← Chapters

အခန်း (၁၀၃၆-၁၀၃၈)

Vol. 70 Ch. 1036-1038

အခန်း (၁၀၃၆-၁၀၃၈)

Vol. 70 Ch. 1036-1038

အပိုင်း(၁၀၃၆)

အနီရောင်ငရဲမီးကြာပန်းအားတွေ့ရသောအခါတွင် ရှစ်ဖုန့်အနေဖြင့် ၎င်း၏အနားသို့ကပ်ရဲခြင်းမရှိပေ။ အကယ်၍ ၎င်းကသာ တကယ်ကြီးအနီရောင်ငရဲမီးကြာပန်းဖြစ်နေခဲ့လျှင် ၎င်းကရယ်စရာကိစ္စတစ်ခုမဟုတ်တော့ပေ။

လွန်ခဲ့သောနှစ်တစ်လျှောက်လုံး သူ၏ခက်ခက်ခဲခဲနှင့်ကြိုးပမ်းအားထုတ်ခဲ့ရသည့်အ အရာအားလုံးက အချည်းအနှီးဖြစ်သွားလိုမ့်မည်ဖြစ်၏။ယခု သူက ကြယ်တစ်ပွင့်နတ်ဘုရားတစ်ပိုင်း နယ်ပယ်သို့ဝင်ရောက်ခဲ့ပြီး ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်တစ်ဦး၏တိုက်ခိုက်နိုင်စွမ်းကိုပိုင်ဆိုင်ထားသည်ဖြစ်ရာ ထိုသို့သာထိတွေ့လိုက်ပါက သူ့အနေဖြင့် လုံးဝသာမန်အခြေအနေသို့ကျဆင်းသွား လိမ့်မည်ဖြစ်သည်။

ဤကယ်၍သူသာ ဤရှေးဟောင်းအပျက်အစီးနယ်မြေအတွင်းသာမန်လူတစ်ယောက်ဖြစ်သွားခဲ့လျှင် နောက်တစ်စက္ကန့်အတွင်းဤနေရာ၌ သေချာပေါက်သေရလိမ့်မည်ဖြစ်၏။

အကယ်၍ ဤမီးကြာပန်းက အနီရောင်ငရဲမီးကြာပန်းဟုတ်မနေခဲ့လျှင်တောင် ၎င်းက နားလည်မှုလွဲမှားလျှော့တွက်သင့်သည့်အရာမဟုတ်ပေ။မည်သို့ပင်ဖြစ်စေ ဤမီးတောက်က မရေတွက်နိုင်သည့် စွမ်းအားကြီးသက်ရှိများကို ကြောက်လန့်စွာဖြင့်ထွက်ပြေးစေခဲ့သည့်အရာဖြစ်သည်။

အနီရောင်ကြာပန်းလေးများကဲ့သို့ သေးငယ်သည့်မီးတောက်များက မြေပြင်ထက်သို့ မိုးစက်များကဲ့သို့ဆက်တိုက်ကျဆင်းနေ၏။ ဤအနီရောင်မီးကြာပန်းလေးများ၏ လောင်ကျွမ်းမှုအောက်တွင် လောင်ကျွမ်းခံရသည့်အောက်ဘက်ရှိမြေပြင်က ဧရာမတွင်းကြီးတစ်တွင်းဖြစ်သွားရသည်။

ပြင်းထန်သောတုန်ခါမှုများဖြစ်ရာ အလယ်ဗဟို၏မူလဖြစ်တည်ရာက မြေပြင်ရှိ ဧရာမတွင်းကြီးထံမှဖြစ်သည်။ ဤအချိန်တွင် တွင်းပေါက်အတွင်း၌ သွေးနီရောင်မီးတောက် ပင်လယ်တစ်ခုက တောက်လောင်နေပြီး လွန်စွာအေးစက်သောအော်ရာတစ်ခုကို ထုတ်လွှတ်နေသည်။

“ဟုတ်တယ်.. ဒီမီးတောက်က အနီရောင်ငရဲမီးကြာပန်းပဲဖြစ်ရမယ်.. မြန်မြန်ဆုတ်ရအောင် အနီ‌ရောင်ငရဲမီးကြာပန်းကို မင်းနဲ့မထိစေနဲ့..မီးပွားလေးပဲမင်းထိမိတယ် ဆိုရင်တောင် ငါတို့အမှိုက်ဘဝရောက်သွားလိမ့်မယ်”

ဤအချိန်တွင် ရှစ်ဖုန့်၏ကိုယ်အတွင်းမှကောင်းကင်မီးတောက်က လည်း ထိပ်ထိပ်ပျာပျာနှင့် ရှစ်ဖုန့်ကိုသတိပေးလိုက်သည်။

“ဒီသခင်လေးသိတယ်”

ရှစ်ဖုန့်ကကောင်းကင်သူတော်စင်မီးတောက်ကိုပြန်ဖြေသည်။

“ကြည့်လိုက်အုံး.. မီးတောက်ထဲမှာကြာပန်းတစ်ပွင့်ရှိနေတယ်. ဒီလိုမီးတောက်ထဲမှာမွေးဖွားလာခဲ့တဲ့ကြာပန်းက တစ်ခုခုထူးခြားတဲ့အရာဖြစ်ရမယ်”

လုံရှန်းကအော်ပြောလိုက်သကဲ့သို့ မလှမ်းမကမ်းရှိ မြေပြင်ထဲမှ အပေါက်ထံထိုးညွှန်ပြလိုက်သည်။

လုံရှန်းညွှန်ပြရာဘက်သို့လိုက်ပါ၍ အောက်ဘက်ရှိ မြေအောက်တွင်းကြီးအတွင်းအရှိန်အ ဟုန်ပြင်းစွာတောက်လောင်နေသော မီးပင်လယ်ထဲ၌ သွေးနီရောင်ကြာပန်းတစ်ပွင့်ကို ရှစ်ဖုန့်မြင်တွေ့လိုက်ရသည်။

“အနီရောင်ငရဲမီးကြာပန်းက နေ မွေးဖွားလာတဲ့ အနီရောင်ကြာပန်းတစ်ပွင့်..ဒါကဒဏ္ဍာရီလာ ဒေါသမာန်ဟုန်ကြာပန်းလား”

သွေးနီရောင်ကြာပန်းအားမြင်တွေ့လိုက်ရ သောအခါတွင် ရှစ်ဖုန့်တစ်ယောက်နောက်ထပ်ဒဏ္ဍာရီတစ်ခုကို ထပ်တွေးမိသွားပြီး မနေနိုင်ဘဲ အံ့အားသင့်စွာထုတ်ပြောမိလိုက်သည်။

အနီရောင်ငရဲမီးကြာပန်းနှင့် ဒေါသမာန်ဟုန် ကြာပန်းတို့က ရှေးဟောင်းဒဏ္ဍာရီလာပစ္စည်းနှစ်ခုဖြစ်သည်။ ယနေ့ ၎င်းတို့နှစ်ခုလုံးနှင့် သူမမျှော်လင့်ဘဲပက်ပင်းကြုံရ၏။

အနီရောင်ငရဲမီးကြာပန်းအား တစ်ချက်ထိတွေ့မိသည်နှင့်လူတစ်ယောက်၏ ကျင့်ကြံမှုဖျက်ဆီးခံရလိမ့်မည်ဖြစ်သည်။

သို့သော် ဤဒေါသမာန်ဟုန်ကြာပန်း က အနီရောင်ငရဲမီးကြာပန်းအတွင်းမွေးဖွားလာသည်။ လူတစ်ယောက်က၎င်းအားဝါးမျိုနိုင်သည်နှင့် ၎င်း၏ကျင့်ကြံမှုက အရှိန်အဟုန်ဖြင့်တိုးတက်လာမည်ဖြစ်သည်။

ယင်းမှာတစ်ခုက ကောင်းကင်ဘုံဖြစ်ပြီးတစ်ခုကငရဲဟု ပြော၍ပင်ရနိုင်သည်။

“ဟူး.နောက်ဆုံးတော့လည်း မင်းဒါကိုရှာတွေ့သွားတာပါပဲ”

