတ်ဖြတ်လက်နေသော တိမ်တိုက်ကြီးများက အလျင်အမြန် စုစည်းလာခဲ့သော်လည်း အလွန်အမင်း ရမ်းကားနေသော အနက်ရောင်မြူခိုးကတော့ အသက်များကို ရိတ်သိမ်းခြင်းအား ရပ်တန့်ခြင်းမရှိခဲ့ပါချေ။

သေဆုံးသွားသူများ၏ ဝိညာဉ်များကို ဝါးမြိုနေသော လုပ်ရပ်မှာ ကောင်းကင်ယံရှိ မိုးကြိုးတိမ်တိုက်များကို စစ်ကြေညာနေသကဲ့သို့ ရှိနေခဲ့ပေသည်။

ငွေခရမ်းရောင် လျှပ်စီးကြောင်းများက ရုတ်တရက် ကျဆင်းလာခဲ့ပြီး မြူထုအတွင်းသို့ နစ်မြုပ်ကာ ခဏမျှ လင်းလက်သွားပြီးနောက် ဖြည်းညင်းစွာ ပျောက်ကွယ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ရေတွက်မရနိုင်သော တောက်ကျန့်များမှာ ဤဖျက်ဆီးလိုသော အရှိန်အဝါကို ခံမိလိုက်ကြသည်။

သူတို့ အနားယူနေသည်ဖြစ်စေ၊ တရားထိုင်နေသည်ဖြစ်စေ နှလုံးသားထဲတွင်၌ တုန်လှုပ်မှုများ ဖြစ်ပေါ်လာခဲ့ပြီး မိုင်ပေါင်းထောင်ချီဝေးသော နေရာမှ မိုးကြိုးသံကို အာရုံခံမိလိုက်ကြသည်။

ထို့နောက်တွင် ထိန်းမနိုင်သိမ်းမရသော ထိတ်လန့်တုန်လှုပ်မှုများမှာ ပိုမိုမြင့်တက်လာခဲ့ချေပြီ။

မြို့တော်၌ ရှိနေကြသော အဓိက တာဝန်ရှိသူများမှ် အိမ်မှ အပြေးအလွှား ထွက်လာခဲ့ကြပြီး ဌာနချုပ်သို့ ရောက်ရှိလာကြသည်။

တောက်ကျန့် ချန်ချင်းနှင့် ရှီကွေးတို့က ရှေ့ဆုံးမှ ရောက်ရှိနေကြပြီး တောက်ကျန့် ခုန်းခုန်းလည်း ရောက်ရှိလာခဲ့သည်။

အမြဲတစေ တည်ငြိမ်နေခဲ့သော တောက်ဓမ္မဂိုဏ်း၏ အမာခံပုဂ္ဂိုလ်ကြီး သုံးဦးစလုံးမှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေခဲ့ကြသည်။

“ခင်ဗျားတို့ ခံစားမိလား အခုလေးတင်ပဲ!”

“သေချာတာပေါ့... အဘိုးကြီးအနေနဲ့ ဒီလိုမျိုး ခံစားချက်ရတာ ဒါ ပထမဆုံးအကြိမ်ပဲ၊ တစ်ခုခုတော့ အ

ကြီးကြီး ဖြစ်ပျက်သွားပြီ!”

တောက်ကျန့်များစွာက ဤနေရာသို့ စုရုံးလာကြပြီး နှလုံးသားထဲမှ မရေရာမှုများကြောင့် စိုးရိမ်တကြီး ဖြစ်နေကြသည်။

“ဘာတွေ ဖြစ်နေတာလဲ ဘာဖြစ်သွားတာလဲ”

“ပြီးပါပြီ! အကုန်လုံး ပြီးသွားပြီ...”

