အခန်း (၁၀၄၂-၁၀၄၄)
Vol. 70 Ch. 1042-1044
အပိုင်း(၁၀၄၂)
“နင်”
“နင်”
“နင်”
“နင်”
ကြေးညိုရောင်ရထားလုံးပေါ်မှာ အစိမ်းရောင်မိန်းကလေးက မုန်းတီးမှုအပြည့်ဖြင့်ပြောလိုက်သည်။ အရမ်းဒေါသထွက်နေသောကြောင့် သူမ၏နှစ်လိုဖွယ်ကောင်းသောကိုယ်လေးက နိမ့်တုံမြင့်တုံ အပြင်းအထန်လှုပ်ရှားနေ၏။ သူမ၏ကြည်လင်ပြီး လှပသောမျက်နှာလေးထက်တွင် ရက်စက်သောအမူအယာတစ်ခုပေါ်လာသည်။
ဤလူ ဤအရှက်မဲ့သောလူအား ယခုချက်ချင်းသေသည်အထိ ညှင်းပန်းနှိပ်စက်ပစ်ချင်မိ၏။ ထိုမှသာ ၎င်းအနေဖြင့် သူမအားစော်ကားခြင်းကြောင့်ဖြစ်လာမည့်နောက်ဆက်တွဲ အကျိုးရလဒ်ကို နားလည်လိမ့်မည်ဖြစ်သည်။
ကုန်းစွန်းထိုက်ယင်က ဘေးရှိဒေါသထွက်နေသော မိန်းကလေးအား ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ဒီကောင်ကအားနည်းပြီး နိမ့်ကျတဲ့ကောင်ပဲ”
“သူ့ရဲ့အဆင့်အတန်းကနိမ့်ကျတယ်. သူကမင်းနဲ့လုံးဝဖက်တုယှဉ်ပြိုင်လို့မရဘူး.. မင်းအတွက်သူက ခုန်လွှားနေတဲ့နှံကောင်လေးတစ်ကောင်သာသာပဲရှိတာ ..မကြာခင်ဒါမှမဟုတ်နောက်ပိုင်းသူက သေတဲ့အထိ နင်းခြေခံရမှာ.. သူ့စကားတွေအပေါ်မင်းဒေါသထွက်နေဖို့မလိုဘူး”
“အင်း”
ကုန်းစွန်းထိုက်ယင်၏စကားတို့အားကြားပြီးနောက် ကောင်မလေး၏ ထွက်နေသောဒေါသကအနည်းငယ်ငြိမ်ကျသွားသည်။ သူမက ဖြည်းညှင်းစွာခေါင်းညိမ့်လိုက်ပြီး ပြန်လည်တုန့်ပြန်လိုက်၏။
သို့သော် ကုန်းစွန်းထိုက်ယင်ကထိုသို့ပြောသော်လည်း ထိုလူ၏စကားများကို သူမအနေဖြင့်မည်ကဲ့သို့ လျစ်လျူရှုထားနိုင်ပါမည်နည်း။
ထို့နောက်ကောင်မလေးက ရှစ်ဖုန့်အား ထပ်မံလက်ညှိုးထိုးညွှန်ပြီးအေးစက်စွာပြောလိုက်သည်။
“ဒီနေ့ငါနင့်ကိုမသတ်နိုင်ရင်တောင်.. အခုကစပြီးနင်ဘယ်ကိုပဲသွားသွားနင့်ကို ငါ့ရဲ့ ကူအယ်တောင်က အမဲလိုက်လိမ့်မယ်”
“ကူအယ်တောင်”
“ကူအယ်တောင်”
ကုန်းစွန်းထိုက်ယင်နှင့်အနက်ရောင်ရေလွှမ်းနဂါးတို့မှာ ကူအယ်တောင် ဟူသောစကားအားကြားလိုက်ရချိန်တွင် စိတ်ထဲကနေအံ့အားသင့်စွာပြောလိုက်မိသည်။
ကုန်းစွန်းထိုက်ယင်ဤမိန်းကလေးအားစောစောကတွေ့ရချိန်တွင် သူမ၌ထူးခြားသောနောက်ခံတစ်ခုရှိသည်အားသိခဲ့သည်ဖြစ်သည်။ သူမကငယ်ရွယ်သော်လည်း ကျင့်ကြံမှုကသူနှင့်ယှဉ်နိုင်သည်ဖြစ်၏။
သူမက အလွန်အင်အားကြီးသော ကူအယ်တောင်မှလာသည်ဆိုသည်ကိုသာ မသိခဲ့ခြင်းဖြစ်သည်။
“ကူအယ်တောင်.. ဦးလေးရေလွှမ်းနဂါးနက်.. ကူအယ်တောင်ကအရမ်းအင်အားကြီးလို့လား”
အနက်ရောင်ရေလွှမ်းနဂါး၏ဘေး၌ရှိနေသော လုံရှန်းမှာ မိန်းကလေး၏စကားနှင့်အနက်ရောင်ရေလွှမ်းနဂါး၏ အံ့အားသင့်စွာပြောဆိုမှုတို့အားကြားခဲ့ရသည်ဖြစ်သည်။သူကခေါင်းကိုလှည့်လိုက်ပြီး အနက်ရောင်ရေလွှမ်းနဂါးကိုမေးလိုက်၏။
“ဒါကသိသာမနေဘူးလား”
အနက်ရောင်ရေလွှမ်းနဂါးကပြောလိုက်သည်။
“ငါတို့မြေရိုင်းဒေကို ထည့်မပြောနဲ့ အရိုင်းတိုက်ကြီးတစ်ခုလုံးမှာတောင် သာမန်ထက်ထူးကဲသာလွန်တဲ့တည်ရှိမှုတစ် ခုလို့ပြောလို့ရတယ်”
ကောလဟာလတွေအရ ကူအယ်တောင်က ရှေးကျတဲ့ အချိန်ကာလကတည်းကတည်ရှိခဲ့တယ်လို့ဆိုတယ် သူတို့အချိန်ဘယ်လောက်ကြာကြတည်ရှိခဲ့လဲ ဆိုတာကို ဘယ်သူကမှ မသိနိုင်တဲ့ အင်အားကြီးတည်ရှိမှုမျိုးပဲ.. ဒီခွေးမလေးက ကူအယ်တောင်ကလာတယ်လို့ငါမမျှော်လင့်ထားခဲ့ဘူး”
“အိုး. ကြားရတာအရမ်းအင်အားကြီးတဲ့ပုံပဲ”
အနက်ရောင်ရေလွှမ်းနဂါး၏စကားတို့အားကြားပြီးနောက်လုံရှန်းက နားလည်သည့်အနေဖြင့်ခေါင်းညိမ့်လိုက်သည်။
