← Chapters

အခန်း (၄၅၈-၄၆၀)

Vol. 31 Ch. 458-460

အခန်း (၄၅၈-၄၆၀)

Vol. 31 Ch. 458-460

အခန်း ၄၅၈ အသုံးဝင်ရတာကို မပျော်ဘူးလား?

အကြီးအကဲဟန်၏ အမြင်အာရုံများ ဝေဝါးလာသည်။

သူ၏ ခန္ဓာကိုယ်က သူ့စကားကို နားမထောင်တော့ချေ။

သူသည် မိမိ၏ ချီများကို မည်မျှပင် ပြင်းပြင်းထန်ထန် လှည့်ပတ်ရန် ကြိုးစားပါစေ၊ ခြေလက်အင်္ဂါများကို လှုပ်ရှားရန် မည်မျှပင် အသည်းအသန် အမိန့်ပေးပါစေ၊ ဘာမှ တုံ့ပြန်မှု မရှိတော့ပေ

သူ၏ ကျင့်စဉ်စွမ်းအားများသည် ခန္ဓာကိုယ်မှ အပြီးတိုင် ပြတ်တောက်သွားသကဲ့သို့ပင်။

သူ၏ ကိုယ်ခန္ဓာမှာ သူ့အပိုင် မဟုတ်တော့သလို ခံစားနေရသည်။

သူ၏ ဒူးများမှာ ပြင်းထန်စွာ တုန်ယင်နေပြီး ကြွက်သားများသည်လည်း သူ့အလိုအလျောက် တုံ့ဆိုင်းနေကြသည်။ သူ၏ လက်ချောင်းများ ထုံကျင်လာကာ ကိုင်ထားသော ဓားမှာလည်း ကျောက်ခင်းကြမ်းပြင်ပေါ်သို့ အသုံးမကျစွာ လွတ်ကျသွားတော့သည်။

ချွမ်

ထိုအသံသည် အကြီးအကဲဟန်၏ နားထဲတွင် ပုံမှန်ထက် ပို၍ ကျယ်လောင်စွာ မြည်ဟိန်းသွားသည်။

ထိတ်လန့်တုန်လှုပ်မှုများက တိုးဝင်လာ၏။

ဤခံစားချက်

၎င်းသည် အစောက အကြီးအကဲတွေ ခံစားခဲ့ရသည့် အရာမျိုးပင်။

သဘောပေါက်လိုက်သည့် ခဏမှာပင် သူ့ရင်ထဲသို့ တူဖြင့် ထုနှက်လိုက်သလို ခံစားလိုက်ရသည်။

ဒါကြောင့် သူတို့ လဲကျသွားတာကိုး။

အကြီးအကဲဟန်၏ ကျောပြင်တစ်ခုလုံး ချွေးအေးများဖြင့် စိုရွှဲသွားသည်။

သူ စကားပြောရန်၊ ဟိန်းဟောက်ရန် သို့မဟုတ် တစ်ခုခုလုပ်ရန် ကြိုးစားသော်လည်း

အသက်ရှူသံမှာပင် တိုတောင်းပြီး ပြတ်တောင်းပြတ်တောင်း ဖြစ်နေချေပြီ။

သူသည် ပိုင်ကျီဟန်ထံသို့ တုန်တုန်ရင်ရင်နှင့် မော့ကြည့်လိုက်သည်။

ဇဝေဇဝါဖြစ်မှုများက သူ၏ မျက်နှာပေါ်တွင် အထင်အသား ပေါ်လွင်နေ၏။

ကြောက်ရွံ့မှု

ထို့ပြင် မယုံကြည်နိုင်မှုများကလည်း ပြည့်နှက်နေသည်။

"မင်း... ဘာလုပ်လိုက်တာလဲ...?"

အကြီးအကဲဟန်က အသံကွဲကြီးဖြင့် ခက်ခဲစွာ မေးလိုက်သည်။

သူသည် အဖြေတစ်ခုကို အသည်းအသန် ရှာဖွေနေမိသည်။

မှော်အစီရင် မရှိ။

လက်ဖွဲ့အဆောင် မရှိပေ

စွမ်းအင် လှိုင်းအစအနပင် မရှိချေ။

ဘာမှမရှိပေ။

ယခုအချိန်အထိ သူ့အပေါ် ဘာတွေသက်ရောက်နေသလဲ၊

ဘယ်အချိန်ကတည်းက စတင်ခဲ့သလဲဆိုသည်ကို သူ လုံးဝ မသိနိုင်သေးချေ။

ပိုင်ကျီဟန်က သူ့ကို ငုံ့ကြည့်လိုက်သည်။

ထို့နောက်

သူက ရယ်မောလိုက်သည်။

သူ့ထက် အဆပေါင်းများစွာ နိမ့်ကျသည့် ကလေးတစ်ယောက် ပဟေဠိတစ်ခုကို မဖြေနိုင်ဘဲ ရုန်းကန်နေသည်ကို ကြည့်နေရသည့်

အလား ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ခြင်းပင်။

"ဟဲဟဲ..."

ပိုင်ကျီဟန်က ရှေ့သို့ ဖြည်းညှင်းစွာ စတင်လျှောက်လှမ်းလာသည်။

တစ်လှမ်း။

ပြီးတော့ နောက်တစ်လှမ်း။

သူ၏ ခြေလှမ်းများသည် အေးဆေးတည်ငြိမ်နေပြီး ခြေသံတိုင်းက ကျောက်ခင်းကြမ်းပြင်ပေါ်တွင် တချက်ချင်းစီ မြည်ဟိန်းသွားသည်။

တောက် တောက် တောက်

"မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် ကျင့်ကြံသူတွေကတော့ တကယ်ကို ကွဲပြားတာပဲ။ စကားတောင် ပြောနိုင်သေးတယ်”

ပိုင်ကျီဟန်က တိုးတိုးလေး ရေရွတ်လိုက်

သည်။

အမှန်စင်စစ် သူ၏ ပထမဦးဆုံး စမ်းသပ်ချက်အပေါ် သူ အတော်လေး ကျေနပ်အားရမိသည်။

ဤနည်းလမ်းက အလုပ်ဖြစ်မည်ကို သူသိသော်လည်း စာအုပ်ထဲတွင် ဖတ်ရသည်နှင့် လက်တွေ့မျက်မြင် မြင်တွေ့ရသည်မှာ ကွာခြားလှပေသည်။

ယခုအခါ ဤနည်းလမ်းသည် မဟာကောင်းကင်ဘုံတက်ခြင်းအဆင့် ကျင့်ကြံသူများ အပေါ်တွင်ပါ ထိရောက်မှုရှိကြောင်း သူ အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။

