အခန်း (၄၆၄-၄၆၆)
Vol. 31 Ch. 464-466
အခန်း ၄၆၄ - စနစ်တကျ ဒူးထောက်စမ်း
ပိုင်ကျီဟန်သည် သူ့ရှေ့တွင် ဒူးထောက်နေသော ယွမ်ကျဲကို ခဏမျှ ငုံ့ကြည့်နေသည်။
သူ၏ မျက်နှာအမူအရာမှာ အပြောင်းအလဲမရှိ တည်ငြိမ်နေဆဲပင်။
"စနစ်တကျ လုပ်စမ်း..."
ပိုင်ကျီဟန်က အေးဆေးစွာ ပြောလိုက်သည်။
ယွမ်ကျဲ၏ ပခုံးများ တောင့်တင်းသွား၏။
ပိုင်ကျီဟန်၏ အကြည့်သည် အနည်းငယ် နိမ့်ဆင်းသွားပြီး တောင့်တင်းနေသော ကျောပြင်၊ ကျစ်ကျစ်ပါအောင် ဆုပ်ထားသော လက်သီးများနှင့် နောင်တရခြင်းထက် အတင်းအကျပ် ခိုင်းစေခံရ၍ ငုံ့ထားရသော ဦးခေါင်းတို့ကို အကဲခတ်နေသည်။
"မင်းရဲ့ စကားတွေထဲမှာ ဘာစစ်မှန်မှုကိုမှ ငါ မခံစားရဘူး"
ယွမ်ကျဲ၏ ခေါင်းသည် ဆတ်ခနဲ မော့တက်လာပြီး သူ၏ မျက်နှာတွင် မယုံကြည်နိုင်ဟန်များ ဖြတ်ပြေးသွားသည်။
(ဘာလဲ?)
သူ ဒူးထောက်နေပြီပဲ။
တောင်းပန်လည်း တောင်းပန်ပြီးချေပြီ။
ပိုင်ကျီဟန်က ဘာတွေ ထပ်လိုချင်နေသေးတာလဲ?
သူ၏ အရှက်ရမှုသည် အထွတ်အထိပ်သို့ ရောက်နေပြီ မဟုတ်ပါလော
"သခင်လေးပိုင်”ယွမ်ကျဲက တုန်ရီနေသော အသံဖြင့် အတင်းအကျပ် စကားကို ညှစ်ထုတ်လိုက်သည်။
"ကျွန်တော် လုပ်ပြီးပြီလေ”
ပိုင်ကျီဟန်က လက်တစ်ဖက်ကို မြှောက်ပြလိုက်၏
ယွမ်ကျဲ၏ စကားသံများ ချက်ချင်းပင် ရပ်တန့်သွားသည်။
"မင်း ဒူးထောက်ရမယ်ဆိုရင်”ပိုင်ကျီဟန်က သာသာယာယာ လေသံဖြင့် ဆက်ပြောသည် ။ "...စနစ်တကျ ဒူးထောက်လေ” သို့သော် သူ၏ မျက်ဝန်းများမှာ လျစ်လျူရှုထားဟန် မရှိတော့ပေ။
"ခေါင်းကို နှိမ့်ထား။ ကျောကို ဆန့်ထား။ ပြီးတော့ စကားကို ရှင်းရှင်းပြော"
"တောင်းပန်မယ်ဆိုရင် စိတ်ပါလက်ပါ တောင်းပန်”
ပိုင်ကျီဟန် ပြောပုံမှာ စနစ်တကျ ဦးညွှတ်ခြင်းကို နက်နက်ရှိုင်းရှိုင်း သင်ကြားပေးနေသကဲ့သို့ပင်။
ယွမ်ကျဲ၏ အသက်ရှူသံများမှာ ပြတ်တောင်းပြတ်တောင်း ဖြစ်လာသည်။
ဒါဟာ မတရားပေ
သူသည် ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
အမာခံတပည့်တစ်ဦးလည်း ဖြစ်သည်။
ယခုမူ
သူ ဒူးထောက်ရုံသာမက
မည်သို့ဒူးထောက်ရမည်ကိုပါ အပြင်ပြင်အဆင်ဆင် လုပ်ခံနေရသည်။
သူ၏ မာနတရားတို့က ပြင်းထန်စွာ ဆန့်ကျင်အော်ဟစ်နေကြ၏။
"ကျွန်တော်..."
သူ့အသံက တုန်ယင်နေသည်။
"ကျွန်တော် အမှားကို ဝန်ခံပြီးပါပြီ။ သခင်လေးပိုင်... ဒီလောက်အထိ လုပ်ဖို့ လိုလို့လား?"
ပိုင်ကျီဟန်၏ နှုတ်ခမ်းဖျားတွင် အပြုံးရိပ်တစ်ခု ယှက်သန်းသွား၏
သို့သော်လည်း သူ၏ မျက်ဝန်းများဆီသို့မူ ထိုအပြုံးက ရောက်မသွားပေ။
"ဒါက အလွန်အကျွံ ဖြစ်နေတယ်လို့ မင်း ထင်လို့လား?"
ကွင်းပြင်တစ်ခုလုံး၏ အပူချိန်မှာ ရုတ်တရက် ကျဆင်းသွားသလိုပင်။
ယွမ်ကျဲအဖို့မူ တောင်ကြီးတစ်လုံး သူ၏အပေါ်သို့ ဖိချလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
"အစကတည်းက ဒီလောင်းကြေးကို ဘယ်သူက အရင် စတင်ခဲ့တာလဲ?"
ယွမ်ကျဲ၏ နှုတ်ခမ်းများ လှုပ်ရှားသွားသော်လည်း မည်သည့်အသံမျှ ထွက်မလာပေ။
သူ နောင်တရနေပြီဖြစ်သည်။ အလွန်အမင်းကို နောင်တရနေပြီဖြစ်သည်။
"နောက်တစ်ခါ ပြန်လုပ်”ပိုင်ကျီဟန်က ပြောလိုက်သည်။
၎င်းမှာ အကြံပေးချက်မဟုတ်ဘဲ အမိန့်တစ်ခုပင်။
ယွမ်ကျဲ၏ စိတ်အာရုံများ ပေါက်ကွဲထွက်လုမတတ် ဖြစ်သွားရလေတော့သည်။
"နောက်တစ်ခါ ပြန်လုပ်ရမယ် ဟုတ်လား?”
သူ့ရဲ့ အရှက်ရမှုသည် တစ်ဂိုဏ်းလုံး၏ရှေ့မှာပင် အဖတ်ဆယ်မရအောင် ပြန့်ကျဲနေပြီဖြစ်သည်။
ဒါကိုမှ ထပ်ပြီး လုပ်ခိုင်းနေဦးမည်တဲ့လား။
"ဒါက မတရားဘူး”ယွမ်ကျဲက ဒေါသနှင့် အသည်းအသန်ဖြစ်မှုတို့ ရောပြွမ်းနေသော တုန်ရီသည့်အသံဖြင့် အော်ဟစ်လိုက်သည်။
"ကျွန်တော် ကတိတည်ပြီးပြီပဲ”
သူ၏ အကြည့်တို့က ကြီးကြပ်ရေးမှူးအကြီးအကဲထံသို့ ရုတ်တရက် ရောက်ရှိသွား၏။
"အကြီးအကဲ၊ အကြီးအကဲကိုယ်တိုင် မြင်သားပဲ။ ကျွန်တော် ဒူးထောက်ခဲ့တယ်၊ တောင်းပန်ခဲ့တယ်။ လောင်းကြေးကို ကျွန်တော် ကျေအောင် ဆပ်ပြီးပြီ”
တပည့်အချို့ စိတ်မသက်မသာဖြင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
တရားဝင်သဘောအရ ပြောရလျှင်
သူ လုပ်ခဲ့သည်မှာ မှန်ပါသည်။
အကြီးအကဲ၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားပြီး မည်သည့်ဘက်မှ ပါရမည်ကို ဝေခွဲမရ ဖြစ်နေပုံရသည်။
သူ စကားမပြောနိုင်မီမှာပင်
ပိုင်ကျီဟန်၏ အကြည့်က လွှဲပြောင်းသွားသည်။
နှုတ်ခမ်းဖျားမှ ခပ်ပါးပါး အပြုံးသည်လည်း လုံးဝ ပျောက်ကွယ်သွားချေပြီ။
"မင်းရဲ့ တောင်းပန်မှုက စစ်မှန်မှုမရှိဘူးလို့ ငါပြောပြီးသား။ နောက်တစ်ခါ ပြန်လုပ်”
ယွမ်ကျဲ၏ မျက်နှာမှာ နီရဲတက်လာသည်။
သူ၏ မာနတရားတို့ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားရ၏။
"ကျွန်တော် ဦးညွှတ်ပြီးပြီလေ”
သူက အက်ရှရှအသံဖြင့် အော်ဟစ်လိုက်သည်။
"ကျွန်တော့်ကို ဘယ်လောက်အထိ ထပ်ပြီး နှိမ့်ချစေချင်သေးတာလဲ?”
