← Chapters

အခန်း (၄၅၅-၄၅၇)

Vol. 31 Ch. 455-457

အခန်း (၄၅၅-၄၅၇)

Vol. 31 Ch. 455-457

အခန်း ၄၅၅ - ဂိုဏ်းချုပ်၏ ရည်မှန်းချက်

ဟန်ရှန်းဝူ၏ အေးစက်သော အသံသည် စင်မြင့်ထက်တွင် ပဲ့တင်ထပ်သွားပြီးနောက် သူသည် ကိုယ်ကိုလှည့်လိုက်ရာ သူပိုင်ဆိုင်သည်ဟု ယုံကြည်နေသော အာဏာစက်ကြောင့် ဝတ်ရုံစအနားများမှာ လွင့်ခါသွားသည်။

တပည့်အချို့က ဘေးသို့ဖယ်ပေးလိုက်ကြပြီး လမ်းတစ်ခုကို အလိုအလျောက် ဖော်ဆောင်ပေးလိုက်ကြ၏။

သို့သော် ပိုင်ကျီဟန် မလှုပ်ရှားမီမှာပင် လက်တစ်ဖက်က ရှေ့သို့ထွက်လာကာ သူ့ကို တားဆီးလိုက်သည်။

"နေဦး”

ရင်းနှီးနေသော အသံပင်။

ပိုင်ရွှယ်ချင်း

သူမ၏ဘေးတွင် ချူကျီယန်လည်း ပါလာသည်။ ချူကျီယန်သည် ယခင်က ပိုင်ကျီဟန်၏ ဆက်ဆံပုံကို ပြန်လည်သတိရသွားကာ အနည်းငယ် အရှက်ရသလိုနှင့် အံ့အားသင့်နေပုံရသည်။

ဟန်ရှန်းဝူသည် ခြေလှမ်းကို ရပ်လိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်ရာ စိတ်အနှောင့်အယှက်ဖြစ်မှုများက မျက်နှာပေါ်တွင် ဖြတ်ပြေးသွားသည်။

"ပိုင်ရွှယ်ချင်း?" သူက မျက်မှောင်ကြုတ်လိုက်ပြီး "ဒါက ဘာလဲ? နင်ကပါ ဝင်စွက်ဖက်ဖို့ ကြံနေတာလား?"ပိုင်ရွှယ်ချင်းသည် သူ့ကို လုံးဝ လျစ်လျူရှုထားလိုက်သည်။

သူမသည် ပိုင်ကျီဟန်အနားသို့ တိုးသွားပြီး သူတစ်ယောက်တည်း ကြားနိုင်မည့် လေသံဖြင့် တိုးတိုးလေး မေးလိုက်သည်။

"နင် ဒီကို ဘာလာလုပ်တာလဲ"

သူမ၏ လေသံမှာ အပြစ်တင်နေခြင်း မဟုတ်ပေ။

ပိုင်ကျီဟန်သည် လူစဉ်မမှီသည့်အခြေအနေ မဟုတ်မှန်း သူမ သိထားပြီး သူ၏ အင်အားနှင့်ဆိုလျှင် အကြီးအကဲဟန်ကို ဖြေရှင်းနိုင်မည်ဟု သူမ ယုံကြည်သည်။

သို့သော်လည်း ဤနေရာသည် ရန်သူ့နယ်မြေ ဖြစ်နေဆဲဖြစ်ပြီး ၎င်းတို့၏ ဂူထဲသို့ ဝင်သွားလျှင် ဘာတွေဖြစ်လာမည်ကို မည်သူ သိနိုင်ပါမည်နည်း။

ပိုင်ကျီဟန်သည် မဟာအကြီးအကဲ တစ်ဦးတစ်ယောက်ကိုပင် ခေါ်မလာခဲ့ပေ။

(အဖေက သူ့ကို ဘယ်လိုများ လွှတ်လိုက်တာလဲ?)

ပိုင်ရွှယ်ချင်း တွေးနေမိသည်။

ပိုင်ကျီဟန်တွင် ကျင့်စဉ်စွမ်းအား မရှိတော့ဘူးဟု သူ့အဖေ ယုံကြည်နေသရွေ့ အထူးသဖြင့် လုပ်ကြံသတ်ဖြတ်မှု ကြုံတွေ့ခဲ့ရပြီးနောက် ပိုင်အိမ်တော်ကနေ ထွက်ခွာခွင့် ပေးလိမ့်မည် မဟုတ်ပေ။

အကယ်၍ ထွက်ခွာခွင့်ပေးခဲ့လျှင်တောင် အနည်းဆုံးတော့ အစောင့်အရှောက်အဖြစ် မဟာအကြီးအကဲ တစ်ဦးဦးကို လွှတ်လိုက်မှာ အသေအချာပင်။

ပိုင်ကျီဟန်က ခေါင်းကို အနည်းငယ် စောင်းကာ သူမကို ကြည့်လိုက်သည်။

အလွန်ပင် နီးကပ်လှသဖြင့် သူမသည် သူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။

ထိုခဏအတွင်းမှာပင်

သူမ၏ မျက်မှောင်များ ကြုတ်သွား၏။

(သူ အရပ် ပိုရှည်လာတာလား?)

ထိုအတွေးက မသိစိတ်ထဲသို့ ဝင်လာသည်။

ဘာလဲဆိုတာကို သူမ အတိအကျ မသိသော်လည်း ပိုင်ကျီဟန်တွင် ထူးထူးခြားခြား ပြောင်းလဲသွားသည်ကို သူမ ရှင်းရှင်းလင်းလင်း ခံစားနေရသည်။

သူမသည် စိတ်အာရုံလွင့်ပျံ့မှုကို ဖယ်ရှားလိုက်ပြီး အာရုံစိုက်လိုက်သည်။

ပိုင်ကျီဟန်က သူမကို ကြည့်ကာ ပြုံးလိုက်၏

"ချစ်ရတဲ့ အစ်မကြီး..." ပိုင်ကျီဟန်က စနောက်သလို တိုးတိုးသော်လည်း ပြတ်သားသော အသံဖြင့် ဆိုသည်။ "ကျွန်တော့်အတွက် စိတ်ပူနေဖို့ မလိုပါဘူး"

သူက သူမကို ကျော်လွန်၍ ဟန်ရှန်းဝူကို ကြည့်လိုက်သည်။

"ကျွန်တော်က အကြီးအကဲဟန်နဲ့ သွားတွေ့ရုံပါပဲ"

ထိုစကားလုံးများက ပေါ့ပေါ့ပါးပါးပင်။

သို့သော် သက်ရောက်မှုကတော့ ချက်ချင်းပင် ထွက်ပေါ်လာသည်။

ဟန်ရှန်းဝူ၏ မျက်နှာမှာ ပျက်ယွင်းသွား၏

"အကြီးအကဲ ဟုတ်လား?"

သူက အော်ဟစ်လိုက်ပြီး မျက်လုံးထဲတွင် ဒေါသတွေ တောက်လောင်လျက် ကိုယ်ကို အပြည့်အဝ လှည့်လိုက်သည်။

"ပါးစပ်ကို ပြင်ပြောစမ်း ပိုင်ကျီဟန်”

သူ၏ အရှိန်အဝါများသည် ထက်ရှပြီး ဖိနှိပ်မှုအပြည့်ဖြင့် ထွက်ပေါ်လာသည်။

"အခု ငါ့အဖေက ဂိုဏ်းချုပ်ပဲ၊ စကားပြောတဲ့အခါ ရိုသေမှု ရှိစမ်း”

ပိုင်ကျီဟန်က သူ့ကို တစ်ခုခုကို သဘောကျနေသည့်ပုံစံဖြင့် ကြည့်လိုက်ပြီးမှ ပခုံးတွန့်ပြလိုက်သည်။

"ဘာလို့လဲ?"

စင်မြင့်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

ပိုင်ကျီဟန်က အေးအေးဆေးဆေးပင် ဆက်ပြောသည် ။

"ငါက မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် မိစ္ဆာအကြီးအကဲတွေကို သတ်ခဲ့ဖူးတယ်"

သူ ခေတ္တရပ်လိုက်သည်။

"အဆင့် ၁၀ မိစ္ဆာသားရဲ အကောင်ပေါင်းများစွာကိုလည်း သတ်ခဲ့ဖူးတယ်"

သူက ခေါင်းကို အနည်းငယ် စောင်းလိုက်၏

"ငါနဲ့ ယှဉ်ရင် အကြီးအကဲဟန်က ဘာတွေ အောင်မြင်ခဲ့လို့လဲ?"