အင်မော်တယ်အဆင့်နှင့် ထိုထက် မြင့်မားသော ကျင့်ကြံသူများဆိုလျှင်မူ ယခုထက် ပို၍ ခုခံနိုင်စွမ်း ရှိကောင်းရှိနိုင်မည်။

သို့သော် ၎င်းသည် သူ အစွမ်းကုန် မထုတ်ဖော်ရသေးလို့သာ ဖြစ်သည်။ သူသာ အစွမ်းကုန် ထုတ်ဖော်လိုက်လျှင် ကောင်းကင်ဘုံအမိန့်တော်တစ်သားတည်းဖြစ်ခြင်းကို ကျင့်ကြံထားသည့် မည်သည့်နတ်ဘုရားမဆို သူ၏ လက်ခုပ်ထဲမှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။

ပိုင်ကျီဟန်သည် အကြီးအကဲဟန်၏ ရှေ့တည့်တည့်တွင် ရပ်လိုက်သည်။

သူက ငုံ့ကြည့်လိုက်၏

ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။

ဂျွတ်

သူ၏ ခြေဖဝါးက အကြီးအကဲဟန်၏ ရင်ဘတ်ကို ခိုင်မာစွာ နင်းခြေလိုက်ပြီး အေးစက်သော ကျောက်ခင်းပြင်ပေါ်သို့ ကပ်သွားအောင် ဖိချလိုက်သည်။

နင်းလိုက်သည့် အားမှာ မပြင်းထန်သော်လည်း အကြီးအကဲဟန်မှာမူ တောင်ကြီးတစ်လုံး သူ့အပေါ်သို့ ပြိုကျလာသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ နံရိုးများသည် တကျွတ်ကျွတ် မြည်ဟိန်းသွားပြီး အသက်ရှူသံများပင် ပြတ်တောက်သွားရသည်။

ပိုင်ကျီဟန်က ကိုယ်ကို အနည်းငယ် ကိုင်းညွတ်လိုက်ပြီး ခြေထောက်ကို ပို၍ ဖိချလိုက်ရာ အကြီးအကဲဟန်အတွက် အလွန်ပင် အရှက်ရစရာ ကောင်းလှသည်။

"ဒါက ပိုင်မျိုးနွယ်စုကို ခြိမ်းခြောက်ချင်နေတဲ့ လူစားမျိုးပေါ့" ပိုင်ကျီဟန်က စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။

သူသည် အကြီးအကဲဟန်ကို ထူးဆန်းသော အင်းဆက်တစ်ကောင်ကို ကြည့်နေသည့်အလား အထက်စီးမှ စိုက်ကြည့်နေ၏။

"ဟွန့်... ကျုပ် ခင်ဗျားကို အထင်ကြီးမိသွားတာပဲ”

အကြီးအကဲဟန်၏ မျက်လုံးများတွင် ဒေါသနှင့် ကြောက်ရွံ့မှုကြောင့် နီမြန်းနေပြီး ပိုင်ကျီဟန်၏ ခြေထောက်အောက်တွင် အချည်းနှီး ရုန်းကန်နေရသည်။

"ခင်ဗျားက ဂိုဏ်းချုပ်ရာထူးအထိ တက်လှမ်းနိုင်ခဲ့တယ်" ပိုင်ကျီဟန်က တည်ငြိမ်စွာ ဆက်ပြောသည်။ "အာဏာနဲ့ လုပ်ပိုင်ခွင့်တွေလည်း ရခဲ့တယ်...”

သူ၏ ခြေထောက်က ပို၍ ဖိချလိုက်ပြန်သည်။

"ဒါကို ရောင့်ရဲရမယ့်အစား... ခင်ဗျားရဲ့ လောဘကြောင့် ကိုယ့်အသက်ကိုပါ လောင်းကြေးထပ်ခဲ့တာလား?"

သူက အသာအယာ ပြုံးလိုက်၏

"တကယ့်ကို ကြိုးစားအားထုတ်တတ်တဲ့ လူပဲ။"

ထိုစကားလုံးများမှာ ဓားချက်များကဲ့သို့ပင်

အကြီးအကဲဟန်၏ ရင်ကို ထိုးနှက်နေသည်။

သူ အော်ဟစ်ချင်သည်။

ဆဲရေးချင်သည်။

သို့သော် ထွက်လာသမျှမှာ အက်ကွဲနေသော အသက်ရှူသံများသာ ဖြစ်သည်။

ထိုအချိန်မှာပင်

"ရပ်လိုက်စမ်း”

ဟန်ရှန်းဝူ၏ အသံက ထိတ်လန့်တုန်လှုပ်စွာ ထွက်ပေါ်လာသည်။

ပိုင်ကျီဟန်၏ ခြေထောက် ရပ်တန့်သွား၏။

ဟန်ရှန်းဝူသည် တုန်ရင်နေသော ဓားကို ကိုင်ထားပြီး အခြားလက်တစ်ဖက်ကမူ ခုန်းကျန်းဟုန်၏ လည်ပင်းကို အတင်းချုပ်ထားသည်။

ဓားသွားသည် လည်ပင်းနှင့် ထိကပ်နေပြီး ခုန်းကျန်းဟုန်၏ အရေပြားပေါ်မှ သွေးစအချို့ပင် စီးကျနေချေပြီ။

"နောက်တစ်လှမ်း ထပ်တိုးကြည့်စမ်း" ဟန်ရှန်းဝူက မျက်လုံးအိမ်များ နီမြန်းလျက် အော်ဟစ်လိုက်သည်။ "ငါ သူ့ကို အခုချက်ချင်း သတ်လိုက်မယ်”

ဟန်ရှန်းဝူ၏ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။

"ငါ့အဖေကို မင်း ဘာလုပ်ထားလဲ ချက်ချင်း ပြန်ပြင်ပေးစမ်း”သူက ဟိန်းဟောက်လိုက်သည်။ "အခုချက်ချင်း..မဟုတ်ရင် ငါ ကျိန်ဆိုရဲတယ်”

ပိုင်ကျီဟန်က ခေါင်းလှည့်ကြည့်လိုက်သည်။

သူသည် ဟန်ရှးန်ဝူကို တစ်ချက်မျှသာ ကြည့်လိုက်ခြင်း ဖြစ်သည်။

ဘာမှ ပိုမပါဝင်ပေ။

သတ်ဖြတ်လိုသည့် အငွေ့အသက်ပင် မရှိချေ။

သို့သော်

ထိုခဏမှာပင် ဟန်ရှန်ဝူ၏ သူငယ်အိမ်များသည် အပ်နဖားခေါင်းခန့်အထိ ကျုံ့ဝင်သွားသည်။

နတ်ဘုရားများ၏ စီရင်ချက်ကဲ့သို့ ပြင်းထန်လှသော ဖိအားကြီးက သူ့အပေါ်သို့ ကျရောက်လာတော့သည်။