ထိုစကားလုံးများက ကွင်းပြင်ထဲတွင် စူးရှစွာ ပဲ့တင်ထပ်သွားသည်။
ပိုင်ကျီဟန် ၏ အမူအရာမှာ အေးစက်သွားတော့၏။
"မင်း တစ်ခုခုကို နားလည်ထားသင့်တယ်။ ငါ မင်းကို နောက်တစ်ခါ ပြန်လုပ်ဖို့ ပြောတယ်ဆိုတာ မင်းရဲ့ မာနအတွက် မဟုတ်ဘူး"
သူ၏ အကြည့်တို့က ယွမ်ကျဲ၏ တုန်ရီနေသော မျက်ဝန်းများဆီသို့ စူးစိုက်ကြည့်နေသည်။
"ဒါဟာ မင်း လုပ်ကို လုပ်ရမယ့်အရာမလို့”
အေးစက်ပြီး ခွင့်လွှတ်မှုကင်းမဲ့လှသော အကြည့်။
ယွမ်ကျဲ၏ ရင်ခုန်သံများသည် နားထဲတွင် ဒိန်းဒိန်းနှင့် ကျယ်လောင်နေတော့သည်။
"လောင်းကြေးတစ်ခုကို စနစ်တကျ မဆပ်နိုင်ရင် ဘာဖြစ်မလဲဆိုတာ မင်း သိသင့်တယ်"
ပိုင်ကျီဟန်က အသေးစိတ် ထပ်မပြောတော့ပေ။
ထပ်ပြောရန်လည်း မလိုပေ။
ယွမ်ကျဲ တစ်ချက်တည်းနှင့် နားလည်သွားသည်။
သူသာ ဆက်ပြီး ငြင်းဆန်နေပါက ကြေမွသွားရမှာက သူ၏ မာနတင်မကဘဲ သူ၏ အသက်ပါ ဖြစ်သွားနိုင်ကြောင်း သူ ကောင်းကောင်း သိလိုက်ပြီဖြစ်သည်။
တစ်ဖက်လူက ပိုင်ကျီဟန် ဖြစ်သည်။ ဒဏ်ရာကြောင့် အားနည်းနေသည်ဟု ဆိုသော်ငြားလည်း ယွမ်ကျဲအား လူဖြစ်ရသည်ကို နောင်တရသွားအောင် လုပ်နိုင်သည့် နောက်ခံအင်အားနှင့် အရှိန်အဝါက ရှိနေဆဲပင်။
သူ၏ အစောပိုင်းက ဆန့်ကျင်လိုစိတ်များမှာ ရေငွေ့ပျံသကဲ့သို့ ပျောက်ကွယ်သွားသည်။
အသက်ရှူသံများမှာလည်း တိုတောင်းလာ၏။
ဟစ်ကြွေးနေသော လူအုပ်ကြီးသည်လည်း လုံးဝ တိတ်ဆိတ်သွားကြသည်။
အားလုံးက စောင့်ကြည့်နေကြ၏။
ယွမ်ကျဲ၏ ခုခံလိုစိတ်တို့မှာ လုံးဝ ဥဿုံ ပျက်စီးသွားချေပြီ။
ဖြည်းညှင်းစွာဖြင့်
သူ၏ ကျောရိုးသည် နောက်တစ်ကြိမ် ထပ်မံ ကွေးညွတ်သွားရလေတော့သည်။
ယခင်ကထက် ပို၍ နိမ့်ဆင်းသွားသည်။
ဒူးနှစ်ဖက်စလုံး ကျောက်သားစင်မြင့်ပေါ်သို့ တင်းတင်းကြပ်ကြပ် ဖိကပ်ထား၏။
လက်ဖဝါးနှစ်ဖက်ကိုလည်း ကျောက်ပြင်ပေါ်တွင် ဖြန့်ချထားသည်။
သူ၏ နဖူးပြင်သည် အက်ကွဲနေသော စင်မြင့်နှင့် ထိတွေ့သည်အထိ ငိုက်ညွှတ်သွားတော့သည်။
ဤတစ်ကြိမ်တွင်မူ
တောင့်တင်းနေခြင်း မရှိတော့ပေ
အတင်းအကျပ် လုပ်ယူထားသော မောက်မာမှုများလည်း မရှိတော့ချေ။
ကြောက်ရွံ့တုန်လှုပ်မှု သက်သက်သာ ကျန်ရှိတော့သည်။
"...သခင်လေးပိုင်" သူက တိုးတိုးလေး ရေရွတ်လိုက်သည်။ သူ၏ အသံမှာ ထိန်းမနိုင်သိမ်းမရ တုန်ရင်နေ၏။
"ကျွန်တော်မျိုး မောက်မာမိလို့ သခင်လေးပိုင်ကို စော်ကားမိပါတယ်။ သခင်လေးကို ပြစ်မှားမိပါတယ်"
သူ၏ နဖူးပြင်ကို ကျောက်သားပေါ်သို့ ပို၍ ဖိနှိပ်လိုက်၏
"ကျေးဇူးပြုပြီး... ကျွန်တော်မျိုးရဲ့ စစ်မှန်တဲ့ တောင်းပန်မှုကို လက်ခံခွင့်လွှတ်ပေးပါ"
ထိုစကားလုံးများမှာ ရှင်းလင်းပြတ်သားနေသည်။
ကျယ်လောင်မနေသော်လည်း
ငြင်းဆန်၍မရနိုင်သော အမှန်တရားတစ်ခုကဲ့သို့ပင်။
ယခုအချိန်တွင် သူ၏ စစ်မှန်မှုကို မည်သူမျှ သံသယမရှိကြတော့ပေ။
အဘယ်ကြောင့်ဆိုသော် ၎င်းမှာ ထိတ်လန့်တုန်လှုပ်မှုတို့ဖြင့် ထွင်းထုထားသော စစ်မှန်မှုဖြစ်နေသောကြောင့်ပင်။
တိတ်ဆိတ်မှုက ကြာရှည်နေသည်။
သို့သော် ဤတစ်ကြိမ်တွင်လည်း ပိုင်ကျီဟန် က ကျေနပ်ပုံမရသေးပေ။
"နောက်တစ်ခါ ပြန်လုပ်ဦး" ပိုင်ကျီဟန်က ဆိုသည်။
"ဘာ... ဘာပြောတယ်”
ယွမ်ကျဲမှာ မှင်သက်မိသွားသည်။
သို့သော် သူ၏ တစ်မျိုးနွယ်စုလုံးကို သတ်ပစ်နိုင်သည့် အာဏာရှိသောသူကို ငြင်းဆန်ရန် သူ၌ အခြေအနေမရှိပေ။
သူသည် နောက်တစ်ကြိမ် ထပ်မံ ဦးညွှတ်ရပြန်သည်။
"နောက်တစ်ခါ”
"နောက်တစ်ခါ”
ပထမပိုင်းတွင် ကြည့်ရသည်မှာ ရယ်စရာကောင်းသော်လည်း နောက်ပိုင်းတွင်မူ သနားစဖွယ် ဖြစ်လာတော့သည်။
တစ်ချိန်က ယွမ်ကျဲ၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရသူများပင်လျှင် သူ၏ လက်ရှိပုံစံကို ကြည့်ပြီး သနားမိလာကြသည်။
အမှန်တကယ်ပင်... အနိုင်ကျင့်တတ်သူထက် ပို၍ အစွမ်းထက်သောသူ အမြဲရှိနေတတ်သည် မဟုတ်ပါလော။
ယွမ်ကျဲ မည်မျှအကြိမ်ကြိမ် ခေါင်းငုံ့ဦးညွှတ်ခဲ့ရသည်ကို မသိရတော့သည့် အချိန်ကျမှသာ ပိုင်ကျီဟန်က နောက်ဆုံးတွင် ကျေနပ်သွားတော့သည်။
"ကောင်းပြီ၊ အခုမှပဲ စစ်မှန်မှုကို ငါ ခံစားရတော့တယ်။ နောက်နောင် ဒီလို အမှားမျိုး ထပ်မလုပ်မိဖို့ မျှော်လင့်တယ်"
ယွမ်ကျဲမှာ နုံးချိနေပြီဖြစ်သည်။ လူအများရှေ့တွင် ပြသခဲ့ရသော သူ၏ အရှက်ရမှုများကိုပင် ဂရုမစိုက်နိုင်တော့။
"...သခင်လေးပိုင်ရဲ့ သဘောထားကြီးမှုအတွက် ကျေးဇူးတင်ပါတယ်”
သူ၏ အသံမှာ အက်ရှနေ၏
အနှစ်သာရ ကင်းမဲ့နေသည်။
ပိုင်ကျီဟန်သည် သူ့ကို ခဏမျှ ကြည့်လိုက်ပြီးနောက် ဤကိစ္စသည် ဘာမှ အရေးမပါတော့သည့်အလား သူ၏ အကြည့်ကို လွှဲလိုက်သည်။
"ခုန်ကျန်းဟုန်" သူက တည်ငြိမ်စွာ ခေါ်လိုက်ရင်း တစ်ဖက်သို့ လှည့်လိုက်သည်။
ခုံကျန်းဟုန်၊ ဖေးလင်းနှင့် ယွမ်ချင်းမိန်တို့မှာ ထိုနေရာတွင် ရှိနေကြပြီး ပိုင်ကျီဟန်ကို စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။
ခုံကျန်းဟုန်သည် ဗီဇအရပင် ကိုယ်ကို မတ်လိုက်ရင်း "သခင်လေး... အမိန့်ရှိပါ"
"ငါတို့ သွားကြစို့”
ထိုမျှနှင့်ပင် ပြီးဆုံးသွားတော့သည်။
အစောက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် ဘာမှအရေးမပါသော ကြားဖြတ်ဖြစ်ရပ်တစ်ခုမျှသာ ဖြစ်ခဲ့သည့်အလား...။
ခုန်ကျန်းဟုန်က ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့ပါ”
လူအုပ်ကြီးမှာ တဖြည်းဖြည်း ပြန်လည်
လှုပ်ရှားလာကြ၏
တိုးတိုးတိတ်တိတ် ပြောသံများသည် ရေပြင်ပေါ်က လှိုင်းကြက်ခွပ်များလို ပျံ့နှံ့သွားသည်။
ဖေးလင်းမှာမူ သူမ၏ ကျောရိုးတစ်လျှောက် စိမ့်ခနဲ အအေးဓာတ်တစ်ခု ဖြတ်ပြေးသွားသည်ကို ခံစားလိုက်ရ၏။
"ပိုင်ကျီဟန်... ရှင်ကတော့ တကယ့်ကို ဆိုးယုတ်တဲ့သူပဲ"
ပိုင်ကျီဟန် ခြေလှမ်းများ ရပ်တန့်သွားသည်။
သူက အနည်းငယ် လှည့်ကြည့်လိုက်၏
"ဆိုးယုတ်တယ် ဟုတ်လား?"
သူက ခပ်ပါးပါး ရယ်မောသံစွက်လျက် ထပ်ဆင့်ပြောလိုက်သည်။ "ငါ ဘာလုပ်လို့လဲ? လောင်းကြေးထပ်ဖို့ သူ့ကို ငါ အတင်းအကျပ် မခိုင်းခဲ့ပါဘူး"
သူ၏ အကြည့်သည် စင်မြင့်ပေါ်တွင် စွန့်ပစ်ခံထားရသော ရုပ်သေးရုပ်တစ်ခုလို ဒူးထောက်နေဆဲဖြစ်သည့် ယွမ်ကျဲထံသို့ ခဏမျှ ရောက်ရှိသွားသည်။
"ဒါက သူကိုယ်တိုင် အလိုရှိခဲ့တာပဲ။ ငါက သူ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ရုံသက်သက်ပါ"
ဖေးလင်းသည် မျက်လုံးအစုံကို လှန်ပြလိုက်သည်။ ပိုင်ကျီဟန် တစ်ယောက် ဤကဲ့သို့သော စကားမျိုးကို အရှက်မရှိဘဲ မည်သို့ပြောနိုင်သည်ကို သူမ မယုံကြည်နိုင်အောင် ဖြစ်နေရသည်။
ထိုစဉ် ယွမ်ချင်းမိန်သည် ကြားထဲမှ ညင်သာသောအသံဖြင့် ဝင်ပြောလိုက်၏။
"ဖေးလင်း သူက ဒါနဲ့ ထိုက်တန်ပါတယ်။"
သူမ၏ အကြည့်မှာ ယွမ်ကျဲထံသို့ ဝေ့ဝဲသွား၏
"သူ့ကြောင့် အရှက်ရခဲ့ရတဲ့ အပြင်စည်းတပည့်တွေ ဘယ်လောက်တောင် များနေပြီလဲ? သူက ဘယ်လို သနားမှုကိုမှ ခံယူဖို့ မထိုက်တန်တဲ့သူပါ။"
သူမက ခေါင်းကို ခပ်ဖွဖွ ရမ်းလိုက်၏
"ဒါက ဝဋ်လည်တာပဲ "
ဖေးလင်း ဘာမှ ပြန်မပြောတော့ပေ။
ယွမ်ချင်းမိန် ပြောသည်မှာ မမှားကြောင်း သူမ သိ၏
သို့သော်လည်း ဤမျှအထိ လုပ်သည်မှာ အနည်းငယ် လွန်ကဲသည်ဟု သူမ ခံစားနေရဆဲပင်။
ယွမ်ချင်းမိန်၏ မျက်နှာအမူအရာမှာ တစ်စုံတစ်ခုကို တွေးမိသွားသကဲ့သို့ အနည်းငယ် ပြောင်းလဲသွားသည်။
"...ဒါပေမဲ့ ဟန်ရှန်းဝူ ကတော့ ငြိမ်နေမှာ မဟုတ်ဘူး" သူမက အသံကို နှိမ့်၍ ပြောလိုက်သည်။ "ယွမ်ကျဲက သူ့လူပဲ။ အခုလို ရှုံးနိမ့်သွားရုံတင်မကဘဲ ဒီလောက်အထိ အရှက်ခွဲခံလိုက်ရတာဆိုတော့ သူ ဝင်ပါလာနိုင်တယ်"
လေထုထဲတွင် တင်းမာမှုများ ပြန်လည် စိမ့်ဝင်လာပြန်သည်။
လင်းရွှမ်၏ မျက်နှာမှာ ချက်ချင်းပင် တည်
တင်းသွား၏။ အမှန်ပင် သူ၏ လက်ပါးစေ ရှုံးနိမ့်သွားပြီဖြစ်ရာ ဟန်ရှန်းဝူ ကိုယ်တိုင် ဝင်ရောက်လာရန် သေချာသလောက် ရှိနေသည်။
သို့သော် ဟန်ရှန်းဝူ ကိုယ်တိုင် လာလျှင်ပင် သူ ရင်ဆိုင်နိုင်သည်ဟု လင်းရွှမ်သည် ယုံကြည်
ချက် ရှိသည်။
ခက်သည်မှာ ဟန်ရှန်းဝူ၏ နောက်ကွယ်တွင် ဂိုဏ်းချုပ်ဟန် ရှိနေပြီး ၎င်းမှာ ကိုင်တွယ်ရ ခက်ခဲသော ကိစ္စတစ်ခု ဖြစ်လာနိုင်သည်။
ပိုင်ကျီဟန်ကမူ နှာခေါင်းတစ်ချက် ရှုံ့လေ၏
"ဝင်ပါမယ် ဟုတ်လား?"