ဤအချိန်တွင် ရှစ်ဖုန့်၏ကိုယ်အတွင်းမှ တိုးဖျော့သောသက်ပြင်းချသံတစ်ခုထွက်ပေါ်လာသည်။ ၎င်းက ကောင်းကင်သူတော်စင်မီးတောက်၏ ထပ်မံစကားပြောသံဖြစ်သည်။

ထို့နောက် ကောင်းကင်သူတော်စင်မီးတောက်က ပြောလိုက်သည်။

“ငါဒီဒေါသမာန်ဟုန်ကြာပန်းကို အာရုံခံမိနေတာတော်တော်ကြာပြီ ငါမင်းကိုမပြောပြတဲ့အကြောင်းပြချက်က မင်းထပ်ပြီး အသက်ဆက်မရှင်ချင်တော့မှာ စိုးလို့ပဲ.. မင်းကအရူးလိုကောင်.. မင်းရူးသွပ်တဲ့အရာတစ်ခုခုလုပ်မှာကို ငါကြောက်တယ်”

ကောင်းကင်သူတော်စင်မီးတောက်၏ စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်ကသွားပေါ်အောင်ရယ်လိုက်ပြီး ပြောလိုက်သည်။

“ဒီသခင်လေးကခင်ဗျားပြောသလောက်မရူးသေးဘူး. ဒီသခင်လေးရဲ့လက်ရှိခွန်အားနဲ့ ဆယ်ကြိမ်လောက် ပက်ပင်းကြုံရင်တောင် အနီရောင်ငရဲမီးကြာပန်းကို စိန်မခေါ်ရဲဘူး”

ရှစ်ဖုန့်က စိတ်ရင်းအမှန်ဖြင့်ပြောနေခြင်းဖြစ်သည်။

တွင်းထဲမှ သွေးနီရောင်မီးပင်လယ်နှင့် ဆက်တိုက်ကျဆင်းနေသည့် သေးငယ်သောကြာပန်းမီးတောက်များက ကောင်းကင်သူတော်စင်မီးတောင်နှင့် ပုံသဏ္ဍာရန်ရောအော်ရာပါဆင်တူသော်လည်း ကောင်းကင်သူတော်စင်မီတောက်အနေဖြင့် လုံးဝမယှဉ်နိုင်ပေ။

ရှေးဟောင်းဒဏ္ဍာရီများအရ အနီရောင်ငရဲမီးကြာပန်းက လူတစ်ယောက်အား၎င်း၏ကျင့်ကြံမှုကိုလုံးဝဆုံးရှုံးစေပြီး မီးပွားလေးတစ်ချက်ထိတွေ့ရုံဖြင့် ဒုက္ခိတတစ်ယောက်ဖြစ်သွားစေနိုင်သည်ဟုဆို၏။ ၎င်းကသေချာပေါက်ဟာသတစ်ခုမဟုတ်ပေ။

“ဒီအနီရောင်ကြာပန်းကိုရဖို့မလွယ်တဲ့ပုံပဲ”

လုံရှန်း၏ အာရုံက ပြင်းထန်သောမီးတောက်များအတွင်းမှ အနီရောင်ကြာပန်းအပေါ်သို့ကျ ရောက်နေဆဲဖြစ်သည်။ သူကရှစ်ဖန့်အားထပ်မံပြောလိုက်သည်။

“ဘယ်ရနိုင်မှာလဲ. ဒီသခင်လေးတို့ဒီမီးတောက်ထဲကိုဝင်လို့မရဘူး”

ရှစ်ဖုန့်ကပြောလိုက်သည်။

စကားပြောပြီးနောက် ရှစ်ဖုန့်က သူ၏သိုလှောင်လက်စွပ်အတွင်းမှ ကြေးနီရောင်ခေါင်းလောင်းတစ်လုံးကို ထုတ်လိုက်သည်။၎င်းကနတ်ဘုရား မြေခေါင်းလောင်းဖြစ်၏။

ရှစ်ဖုန့်ကနတ်ဘုရားမြေခေါင်းလောင်းကိုစိုက်ကြည့်ပြီးနောက်တီးတိုးရေရွတ်ပြောလိုက်သည်။

“ဘာလို့ဒါနဲ့မကြိုးစားကြည့်ရမှာလဲ”

“ဟေး..ဒါက မြေကလန်ရဲ့ရတနာ နတ်ဘုရားမြေခေါင်းလောင်းမလား.. ငါတိယီသုံးတာကိုအရင်ကတွေ့ဖူးတယ်.. မင်းမှာတည်းတစ်ခုရှိနေမယ်လို့ ငါမမျှော်လင့်ထားဘူး. တိယီဟာနဲ့တစ်ပုံစံတည်းပါလား”

ရှစ်ဖုန့်ကနတ်ဘုရားမြေခေါင်းလောင်းအား ထုတ်ယူလိုက်သည်ကိုတွေ့ရသောအခါတွင် လုံရှန်းက အံ့အားသင့်စွာပြောလိုက်သည်။

ရှစ်ဖုန့်ကပြောလိုက်၏။

“ဒီနတ်ဘုရားမြေခေါင်းလောင်းက မြေကလန်နဲ့သက်ဆိုင်တဲ့ဟာပဲ”

စကားပြောနေရင်း ရှစ်ဖုန့်က သူ၏လက်မှအားကိုစိုက်ထုတ်လိုက်ပြီး နတ်ဘုရားမြေခေါင်းလောင်းအား သွေးနီရောင်မီးတောက်တို့တောက်လောင်နေသောတွင်းထဲသို့ပစ်လိုက်သည်။

ရှစ်ဖုန့်နတ်ဘုရားမြေခေါင်းလောင်းအားထိန်းချုပ်ကာ မီးတောက်များအတွင်း လွင့်မျောနေသည့် ဒေါသမာန်ဟုန်ကြာပန်းကို သိုလှောင်ချင်ခဲ့သည်။

“ဒါက မြေကလန်က ပိုင်ဆိုင်တဲ့ဟာလား”

ရှစ်ဖုန့်၏စကားတို့အားကြားပြီးနောက် လုံရှန်းမှာ မည်သို့တုန့်ပြန်ရမှန်းကိုပင်မသိတော့ချေ။ ၎င်းကသာ မူလက မြေကလန်နှင့်သက်ဆိုင်သောအရာဆိုလျှင် အဘယ်ကြောင့်၎င်း၏လက်ထဲ၌ပေါ်လာ ရပါသနည်း။

ထို့နောက်လုံရှန်းတစ်စုံတစ်ခုကိုတွေးမိသွားပြီး အံ့အားသင့်စွာပြောလိုက်သည်။

“လွန်ခဲ့တဲ့ရက်အချို့က တိယီအသတ်ခံရပြီး နတ်ဘုရားမြေခေါင်းလောင်းအခိုးခံခဲ့ရတယ် လို့ငါကြားခဲ့တယ်.. အဲ့တာက တောင်ပေါ်နတ်ဆရာမျိုးနွယ်စုကလူလုပ်ခဲ့တဲ့ပုံပဲ..ဒါတောင်မင်းက တောင်ပေါ်နတ်ဆရာမျိုးနွယ်စုဝင်မဟုတ်ဘူးပြောနေတုန်းပါလား”

ရှစ်ဖုန့်ကလုံရှန်းကိုလျစ်လျူရှုပြီး နတ်ဘုရားမြေခေါင်းလောင်းအား ဆက်လက်ထိန်းချုပ်ကာ သွေးနီရောင်မီးတောက်တို့ရှိရာမြေအောက်ဂူထံသို့ ပျံသန်းစေလိုက်သည်။ သိပ်မကြာလိုက်ခင် နတ်ဘုရားမြေခေါင်းလောင်းက သွေးနီရောင်မီးတောက်တို့ရှိရာမြေအောက်တွင်းအထက်သို့ပျံသန်းသွားခဲ့သည်။

ရှစ်ဖုန့်ကနတ်ဘုရားမြေခေါင်းလောင်းအား ထိန်းချုပ်ကာဆက်လက်ဆင်းသက်စေသော်လည်း ဧရာမီးကြာပန်းကြီးမှ သေးငယ်သော မီးကြာပန်းလေးက ကျဆင်းလာပြီး နတ်ဘုရားမြေခေါင်းလောင်းပေါ်သို့ ကျရောက်သွားသည်။