ထိုစကားလုံးများသည် တူဖြင့် ထုလိုက်သကဲ့သို့ပင်။

ငြင်းပယ်၍မရသော ပြင်းထန်သည့် အမှန်တရားများ။

ပတ်ဝန်းကျင်ရှိ တပည့်များမှာ တောင့်တင်းသွားကြ၏

အချို့မှာ အသက်ရှူပင် မှားသွားကြသည်။

ဟန်ရှန်းဝူသည် ပါးစပ်ဟလိုက်

ပြန်ပိတ်လိုက်နှင့် ဖြစ်နေပြီး

မျက်နှာမှာ မှောင်ကျသွားသည်။

သူ့တွင် ပြန်လည်ချေပရန် စကားလုံး မရှိပေ။

အဘယ်ကြောင့်ဆိုသော် လူတိုင်းသည် ၎င်းက အမှန်တရားဖြစ်ကြောင်း သိနေကြသောကြောင့် ဖြစ်သည်။

"မင်း” ဟန်ရှန်းဝူက နောက်ဆုံးတွင် ဟိန်းဟောက်လိုက်ပြီးမှ ရက်ရက်စက်စက် ကဲ့ရဲ့လိုက်သည်။ "ဒါတွေက အတိတ်ပဲ”

သူက ပိုင်ကျီဟန်ကို လက်ညှိုးငေါ့ငေါ့ထိုးလေ၏

"အခု မင်းက လူစဉ်မမှီတဲ့ကောင်၊ ကျင့်စဉ်စွမ်းအားတောင် မလည်ပတ်နိုင်တဲ့ကောင်၊ မင်းက ငါ့အဖေရဲ့ ဖိနပ်ကို သယ်ပေးဖို့တောင် မထိုက်တန်ဘူး”

သူ၏ မျက်လုံးများထဲတွင် မနာလိုမှုများ တောက်လောင်နေသည်။

"စကားတွေ အများကြီး ပြောမနေနဲ့တော့" ဟန်ရှန်းဝူက အေးစက်စွာ ဆိုသည်။ "ငါ့နောက်ကို လိုက်ခဲ့”

"မင်း လိုချင်သလိုပဲ... စနစ်တကျ နှင်ထုတ်ပေးရမှာပေါ့"

ဟန်ရှန်းဝူသည် ပိုင်ကျီဟန်နှင့် ထပ်မံ၍ အငြင်းမပွားလိုတော့ပေ။ ဤနေရာမှာ ရပ်နေရခြင်းကပင် သူ၏ သက်တမ်းကို တိုစေသကဲ့သို့ ခံစားနေရသည်။

"ကျွန်မလည်း လိုက်မယ်”

ပိုင်ရွှယ်ချင်းက ချက်ချင်းပင် ရှေ့သို့ တိုးလာသည်။

ဟန်ရှန်းဝူကလည်း ချက်ချင်းပင် တုံ့ပြန်လိုက်၏

"မရဘူး” သူက ခပ်ပြတ်ပြတ် ဟန့်တားလိုက်သည်။ "ဒါက နင်နဲ့ ဘာမှမဆိုင်ဘူး”

သူ၏ လေသံသည် အကာအကွယ်ပေးလွန်းနေသည်။

အလွန်အမင်း အကာအကွယ်ပေးလွန်းနေခြင်းပင်။

ပိုင်ရွှယ်ချင်း မျက်မှောင်ကြုတ်လိုက်မိသည်။ သူမ၏ မျက်ဝန်းထဲတွင် သံသယများ ဖြတ်ပြေးသွား၏။

ပိုင်ကျီဟန်လည်း ဒါကို သတိထားမိသည်။

သူက ပိုင်ရွှယ်ချင်းကို ကြည့်ပြီး ခေါင်းကို ခပ်ဖွဖွ ခါယမ်းလိုက်သည်။

"ရပါတယ်" သူက တည်ငြိမ်စွာ ဆိုသည်။ "အစ်မ လိုက်လာဖို့ မလိုပါဘူး"

သူက သူမအနားသို့ တိုးသွားပြီး သူမတစ်ယောက်တည်း ကြားရုံလေး ပြောလိုက်သည်။

"ကျွန်တော် ခဏလေးအတွင်းမှာ ပြန်လာခဲ့မယ်"

ဟန်ရှန်းဝူက နှာခေါင်းရှုံ့လိုက်သော်လည်း ဘာမှတော့ မပြောပေ။

ပိုင်ရွှယ်ချင်းသည် စိုးရိမ်နေဆဲ ဖြစ်သော်လည်း ခေါင်းညိတ်လိုက်သည်။

သူမ ဘာမှမတတ်နိုင်သလို၊ ပိုင်ကျီဟန်၏ အလုပ်ကိုလည်း နှောင့်နှေးစေမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

ပိုင်ကျီဟန် ရှေ့သို့ လှမ်းလိုက်သည်။

ခုန်ကျန်းဟုန်သည်လည်း သူ့နောက်မှ တစ်လှမ်းအကွာတွင် အေးစက်ပြီး နိုးနိုးကြားကြားရှိသော မျက်နှာပေးဖြင့် ချက်ချင်း လိုက်ပါလာသည်။

ဟန်ရှန်းဝူက ခုန်ကျန်းဟုန် ပါလာသည်ကို တစ်ချက်ကြည့်ကာ ကဲ့ရဲ့လိုက်သော်လည်း မတားခဲ့ပေ။

ခုန်ကျန်းဟုန် ရှိနေခြင်းမှာ ဘာမှ အရေးမပါသကဲ့သို့ပင်။

ထိုအုပ်စုသည် ကောင်းကင်ဓားဂိုဏ်း၏ အတွင်းပိုင်းသို့ ဝင်လာခဲ့ကြသည်။

ဓားကျောက်တိုင်များကို ဖြတ်ကျော်လာပြီးနောက် ဝင်းခြံများသည် တစ်ခုပြီးတစ်ခု ပေါ်လာသည်။

အပြင်ဘက် လေ့ကျင့်ရေးကွင်းများတွင် တပည့်များမှာ ပွင့်ပွင့်လင်းလင်းပင် ကျင့်ကြံနေကြသည်။

ကျင့်စဉ်စွမ်းအားများသည်လည်း ပြင်းထန်နေ၏။

ပိုင်ကျီဟန်၏ အကြည့်က သူတို့ကို ပေါ့ပေါ့ပါးပါး ဖြတ်ကြည့်လိုက်၏

ထို့နောက်

ချက်ချင်းဆိုသလို သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ခြေလှမ်းများ ရပ်တန့်သွားသည်။

ဟန်ရှန်းဝူက မျက်မှောင်ကြုတ်ကာ စိတ်မရှည်စွာဖြင့် လှည့်ကြည့်လာ၏

"အခု ဘာဖြစ်ပြန်တာလဲ?"

ပိုင်ကျီဟန်က လေ့ကျင့်ရေးကွင်းဘက်သို့ ကြည့်လိုက်သည်။

တပည့်အချို့သည် တင်ပျဉ်းခွေထိုင်နေကြပြီး သူတို့ပတ်ဝန်းကျင်တွင် စီးဆင်းနေသော ဝိညာဉ်စွမ်းအားများမှာ အလွန်ပင် ရင်းနှီးနေသော ပုံစံမျိုး ဖြစ်နေသည်။

သူတို့၏ ကျင့်စဉ်စွမ်းအား လည်ပတ်မှုမှာ အလွန်တိကျသော စည်းချက်တစ်ခုအတိုင်း ရှိနေပြီး ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်အဆီအနှစ်များကို သူတို့၏ သွေးကြောများအတွင်းသို့ ဆွဲသွင်းကာ ပိုင်ကျီဟန် မျက်စိမှိတ်ထားလျှင်ပင် သိနိုင်သော သဟဇာတဖြစ်သည့် သံသရာတစ်ခုအတိုင်း သန့်စင်နေကြခြင်း ဖြစ်သည်။

ကောင်းကင်အမိန့်တော်တစ်သားတည်းဖြစ်ခြင်းအတတ်

"သူတို့အားလုံး ကောင်းကင်အမိန့်တော်တစ်သားတည်းခြင်း အတတ်ကို ကျင့်နေကြတာလား?"

သူက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

ဟန်ရှန်းဝူက အဓိပ္ပာယ်မရှိတာကို ကြားလိုက်ရသလိုမျိုး နှာခေါင်းရှုံ့လိုက်၏

"ဘာဖြစ်လဲ?" သူက ကဲ့ရဲ့လိုက်သည်။ "မင်းက အခု ဘာကို ဆိုလိုချင်နေတာလဲ?"

သူက လက်ပိုက်လိုက်လေ၏

"မင်းရဲ့ ပိုင်မျိုးနွယ်စု ကျင့်စဉ်ကို ကောင်းကင်ဓားဂိုဏ်းက ခိုးယူပါတယ်လို့ စွပ်စွဲတော့မလို့လား?"

သူ၏ နှုတ်ခမ်းများသည် လှောင်ပြောင်သလိုမျိုး အထက်သို့ ကွေးတက်သွားသည်။

ပိုင်ကျီဟန်က ခေါင်းကို ခပ်ဖွဖွ ခါယမ်းလိုက်သည်။

"မဟုတ်ပါဘူး" ဟု သူက ဆိုသည်။ "မေးကြည့်ရုံတင်ပါ"

သူ၏ အကြည့်က ဟန်ရှန်းဝူထံသို့ ပြန်ရောက်သွား၏

"မင်းရော အဲဒါကို ကျင့်လား?"

ဟန်ရှန်းဝူသည် ခဏမျှ တောင့်တင်းသွားသည်။

ထို့နောက် သူက ကျယ်လောင်စွာ ရယ်မောလိုက်၏

"ကျင့်တော့ ဘာဖြစ်လဲ?" သူက မောက်မာစွာ ဆိုသည်။ "အခု လူတိုင်း ဒါကို ကျင့်နေကြတာပဲ"

သူက ရှေ့သို့ တိုးလာပြီး ကဲ့ရဲ့ရှုံ့ချသော မျက်လုံးများဖြင့်

"မင်းမှာ ပြဿနာရှိရင်" ဟန်ရှန်းဝူက နှာခေါင်းရှုံ့လိုက်ရင်း "မင်းရဲ့ ပိုင်မျိုးနွယ်စုကို သွားမေးလိုက်လေ"

"ဒါကို အလကား လျှောက်ဝေခဲ့တာ မင်းတို့လူတွေ မဟုတ်ဘူးလား?"

