← Chapters

သူ၏ခန္ဓာကိုယ်နှင့် သူမ၏ဝိညာဉ် ၄

Vol. 66 Ch. 652

သူ၏ခန္ဓာကိုယ်နှင့် သူမ၏ဝိညာဉ် ၄

Vol. 66 Ch. 652

"အခြေအနေ မဟန်တော့ဘူး။"

အချိန်အတော်ကြာ ထုံထိုင်းနေခဲ့သော ခယ်ရှစ်စန်း သည် ရုတ်တရက် တီးတိုးရေရွတ်ကာ သတိပေးလိုက်လေသည်။

သူ၏စကားကို တုံ့ပြန်လိုက်သည့်အလား၊ အစိမ်းရောင်ဖီးနစ်ငှက်သည် ရှန်းဟွမ်မြို့တော်ကြီးထဲသို့ ဝင်ရောက်သွားသည်မှာ အသက်ရှူကြိမ် ဆယ်ကြိမ်ပင် မပြည့်သေးဘဲ၊ နတ်ဆိုးသက်တမ်းနှစ်နှစ်ဆယ်ပင် မပြည့်တပြည့်စီးဝင်သွားချိန်၌၊ စူးရှသော အော်ဟစ်ငိုယိုသံတစ်ခုက ရှန်းယီ၏ နတ်ဝိညာဉ်အာရုံထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။

" ငါ့ကို အပြင်ထုတ်ပေး အပြင်ထုတ်ပေးစမ်းပါ"

"တောင်းပန်ပါတယ် ငါ့ကို ချမ်းသာပေးပါ"

ရှန်းယီ၏ အမြင်အာရုံထဲတွင်မူ၊ မြင့်မားသော တောင်ထွတ်ပေါ်ရှိ ကျောက်ဆောင်ကြီးတစ်ခု၏ ဘေး၌ အစိမ်းရောင်ဖီးနစ်ငှက်မှာ တဆတ်ဆတ် တုန်ယင်နေပြီး၊ ၎င်း၏ ပြာလဲ့လဲ့အစိမ်းရောင် အမွေးများမှာ ညှိုးနွမ်းကျနေကာ၊ အသားစများမှာ ပုပ်ပွနေပြီးပြင်းထန်သော အပုပ်နံ့ကြီးကို ထွက်ပေါ်နေလျက်ရှိသည်။ ၎င်းသည် စိတ်ကို တည်ငြိမ်အောင်မထိန်းထားနိုင်ရုံသာမက၊ ခေါင်းကို ကျောက်ဆောင်ကြီးနှင့် အရူးအမူး ဆောင့်တိုက်နေလေတော့သည်။

ရှန်ယီက ခယ်ရှစ်စန်းကို ဘေးတစောင်း လှည့်ကြည့်လိုက်၏။

"သူ့ရဲ့ ပင်ကို နှလုံးသားမီးတောက်ရဲ့ နာကျင်မှုကိုတောင် သူ မခံနိုင်လို့ သက်သာရာရဖို့အတွက် တစ္ဆေစပါးအုံးမြွေမျိုးနွယ်စုကို အားကိုးနေရတာလေ။" ခယ်ရှစ်စန်း၏ အသံမှာ အလွန် နှေးကွေးနေပြီး သူ၏စိတ်အာရုံမှာလည်း ရှင်းလင်းမှု မရှိသေးကြောင်း သိသာလှသည်။

"သူက နာကျင်မှုကို သဘောကျနေသယောင် ထင်ရပေမဲ့ တကယ်တမ်းကျတော့ နာကျင်မှုကို အကြောက်ဆုံးပဲ... ဒီ ရောဂါဘေးဒုက္ခက သူ့ရဲ့ အားနည်းချက် ကွက်တိဖြစ်နေတာပေါ့။"

"..."