"—အားးး”

သူ၏ ခြေထောက်များမှာ ပြင်းထန်စွာ ညွတ်ကျသွားရသည်။

သူ၏ ပတ်ဝန်းကျင်ရှိ နောက်လိုက်များမှာလည်း

ဝုန်း

ဝုန်း

ဝုန်း

အားလုံး အတူတူပင်

တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်သို့ ပြိုလဲသွားကြပြီး အော်ဟစ်ရန်ပင် အချိန်မရဘဲ သတိလစ်သွားကြတော့သည်။

ခန်းမအတွင်း၌ မတ်တပ်ရပ်ကျန်နေသူမှာ တစ်ဦးတည်းသာ ရှိတော့သည်။

၎င်းမှာ ခုန်းကျန်းဟုန် ပင် ဖြစ်သည်။

ဟန်ရှန်းဝူ၏ လက်ထဲမှ ဓားသည် မြေပြင်ပေါ်သို့ ဝုန်းခနဲ ကျသွားပြီး သူကိုယ်တိုင်လည်း ခုန်ကျန်းဟုန်၏ ခြေရင်းတွင် သတိမေ့ကာ ခွေကျသွားတော့သည်။

တစ်ခန်းလုံး တိတ်ဆိတ်ခြင်း အမှောင်ထုက ပြန်လည်လွှမ်းမိုးသွား၏။

ပိုင်ကျီဟန်ကတော့ ထိုမြင်ကွင်းကို အရေးမစိုက်သလို ကြည့်ကာ အကြည့်လွှဲလိုက်သည်။

သူသည် အကြီးအကဲဟန်၏ ရင်ဘတ်ပေါ်မှ ခြေထောက်ကို ဖယ်လိုက်ပြီး ဘာမှမဖြစ်ခဲ့သလိုမျိုး နောက်သို့ ပြန်လှည့်လာခဲ့သည်။

"ငါ ဘယ်နား ရောက်သွားတာလဲ..."

ပိုင်ကျီဟန်က မေးစေ့ကို ခပ်ဖွဖွပွတ်ရင်း ရေရွတ်လိုက်၏။

သူသည် အရှေ့သို့ ဖြည်းညင်းစွာ တစ်လှမ်းချင်း လှမ်းလာ၏

အကြီးအကဲဟန်၏ ဘေးတွင် တစ်ဖန် ပြန်ရပ်လိုက်သည်။

"သြော်... မှတ်မိပြီ။ လူမိုက်တစ်ယောက်ကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ ငါ စဉ်းစားနေတာ"

သူသည် ခုန်ကျန်းဟုန်ကို လှည့်ကြည့်လိုက်ရာ မျက်ဝန်းများထဲတွင် လှောင်ပြောင်ရိပ်များ ယှက်သန်းနေသည်။ "ခုန်ကျန်းဟုန်... မင်းကော ဘယ်လို ထင်သလဲ" ဟု ရာသီဥတုအကြောင်း မေးနေသကဲ့သို့ ပေါ့ပေါ့ပါးပါးပင် မေးလိုက်၏။

ချုပ်နှောင်မှုမှ လွတ်မြောက်လာသော ခုန်ကျန်းဟုန်သည် ပိုင်ကျီဟန်၏ နောက်တစ်လှမ်းအကွာတွင် ကျောပြင်ကို မတ်မတ်ထားကာ ရိုသေစွာ ရပ်နေလေပြီ။ သူသည် မိမိ၏ သခင်ရင်းထံ ပြန်ရောက်လာသော သစ္စာရှိ နောက်လိုက်တစ်ဦးနှင့် တူလှသည်။

သူသည် ဒူးထောက်နေကြသော အကြီးအကဲများ၊ လဲကျနေသော လက်ပါးစေများအား ကြည့်လိုက်၏

ခွေးသေတစ်ကောင်လို မြေပြင်ပေါ်တွင် ဝပ်ဆင်းနေသည့် အကြီးအကဲဟန်ကို ကြည့်ကာ ခဏမျှ စဉ်းစားလိုက်သည်။

ထို့နောက် ခုန်ကျန်းဟုန်က တည်ငြိမ်စွာပင် ဆိုလိုက်၏။

"သခင်လေးအပေါ် ဒီလောက်ထိ မလေးမစား ပြုမူခဲ့တဲ့အတွက် သူတို့ကို ညှဉ်းပန်းနှိပ်စက်ပြီးမှ သတ်ပစ်သင့်ပါတယ်"

ထိုစကားလုံးများက ရိုးရှင်းသော်လည်း အေးစက်လွန်းလှသည်။

အကြီးအကဲဟန်၏ မျက်လုံးများ ပြူးကျယ်သွား၏

ဒူးထောက်နေကြသော အကြီးအကဲများ၏ ကျောပြင်ထက်တွင် ချွေးစေးများ ပျံတက်လာသည်။

အသတ်ခံရမယ်?

သူတို့သည် ကောင်းကင်ဓားဂိုဏ်း၏ အကြီးအကဲများ မဟုတ်ပါလော။

တစ်ခွန်းပြောရုံဖြင့် သူတစ်ပါး၏ အသက်ကို စီရင်နိုင်သည့် အထက်တန်းစား ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

သူတို့သာ စကားပြောနိုင်လျှင် အော်ဟစ်ကြမည်သာ

လှုပ်ရှားရလျှင် ဆဲဆိုမိကြမည်မှာ အမှန်ပင်။

သူတို့ စိတ်ထဲတွင် အရှက်ခွဲခံရသလိုသာ

(ဒီလိုကောင်က ငါတို့ကို သတ်မယ် ဟုတ်လား)

(စကားကို ဆင်ခြင်စမ်း၊ မင်းက ငါတို့ဂိုဏ်းသားမှ မဟုတ်တာ၊ ဒီလောက် လွယ်လွယ်ပြောနိုင်တာပေါ့)

(မင်းလည်း ကောင်းကင်ဓားဂိုဏ်းရဲ့ တပည့်ပဲ မဟုတ်ဘူးလား? နည်းနည်းလောက်တောင် သနားညှာတာစိတ် မရှိဘူးလား?)