ပိုင်ကျီဟန်က တိတ်ဆိတ်စွာ နားထောင်နေသည်။

ထို့နောက်

သူက ပြုံးလိုက်၏။

"အော်... အဲဒီလိုလား" သူက တိုးတိုးလေး ဆိုသည်။

သူက ရှေ့သို့ ပြန်လှည့်ကာ အေးအေးဆေးဆေးပင် ဆက်လက် လျှောက်လှမ်းလာခဲ့သည်။

ခုန်ကျန်းဟုန်သည် သူ့ကိုတစ်ချက်၊ ကျင့်ကြံနေသော တပည့်များကိုတစ်ချက် ကြည့်လိုက်ပြီး မျက်လုံးများ မှောင်ကျသွားသော်လည်း ဘာမှတော့ မပြောပေ။

သူတို့နောက်တွင်တော့ ဟန်ရှန်းဝူက နှာခေါင်းရှုံ့လျက်

"လေကြီးနေတာ" သူက ရေရွတ်လိုက်သည်။ "ကိုယ့်ကိုယ်ကိုယ် အရေးပါနေတုန်းလို့ ထင်နေတာပဲ"

ပိုင်ကျီဟန်က ပြန်မပြောခဲ့ပေ။

သို့သော် သူ၏ စိတ်ထဲတွင်မူ အရာအားလုံးက ရှင်းလင်းနေသည်။

(ငါ ထင်ထားတာထက်တောင် ပိုပြီး လွယ်ကူဦးမှာပဲ)

ပင်မခန်းမကြီးသည် ရှေ့တွင် ထင်ရှားစွာ ပေါ်လာသည်။

ပိုင်ကျီဟန်သည် ခန်းမအတွင်းသို့ လှမ်းဝင်လိုက်သည်။

ခုန်ကျန်းဟုန်ကလည်း ပတ်ဝန်းကျင်ကို နိုးနိုးကြားကြား စောင့်ကြည့်ရင်း နောက်မှ လိုက်ပါလာခဲ့သည်။

ပိုင်ကျီဟန် ခန်းမတံခါးဝကို ဖြတ်ကျော်လိုက်သည်နှင့် သူ၏ အကြည့်များက ခန်းမ၏ ရှေ့ဘက်သို့ ရောက်သွားချေ၏

ခေတ္တမျှ ရပ်တန့်သွားသည်။

ယခင်က ရိုးရှင်းပြီး တည်ငြိမ်လှသော ဂိုဏ်းချုပ်နေရာတွင် ယခုအခါ ပလ္လင်တစ်ခုက နေရာယူထားသည်။

ထိုင်ခုံတစ်ခု မဟုတ်တော့ပေ။

ရာဇပလ္လင် တစ်ခုပင်။

ကျောက်စိမ်းဖြင့် ထွင်းထုထားပြီး ယခင်ကထက် ပိုမိုမြင့်မားသည့်အပြင် လက်ရန်းများတွင်လည်း ကြောက်ရွံ့မှုနှင့် အညံ့ခံမှုကို ဖြစ်ပေါ်စေသည့် မောက်မာလှသော ဓားပုံစံများကို ထွင်းထုထားသည်။

ပိုင်ကျီဟန်၏ နှုတ်ခမ်းများက ခပ်ယဲ့ယဲ့ ကွေးတက်သွားသည်။

(ထိုင်ခုံကိုတောင် ပြောင်းပစ်လိုက်တာလား။)

ရည်မှန်းချက်တွေကတော့ အထင်သားပင်။

ဟန်ရှန်းဝူသည် စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ဘဲ ရှေ့သို့ အားတက်သရော လှမ်းသွားသည်။ "အဖေ” သူက ဂုဏ်ယူဝင့်ကြွားသော အသံဖြင့် အော်ဟစ်လိုက်သည်။ "ကျွန်တော် ပိုင်ကျီဟန်ကို ခေါ်လာခဲ့ပြီ”

ထိုအချိန်တွင် ပိုင်ကျီဟန် နားလည်သွားသည်။

ဟန်ရှန်းဝူ သူ့ကို လမ်းမှာ တားဆီးခဲ့စဉ်ကတည်းက

၎င်းသည် အမြဲတမ်း သူတို့ ပန်းတိုင် ဖြစ်နေခဲ့တာပင်။

သူ့ကို ဒီကို ခေါ်လာဖို့ပင်

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။

ရာဇပလ္လင်ပေါ်တွင် အကြီးအကဲဟန်သည် မျက်လုံးများကို မှိတ်ထားပြီး လက်ရန်းပေါ်တွင် လက်များကို တည်ငြိမ်စွာ တင်ထားသည်။ သူက အစကတည်းက စောင့်နေခဲ့သည့်အတိုင်းပင်။

ဖြည်းဖြည်းချင်း သူ၏ မျက်လုံးများ ပွင့်လာသည်။

ထက်ရှပြီး တွက်ချက်တတ်သော မျက်လုံးများ။

ထိုမျက်လုံးများက ပိုင်ကျီဟန်အပေါ်တွင် ကျရောက်လာသည်။

"ရောက်လာပြီပဲ" အကြီးအကဲဟန်က တည်ငြိမ်စွာ ဆိုလိုက်ရာ သူ၏ အသံသည် ခန်းမတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။

"ကောင်းတယ်”

သူ၏ အကြည့်က ပိုင်ကျီဟန်အပေါ်တွင် တန့်နေပြီး တစ်စုံတစ်ခုကို တိုင်းတာနေ၊ စမ်းသပ်နေသကဲ့သို့ ရှိသည်။

သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးယောင်ယောင် ဖြတ်ပြေးသွား၏။

ထို့နောက်

ဝုန်း

ကြီးမားလှသော ကျောက်သားတံခါးကြီးများသည် အလိုအလျောက် ပိတ်သွားတော့သည်။

တံခါးအစပ်များတွင် ရှေးဟောင်းအခင်းအကျင်းစာလုံးများ လင်းလက်တောက်ပလာပြီး ထက်ရှသော သတ္တုသံများနှင့်အတူ ဓားအခင်းအကျင်းများက နေရာတကျ ရှိသွားကြသည်။

ခုန်ကျန်းဟုန်၏ မျက်နှာပေးမှာ ချက်ချင်း ပြောင်းလဲသွားသည်။

သူသည် ကိုယ်ကို လှည့်လိုက်ပြီး လက်က ဓားဆီသို့ ရောက်သွားကာ

ရိပ်ခနဲ လှုပ်ရှားမှုနှင့်အတူ လူရိပ်အချို့က ခုန်ကျန်းဟုန်၏ နောက်ဘက်တွင် ပေါ်လာကြသည်။

၎င်းတို့မှာ ဟန်ရှန်းဝူ၏ လက်ကိုင်တုတ်များပင်။

ကြိုတင်ပြင်ဆင်ပြီး စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

၎င်းတို့၏ စုပေါင်းအရှိန်အဝါများသည် ခုန်ကျန်းဟုန်ကို ဝိုင်းရံပိတ်ဆို့လိုက်ပြီး အခင်းအကျင်းက သူ၏ လှုပ်ရှားမှုများကို ချုပ်တည်းပစ်လိုက်သည်။

"ခုန်ကျန်းဟုန်” တစ်ဦးက ဟောက်လိုက်သည်။ "မလှုပ်နဲ့”

ခုန်ကျန်းဟုန်မှာ ရုန်းကန်နေရပြီး လည်ပင်းကြောများ ထောင်ထွက်လာသည်အထိ ခေါင်းကို အတင်းလှည့်လေ၏

"သခင်လေး” သူက အရေးတကြီး အော်ဟစ်လိုက်သည်။ "အခုချက်ချင်း ထွက်သွားပါတော့”

သူ့ပတ်ဝန်းကျင်က ဖိအားများမှာ ပို၍ ပြင်းထန်လာသည်။

သို့သော်လည်း

ပိုင်ကျီဟန်က မလှုပ်မယှက်ပင်။

နောက်သို့ပင် လှည့်မကြည့်ခဲ့ပေ။

သူသည် ခန်းမအလယ်တွင် လက်နှစ်ဖက်ကို နောက်ပစ်လျက် အေးအေးဆေးဆေးပင် ရပ်နေသည်။ ပိတ်ထားသော တံခါးများနှင့် အသက်ဝင်နေသော အခင်းအကျင်းများသည် သူ့အတွက် အလှဆင်ပစ္စည်းမျှသာ ဖြစ်နေသကဲ့သို့ပင်။

အကြီးအကဲဟန်က ဒါကိုကြည့်ပြီး သိသိသာသာ သဘောကျနေပုံရသည်။

"ပိုင်ကျီဟန်” သူက ရာဇပလ္လင်ကို မှီလိုက်ပြီး လက်ရန်းပေါ်ကို လက်ချောင်းများဖြင့် ခပ်ဖွဖွပုတ်ကာ အေးအေးဆေးဆေး ဆိုသည်။ "မင်း ဘယ်လောက်တောင် ဒုက္ခရောက်နေပြီလဲဆိုတာ မင်းသိရဲ့လား?"