နတ်ဘုရားမြေခေါင်းလောင်းကရုတ်ခြည်း သွေးနီရောင်မီးလုံးတစ်ခုအဖြစ်ပြောင်းလဲသွားပြီး လောင်ကျွမ်းသွားသည်။

တစ်ချိန်တည်းတွင်ဟင်းလင်းပြင်ထဲ၌ရှိနေသောရှစ်ဖုန့်မှာ လှုပ်ခတ်သွားပြီး သူ၏ကိုယ်ကလည်းတုန်ယင်သွားသည်။

ရှစ်ဖုန့်ကနတ်ဘုရားမြေခေါင်းလောင်းပေါ်၌အမှတ်အသားတစ်ခုထားထားသည်ဖြစ်သည်။ ယခုအခါ အနီရောင်ငရဲမီးကြာပန်းအောက်၌ နတ်ဘုရားမြေခေါင်းလောင်းက သွေးနီရောင်မီးတောက်တစ်ခုအဖြစ်ပြောင်း လဲသွားပြီးရှစ်ဖုန့်မှာလည်း တန်ပြန်သက်ရောက်မှုတစ်ခုကိုခံစားလိုက်ရသည်။

မြေရိုင်းဒေသကြီးအတွင်းတွင် နတ်ဘုရားမြေခေါင်းလောင်းအားပိုင်ဆိုင်ရန်များစွာသောလူများက တောင့်တနေကြပြီး ယခုလိုသာအနီရောင်ငရဲမီးကြာပန်းကြောင့်ဖျက်ဆီးခံလိုက်ရသည်ကိုသိလျှင် မရေတွက်နိုင်သောလူများ၏စိတ်ဝိညာဉ်တို့ဆုံးရှုံးမှုပင်ဖြစ်လိမ့်မည်ဖြစ်သည်။

ရှစ်ဖုန့်၏စိတ်နှင့်ကိုယ်ပြန်လည်တည်ငြိမ်သွားသောအခါတွင် သူက ရှေ့ရှိသွေးနီရောင်မီးတောက်များကိုထပ်မံကြည့်လိုက်ပြီး မျက်နှာထက်၌လည်း တုန်လှုပ်မှုတို့ပြည့်နှက်နေသည်။

နတ်ဘုရားတစ်ပိုင်းလက်နက်တစ်ခုဖြစ်သော နတ်ဘုရားမြေခေါင်းလောင်းက အနီရောင်ငရဲမီးကြာပန်းကြောင့် ဘာမှမဟုတ်သည်အထိလောင်ကျွမ်းခံရ လိမ့်မည်ဟု သူမမျှောင်လင့်ထားခဲ့ပေ။

ရှေးဟောင်းဒဏ္ဍာရီများအတွင်းမှမီးတောက်တို့က တကယ်ကိုကြောက်ဖို့ကောင်းသည်ဖြစ်သည်။

လက်ရှိသူ၏ခွန်အားဖြင့် အနီရောင်ငရဲမီးကြာပန်းထံမှ ဒေါသမာန်ဟုန်ကြာပန်းအား ယူရန်မှာ မဖြစ်နိုင်ပုံရသည်။

“နတ်ဘုရားမြေခေါင်းလောင်း. ကြယ်တစ်ပွင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ် တိုက်ခိုက်ရေးလက်နက်တစ်ခုက တကယ်ကြီး ဒီလိုမျိုး မီးတောက်တွေကြောင့် ပြာကျသွားခဲ့ရတယ်”

ဤအချိန်တွင် နတ်ဘုရားမြေခေါင်းလောင်းဖျက်ဆီးခံလိုက်ရသည်ကိုမြင်တွေ့လိုက်ရသည့်လုံရှန်းက နောက်တစ်ကြိမ် အံ့အားသင့်ထိတ်လန့်စွာပြောလိုက်သည်။

ထို့နောက်သူကရှစ်ဖုန့်ကိုကြည့်ပြီးပြောလိုက်၏။

“ကြယ်တစ်ပွင့်နတ်ဘုရားတစ်ပိုင်းလက်နက်တစ်ခုက ဘယ်လောက်အဖိုးတန်လဲမင်းသိလား. မင်းကတကယ်ကို လက်ဖွာတဲ့သူတစ်ယောက်ပဲ”

ကြယ်တစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ် လက်နက်တစ်ခုက အဖိုးထိုက်တန်သော်လည်း ဤအချိန်တွင်ရှစ်ဖုန့်အတွက်များစွာအသုံးမဝင်ပေ။ နတ်ဘုရားမြေခေါင်းလောင်းမှရှစ်ဖုန့်အား ကုန်သုံးပြီးထုတ်လွှတ်သည့်အသံလှိုင်းက သူ၏အနက်ရောင်မိုးကြိုးတိုက်ခိုက်မှုလောက်ပြင်းထန်ခြင်းမရှိပေ။

ရှစ်ဖုန့်အတွက်မူ နတ်ဘုရားမြေခေါင်းလောင်းက ကြယ်တစ်ပွင့်နတ်ဘုရားတစ်ပိုင်း နယ်ပယ်လက်နက်လေးတစ်ခုသာဖြစ်၏။

လုံရှန်း၏စကားတို့အားကြားသောအခါ ရှစ်ဖုန့်ကပြောလိုက်သည်။

“ဒေါသမာန်ဟုန်ကြာပန်းကိုရဖို့ ဒီသခင်လေးသာအကောင်းဆုံးမကြိုးစားခဲ့ရင် ဒါကမှလက်ဖွာတာဖြစ်မှာ ဒီသခင်လေးအတွက်တော့ နတ်ဘုရားမြေခေါင်းလောင်းက ဒေါသမာန်ဟုန်ကြာပန်းတစ်ပွင့်နဲ့ နှိုင်းယှဉ်လို့မရဘူး”

ဒေါသမာန်ဟုန်ကြာပန်းအကြောင်းပြောနေရင်းရှစ်ဖုန့်၏မျက်လုံးတို့က ၎င်းအပေါ်ထပ်မံကျရောက်သွားသည်။

ဒဏ္ဍာရီလာရတနာကအရမ်းနီးကပ်စွာရှိနေပြီး မရနိုင်သည်ကို တွေ့ရသောအခါတွင် ရှစ်ဖုန့်အနေဖြင့်လွန်စွာလက်သင့် မခံနိုင်ဖြစ်နေသည်။

ဆက်ရန်……..

ဘာသာပြန်သူ=ARISE

ငရဲဘုံကိုးခု ဧကရာဇ် စာစဉ်(၇၀)

အပိုင်း(၁၀၃၇)

ရှစ်ဖုန့်နှင့်လုံရှန်းတို့က တုန်ခါယိမ်းထိုးနေသောဟင်းလင်းပြင်ထဲ၌ ရပ်နေကြဆဲဖြစ်သည်။ ၎င်းတို့၏ခန္ဓာကိုယ်များက ဟင်းလင်းပြင်၏ ပြင်းထန်စွာတုန်ခါမှုများနှင့်အတူ လိုက်ပါယိမ်းထိုးနေသည်။

သွေးနီရောင်မီးပင်လယ်အတွင်းမျောလွင့်ရပ် တည်နေသော အနီရောင်ကြာပန်းဖြစ်သည့် ဒဏ္ဍာရီလာ ဒေါသမာန်ဟုန်ကြာပန်းကိုကြည့်ရင်း ရှစ်ဖုန့်အနေဖြင့်၎င်းအား လက်လျော့ရန်လက်သင့်မခံနိုင်ဖြစ်နေသည်။

ဤအခိုက်အတန့်တွင် ကောင်းကင်ထဲ၌ရှိနေသည့်နေကိုးစင်းမှာ ကောင်းကင်ဘုံခွေး၏ ဧရာမအရိပ်ကြီးဝါးမျိုလိုက်ခြင်းကိုခံလိုက်ရသကဲ့သို့ အားလုံးပျောက်ကွယ်သွားသည်။

နေကိုးစင်းပျောက်ကွယ်သွားမှုနှင့်အတူ ကောင်းကင်ဘုံခွေး၏ ဧရာမအရိပ်ကြီးကလည်းပျောက်ကွယ်သွား၏။ ၎င်းဘယ်နေရာသို့ရောက်ရှိသွားသည်ကို မည်သူမှမသိကြချေ။