ရှန်းယီသည် တစ်ခဏမျှတိတ်ဆိတ်သွားပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်လေ၏။ "နောက်တစ်ခါဆို စောစောစီးစီး ပြော"

ဤတစ်ကြိမ်တွင်မူ အားလုံးပြီးဆုံးသွားပြီဖြစ်သည်။ အကြောင်းမူကား ခယ်ရှစ်စန်း ဤကဲ့သို့ ဖြစ်သွားရခြင်း၏ အကြောင်းရင်း တစ်စိတ်တစ်ပိုင်းမှာ သူကိုယ်တိုင်၏ ပြင်းပြင်းထန်ထန် ဖိအားပေးမှုကြောင့် ဖြစ်ပေသည်။

တစ်ကြိမ် အထဲသို့ ပို့ဆောင်လိုက်ပြီးသည်နှင့် ပြန်လည် ထုတ်ယူရန် နည်းလမ်း မရှိတော့ချေ။

ရောဂါဘေးဒုက္ခဟု ခေါ်ဆိုရခြင်း၏ အကြောင်းရင်းမှာ ၎င်းသည် ဘေးဒုက္ခကို ဖြတ်သန်းနေရသူအား လူမဆန်သော နှိပ်စက်ညှဉ်းပန်းမှုများကို ခံစားရစေပြီး သေလုမတတ် ဆန္ဒဖြစ်ပေါ်စေနိုင်သော်လည်း... သူတို့သည် အမှန်တကယ်သေဆုံးသွားမည် မဟုတ်သောကြောင့် ဖြစ်သည်။

ယခုအခါတွင်မူ၊ အစိမ်းရောင်ဖီးနစ်ငှက်သည် စိတ်ပိုင်းဆိုင်ရာပြိုလဲမှုကို ခံစားနေရပြီး ရူးသွပ်ခြင်းအဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။

ရှန်းယီမှ နတ်ဆိုးသက်တမ်း စီးဝင်မှုနှုန်းကို တမင်တကာနှေးကွေးထားသည့် အခြေအနေမျိုးတွင်ပင်လျှင်၊ ၎င်း၏ စုတ်ပြတ်သတ်နေသော ခန္ဓာကိုယ်ဖြင့် အောက်ဘက်ရှိ မြင့်မားသော တောင်ကြီးကို ရိုက်ချိုးပစ်လုမတတ် ဖြစ်နေလေသည်။

မူလက၊ ဝူကျွင်း သည် ဝိညာဉ်အလင်းထွက်ပေါ်လာမည့် အချိန်ကို အနည်းဆုံး စောင့်ဆိုင်းခဲ့သေး၏။ အနည်းငယ် နှေးကွေးထိုင်းမှိုင်းကောင်း ထိုင်းမှိုင်းနိုင်သော်လည်း၊ အချိန်လုံလောက်စွာ ပေးပါကအခွင့်အရေးဆိုသည်မှာ အမြဲတမ်း ရှိနေမည်ဖြစ်သည်။

သို့သော် အစိမ်းရောင်ဖီးနစ်ငှက်မှာမူ အစောကြီးကတည်းက လက်လျှော့ရန် ရွေးချယ်ခဲ့သည်မှာ ထင်ရှားပြီး၊ ယခုအခါ သေဆုံးရန်ကိုသာ စိတ်ရောကိုယ်ပါ ဆန္ဒပြင်းပြနေလေတော့သည်။

"မင်း နည်းနည်းလောက် ပိုမြန်မြန် သေပေးလို့ မရဘူးလား။"

နတ်ဆိုးသက်တမ်းများ လျင်မြန်စွာ ကုန်ဆုံးသွားသည်ကို ကြည့်ရှုနေရင်း၊ ဘေးဒုက္ခ ကျော်ဖြတ်ခြင်းကျရှုံးရန်ကို ရှန်းယီ ပထမဆုံးအကြိမ်အဖြစ် စတင် မျှော်လင့်လာမိသည်။

နှစ်သိန်း... လေးသိန်း... ခြောက်သိန်း...