သို့သော် မည်သူမျှ အသံမထွက်နိုင်ကြပေ။

ခုန်ကျန်းဟုန်ကတော့ သူတို့၏ အကြည့်များကို လျစ်လျူရှုကာ ဆက်ပြောသည်။

"သူတို့ကို ဒီနေရာမှာတင် ရှင်းပစ်လို့ရပါတယ်။ အကျိုးဆက်တွေကိုလည်း တစ်ယောက်ယောက်ကို အပြစ်ပုံချပြီး ဖြေရှင်းလို့ရပါတယ်" ဟု ဆိုကာ အကြီးအကဲဟန်ကို တစ်ချက် ကြည့်လိုက်သည်။

"အကယ်၍ သခင်လေးက သူ့ကို သတ်လိုက်မယ်ဆိုရင် ထျန်းယုဟမ်က ဂိုဏ်းချုပ်ရာထူးကို အလိုအလျောက် ပြန်ရပါလိမ့်မယ်။ ကောင်းကင်ဓားဂိုဏ်းကို သန့်စင်ပြီးရင် လက်စားချေတာကိုလည်း စိုးရိမ်စရာ မလိုတော့ပါဘူး"

ဒါက လက်ရှိပြဿနာကို အလွယ်ကူဆုံး ဖြေရှင်းနည်းပင် ဖြစ်သည်။

သို့သော် ခုန်ကျန်းဟုန်က ခေါင်းကို အသာအယာ ခါလိုက်၏

"ဒါပေမဲ့... အဲဒီလိုလုပ်ရင် အရင်က အခြေအနေအတိုင်းပဲ ပြန်ဖြစ်သွားလိမ့်မယ်"

ပိုင်ကျီဟန်က ခေါင်းကို အနည်းငယ် စောင်းလိုက်၏

"ဆက်ပြော” ဟု ဆို၏။

ခုန်ကျန်းဟုန်က အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်၏

မျက်လုံးများက စူးရှလာသည်။

"ဒီလူတွေက”သူက အကြီးအကဲဟန်နှင့် တခြားသူများကို လက်ညှိုးညွှန်ပြကာ "အဖိုးတန်တဲ့ ရာထူးတွေကို ယူထားကြတာပါ။

ဂိုဏ်းချုပ်

အကြီးအကဲတွေ

ပြီးတော့ လီ-ကျောက် မဟာမိတ်၏ ယုံကြည်မှုကို ရထားတဲ့သူတွေ

"သူတို့ကို သတ်ရတာ လွယ်ပါတယ်။ ဒါပေမဲ့ သခင်လေးက သူတို့ကို ထိန်းချုပ်ထားနိုင်မယ်ဆိုရင်..."

ခုန်ကျန်းဟုန်က စကားကို ခဏရပ်လိုက်၏

"ပိုပြီး ခက်ခဲတဲ့ ရန်သူတွေကို ရင်ဆိုင်တဲ့အခါ သူတို့က အသုံးဝင်ပါလိမ့်မယ်"

သူ ဘယ်သူ့ကို ဆိုလိုသည်မှာ ရှင်းလှသည်။

လီ-ကျောက် မဟာမိတ်ပင် ဖြစ်၏

ပိုင်ကျီဟန် ပြုံးလိုက်မိသည်။

အနက်ရောင်မီးအိမ်အဖွဲ့ ကို စီမံခန့်ခွဲပြီး သတင်းအချက်အလက် စုဆောင်းပေးနေသော ခုန်ကျန်းဟုန်သည် တကယ်ပင် ရင့်ကျက်လာချေပြီ။

စိတ်ကြိုက် ခိုင်းစေနိုင်မည့် အကြီးအကဲဟန်ကို လက်ကိုင်ထားခြင်းက မဟာမိတ်ဖြစ်သော်လည်း ရာနှုန်းပြည့် မနာခံနိုင်သည့် ထျန်းယုဟမ်ထက် ပို၍ ကောင်းပေမည်။

"ဒါပေမဲ့ ဒါက အလုပ်ရှုပ်လွန်းတယ် မလား" ပိုင်ကျီဟန်က မေးလိုက်သည်။ "လီ-ကျောက် မဟာမိတ်ထဲမှာ ငါတို့လူ ရှိပြီးသားပဲလေ၊ ဒီလူတွေက ဘာလိုအပ်ဦးမှာလဲ"

(သူလျှိုတွေ ဟုတ်လား?)

အကြီးအကဲဟန်နှင့် တခြားသူများ တုန်လှုပ်သွားကြသည်။

ပိုင်ကျီဟန်၏ လေသံအရ ထိုသူလျှိုများသည် သူတို့နှင့် တန်းတူ ရာထူးကြီးသူများ ဖြစ်ပုံရသည်။

ဆိုလိုသည်မှာ အစအဆုံး အခြေအနေအရပ်

ရပ်ကို ပိုင်ကျီဟန်က ကြိုတင်သိမြင်နေခဲ့ခြင်းပင်။ အထူးသဖြင့် ဂိုဏ်းချုပ် ထျန်းယုဟမ်ကို ရာထူးမှ ဖယ်ရှားရန် သူတို့ ကြံစည်ခဲ့သည့် အစီအစဉ်များကိုပါ သိရှိနေခြင်း ဖြစ်သည်။

အသက်ရှင်ခွင့် ရတော့မည်ဟု သူတို့ ထင်မှတ်နေချိန်မှာပင် ပိုင်ကျီဟန်၏ စကားလုံးများကြောင့် အကြီးအကဲများမှာ ထိတ်လန့်သွားကြပြန်သည်။

ယခုအခါ သူတို့၏ အသက်ဆက်ရန် မျှော်လင့်ချက်အားလုံးသည် ခုန်ကျန်းဟုန်၏ အပြောအဆိုပေါ်တွင်သာ မူတည်နေတော့သည်။ ခုန်ကျန်းဟုန်ကမူ တုံ့ဆိုင်းခြင်းမရှိဘဲ - "လူများလေ၊ ပိုကောင်းလေပါပဲ" ဟု ရိုးရှင်းစွာ ဆိုလိုက်သည်။ သတင်းအချက်အလက်ဟူသည်မှာ လူတစ်ယောက်တည်း၏ နှုတ်ဖျားမှ ထွက်ပေါ်လာသည်မဟုတ်။

အချို့သောအရာများကို လူတစ်ယောက်က သိနိုင်သော်လည်း အချို့ကိုမူ အခြားတစ်ယောက်ကသာ ဖော်ထုတ်နိုင်သည်။