သူ၏ လေသံတွင် မထီမဲ့မြင်ပြုမှုများ ပါဝင်နေသည်။
"ငါ့လူတွေကို လာရှုပ်ဖို့ သူ့မှာ သတ္တိရှိမယ်လို့ ငါမထင်ဘူး။"
သူသည် ဝတ်ရုံစများကို လှပစွာ ယိမ်းခါစေလျက် ရှေ့သို့ ပြန်လည် လှမ်းလျှောက်လိုက်သည်။
"အဲဒီကိစ္စအတွက် ငါတို့ စိတ်ပူနေဖို့ မလိုပါဘူး"
သူ၏ လေသံသည် အကြွင်းမဲ့ ယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။
ဖေးလင်း အနေဖြင့် သံသယရှိသော်လည်း ဤကိစ္စမှာ သူမ ပူပန်ရမည့် ပြဿနာမဟုတ်ဟုသာ တွေးလိုက်တော့သည်။
ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် ပိုင်ကျီဟန် တစ်ဖန် ရပ်တန့်လိုက်ပြီး
ဂိုဏ်းဝင်ပေါက်ဘက်သို့ လှမ်းကြည့်
လိုက်၏
"ပိုင်ရွှယ်ချင်းနဲ့ ချူကျီယန်တို့ အခုလောက်ဆို ရောက်နေလောက်ပြီ။"
ထိုနာမည်များကို ရွတ်ဆိုလိုက်ချိန်တွင် သူ၏ လေသံမှာ အနည်းငယ် နူးညံ့သွားတော့သည်။
"သူတို့ကို အကြာကြီး စောင့်ခိုင်းမနေသင့်ဘူး။ သွားကြစို့”
အခန်း ၄၆၅ - ယွင်မိုခို ကောင်းကင်ဓားပြများ
ပိုင်မျိုးနွယ်စု၏ ဝိညာဉ်ပျံသန်းသင်္ဘောသည် တိမ်တိုက်များကို ပိုးသားကဲ့သို့ ခွဲခြမ်းကာ ကောင်းကင်ယံကို ဖြတ်သန်းနေစဉ် လေပြင်းများက ကုန်းပတ်ပေါ်တွင် တဝူးဝူးမြည်ဟည်းနေသည်။
ပိုင်ရွှယ်ချင်းသည် လက်ရန်းအနီးတွင် ရပ်နေပြီး သူမ၏ ဝတ်ရုံလက်စကများမှာ လေအဟုန်ကြောင့် တဖျတ်ဖျတ် လွင့်ခါနေသည်။
သူမ၏ စိတ်ထဲတွင် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေဆဲပင်။
အကြီးအကျယ် ဒေါသထွက်နေသည်မျိုးတော့ မဟုတ်ပေ
သို့သော်လည်း ကျေနပ်နေသည်တော့လည်း မဟုတ်ပေ။
သူမသည် အလွန်အမင်း အလျင်စလို လုပ်ခဲ့ရသည်။ အထုပ်အပိုးများကို အမြန်ပြင်ဆင်ခဲ့ရပြီး သူမ၏ ဆရာဖြစ်သူ တောင်ထိပ်သခင်ချင်းလန်ကိုပင် စနစ်တကျ နှုတ်မဆက်နိုင်ခဲ့ပေ။
ဤအရာအားလုံးမှာ ပိုင်ကျီဟန်ကို အကြာကြီး စောင့်မနေစေချင်သောကြောင့် ဖြစ်သည်။
သို့သော် သူမ ရောက်လာချိန်တွင် ပိုင်ကျီဟန် မှာ ရောက်မလာသေးပေ။
တစ်မိနစ်
ငါးမိနစ်
ဆယ်မိနစ်...။
ဆယ့်ငါးမိနစ်ခန့် ကြာသွားချိန်တွင်မူ သူမသည် ပိုင်ကျီဟန် တစ်ယောက် တမင်သက်သက် အချိန်ဆွဲနေသည်ဟုပင် တစ်ထစ်ချ ယုံကြည်သွားတော့သည်။
နောက်ဆုံးတွင် ပိုင်ကျီဟန် ရောက်လာသောအခါ ထုံးစံအတိုင်း အေးဆေးတည်ငြိမ်နေသဖြင့် သူမသည် စုပြုံနေသော မကျေနပ်ချက်များကို အားရပါးရ ထုတ်ဖော်ပြောဆိုပစ် လိုက်တော့သည်။
"ဘယ်မှာ သွားနေတာလဲ?ငါ ဘယ်လောက်တောင် စောင့်နေရလဲ သိရဲ့လား”
လင်းရွှမ်နှင့် ယွမ်ကျဲ တို့၏ တိုက်ပွဲအကြောင်း ကြားလိုက်ရပြီးနောက်မှသာ သူမ၏ ဒေါသများမှာ တဖြည်းဖြည်း အရည်ပျော်သွားရသည်။
အထူးသဖြင့် ယွမ်ကျဲ တစ်ယောက် အကြိမ်ကြိမ် ဒူးထောက်ဦးညွှတ်ခဲ့ရသည်ဟု ကြားလိုက်ရချိန်တွင် ပို၍ပင် ကျေနပ်သွားမိသည်။
အမှန်စင်စစ် ယွမ်ကျဲသည် တခြားသူ၏ အရှိန်အဝါကို အလွဲသုံးစားလုပ်ကာ မိမိ၏ အစွမ်းဟု ထင်မှတ်နေပြီး ဂိုဏ်းအတွင်း အနိုင်ကျင့်နေတတ်သည့် စိတ်ပျက်စရာကောင်းသော အနှောင့်အယှက်တစ်ခုသာ မဟုတ်ပါလော
ထိုကဲ့သို့သော လူစားမျိုးအတွက် ဤသည်မှာ သင့်တော်သော ပြစ်ဒဏ်ပင် ဖြစ်သည်ဟု သူမ တွေးလိုက်သည်။
ယခုမူ ပျံသန်းသင်္ဘောသည် တိမ်ပင်လယ်ထက်တွင် တည်ငြိမ်စွာ ခရီးနှင်နေပြီး သူတို့ကြားတွင် သက်သောင့်သက်သာရှိသော တိတ်ဆိတ်မှုတစ်ခု လွှမ်းမိုးနေသည်။
ပိုင်ကျီဟန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ အကြည့်တို့ကို အဝေးသို့ ပို့လွှတ်ထား၏။
ထိုစဉ်
ပိုင်ကျီဟန်သည် ထူးခြားသော တုန်ခါမှုတစ်ခုကို အာရုံခံမိလိုက်ပြီးနောက် ပိုင်ရွှယ်ချင်းနှင့် ချူကျီယန် တို့ပါ သိရှိသွားကြသည်။
နောက်ဆုံးမှ သိလိုက်သူမှာ ခုန်ကျန်းဟုန် ဖြစ်သည်။
"သခင်လေး”
သူ တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ်မှာပင်
ရှေ့ရှိ တိမ်တိုက်များကြားတွင် လှိုင်းဂယက်တစ်ခု ဖြတ်သန်းသွားသည်။
ထို့နောက် ဘယ်ဘက်တွင် တစ်ခု
ညာဘက်တွင် တစ်ခု...။
အရပ်သုံးမျက်နှာမှ ကြီးမားသော အရိပ်မည်းကြီးများ မြူခိုးများကို ထိုးခွဲ၍ ထွက်ပေါ်လာသည်။
ပျံသန်းယာဉ်များ
တစ်စီးတည်း မဟုတ်
နှစ်စီးလည်း မဟုတ်ပေ
သုံးစီးတောင် ဖြစ်သည်။
ထိုယာဉ်များသည် တင်းကျပ်သော စစ်ဗျူဟာပုံစံဖြင့် ထွက်ပေါ်လာကြပြီး ယာဉ်ကိုယ်ထည်များသည် မည်းမှောင်ကာ သံချပ်ကာများ တပ်ဆင်ထားပြီး ရွက်တိုင်များပေါ်တွင်မူ ရိုးရှင်းခြင်းမရှိသော အမှတ်အသားတစ်ခု ပါရှိနေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် ပိုင်မျိုးနွယ်စု၏ သင်္ဘောကို ဝိုင်းရံပိတ်ဆို့လိုက်ကြသည်။
တိုက်မိရုံအထိ ကပ်မလာသော်လည်း ထွက်ပြေးလမ်းကြောင်း အားလုံးကို ပိတ်ဆို့ထားရန်မူ လုံလောက်လှသည်။
အလယ်က ယာဉ်ကြီးမှာ ဖြည်းညှင်းစွာ ရှေ့သို့ တိုးလာ၏။
ထို့နောက်
ကုန်းပတ်ပေါ်သို့ လူတစ်ယောက် လှမ်းထွက်လာသည်။
အရပ်ရှည်ပြီး ပခုံးကျယ်၏
ထိုသူမှာ ဝိညာဉ်ရေးရာ အမှတ်အသားများ ထွင်းထုထားသော သံချပ်ကာအမည်းကို ဝတ်ဆင်ထားသည်။
သူ၏ ကျင့်ကြံမှု အရှိန်အဝါသည် ဖုံးကွယ်ထားခြင်းမရှိဘဲ ဟိန်းထွက်နေ၏။
သူသည် ချောက်ထဲတွင် ပိတ်မိနေသော သားကောင်ကို ကြည့်နေသကဲ့သို့ သူတို့ကို ငုံ့ကြည့်နေသည်။
သူ့အသံက ကောင်းကင်ယံတစ်ခုလုံး ဟိန်းထွက်သွား၏
"ငါတို့ စောင့်နေတာ ကြာလှပြီ”
သူ၏ မျက်နှာပေါ်တွင် မဲ့ပြုံးတစ်ခု ယှက်သန်းသွားသည်။
ခုန်ကျန်းဟုန်သည် ထိုအမှတ်အသားကို ရှင်းလင်းစွာ မြင်လိုက်ရချိန်တွင် သူ၏ မျက်ဝန်းများမှာ စိုးရိမ်တကြီး ကျဉ်းမြောင်းသွားတော့သည်။
အမှတ်အသားသည် ငွေရောင်သိန်းငှက်တစ်ကောင်ဖြစ်ပြီး ၎င်း၏အတောင်ပံများကို သွေးနီရောင်လျှပ်စီးကြောင်းတစ်ခုက ဖြတ်သန်းချိုးဖျက်ထားသည့် ပုံစံပင်။
ခုန်ကျန်းဟုန်၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပျက်ယွင်းသွားသည်။
"ယွင်မိုခို ကောင်းကင်ဓားပြတွေပဲ..." သူက အသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။
ခုန်ကျန်းဟုန်သည် ရှေ့သို့တစ်လှမ်းတက်လိုက်ပြီး ပတ်ဝန်းကျင်ရှိ ရန်သူ့သင်္ဘောများကို အကဲခတ်လိုက်သည်။
"သခင်လေး... သူတို့က ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အတော်လေး နာမည်ဆိုးနဲ့ ကျော်ကြားလာတာပါ။ အဓိက ကုန်သွယ်ရေးလမ်းကြောင်းတွေမှာ သွားလာနေတဲ့ ပျံသန်းယာဉ်တွေကို ကြားဖြတ်တိုက်ခိုက်တဲ့နေရာမှာ သူတို့က နာမည်ကြီးပဲ"
သူ၏ မေးရိုးများမှာ တင်းမာနေသည်။
"သူတို့က ကုန်သည်သင်္ဘောတွေ၊ မျိုးနွယ်စုငယ်တွေနဲ့ အကာအကွယ်မပါဘဲ ခရီးသွားနေတဲ့ ဂိုဏ်းတပည့်တွေကို အဓိကပစ်မှတ်ထားလေ့ရှိတယ်။ သူတို့အမြင်မှာ အားနည်းတယ်လို့ ထင်ရတဲ့သူမှန်သမျှကို တိုက်ခိုက်တာပဲ"
ပိုင်ရွှယ်ချင်းက မျက်မှောင်ကြုတ်လိုက်၏
"ဓားပြတွေပေါ့ ဟုတ်လား?"