သူ့မျက်လုံးများက တောက်ပနေ၏

"မင်း ဒီကနေ ပြန်ထွက်သွားနိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား?"

ပိုင်ကျီဟန်က နောက်ဆုံးတွင် သူ့ကို ကြည့်လိုက်သည်။

သူ၏ အကြည့်သည် တည်ငြိမ်နေ၏။

ပျင်းရိနေသည့်ပုံပင် ပေါက်နေသေးသည်။

သူက ခပ်တိုးတိုး ရယ်မောလိုက်၏

"ပြီးတော့ မင်းလို လူစားမျိုးကရော အတိအကျ ဘာလုပ်နိုင်မှာမလို့လဲ?"

ပိုင်ကျီဟန်က ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။

"လီမျိုးနွယ်စု ဒါမှမဟုတ် ကျောက်မျိုးနွယ်စုရဲ့ ဖိနပ်ကို သွားလျက်ပေးမှာလား?"

ခန်းမအတွင်းရှိ အပူချိန်မှာ ချက်ချင်းပင် ထိုးကျသွားသည်။

အကြီးအကဲဟန်၏ မျက်နှာမှာ မှောင်ကျသွား၏။

သူ၏ လက်ချောင်းများသည် ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။

"မင်း ရဲတင်းလှချည်လား" သူက အော်ဟစ်လိုက်ရာ အရှိန်အဝါများက ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်။ "ငါ့မှာ ဘယ်သူ့အကူအညီမှ မလိုဘူး”

သူသည် ရာဇပလ္လင်ပေါ်မှ ထလိုက်ရာ ဓားရည်ရွယ်ချက်များသည် မုန်တိုင်းတစ်ခုကဲ့သို့ ထွက်ပေါ်လာသည်။

"ငါက ကောင်းကင်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ”အကြီးအကဲဟန်က ဂုဏ်ယူဝင့်ကြွားစွာ ကြေညာလိုက်သည်။ "ကောင်းကင် အင်ပါယာရဲ့ အင်အားအကြီးဆုံးဂိုဏ်းပဲ”

သူ၏ အသံမှာ ခန်းမတစ်ခုလုံး ဟိန်းထွက်သွားသည်။

"ငါ့အမိန့်အောက်မှာ ကောင်းကင်ဓားဂိုဏ်းရှိနေရင် ငါက ဘယ်သူ့ကို ဦးညွှတ်နေစရာ လိုသေးလဲ?”

ပိုင်ကျီဟန်က ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြလေ၏

"ဟုတ်တာပေါ့" သူက ခနဲ့တဲ့တဲ့ ဆိုသည်။

"ဟုတ်တာပေါ့”

သူ၏ လေသံထဲက ရွဲ့စောင်းမှုမှာ ထင်ရှားလွန်းလှသည်။

ထို့နောက် သူက ခေါင်းကို အနည်းငယ် စောင်းလိုက်ချေသည်။

"ဒါဆိုရင်..." ပိုင်ကျီဟန်က တည်ငြိမ်စွာ ဆက်ပြောသည် "ဘာဖြစ်လို့ ငါ့ကို လိုအပ်နေရတာလဲ?"

ထိုမေးခွန်းက အချက်ကျကျပင် ထိမှန်သွားသည်။

အကြီးအကဲဟန်က သူ့ကို အကြာကြီး စိုက်ကြည့်နေသည်။

ထို့နောက်

သူ ရယ်မောလိုက်သည်။ ကျေနပ်အားရနေသော ရယ်သံပင်။

"ဓားစာခံပေါ့" အကြီးအကဲဟန်က ပြတ်သားစွာ ပြောလိုက်သည်။

ထိုစကားလုံးက ပဲ့တင်ထပ်သွား၏။ "ငါ့မျက်လုံးထဲမှာ မင်းက ဘာမှတန်ဖိုးမရှိပေမဲ့" သူက တွက်ချက်တတ်သော အကြည့်ဖြင့် ဆက်ပြောသည် "ပိုင်မျိုးနွယ်စုအတွက်ဆိုရင်ရော?"

သူက ပြုံးလိုက်၏

"မင်းက တန်ဖိုးဖြတ်လို့မရတဲ့သူပဲ"

"သူတော်စင်အဆင့်လို့ သတင်းထွက်နေတဲ့ ကျင့်စဉ်နဲ့ မင်းကို လဲလှယ်ရမှာပေါ့”

အကြီးအကဲဟန်သည် ယုံကြည်မှုအပြည့်ဖြင့် ဆိုလိုက်သည်။

သူ၏ မျက်လုံးများထဲတွင် လောဘဇောများ အထင်သား တောက်ပနေသည်။

သူ၏ စိတ်ထဲတွင် မြင်ကွင်းတစ်ခုက ပြန်လည်ပေါ်လာသည်

ပိုင်ရမ်။

မဟာအကြီးအကဲများ။

ရိုက်ခတ်မှု

ပြီးတော့ ကောင်းကင်နဲ့ မြေကြီးကို တုန်ခါသွားစေသည့် ပြင်းထန်လှေသာ ထိုးနှက်ချက်ကြီး။

(အဲဒီအင်အားသာ ငါ့မှာ ရှိရင်...)

(လီမျိုးနွယ်စုက ဘာလဲ? ကျောက်မျိုးနွယ်စုက ဘာလဲ? ပိုင်မျိုးနွယ်စုကကော ဘာလဲ?)

(ဧကရာဇ်မိသားစုတောင် ငါ့ကို ဦးညွှတ်ရလိမ့်မယ်။)

အကြီးအကဲဟန်၏ အပြုံးသည် ပို၍ ကျယ်ပြန့်လာ၏"မင်းသာ ငါ့လက်ထဲမှာ ရှိနေရင်" သူက ဖြည်းဖြည်းချင်း ဆိုသည် -"အရာအားလုံးက ငါ့ဆီကို ရောက်လာမှာပဲ”

အခန်း ၄၅၆ အုပ်စိုးရှင်ဖြစ်လိုသူ၏ မောက်မာမှု

အကြီးအကဲဟန်သည် သူကိုယ်တိုင် ဤအင်ပါယာကြီးကို အမှန်တကယ် အုပ်စိုးနိုင်တော့မည်ဟု ထင်မှတ်နေခဲ့သည်။

သူ၏လက်ထဲတွင် ပိုင်ကျီဟန်ရှိနေသရွေ့ ပိုင်မျိုးနွယ်စုထံမှ အဖိုးတန်လှသော ကျင့်စဉ် နည်းစနစ်များကို အလွယ်တကူ ခြိမ်းခြောက်တောင်းခံနိုင်မည်မှာ အသေအချာပင်။

ဤကဲ့သို့ အမြုတေပျက်စီးနေသည့် လူပိုတစ်ယောက်ကို ပိုင်မျိုးနွယ်စုက ဘာကြောင့် အလေးထားနေသေးသလဲဆိုသည်ကို သူနားမလည်သော်လည်း သူတို့ဘက်က မဖြစ်မနေ လဲလှယ်ကြလိမ့်မည်ကိုမူ သူကောင်းကောင်းသိသည်။

သို့သော် အကြီးအကဲဟန်၏ ရည်မှန်းချက်က ထိုမျှနှင့်တင် ရပ်တန့်မသွားခဲ့ပေ။

ပိုင်မျိုးနွယ်စုသာ ကတိအတိုင်း ကျင့်စဉ်များကို လွှဲပြောင်းပေးလာလျှင်ပင်၊ သူကတော့ သူ့ကတိကို တည်မည့်သူမဟုတ်ပေ။

သူ၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

သူတော်စင်အဆင့် ဓားသိုင်းကျင့်စဉ်ကို လက်ဝယ်ရရှိသည်နှင့် တပြိုင်နက် ပိုင်ကျီဟန်အား လီ-ကျောက် မဟာမိတ်ထံသို့ အပ်နှံလိုက်မည် ဖြစ်သည်။

အကြီးအကဲဟန်၏ မျက်လုံးများက တလက်လက် တောက်ပနေသည်။

ပိုင်ကျီဟန်ကို ဖမ်းဆီးနိုင်သူအတွက် ပေးအပ်မည့် ဆုလာဘ်ကြီးကိုလည်း သူကပင် ရယူမည် ဖြစ်သည်။

ပိုင်မျိုးနွယ်စုက အမှန်တရားကို သိသွားရင်ရော

သူ ကြောက်ရွံ့နေမည်လော။

မဖြစ်နိုင်သည်မှာ အထင်အရှားပင်။

သူတို့ ဒေါသထွက်ချင်ထွက်ကြမည်။ သို့သော် ထိုအချိန်ကျလျှင် ပိုင်ကျီဟန်ကို လက်ဝယ်ထားရှိထားသော လီ-ကျောက် မဟာမိတ်နှင့်သာ တိုက်ခိုက်နေရမည်ဖြစ်ရာ သူ့ကို မည်သို့မျှ မလုပ်နိုင်တော့ချေ။

လီ-ကျောက် မဟာမိတ်ကလည်း ပိုင်ကျီဟန်ကို အသုံးချပြီး ပိုင်မျိုးနွယ်စုကို အကျပ်ကိုင် တိုက်ခိုက်လိမ့်မည်မှာ မြေကြီးလက်ခတ်မလွဲပေ။

သူလုပ်ရမည့်အလုပ်မှာ ထိုနှစ်ဖက်စလုံး စစ်ပွဲကြီးအတွင်းသို့ အလုံးအရင်းနှင့် တိုးဝင်သွားကြရန် စောင့်ကြည့်ရန်သာ ဖြစ်သည်။

အကြီးအကဲဟန်၏ အသက်ရှူသံများပင် ပြင်းထန်လာပြီး ရင်ထဲတွင်လည်း ချိုမြိန်သော အဆိပ်ခွက်ကို မြည်းစမ်းနေရသကဲ့သို့ ခံစားနေရသည်။

(တိုက်ကြစမ်းပါစေ)

တိုက်ပွဲများပြီးဆုံးသွားချိန်တွင် နှစ်ဖက်စလုံးသည် ဒဏ်ရာရနေသော တောရိုင်းတိရစ္ဆာန်များကဲ့သို့ အားအင်ကုန်ခမ်းနေကြမည် ဖြစ်သည်။

သူကမူ

လီ-ကျောက် မဟာမိတ်ကို ကူညီမည်ဟု ကတိပေးထားသော်လည်း သူ၏ ကတိစကားများကို မည်သည့်အခါမှ တည်မည့်သူမဟုတ်ပေ။

(နှစ်ဖက်စလုံး အားနည်းသွားတဲ့အချိန်...)