တစ်ခါတစ်ရံတွင် လူတစ်ယောက်တည်းကပင် ဆင်တူယိုးမှား သို့မဟုတ် ရှေ့နောက်မညီသော သတင်းများကို ပေးတတ်ကြသည်။

ထိုသို့သော အချက်အလက်များမှတစ်ဆင့် မဟုတ်မမှန်သည်များကို စစ်ထုတ်ပြီး မည်သည့်သတင်းက ပို၍ ခိုင်လုံကြောင်း သူ ဆုံးဖြတ်ခြင်းဖြစ်သည်။

ဤသည်မှာ ပိုင်ကျီဟန်အတွက် အတိကျဆုံးသော သတင်းများကို စုဆောင်းပေးရန် ခုန်ကျန်းဟုန် အစဉ်တစိုက် အသုံးပြုလာခဲ့သည့် နည်းလမ်းပင် ဖြစ်သည်။

"သူလျှိုတွေ ပိုများလာတာက ဘယ်တော့မှ အရှုံးမရှိပါဘူး။ အထူးသဖြင့် အကြီးအကဲဟန်တို့လို အဆင့်အတန်းမျိုးဆိုရင်ပေါ့" ဟု ခုန်ကျန်းဟုန်က တည်ငြိမ်စွာ နိဂုံးချုပ်လိုက်သည်။ အကြီးအကဲဟန်၏ နှလုံးခုန်သံမှာ ဗုံတီးနေသကဲ့သို့ ပြင်းထန်နေ၏။

စကားတစ်ခွန်းက မိမိ၏ သေခြင်း၊ ရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်လိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့ဖူးပေ။

"ဒါ့အပြင် သူတို့ သေသွားတဲ့ သတင်းသာ ပျံ့သွားရင် လီ-ကျောက် မဟာမိတ် က သေချာပေါက် သတိထားမိသွားပါလိမ့်မယ်"

ပိုင်ကျီဟန်သည် မေးစေ့ကို ခပ်ဖွဖွပုတ်ကာ မျက်မှောင်ကြုတ်လျက် စဉ်းစားနေသည်။ အကြီးအကဲဟန်သည် အရေးမပါသော အနှောင့်အယှက်တစ်ခုမျှသာ။

တကယ့် ရန်သူစစ်စစ်မှာ ကောင်းကင်ဓားဂိုဏ်း မဟုတ်ပေ

လီ-ကျောက် မဟာမိတ်သာ ဖြစ်သည်။

ဤလူများကို သတ်ပစ်လိုက်ခြင်းဖြင့် ဘာမှထူးခြားလာမည် မဟုတ်ဘဲ ရန်သူကိုသာ သတိပေးလိုက်သလို ဖြစ်ပေလိမ့်မည်။

ပိုင်ကျီဟန်က ခေါင်းကို ဖြည်းဖြည်းချင်း ငြိမ့်လိုက်၏

"အဲဒါက ပိုအဓိပ္ပာယ်ရှိတာပဲ"

ထိုခေါင်းငြိမ့်မှုလေးတစ်ခုက အကြီးအကဲများအတွက် နစ်မွန်းနေစဉ် ကောက်ရိုးတစ်မျှင်ကို ဆွဲကိုင်လိုက်ရသကဲ့သို့ပင်။

သူတို့၏ ရင်ထဲတွင် စူးရှသော စိတ်သက်သာရာရမှုများ လှိုင်းလုံးကြီးများနှယ် ရိုက်ခတ်သွားသည်။

သူတို့၏ ဝတ်ရုံများသည်လည်း အေးစက်သော ချွေးများဖြင့် ရွှဲနစ်နေတော့၏။

ပိုင်ကျီဟန်၏ အကြည့်က သူတို့အပေါ်သို့ ပျင်းရိစွာ ကျရောက်လာသည်။

ထို့နောက် သူက ပြုံးလိုက်၏

လှောင်ပြောင်မှုများ ပြည့်နှက်နေသော အပြုံး

သူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ အရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး အကြီးအကဲဟန်ကို ငုံ့ကြည့်လိုက်သည်။

"ကဲ... မင်းတို့အားလုံး အသုံးဝင်နေသေးလို့ ဝမ်းသာနေကြတာလား"

အခန်း ၄၅၉ ဘာများဖြစ်နိုင်မှာမို့လို့လဲ?

ပင်မခန်းမကြီး၏ အပြင်ဘက်တွင်မူ အတင်းအဓမ္မ ထိန်းချုပ်ထားသော တိတ်ဆိတ်မှုအောက်၌ ရုတ်ရုတ်သဲသဲ အခြေအနေများက လောင်မြိုက်နေသည်။

အကြီးအကဲဟန်၏ ခေါ်ဆောင်သွားခြင်းကို ခံလိုက်ရသော ပိုင်ကျီဟန်၏ ကံကြမ္မာကို သိလိုသဖြင့် လူအများအပြား စုဝေးရောက်ရှိနေကြသည်။

အကြီးအကဲဟန်၏ ဘက်တော်သားများမှာမူ ပိုင်ကျီဟန် မည်သို့ ဒုက္ခရောက်မည်ကို ကြည့်ရန် စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြသည်။

အကြောင်းအမျိုးမျိုးကြောင့် ပိုင်ကျီဟန်ကို မနှစ်မြို့သူများလည်း ထိုအထဲတွင် ပါဝင်၏။

အချို့ကမူ ပိုင်မျိုးနွယ်စုမှ ပိုင်ကျီဟန်ပင်လျှင် ယခုအခါ သူတို့ရှေ့တွင် ဒူးထောက် အရှုံးပေးရတော့မည်ဟု တွေးတောကာ ကျေနပ်နေကြသည်။

လူအုပ်ကြီး၏ အစွန်အဖျားတွင်မူ ချင်းလန် ရပ်နေသည်။

သူမ၏ မျက်နှာက အေးစက်နေသော်လည်း ဝတ်ရုံစအတွင်းရှိ လက်ချောင်းများမှာမူ တင်းတင်းဆုပ်ထားမိသည်။

သူမသည် ဟန်ရှ၏ အမိန့်ဖြင့် နေအိမ်အကျယ်ချုပ် ကျခံနေရသူဖြစ်သည်။

သူမ၏ ဩဇာလွှမ်းမိုးမှုနှင့် တော်လှန်ပုန်ကန်နိုင်ခြေကို ဟန်ရှက ကြောက်ရွံ့သောကြောင့် ဖြစ်သည်။