"ဟုတ်ပါတယ်" ခုန်ကျန်းဟုန်က လေးလံသောအသံဖြင့် ပြန်ဖြေသည်။ "ဒါပေမဲ့ သာမန်ဓားပြတွေတော့ မဟုတ်ဘူး”
သူ၏ အကြည့်တို့သည် အလယ်သင်္ဘောပေါ်တွင် ဝင့်ကြွားစွာ ရပ်နေသော သံချပ်ကာဝတ်လူထံသို့ ရောက်ရှိသွားသည်။
"အင်ပါယာ တော်ဝင်မိသားစုကိုယ်တိုင်တောင် သူတို့ကို မနှိမ်နင်းနိုင်တဲ့ အဓိကအကြောင်းရင်း နှစ်ခုရှိတယ်"
"ပထမအချက်က—သူတို့က သတိအလွန်ကြီးတယ်။ သူတို့ဘက်က အသာစီးမရဘူးလို့ ထင်ရင် ဘယ်တော့မှ မတိုက်ဘူး။ တစ်ခုခုမှားယွင်းနေတယ်လို့ ခံစားရတာနဲ့ ချက်ချင်း လူစုခွဲပြီး ထွက်ပြေးကြတာ"
"ဒုတိယအချက်က ခွန်အားပဲ။"
သူ၏ အသံမှာ ပို၍ တိုးညှင်းသွားသည်။
"သူတို့ရဲ့ ခေါင်းဆောင်ဟာ မဟာကောင်းကင်ဘုံတက်လှမ်းခြင်းနယ်ပယ်ကို ပိုင်ဆိုင်ထားတယ်လို့ ကောလာဟလတွေ ထွက်နေတယ်"
ထိုစကားလုံးများကြောင့် ဝန်းကျင်ရှိ လေထုမှာ ပို၍ လေးလံသွားသယောင်ရှိ၏။
မဟာကောင်းကင်ဘုံတက်လှမ်းခြင်းနယ်ပယ်
နယ်ပယ်တစ်ခုလုံးကို တုန်လှုပ်စေနိုင်သည့် စွမ်းအားရှင်တစ်ဦးပင်။
ခုန်ကျန်းဟုန်က ဆက်လက်၍ အမြန်ရှင်းပြသည်။
"အရင်က သူတို့ကို နှိမ်နင်းဖို့ အကြီးစား စစ်ဆင်ရေးတွေ လုပ်ခဲ့ဖူးတယ်။ အဓိကဂိုဏ်းကြီး အတော်များများက သူတို့ကို ဝိုင်းရံဖို့ ကြိုးစားခဲ့ကြတယ်"
သူက ခါးသီးစွာဖြင့် တစ်ချက်ရယ်လိုက်၏
"အဲဒီအချိန်တိုင်း သူတို့က လွတ်အောင်ပြေးနိုင်ခဲ့တယ်။ သူတို့ရဲ့ လှုပ်ရှားနိုင်စွမ်းက ကြောက်စရာကောင်းလောက်အောင် မြန်ဆန်လွန်းတယ်။
“ပြီးတော့ အင်အားနည်းတဲ့ စစ်ဆင်ရေးတွေကိုကျတော့ သူတို့က သနားညှာတာမှုမရှိဘဲ အပြတ်အသတ် ချေမှုန်းပစ်တာပဲ"ခုန်ကျန်းဟုန်က ရှင်းပြလေ၏
သင်္ဘောနှစ်စင်းကြား ဟာလာဟင်းလင်းပြင်ကို ဖြတ်ကျော်၍ ထိုသံချပ်ကာဝတ်လူက ဖြည်းညှင်းစွာ လက်ခုပ်တီးလိုက်သည်။
"အထင်ကြီးစရာပဲ”
သူ၏ မဲ့ပြုံးမှာ ပို၍ ကျယ်ပြန့်လာသည်။
"ငါတို့ကို ဒီလောက်မြန်မြန် မှတ်မိလိမ့်မယ်လို့ မထင်ထားဘူး။"
သူ၏ အကြည့်တို့က ခုန်ကျန်းဟုန် ထံသို့ ရောက်ရှိသွား၏။
"ငါတို့ရဲ့ ဂုဏ်သတင်းကို ဒီလောက်တိတိကျကျ ရွတ်ပြနိုင်တာက ပိုပြီး အထင်ကြီးစရာကောင်းတယ်။"
ထို့နောက် သူ၏ အကြည့်သည် စူးရှသွားပြီး ပိုင်ကျီဟန် ထံသို့ စိုက်ကြည့်လိုက်သည်။
"ကောလာဟလတွေနဲ့ ပတ်သက်လို့ကတော့..."
သူ့ထံမှ ဖိအားလှိုင်းတစ်ခုမှာ လျှံထွက်လာသည်။
အစွမ်းကုန် ထုတ်ဖော်လိုက်ခြင်း မဟုတ်သေးပေ
သို့သော်လည်း လုံလောက်လှပြီဖြစ်သည်။
သူ၏ သင်္ဘောအောက်ရှိ တိမ်တိုက်များသည် ပြင်းထန်စွာ လှုပ်ခတ်သွား၏
ဝိညာဉ်စွမ်းအင်များ တုန်ရီသွားတော့သည်။
ထိုဖိနှိပ်မှု အရှိန်အဝါသည် တောင်ကြီးတစ်လုံး ပြိုကျလာသကဲ့သို့ပင်။
မဟာကောင်းကင်ဘုံတက်လှမ်းခြင်းနယ်ပယ် ဆိုသည်မှာ အမှန်ပင် ဖြစ်ချေပြီ။
ထိုလူသည် သူ၏ လက်မောင်းများကို သက်သောင့်သက်သာ ဖြန့်လိုက်၏
"မင်း ပြောတာ မှန်တယ်”
သူ၏ အသံမှာ ပို၍ နက်ရှိုင်းလာပြီး အစောပိုင်းက ဟန်ဆောင်မှုများ ကင်းစင်သွားသည်။
"ငါကတော့ ယွင်မိုခို - တိမ်တိုက်မိစ္ဆာဓားပြများ ရဲ့ ခေါင်းဆောင်ပဲ။"
အန္တရာယ်ရှိလှသော အပြုံးတစ်ခုက သူ၏ နှုတ်ခမ်းဖျားတွင် ယှက်သန်းနေသည်။
ဝန်းကျင်ရှိ ရန်သူ့သင်္ဘောများမှာလည်း သူ၏ ကြေညာချက်ကြောင့် ပို၍ ရဲတင်းလာသကဲ့သို့ အနည်းငယ် လှုပ်ရှားလာကြသည်။
၎င်းတို့၏ ယာဉ်ကိုယ်ထည်ရှိ ဝိညာဉ်အမြောက်များထံမှ စွမ်းအင်များ စုစည်းလာသည့် တဝီဝီမြည်သံများမှာလည်း ကျယ်လောင်လာတော့သည်။
ဓားပြခေါင်းဆောင်သည် ခေါင်းကို အနည်းငယ် စောင်းလိုက်၏
"ဒါကြောင့်... လက်နက်ချလိုက်”
သူက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
ပိုင်ကျီဟန်ကမူ တည်ငြိမ်နေဆဲပင်။
"မင်းတို့ရဲ့ ရည်ရွယ်ချက်ကို ပြောပြပါ"
သူက ပြတ်သားစွာ မေးလိုက်သည်။
ထိုလူက ရယ်မောလိုက်၏
"ဓားပြတိုက်တာကလွဲလို့ ငါတို့မှာ တခြား ဘာရည်ရွယ်ချက်ရှိဦးမှာလဲ?"
သဘာဝကျလှသည့်အလား ပြောလိုက်သည်။
ကောင်းပြီ... ပိုင်ကျီဟန်ကမူ ထိုအဓိပ္ပာယ်မရှိသော စကားများကို လုံးဝမယုံကြည်ပေ။
သူတို့သည် ကောင်းကင်ဓားပြများ ဖြစ်နိုင်သော်လည်း ယခုကဲ့သို့ အချိန်ကိုက် လာရောက်ဝိုင်းရံပုံမှာ သူတို့ကို အထူးတလည် စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်ကြောင်း အသေအချာပင်။
ပိုင်ရွှယ်ချင်းသည် မေးကိုအနည်းငယ်မော့၍ ရှေ့သို့ လှမ်းထွက်လိုက်သည်။
"မင်းတို့ ဘယ်သူ့ကို လာပတ်သက်နေတာလဲဆိုတာ သိရဲ့လား?"
သူမ၏အသံမှာ စူးရှလှသည်။
"ငါတို့ကို ပစ်မှတ်ထားရင် ဘာဖြစ်မလဲဆိုတာ မင်းတို့ တကယ်ရော နားလည်ရဲ့လား?"
ဓားပြခေါင်းဆောင်က ခေါင်းကိုနောက်ပစ်၍ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
အခြားသင်္ဘောများပေါ်တွင်လည်း လူရိပ်များဖြင့် ပြည့်နှက်နေပြီး အားလုံးက သူတို့ကို လှောင်ပြောင်ကြည့်နေကြသည်။
"အို... ငါတို့ ဘယ်သူနဲ့ ဆက်ဆံနေရလဲဆိုတာ အတိအကျ သိတာပေါ့။"
ပိုင်ရွှယ်ချင်း၏ မျက်နှာမှာ အေးစက်သွား၏။
ထိုလူ၏ အကြည့်က သူမထံသို့ ပျင်းရိစွာ ရောက်ရှိလာသည်။
"မင်းက ပိုင်မျိုးနွယ်စုရဲ့ မင်းသမီးလေး ပိုင်ရွှယ်ချင်း ဖြစ်ရမယ်။"
သူက တဟားဟား ရယ်လိုက်၏
"ပြီးတော့ မင်းက ပိုင်ကျီဟန် မလား?"
သူ၏မျက်ဝန်းများတွင် လှောင်ပြောင်ရိပ်များ တောက်ပနေသည်။
"ပိုင်မျိုးနွယ်စုရဲ့ ဒဏ်ရာရနေတဲ့ ပါရမီရှင်ကြီးပေါ့”
"မင်းတို့ ဘယ်သူလဲဆိုတာ မသိဘဲ ငါတို့ လာခဲ့မယ်လို့ ထင်နေတာလား?"
သူ၏မျက်ဝန်းများ ကျဉ်းမြောင်းသွား၏
လှောင်ပြောင်မှုမှာ ပို၍ အေးစက်လာသည်။
"ဒါပေမဲ့ မင်းတို့ ဘာလုပ်နိုင်မှာလဲ?"