ထိတ်လန့်တုန်လှုပ်မှုများနှင့် အဆိုးမြင်စိတ်များက မြင့်တက်နေချိန်တွင် ကုကျစ်စုန့် ရောက်ရှိလာခဲ့သည်။

ရှီကွေးက သူ၏ခံစားချက်ကို မဖုံးကွယ်နိုင်ဘဲ မေးမြန်းလိုက်၏။

“ကုတောက်ကျန့်... ဘာဖြစ်သွားတာလဲဆိုတာ သိပြီလား”

ကုကျစ်စုန့်သည် အစင်းကြောင်းများပါသော မဟော်ဂနီသစ်သားဓားကို ကိုင်ဆောင်ထားပြီး စူးရှသောမျက်လုံးများဖြင့် မှောင်မည်းသောညဉ့်ကောင်းကင်၏ အရှေ့တောင်ဘက်ဆီသို့ တည့်တည့်စိုက်ကြည့်နေသည်။

“အရှေ့တောင်ဘက်... မော်တင်းရဲ့ တည်နေရာက ကွားဂိတ်ကနေ ဝေးကွာနေတယ်၊ ဒါက ထူးဆန်းနေတယ်၊ ဖုန်းတု ဝိညာဉ်မြို့တော်ဆီကို ဦးတည်နေတာပဲ”

သူမက ပြေနေရင်းဖြင့် ဒူးတစ်ဖက်ထောက်ထိုင်ချလိုက်ပြီး ညာဘက်လက်ဖဝါးကို မြေပြင်ပေါ်သို့ ဖိကပ်လိုက်သည်။

သူမ၏လက်ဖဝါးမှတစ်ဆင့် လေပွေအေးလေးတစ်ခု ဘေးပတ်ဝန်းကျင်သို့ ပြန့်လွင့်သွားပြီးနောက် မှောင်မိုက်သော တံခါးကြီးတစ်ချပ်က ဝိညာဉ်အရှိန်အဝါများကို ဖြတ်ကျော်ကာ မြေပြင်ပေါ်တွင် ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။

လူတိုင်း အံ့အားသင့်သွားကြ၏။သူတို့၏ စိတ်ကူးစိတ်သန်းများကို ပြောင်းပြန်လှန်ပစ်လိုက်သော ထိုဝိညာဉ်တံခါးကြီးမှာ ရှေ့တွင် အမှန်တကယ်ပင် ရှိနေသည်။

ထူထဲသော ယွန်းသုတ်တံခါးကြီး ပွင့်ဟသွားချိန်တွင် ဝိညာဉ်အငွေ့အသက်များကြားတွင် ထွင်းထုထားသော ဝိညာဉ်နတ်ဘုရားများ၊ နဂါး၊ ကျား နှင့် အခြားသော ခန့်ညားထည်ဝါသည့် ရုပ်တုများကို မြင်တွေ့နေရလေသည်။

နောက်တစ်စက္ကန့်တွင် ထိုတံခါးထဲမှ ထောင်သောင်းချီသော စစ်သည်တော်များနှင့် ဝိညာဉ်ငယ်လေးများ ပြေးထွက်လာတော့မည့်အတိုင်း အသက်ဝင်လှပေသည်။

တောက်ကျန့်တစ်ဦးက မနေနိုင်ဘဲ လက်လှမ်း၍ ထိကြည့်လိုက်လျှင် အေးစက်သော တံခါး၏အထိအတွေ့ကို အမှန်တကယ် ခံစားလိုက်ရသဖြင့် အံ့ဩတကြီး ရေရွတ်မိသည်။

“ဒီ... ဒီဝိညာဉ်တံခါးက အစစ်အမှန်ကြီးလား!”

ထိုမေးခွန်းမှာ သာမန်လူများပင် မြင်တွေ့နိုင်သည်လားဟူ၍ မေးလိုခြင်းဖြစ်ပေ၏။

ကုကျစ်စုန့်မှာ ပြန်ဖြေရန် အချိန်မရှိသောကြောင့် ဖုန်းကိုထုတ်ကာ ရောက်မလာသေးသော ကျန်းရူယွီထံ ဖုန်းဆက်လိုက်သည်။

“ဖုန်းတုမှာ မတော်တဆမှုတစ်ခု ဖြစ်ပြီ ၊ ကျွန်မ ဌာနချုပ်ရဲ့ ဧည့်ခန်းမထဲမှာ တံခါးတစ်ခု ချန်ထားခဲ့မယ်၊ အဲဒါက ငါရှိတဲ့နေရာကို တိုက်ရိုက်ရောက်လိမ့်မယ်”

ပြောပြီးနောက် သူမက ဖုန်းချကာ ဝိညာဉ်တံခါးထဲသို့ လှမ်းဝင်လိုက်သည်။

“ကျွန်မနောက်က လိုက်ခဲ့ကြ”