အမှန်စင်စစ် သူမသည် မည်သည့်ဘက်ကိုမျှ မပါဘဲ ကြားနေအဖြစ်သာ နေခဲ့သူဖြစ်ပြီး ဂိုဏ်းအတွင်း ပြည်တွင်းစစ်ဖြစ်ပွားမည်ကိုလည်း မလိုလားပေ။

သို့သော် ဟန်ရှက သူမကို မယုံကြည်ရုံမျှမက ဂိုဏ်းမှ ထုတ်ပယ်ရန်ပင် ပြင်ဆင်နေခဲ့သည်။

ဟန်ရှ စိတ်ပြန်လည်လာနိုးဖြင့် သူမသည် ခုခံမှုမပြုဘဲ အမိန့်ကို နာခံခဲ့သော်လည်း

သူကမူ နောင်တရခြင်း အလျှင်းမရှိခဲ့ချေ။

သူမသည် ဤနေရာ၌ ဆက်နေသင့်သလားဟုပင် တွေးတောနေမိသည်။

ထိုစဉ် ပိုင်ကျီဟန်ကို ဟန်ရှ ခေါ်ဆောင်သွားသည်ဟူသော သတင်းကို သူမ ကြားလိုက်ရချေသည်။

"ဟန်ရှ... မင်း တကယ်ကို လွန်လာပြီ”

ပိုင်ကျီဟန်၏ အမြုတေ ပျက်စီးသွားပြီဟူသော သတင်းကြောင့် သူမ ပို၍ စိုးရိမ်နေမိသည်။

ထိုသို့သာ မဟုတ်လျှင် သူမ စိတ်ပူနေစရာ မလိုပေ။ ပိုင်ကျီဟန်သည် ဟန်ရှကဲ့သို့သော လူမျိုးကို အလွယ်တကူ သတ်ဖြတ်နိုင်သူ ဖြစ်သောကြောင့်ပင်။

ဂိုဏ်းချုပ်၏ တားမြစ်မိန့်ကို အာခံကာ အကြီးအကဲ ချင်းလန်သည် သူမ၏ အခန်းအတွင်းမှ ထွက်လာခဲ့သည်။

ဟန်ရှသည် ပိုင်ကျီဟန်ကို သူ၏ ရည်မှန်းချက်အတွက် အသုံးချရန် ကြံစည်နေသည်ကို သူမ သိသည်။

ထျန်းယုဟမ်ကို ဂိုဏ်းချုပ်ရာထူးမှ ဖယ်ရှားစဉ်က လုပ်ထုံးလုပ်နည်းအတိုင်း ဖြစ်သဖြင့် သူမ ဝင်မစွက်ဖက်ခဲ့သော်လည်း မိမိ၏ တပည့်ဖြစ်သူ ပိုင်ကျီဟန်ကို ပစ်မှတ်ထားလာခြင်းကိုမူ သူမ ခွင့်မလွှတ်နိုင်ချေ။

ကောင်းကင်ဓားဂိုဏ်းမှတပည့်ကို ပစ်မှတ်ထားတာတော့

သူခွင့်မလွှတ်နိုင်ပေ။ အထူးသဖြင့် နာမည်သာရှိသော သူမတပည့် ပိုင်ကျီဟန်

မကြာမီမှာပင် သူမသည် လူအုပ်စု ဖြစ်ပေါ်နေသည့် ပင်မခန်းမကြီး၏ ရှေ့သို့ ရောက်ရှိသွားသည်။

"ရွှယ်ချင်း၊ ကျီယန်”

သူမ၏ တပည့်နှစ်ဦးဖြစ်သော ပိုင်ရွှယ်ချင်း နှင့် ချူကျီယန်တို့ကို သူမ ချက်ချင်း မြင်

လိုက်ရသည်။

သူတို့နှစ်ဦးစလုံး ပိုင်ကျီဟန်အတွက် စိုးရိမ်တကြီး စောင့်ဆိုင်းနေကြခြင်းပင်။

"ဆရာ”

သူတို့နှစ်ဦးစလုံး ဝမ်းသာအားရနှင့် အံ့အားသင့်စွာ ခေါ်လိုက်ကြသည်။

"ပိုင်ကျီဟန် အထဲမှာလား?" သူမက အပြေးအလွှား မေးလိုက်သည်။

သူတို့က ခေါင်းညိတ်ပြကြသည်။

မှော်အစီရင်ဖြင့် ပိတ်ဆို့ထားသော ခန်းမရှေ့တွင်စောင့်နေ၏

မြင်ရသည်မှာ ရန်သူများ ဂိုဏ်းအတွင်း ကျူးကျော်ဝင်ရောက်လာချိန်တွင် သုံးသည့် အစီအမံမျိုး ဖြစ်နေသည်။

ယခု အသုံးပြုနေချေသည်။

ဤသည်မှာ ပိုင်ကျီဟန်ကို အထဲ၌ ပိတ်လှောင်ထားကြောင်း အတည်ပြုရန် လုံလောက်နေချေပြီ။ ချင်းလန် ရှေ့သို့ တိုးလိုက်သည်။

နောက်ထပ်တစ်လှမ်း

"ဆရာ”

ပိုင်ရွှယ်ချင်းက သူမ၏ ဝတ်ရုံစကို လှမ်းဆွကာ တားလိုက်သည်။

"အခု အတင်းဝင်သွားရင်”

"ငါ သိတယ်" ချင်းလန်က တိုးတိုးလေး ပြောလိုက်၏

သို့သော်လည်း ခြေလှမ်းကို မရပ်တန့်ပေ။

သူမ လက်ကို မြှောက်ကာ တံခါးကို ဖျက်ဆီးရန် ပြင်လိုက်စဉ်မှာပင်

တံခါးကြီး ပွင့်လာသည်။

လူရိပ်တစ်ခု ထွက်လာ၏။

၎င်းမှာ ပိုင်ကျီဟန်ပင် ဖြစ်သည်။

ချင်းလန် အသက်ရှူပင် ရပ်သွားမတတ် ဖြစ်သွားရသည်။

"...ပိုင်ကျီဟန်?"