“မင်းကရေတွင်းအောက်ခြေက ဖားလေးတစ်ကောင်ပါ.. မင်းကမြေရိုင်းဒေသလောက်ပဲသိပြီး ကျယ်ပြောတဲ့ ပြင်ပကမ္ဘာအကြောင်းဘာမှမသိဘူး. အပြင်မှာ ကုန်းစွန်းထိုက်ယင်လိုလူတွေမရေတွက်နိုင်အောင်ရှိတယ်”
“ဒီကုန်းစွန်းထိုက်ယင်ဆိုတာက ငါတို့မြေရိုင်းဒေသရဲ့အရှင်သခင်ထက်ဘာမှမပိုဘူး.. မြေရိုင်းဒေသထဲကနေသူထွက်သွားတာနဲ့ သူက ဘာမှမဟုတ်တဲ့သူပဲ”
အနက်ရောင်ရေလွှမ်းနဂါးကပြောသည်။
“မဖြစ်နိုင်တာ”
အနက်ရောင်ရေလွှမ်းနဂါး၏ စကားတို့အားကြားပြီးနောက် လုံရှန်းက မယုံကြည့်နိုင်စွာဖြင့် အံ့အားသင့်စွာပြောလိုက်သည်။
“မြို့အရှင်ကုန်းစွန်းလိုမျိုး စွမ်းအားကြီးတဲ့သူတွေအများကြီးရှိတယ်…ဒါဆိုရင် ကျွန်တော့်အဖေက…”
“မင်းအဖေလုံဟိုက ထည့်ပြောနေဖို့တောင်မလိုဘူး”
အနက်ရောင်ရေလွှမ်းနဂါးက အထင်သေးမှုအပြည့်ဖြင့်ပြောလိုက်သည်။ ထို့နောက်သူကဆက်ပြော၏။
“ဒါပေါ့ ငါလိုအနက်ရောင်ရေလွှမ်းနဂါးလည်းအတူတူပဲ”
လုံရှန်းမှာ စိတ်ကူးပုံဖော်ကြည့်ဖို့ပင်ခက်ခဲနေ၏။
“ဒါက ဘယ်လိုကမ္ဘာမျိုးလဲကွာ”
“ဟမ့်..မင်းဟာမင်း ရှေးခေတ်ငန်းတောင်မကလို့ ကြက်တောင်ပဲဖြစ်ဖြစ် ဒီသခင်လေးဂရုမစိုက်ဘူး မင်းမှာသာသတ္တိရှိရင် ဒီသခင်လေးကိုအခုလာပြီးသတ်လိုက်.. ဘာလို့အဓိပ္ပါယ်မရှိတာတွေလျှောက်ပြောနေမှာလဲ”
ရှစ်ဖုန့်က ကောင်မလေးအားနှာခေါင်းရှုံ့၍ ဆက်ပြောလိုက်သည်။
ရှေးခေတ်ငန်းတောင်(ကူအယ်တောင်)က သူ့အား မကြောက်လန့်စေနိုင်ပေ။ သူ့အနေဖြင့်၎င်းအားလုံးဝကြားဖူးခြင်းပင်မရှိချေ။
သို့သော်ဤမိန်းကလေးကအရမ်းငယ်ရွယ်သည်ဖြစ်သည်။ ဤဘဝ၌ပင်၎င်းကသူ့ထက်ငယ်ရွယ်သည်ဖြစ်၏။ သူမ၏နောက်ခံနှင့် သူမအရမ်းဂုဏ်ယူဝင့်ကြွားနေသော အစောပိုင်းကဂိုဏ်းက ထူးခြားအံ့ဖွယ်ဖြစ်လောက်သည်ဖြစ်သည်။
ထို့နောက်ရှစ်ဖုန့်က သူ၏ဝိညာဉ်စွမ်းအားနှင့် သွေးကျောက်ပြားအတွင်းမှ ဝတ်ရုံနက်ကို ဆက်သွယ်ပြီးမေးလိုက်သည်။
“ကူအယ်တောင်လို့ခေါ်တဲ့ဂိုဏ်းတစ်ခုအကြောင်းကိုမင်းကြားဖူးလား”
“ကူအယ်တောင်ကို လုံးဝမကြားဖူးဘူးလား”
မကြာခင် ရှစ်ဖုန့်မှာ ဝတ်ရုံနက်၏ပြန်ဖြေမှုကိုပြန်ကြားလိုက်ရသည်။
သို့သော်ထို့နောက်တွင် ဝတ်ရုံနက်၏အသံကထပ်မံထွက်ပေါ်လာ၏။
“ငါသိတယ်..မင်းငါ့ကို ကူအယ်တောင်အကြောင်ကို မေးတော့မှာမလား”
“အိုး..အဲ့လိုသဘောပဲ..မင်းသိလား”
ရှစ်ဖုန့်ကမေးလိုက်သည်။
“ကူအယ်တောင်..ဒါပေါ့.ငါကြားဖူးတာပေါ့.. ဒါကငါတို့အရိုင်းတိုက်ကြီးတစ်ခုလုံးမှာတောင် သာမန်ထက်ထူးကဲတဲ့တည်ရှိမှုတစ်ခုပဲ…အဲ့တာကရှေးကျတဲ့သာမန်ထက်ထူးကဲတဲ့ဂိုဏ်းတစ်ခုပဲ.. သူတို့ကြားထဲမှာတောင် မရေတွက်နိုင်တဲ့ပါရမီရှင်တွေ နဲ့ ပညာရှင်တွေရှိတယ်..သူတို့မှာ ကြယ်ကိုးပွင့်နတ်ဘုရားတစ်ပိုင်း နယ်ပယ်တွေတောင်ရှိကြတယ်”
ဝတ်ရုံနက်ကပြောသည်။
“ရှေးကျတဲ့အင်အားစုတစ်ခု.. ကြယ်ကိုးပွင့်နတ်ဘုရားတစ်ပိုင်း နယ်ပယ်ကျွမ်းကျင်သူတွေ.. သူတို့ကတကယ်ကိုထူးခြားအံ့ဖွယ်ပဲ”
ဝတ်ရုံနက်၏စကားတို့အားကြားသောအခါတွင် ရှစ်ဖုန့်က စိတ်ထဲမှ အံ့အားသင့်စွာရေရွတ်ပြောလိုက်သည်။
ဤအချိန်တွင် ဝတ်ရုံနက်၏နားလည်ရခက်စွာပြောသောလေသံက သွေးကျောက်ပြားအတွင်းမှထပ်မံထွက် ပေါ်လာသည်။
“မင်းဘာလို့ကူအယ်တောင်အကြောင်းကိုမေးတာလဲ”
“ဘာမှတော့သိပ်မဟုတ်ပါဘူး. သူ့ကိုယ်သူ ကူအယ်တောင်ကလို့ပြောနေတဲ့ မိန်းမတစ်ယောက်နဲ့ဒီသခင်လေးတွေ့နေတာပါ..သူကဘာပဲဖြစ်နေပါစေ အနာဂတ်မှာဒီသခင်လေးဘယ်နေရာကိုသွားသွား ကူအယ်တောင်ရဲ့အမဲလိုက်တာကိုခံရလိမ့်မယ်တဲ့.”