“ဂါး.ဂါး..ဂါး..ဂါး..ဂါး.ဂါး”

ရုတ်ခြည်း ကြမ်းကြုတ်သောသားရဲတို့၏ဟိန်းဟောက်သံများက ရှစ်ဖုန့်၏နောက်ဘက်မှထွက်ပေါ်လာသည်။

ဤအော်သံများကိုကြားပြီးနောက် ရှစ်ဖုန့်နှင့်လုံရှန်းတို့ကခေါင်းများကိုတစ်ချိန်တည်းလှည့်လိုက်ကြသည်။ ရှစ်ဖုန့်နှင့်လုံရှန်းမှာ ၎င်းတို့နောက်ရှိ မြင်ကွင်းအားမြင်လိုက်ရသောအခါတွင် အမူအယာများပြောင်းလဲသွား၏။

အကွာအဝေးတစ်ခုအတွင်း နတ်ဆိုးသားရဲလေးကောင်၏ဆွဲလာမှုအောက်၌ ရှေးဟောင်းကြေးနီရောင်စစ်ရထားတစ်စင်းက ဒုန်းစိုင်းပြေးလာနေသည်။ နတ်ဆိုးသားရဲလေးကောင်လုံးက ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်နတ်ဆိုးသားရဲများဖြစ်ကြသည်။

၎င်းတို့ထဲမှ တစ်ကောင်ဖြစ်သည့် အနက်ရောင်ရေလွှမ်းနဂါးက ရှစ်ဖုန့်အားအရမ်းကို ရင်းနီးသော ခံစားချက်တစ်ခုကိုပေးနေသည်။ ထိုညက သွေးသောက်ဓား နတ်ဘုရားတစ်ပိုင်းနယ်ပယ်လက်နက်တစ်ခုအဖြစ် အဆင့်တက်လှမ်းချိန်တွင် သူ့ထံသို့တစ်ဟုန်ထိုးချဉ်းကပ်လာနေသော စွမ်းအားကြီး အော်ရာတစ်ခုကို အာရုံခံမိခဲ့သည်ဖြစ်သည်။

“အနက်ရောင်ရေလွှမ်းနဂါး ..အဲ့တာက သူနဲ့တူတယ်”

အနက်ရောင်ရေလွှမ်းနဂါးထံသို့ကြည့်ရင်းရှစ်ဖုန့်က တီးတိုးရေရွတ်လိုက်သည်။

ထိုညက သူထံသို့ချဉ်းကပ်လာသည့် စွမ်းအားကြီးအော်ရာက နတ်ဆိုးရိုင်းတောင်တန်း၏အရှင်သခင်ဖြစ်သူ အနက်ရောင်ရေလွှမ်းနဂါးဖြစ်လောက်သည်ဟု ဝတ်ရုံနက်က သူ့အားပြောခဲ့ဖူးသည်ဖြစ်သည်။

ထိုထက်ပိုသည်ကား ရှစ်ဖုန့်အားအတုန်လှုပ်စေဆုံးအရာမှာ ကြေးနီရောင်စစ်ရထားအတွင်းထိုင်နေသည့်လူ၏သရုပ်မှန်က ရှေးကျသည့်ပုံပေါ်နေခြင်းဖြစ်သည်။

ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ် သားရဲလေးကောင်အား ဆွဲစေ၍သူ့ကိုခေါ်လာစေ၏။ စစ်ရထားအတွင်း၌ထိုင်နေသည့်သူက မြေရိုင်းဒေသကြီး၏ နံပါတ်တစ်ကျင့်ကြံသူဖြစ်သည်ဟု ကောလဟာလများအရဆိုသော ကုန်းစွန်းထိုက်ယင်ဖြစ်နေမည်လော။

“ဦးလေးအနက်ရောင်ရေလွှမ်းနဂါး.. ဘာလို့ တစ်စုံတစ်ယောက်ရဲ့ ရထားလုံး ဆွဲနေရတာလဲ”

ရှစ်ဖုန့်၏ဘေး၌ရှိနေသာလုံရှန်းက အနက်ရောင်ရေလွှမ်းနဂါးထံအံ့အား သင့်စွာဖြင့်အော်ပြောလိုက်သည်။

လုံရှန်းက နတ်ဆိုးသားရဲဘုရင် အနက်ရောင်ရေလွှမ်းနဂါးနှင့်သိကျွမ်းပုံရ၏။

ပြောရလျှင် လုံရှန်း၌ အစစ်အမှန်နဂါးတစ်ကောင်၏မျိုးဆက်သွေးရှိသည်ဖြစ်သည်။ ကောင်းကင်နဂါးမျိုးနွယ်စုက အနက်ရောင်ရေလွှမ်းနဂါးနှင့်နီးစပ်သော ဆက်ဆံရေးတစ်ခုရှိသည်မှာပုံမှန်သာဖြစ်၏။

သို့သော် လုံရှန်း၏ ခေါ်ဆိုမှုကိုခံရပြီးနောက် အနက်ရောင်ရေလွှမ်းနဂါး၏ အနက်ရောင်မျက်နှာက ရုတ်ခြည်းပြောင်းလဲသွားရသည်။ထို့နောက်၎င်းကလုံရှန်းအားမသိဟန်ဆောင်ပြီး နက်ရှိုင်းသောအသံဖြင့် အော်ပြောလိုက်၏။

“လူငယ်လေ.. မင်းလူမှားနေပြီကွ. ငါတို့အနက်ရောင်ရေလွှမ်းနဂါးတွေဆိုတာကတစ်ပုံစံတည်းတွေပဲ.. ငါက မင်းသိတဲ့ ဦးလေးအနက်ရောင်ရေလွှမ်းနဂါးမဟုတ်ဘူး”

ဤအနက်ရောင်ရေလွှမ်းနဂါးအနေဖြင့် အဖမ်းခံရပြီးတစ်ခြားသူ၏ရထားလုံးအားဆွဲရခြင်းအားရှက်နေပုံရပြီး အသိအကျွမ်းတစ်ဦး၏ရှေ့၌ ဤအချင်းအရာအား ဝန်ခံချင်ပုံမရပေ။

“အိုး..အဲ့လိုလား..အသံတောင်မှဆင်တယ်နော်”

လုံရှန်းမှာ အနက်ရောင်ရေလွှမ်းနဂါး၏စကားလုံးတို့အားကြားပြီးနောက် တွေးတွေးဆဆဖြင့်ပြောလိုက်သည်။

ဤအချိန်တွင်အနက်ရောင်ရေလွှမ်းနဂါးက ၎င်း၏ အနက်ရောင်လက်သည်းကို မျက်နှာရှေ့၌ကာထားကာ လုံရှန်းက၎င်းအားတကယ်မှတ်မိသွားမည်ကို ကြောက်နေသကဲ့သို့ဖြစ်နေသည်။

ခမ်းနားထည်ဝါဩဇာအရှိန်အဝါကြီးမားသည့် နတ်ဆိုးရိုင်းတောင်တန်း၏ ဘုရင်ဖြစ်သူက ယခုအခါ၌ ရထားလုံးဆွဲသည့်သားရဲတစ်ကောင်အဖြစ်အဆင့်ကျသွားရခြင်းမှာ အနက်ရောင်ရေလွှမ်းနဂါးအတွက် အလွန်နက်ရှိုင်းသောအရှက်ရမှုတစ်ခုဖြစ်သည်။

ရှစ်ဖုန့်၏အကြည့်က ကြေးနီရောင်ရထားလုံးပေါ်သို့ကျရောက်နေပြီး အထဲ၌ရှိသည့်သူကမည်သူဖြစ်မည်ကိုသိရန် စောင့်စားနေသည်။

ရှစ်ဖုန့်အနေဖြင့်သူ၏ဝိညာဉ်စွမ်းအားကိုအသုံးပြုကာ ရထားလုံးထဲသို့ဝင်ရောက်ပြီး စစ်ဆေးလိုခဲ့သော်လည်း ရထားလုံးမှ ဆန်းကြယ်သောစွမ်းအားတစ်ခုက သူ၏ဝိညာဉ်စွမ်းအားကိုပြင်၌တားဆီးထားသည်။