အကြီးအကဲဟန်၏ အပြုံးက ပိုမိုကျယ်ပြန့်လာပြီး မျက်လုံးများကလည်း ကျဉ်းမြောင်းသွားသည်။

(အဲဒီအချိန်က ငါ့အတွက်ပဲ။)

ထိုအချိန်တွင် သူတော်စက်အဆင့် ကျင့်စဉ်ကိုလည်း ရထားပြီဖြစ်သလို နှစ်ဖက်စလုံးဆီမှ ရရှိမည့် အရင်းအမြစ်များကလည်း စုဆောင်းမိနေပြီ ဖြစ်သည်။

ထိုအခါမှ သူသည် ထက်မြက်သော ဓားတစ်စင်းကဲ့သို့ ဆင်းသက်လာမည်။

ဂိုဏ်းချုပ်တစ်ယောက်အနေနှင့် မဟုတ်ချေ။

အုပ်စိုးရှင်တစ်ပါး အဖြစ်နှင့်ပင်။

အကြီးအကဲဟန်သည် ပလ္လင်ပေါ်တွင် မှီချလိုက်ရင်း ရယ်သံများကို မနည်းထိန်းချုပ်ထားရသည်။

"ဟဲဟဲဟဲ..."

ထိုနေ့။

ထိုဂုဏ်ကျက်သရေနှင့် ပြည့်စုံသောနေ့သည်

(မကြာခင် ရောက်လာတော့မှာပါ)

စိတ်ကူးယဉ်အိပ်မက်ထဲတွင် နစ်မြောနေရင်း အကြီးအကဲဟန်သည် စိမ်းဖန့်ဖန့် ကျောက်စိမ်းပလ္လင်ကို မှီ၍ မျက်လုံးများကို တဝက်မှေးထားသည်။

သူ့စိတ်ထဲတွင် အနာဂတ်က ပုံပေါ်နေပြီဖြစ်သည်။

ပိုင်မျိုးနွယ်စုက ဒူးထောက်နေသည်။

လီ-ကျောက် မဟာမိတ်က သွေးအိုင်ထဲတွင် လဲနေချေသည်။

တနိုင်ငံလုံးက သူ၏ ခြေဖဝါးအောက်တွင် တုန်လှုပ်ချောက်ချားနေကြသည်။

ထိုအောင်ပွဲအရသာကို သူ လျှာဖျားတွင်ပင် မြည်းစမ်းနေရသကဲ့သို့ ရှိသည်။

ပိုင်ကျီဟန်သည် သူ့ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။

ထို့နောက်

သူက နှာခေါင်းရှုံ့လိုက်သည်။

စူးရှသော လှောင်ရယ်သံတစ်ခု။

"ဟ... ဟားဟားဟား”

ထိုအသံက တိတ်ဆိတ်နေသော ခန်းမအတွင်း၌ ဟိန်းထွက်သွားသည်။

အကြီးအကဲဟန်၏ စိတ်ကူးယဉ်အိပ်မက်များ ချက်ချင်းပင် ပျက်ပြယ်သွားရသည်။

သူ၏မျက်လုံးများက စူးရှစွာ ပွင့်လာပြီး အလွန်အမင်း ဒေါသထွက်သွားသည်။

"ဘာကို ရယ်နေတာလဲ?" အကြီးအကဲဟန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "ဘာက အဲဒီလောက် ရယ်စရာကောင်းနေလို့လဲ?"

ပိုင်ကျီဟန်က ခေါင်းကို အနည်းငယ်မော့ကာ အကြီးအကဲဟန်ကို စိုက်ကြည့်လိုက်သည်။

သူ၏မျက်လုံးထဲတွင် ကြောက်ရွံ့မှုဟူ၍ အစအနပင် မရှိချေ။

ရယ်ချင်စိတ်နှင့် သနားစရာကောင်းသည်ဟူသော အကြည့်မျိုးသာ ရှိသည်။

"ကျုပ် စဉ်းစားနေတာကလေ” ပိုင်ကျီဟန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ "စွမ်းရည်က အောက်ခြေမှာပဲ ရှိနေပြီး ရည်မှန်းချက်က အထက်ကောင်းကင်ထိ မြင့်မားနေတဲ့အခါ... ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ ဆိုတာပါပဲ။"

အကြီးအကဲဟန်၏ မျက်နှာက မည်းမှောင်သွားသည်။

ပိုင်ကျီဟန်က အေးအေးဆေးဆေးပင် ဆက်ပြောသည်။

"အရာအားလုံးက ခင်ဗျား စီစဉ်ထားတဲ့အတိုင်း ဖြစ်လာလိမ့်မယ်လို့ တကယ်ပဲ ထင်နေတာလား။"

သူက ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။

"ကျုပ်ကို ဖမ်းထားပြီး ပိုင်မျိုးနွယ်စုကို ခြိမ်းခြောက်နိုင်ရုံနဲ့ အရာရာက လွယ်ကူသွားမယ်လို့များ ခင်ဗျား ထင်နေသလား။"

သူ၏ အပြုံးသည် ပိုမိုကျယ်ပြန့်လာပြီး အေးစက်စက် လှောင်ပြောင်မှုများ ပြည့်

နှက်နေသည်။

"ဒီလောကကြီးက ခင်ဗျား ထင်သလောက်သာ လွယ်ကူနေမယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ”

သူ၏အကြည့်များက စူးရှသွားသည်။

အကြီးအကဲဟန်သည် ကြက်မအား ဥမဖောက်ခင်ကတည်းက ကြက်ပေါက်ရေတွက်နေမှန်း ပိုင်ကျီဟန် သိလိုက်ချေပြီ။

အရာအားလုံးသည် သူစိတ်ကူးယဉ်ထားသည့်အတိုင်း တထပ်တည်း ဖြစ်လာလိမ့်မည်ဟု ယုံကြည်နေသူဖြစ်သည်။

ဂိုဏ်းချုပ်ရာထူးကို ရယူနိုင်ခဲ့ခြင်းကပင် သူ့ကိုသူ အထင်ကြီးလွန်းသည့် စိတ်ကူးယဉ်ဝေဒနာ စွဲကပ်စေခဲ့ပုံရသည်။

ပိုင်ကျီဟန်က ရှေ့သို့ ဖြည်းညှင်းစွာ တစ်လှမ်းတိုးလိုက်၏

"ကိုယ့်ကိုယ်ကိုယ် ဘယ်အဆင့်မှာ ရှိတယ်ဆိုတာ သိသင့်တယ်" ဟု တည်ငြိမ်စွာ ပြောလိုက်သည်။

"ပြီးတော့ ကိုယ့်ရဲ့ လောဘကိုလည်း ထိန်းချုပ်တတ်အောင် သင်ယူဦး။"

အကြီးအကဲဟန်၏ မျက်လုံးများ ဒေါသကြောင့် အရောင်တောက်သွားသည်။

"ခင်ဗျားက ဂိုဏ်းချုပ်ရာထူးကိုတောင် အတင်းအဓမ္မ လုယူထားပြီးပြီပဲ" ပိုင်ကျီဟန်၏ အသံက တည်ငြိမ်သော်လည်း နားစည်ကို ထိုးဖောက်သွားမတတ် စူးရှနေသည်။

"ဒါတောင်မှ ပိုပြီး လိုချင်နေသေးတာလား?"