ဤ အစိမ်းရောင်ဖီးနစ်ငှက်တွင် စိတ်စွမ်းအား အလွန်နည်းပါးလှသော်လည်း၊ ၎င်း၏ မျိုးရိုးနောက်ခံမှာ အမှန်တကယ်ပင် အလွန် ထူးကဲလွန်းလှပြီး၊ ၎င်း၏ ပင်ကို နတ်ဝိညာဉ်စွမ်းအားမှာ တူညီသော နယ်ပယ်ရှိ မည်သည့် နတ်ဆိုးထက်မဆို များစွာ သာလွန်နေပေသည်။

ရလဒ်အနေဖြင့် ၎င်းသည် အစောကြီးကတည်းက လက်လျှော့ခဲ့သော်လည်း၊ နတ်ဝိညာဉ်မှာ လွယ်လွယ်နှင့် ပြိုလဲမသွားခဲ့ချေ။

မြင့်မားသောတောင်ကြီး လုံးဝ ပြိုကျပျက်စီးသွားပြီး ကျယ်ပြောလှသော သမုဒ္ဒရာကြီး ခန်းခြောက်သွားသည်အထိပင်။

နတ်ဆိုးသက်တမ်း ခြောက်သိန်းခုနစ်သောင်းအထိ လျော့နည်းသွားပြီးနောက်၊ အမွေးနုတ်ခံထားရသောကြက်တစ်ကောင်ကဲ့သို့ ဖြစ်နေသည့် ဖီးနစ်နတ်ဆိုးသည် ၎င်း၏ ခန္ဓာကိုယ်မှာ အရည်ပုပ်များဖြင့် ဖောင်းပွနေပြီး၊အသားများမှာ အရိုးဖြူဖြူများ ပေါ်လာသည်အထိ ပုပ်ဟက်နေကာ၊ နောက်ဆုံးတွင် အောက်သို့ ထိုးကျသွားလေတော့သည်။

မည်သည့်အကြောင်းကြောင့်မှန်း မသိသော်လည်း၊ ၎င်းသည် ကျောက်ခဲအသွင်သို့ပြန်လည်ပြောင်းလဲသွားပြီး နတ်ဆိုးစောင့်ကျောက်တိုင်အဖြစ် တဖြည်းဖြည်းပြောင်းလဲသွားသည်ကို ကြည့်နေရင်း၊ ရှန်းယီ တစ်ယောက် ဖော်ပြ၍မရနိုင်သော သက်သာရာရမှုတစ်ခုကို ခံစားလိုက်ရလေသည်။

"ဟူး..."

နောက်ဆုံးတော့ ပြီးဆုံးသွားလေပြီ... ဘေးဒုက္ခ ကျော်ဖြတ်ခြင်း၏ အခက်အခဲမှာ ပိုမိုများပြားလာသည်နှင့်အမျှ၊ နောင်အနာဂတ်တွင် ရွေးချယ်ထားသော နတ်ဆိုးပါရမီရှင်များ၏ အတွေ့အကြုံများနှင့် စိတ်နေသဘောထားများကို တင်းကြပ်စွာ အကဲဖြတ်ရန် လိုအပ်လာပုံရသည်။

ထိုအခိုက်အတန့်မှာပင်၊ ခပ်သဲ့သဲ့အသံတစ်ခုက ရှန်းယီ၏ နားထဲသို့ ဝင်ရောက်လာခဲ့၏။

"သခင်၊ ကျွန်မ တစ်ချက်လောက် စမ်းကြည့်လို့ ရမလား။"

ဤစကားကို ကြားသောအခါ၊ ရှန်းယီ တစ်ခဏမျှ မှင်သက်သွားပြီး၊ မည်သူ၏ အသံဖြစ်ကြောင်း ပြန်လည်စဉ်းစားရန် အချိန်အနည်းငယ် ယူလိုက်ရ၏။ ၎င်းမှာ သူ၏ အင်္ကျီစကို ဆွဲရတာ နှစ်သက်သောအမျိုးသမီး ဖြစ်ပုံရသည်။