“အမ်. ဒါက ဒဏ္ဍာရီလာ အနီရောင်ငရဲမီးကြာပန်းလား”

ဤအခိုက်အတန့်တွင် မိန်းမငယ်လေးတစ်ဦး၏ ကြည်လင်ပြီးနှစ်လိုဖွယ်ကောင်းသော အသံတစ်ခု ရှေးကျသော ကြေးနီရောင်ရထားလုံးထံမှထွက်ပေါ်လာသည်။

“ဒီတော့အမျိုးသမီးတစ်ယောက်ပေါ့”

အသံကိုကြားပြီးနောက်ရှစ်ဖုန့်ကတီးတိုးရေရွတ်လိုက်သည်။ အသံမှတဆင့် ၎င်းက ငယ်ရွယ်သောမိန်းကလေးတစ်ဦးနှင့်သက်ဆိုင်မည်ဟု ခန့်မှန်းရ၏။ သူမက ဆယ့်ငါးနှစ် သို့မဟုတ် ဆယ့်ခြောက်နှစ်သာရှိဦးမည်ဖြစ်၏။

ဤအချိန်တွင် စွမ်းအားကြီးနတ်ဆိုးသားရဲလေးကောင်က၎င်းတို့ဒုန်းဆိုင်းပြေးလာခြင်အားမရပ်တန့်ခင် ရှစ်ဖုန့်နှင့် လုံရှန်းတို့၏အထက်သို့ရောက်ရှိလာသည်။သဘာဝအတိုင်း ၎င်းတို့ဆွဲလာသည့် ကြေးနီရောင်ရထားလုံးကလည်းရပ်တန့်သွား ခဲ့သော်လည်း ရှစ်ဖုန့်နှင့်လူငယ်တို့၏အထက်၌ မျောလွင့်ရပ်တည်နေဆဲဖြစ်သည်။

အနီရောင်ငရဲမီးကြာပန်း၏ရှေ့တွင်၎င်းတို့အနေဖြင့် ရှေ့သို့ဆက်လက်တိုးရဲခြင်းမရှိပေ။

“အမ်..ဒါကဒေါသမာန်ဟုန်ကြာပန်းလား”

မိန်းမငယ်လေး၏ အံ့အားသင့်စွာပြောဆိုသံက ကြေးနီရောင်ရထားလုံးအတွင်းမှထွက်လာသည်။

သူမသည်လည်း သွေးနီရောင်မီးပင်လယ်အတွင်းမှ ဒေါသမာန်ဟုန်ကြာပန်းကိုရှာတွေ့သွားပုံရသည်။

ရထားလုံးပေါ်တွင် ရှေ့ဘက်ရှိ အစိမ်းရောင်လိုက်ကာက ဖြည်းဖြည်းချင်း အေးစက်သောလေပြည်တစ်ချက်နှင့်အတူ လွင့်ပျယ်ပွင့်ဟလာသည်။ ဖြည်းဖြည်းချင်း ကိုယ်လုံးကိုယ်ပေါက်သေးသေးသွယ်သွယ်နှင့်ချစ်စရာကောင်းသော ပုံရိပ်လေးတစ်ခုက ရထားလုံးထံမှလျှောက်လှမ်းထွက်လာ၏။

သေချာပေါက်ရှစ်ဖုန့်မျှော်လင့်ထားသကဲ့သို့ပင် ယင်းက အသက်ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်အရွယ်သာရှိသော မိန်းမငယ်လေးတစ်ဦးဖြစ်သည်။ သူမကချိုသာသောအသွင်အပြင်ရှိပြီး အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားသည်။

သူမ၏ လှပသောအနက်ရောင်ဆံနွယ်တို့က ပခုံးထက်သို့ကျနေပြီး လေပြေနှင့်အတူ ညင်သာစွာယိမ်းနွဲ့လှုပ်ရှားနေသည်။ သူမကခြေဗလာနှင့် အလွန်လက်ရာမြောက်လှပသော အစိမ်းရောင်ခြေချင်းတစ်ခုကိုဝတ်ဆင်ထားသည်။

ဤမိန်းမငယ်လေးက ဝိညာဉ်စွမ်းအင်များနှင့်ပြည့်နှက်နေသည့် အပြာနုရောင်နတ်မိမယ်လေးတစ်ပါးနှယ်ဖြစ်သည်။

သို့သော် ဤမိန်းကလေးအားရှစ်ဖုန့်ကြည့်လိုက်ချိန်တွင် သူမ၏ သိုင်းနယ်ပယ်ကို လုံးဝမြင်နိုင်ခြင်းမရှိပေ။ သူမ၏သေးသွယ်လှပသောကိုယ်လေး၌ အဆုံးမဲ့သောစွမ်းအားပမာဏတို့ ပါဝင်နေပုံရသည်။

ဤပုဂ္ဂိုလ်၏ခွန်အားက အနည်းဆုံးကြယ်သုံးပွင့်နတ်ဘုရား တစ်ပိုင်းနယ်ပယ်၌ရှိမည်ဖြစ်သည်။

ကောင်မလေးက ဟင်းလင်းပြင်ထဲ၌ဝင့်ကြွားစွာရပ်နေ၏။ သူမကရှစ်ဖုန့်နှင့်လုံရှန်းအားလုံးဝကြည့်ခြင်းမရှိပေ။ ထိုအစား အနီရောင်ငရဲမီးကြာပန်းကိုသာစိုက်ကြည့်နေသည်။

“သူကဘယ်သူလဲမင်းသိလား”

ရှစ်ဖုန့်ကလှည့်လိုက်ပြီး လုံရှန်းကိုမေးလိုက်သည်။

“ဟင့်အင်း မသိဘူး ဒါပေမဲ့ ဒီအမျိုးသမီးက အရမ်းစွမ်းအားကြီးတာကိုငါခံစားနိုင်တယ်.. သူကငါ့အဖေထက်တောင်မှပိုပြီးစွမ်းအားကြီးတယ်”

ရှစ်ဖုန့်၏စကားတို့အားကြားပြီးနောက် လုံရှန်းက ပြန်ဖြေလိုက်သည်။

ထို့နောက်လုံရှန်းက ထပ်ပြော၏။

“ သူကငါတို့မြေရိုင်းဒေသကဟုတ်ပုံမရဘူး ..သူကငယ်ပေမဲ့အရမ်းစွမ်းအားကြီးတယ်. သူကငါတို့စိတ်ကူးလို့တောင်မရနိုင်တဲ့ အင်အားကြီးအဖွဲ့တစ်ခုဖြစ်လောက်တယ်… သူကပါရမီရှင်တစ်ဦးပဲဖြစ်ရမယ်”

“ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်သား ရဲလေးကောင်က ကြေးနီရောင်ရထားလုံးကိုဆွဲတာကြောင့် သူက ထူးခြားအံ့ဖွယ်ကောင်းတဲ့မိသားစုတစ်ခုပဲဖြစ်မယ်”

ထို့နောက်နတ်သမီးကဲ့သို့မိန်းကလေးက အနီရောင်ငရဲမီးကြာပန်းကို ခဏကြာအောင်စိုက်ကြည့်နေပြီးနောက် ခေါင်းကိုဖြည်းညှင်းစွာခါယမ်းလိုက်သည်။

သူကခေါင်းယမ်းသည်ကဘာကိုဆိုလိုသည် အားမည်သူမှမသိကြချေ။

ဤအချိန်တွင်သူမကအကြည့်ကိုရုတ်သိမ်းလိုက်ပြီး အောက်ဘက်ရှိရှစ်ဖုန့်နှင့်လုံရှန်းကိုကြည့် လိုက်သည်။ သူမကပြောလိုက်၏။

“ နင်တို့နှစ်ယောက်ကအရမ်းအားနည်းတာ ဘာလို့ဒီမှာရှိနေသေးတာလဲ”

“ငါတို့လည်းဒီရှေးဟောင်းအပျက်အစီးနယ်မြေထဲကနေထွက်သွားချင်ပေမဲ့ ဘယ်လိုထွက်ရမလဲမသိဘူး .. ထွက်ပေါက်ကဘယ်နေရာမှာလဲဆိုတာ မသိဘူးလေ”