တောက်ကျန့်အားလုံး ဝင်သွားပြီးနောက် တံခါးမှာ ပျောက်ကွယ်မသွားဘဲ နောက်ထပ်လူများ ဝင်လာနိုင်ရန် ထိုနေရာတွင်ပင် တည်ရှိနေခဲ့သည်။

အတူလိုက်ပါလာသူများနှင့် နောက်မှလိုက်လာမည့်သူ အများစုမှာ သာမန်လူများ သို့မဟုတ် ပညာရပ်မနက်နဲသေးသူများသာ ဖြစ်၍ ကုကျစ်စုန့်က ဒုတိယတံခါးကို မိုးကြိုးပစ်သည့် ဗဟိုချက်တွင် မထားဘဲ မိုးကြိုးတိမ်တိုက်၏ အစွန်းပိုင်းတွင်သာ ထားရှိခဲ့သည်။

ကောင်းကင်ယံရှိ အမှောင်ထုနှင့် လျှပ်စီးကြောင်းများမှာ ပင်လယ်မုန်တိုင်းကြီးကဲ့သို့ ဘေးအန္တရာယ်၏ ဗဟိုချက်ဆီသို့ စုရုံးနေကြသည်။

မြို့အစွန်းတွင် သုံးမီတာကျော်မြင့်သော ထွင်းထုထားသည့် တံခါးကြီးတစ်ခု လေထဲမှ ပေါ်ထွက်လာပြီး လူအုပ်စုတစ်စုထွက်လာကြလေသည်။

ရှေ့ဆုံးမှ လမ်းလျှောက်လာသူမှာ ကုကျစ်စုန့်သာဖြစ်၏။

တခြားသော တောက်ကျန့်များမှာလည်း ဝိညာဉ်တံခါး၏ အသုံးဝင်ပုံကို အံ့ဩနေရန် အချိန်မရှိပါချေ။

သူတို့သည်က အဝေးမှ မြင်ကွင်းကို ကြည့်ကာ တုန်လှုပ်ချောက်ချားသွားကြရသည်။

“အဲဒါ ဘာကြီးလဲ!”

သာမန်လူများအတွက် မှောင်မှိုင်းပြီး မိုးကြိုးတိမ်တိုက်များ ဖုံးနေသော ကောင်းကင်ဟုသာ မြင်ရမည် ဖြစ်သော်လည်း ဤပညာရှင်များအတွက် အဝေးရှိမြို့ကို မမြင်ရတော့ဘဲ ကောင်းကင်နှင့် နေမင်းကိုပါ ဖုံးလွှမ်းထားသည့် အဆုံးမရှိသော အနက်ရောင်မြူထုကြီးကိုသာ မြင်တွေ့နေရသည်။

“ဒါ ဘယ်လိုဖြစ်ရတာလဲ ဒီအကောင်က ဘယ်လိုလုပ် ဒီလောက်ကြီးသွားတာလဲ!”

လေထုထဲရှိ ပြင်းထန်သော ဖိအားများက နေရာအနှံ့ ပျံ့နှံ့နေသည်။

လူငယ်တောက်ကျန့်တစ်ဦးမှာ ထိုအဆုံးမရှိသော အမှောင်ထုကို ကြည့်ကာ မျှော်လင့်ချက် ကင်းမဲ့သွားပြီး နောက်ဆုတ်လိုသော အသံဖြင့် ပြောလိုက်သည်။

“ကောင်းကင်က နိမိတ်ဆိုးပြနေပြီ၊ ဒါက သေဆုံးခြင်းကပ်ဘေးပဲ... အဲဒါကြီးကို ကြည့်စမ်းပါဦး၊ ဘယ်သူက ပြန်ကောင်းအောင် လုပ်နိုင်မှာလဲ!”

“သေဖို့သာ ပြင်လိုက်ကြတော့၊ အားလုံး သေရတော့မှာ၊ ဒါက ကမ္ဘာပျက်မယ့် ကပ်ဘေးပဲ...”

သူ၏လေသံမှာ စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေပြီး သူ၏တာအိုနှလုံးသားမှာ ပြိုလဲသွားချေပြီ။

ကုကျစ်စုန့်က မည်သည်ကိုမှမပြောသော်လည်း တောက်ကျန့်ချန်ချင်းမှာ ဒေါသထွက်လွန်းပြီး မုတ်ဆိတ်ဖြူများပင် တုန်ရီနေခဲ့သည်။

“ဒါ ဘယ်မိသားစုက ကောင်လေးလဲ ရန်သူကို မရင်ဆိုင်ရသေးခင်ကတည်းက စိတ်ဓာတ်တွေ ပျက်ပြားအောင် လုပ်နေတယ်၊ မင်းကို အခုချက်ချင်း ပြန်မလွှတ်တာပဲ ကံကောင်းတယ်လို့ မှတ်လိုက်!”