သူ့ကို ကြည့်ရသည်မှာ ဘာဒဏ်ရာမျှ မရရှိထားချေ။

သူ၏ ဖိနပ်နှင့် ဝတ်ရုံပေါ်တွင် သွေးစအချို့ရှိနေသော်လည်း ၎င်းမှာ ဟန်ရှနှင့် အခြားအကြီးအကဲများ၏ သွေးများသာ ဖြစ်သည်။

သူ့ဆီ၌ ပြင်းပြင်းထန်ထန် ဖြစ်တာမျိုး မရှိလောက်ပေ

ချင်းလန်က စိုးရိမ်စိတ်မလျော့သေးပေ၊ သူ့ကို ကာကွယ်ရန်နှင့် ပိုင်မျိုးနွယ်စုထံ ချက်ချင်း ပြန်ပို့ရန် ပြင်လိုက်သည်။

သို့သော် သူမ ရှေ့သို့ မတိုးမီမှာပင်

နောက်ထပ် ခြေသံများ ထွက်ပေါ်လာသည်။

သူ့နောက်မှ ထွက်လာခြင်း ဖြစ်သည်။

၎င်းကတော့ အကြီးအကဲဟန်ပင်

သို့သော်

ချင်းလန်၏ သူငယ်အိမ်များ ကျုံ့ဝင်သွားသည်။

တစ်ချိန်က ခန့်ညားထည်ဝါလှသော ဂိုဏ်းချုပ်ဟန်သည် ယခုအခါ ပိုင်ကျီဟန်၏ နောက်တစ်လှမ်းအကွာမှ ကျောကို အနည်းငယ် ကိုင်းညွှတ်ကာ လိုက်ပါလာသည်။

သူ၏ မျက်နှာတွင် ပိုင်ကျီဟန် အလိုမကျဖြစ်မည် စိုးရိမ်နေသကဲ့သို့ အတင်းအဓမ္မ ပြုံးထားသော အပြုံးတစ်ခု ရှိနေသည်။

မောက်မာမှုများ မရှိတော့ပေ

အာဏာစက်များ ပျောက်ကွယ်နေသည်။

ချင်းလန် မှင်သက်သွား၏

ဘေးပတ်ဝန်းကျင်ရှိ တပည့်များလည်း အံ့အားသင့်ကာ စိုက်ကြည့်နေကြသည်။

တိတ်ဆိတ်မှုက မိုးကြိုးသံကဲ့သို့ အားလုံးကို လွှမ်းမိုးသွားသည်။

"ဂိုဏ်းချုပ်ဟန်”

ချင်းလန်က ဖြည်းဖြည်းချင်း မေးလိုက်သည်။

ပုံသဏ္ဌာန်မှာ ဟန်ရှ ဖြစ်သော်လည်း သူ၏ အရှိန်အဝါမှာမူ တခြားလူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ ဟန်ရှသည် လူအုပ်ကြီးကို မြင်သောအခါ မျက်နှာပေးကို ချက်ချင်း ပြောင်းလဲလိုက်သည်။

ကိုင်းညွှတ်နေသော ပခုံးများကို မတ်လိုက်၏

အတင်းအဓမ္မပြုံးထားသော အပြုံးကိုလည်း ဖျောက်ကွယ်လိုက်သည်။

သူသည် ရှေ့သို့ တစ်လှမ်းတိုးကာ သူ့ဝတ်ရုံကိုလွှင့်ရင်း ဂိုဏ်းချုပ်တစ်ဦး၏ အရှိန်အဝါကို ထုတ်ဖော်လိုက်၏

ထိုသို့ ထုတ်ဖော်သော်လည်း ပိုင်ကျီဟန်၏ နောက်မှာသာ ဆက်လက် ရပ်နေခဲ့သည်။

သူသည် ချင်းလန်ကို မြင်သောအခါ ဒေါသထွက်နေ၏

သူသည် အေးစက်စက် အာဏာသံကို သုံးကာ

"အကြီးအကဲ ချင်းလန်” သူက ပြောလေ၏

“မင်း ဘာလို့ ဒီကို ရောက်နေတာလဲ?”

စကားလုံးများ ကျရောက်လာချေသည်။

ထိုစကားမှာ စည်းကမ်းဖောက်ဖျက်သော အကြီးအကဲတစ်ဦးကို ဂိုဏ်းချုပ်က ပြစ်တင်မောင်းမဲသည့် လေသံမျိုးပင်။

သို့သော် ထိုစဉ်မှာပင် ပိုင်ကျီဟန်က သူ့ကို အလိုမကျသည့် အကြည့်ဖြင့် စောင်းငဲ့ကြည့်လိုက်သည်။

ဟန်ရှ၏ အသက်ရှူသံ ရပ်တန့်သွား၏။

သူ၏ ကျောရိုးတစ်လျှောက် အေးစက်သွားသည်။

သူဘေးဘီ မကြည့်သော်လည်း သိနေချေပြီ

ပိုင်ကျီဟန်က သူ့ကို စိုက်ကြည့်နေသည်။

ထိုအကြည့်မှာ ဘာကိုဆိုလိုမှန်း နားလည်သည့်အထိ ဟန်ရှကို လေးလံလွန်းစေသည်။

ထိုကဲ့သို့ အကြည့်မျိုးပင်

အကန့်အသတ်ကို ကျော်လွန်နေပြီဟု ပြောနေသည့်အလား

ဟန်ရှ မျက်လုံးများပြူးကုန်၏

ဟန်ရှ၏ စိတ်ထဲတွင် အော်ဟစ်နေမိသည်။

(ဟုတ်သားပဲ... အကြီးအကဲ ချင်းလန်က သူ့ရဲ့ ဆရာပဲ။)

မဟုတ်ပေ

လူတိုင်းသိ၏

ပိုင်ကျီဟန်သည် ချင်းလန်ထံမှ ဘာမျှ မသင်ယူခဲ့ဖူးချေ

ချင်းလန်တောင်ထိပ်အား စာရင်းသွင်းထားရုံကလွဲလို့ ဘာမှမဟုတ်ပေ

ပိုင်ကျီဟန်၏ စွမ်းရည်သည် သူမထက် အဆပေါင်းများစွာ သာလွန်နေသည် မဟုတ်ပါလော။ အစကတည်းက သူမသည် ဘာမှသင်မပေးရချေ

သူမနှင့် ကျင့်စဉ်တူသော ဗလာသန့်စင်ခြင်း အဆင့်ကျင့်ကြံသူများအား သတ်ဖြတ်နိုင်သည့် တစ်ယောက်ကို မည်သို့သင်ပေးရမည်နည်း

သိုသော်လည်း သူမအပေါ်တွင် ရိုသေမှုရှိနေသေးကြောင်း ဟန်ရှ သဘောပေါက်လိုက်

သည်။

ဟန်ရှသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်၏

"အကြီးအကဲ ချင်းလန်"လေသံကို ချက်ချင်း ပြောင်းလဲလိုက်သည်။

ချင်းလန်က စိုက်ကြည့်နေ၏

ဟန်ရှသည် သက်ပြင်းချလိုက်ပြီး သူမဘက်သို့ လှည့်ကာ လက်အုပ်ချီလိုက်သည်။

"ပြန်စဉ်းစားကြည့်တော့... မင်းအပေါ် ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်က နည်းနည်း ပြင်းထန်သွားတယ်လို့ ထင်တယ်"

လူအုပ်ကြီးအတွင်း တိုးတိုးတိုးတိုး ပြောသံများ ထွက်ပေါ်လာသည်။

မည်သို့ဖြစ်နိုင်မည်နည်း။ မောက်မာလှသော ဂိုဏ်းချုပ်ကြီးက မည်သည့်အခါမှာ နောင်တရတတ်ပါသနည်း?