လုံရှန်းကမော့ကြည့်ပြီး မိန်းမငယ်လေးကို ရိုးသားစွာဖြေလိုက်သည်။

လုံးရှန်းမှာ မူလကမရည်ရွယ်ပါဘဲ နတ်ဆိုးရိုင်းတောင်တန်းအတွင်း လွန်စွာကြီးမားသောအနက်ရောင်ဝဲကြီးနှင့် ကျဆင်းလာသည့်အနက်ရောင်မိုးကြိုး တန်းကြီးများကို မြင်တွေ့ခဲ့သည်။ထို့ကြောင့် စပ်စုချင်စိတ်ဖြင့်လာခဲ့သော်လည်း ဤအန္တရာယ်များလှသော ရှေးဟောင်းအပျက်အစီးနယ်မြေအတွင်းသို့စုပ်ယူခံရလိမ့်မည်ဟုတော့ လုံးဝစိတ်ကူးမထားမိခဲ့ပေ။

ဝင်ရောက်လာပြီးနောက် လုံရှန်းမှာထွက်ပေါက်ကိုရှာဖွေခဲ့သည်။

ရှစ်ဖုန့်ကတော့လုံရှန်းကဲ့သို့ပြောခြင်းမရှိဘဲ မိန်းမငယ်လေးကိုသာဆက်စောင့်ကြည့်နေသည်။ သူမ၌ အနီရောင်ငရဲမီးကြာပန်းထံမှ ဒေါသမာန်ဟုန်ကြာပန်းကိုရယူရန်အခြားအရာများရှိနိုင်မည်လားဆိုသည်ကို သူသိချင်မိသည်။

သို့သော် မိန်းကလေးကဘာမှပြောခြင်းမရှိပေ။ လုံရှန်း၏စကားတို့အား ကြားပြီးနောက် သူမကပြောလိုက်သည်။

“အိုး..ရှင်ပြောသလိုပဲ..ကျွန်မလည်း ဒီရှေးဟောင်းအပျက်အစီးနယ်မြေရဲ့ထွက်ပေါက်က ဘယ်မှာမှန်းမိသဘူး..အမ်..”

စကားပြောနေရင်းရပ်သွားကာ သူမ၏အံ့အားသင့်စွာရေရွတ်သည့်အသံထွက်ပေါ်လာသည်။ သူမကဖြည်းညှင်းစွာလှည့်လိုက်ပြီး သူ၏ပုံရိပ်က ကြေးနီရောင်ရထားလုံး၏ထိပ်ဖျားဆီသို့ မျောလွင့်ရွေ့လျားသွားသည်။ ရှေ့ရှိဟင်းလင်းပြင်အားကြည့်ကာ ပြောလိုက်၏။

“ဒီမြေရိုင်းဒေသထဲမှာ ဒီလိုမျိုးစွမ်းအာကြီးပုဂ္ဂိုလ်မျိုးကို ကိုယ်တိုင်တွေ့ရတယ်ဆိုတော့ ရှင်က ကုန်းစွန်းထိုက်ယင်ဖြစ်မဲ့ပုံပဲ”

ဆက်ရန်…………

ဘာသာပြန်သူ-ARISE

ငရဲဘုံကိုးခု ဧကရာဇ် စာစဉ်(၇၀)

အပိုင်း(၁၀၃၈)

“ဒီမြေရိုင်းဒေသကြီးထဲမှာ ရှင့်လိုစွမ်းအားကြီး ပုဂ္ဂိုလ်တစ်ဦးနဲ့ တွေ့ရလိမ့်မယ်လို့ ကျွန်မမမျှော်လင့်ထားခဲ့ဘူး .ရှင်ကုန်းစွန်းထိုက်ယင်ပဲဖြစ်ရမယ်”

မိန်းကလေး၏အသံအားကြားပြီးနောက် လုံရှန်း၏မျက်နှာထက်၌ တုန်လှုပ်သောအမူအယာတစ်ခုဖြစ်ပေါ်လာသည်။ သူကနောက်တစ်ကြိမ်အံ့အားသင့်စွာပြောဆိုလိုက်သည်။

“ကုန်းစွန်းထိုက်ယင်.. ကုန်းစွန်းမြို့တော်ရဲ့ အရှင်သခင်”

အံ့အားသင့်စွာရေရွတ်ပြောဆိုလိုက်သလို လုံရှန်းက အမျိုးသမီးကဲ့သို့လှည့်လိုက်သည်။

“ကုန်းစွန်းထိုက်ယင်လား”

နမည်အားကြားသောအခါတွင်ရှစ်ဖုန့်က တီးတိုးရေရွတ်လိုက်သည်။ ဤနမည်အားသူရင်းနီးသည်မှာ သိပ်မကြာသေးပေ။

မြေရိုင်းဒေသကြီးအတွင်း၌ ကုန်းစွန်းထိုက်ယင်က စွမ်းအားအကြီးမားဆုံးသူဖြစ်သည်။ သူ၏လက်ထဲ၌သေဆုံးသွားသော အန္တရာယ်များသည့်အသွင်ရှိသည့် ကုန်းစွန်းယွမ်က ၎င်း၏သားဖြစ်သည်။

ရှစ်ဖုန့်က လှည့်ကာကြည့်လိုက်၏။

“ငါကုန်းစွန်းထိုက်ယင်ရဲ့နယ်မြေထဲမှာမင်းလို အံ့ဖွယ်ပါရမီရှင်တစ်ယောက်ကိုတွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး. ဒါကငါ့ရဲ့မြေရိုင်းဒေသကြီးအတွက် တကယ့်ကိုဂုဏ်ယူစရာပဲ”

ချက်ချင်းဆိုသလို သက်လတ်ပိုင်းအရွယ်ယောက်ျားတစ်ဦး၏ ကျယ်လောင်သောအသံကထွက်ပေါ်လာသည်။

မိန်းကလေး၏ရှေ့ ဟင်းလင်းပြင်ထဲတွင် ရွှေရောင်ပုံရိပ်တစ်ခုက ဖျက်ခနဲပေါ်လာသည်။ ထို့နောက် ရွှေရောင်ဝတ်ရုံတစ်ခုကိုဝတ်ဆင်ထားသည် သက်လတ်ပိုင်းအရွယ်လူတစ်ယောက် ပေါ်လာသည်။

ဤလူကား မြေရိုင်းဒေသကြီး၏အရှင်သခင်ဖြစ်သူ ကုန်းစွန်းထိုက်ယင်ပင်ဖြစ်သည်။

ကုန်းစွန်းထိုက်ယင်အားကြည့်လိုက်ချိန်တွင် နှိုင်းယှဉ်၍မရနိုင်သော အော်ရာတစ်ခုကို ရှစ်ဖုန့်ခံစားလိုက်ရသည်။သူထုတ်လွှတ်နေသော အော်ရာက မိန်းကလေးထက်ပို၍အားကောင်း၏။

“သူပဲ.. မြေရိုင်းမြို့တော်ရဲ့ အုပ်ချုပ်သူ မြေရိုင်းဒေသကြီးထဲက စွမ်းအားအကြီးဆုံးသူ”

ရှစ်ဖုန့်၏ဘေး၌ရှိနေသောလုံရှန်းက ဘေးရှိရှစ်ဖုန့်ကိုတီးတိုးပြောလိုက်သည်။

သို့သော်သူ၏အသံ၌တုန်လှုပ်မှုတို့ပြည့်နှက်နေဆဲဖြစ်သည်။ ကုန်းစွန်းထိုက်ယင်က သာမန်လူများတွေ့ချင်တိုင်းတွေ့လို့ရသည့်လူဟုတ်ပုံမရချေ။

ကောင်မလေးက ခေါင်းညိမ့်ပြီး ကုန်းစွန်းထိုက်ယင်ကိုပြော၏။

“အမှန်ပဲ.. ဒေါသမာန်ဟုန်ကြာပန်းကို ဘယ်လိုယူရမလဲလို့ ကျွန်မစိုးရိမ်နေခဲ့တာ ကျွန်မတစ်ယောက်တည်းသာဆို အန္တရာယ်များလိမ့်မယ်. အကယ် ကျွန်မနဲ့ရှင်နဲ့သာပူးပေါင်းလိုက်ရင် ဒေါသမာန်ဟုန်ကြာပန်းကိုရနိုင်မဲ့အခွင့်အရေးကို ပိုပြီးမြင့်မားလိမ့်မယ်”