ရှစ်ဖုန့်ကဝတ်ရုံနက်အား အေးအေးလူလူသာမန်ကာလျှံကာပင်ပြန်ဖြေသည်။
ထို့နောက်ဝတ်ရုံနက်၏အသံက သွေးကျောက်ပြားအတွင်းမှထပ်မံထွက်ပေါ်လာ၏။ ဤအကြိမ်တွင် လည်းအိုမင်းအက်ရှသောအသံဖြင့်ပင်ဖြစ်သည်။
“ဘာ.. မင်းက ကူအယ်တောင်ကလူကိုစပြီးစော်ကားမိနေပြီလား. ကလေး.မင်းကတကယ့်ကိုဘာဆိုလုပ်နိုင်တဲ့သူပါလား”
“အဲ့တာတင်မကသေးဘူး.ဒီသခင်လေး ကုန်းစွန်းထိုက်ယင်နဲ့လည်းတွေ့နေတယ်.. အခုသူ့သားကိုဒီသခင်လေးသတ်တာသိသွားလို့ ကုန်းစွန်းထိုက်ယင်ကအဲ့မိန်းမနဲ့ပူးပေါင်းပြီးဒီသခင်လေးကိုသတ်မလို့လုပ်နေတာ”
ရှစ်ဖုန့်ကပြောနေရင်းလက်ရှိအခြေအနေကိုပါ ဝတ်ရုံနက်ကို ရှင်းပြလိုက်သည်။
“မင်း”
ရှစ်ဖုန့်၏စကားတို့အားကြားပြီးနောက် ဝတ်ရုံနက်မှာဘာပြောရမှန်းပင်မသိတော့ချေ။ အကယ်၍ကုန်းစွန်းထိုက်ယင်ကသာ ကူအယ်တောင်နှင့်ပူးပေါင်းလျှင် ယင်းက ဂြိုလ်ဆိုးဝင်ပြီဟု ဆိုလိုခြင်းမဟုတ်ပါလော။
ခဏကြာပြီးနောက်ဝတ်ရုံနက်က အေးအေးလူလူပြောလိုက်သည်။
“အခုမင်းကမင်းကံကြမ္မာမင်းရင်ဆိုင်ရတော့မှာ. မင်းသေကာနီးရင် ဒီသွေးကျောက်ပြားကို ကောင်းကောင်းလေးဖွက်ထားခဲ့နော်.. ဘယ်သူမှရှာမတွေ့စေနဲ့.. အချိန်ကျလာရင် ..ငါဒီနေရာလွတ်ကိုဖွင့်ပြီးထွက်သွားမယ်”
ဝတ်ရုံနက်၏စကားများအရ ရှစ်ဖုန့်သေမည်ဟု သူမယုံကြည်နေသည်မှာရှင်းလင်း၏။ သူမ၏လက်ရှိခွန်အားဖြင့် ကြယ်သုံးပွင့်ဧကရာဇ်နယ်ပယ်သာရှိသော သွေးကျောက်ပြားအား ချိုးဖျက်ဖွင့်ရန်မှာပြဿနာတစ်ခုမဟုတ်ပေ။
ထို့သို့ပြောပြီးနောက်ဝတ်ရုံနက်ကရှစ်ဖုန့်အား စကားပြောခြင်းကိုရပ်တန့်လိုက်သည်။
“ဒီကောင်မလေး.. ငါသေမယ်လို့သူထင်နေတဲ့ပုံပဲ”
ဝတ်ရုံနက်၏စကားတို့အားကြားသောအခါတွင်ရှစ်ဖုန့်က ရယ်မောကာတီးတိုးပြောဆိုလိုက်သည်။
ထို့နောက်သူက ရှေ့ရှိကျဆင်းနေသောအနီရောင်မီးကြာပန်းများ ကိုကြည့်နေသည်။ အကယ်၍သူသာ ဤအနီရောင်မီးကြာပန်းများကို မှီခိုအားထားမပြုနိင်ခဲ့လျှင် သူ၏ရှန်သန်နိုင်ဖို့အခွင့်အလမ်းက အလွန်သေးငယ်လိမ့်မည်ဖြစ်သည်။
ထို့နောက်ရှစ်ဖုန့်က မလှမ်းမကမ်းရှိ ဟင်းလင်းပြင်ကိုကြည့်လိုက်သည်။အစိမ်း ရောင်မိန်းကလေးနှင့်ကုန်းစွန်းထိုက်ယင်တို့က ကြေးရထားပေါ်၌ဝင့်ကြွားစွာရပ်နေကြဆဲဖြစ်၏။ သူကအထင်းသေးမှုအပြည့်ဖြင့် အော်ပြောလိုက်သည်။
“ဘာဖြစ်လို့လဲ..မင်းတို့နှစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ဆရာ့ဆရာကြီးတွေလို့တွေးထားတာမလား.. လာပြီးဒီသခင်လေးကို သတ်ရဲကြလား”
“ကူအယ်တောင်တဲ့လား. မြေရိုင်းမြို့တော်တဲ့လား. ကုန်းစွန်းထိုက်ယင်လား. ဒီသခင်လေးကတော့ လူပျက်တွေလို့ပဲမြင်တယ်.. မင်းတို့တွေနဲ့ရန်သူဖြစ်ရတာတောင် ဒီသခင်လေးရှက်မိတယ်”
“နင်.နင်.နင်.နင်တော့..နင်သေချင်နေတာပဲ”
ရှစ်ဖုန့်၏စကားတို့အားကြားရသောအခါ အစိမ်းရောင်နှင့်မိန်းကလေး၏ခန္ဓာကိုယ်ကဒေါသကြောင့်တုန်ယင်သွားပြီး ရှစ်ဖုန့်အားလက်ညှိုးငေါက်ငေါက်ထိုးကာ ဒေါသတကြီးအော်ပြောလိုက်သည်။
သူမက အဆင့်အတန်းမြင့်မားတော်ဝင်သူဖြစ်ပြီး ယခင်ကဤကဲ့သို့လုံးဝစော်ကားမခံရဖူးပေ။
“နင်..နင်တို့သုံးကောင် အခုချက်ချင်းရှေ့တက်ပြီးဒီကောင်စုတ်ကို အပိုင်းပိုင်းဆွဲဖြဲပစ်စမ်း”
ထို့နောက် အစိမ်းရောင်နှင့်မိန်းကလေးက အနည်းငယ်ခေါင်းငုံ့လိုက်ပြီး ရထားလုံးရှေ့ရှိနတ်ဆိုးသားရဲသုံးကောင်ကိုကြည့်လိုက်သည်။ သူမကဒေါသတကြီးအော်ပြောလိုက်၏။
မိန်းကလေး၏ဒေါသထွက်စွာအော်ပြောသံ အားကြားလိုက်ရသောအခါတွ နတ်ဆိုးသားရဲသုံးကောင်မှာ တုန်လှုပ်သွားကြသည်။
ပုံမှန်ဆိုလျှင် ထိုကောင်စုတ်အားဆွဲဖြဲပစ်ရန်ကားပြဿနာတစ်ခုမဟုတ်ပေ။ သို့သော်ယခုက ထိုနေရာ၌ မီးကြာပန်းများရှိနေသည်ဖြစ်သည်။
ဆက်ရန်……
ဘာသာပြန်သူ-ARISE
ငရဲဘုံကိုးခု ဧကရာဇ် စာစဉ်(၇၀)
အပိုင်း(၁၀၄၃)
ရှေးဟောင်းကြေးနီရောင်စစ်ရထားထက်ရှိ အစိမ်းရောင်ဝတ်စုံနှင့် မိန်းကလေးမှာ နတ်ဆိုးသားရဲသုံးကောင်က သူမ၏အမိန့်အားနာခံမှုမရှိသည်ကို ချက်ချင်းမြင်လိုက်ရသည်။
ထို့နောက်မကြာမီ အစိမ်းရောင်နှင့်မိန်းကလေး၏ ကိုယ်ပေါ်မှ ပြင်းထန်သော သတ်ဖြတ်ခြင်းအော်ရာတစ်ခု ထွက်ပေါ်လာသည်။ သူမက အေးစက်စွာဖြင့် ထပ်မံအော်ဟစ်လိုက်သည်။
"ဘာလဲ... နင်တို့ တိရစ္ဆာန် သုံးကောင်ကပါ ငါ့အလိုကို ဆန့်ကျင်ချင်နေကြတာလား"
အစိမ်းရောင်နှင့်မိန်းကလေးက အေးစက်စွာအော်ပြောလိုက်သကဲ့သို့ သူမ၏စိတ်အာရုံကို လှုပ်ရှားလိုက်၏။
"ဂါး... ဂါး... ဂါး..."