သူသည် ဟန်ပါပါဖြင့် လက်မောင်းများကို ဖြန့်လိုက်သည်။
"အခု မင်းတို့မှာ အင်အားမရှိဘူး”
သူ၏အကြည့်သည် သူတို့၏ အခြွေအရံအနည်းငယ်ကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် သူ၏မဲ့ပြုံးမှာ ပို၍ ကျယ်ပြန့်လာသည်။
သင်္ဘောများကြားတွင် လေပြင်းများက ပိုမိုပြင်းထန်စွာ မြည်ဟည်းနေပြီး ရန်သူ့သင်္ဘောများပေါ်ရှိ ဝိညာဉ်အမြောက်များမှာ စတင်၍ အလင်းတန်းများ မှိန်ပျပျ တောက်ပလာချေပြီ။
ပိုင်ရွှယ်ချင်း၏ ရင်ဘတ်ထဲတွင် နှလုံးခုန်သံ တစ်ချက် မြန်သွားသော်လည်း သူမ၏ မျက်နှာပေါ်တွင်မူ မည်သည့် အရိပ်အယောင်မျှ မပြပေ။
"မင်းတို့ လုပ်ရဲတယ်ပေါ့?"
သူမက အေးစက်စွာ ပြောလိုက်သည်။
"လုပ်ရဲတယ် ဟုတ်လား?" ထိုလူက ထပ်ဆင့်ပြောလိုက်သည်။ "သခင်မလေး... ဒါက အဆုံးအစမရှိတဲ့ ကောင်းကင်ယံပဲ။ မတော်တဆမှုတွေကတော့ ဖြစ်တတ်တာပဲလေ။"
သူ၏အသံမှာ ပို၍ နိမ့်ဆင်းသွားသည်။
"ပြီးတော့ မင်းတို့ ပိုင်မျိုးနွယ်စုက နောက်မှ တရားမျှတမှု ရှာမယ်ဆိုရင်တောင်”
သူက ပခုံးတွန့်လိုက်၏
"ဒါကို ဘယ်သူလုပ်လဲဆိုတာ သူတို့ သိပါဦးမလား? သိရင်တောင် ငါတို့ကို ဖမ်းနိုင်ပါ့မလား?"
"ဟားဟား..."
ဓားပြအတော်များများက လိုက်လံရယ်မောကြပြီး ပိုင်မျိုးနွယ်စုကို အရေးမစိုက်ပုံ ပြသနေကြသည်။
အမှန်စင်စစ် ဂိုဏ်းများနှင့် မျိုးနွယ်စုများသည် ခြေရာခံမိပါက တိုက်ခိုက်ခံရနိုင်သော်လည်း ကောင်းကင်ဓားပြများမှာမူ ကောင်းကင်တစ်ခုလုံးတွင် လှည့်လည်သွားလာနေသူများ ဖြစ်သဖြင့် ကိုင်တွယ်ရ အလွန်ခက်ခဲပေသည်။
ဓားပြခေါင်းဆောင်၏ ရယ်သံများမှာ တဖြည်းဖြည်း တိမ်ဝင်သွားသည်။
သူ၏မျက်နှာပေါ်တွင် မဲ့ပြုံးတစ်ခု ကျန်ရှိနေဆဲဖြစ်သော်လည်း သူ၏မျက်ဝန်းများမှာ အေးစက်သွားချေပြီ။
သူသည် လက်တစ်ဖက်ကို အနည်းငယ် မြှောက်လိုက်ရာ ဝိညာဉ်အမြောက်များမှ ထွက်ပေါ်နေသော တဝီဝီမြည်သံမှာ ပိုမိုပြင်းထန်လာတော့သည်။
"ငါ နောက်ဆုံးအကြိမ် အကြံပေးပါ့မယ်" သူက ပျင်းရိစွာ ပြောလိုက်သည်။ "ငြိမ်ငြိမ်သက်သက်ပဲ လက်နက်ချလိုက်စမ်းပါ”
ထိုစကားလုံးသည် ဟာလာဟင်းလင်းဖြစ်နေသော ကောင်းကင်ပြင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။
သူ၏အကြည့်သည် ပိုင်ရွှယ်ချင်း ထံတွင် အဓိပ္ပာယ်ပါပါ ခဏမျှ ရပ်တန့်နေပြီးမှ ပိုင်ကျီဟန်ထံသို့ လွှဲပြောင်းသွားသည်။
"မင်းတို့သာ ပူးပေါင်းမယ်ဆိုရင် ငါ သဘောထားကြီးပြီး မင်းတို့ကို အသက်ချမ်းသာပေးချင် ပေးလိုက်မယ်။"
ခဏမျှ တိတ်ဆိတ်သွား၏
"ဒါမှမဟုတ်ရင်တော့”
သူ့လေသံ၏ အပူချိန်မှာ အေးစက်စပြုလာသည်။
"ငါ့ကို ရက်စက်တယ်လို့တော့ မဆိုနဲ့ပေါ့။"
ပတ်ဝန်းကျင်ရှိ ဓားပြသင်္ဘောများသည် သူတို့၏ စစ်ဗျူဟာကို အနည်းငယ် ပြင်ဆင်လိုက်ကြသည်။
၎င်းတို့၏ ယာဉ်ကိုယ်ထည်များပေါ်တွင် အခင်းအကျင်းပုံစံများ လင်းထိန်လာပြီး ထိုအစီရင်ခံများသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေပြီး အထပ်ထပ် အလွှာလွှာဖြင့် ဖိအားပေးလာကြသည်။
သူတို့သည် ဤကဲ့သို့သော လုပ်ရပ်မျိုးကို အကြိမ်ကြိမ် လုပ်ဆောင်ဖူးကြောင်း သိသာလှသည်။
ပိုင်ရွှယ်ချင်းသည် သူ့ကို ခေတ္တမျှ စိုက်ကြည့်နေ၏
ထို့နောက်
သူမက နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။
ထိုအသံမှာ စူးရှပြီး ဖုံးကွယ်ထားခြင်းမရှိသော မထီမဲ့မြင်ပြုမှုပင်။
"သဘောထားကြီးတယ် ဟုတ်လား?"
သူမ၏ နှုတ်ခမ်းများက ခပ်ပါးပါး ကွေးညွတ်သွား၏
"ရှင် ဒီလို ဟန်ဆောင်မနေသင့်ပါဘူး။"
ဓားပြခေါင်းဆောင်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။
"ရှင်တို့က သာမန်ကုန်သည်တွေကို ဓားပြတိုက်ဖို့ လာတာဆိုရင် သင်္ဘောသုံးစီးတောင် မလိုပါဘူး။"
"ဒါက တိုက်ဆိုင်မှုတစ်ခုဆိုရင်လည်း ကျွန်မတို့ ဂိုဏ်းကနေ ထွက်လာတာနဲ့ တစ်ပြိုင်နက် ကျွန်မတို့ကို အခုလို ဝိုင်းရံထားမှာ မဟုတ်ဘူး။"
သူမ၏ အကြည့်တို့က စူးရှသွား၏။
"ရှင်တို့က ကျွန်မတို့ကို ဖမ်းဆီးဖို့ လာတာဆိုရင်လည်း ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်စမ်းပါ။"
သူမက မေးကို အနည်းငယ် မော့လိုက်၏
"ကျွန်မတို့ရဲ့ ဉာဏ်ပညာကို ရှင်တို့ရဲ့ ညံ့ဖျင်းတဲ့ သရုပ်ဆောင်ချက်တွေနဲ့ လာပြီး မစော်ကားပါနဲ့။"
ဓားပြများကြားတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
ခေါင်းဆောင်ဖြစ်သူ၏ မျက်နှာပေါ်မှ အပြုံးသည် လုံးဝ ပျောက်ကွယ်သွားချေပြီ။
ပထမဆုံးအကြိမ်အဖြစ် သူ၏ အမူအရာမှာ တည်ကြည်သွားသည်။
ကစားလိုသော ဓားပြမျက်နှာဖုံးသည် စွန့်ပစ်ခံလိုက်ရသော အရာတစ်ခုကဲ့သို့ ကွာကျသွား၏။
သူ၏ အရှိန်အဝါများသည် သိသိသာသာ မြင့်တက်လာပြီး ပိုင်မျိုးနွယ်စု၏ ယာဉ်ပေါ်သို့ ပိုမိုပြင်းထန်စွာ ဖိနှိပ်လာတော့သည်။
"ဉာဏ်ထက်မြက်သားပဲ" သူက တိုးတိုးလေး ရေရွတ်လိုက်သည်။
ထို့နောက် သူ၏အသံမှာ ကောင်းကင်ယံ၌ ဟိန်းထွက်လာသည်။
ယခုတစ်ကြိမ်တွင် ဟန်ဆောင်မှုများ ကင်းစင်နေ၏။
"တိုက်ခိုက်ကြစမ်း”
ထိုစကားလုံးသည် ဓားတစ်လက် ကျဆင်းလာသကဲ့သို့ ပြတ်သားလှသည်။
ချက်ချင်းဆိုသလိုပင်
ဓားပြသင်္ဘောငါးစီးစလုံးမှ အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။
ဝိညာဉ်အမြောက်များသည် အသက်ဝင်လာကြပြီး စုစည်းထားသော ဝိညာဉ်ချီတန်းများမှာ ကောင်းကင်ကို ခွဲခြမ်းကာ လမ်းကြောင်းတစ်လျှောက်ရှိ တိမ်တိုက်များကို ဖျက်ဆီးပစ်လိုက်သည်။
ထိုအလင်းတန်းအားလုံးသည် ပိုင်မျိုးနွယ်စု၏ ယာဉ်ထံသို့ စုပြုံကျရောက်လာတော့သည်။
"ခုခံရေးအခင်းအကျင်းကို ဖွင့်စမ်း”
ခုန်ကျန်းဟုန်က ဟစ်ကြွေးလိုက်သည်။
ပိုင်မျိုးနွယ်စု၏ ယာဉ်ကြီးသည် တုန်ခါသွားပြီး ကာကွယ်ရေး အခင်းအကျင်းများမှ ရုတ်တရက် ထွက်ပေါ်လာကာ ရွှေရောင်အတားအဆီးများသည် ယာဉ်ကိုယ်ထည်ကို အထပ်ထပ် ဖုံးအုပ်လိုက်ကြသည်။
ဝုန်း
ပထမဆုံး အမြောက်ဆန်မှာ အတားအဆီးကို
အင်တိုက်အားတိုက် ရိုက်ခတ်လိုက်သည်။
သင်္ဘောတစ်စီးလုံး ပြင်းထန်စွာ လှုပ်ခတ်သွား၏ ထွက်ပေါ်လာသော နောက်ဆက်တွဲ တုန်ခါလှိုင်းများသည် မီတာရာပေါင်းများစွာအတွင်းရှိ တိမ်တိုက်များကို လွင့်စင်သွားစေသည်။
နောက်ထပ် ပစ်ခတ်မှုတစ်ခုက ထိမှန်ပြန်သည်။
ထို့နောက် နောက်တစ်ခု
ရွှေရောင် အတားအဆီးမှာ တဖျတ်ဖျတ် တုန်ခါနေသည်။
သင်္ဘောငါးစီးစလုံးက ပိုင်ကျီဟန်၏ ယာဉ်ကို တစ်ပြိုင်နက် တိုက်ခိုက်နေကြသော်လည်း အလွယ်တကူ ထိုးဖောက်နိုင်ခြင်း မရှိသေးပေ။
အမှန်စင်စစ် သူတို့၏ ယာဉ်များနှင့် နှိုင်းယှဉ်လျှင် ပိုင်ကျီဟန်၏ ပျံသန်းယာဉ်သည် ထိပ်တန်းအဆင့်ဖြစ်ပြီး အကောင်းဆုံးများထဲမှ အကောင်းဆုံးဟု ခေါ်လျှင်ပင် လွန်အံ့မည်မထင်ပေ။