“ငါတို့ တောက်ဓမ္မကျင့်ကြံသူတွေက လူသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတယ်၊ တစ်ယောက်ယောက်က ပေါက်ကရတွေ ထပ်ပြောရင် ငါကိုယ်တိုင် မင်းတို့ကျောင်းတော်ကနေ နှင်ထုတ်ပစ်မယ်!”

တောက်ကျန့်ချန်ချင်း၏ ဒေါသတကြီး ငေါက်ငမ်းမှုကြောင့် ပတ်ဝန်းကျင်ရှိ ထိတ်လန့်မှုများ ငြိမ်သက်သွားခဲ့သည်။

ရှီကွေးက လက်ချောင်းများဖြင့် တွက်ချက်ကြည့်နေသော်လည်း တွက်လေလေ အနာဂတ်မှာ မှောင်မိုက်လေလေ ဖြစ်နေသောကြောင့် ကုကျစ်စုန့်ကို ကြည့်ကာ မေးလိုက်သည်။

“ကုတောက်ကျန့်... ငါ ကြည့်ရသလောက် ဒီအနက်ရောင်မြူခိုးရဲ့ အတိုင်းအတာက မြို့နယ်လေးတစ်ခုစာလောက်ပဲ မဟုတ်တော့ဘူးထင်တယ်”

“အမှန်ပဲ၊ အခု ကျွန်အတို့ရောက်နေတဲ့နေရာက ဖုန်းတု မဟုတ်ဘူး”

ကုကျစ်စုန့်က တည်ငြိမ်သောအသံဖြင့် ပြောလာသည်။

“ကျွန်မတို့က ကျောက်တုံးမြို့တော်ရဲ့ အစွန်မှာ ရှိနေတာ၊ ကျွန်မတို့မြင်နေရတဲ့ မြူတွေဖုံးနေတဲ့ မြို့က ကျောက်တုံးမြို့တော်ပဲ”

“ကောင်းကင်က ကပ်ဘေးတိမ်တိုက်တွေကို ကြည့်လိုက်၊ အားလုံးက ဗဟိုချက်တစ်ခုဆီကို စုနေကြတာ၊ အဲဒီ ဗဟိုချက် အောင်မြင်သွားပြီး မိုးကြိုးတွေ ပစ်မယ့်နေရာကမှ ဖုန်းတုပဲ”

“ဘာ!”

ရှီကွေး ထိတ်လန့်သွားသည်။

သူတို့အားလုံး ဖုန်းထုတ်ကာ မြေပုံကို ကြည့်လိုက်ချိန်တွင် အမှန်တကယ်ပင် ဖြစ်နေသည်။

ဤနေရာမှာ ကျောက်တုံးမြို့တော်၏ အစွန်အဖျားသာ ဖြစ်ပြီး ဖုန်းတုသို့ ရောက်ရန် တောင်ဘက်သို့ မိုင် ၁၀၀ ကျော် ဆက်သွားရဦးမည်ဖြစ်သည်။

ဖုန်းတုမြို့မှ စတင်ခဲ့သော အနက်ရောင်မြူခိုးမှာ ဘေးပတ်ဝန်းကျင်ရှိ တခြားမြို့ကြီး မြို့ငယ်များသို့ပါ ဆက်တိုက်ဆိုသလို ပြန့်နှံ့ဖုံးလွှမ်းသွားခဲ့ခြင်းဖြစ်ပေသည်။ ထိခိုက်နိုင်သော ဧရိယာမှာ စတုရန်းကီလိုမီတာ ရာပေါင်းများစွာ ရှိပေလိမ့်မည်။

ဤမျှလောက် ဆိုးရွားလှသော အခြေအနေကြောင့် လူတိုင်း စွမ်းအားမဲ့သကဲ့သို့ ခံစားလိုက်ရသည်။

ဤမျှလောက် ပြင်းထန်သော ခြိမ်းခြောက်မှုအောက်တွင် သူတို့အတွက် မျှော်လင့်ချက် ရှိပါဦးမည်လား။

All Chapters