မိန်းကလေး၏ စိတ်အာရုံလှုပ်ရှားမှုအောက်တွင် ကြီးမားသော နတ်ဆိုးသားရဲသုံးကောင်မှာ ကောင်းကင်သို့မော့၍ နာကျင်စွာ ဟိန်းဟောက်လိုက်ကြသည်။
အစိမ်းရောင်နှင့် မိန်ကလေးမှာ ၎င်းတို့နှင့် သခင်နှင့်ကျွန် အမှတ်အသား ပြုလုပ်ထားသည်ဖြစ်သောကြောင့် သူမ၏ အတွေးတစ်ချက်တည်းနှင့်ပင် ၎င်းတို့ကို သေခြင်းတရားအတွက်တောင်းပန်လာအောင်ပြုလုပ်နိုင်သည်ဖြစ်သည်။
“ဂါး”
ထို့နောက်တွင် နတ်ဆိုးသားရဲကြီးသုံးကောင်က မြေပြင်ကို ဆောင့်နင်းကာ ဟိန်းဟောက်လိုက်ကြပြီး ၎င်းတို့၏ ဧရာမခန္ဓာကိုယ်ကြီးများက ဖျက်ခနဲ ပျောက်ကွယ်သွား၏။
"ကြယ်နှစ်ပွင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ် သားရဲသုံးကောင်”
ချဉ်းကပ်လာသော သားရဲများကို အာရုံခံရင်း ရှစ်ဖုန့်က အေးစက်စွာ တီးတိုးရေရွတ်လိုက်သည်။
ထို့နောက် ရှစ်ဖုန့်၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာ၏။
ဤအချိန်တွင် ကြေးနီရောင်စစ်ရထားပေါ်၌ ဝင့်ကြွားစွာ ရပ်နေသော အစိမ်းရောင်နှင့်မိန်းကလေးက ကုန်းစွန်းထိုက်ယင်ကို ပြောလိုက်သည်။
"ဒီကောင်က ကြယ်တစ်ပွင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ်ပဲ ရှိတာ... ကျွန်မ ဒီသားရဲသုံးကောင်ကို ရှေ့ပြေးအနေနဲ့ သုံးလိုက်မယ်…အဲ့အခါ သူ သေချာပေါက် ထိတ်လန့်သွားပြီး အနီရောင်ငရဲမီးကြာပန်းကို အသုံးပြုမှာပဲ..”
“ အဲဒီအချိန်ကျ ဒီသားရဲတွေ သေမလား ရှင်မလားဆိုတာကတော့ သူတို့ကံတရားပဲ... ကျွန်မတို့ နှစ်ယောက်ကတော့ အဲဒီအခွင့်အရေးကို သုံးပြီး သူ့ကို အမြန်ဆုံး ဒုက္ခိတဖြစ်အောင် လုပ်ကြတာပေါ့"
"ငါလည်း အဲဒီအတိုင်းပဲ တွေးထားတာ"
ကုန်းစွန်းထိုက်ယင်က ခေါင်းညိတ်၍ ထောက်ခံလိုက်သည်။
အခြားတစ်ဖက်တွင်မူ ရှစ်ဖုန့်သည် သားရဲသုံးကောင်က သူ့ထံသို့ ပို၍နီးကပ်လာသည်ကို အာရုံခံမိနေသော်လည်း လုံးဝမလှုပ်ရှားဘဲ ငြိမ်သက်နေဆဲဖြစ်သည်။
"ဟမ်... ဘာဖြစ်တာလဲ…..ဒီကောင်က ဘာလို့ အနီရောင်ငရဲမီးကြာပန်းကို အသုံးမပြုသေးတာလဲ"
ရှစ်ဖုန့်က သူမထင်ထားသကဲ့သို့ ထိတ်လန့်ခြင်းမရှိဘဲ တည်ငြိမ်နေသည်ကို မြင်ရသောအခါ မိန်းကလေးမှာ မျက်မှောင်ကျုံ့သွားရသည်။
ထို့နောက် သူမက ထပ်မံပြောလိုက်၏။
"ဒါမှမဟုတ် ဒီကောင်က ဒီတစ်ခါတော့ သေရတော့မယ်ဆိုတာ သိလို့ လက်လျှော့လိုက်တာလား….ငါ့လက်ထဲမှာ အနှိပ်စက်ခံပြီး သေရမှာထက်စာရင် ဒီသားရဲသုံးကောင်ရဲ့ လက်ထဲမှာပဲ အသေခံလိုက်တာ ပိုကောင်းမယ်လို့များ တွေးနေတာလား"
မိန်းကလေး၏ တီးတိုးစကားကို ကြားသောအခါ ကုန်းစွန်းထိုက်ယင်က ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်ပြီး သူ့ဖာသာသူတီးတိုးပြောလိုက်၏။
"ဒီကောင်က ဒီသားရဲသုံးကောင်ကို လုံးဝကြောက်ပုံမရဘူး"
ကြမ်းကြုတ်သော သားရဲကြီးသုံးကောင်မှာ ဧရာမ အနီရောင်ငရဲမီးကြာပန်းကို ရှောင်ကွင်းဖြတ်ကျော်လာခဲ့ကြပြီ ဖြစ်သည်။ ထို့နောက် သားရဲနှစ်ကောင်က ရှစ်ဖုန့်၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ပေါ်လာပြီး နောက်ဆုံးတစ်ကောင်မှာ ရှစ်ဖုန့်၏ နောက်ဘက်၌ ပေါ်လာသည်။
"ဂါး..."
နတ်ဆိုးသားရဲသုံးကောင်လုံးက တစ်ပြိုင်နက်တည်း ဟိန်းဟောက်လိုက်ကြပြီး ၎င်းတို့၏ ဧရာမခန္ဓာကိုယ်ကြီးများဖြင့် ရှစ်ဖုန့်ထံသို့ တစ်ဟုန်ထိုး ပြေးဝင်လာကြသည်။ ၎င်းတို့ရှိရာ ပတ်ဝန်းကျင်မှ ဟင်းလင်းပြင်မှာလည်း ပြင်းထန်စွာ ဆူပွက်တုန်ခါလာသည်။
မမြင်နိုင်သော စွမ်းအားကြီးမားလှသည့် အရှိန်အဝါများက အရပ်မျက်နှာအနှံ့သို့ သောင်းကျန်းပျံ့နှံ့သွား၏။ ထိုဧရာမခန္ဓာကိုယ်ကြီး သုံးခုနှင့် နှိုင်းယှဉ်လျှင်မူ ရှစ်ဖုန့်မှာ ကြမ်းကြုတ်သော သားရဲကြီးများအကြားရှိ ဖားတစ်ကောင်ကဲ့သို့ သေးငယ်လွန်းလှသည်ဖြစ်သည်။
"ဟမ့်..."