သူက ခေါင်းကို ခါယမ်းလိုက်သည်။

"ကိုယ့်ပါးစပ်နဲ့ မဆံ့တဲ့ အစာကို မျိုဖို့ ကြိုးစားတာဟာ... နောက်ဆုံးမှာ နိဂုံးတစ်ခုပဲ ရှိတယ်။"

သူ ခေတ္တမျှ ရပ်လိုက်၏

"အဲဒါက သေခြင်းတရားပဲ”

ပိုင်ကျီဟန် သတိပေးလိုက်လေသည်။

"ဟွန့်”အကြီးအကဲဟန်က နှာခေါင်းရှုံ့လိုက်

သည်။

သူ၏ မျက်နှာတွင် သံသယထက် အထင်အမြင်သေးမှုများကသာ ဖုံးလွှမ်းနေသည်။

"မောက်မာလှချည်လား ကောင်စုတ်" သူက လှောင်ပြောင်လိုက်သည်။ "မင်းကပဲ ဒီလောကကြီးကို နားလည်နေသလိုလိုနဲ့”

သူသည် နေရာမှ ထရပ်လိုက်ရာ ဝတ်ရုံစများမှာ လေထဲတွင် တဖျတ်ဖျတ်လွင့်သွားပြီး သူ၏ ကျင့်စဉ်အရှိန်အဝါများသည်လည်း ဟိန်းထွက်လာသည်။

"မင်းက အမြုတေပျက်စီးနေတဲ့ ဓားစာခံတစ်ယောက်ထက် မပိုပါဘူး" အကြီးအကဲဟန်က အေးစက်စွာ ပြောလိုက်သည်။

"ရေတွင်းထဲက ဖားသူငယ်ကတော့ ကောင်းကင်ကြီး ဘယ်လောက်ကျယ်လဲဆိုတာ သိမှာမဟုတ်ဘူး။"

သူက လက်ကို ဝေ့ယမ်းကာ အမိန့်ပေးလိုက်

သည်။

"အကြီးအကဲတို့”

ချက်ချင်းပင် လူရိပ်အချို့ ရှေ့သို့ တိုးထွက်လာကြသည်။

သူတို့၏ မျက်နှာများမှာ တင်းမာနေ၏။

"ပိုင်ကျီဟန်ကို ဖမ်းဆီးလိုက်ကြ” အကြီးအကဲဟန်က သတိပေးချေသည်။

“သူ့ကို အသက်ရှင်လျက်တော့ ရှိနေပါစေ။"

သူ၏ နှုတ်ခမ်းများသည် ရက်စက်သော အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။

"မကြာခင်မှာ ငါ ပိုင်မျိုးနွယ်စုနဲ့ ဆက်သွယ်တော့မယ်။"

အကြီးအကဲများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ခေါင်းငြိမ့်ပြကြသည်။

"အမိန့်အတိုင်းပါ ဂိုဏ်းချုပ်”

သူတို့ လှုပ်ရှားလိုက်ကြသည်။

အကြီးအကဲနှစ်ဦး ရှေ့သို့ တိုးလာသည်။

သူတို့၏ ခြေသံများက ကျောက်ခင်းကြမ်းပြင်ပေါ်တွင် လေးလံစွာ မြည်ဟည်းသွားပြီး ပိုင်ကျီဟန်ကို ဝိုင်းလိုက်ကြကာ သူတို့၏ မျက်လုံးထဲတွင် သတိထားရိပ်ထက် ရင်ခုန်

စိတ်လှုပ်ရှားမှုများက ပို၍ ထင်ဟပ်နေသည်။

တစ်ယောက်က နှာခေါင်းရှုံ့လိုက်သည်။

"ဒါလား ပိုင်ကျီဟန်ဆိုတာ” သူက လှောင်ပြောင်နေ၏ “စစ်မြေပြင်ရဲ့ ငရဲမင်းလို့ တင်စားကြတဲ့သူပေါ့လေ။"

အခြားအကြီးအကဲတစ်ယောက်က တိုးတိုးလေး ရယ်မောလိုက်၏

"ဟွန့်၊ ခေတ်တွေက တကယ်ပြောင်းသွားပြီပဲ။ ဒီလိုလူမျိုးတောင် ဒီလိုအခြေအနေမျိုး ရောက်သွားရတယ်ဆိုတာ တွေးကြည့်စမ်း။"

သူတို့သည် ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်လိုက်ကြသည်။

ပိုင်ကျီဟန်က ခုခံခြင်းလည်းမရှိ၊ ကျင့်စဉ်အရှိန်အဝါများလည်း ထုတ်ဖော်ခြင်းမရှိသည်ကို မြင်သောအခါ သူတို့၏ ယုံကြည်မှုများက တဟုန်ထိုး မြင့်တက်လာသည်။

စဉ်းစားကြည့်လျှင်

ဤကဲ့သို့သော အခွင့်အရေးမျိုး သူတို့ နောက်တစ်ကြိမ် ရနိုင်ပါဦးမည်လော။

ပိုင်ကျီဟန်

တစ်ချိန်က ထိုနာမည်ကို ကြားရုံမျှဖြင့် မိစ္ဆာကျင့်ကြံသူများပင် ထွက်ပြေးခဲ့ကြရသည်။

မဟာမိတ်များပင်လျှင် သူ့ကို ကြောက်ရွံ့ခဲ့ကြရသည်။ ယခုမူ သူတို့ရှေ့တွင် အသတ်ခံရန် စောင့်နေသည့် သိုးငယ်တစ်ကောင်ကဲ့သို့ တိတ်ဆိတ်စွာ ရပ်နေချေပြီ။

"ရယ်စရာပဲ" အကြီးအကဲတစ်ဦးက လက်ကို ဆန့်ထုတ်ရင်း မောက်မာစွာ ပြောလိုက်သည်။ "ကြောက်စရာကောင်းတယ် ဟုတ်လား? ဟက်... ကျင့်စဉ်မရှိရင် မင်းက ဘာမှမဟုတ်တဲ့ အမှိုက်ပဲ။"

အခြားအကြီးအကဲတစ်ဦးသည် ကျင့်စဉ်စာလုံး များ လင်းလက်နေသည့် ကျင့်စဉ်နှိမ်နင်းရေး လက်ထိတ်ကို ထုတ်လိုက်ပြီး "စိတ်မပူပါနဲ့၊ မင်းကို အေးအေးဆေးဆေး နေရအောင် ငါတို့ စီစဉ်ပေးပါ့မယ်" ဟု ရက်စက်စွာ ပြောလိုက်သည်။

သူတို့ ပို၍ နီးကပ်စွာ တိုးလာကြသည်။

ပိုင်ကျီဟန်က နှာခေါင်းရှုံ့လိုက်၏

သို့သော်လည်း ဘာမှပြန်မပြောပေ။

ထိုတိတ်ဆိတ်မှုက သူတို့၏ ရဲတင်းမှုကို ပို၍ အားပေးသကဲ့သို့ ဖြစ်သွားသည်။

လက်ထိပ်က သူ၏ လက်ကောက်ဝတ်နားသို့ ရောက်လုဆဲဆဲမှာပင်

ရုတ်တရက်

အကြီးအကဲနှစ်ဦးစလုံး၏ ရင်ဘတ်အတွင်းမှ စူးရှပြီး ပြင်းထန်လှသော နာကျင်မှုတစ်ခု ပေါက်ကွဲထွက်လာသည်။

"—အု”

ပထမအကြီးအကဲသည် ကိုယ်ခန္ဓာ တောင့်တင်းသွားပြီး မယုံကြည်နိုင်သော မျက်လုံးများဖြင့်... "ဘာ... ဘာဖြစ်— အား”

ဒုတိယအကြီးအကဲမှာမူ အသက်ရှူပင် မဝတော့ဘဲ ဒူးများ ညွတ်ကျသွားသည်။

ဝုန်း

ဝုန်း

သူတို့နှစ်ဦးစလုံးသည် ပိုင်ကျီဟန်၏ ရှေ့တွင်ပင် ဒူးထောက်လျက်သား လဲကျသွားကြပြီး သူတို့၏ နှလုံးသားများကို မမြင်ရသော အင်အားတစ်ခုက ချေမွနေသကဲ့သို့ ရင်ဘတ်ကို ဖိထားကြရသည်။

"ကဲ..." ပိုင်ကျီဟန်က သူတို့ကို ငုံ့ကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။ “ဒါက ကျုပ်နဲ့ စကားပြောတဲ့အခါ ခင်ဗျားတို့ ရှိသင့်တဲ့ အနေအထားပဲ။"

အခန်း ၄၅၇ ဂိုဏ်းချုပ်တစ်ဦး၏ မျက်လုံးထဲမှ ကြောက်ရွံ့မှု

အကြီးအကဲဟန်၏ မျက်နှာက မည်းမှောင်သွားချေသည်

"မင်းတို့နှစ်ယောက် ဘာလုပ်နေကြတာလဲ”

သူက အော်ဟစ်လိုက်ရာ အသံထဲတွင် ဒေါသရိပ်များ သိသိသာသာ ပါဝင်နေသည်။

သူ့အမြင်တွင်တော့ အကြီးအကဲနှစ်ဦးစလုံးသည် ပိုင်ကျီဟန်၏ရှေ့တွင် ကျောကုန်းများ ကိုင်းညွတ်ကာ ခေါင်းငုံ့လျက် ဒူးထောက်နေကြသည်မှာ အရိုအသေပေးနေသည့်နှယ်။

သူ၏ မျက်မှောင်များ ကြုတ်သွား၏

"မင်းတို့ ရူးသွားပြီလား” အကြီးအကဲဟန်က ငေါက်ငမ်းလိုက်သည်။ "ဘာလို့ သူ့ကို ဦးညွှတ်နေတာလဲ”

အကြီးအကဲနှစ်ဦးစလုံးသည် ပြင်းထန်စွာ တုန်ရင်နေကြသည်။

သူတို့၏ ပါးစပ်များမှာ ပွင့်ဟနေသော်လည်း မည်သည့်အသံမျှ ထွက်မလာပေ။

မျက်နှာများသည် လူသေကဲ့သို့ ဖြူလျော်နေပြီး နားထင်မှ သွေးကြောများမှာလည်း ထောင်တက်နေကာ ချွေးများမှာ မိုးရေစက်များကဲ့သို့ တသွင်သွင် စီးကျနေသည်။