အမှန်တကယ်ပင် ဤအမျိုးသမီးသည် သူမ၏ အနှစ်သာရ သွေးနှစ်တစ်သောင်းစာ ထုတ်ယူခံထားရသော်လည်း၊ ပြဿနာရှာရန် ခွန်အား ရှိနေဆဲဖြစ်ရာ၊ ဤ ရောဂါဘေးဒုက္ခနှင့် အတော်လေး သင့်လျော်ပေသည်။

သို့သော် ပြဿနာမှာ၊ သူမ၏ ခန္ဓာကိုယ်ကို သူ စားသုံးပစ်လိုက်ပြီ ဖြစ်ပုံရလေ၏။

"တစ်နည်းအားဖြင့် ပြောရရင် ကျွန်မက မျိုးနွယ်တူ တစ်ဝက်ပါပဲ၊ ဒီ ခန္ဓာကိုယ်ကို... ရွှမ်ဖုန်းသုံးလို့ ရသင့်ပါတယ်။"

ကြက်သွေးရောင်မျက်လုံးအမှောင်ဖီးနစ်က ရှန်းယီ၏ အတွေးများကို ခန့်မှန်းမိသည့်အလား၊ သူမ၏ တောင်းဆိုချက်ကို ထပ်မံ ပြောကြားလာသည်။

တစ်ခါတစ်ရံတွင် အခွင့်အရေးဆိုသည်မှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတတ်ရာ၊ သူမ အမှန်တကယ်ပင် ၎င်းကို မလွတ်တမ်း ဆုပ်ကိုင်ချင်နေသည်။ သူမ၏ သခင်အား နတ်ဘုရားဖီးနစ်မသေမျိုး ဓားခန္ဓာကိုယ်ကို ပုံဖော်တွက်ချက်ရန် နောက်ဆုံးအကြိမ် ကူညီပေးခဲ့ပြီးကတည်းက၊ သူမသည် မေ့ပျောက်ခံထားရသည့်အလား နက်ရှိုင်းပြီး အထီးကျန်ဆန်သော ညအမှောင်ထုထဲတွင်သာ နေထိုင်ခဲ့ရပြီး၊ တစ်ဖန် ပြန်လည် ထွက်ပေါ်လာရန် အခွင့်အရေး မရခဲ့ချေ။

"စမ်းကြည့်မလို့လား။"

ရှန်ယီ သက်ပြင်းချလိုက်၏။ နှစ်ပေါင်း ခြောက်သိန်းခုနစ်သောင်း အလဟဿဖြစ်သွားခဲ့ပြီဖြစ်ရာ၊ စမ်းကြည့်ခြင်းကလည်း ဆိုးကျိုးရှိမည် မဟုတ်ဟု တွေးလိုက်မိသည်။

ထို့အပြင် ၎င်းသည် ယခင်က တစ်ဝက်တစ်ပျက် ဖြစ်နေခဲ့သော ဘေးဒုက္ခကို ဆက်လက်လုပ်ဆောင်နိုင်ရန် အခွင့်အရေး ပေးစွမ်းနိုင်ပေလိမ့်မည်။

စကားပြောနေရင်းဖြင့်၊ သူက အင်္ကျီလက်စကို ညင်သာစွာ ဝှေ့ယမ်းလိုက်လေ၏။

တစ္ဆေတစ်ကောင်ကဲ့သို့ ဖီးနစ်နတ်ဆိုးဝိညာဉ်တစ်ခုသည် ရှန်းဟွမ်မြို့တော်ကြီး၏ တံခါးဝများဆီသို့ သပ်ရပ်စွာ မျောပါဝင်ရောက်သွားလေတော့သည်။

All Chapters