သားရဲများက ရှစ်ဖုန့်ကို ဖျက်ဆီးပစ်တော့မည်ကို မြင်သောအခါ မိန်းကလေးက နှာခေါင်းရှုံ့၍ ပြောလိုက်သည်။
"ဒီသားရဲတွေက သူ့ကို ဖျက်ဆီးတော့မယ်... ဒါပေမဲ့ သူက ငါနဲ့ ကုန်းစွန်းထိုက်ယင်ကိုပဲ သတိထားနေတုန်းလား….ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ... ဒီသားရဲသုံးကောင်နဲ့တင် သူ့ကို အပိုင်းပိုင်းဖြစ်သွားအောင် လုပ်ဖို့ လုံလောက်နေပြီ"
"တစ်ခုခုတော့ မှားနေပြီ"
သားရဲသုံးကောင်၏ တိုက်ခိုက်ခြင်းကို ခံရတော့မည့် ရှစ်ဖုန့်ကို ကြည့်ရင်း ကုန်းစွန်းထိုက်ယင်က ရေရွတ်လိုက်သည်။
သူ မြင်နေရသည်မှာ ဤလူငယ်သည် ကြယ်တစ်ပွင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ်သာ ဖြစ်သော်လည်း ကြယ်နှစ်ပွင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ် သုံးဦးနှင့် ရင်ဆိုင်ရချိန်တွင် လွန်စွာ တည်ငြိမ်နေခြင်း ဖြစ်သည်။။ ပြောရလျှင် ထိုတည်ငြိမ်မှုက အနည်းငယ် ရယ်စရာကောင်းနေသည်ဖြစ်၏။
ယခုအထိတိုင် ၎င်းက မလှုပ်မယှက်ဘဲ ရှိနေဆဲဖြစ်ကာ ရှောင်တိမ်းခြင်း သို့မဟုတ် ထွက်ပြေးခြင်း မပြုပေ။
ကုန်းစွန်းထိုက်ယင်အနေဖြင့် ရှစ်ဖုန့်၏ အာရုံမှာ သူ့ထံသို့သာ စိုက်ထားဆဲဖြစ်သည်ကို ရှင်းလင်းစွာ ခံစားနေရသည်။
အကယ်၍ သူနှင့် အစိမ်းရောင်မိန်းကလေးတို့ကသာ ရှစ်ဖုန့်ထံ ချဉ်းကပ်ခဲ့လျှင် ရှစ်ဖုန့်က အနီရောင်ငရဲမီးကြာပန်းကို သေချာပေါက် အသုံးပြုလိမ့်မည်မှာ သံသယဝင်စရာမလိုဟု ကုန်းစွန်းထိုက်ယင်သေချာပြောရဲ၏။
သို့သော် ထိုသားရဲသုံးကောင်ကိုမူ ရှစ်ဖုန့်က လုံးဝဂရုမစိုက်သည့်ပုံ ပေါ်သည်။
"ဟားဟား"
ကြမ်းကြုတ်သော နတ်ဆိုးသားရဲသုံးကောင်က သူ့ထံ ပြေးဝင်လာချိန်တွင် ရှစ်ဖုန့်မှာ ၎င်းတို့၏ စွမ်းအားကြီးမားသော အော်ရာများကို လုံးဝခံစားရပုံမပေါ်ပေ။သူက ရယ်ပင်ရယ်လိုက်သေးသည်။
ထို့နောက် ရှစ်ဖုန့်၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး ပြင်းထန်သော အနက်ရောင်မိုးကြိုးများက သူ၏ ကိုယ်ပေါ်မှ ရုတ်ခြည်း ထွက်ပေါ်လာကာ ဘယ်၊ ညာနှင့် နောက်ဘက်သို့ ပြန့်ကားထွက်သွားသည်။
အနက်ရောင်မိုးကြိုးများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် မိုးခြိမ်းသံများ ဟိန်းထွက်လာ၏။
"ဂျိမ်း …ဂျိမ်း..ဂျိမ်း..."
ရှစ်ဖုန့်ထံ ချဉ်းကပ်လာသော သားရဲသုံးကောင်မှာ ရှစ်ဖုန့်၏ ကိုယ်ပေါ်မှ ပေါက်ကွဲထွက်လာသည့် အနက်ရာင်မိုးကြိုးတို့၏ စွမ်းအားအား ခံစားလိုက်ရချိန်တွင် ၎င်းတို့၏ မျက်လုံးများက ထိတ်လန့်စွာဖြင့် ပြူးကျယ်ကုန်သည်။
သို့သော် ဆုတ်ခွာရန်မှာ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့မှာ ရှစ်ဖုန့်ထံမှ ထွက်ပေါ်လာသော ပြင်းထန်လှသည့် အနက်ရောင်မိုးကြိုးများ၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။
"ဒါ... ဒါကအနက်ရောင်မိုးကြိုး စွမ်းအားပဲ"
အဝေးမှ ဟင်းလင်းပြင်တွင် ရှိနေကြသော ကုန်းစွန်းထိုက်ယင်၊ အစိမ်းရောင်ဝတ်မိန်းကလေးနှင့် အနက်ရောင်ရေလွှမ်းနဂါးတို့မှာ ရှစ်ဖုန့်၏ ကိုယ်မှ အနက်ရောင်မိုးကြိုးများ ပေါက်ကွဲထွက်လာသည်ကို မြင်လိုက်ရသောအခါ တွင်အမူအယာများပျက်ယွင်းသွားကြ၏။
"နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုး... ဒါက နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးပဲ….. လူသားမျိုးနွယ်စုထဲမှာ မသေမျိုး နတ်ဆိုးခန္ဓာကိုယ် ပိုင်ဆိုင်ထားတဲ့သူ ရှိတယ်လို့ ငါကြားဖူးပေမဲ့ တစ်ခါမှ မမြင်ဖူးခဲ့ဘူး …..အဲ့အတာက ဒီကောင်လေးဖြစ်နေလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး... သူက နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုး ကိုတောင် သူ့စိတ်ကြိုက် သုံးနိုင်နေတာလား"
နတ်ဆိုးသားရဲဘုရင် အနက်ရောင်ရေလွှမ်းနဂါးက အံ့အားသင့်စွာ အော်ဟစ်ပြောလိုက်၏။
"နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင် မိုးကြိုးလား... မသေမျိုး နတ်ဆိုးခန္ဓာကိုယ်လား"
ကုန်းစွန်းထိုက်ယင်မှာ ရှစ်ဖုန့်ထံမှ အနက်ရောင်မိုးကြိုးများ ထွက်ပေါ်လာသည်ကို မြင်လိုက်ရပြီး အနက်ရောင်ရေလွှမ်းနဂါး၏ အော်ဟစ်သံကို ကြားလိုက်ရသောအခါတွင် သူ၏ ခံ့ညားလှသော မျက်နှာထက်၌ တုန်လှုပ်မှုများ ပြည့်နှက်သွားသည်။
သူ နတ်ဆိုးရိုင်းတောင်တန်းသို့ လာစဉ်က ကောင်းကင်နှင့် မြေကြီး အရောင်ပြောင်းသွားပြီး ဧရာမ အနက်ရောင်ဝဲကြီးနှင့် အနက်ရောင်မိုးကြိုးများ ပေါ်လာသည်ဟု တစ်စုံတစ်ယောက် ပြောသည်ကို ကြားခဲ့ဖူးသည်။ ထိုအရာက ရှေးဟောင်းဒဏ္ဍာရီထဲမှ မိုးကြိုးဘေးဒုက္ခဖြစ်သည့် နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုးနှင့် လွန်စွာ တူညီနေသည်ဖြစ်သည်။
မူလက ကုန်းစွန်းထိုက်ယင်အနေဖြင့် သူ၏သား သေဆုံးရခြင်းမှာ ထိုထူးဆန်းစွာ ပေါ်လာသော အနက်ရောင်မိုးကြိုးများနှင့် ပတ်သက်နိုင်သည်ဟု တွေးခဲ့ဖူးသည်။
နတ်ဆိုးရိုင်းတောင်တန်းသို့ ရောက်သောအခါ မည်သည့်အနက်ဝဲကြီးနှင့် အနက်ရောင်မိုးကြိုးကိုမှ ကုန်းစွန်းထိုက်ယင် မမြင်တွေ့ခဲ့ပေ။ ရှေးဟောင်းအပျက်အစီးနယ်မြေအတွင်းသို့ မတော်တဆ စုပ်ယူခံလိုက်ရချိန်တွင် ထိုအနက်ရောင်မိုးကြိုးများမှာ ဤနယ်မြေပွင့်လာခြင်းနှင့် တစ်နည်းနည်းပက်သက်နေမည်ဟု သူတွေးခဲ့သည်။
သို့သော် ထိုအနက်ရောင်မိုးကြိုးများက သူ၏သား သေဆုံးမှုနှင့် တကယ်ကြီး ပတ်သက်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သူ၏သားမှာ ထိုအနက်ရောင်မိုးကြိုးများကို ပိုင်ဆိုင်ထားသည့် လူ၏လက်ချက်ဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။
"နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင် မိုးကြို... မသေမျိုး နတ်ဆိုးခန္ဓာကိုယ်..."