မမြင်ရသော လက်တစ်ဖက်က သူတို့၏ နှလုံးသားများကို ဆုပ်ကိုင်ကာ ရက်စက်စွာ ချေမွနေသကဲ့သို့ပင်။

"ကစားမနေကြနဲ့တော့” အကြီးအကဲဟန်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ "ထစမ်း၊ သူ့ကို ဖမ်းလိုက်ကြ”

သို့သော်လည်း... မည်သည့်တုံ့ပြန်မှုမျှ မရှိပေ။

ဒူးထောက်နေသော အကြီးအကဲများသည် မတ်တပ်ရပ်ရန် မဆိုထားနှင့်၊ ခေါင်းပင် မမော့နိုင်ကြချေ။

အကြီးအကဲဟန်၏ ရင်ထဲတွင် မကောင်းသော အငွေ့အသက်တစ်ခု စတင်ဝင်ရောက်လာသည်။

သို့သော် ထိုခံစားချက်ကို သူ ချက်ချင်းပင် ဖိနှိပ်လိုက်၏။

"ဟွန့် အသုံးမကျတဲ့ အမှိုက်တွေ”

သူ၏အကြည့်များက အံ့အားသင့်ကာ တောင့်တင်းနေကြသော ကျန်ရှိသည့် အကြီးအကဲများထံသို့ ရောက်သွားသည်။

"ဘာရပ်ကြည့်နေတာလဲ” အကြီးအကဲဟန်က အမိန့်ပေးလိုက်သည်။ "သူ့ကို အခုချက်ချင်း နှိမ်နင်းလိုက်ကြစမ်း”

ကျန်ရှိနေသော အကြီးအကဲများသည် ခေတ္တမျှ တုံ့ဆိုင်းသွား၏

"အမိန့်အတိုင်းပါ ဂိုဏ်းချုပ်”

ဤတစ်ကြိမ်တွင်မူ သူတို့အားလုံး စုပေါင်းလှုပ်ရှားလိုက်ကြသည်။ အကြီးအကဲသုံးဦးမှာ တစ်ပြိုင်နက် ရှေ့သို့ တိုးထွက်လာပြီး သူတို့၏ ကျင့်စဉ်အရှိန်အဝါများကို အစွမ်းကုန် ထုတ်ဖော်လိုက်ကြသည်။

အကြီးအကဲတစ်ဦးက နှာခေါင်းရှုံ့ရင်း ရှေ့သို့ တိုးလာ၏

"မင်း ဘယ်လို လှည့်ကွက်တွေ သုံးထားလဲတော့ မသိဘူး" သူက အထင်အမြင်သေးစွာ ပြောလိုက်သည်။ "ဒါပေမဲ့ ငါတို့အပေါ်မှာတော့ အဲဒါတွေက အလုပ်ဖြစ်မှာ မဟုတ်ဘူး။"

သူ၏ မျက်လုံးထဲတွင် ယုံကြည်မှုများ အပြည့်ရှိနေသည်။

သူတို့သည် ပိုင်ကျီဟန်အား တြိဂံပုံစံ ဝိုင်းရံလိုက်ကြပြီး ခြေလှမ်းတိုင်း၊ အသက်ရှူတိုင်းကို ဂရုတစိုက် ထိန်းချုပ်ထားကြသည်။

သူတို့၏ ကျင့်စဉ်အရှိန်အဝါများသည်လည်း အတားအဆီးမဲ့စွာ ဟိန်းထွက်နေ၏။

စွမ်းအင်များသည် သူတို့၏ သွေးကြောများအတွင်းတွင် ဟိန်းဟောက် စီးဆင်းနေပြီး အစွမ်းကုန် ထုတ်ဖော်ထားကြသည်။

သူတို့ ရှေ့သို့ တိုးလာသည်။

ဖြည်းဖြည်းနှင့် ဂရုတစိုက်ပင်

သို့သော် ပိုင်ကျီဟန်နှင့် နီးကပ်သွားသည့် ခဏမှာပင်

သုံးဦးစလုံး တောင့်တင်းသွားကြသည်။

သူတို့၏ မျက်နှာများသည် အံ့အားသင့်မှုကြောင့် ရှုံ့မဲ့သွား၏။

ပြင်းထန်လှသော နာကျင်မှုတစ်ခုက သူတို့၏ ရင်ဘတ်အတွင်းမှာပင် ပေါက်ကွဲထွက်လာသည်။

"—ဝေါ့”

အကြီးအကဲတစ်ဦး၏ ပါးစပ်မှ သွေးများ ပန်းထွက်လာပြီး မျက်လုံးများမှာလည်း နောက်သို့ လန်တက်သွားသည်။

"အားးး”

နောက်တစ်ဦးမှာမူ သူ၏ ရင်ဘတ်ကို လက်ဖြင့် အတင်းဖိထားပြီး နာကျင်မှုကို ဆွဲထုတ်ချင်နေသကဲ့သို့ သူ၏ ဝတ်ရုံကိုပင် ဆုပ်ဖြဲနေမိသည်။

သူတို့သည် ပိုင်ကျီဟန်ကို လက်ဖျားနှင့်ပင် မတို့ရသေးမီမှာပင်

ဝုန်း

ဝုန်း

ဝုန်း

သုံးဦးစလုံးသည် ကျောက်ခင်းကြမ်းပြင်ကြီး အက်ကွဲသွားသည်အထိ ဒူးထောက်လျက်သား လဲကျသွားကြသည်။

သူတို့၏ ဓားများမှာ လက်ထဲမှ လွတ်ကျသွား၏

ကျင့်စဉ်အရှိန်အဝါများမှာလည်း ဖန်သားပြင်ကဲ့သို့ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားရသည်။

သူတို့ ခေါင်းမမော့နိုင်ကြပေ။

အော်ပင် မအော်နိုင်ကြတော့ချေ။

ပိုင်ကျီဟန်၏ ဆံပင်တစ်ပင်ကိုပင် သူတို့ မထိနိုင်ခဲ့ကြပေ။

ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်ခြင်းများက ဝါးမျိုသွားသည်။

အသက်ရှူပင် ကျပ်စေလောက်သော သေခြင်းတရားကဲ့သို့ တိတ်ဆိတ်မှုမျိုးပင် ဖြစ်သည်။

ပိုင်ကျီဟန်ကမူ လက်ကို နောက်ပစ်ကာ တည်ငြိမ်စွာ ရပ်နေဆဲဖြစ်ပြီး သူ၏ ဝတ်ရုံစများမှာ လှုပ်ပင်မလှုပ်ချေ။

သူသည် ဒူးထောက်နေသော အကြီးအကဲများကို တစ်ယောက်ချင်းစီ လိုက်ကြည့်ပြီး ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။

သူတို့အားလုံးမှာ ကောင်းကင်ဘုံ အမိန့်တော် တစ်သားတည်းဖြစ်ခြင်းကို ကျင့်ကြံထားသူများ ဖြစ်သည်။

သို့သော် ပိုင်ကျီဟန်က ဒါကို သူတို့၏ အမှားဟု မသတ်မှတ်ပေ။ ဤကဲ့သို့သော လျှို့ဝှက်ကျင့်စဉ်၏ ဆွဲဆောင်မှုကို မည်သူက ခုခံနိုင်မည်နည်း?

သို့သော် ထိုအချက်ကြောင့်ပင် သူစိမ်းပေးသော မုန့်ကို မစားသင့်ခြင်း ဖြစ်သည်။

ထိုမုန့်၏ အတွင်းထဲတွင် ဘာတွေ ပါဝင်နေမည်ကို မည်သူသိနိုင်မည်နည်း။

အကြီးအကဲဟန်၏ သူငယ်အိမ်များမှာ သိသိသာသာ ကျုံ့ဝင်သွားသည်။

ဟန်ရှန်းဝူ အသက်ရှူသံများမှာလည်း ရပ်တန့်လုနီးပါး ဖြစ်သွားသည်။

သူတို့ရှေ့တွင် မြင်တွေ့နေရသည့် မြင်ကွင်းအရ အကြီးအကဲငါးဦးစလုံး မြေပြင်ပေါ်တွင် ပြိုလဲနေပြီး မျက်နှာများမှာ ပြာနှမ်းကာ သေခါနီး လူများကဲ့သို့ တုန်ရင်နေကြခြင်းပင်။

တစ်ယောက်တည်း မဟုတ်ပေ။

နှစ်ယောက်တည်းလည်း မဟုတ်ပေ။

ငါးယောက်စလုံးပင်

ထိုသို့ဖြစ်နေချိန်တွင် ပိုင်ကျီဟန်က လက်တစ်ဖက်ပင် မမြှောက်ခဲ့ပေ။

"မင်း... မင်း ဘာလုပ်လိုက်တာလဲ...?"