“ဒေါသမာန်ဟုန်ကြာပန်းကိုရဖို့ ငါတို့ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် ဒါကပြဿနာတစ်ခုဖြစ်မှာမဟုတ်ဘူး”

မိန်းကလေး၏စကားတို့အားကြားပြီးနောက် ကုန်းစွန်းထိုက်ယင်က ခေါင်းညိမ့်လိုက်သည်။ ထို့နောက်သူကပြောလိုက်၏။

“ဒါပေမဲ့ ဒေါသမာန်ဟုန်ကြာပန်းရဲ့တစ်ဝက် ကိုငါလိုချင်တယ်”

“ရတာပေါ့”

ကောင်မလေးက ခေါင်းညိမ့်လိုက်သည်။

မကြာခင် ကောင်မလေးနှင့်ကုန်းစွန်းထိုက်ယင်တို့ သဘောတူညီမှုတစ်ခုရရှိသွားသည်။ ထို့နောက် ကြေးနီရောင်စစ်ရထားပေါ်၌ရပ်နေသည့် ကောင်မလေးက လှည့်လိုက်ပြီး အနီရောင်ငရဲမီးကြာပန်းထံသို့ ထပ်မံကြည့်လိုက်သည်။

“ကုန်းစွန်းထိုက်ယင်..ငါ့ကိုကယ်ပါ.. ငါ့ကိုကယ်ပါအုံး ကုန်းစွန်းထိုက်ယင်”

ဤအခိုက်အတန့်တွင် အော်ဟစ်သံတစ်ခုကရုတ်ခြည်း ထွက်ပေါ်လာသည်။

ဤအော်သံက နတ်ဆိုးရိုင်းတောင်တန်း၏ဘုရင်ဖြစ်သူ အနက်ရောင်ရေလွှမ်းနဂါးထံမှလာခြင်းဖြစ်သည်။

အနက်ရောင်ရေလွှမ်းနဂါး၏အော်သံအား ကြားပြီးနောက် ကုန်းစွန်းထိုက်ယင်က ခေါင်းငုံ့လိုက်ပြီး အောက်သို့ကြည့်လိုက်သည်။ ခန္ဓာကိုယ်ပေါ်၌ အစိမ်းရောင်ချိန်းကြိုးတို့ရှိနေသည့် အနက်ရောင်ရေလွှမ်းနဂါးကိုလျှင်မြန်စွာ တွေ့သွား၏။

ကုန်းစွန်းထိုက်ယင်က အနက်ရောင်ရေလွှမ်းနဂါးအား ထူးဆန်းသောအမူအယာတစ်ခုနှင့်ကြည့် လိုက်သည်။ သူကအနက်ရောင်ရေလွှမ်းနဂါးကိုပြောလိုက်၏။

“အနက်ရောင်ရေလွှမ်းနဂါးမင်းက ဘာလို့ဒီမှာရှိနေတာလဲ.. မင်းကနတ်ဆိုးရိုင်းတောင်တန်းရဲ့ဘုရင်မဟုတ်ဘူးလား ..ဘာလို့ တစ်စုံတစ်ယောက်ရဲ့ရထားလုံးကို ဆွဲနေတာလဲ”

နောက်ဆုံးစကားအားပြောချိန်တွင် ကုန်းစွန်းထိုက်ယင်၏ ဩဇာအရှိန်အဝါကြီးမားသောမျက်နှာထက်၌ အပြုံးတစ်စဖြစ်ပေါ်လာသည်။

“ကုန်းစွန်းထိုက်ယင်..မင်းဘာလို့အများကြီး ပြောနေတာလဲ”

ကုန်းစွန်းထိုက်ယင်၏စကားတို့အား အနက်ရောင်ရေလွှမ်းနဂါးက နားထောင်နေခဲ့သည်။ ကုန်းစွန်းထိုက်ယင်မျက်နှာထက်မှ အပြုံးအားမြင်လိုက်ရသောအခါတွင် အနက်ရောင်ရေလွှမ်းနဂါးက ဒေါသတကြီးဟိန်းဟောက်လိုက်၏။

ထို့နောက်၎င်းကပြောလိုက်သည်။

“မင်းနဲ့ငါနဲ့က ငါတို့တွေငယ်ငယ်လေးကတည်းက နတ်ဆိုးရိုင်းတောင်တန်းထဲမှာသိလာခဲ့ကြတာ.. ကုန်းစွန်းထိုက်ယင် ..ဒီနေ့မင်းရရှိထားတဲ့အောင်မြင်မှုတွေက ငါကူညီခဲ့တာတွေကြောင့်ပဲ. ငါ့ကြောင့်သာမဟုတ်ခဲ့ရင် မင်းငယ်ငယ်တုန်းက နတ်ဆိုးသားရဲကြီးရဲ့လက်သည်းအောက်မှာ သေသွားလောက်ပြီ”

“ကုန်းစွန်းထိုက်ယင်. မင်းအပေါ်ငါဘယ်လိုကောင်းခဲ့လဲဆိုတာကို မှတ်မိရင် ငါ့ကိုကယ်ပါ.. မင်းကမင်းရဲ့ကျေးဇူးမသိတတ်တဲ့တတိယသား လိုမျိုးဆိုရင်တော့ ငါ့ကိုဂရုမစိုက်နဲ့တော့”

“ငါ့ရဲ့တတိယသားလား. မင်းသူ့ကိုတွေ့ခဲ့တာလား”

ကုန်းစွန်းထိုက်ယင်မှာ အနက်ရောင်ရေလွှမ်းနဂါးထံမှ နောက်ဆုံးစကားအားကြားလိုက်ရသောအခါတွင် သူ၏ ခံ့ညားသောမျက်နှာထက်၌ ရုတ်ခြည်း တုန်လှုပ်အံ့အားသင့်သောအမူအယာတစ်ခုဖြစ်ပေါ်လာသည်။ သူ၏ပုံရိပ်ကလျှင်မြန်စွာဖျက်ခနဲဖြစ်သွားပြီး မျက်စိတစ်မှိတ်အတွင်း အနက်ရောင်ရေလွှမ်းနဂါးရှေ့၌ပေါ်လာသည်။

ထို့နောက် ကုန်းစွန်းထိုက်ယင်က အနက်ရောင်ရေလွှမ်းနဂါးအား အလျှင်အမြန်မေးလိုက်၏။

“မင်းသုံးလေးကို ဘယ်မှာတွေ့ခဲ့တာလဲ. သူ့သေဆုံးမှုက မင်းနဲ့တစ်ခုခုပက်သက်နေလား”

စကားပြောနေသကဲ့သို့ ကုန်းစွန်းထိုက်ယင်၏အေးစက်သောမျက်လုံးတို့က အနက်ရောင်ရေလွှမ်းနဂါးထံထိုးဖောက်ဝင်ရောက်လာသည်။

အနက်ရောင်ရေလွှမ်းနဂါးမှာ ကုန်းစွန်းထိုက်ယင်၏ကိုယ်မှထုတ်လွှတ်နေသည့် အေးစက်သောသတ်ဖြတ်ခြင်းအော်ရာ ကိုအာရုံခံမိပြီးဖြစ်သည်။

ကုန်းစွန်းထိုက်ယင်၏အေးစက်သော သတ်ဖြတ်ခြင်းအော်ရာအောက်တွင် အနက်ရောင်ရေလွှမ်းနဂါး၏ကြီးမားသောကိုယ်က ထိန်းချုပ်မရနိုင်ဘဲ တုန်ယင်နေ၏။

သို့သော်ထို့နောက်တွင် အနက်ရောင်ရေလွှမ်းနဂါးက သူ့ကိုယ်အား ပြန်ပြီးတည့်မတ်လိုက်ကာ ကုန်းစွန်းထိုက်ယင်၏ သတ်ဖြတ်ခြင်းအော်ရာအောက်၌ တောင့်ခံရပ်တည်လိုက်သည်။ ၎င်းကကုန်းစွန်းထိုက်ယင်ကို ထပ်မံအော်ဟစ်လိုက်၏။