သို့သော်လည်း မည်မျှပင် ကောင်းမွန်သော သင်္ဘောဖြစ်ပါစေ၊ အဆက်မပြတ် တိုက်ခိုက်ခံနေရပါက နောက်ဆုံးတွင်မူ ပြိုလဲသွားရမည်သာ ဖြစ်သည်။
"ခုခံရေး အခင်းအကျင်းက ဒီထက်ပိုတဲ့ တိုက်ခိုက်မှုတွေကို ကြာကြာ ခံနိုင်မှာ မဟုတ်ဘူး။ တိုက်ပွဲအတွက် ပြင်ထားကြ”
ပိုင်ရွှယ်ချင်းသည် ပြောရင်း သူမ၏ ဓားကို ထုတ်လိုက်သည်။
ချူကျီယန်နှင့် ခုန်ကျန်းဟုန်တို့လည်း ထိုနည်းအတိုင်းပင် တိုက်ပွဲဝင်ရန် အသင့်ပြင်လိုက်ကြလေတော့သည်။
အခန်း ၄၆၆ - ကောင်းကင်ယံမှ ဘေးဒုက္ခ
ပိုင်ရွှယ်ချင်း၏ ဓားအိမ်အတွင်းမှ ဓားထွက်လာသည်နှင့် တစ်ပြိုင်နက် ဝိညာဉ်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာသည်။
ချူကျီယန်သည်လည်း သူမ၏ဓားကိုဆွဲကိုင်ကာ ရှေ့သို့ တိုးထွက်လာခဲ့၏။
အထက်ကောင်းကင်ယံတွင်မူ
ဓားပြသင်္ဘောသုံးစင်းသည် တြိဂံပုံစံ စစ်ကြောင်းကို ဆက်လက်ထိန်းထားဆဲပင်။
အမြောက်ဆန်များ ဒုတိယအကျော့အဖြစ် ထပ်မံစုစည်းလာကြသည်။
"သူတို့ရဲ့ အကာအကွယ်ကို အရင်ချိုးဖျက်
ကြ”
ကောင်းကင်ဓားပြများက ဟစ်ကြွေးလိုက်ကြသည်။
နောက်တစ်ကြိမ် တိုက်ခိုက်မှု မကျရောက်မီမှာပင် ပိုင်ရွှယ်ချင်းက လှုပ်ရှားလိုက်သည်။
သူမသည် သင်္ဘောပတ်လမ်းပေါ်မှ ခုန်
တက်လိုက်ချေသည်။
ကောင်းကင်ယံသို့ မြှားတစ်စင်းကဲ့သို့ ပြေးဝင်သွား၏။
ဓားချက်တစ်ချက်က ဝေဟင်ကို ခွင်းသွားပြီး ကျရောက်လာသော အလင်းတန်းတစ်ခုနှင့် ထိပ်တိုက်တွေ့ဆုံကာ ပေါက်ကွဲသွားသည်။
ဝုန်း
ပေါက်ကွဲမှုကြောင့် အလင်းတန်းများ လွင့်စင်သွား၏
သို့သော်လည်း ကျန်ရှိနေသော အမြောက်ဆန်များက သင်္ဘောကို ထိမှန်သွားခဲ့သည်။
ပိုင်မျိုးနွယ်စု၏ ကာကွယ်ရေးစစ်အစီအရင်သည် ပြင်းထန်စွာ တုန်ခါသွား၏
အကာအကွယ်အလွှာပေါ်တွင် မုန်တိုင်းထန်နေသော ပင်လယ်ပြင်ကဲ့သို့ အလင်းလှိုင်းများ ရိုက်ခတ်နေသည်။
ပစ်မှတ်တစ်ခုတည်း
ထပ်တလဲလဲ ထိမှန်နေမှုကြောင့်
အကာအကွယ်အလွှာပေါ်တွင် အက်ကြောင်းများ စတင်ပေါ်ပေါက်လာသည်။
ချူကျီယန်၏ မျက်နှာအမူအရာ ပျက်ယွင်းသွား၏
"သူတို့က တစ်နေရာတည်းကိုပဲ စုပြုံတိုက်ခိုက်နေတာ” ဟု ရေရွတ်လိုက်မိသည်။
အထက်ရှိ ဓားပြသင်္ဘောသုံးစင်းသည် ၎င်းတို့၏ အမြောက်အားလုံးကို အကာအကွယ်အလွှာ၏ တိကျသော အစိတ်အပိုင်းတစ်ခုတည်းသို့ ဦးတည်လိုက်ကြသည်။
ဝုန်း
စစ်အစီအရင်မှာ တုန်ရင်သွား၏
သင်္ဘောကိုယ်ထည်တွင် ထွင်းထုထားသော ဝိညာဉ်ကြောများမှာလည်း အလင်းများ မှိတ်တုတ်မှိတ်တုတ် ဖြစ်လာသည်။
ဂျွတ်
ဖန်သားပြင် ကွဲအက်သံကဲ့သို့ စူးရှသော အသံတစ်ခု ထွက်ပေါ်လာ၏
အက်ကြောင်းများက ပင့်ကူအိမ်သဖွယ် လျင်မြန်စွာ ပြန့်နှံ့သွားသည်။
အခင်းအကျင်းသည် ဖိအားအောက်တွင် အက်ကွဲလာချေသည်။
ခဏတာ တောင့်ခံထား၏
ပြီးနောက်
ဖြောက်
အကာအကွယ်အလွှာ၏ အစိတ်အပိုင်းတစ်ခုသည် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွား၏
ဝိညာဉ်အလင်းတန်းများ လေထုထဲတွင် ပျော်ဝင်ပျောက်ကွယ်သွားသည်။
အကာအကွယ်ကြီး တစ်ခုလုံး ပြိုလဲသွားပြီ ဖြစ်သည်။
ကောင်းကင်ထက်တွင် ပွင့်ထွက်သွားချေပြီ
ယခု
သူတို့ ဝင်နိုင်ကြပြီ
"တက်တိုက်ကြ”
ဓားပြခေါင်းဆောင်က အမိန့်ပေးလေ၏
သံကြိုးများစွာ ပစ်လွှတ်လိုက်ပြီး ပိုင်မျိုးနွယ်စုသင်္ဘောကို ချိတ်တွယ်ကာ ကျန်ရှိနေသော စွမ်းအင်များကို စုပ်ယူတော့သည်။
ကောင်းကင်ဓားပြများသည် အရပ်မျက်နှာအသီးသီးမှ အလုံးအရင်းနှင့် စီးနင်းတိုက်ခိုက်လာကြ၏။
ပိုင်ရွှယ်ချင်းက ချက်ချင်း တုံ့ပြန်လိုက်ကာ သူမသည် လေထုထဲရှိ သံကြိုးများကို ခဲသွားစေရန် ပြုလုပ်လိုက်ပြီး ရန်သူ့စစ်ကြောင်းကို နှောင့်ယှက်လိုက်သည်။
ချူကျီယန်သည်လည်း သူမနောက်မှ လိုက်ပါကာ သံကြိုးများကို တစ်ချက်တည်းနှင့် ပိုင်းဖြတ်ပစ်လိုက်၏။
ဓားပြအများအပြား ကျဆုံးသွားသော်လည်း ပိုမိုများပြားသော ရန်သူများက ပိုင်ကျီဟန်၏ ပျံသန်းခြင်းသင်္ဘောပေါ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ပိုင်ရွှယ်ချင်း၏ မျက်လုံးများမှာ အေးစက်သွား၏
"နှင်းခဲကောင်းကင်ပိတ်ဆို့ခြင်း - အကြွင်းမဲ့ အေးခဲနယ်မြေ “
လေထု၏ အပူချိန်မှာ ချက်ချင်းဆိုသလို ထိုးဆင်းသွားသည်။
သင်္ဘောပတ်လမ်းပေါ်တွင် နှင်းခဲလှိုင်းများ အရှိန်အဟုန်ဖြင့် ပြန့်နှံ့သွားပြီး သင်္ဘော၏ အဓိကစစ်အခင်းအကျင်းနှင့် ကိုယ်ထည်ကို မထိခိုက်စေဘဲ ရန်သူများကိုသာ ပစ်မှတ်ထားကာ အေးခဲစေသည်။
သင်္ဘောပေါ်သို့ ဆင်းသက်လာသော ဓားပြများမှာ လှုပ်ရှားနေရင်းပင် အေးခဲသွားကြသည်။
သူတို့၏ ခြေထောက်များ
ကိုယ်ထည်များနှင့်
လက်နက်များပေါ်တွင် နှင်းခဲများ လျင်မြန်စွာ ဖုံးလွှမ်းသွား၏။
အခြေတည်ဝိညာဉ်အဆင့်အောက်ရှိသူများမှာ ခုခံနိုင်စွမ်းမရှိပေ
ခဏချင်းအတွင်း ပိတ်မိသွားကြသည်။
သင်္ဘောကုန်းပတ်တွင် ရေခဲရုပ်ထုများဖြစ်ကုန်၏
သန်မာသော ဓားပြအချို့သာ ရေခဲများကို ခွဲထွက်နိုင်ကာ လေထဲသို့ အလျင်အမြန် ဆုတ်ခွာနိုင်ခဲ့ကြသည်။
ချူကျီယန်ကလည်း အခွင့်အရေးကို လက်လွတ်မခံပေ
သူမသည် ဝေဝါးသွားချေသည်။
တိုက်ခိုက်မှုက နောက်မှ လိုက်ပါလာချေ၏
သူမ၏ဓားချက်များဖြင့် အေးခဲနေသော ရန်သူများကို အပိုင်းပိုင်းချေမှုန်းပစ်လေသည်။
တိုက်ပွဲအခြေအနေသည် သူတို့ဘက်သို့ အသာစီးရလာသော်လည်း ဘာမှမဖြစ်သလိုပင် ရန်သူများက မကုန်နိုင်မခမ်းနိုင် တိုးထွက်လာနေဆဲ ဖြစ်သည်။
အောက်ဘက်တွင်မူ ခုန်ကျန်းဟုန်သည် သွားကိုတင်းတင်းကြိတ်ထား၏
သူ၏အတိုင်းအတာကို သိရှိထားသည်။
ထိုအင်အားစုနှင့် ရင်ဆိုင်ရချိန်တွင် မဆင်မခြင် ရဲစွမ်းသတ္တိပြနေခြင်းက ရန်သူအတွက် အခွင့်အရေး ပေးလိုက်သလိုသာ ဖြစ်လိမ့်မည်။
ထို့ကြောင့် ခုန်ကျန်းဟုန်သည် သူ၏ အစွမ်းအစ အကန့်အသတ်ကို သိရှိပြီး ဘေးမှ ကပ်ပါလာသော အောက်ခြေဓားပြများကို ရှင်းလင်းရန်သာ အာရုံစိုက်ထားလိုက်သည်။ သူသည် ပိုင်ရွှယ်ချင်းနှင့် ချူကျီယန်တို့၏ လှုပ်ရှားမှုကို မနှောင့်ယှက်မိစေရန် အထူးသတိထားနေ၏။
ယခုအချိန်တွင် မိမိကိုယ်မိမိ အသက်ရှင်အောင် ကာကွယ်ထားနိုင်ခြင်းသည်ပင် သူလုပ်ဆောင်နိုင်သော အကောင်းဆုံးအရာ ဖြစ်ပေသည်။
အထက်တွင်မူ
ဓားပြခေါင်းဆောင်က အေးဆေးစွာ ကြည့်နေသည်။
သူ၏ လက်အောက်ငယ်သားများ လျင်မြန်စွာ ကျဆုံးနေသော်လည်း ၎င်းမှာ သူခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်ပုံရသည်။
ပိုင်ရွှယ်ချင်း၏ အသက်ရှူသံမှာ တည်ငြိမ်နေဆဲဖြစ်၏
ချူကျီယန်သည်လည်း ရေစီးသကဲ့သို့ လျင်မြန်ချောမွေ့စွာ ရန်သူများကို ရှင်းလင်းနေသည်။
သူတို့ တောင့်ခံထားနိုင်ကြသည်။
တောင့်ခံထားနိုင်ရုံသာမက