ဟန်ရှန်းဝူက မယုံကြည်နိုင်စွာ တိုးတိုးလေး ရေရွတ်လိုက်၏

မည်သည့်နည်းလမ်းကို အသုံးပြုလိုက်သည်ကိုပင် သူ မသိနိုင်ချေ။

ဝိညာဉ်စွမ်းအင် လှိုင်းများလည်း မရှိပေ

မှော်အစီရင်များလည်း မရှိ။

မည်သည့် မှော်ရတနာကိုမျှ အသုံးပြုလိုက်သည်ကိုလည်း သူ မခံစားမိပေ။

ခဏတော့ ပြိုကွဲသွား၏

ခန်းမ၏ အခြားတစ်ဖက်တွင် ဟန်ရှန်းဝူ၏ နောက်လိုက်များ ဖမ်းဆီးထားခြင်း ခံနေရသော ခုန်းကျန်းဟုန်သည် အသက်ရှူပင် ကျပ်လောက်အောင် တင်းမာနေခဲ့ရာမှ နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားတော့သည်။

ဆုပ်ထားသော သူ၏ လက်သီးများ ပြေလျော့သွား၏။

သူ၏ နှုတ်ခမ်းထောင့်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။

ဒါပေါ့

တကယ့်ကို သူပင်။

ပိုင်ကျီဟန်

ထိုအမည်မသိ အကြီးအကဲများက သူ့ကို ဘယ်လိုလုပ် ယှဉ်နိုင်မည်နည်း?

ခုန်းကျန်းဟုန်၏ ရင်ထဲတွင် စိတ်သက်သာရာရမှုများ စီးဆင်းသွားသည်။

သို့သော် အကြီးအကဲဟန်ကမူ ဆန့်ကျင်ဘက်ပင်။

သူ၏ ရင်ထဲတွင် ဒေါသအရှိန်များ လောင်မြိုက်နေသော်လည်း ထိုဒေါသအောက်တွင် ပို၍ အေးစက်သော ခံစားချက်တစ်ခု ရှိနေသည်။

၎င်းမှာ သတိထားမှုပင် ဖြစ်သည်။

သူ၏ အကြည့်များက ပိုင်ကျီဟန်ထံသို့ စူးစိုက်သွားသည်။

မဟုတ်ပေ။

၎င်းသည် သာမန် ခွန်အားသုံးတာ မဟုတ်ပေ

တစ်ခုခုတော့ လှည့်ကွက်ရှိရမည်။

မှော်ရတနာ တစ်ခုခုလား

လူတွေ သူ့နား နီးကပ်လာမှ အလိုအလျောက် အစွမ်းပြသည့် အရာမျိုး ဖြစ်ရမည်။

၎င်းမှသာ အခုဖြစ်ပျက်နေတာတွေက အဓိပ္ပာယ်ရှိမှာပင်

မဟုတ်ပါက မဖြစ်နိုင်ပေ

အကြီးအကဲဟန်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏ ဒေါသကို ထိန်းချုပ်လိုက်

သည်။

သူ ရှေ့သို့ တိုးမလာတော့ချေ။

ယင်းအစား သူသည် ကိုယ်ကို မတ်လိုက်ပြီး အေးစက်စက် အာဏာသံဖြင့် ပြောလိုက်

သည်။

"ပိုင်ကျီဟန်၊ မင်းရဲ့ လှည့်ကွက်တွေက ဒီမှာတင် အဆုံးသတ်ပြီ။"

သူက နှာခေါင်းရှုံ့လိုက်သည်။

"အခုချက်ချင်း လက်နက်ချစမ်း”

"မင်းသာ ဒူးထောက် လက်နက်ချမယ်ဆိုရင် ငါ မင်းကို ညှာတာပေးမယ်။"

ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည်။

ထို့နောက်

ပိုင်ကျီဟန်က ရယ်မောလိုက်သည်။

"ကျုပ်အသက်ကို ချမ်းသာပေးမယ် ဟုတ်လား?" သူက ခေါင်းကို အနည်းငယ် စောင်းကာ ထပ်ပြောလိုက်သည်။

သူ၏ မျက်လုံးများက လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေသည်။

"ခင်ဗျား ကြောက်နေတယ်ဆိုရင်လည်း ကြောက်တယ်လို့ပဲ ပြောလိုက်ပါ" ပိုင်ကျီဟန်က တည်ငြိမ်စွာ ဆိုသည်။

"ဒါမှမဟုတ်”

"ခွင့်လွှတ်ဖို့ပဲ တောင်းပန်လိုက်ရင်ရော ဘယ်လိုလဲ?"

ခန်းမအတွင်းရှိ အပူချိန်မှာ ရုတ်တရက် ကျဆင်းသွားသလို ခံစားလိုက်ရသည်။

အကြီးအကဲဟန်၏ မျက်နှာက ရှုံ့မဲ့သွား၏။

"မင်း”

သူ၏ သွားကြိတ်သံကိုပင် အတိုင်းသား ကြားနေရသည်။

"ကောင်းပြီလေ... မင်းက ဒီလို ကစားချင်တာပေါ့" သူက အဆိပ်ပြင်းလှသော အသံဖြင့် ပြောလိုက်သည်။

"မင်းရဲ့ လှည့်ကွက်လေးကို ငါ သိမြင်သွားပြီ။"

သူက လက်ကို မြှောက်လိုက်သည်။

စူးရှသော အသံနှင့်အတူ ဓားတစ်စင်းသည် ဓားအိမ်အတွင်းမှ ထွက်ပေါ်လာပြီး သူ၏ လက်အတွင်းသို့ ကျရောက်လာသည်။

ဓားသွားတစ်လျှောက်တွင် ဝိညာဉ်အလင်းတန်းများ စီးဆင်းသွားပြီး အကြီးအကဲဟန်သည် သူ၏ ကျင့်စဉ်စွမ်းအားများကို အစွမ်းကုန် လောင်းထည့်လိုက်ရာ ချီများကလည်း စုစည်းသွားသည်။

"အနီးကပ်မှ အလုပ်လုပ်တဲ့ နည်းလမ်းပေါ့လေ" သူက လှောင်ပြောင်လိုက်သည်။ "ငါ မင်းနားကို မချဉ်းကပ်သရွေ့တော့—" "ဒါကို မင်း ဘယ်လို ကာကွယ်မလဲ ကြည့်ရသေးတာပေါ့။"

သူက ဓားကို နောက်သို့ဆွဲကာ စွမ်းအင်များကို ပြင်းထန်စွာ စုစည်းလိုက်သည်။

လေထုထဲတွင် စူးရှသော အသံများ ထွက်ပေါ်လာသည်။

ခန်းမ၏ အခြားတစ်ဖက်မှ ပိုင်ကျီဟန်က သူ့ကို ကြည့်ပြီး ခေါင်းခါလိုက်သည်။

"ကျုပ်ဆိုရင်တော့ အဲဒီလို လုပ်မှာ မဟုတ်ဘူး" ပိုင်ကျီဟန်က ခပ်ပေါ့ပေါ့ ပြောလိုက်သည်။

ထိုသတိပေးချက်သည် အလွန်ပင် တည်ငြိမ်နေပြီး ပျင်းရိငြီးငွေ့နေသည့်နှယ်။

အကြီးအကဲဟန်၏ နှုတ်ခမ်းများက ကွေးညွှတ်သွားသည်။

ဒါဟာ ကြောက်ရွံ့လို့ ပြောတာပဲဟု သူ ထင်

လိုက်သည်။

သူ ထင်မြင်ယူဆထားချက် မှန်ကန်မည်ဟုသူ ယူဆလိုက်သည်။

"ဟွန့်”

အေးစက်စက် ရယ်သံနှင့်အတူ အကြီးအကဲဟန်သည် သူ၏ ဓားကို ဝေ့ယမ်းရန် ပြင်လိုက်သည်။

သို့သော်

တိုက်ကွက်ပင် မစတင်ရသေးမီမှာပင်

အကြီးအကဲဟန်၏ ခန္ဓာကိုယ် တောင့်တင်းသွားသည်။

သူ၏ မျက်လုံးများ ပြူးကျယ်သွား၏။

စူးရှပြီး အသက်ရှူကျပ်စေလောက်သော နာကျင်မှုတစ်ခုက သူ၏ ရင်ဘတ်အတွင်းမှာပင် ပေါက်ကွဲထွက်လာသည်။

မမြင်ရသော အရာတစ်ခုက သူ၏ နှလုံးသားကို အတင်းဆုပ်ကိုင်ထားသကဲ့သို့ ခံစားလိုက်ရသည်။

"ဒါ... ဒါက ဘယ်လိုဖြစ်”

သူ၏ ဓားမှာလည်း ပြင်းထန်စွာ တုန်ရင်လာသည်။

(ဘယ်လိုဖြစ်လို့လဲ?)

ပိုင်ကျီဟန်က သူရပ်နေသည့်နေရာမှာပင် မီတာအနည်းငယ်အကွာ၌ ရှိနေဆဲဖြစ်ပြီး မည်သည့်အရာကိုမျှ လုပ်ဆောင်ခဲ့ပုံမရပေ။

လေထုထဲရှိ ဓားချီများသည်လည်း အလင်းစက်များအဖြစ် ပျက်စီးလွင့်စင်သွားသည်။

အကြီးအကဲဟန်သည် ယိုင်လဲသွားပြီး သူ၏ လည်ချောင်းထဲသို့ သွေးများ တိုးထွက်လာသည်။

"ဝေါ့”

သူသည် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပြီး မျက်နှာမှာလည်း သွေးမရှိသကဲ့သို့ ဖြူလျော်သွားသည်။

သူ၏ ဒူးများ ညွတ်ကျသွားရသည်။

ထို့ပြင် ပထမဦးဆုံးအကြိမ်အဖြစ်

အကြီးအကဲဟန်၏ မျက်လုံးထဲတွင် ငြင်းကွယ်၍မရသော ကြောက်ရွံ့မှုများ သိသိသာသာ ပေါ်ပေါက်လာတော့သည်။

All Chapters