ကုန်းစွန်းထိုက်ယင်က တီးတိုးရေရွတ်လိုက်၏။ သူ၏ မျက်နှာထက်မှ အံ့အားသင့်မှုမှာ ခဏမျှသာဖြစ်ပြီး ပြန်လည် ပျောက်ကွယ်သွား၏။ဤအချိန်တွင် ပြင်းထန်သော အနက်ရောင်မိုးကြိုးများကို ကြည့်ရင်း သူ၏မျက်နှာထက်မှ သတ်ဖြတ်လိုစိတ်များမှာ ပို၍ပင် ပြင်းထန်လာသည်။
"ဒီလူကို အသက်ရှင်ခွင့် ပေးလို့မဖြစ်ဘူး... သူ သေကိုသေရမယ်"
ကုန်းစွန်းထိုက်ယင်က ပြတ်သားစွာ ပြောလိုက်သည်။
"ဒဏ္ဍာရီလာ နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးနဲ့ မသေမျိုး နတ်ဆိုးခန္ဓာကိုယ်က... သူလား"
အစိမ်းရောင်နှင့်မိန်းကလေးသည်လည်း အနက်ရောင်ရေလွှမ်းနဂါး၏ အံ့အားသင့်စွာအော်ဟစ်သံကို ကြားရသည်ဖြစ်သည်။အနက်ရောင်မိုးကြိုးများ ထုတ်လွှတ်နေသော ရှစ်ဖုန့်ကို ကြည့်ကာ သူမက တီးတိုးရေရွတ်ပြောဆိုလိုက်၏။
ဝိညာဉ်စွမ်းအားများဖြင့် တောက်ပနေသော သူမ၏ မျက်လုံးတို့က ဖြည်းညှင်းစွာ ကျဉ်းမြောင်းသွားသည်။။ ထိုအခိုက်အတန့်တွင် သူမ ဘာကို တွေးတောနေသည်ကိုမူ မည်သူမျှ မသိနိုင်ကြပေ။
ဆက်ရန် .........................
ဘာသာပြန်သူ -ARISE
ငရဲဘုံကိုးခု ဧကရာဇ် စာစဉ်(၇၀)
အပိုင်း(၁၀၄၄)
"ဟားဟားဟား... ဟားဟားဟားဟား..."
ဧရာမ အနီရောင်ငရဲမီးကြာပန်းကြီး၏ ဘေးမှဟိန်းထွက်လာသော အနက်ရောင်မိုးကြိုးသံများ ၏နောက်မှလိုက်ပါ၍ ကျယ်လောင်သော ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။
ရှစ်ဖုန့်က အစိမ်းရောင်ဝတ်မိန်းကလေးနှင့် ကုန်းစွန်းထိုက်ယင်တို့ကို ကြည့်ကာ အထင်သေးမှုအပြည့်ဖြင့်မောက်မာဝင့်ကြွားစွာ ရယ်မောလိုက်သည်။
"ဘာလဲ... မင်းတို့ အမှိုက်နှစ်ကောင်က ကိုယ်တိုင်မတိုက်ရဲကြဘူးလား….. ဒီတိရစ္ဆာန် သုံးကောင်ကိုလွှတ်ပြီး ဒီသခင်လေးကို သတ်ခိုင်းတယ်ပေါ့လေ……မင်းတို့က ဒီသခင်လေးကို မသတ်ရဲဘူးဆိုရင်လည်း အခုပဲ ဒီကနေ လစ်လိုက်ကြတော့... ဒီသခင်လေးရှေ့မှာ လာပြီး လူရယ်စရာဖြစ်အောင် မလုပ်နဲ့"
ရှစ်ဖုန့်အနေဖြင့် ၎င်းတို့နှစ်ဦးအား ဒေါသထွက်လာအောင် နည်းမျိုးစုံစဉ်းစားကာ ဆွပေးနေခြင်း ဖြစ်သည်။ ၎င်းတို့ စိတ်လွတ်သွားလျှင်အကောင်းဆုံးဖြစ်ပြီး ထိုမှသာ သူက အနီရောင်ငရဲမီးကြာပန်းကို အသုံးပြု၍ အနိုင်ရနိုင်ခြေ ပိုများမည်ဖြစ်သည်။
ယခုအချိန်တွင် သူနှင့် ဤလူနှစ်ဦးမှာ တစ်ဖက်ဖက်က သေမှသာ အဆုံးသတ်မည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသာ မသေခဲ့လျှင် ၎င်းတို့ကသေချာပေါက် ဤအတိုင်း လက်လျှော့သွားကြမည်မဟုတ်ပေ။
ထွက်ပေါ်လာသော အနက်ရောင်မိုးကြိုးများမှာ ရှစ်ဖုန့်ထံသို့ ပြန်လည်လှိမ့်ဝင်လာသည်။ ကောင်းကင်ဘုံကိုးခု လှုပ်ခတ်မိုးကြိုး၏ စွမ်းအားအောက်တွင် ကြယ်နှစ်ပွင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ် သားရဲကြီးသုံးကောင်မှာ ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။
ကြယ်နှစ်ပွင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ် သားရဲကြီးသုံးကောင်မှာ ဤသို့ဖြင့် အလွယ်တကူ သေဆုံးသွားကြရသည်။
အနက်ရောင်မိုးကြိုးများအားလုံး ရှစ်ဖုန့်၏ ခန္ဓာကိုယ်အတွင်းသို့ လုံးဝပြန်လည်စုပ်ယူခံလိုက်ရပြီး သားရဲသုံးကောင်၏ သေခြင်းစွမ်းအင်၊ ဝိညာဉ်နှင့် သွေးများကို ဝါးမျိုလိုက်သောအခါတွင် ရှစ်ဖုန့်၏ ဒန်တန်အတွင်းရှိ စွမ်းအင်မှာ ဆယ်ပုံတစ်ပုံမှ ဆယ်ပုံနှစ်ပုံအထိ တိုးမြင့်လာသည်။
ရှစ်ဖုန့်၏ ဝိညာဉ်စွမ်းအားသည်လည်း ကြယ်ရှစ်ပွင့် ဧကရာဇ်နယ်ပယ်အစောပိုင်းမှ အလယ်အလတ်အဆင့်သို့ တက်လှမ်းသွားခဲ့သည်။
"တော်သေးတာပေါ့... ကံကောင်းလို့... ကုန်းစွန်းထိုက်ယင်ကြောင့်သာမဟုတ်ရင် ငါလည်း ဒီကောင်လေးဆီ ပြေးဝင်ပြီး သူ့ရဲ့ ဖျက်ဆီးခြင်း အနက်ရောင်မိုးကြိုးစွမ်းအားကြောင့် အပိုင်းပိုင်းဖြစ်သွားလောက်ပြီ"
အနက်ရောင်ရေလွှမ်းနဂါးက အနက်ရောင်မိုးကြိုးတို့အောက်၌ ပျောက်ကွယ်သွားသော သားရဲသုံးကောင်ကို ကြည့်ရင်း အကြောက်တရားများစွဲကျန်နေဆဲဖြစ်ကာ ထိတ်လန့်တုန်လှုပ်စွာဖြင့် တွေးနေမိသည်။
ထိုသားရဲသုံးကောင်မှာ သူ့ထက် အနည်းငယ်သာ အားနည်းကြသည်ကို အနက်ရောင်ရေလွှမ်းနဂါးအနေဖြင့်ခံစားမိသည်ဖြစ်သည်။
၎င်းတို့မှာ အနက်ရောင်မိုးကြိုး၏ စွမ်းအားအောက်တွင် ဖျက်ဆီးခံခဲ့ကြရ၏။ အကယ်၍ သူသာ ထိုခွေးမ၏ ထိန်းချုပ်မှုအောက်၌ ရှိနေသေးလျှင် သူလည်း ထိုမသေမျိုး နတ်ဆိုးခန္ဓာကိုယ်ထံ ပြေးဝင်မိပြီး ပြာအဖြစ်ပြောင်းသွားလောက်ပြီဖြစ်သည်။
"ငါ မှတ်မိပြီ"
ထိုစဉ် အနက်ရောင်ရေလွှမ်းနဂါး၏ အနက်ရောင် ဦးခေါင်းဘေး၌ ရှိနေသော လုံရှန်းက အံ့အားသင့်စွာဖြင့်ထပ်မံအော်ဟစ်လိုက်ပြီး ဆက်ပြောလိုက်သည်။
"အဲဒီတုန်းက... ထူးဆန်းတဲ့ အနက်ရောင်လျှပ်စီးတွေ ပေါ်လာတာကို ငါမြင်လို့ နတ်ဆိုးရိုင်းတောင်တန်းထဲ ဘာတွေဖြစ်ပျက်ခဲ့ဆိုတာအတိ
အကျသိရအောင်စုံစမ်းဖို့လာခဲ့တယ်…..”