“ကုန်းစွန်းထိုက်ယင်..မင်းဘာလုပ်နေတာလဲ.. မင်းလည်း ကျေးဇူးကန်းတော့မလို့လားကွ.. ငါ့ကိုသတ်တော့မလို့လား. ငါမင်းသားကိုတွေ့ခဲ့တယ်.. သူက ယုတ်မာတဲ့နည်းစနစ်ကိုသုံးပြီးတော့ ငါ့ရဲ့စွမ်းအားကိုဝါးမျိုချင်ခဲ့တာ.. ငါသူ့ကိုတကယ်ကြီးငါ့လက်သည်းတွေနဲ့အပိုင်းပိုင်းဆုတ်ဖြဲပစ်ချင်ပေမဲ့ အဲ့သူတောင်းစားလေးက ထွက်ပြေးလွတ်မြောက်သွားသေးတယ်”

“ဒီတော့မင်းသူ့ကိုမသတ်ခဲ့ဘူးပေါ့”

မေးမြန်းနေသကဲ့သို့ ကုန်းစွန်းထိုက်ယင်၏မျက်လုံးတို့က အနက်ရောင်ရေလွှမ်းနဂါးအပေါ်၌ ကျရောက်နေဆဲဖြစ်သည်။ သူ၏အကြည့်တို့က စူးရှသော လင်းယုန်မျက်လုံးတို့ကဲ့သို့ဖြစ်ပြီး အနက်ရောင်ရေလွှမ်းနဂါးအား ဖြတ်မြင်ချင်သကဲ့သို့ဖြစ်သည်။

ကုန်းစွန်းထိုက်ယင်တစ်ယောက် ရှေးဟောင်းအပျက်အစီးနယ်မြေအတွင်းသို့ဝင်လာရခြင်းမှာ ကုန်းစွန်းမြို့အတွင်းရှိ သူ၏တတိယသားဖြစ်သူ၏ဝိညာဉ်အမှတ်အသားချန်ရစ်ထားခဲ့သော အရိုးကျောက်စိမ်းမှာ အပိုင်းပိုင်းကွဲကြေပျက်စီးသွား သောကြောင့်ဖြစ်သည်။

ဝိညာဉ်အမှတ်အသားပါရှိသော အရိုးကျောက်စိမ်း အပိုင်းပိုင်းကြေမွပျက်စီးသွားခြင်းမှာ ထိုလူသေသွားခြင်းဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

ကုန်းစွန်းယွမ်၏ရုတ်တရက်သေဆုံးသွားမှုကြောင့် မြေရိုင်းမြို့တော်တစ်ခုလုံး မငြိမ်မသက်ဖြစ်လာသည်။ မကြာခင် လက်အောက်ငယ်သားတစ်ယောက်က ကုန်းစွန်းယွမ်တစ်ယောက် နတ်ဆိုးရိုင်းတောင်တန်းသို့ဝင်ရောက်သွားခဲ့သည်အား တစ်စုံတစ်ယောက်ကမြင်တွေ့ခဲ့သည်ဟု သတင်းပို့လာ၏။

ကုန်းစွန်းထိုက်ယင်မှာ ဤအရာအားကြားသောအခါတွင် နတ်ဆိုးရိုင်းတောင်တန်းသို့ ချက်ချင်းအပြင်းနှင်လာခဲ့သည်။ နတ်ဆိုးရိုင်းတောင်တန်းအတွင်းသို့ ဝင်ရောက်လာချိန်တွင် သူ၏လက်အား တားဆီးထားသော နတ်ဆိုးသားရဲများအားလုံးကို သတ်ပစ်ခဲ့သည်။ ထို့နောက် မတော်တဆဝဲတစ်ခုနှင့်ပက်ပင်းကြုံပြီး ဤရှေးဟောင်းအပျက်အစီးနယ်မြေအတွင်းသို့ စုပ်ယူခံခဲ့ရခြင်းဖြစ်၏။

ရှေးဟောင်းအပျက်အစီးနယ်မြေသို့ဝင် ရောက်လာပြီးနောက် သူ၏တတိယသားဖြစ်သူသေဆုံးရခြင်းမှာ ရှေးဟောင်းအပျက်အစီးနယ်မြေနှင့်တစ်နည်းတစ်ဖုံပက်သက်နေလိမ့်မည်ဟူသောခံစားချက်၌ ကုန်းစွန်းထိုက်ယင်၌တိုးမြင့်ခံစားရလာသည်။

ပြောရလျှင် ကုန်းစွန်းထိုက်ယင်အနေဖြင့် သူ့သားအားသတ်ခဲ့သူက သူ၏အောက်၌ရှိနေပြီး သူ့ကိုမော့ကြည့်နေလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။

ထို့နောက် ကုန်းစွန်းထိုက်ယင်က သူ၏လက်ကိုဆန့်ထုတ်ပြီး အနက်ရောင်ရေလွှမ်းနဂါးထံလှမ်းလိုက်သည်။

အနက်ရောင်ရေလွှမ်းနဂါးမှာ ကုန်းစွန်းထိုက်ယင်၏လက်အားမြင်တွေ့လိုက်ရချိန်တွင် ထူးဆန်းသော စွမ်းအင်တစ်ခုက လွမ်းခြုံနေသည်ကို ချက်ချင်းခံစားလိုက်ရ၏။ ၎င်း၏ကြီးမားသောအနက်ရောင်နဂါးမျက်နှာကြီး က သေချာစွာဖြင့် အဖြေပေးသည်။

“ငါမင်းသားကိုတကယ်သတ်ချင်ခဲ့တာ. အဲ့ကလေးရဲ့လှည့်ကွက်အောက်ကို ငါရောက်လုနီးပါးဖြစ်ခဲ့ပြီး ငါ့တစ်ဘဝလုံးခွန်အားတွေသူ့ကြောင့် စုပ်ယူခံရလုနီးပါးဖြစ်ခဲ့ရတယ်.. နောက်ဆုံးမှာ အဲ့ကလေးက တော်တော်လေး ပါးနပ်ပြီး ထွက်ပြေးသွားနိုင်သေးတယ်”

အနက်ရောင်ရေလွှမ်းနဂါး၏စကားတို့အားကြားပြီးနောက် ကုန်းစွန်းထိုက်ယင်သူ၏ညာလက်ကို ပြန်ရုတ်လိုက်သည်။ ဤအခိုက်အတန့်တွင် သူ၏အေးစက်သောအမူအယာက ပုံမှန်ခံ့ညားထည်ဝါသသောအခြေအနေသို့ပြန်ရောက်သွားသည်။သူက အနက်ရောင်ရေလွှမ်းနဂါးကိုပြောလိုက်၏။

“မင်းမလိမ်ဘူး..မင်းတကယ်ကုန်းစွန်းယွမ် ကိုမသတ်ခဲ့ဘူး”

စကားပြောနေသကဲ့သို့ အနက်ရောင်ရေလွှမ်းနဂါးထံသို့ ပို့လွှတ်ထားသောကုန်းစွန်းထိုက်ယင်၏ သတ်ဖြတ်ခြင်းအော်ရာက ရုတ်ခြည်းမှေးမှိန်ပျောက်ကွယ်သွားသည်။

သတ်ဖြတ်ခြင်းအော်ရာမှေးမှိန်ပျောက်ကွယ်သွားသည်နှင့် အနက်ရောင်ရေလွှမ်းနဂါးမှာ ပေါ့ပါးသောအာရုံတစ်ခုကို ခံစားလိုက်ရ၏။ ၎င်းကကုန်းစွန်းထိုက်ယင်အား အေးစက်စွာနှာခေါင်းရှုံ့ပြီးပြောလိုက်သည်။

“ဟမ့်. ငါသာမင်းရဲ့ရွံဖို့ကောင်းတဲ့သားကို တကယ်သတ်ခဲ့ရင် မင်းရှေ့မှာရပ်ပြီးတော့ကိုဝန်ခံမှာပဲ.. ငါ.အနက်ရောင်ရေလွှမ်းနဂါးက ကိုယ်လုပ်တာကိုကိုယ်တာဝန်ယူတဲ့သူမျိုးပဲ”

ဆက်ရန်…….

All Chapters