အောက်ခြေဓားပြများကို တစ်ဖက်သတ် ဖိနှိပ်ခြေမှုန်းနေကြခြင်း ဖြစ်သည်။"
သို့သော်လည်း
ဒါက မလုံလောက်သေးပေ။
ဓားပြများကြားမှ ပုဂ္ဂိုလ်သုံးဦး ထွက်ပေါ်လာသည်။
သူတို့သည် ဗလာသန့်စင်ခြင်းအဆင့်ကျင့်ကြံသူများ ဖြစ်ကြသည်။
ပိုင်ကျီဟန်အတွက်မူ အမှိုက်သဖွယ်ဖြစ်သော်လည်း ချူကျီယန်နှင့် ပိုင်ရွှယ်ချင်းတို့အတွက်မူ အလွန်တရာ အင်အားကြီးမားလှသည်။
သူတို့ထံမှ ထွက်ပေါ်လာသော ဖိအားမှာ သာမန်ဓားပြများနှင့် လုံးဝခြားနားပြီး အေးစက်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်
နှက်နေသည်။
သူတို့ထဲမှ တစ်ဦးသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ သူ၏ခြေလှမ်းများသည် နှင်းခဲနေသော သင်္ဘောပတ်လမ်းပေါ်သို့ အသာအယာ ကျဆင်းသွားသည်။
သူ၏ခြေဖဝါးအောက်ရှိ ရေခဲပြင်မှာ အက်ကွဲသွားသော်လည်း ၎င်းမှာ သာမန်ခွန်အားကြောင့်မဟုတ်ဘဲ ဟာလာဟင်းလင်းပြင် ပုံပျက်ယွင်းမှုကြောင့် ဖြစ်ပေသည်။
"ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေကို သတ်နိုင်တာလား? တကယ်ကို ထိုက်တန်တဲ့ အရည်အချင်းပဲ... မင်းကို ကောင်းကင်အင်ပါယာရဲ့ နံပါတ်တစ် ပါရမီရှင်လို့ ခေါ်တာ မမှားဘူးပဲ"
ပိုင်ရွှယ်ချင်းက မည်သည့်စကားမှ ပြန်မပြောပေ။ ဓားကိုသာမြှောက်လိုက်သည်။
အပူချိန်မှာ ပိုမိုကျဆင်းသွား၏။
ဟင်းလင်းပြင် သန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူမှာ ရုတ်တရက် ပျောက်ကွယ်သွား၏။
မဟုတ်သေး
သူ အရှိန်မြန်နေခြင်း မဟုတ်ပေ
သူ့ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်က ခေါက်ချိုးဖြစ်သွားခြင်း ဖြစ်သည်။
သူမ၏ နောက်ကျောဘက်တွင် သူ ပြန်လည်ပေါ်လာသည်။
ပုံပျက်နေသော ချီအရှိန်အဝါများ လွှမ်းခြုံထားသည့် လက်ဖဝါးတစ်ချက်သည် သူမ၏ နောက်ကျောဆီသို့ ရိုက်ခတ်လာသည်။
ပိုင်ရွှယ်ချင်းသည် ဝေဟင်ထက်တွင်ပင် ကိုယ်ကိုလိမ်ကာ ဓားဖြင့် ပြန်လည်ခုခံလိုက်၏
ချွမ်
တိုက်ခိုက်မှု၏ အကျိုးသက်ရောက်မှုသည် ရေပြင်ပေါ်သို့ ကျောက်ခဲကျသကဲ့သို့ လှိုင်းဂယက်များ ထသွားစေသည်။
သူမ၏ လက်မောင်းမှာ တုန်ခါသွားရ၏။
ကျင့်ကြံခြင်းအဆင့် ကွာခြားချက်မှာ မပြောပလောက်ရုံမျှ မဟုတ်တော့ဘဲ လုံးဝဥဿုံ ကွာခြားနေပြီ ဖြစ်သည်။
အခြားသော ဗလာ သန့်စင်ခြင်းနယ်ပယ်ရှိ ပင်လယ်ဓားပြတစ်ဦးကလည်း ဘေးတိုက်မှ တစ်ပြိုင်နက် တိုက်ခိုက်လာသည်။
သူ၏ လှံသည် ဟင်းလင်းပြင်ထဲသို့ ပေါ်လိုက်ပျောက်လိုက်ဖြင့် ထိုးဖောက်ဝင်ရောက်လာပြီး၊ ဆီးနှင်းအလွှာများကို လှည့်စားမှုများသဖွယ် ကျော်ဖြတ်လာလေသည်။
"အကြွင်းမဲ့ အေးခဲခြင်း နယ်မြေ “
သူမသည် နယ်မြေကို ပို၍ ချဲ့ထွင်လိုက်သည်။
လှံဖျားတစ်ဝိုက်တွင် ရေခဲများ ခဲသွားပြီး အသက်ရှူရုံမျှ အချိန်အတိုင်းအတာအတွင်း နှေးကွေးသွားစေသည်။
ထို ခဏတာအချိန်လေးကပင် သူမကို ကယ်တင်လိုက်ခြင်း ဖြစ်သည်။
သူမ နောက်သို့ လျှောတိုက် ဆုတ်ခွာလိုက်စဉ် ဝတ်ရုံစများ လွင့်ပျံသွားပြီး အသားထဲသို့ မထိဘဲ အင်္ကျီလက်တွင်သာ အစင်းရာတစ်ခု ထင်ကျန်ရစ်ခဲ့သည်။
ချူကျီယန်က ကြားဖြတ်ကူညီရန် ကြိုးစားလိုက်၏
သူမ၏ ချီများသည် တတိယမြောက် ဝေဟင်ဓားပြ၏ ဟင်းလင်းပြင် ကမောက်ကမဖြစ်မှုထဲမှ အားအနည်းဆုံး အချက်ကို ပစ်မှတ်ထားကာ တိုးဝင်သွားသည်။
သူမ၏ တိုက်ကွက်မှာ အပြစ်ဆိုဖွယ်မရှိ။
သို့သော် ဓားချက်သည် ထိုသူ၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားသည်။
ဓားပြ၏ ပုံရိပ်သည် ကွဲအက်ပျက်စီးသွား၏။
၎င်းမှာ ပုံရိယောင်မျှသာ။
စစ်မှန်သော ကိုယ်ထည်သည် သူမ၏ အထက် ဟင်းလင်းပြင်လွတ်လပ်မှုထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး ပြိုကျပျက်စီးတော့မည့် မိုးကောင်းကင်ကြီးနှင့်တူသော လက်ဝါးချက်ဖြင့် ရိုက်ချလိုက်သည်။
ဘုန်း
ချူကျီယန်သည် မြေပြင်ပေါ်သို့ ဒူးတစ်ဖက် ထောက်ကျသွားရပြီး သူမ၏ ခံစစ်တံဆိပ်ခတ်နှိပ်ချက်များသည်လည်း စတင် အက်ကွဲလာသည်။
ပိုင်ရွှယ်ချင်းမှာမူ ခန္ဓာကိုယ်ကို တည်ငြိမ်
အောင် ပြန်လည်ထိန်းညှိလိုက်သည်။
သူမ၏ အသက်ရှူသံများသည် နောက်ဆုံးတွင် မမှန်မကန် ဖြစ်လာခဲ့ချေပြီ။
သူမသည် တိုက်ကွက်ပုံစံကို ပြောင်းလဲလိုက်သည်။
"အရိပ်ကိုးပါးစီးဆင်းနေတဲ့ အလင်းဓားချက်”
ခဏချင်းတွင်ပင် သူမ၏ ပုံရိပ်သည် အေးစက်လှသော အလင်းတန်းကိုးခုအဖြစ် ကွဲထွက်သွားသည်။ ပုံရိပ်တိုင်းတွင် ထပ်တူကျသော အရှိန်အဝါနှင့် သတ်ဖြတ်လိုစိတ်များ ပါရှိနေ၏။
ဓားပြလှေ၏ ကုန်းပတ်ပေါ်တွင် ဆီးနှင်းများ ရိုက်ခတ်သွားပြီး ပုံရိပ်ယောင်များသည် မဖြစ်နိုင်သော ထောင့်ပေါင်းစုံမှ လှုပ်ရှားလာသည်။ အချို့က အထက်မှ၊ အချို့က အောက်မှဖြစ်ပြီး၊ အချို့မှာမူ ကွဲအက်နေသော ရေခဲပြင်ပေါ်မှ ပုံရိပ်များကဲ့သို့ ဟင်းလင်းပြင်အလွှာများကြားထဲ ကူးလူးနေကြသည်။
ဗလာသန့်စင်ခြင်းအဆင့် ကျင့်ကြံသူသည် သူ၏မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။
"စိတ်ဝင်စားစရာပဲ... ပိုင်မျိုးနွယ်စုရဲ့ နာမည်ကျော် နည်းစနစ်ပဲ။"
သူသည် လက်ဝါးကို ရှေ့သို့ ထိုးထုတ်လိုက်သည်။ ဟင်းလင်းပြင်သည် စက်ဝိုင်းပုံလှိုင်းများအဖြစ် အပြင်ဘက်သို့ ခေါက်ချိုးသွားပြီး ထင်ယောင်ထင်မှား ပုံရိပ်များကို ချေဖျက်ရန် ကြိုးပမ်းလေသည်။
ပုံရိပ်နှစ်ခု ပျက်စီးသွားသည်။
ထို့နောက် နောက်ထပ် သုံးခု
သို့သော် ကျန်ရှိနေသော ပုံရိပ်လေးခုမှာမူ ဟင်းလင်းပြင်၏ ကွဲအက်ကြောင်းများအပေါ်တွင် စကိတ်စီးနေသကဲ့သို့ ခန့်မှန်းရခက်စွာဖြင့် ပုံပျက်နေသော ဟင်းလင်းပြင်ကို ဖြတ်ကျော်ဝင်ရောက်လာသည်။
ပထမဆုံးအကြိမ်အဖြစ်
သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
ပုံရိပ်ယောင်တစ်ခုသည် ဝေဝါးသွား၏။
စစ်မှန်သော တုန်ခါမှုတစ်ခု။
(ဟိုမှာပဲ)
ပိုင်ရွှယ်ချင်း၏ စစ်မှန်သော ကိုယ်ထည်သည် ဟင်းလင်းပြင် အလွှာများကြားမှ လျှောတိုက်ထွက်ပေါ်လာပြီး သူ၏ ဟင်းလင်းပြင် ကမောက်ကမဖြစ်မှု အပြည့်အဝ မဖုံးလွှမ်းနိုင်သော အဆက်ကြောင်းဆီသို့ ဓားဖြင့် ထိုးနှက်လိုက်သည်။
ဟာကွက်တစ်ခု
သူမ၏ ဓားချက်သည် ထိုးဖောက်သွားခဲ့ပြီ
အလွန်အေးမြသော အအေးဓာတ်များ အထဲသို့ တိုးဝင်သွားသည်။
သူ၏ အကြောအစုံပေါ်တွင် နှင်းခဲများ စတင် အုံ့ခဲလာသည်။
သူမသည် ရှေ့သို့ ထပ်မံတိုးဝင်လိုက်သည်။
သို့သော်
သူ့အတွင်းမှ ချီများသည် ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်။
နှင်းခဲများမှာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွား၏။
သူ၏ ခန္ဓာကိုယ်သည် နောက်သို့ ဝေဝါးစွာ ဆုတ်ခွာသွားပြီး သူ၏ ဝတ်ရုံပေါ်တွင်မူ အပေါ်ယံ ဓားရာတစ်ခု ထင်ကျန်ရစ်သည်။