“ ရှစ်ဖုန့်ရဲ့ အနက်ရောင်လျှပ်စီးတွေကို မြင်ဖူးသလိုလို ရှိနေတာကြာပြီ... အဲဒါ ငါမြင်ခဲ့ရတဲ့ ကောင်းကင်က ကျလာတဲ့ လျှပ်စီးတွေနဲ့ တစ်ထပ်တည်းပဲ…..သူက ဒီလိုလျှပ်စီးတွေကိုတောင် ထိန်းချုပ်နိုင်တာလား... သူ ဒီလောက်တောင် စွမ်းအားကြီးနေတာမအံ့ဩတော့ပါဘူး”
အခြားတစ်ဖက်တွင်မူ ကြေးနီရောင်စစ်ရထားပေါ်၌ရှိနေသာ ကုန်းစွန်းထိုက်ယင်က ဘေးမှ မိန်းကလေးကို လှည့်ပြောလိုက်သည်။
"ငါတို့ ဘယ်နဲ့ညာ ခွဲပြီး တိုက်ကြစို့….အဲဒီနတ်ဆိုးကောင်ရဲ့ အာရုံကို ခွဲပစ်ရမယ်…..ငါတို့ထဲက တစ်ယောက်ယောက်က အခွင့်အရေးရတာနဲ့ အဲ့ကောင်ကို ဒုက္ခိတဖြစ်အောင် ချက်ချင်းလုပ်ပစ်နိုင်တယ်…”
သို့သော် ရှစ်ဖုန့်အား အရိုးထဲမှ ဆက်ဆက်ခါအောင်မုန်းတီးနေသော မိန်ကလေးက ချက်ချင်းသဘောတူလိမ့်မည်ဟု ကုန်းစွန်းထိုက်ယင် ထင်ထားခဲ့သော်လည်း သူမ၏ပြောသံကိုကြားလိုက်ရသည်။
“ခဏစောင့်အုံး”
"အိုး..."
ကုန်းစွန်းထိုက်ယင်က အံ့အားသင့်စွာပြန်ဖြေသည်။
၎င်းက သူမ ဘာလုပ်မလဲဆိုသည်ကို သိချင်သဖြင့် စူးစမ်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။
သို့သော် မိန်းကလေးကထိုသို့ပြောပြီးနောက် ကုန်းစွန်းထိုက်ယင်ကို လျစ်လျူရှုထား၏။ သူမ၏အကြည့်က အဝေးမှ ရှစ်ဖုန့်အပေါ်သို့ကျရောက်နေပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
"မသေမျိုး နတ်ဆိုးခန္ဓာကိုယ်... နင့်ကို အသက်ရှင်နိုင်မယ့် လမ်းတစ်ခု ငါ ပေးနိုင်တယ်"
"မင်း..."
ကုန်းစွန်းထိုက်ယင်မှာ မိန်းကလေး၏ စကားကြောင့် ထိတ်လန့်သွားပြီး တုန်လှုပ်စွာမေးလိုက်သည်။
"မင်း ဘာတွေ ဖြစ်နေတာလဲ"
မိန်းမငယ်လေးကမူ ကုန်းစွန်းထိုက်ယင်ကို လျစ်လျူရှုထားဆဲ ဖြစ်ပြီး ရှစ်ဖုန့်ကိုသာ ဆက်လက်စိုက်ကြည့်နေသည်။
"အိုး... ဒီသခင်လေးကို အသက်ရှင်မယ့်လမ်း ပေးမယ် ဟုတ်လား"
မိန်းကလေး၏စကားအားကြားပြီးနောက် ရှစ်ဖုန့်က စိတ်ဝင်တစား ပြုံးလိုက်ပြီးပြောလိုက်သည်။
"ဒီသခင်လေးက တော်တော် သိချင်သွားပြီ….. ပြောစမ်းပါဦး... မင်းက ဒီသခင်လေးကို ဘယ်လိုလမ်းမျိုး ပေးမှာလဲ"
မိန်းကလေးက ဝင့်ကြွားစွာဖြင့် ပြော၏။
“နင်သာ ငါ့ဆီမှာ အညံခံပြီး ကူအယ်တောင် ကို သစ္စာခံမယ်…. ပြီးတော့ ငါနဲ့ သခင်နဲ့ကျွန် အမှတ်အသား ပြုလုပ်မယ်ဆိုရင် နင့်ကို မသတ်ရုံတင်မကဘူး... ငါနဲ့အတူ ကူအယ်တောင်ကို ပြန်ရောက်တဲ့အခါ နင့်ကို ကူအယ်တောင်ရဲ့တောင်စောင့်ကြပ်သူ အဖြစ် ခန့်အပ်ပေးနိုင်သေးတယ်"
"တောင်စောင့်ကြပ်သူလား... အဲဒါက ဘာလုပ်ရတာလဲ"
ရှစ်ဖုန့်က ပို၍ စိတ်ဝင်စားသွားဟန်ဖြင့် မေးလိုက်သည်။
မိန်းမငယ်လေးက ပြော၏။
"တောင်စောင့်ကြပ်သူဆိုတာ ကူအယ်တောင်ရဲ့ အဝင်အထွက် လမ်းမကြီးတွေကို တာဝန်ယူ စောင့်ကြပ်ရတဲ့သူပဲ"
တောင်စောင့်ကြပ်သူအကြောင်း မိန်းကလေး၏ရှင်းပြမှုကိုကြားပြီးနောက် ရှစ်ဖုန့်၏ နှုတ်ခမ်းထောင့်၌ အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
"ဆိုလိုတာက... ဒီသခင်လေးကကူအယ်တောင်ရဲ့ တောင်စောင့်ကြပ်သူ ဖြစ်လာရင် မင်းအတွက် တောင်စောင့်ကြပ်ပေးရမယ် ပေါ့လေ... ဟုတ်လား"
"ဟုတ်တယ်လို့လည်း ပြောလို့ရသလို မဟုတ်ဘူးလို့လည်း ဆိုနိုင်တယ်…. ဒါပေမဲ့ နင့်မှာ ရွေးချယ်စရာ မရှိဘူး….နင်သာ မသေမျိုး နတ်ဆိုးခန္ဓာကိုယ် ပိုင်ရှင်မဟုတ်ရင် အခုလောက်ဆို သေနေလောက်ပြီ…..”