သွေးမထွက်ချေ။
စုတ်ပြဲသွားသော အဝတ်စ တန်းတန်းလေးတစ်ခုသာ။
သူသည် ထိုနေရာကို ငုံ့ကြည့်ပြီးနောက် သူမကို ပြန်ကြည့်လိုက်သည်။ "အထင်ကြီးစရာပဲ" ဟု သူက တိုးတိုးလေး ဝန်ခံလိုက်သည်။
သူမ၏ နောက်ကွယ်တွင်မူ
လှံကိုင်ထားသော ဓားပြသည် နောက်တစ်ကြိမ် ဆင်းသက်လာပြန်သည်။ ဤတစ်ကြိမ်တွင် သူသည် သူမ၏ နှင်းခဲများကို စမ်းသပ်ခြင်း မပြုတော့ပေ။
သူသည် ဟင်းလင်းပြင်ကို တိုက်ရိုက်ထိုးဖောက်ကာ လှံဦးကို သူမ၏ နံဘေးတွင် သတိပေးချက်မရှိဘဲ ရောက်ရှိလာစေသည်။
ချူကျီယန်က ကြားဖြတ်တားဆီးလိုက်သည်။
သူမ၏ ဓားနှင့် လှံတို့သည် ကျယ်လောင်စွာ ထိခိုက်မိသော်လည်း ထိုအားသက်ရောက်မှုကြောင့် သူမသည် ကုန်းပတ်ပေါ်တွင် နောက်သို့ လျှောတိုက်ပါသွားပြီး သူမ၏ ဖိနပ်များမှာ ရေခဲပြင်ပေါ်တွင် နက်ရှိုင်းသော မြောင်းများ ဖြစ်သွားရသည်။
တတိယမြောက် ဓားပြသည်လည်း မရပ်မနား တိုးဝင်လာပြီး ဟင်းလင်းပြင် လက်ဝါးချက်များဖြင့် သူမ၏ ခံစစ်တံဆိပ်များကို ရိုက်ခတ်နေသည်။
ရိုက်ချက်တိုင်းတွင် အကာအကွယ် အလွှာတစ်ခုစီ အက်ကွဲသွားရသည်။
ချူကျီယန်၏ အသက်ရှူသံမှာလည်း မောဟိုက်လာသည်။
ပိုင်ရွှယ်ချင်းသည် သူမ၏ ဘေးသို့ ချက်ချင်း ပြန်လည်ရောက်ရှိလာပြီး ၎င်းတို့ နှစ်ဦးစလုံးကို ကာကွယ်ရန် နှင်းခဲနယ်ပယ်ကို ကျဉ်းမြောင်းလိုက်သည်။
သို့သော် ဗလာ သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ သုံးဦးမှာ အလွန်ပင် များပြားလွန်းလှသည်။
တစ်ခုချင်းစီသော တိုက်ခိုက်မှုတိုင်းသည် အချိန်ကိုက် တိကျရန် လိုအပ်လှသည်။
ထိပ်တိုက်တွေ့မှုတိုင်းသည် ဝိညာဉ်အင်အား များကို မခံမရပ်နိုင်လောက်အောင် ကုန်ခမ်းစေသည်။
အထက်တွင်မူ
ကျန်ရှိနေသော ဝေဟင်ဓားပြများသည် အခွင့်အရေးကို စောင့်ဆိုင်းနေသော လင်းတများကဲ့သို့ ဝဲပျံနေကြသည်။
ထို့အပြင်
ဓားပြခေါင်းဆောင်မှာမူ တိတ်ဆိတ်စွာ စောင့်ကြည့်နေ၏။
သူ့မျက်လုံးများထဲတွင် ခန့်မှန်းရခက်သော သဘောကျမှုကို တွေ့ရသည်။
ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများကဗလာ သန့်စင်ခြင်းအဆင့် ပညာရှင်များကို စစ်မှန်သော ခံစစ်ဖြင့် ခုခံရန် ဖိအားပေးနိုင်ခြင်းသည်
ထူးခြား၏
အလွန်ပင် ထူးခြားလှသည်။
ပိုင်ရွှယ်ချင်း၏ ပုံရိပ်ကိုးခုသည် ဟင်းလင်းပြင် ကမောက်ကမဖြစ်မှုများကြားတွင် လှည့်ပတ်ကာ ကုန်းပတ်ပေါ်၌ ဆက်လက် ရွေ့လျားနေသည်။
သူမ နောက်ထပ် ဟာကွက်တစ်ခု ရှာတွေ့ခဲ့သည်။
ထပ်မံ ခုတ်ပိုင်းလိုက်ပြန်သည်။
ဓားချက်မှာ ထိမှန်သွားသော်လည်း
ပြိုင်ဘက်ကို ယိုင်နဲ့သွားစေရုံမျှသာ။
အဆုံးအဖြတ် မဖြစ်နိုင်သေးပေ။
ချူကျီယန်သည် သူမ၏ နည်းစနစ်ဖြင့် ပြိုင်ဘက်တစ်ဦးကို ချည်နှောင်ရန် ကြိုးစားသော်လည်း ထိုသူ၏ ခြေလှမ်းတစ်ချက်ကပင် နည်းစနစ်ကို ပျက်စီးသွားစေသည်။
သူတို့သည် ထူးခြားပြောင်မြောက်သော ပါရမီရှင်များ ဖြစ်၏
သို့သော်လည်း ကျင့်ကြံခြင်း အဆင့်အတန်းများ ကွဲပြားခြင်းက အကြောင်းရှိချေသည်။ မိမိထက် အဆင့်ကြီး နှစ်ခုမျှ မြင့်မားသော ပြိုင်ဘက်ကို သတ်ဖြတ်ရန်မှာ အလွန်ပင် ခက်ခဲလှသည်။
တဖြည်းဖြည်းနှင့်
နှင်းခဲနယ်ပယ်သည် ပါးလွှာလာသည်။
ဗလာသန့်စင်ခြင်းအဆင့်၏ ဖိအားများမှာ ပိုမို ထူပြောလာသည်။
ခြေဖဝါးအောက်မှ ကုန်းပတ်သည်လည်း ဟင်းလင်းပြင်၏ ဖိအားဒဏ်ကြောင့် အက်ကွဲလာသည်။
ဓားပြခေါင်းဆောင်သည် နောက်ဆုံးတွင် ရှေ့သို့ အနည်းငယ် တိုးလာခဲ့ပြီး သူ၏ အသံသည် စစ်တလင်းပေါ်တွင် ရှင်းလင်းစွာ ထွက်ပေါ်လာသည်။
"ကောင်းတယ်”
လှုပ်ရှားမှုအားလုံး အနည်းငယ် တုံ့ဆိုင်းသွားကြသည်။
"မင်းတို့ နှစ်ယောက်မှာ ပိုမြင့်တဲ့ မိုးကောင်းကင်နဲ့ ထိုက်တန်တဲ့ ပါရမီတွေ ရှိတယ်။ ဒီလောက် အသက်အရွယ်နဲ့ ငါ့ရဲ့ဗလာ သန့်စင်ခြင်းအဆင့် လက်အောက်ငယ်သားတွေကို ဒီလောက်အထိ တောင့်ခံနိုင်အောင် လုပ်နိုင်တာ ချီးကျူးစရာပဲ။" သူ၏ အကြည့်မှာ ပိုင်ရွှယ်ချင်းဆီသို့ ရောက်သွားသည်။
သူ့နှုတ်ခမ်းတွင် အပြုံးဖျော့ဖျော့တစ်ခု ဖြစ်ပေါ်လာသည်။
"လက်နက်ချလိုက်စမ်း၊ မင်းတို့ရဲ့ အားကျစရာကောင်းတဲ့ ခုခံမှုအတွက် ငါ အခွင့်အရေးတစ်ခု ပေးမယ်။"
တိတ်ဆိတ်ခြင်းကသာ သူ့ကို တုံ့ပြန်လိုက်
သည်။
ပိုင်ရွှယ်ချင်းသည် သူမ၏ ဓားကို ပြန်လည် မြှင့်တင်လိုက်သည်။
သူမ၏ ဝိညာဉ်ပင်လယ်သည် ဒဏ်ရာဒဏ်ချက်များကြောင့် တုန်လှုပ်နေ၏။
ချူကျီယန်သည်လည်း သူမဘေးတွင် ရပ်တည်လိုက်ကာ ဖြူဖျော့နေသော်လည်း ပြတ်သားနေဆဲ။
"ဘယ်တော့မှ မဖြစ်နိုင်ဘူး”
ဓားပြခေါင်းဆောင်သည် သက်ပြင်းကို တိုးတိုးလေး ချလိုက်သည်။
"နှမြောစရာပဲ”
ချီများ နောက်တစ်ကြိမ် စုစည်းလာသည်။
ကျင့်ကြံသူ သုံးဦးသည် တစ်ပြိုင်နက် လှုပ်ရှားလိုက်ကြ၏
သတ်ဖြတ်လိုစိတ်များ စုဆုံလာသည်။
အဆိုပါ အချိန်အတိအကျတွင်ပင်
တည်ငြိမ်သော အသံတစ်ခုက ကြားဖြတ် နှောက်ယှက်လိုက်သည်။
"မင်း စကားများလွန်းတယ်”
ဓားပြခေါင်းဆောင်၏ အကြည့်မှာ လွှဲပြောင်းသွားသည်။
ပိုင်ကျီဟန်သည် အောက်ဘက် ကုန်းပတ်ပေါ်မှ ရှေ့သို့ တက်လှမ်းလာခဲ့သည်။
သူ၏ ဝတ်ရုံသည် ကျန်ရှိနေသော နှင်းစက်များကြားတွင် လွင့်ပျံနေသည်။
သူ၏ မျက်နှာအမူအရာမှာမူ
မပြောင်းလဲပေ။
"မင်း နောင်တရလိမ့်မယ်”
လွှမ်းမိုးထားသော အရှိန်အဝါများ မရှိပေ။
ကြီးကျယ်လှသော အင်အားပေါက်ကွဲမှုများ မရှိချေ။
သူသည် လက်ကို မြှောက်လိုက်ရုံသာ။
ထို့နောက်
ပြန်ချလိုက်သည်။
ရိုးရှင်းပြီး တိတ်ဆိတ်လှသော ဓားချက်တစ်
ချက်
ဟင်းလင်းပြင်ကို ခုခံမှုမရှိဘဲ ပိုင်းဖြတ်သွားသည်။
ဗလာ သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ သုံးဦးမှာ လှုပ်ရှားမှုအလယ်တွင်ပင် တောင့်တင်းသွားကြသည်။
ဟင်းလင်းပြင် ကမောက်ကမဖြစ်မှုများ ရပ်တန့်သွား၏။
သူတို့၏ မျက်နှာအမူအရာများ ပြောင်းလဲရန်ပင် အချိန်မရလိုက်ပေ။
ထို့နောက်
သူတို့ ပျောက်ကွယ်သွားသည်။
ခြေရာဖျောက် ချေမှုန်းခြင်း ခံလိုက်ရသည်။
ထိုနေရာမှ လက်တွေ့ကမ္ဘာကြီးကို တစ်စုံတစ်ယောက်က ပြန်လည် ရေးသားလိုက်သကဲ့သို့ပင်။
ပိုင်ရွှယ်ချင်းသည် အသက်ပြင်းပြင်းရှူရင်း သူမ၏ ဓားကို ဖြည်းဖြည်းချင်း ချလိုက်သည်။
(နောက်ဆုံးတော့ ပုန်းမနေတော့ဖို့ ဆုံးဖြတ်လိုက်ပြီပေါ့။)
အထက်တွင်မူ
ဓားပြခေါင်းဆောင်၏ အပြုံးများ ပျောက်ကွယ်သွားသည်။
သူ စတင်ရောက်ရှိလာချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ်
သူ၏ မျက်လုံးများ တည်ကြည်လေးနက်သွားခဲ့ပြီ။
အဘယ်ကြောင့်ဆိုသော် ယခု သူရင်ဆိုင်နေရသော ပြိုင်ဘက်သည် မဟာကောင်းကင်ဘုံတက်ခြင်းအဆင့်ကျင့်ကြံသူများကိုပင် သတ်ဖြတ်ခဲ့ဖူးသူ ဖြစ်နေသောကြောင့်ပင်။