“အခု နင် ငါ့ဆီမှာ အညံခံရင် အသက်ရှင်ခွင့်ရမယ်…အကယ်၍ နင်က သေလမ်းကို ရွေးချယ်မယ်ဆိုရင်တော့ နင့်ဆန္ဒကို ငါ ဖြည့်ဆည်းပေးလိုက်ရုံပဲ"
"ဟားဟားဟား... ဟားဟားဟားဟား... ဟားဟားဟားဟား..."
မိန်းကလေး၏စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်ကကျယ်လောင်စွာရယ်မောလိုက်ပြီးပြောလိုက်သည်။
"သောက်ခွေးမ..မင်းကတကယ်ကို ပြောရဲဆိုရဲ ရှိတာပဲ….ဒီသခင်လေးက ဘယ်လိုအဆင့်အတန်းမျိုးလဲ…ဘာလို့ ဒီသခင်လေးက မင်းလို သောက်ခွေးမဆီမှာ အညံ့ခံရမှာလဲ…ကူအယ်တောင်အတွက် တောင်စောင့်ပေးရမယ် ဟုတ်လား... မင်းလို သောက်ခွေးမမျိုးက အဲဒီလို ပြောဖို့ တန်လို့လား”
“ခွေးမ... မင်း ကိုယ့်ကိုယ်ကိုယ် မှန်ထဲ ပြန်ကြည့် ပြီးမှ ဒီသခင်လေးကို အဲဒီလိုစကားမျိုး ပြောဖို့ တန် မတန် စဉ်းစား….မင်းရဲ့ မျက်နှာက ရုပ်ဆိုးသလို စိတ်ထားကလည်း ယုတ်မာကောက်ကျစ်သေးတယ်..အကယ်၍ ဒီသခင်လေးသာ မင်းလိုရုပ်မျိုးနဲ့ မိန်းမတစ်ယောက် ဖြစ်နေမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်တာမှ ပိုကောင်းဦးမယ်"
"နင်... နင်... နင်... နင်ကတော့ သေချင်နေတာပဲ…နင်ကိုယ်တိုင်က သေလမ်းကို ရွေးတာဆိုတော့ ငါ့ကို လာမအပြစ်တင်နဲ့တော့"
ရှစ်ဖုန့်၏ စော်ကားစကားများကို ကြားသောအခါ အစိမ်းရောင်နှင့် မိန်းကလေးမှာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
မည်သည့်အမျိုးသမီးမဆို ရှစ်ဖုန့်ကဲ့သို့ "ခွေးမ" ၊ "ရုပ်ဆိုးမ" ဟု အပြောခံရလျှင် တည်ငြိမ်နေနိုင်မည် မဟုတ်ပေ။
ထို့ပြင် သူမမှာ ပါရမီရှင် မိန်းကလေးတစ်ဦးဖြစ်သော်လည်း ရှစ်ဖုန့်၏ ရိုင်းစိုင်းသော စကားလုံးများကြောင့် ဒေါသအလိပ်လိပ် ထွက်နေရသည်ဖြစ်သည်။
ထို့နောက် သူမက ဘေးမှ ကုန်းစွန်းထိုက်ယင်ကို ကြည့်ကာ ဟောက်လိုက်၏။
"ကုန်းစွန်းထိုက်ယင်... ကျွန်မနဲ့ လက်တွဲပြီး သူ့ကို သတ်ကြစို့… ဒီခွေးလိုအကောင်ကို ကျွန်မလက်နဲ့ကိုယ်တိုင် အပိုင်းပိုင်း ဆုတ်ဖြဲပစ်မယ်"
မိန်းကလေး၏ လှပသော မျက်နှာထက်တွင် ကြောက်မက်ဖွယ်ကောင်းသော အမူအယာတစ်ခု ပေါ်လာသည်။
"သတ်"
ကုန်းစွန်းထိုက်ယင်က အသံနိမ့်နိမ့်ဖြင့် အော်ဟစ်လိုက်သည်။ ထို့နောက် သူနှင့် အစိမ်းရောင်ဝတ်မိန်းကလေး၊ ၎င်းတို့အောက်ရှိ ကြေးနီရောင်စစ်ရထားကြီးတို့မှာ တစ်ပြိုင်နက်တည်း လှုပ်ရှားသွား၏။
မူလ သဘောတူညီချက်အတိုင်း ကုန်းစွန်းထိုက်ယင်က ဘယ်ဘက်သို့ လှည့်ထွက်သွားပြီး မိန်းမငယ်လေးနှင့် စစ်ရထားမှာ ညာဘက်သို့ လှည့်ထွက်သွားသည်။
ဘယ်၊ ညာ နှစ်ဖက်ခွဲ၍ ၎င်းတို့နှစ်ဦးက ရှစ်ဖုန့်ထံသို့ လျင်မြန်စွာ ချဉ်းကပ်လာကြ၏။
ကုန်းစွန်းထိုက်ယင်နှင့် မိန်းမငယ်လေးတို့ ထွက်ခွာသွားသည်ကို မြင်သောအခါ အနက်ရောင်ရေလွှမ်းနဂါးက ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဟားဟားဟား... အားရစရာကြီးဟေ့။ စောစောက အဲဒီမိန်းမကို ခွေးမ ရုပ်ဆိုးမလို့ ဆဲလိုက်တာ တကယ်ကို အားရစရာကြီးပဲ"
အစိမ်းရောင်နှင့် မိန်းကလေးက ၎င်းကို စစ်ရထားဆွဲရန် သားရဲတစ်ကောင်အဖြစ် ဖမ်းဆီးခဲ့ဖူးသဖြင့် အနက်ရောင်ရေလွှမ်းနဂါးမှာ ထိုအာဃာတနှင့် အရှက်ရမှုကို လုံးဝ မေ့နိုင်ခြင်းမရှိပေ။။
"ဟေ့... ဦးလေးအနက်ရောင်ရေလွှမ်းနဂါး... ဦးလေးက အနက်ရောင်ရေလွှမ်းနဂါးတစ်ကောင် မဟုတ်ဘူးလား…..အားရစရာ ဆိုတဲ့ စကားက ကျွန်တော်တို့ လူသားမျိုးနွယ်တွေ သုံးတဲ့ စကားလေ… ဦးလေးအတွက် အဲဒီစကားက သိပ်မကိုက်သလိုပဲနော်"
အနက်ရောင်ရေလွှမ်းနဂါး၏စကားတို့အားကြားပြီးနောက်လုံရှန်းကပြောလိုက်သည်။
"ဟမ့်..."
လုံရှန်း၏စကားတို့အားကြားသောအခါတွင် အနက်ရောင်ရေလွှမ်းနဂါးက နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။
"မင်းကတော့ တကယ်ကို ခေါင်းမာတဲ့ကောင်ပဲ…ဒါကြောင့်လည်း အခုထိ မိန်းမမရသေးတာနေမှာ"
လုံရှန်းမှာ ဘာပြန်ပြောရမှန်းမသိအောင်စွံ့အနေမိ၏။
အခြားတစ်ဖက်တွင် ကုန်းစွန်းထိုက်ယင်နှင့်အစိမ်းရောင်ဝတ် မိန်းကလေးတို့က လူခွဲကာ သူ့ထံသို့ တစ်ဟုန်ထိုးဦးတည်လာနေသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။ သူ၏ရယ်မောခြင်းကရပ်တန့်သွားပြီးဖြစ်ပြီး သူမျက်နှာကဖြည်းဖြည်းခြင်းထပ်မံလေး နက်တည်ကြည်လာသည်။
ဆက်ရန်…….