သူ့အဖွဲ့ကို မဝင်ချင်သည့်အတွက် တပည့်များနှင့် အကြီးအကဲတော်တော်များများကို ဂိုဏ်းမှနှင်ထုတ်ခဲ့သည်။

ဒါတောင် အတော်လေးသက်ညှာထားတာပင်။ ဂိုဏ်းချုပ်ထျန်း၏ အဖွဲ့ဝင်များကိုတော့ အကြောင်းအမျိုးမျိုးပြကာ အကျဉ်းချထားပေ၏

ဟန်ရှသည် အတင်းအဓမ္မ ပြုံးပြရင်း ဆက်ပြောသည်။

"မင်း မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလို ဆက်ဆံခံရတာက မသင့်တော်ဘူး” သူက စကားလုံးများကို ရွေးချယ်ပြောနေ၏

ထို့နောက် ကျယ်လောင်ပြီး လူတိုင်းကြားနိုင်သည့်အသံဖြင့် “ဒါကြောင့် ဒီနေ့ကစပြီး အကြီးအကဲ ချင်းလန်ရဲ့ ပြစ်ဒဏ်ကို ပယ်ဖျက်ပေးလိုက်တယ်"

ထိုစကားက ခန်းမအနှံ့ပျံ့နှံ့သွား၏

တပည့်များ အံ့အားသင့်သွားကြသည်။

အကြီးအကဲများမှာ အံ့အားသင့်လွန်းသဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ချင်းလန်မှာမူ ငြိမ်သက်စွာ ရပ်နေဆဲသာ

အတန်ကြာသည်အထိ သူမ ဘာမှမပြောခဲ့ပေ။

သူမ၏ အကြည့်များသည် ဟန်ရှထံသို့ မဟုတ်ဘဲ ပိုင်ကျီဟန်ထံသို့သာ ဝဲကျသွားသည်။

ဟန်ရှ၏ နာခံမှုနှင့် သူမအပေါ် ချမှတ်ထားသော ပြစ်ဒဏ်များကို ပြန်လည်ရုပ်သိမ်းပေးခြင်းမှာ ပိုင်ကျီဟန်ကြောင့်သာ ဖြစ်သည်ကို သူမ သိလိုက်ပြီဖြစ်သည်။

ပိုင်ကျီဟန်မှာ ကျင့်စဉ်အဖျက်ဆီးခံရပြီး ဒုက္ခိတဖြစ်သွားပြီဟူသော သတင်းကြောင့် သူမ အစောပိုင်းက စိုးရိမ်ခဲ့သော်လည်း ယခုအခြေအနေကို ကြည့်ခြင်းအားဖြင့် ထိုသတင်းမှာ သတင်းမှားသာဖြစ်ကြောင်း သိသာလှသည်။

မည်သူမျှ မမြင်ကွယ်ရာတွင် ပိုင်ကျီဟန်သည် ဟန်ရှအပေါ် တစ်ခုခု လုပ်ဆောင်ခဲ့သည်မှာ အသေအချာပင်။

ပိုင်ကျီဟန်၏ စရိုက်အရဆိုလျှင် ၎င်းမှာ ဖျောင်းဖျနားချခြင်းမျိုးထက် အင်အားသုံး အကြမ်းဖက်ခြင်းမျိုးသာ ဖြစ်ပေလိမ့်မည်။

"ပိုင်ကျီဟန်”

ချူကျီယန်သည် အမြန်ရှေ့တိုးလာပြီး ပိုင်ကျီဟန်ကို ခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်သည်။

သူသည် တိုက်ခိုက်ထားသည့်ပုံ မပေါက်သော်လည်း သွေးစွန်းရာများက ကျန်ရှိနေဆဲဖြစ်သည်။

ထို့ကြောင့် ခန်းမဆောင်ကြီးထဲတွင် တစ်ခုခု ဖြစ်ပျက်ခဲ့သည်မှာ မြေကြီးလက်ခတ်မလွဲပင်။

"သူတို့ နင့်ကို တစ်ခုခု လုပ်လိုက်သေးလား?"

ချူကျီယန်က စိုးရိမ်တကြီး မေးလိုက်သည်။

ပိုင်ရွှယ်ချင်းကလည်း သူမနောက်မှ ခပ်လှမ်းလှမ်းတွင် လိုက်ပါလာသည်။

ပိုင်ကျီဟန်က သူတို့အား တစ်ချက်ကြည့်လိုက်၏

"ဘာဖြစ်စရာရှိလို့လဲ"

သူက ခပ်အေးအေးပင် ပြန်ဖြေသည်။

"ငါက ဂိုဏ်းချုပ်နဲ့ ဂိုဏ်းရဲ့အနာဂတ်အကြောင်း ဆွေးနွေးနေတာပါ"

သူ၏မျက်လုံးများက ဟန်ရှထံသို့ ပေါ့ပေါ့ပါးပါးပင် ဝဲကျသွားရ၏

"ပြီးတော့ သူ့ရဲ့ ဂိုဏ်းချုပ်ရာထူးအသစ်အတွက် ဂုဏ်ပြုပေးနေတာလေ... ဟုတ်တယ်မလား?"

ပိုင်ကျီဟန်၏ အကြည့်အောက်တွင် ဟန်ရှတစ်ကိုယ်လုံး တောင့်တင်းသွားသည်။

ထပ်မေးနေစရာပင် မလိုတော့ပေ။မည်သို့ဖြေရမည်ကို သူ ကောင်းကောင်းသိသည်။

သူက ခေါင်းငြိမ့်လေ၏

"ဒါပေါ့... ဟုတ်တာပေါ့” ဟန်ရှသည် အသံကို လိုတာထက်ပိုမြှင့်ပြသည်။

"သူရဲကောင်း ပိုင်ကျီဟန်က ကောင်းကင်ဓားဂိုဏ်းရဲ့ တန်ဖိုးရှိတဲ့ တပည့်တစ်ယောက်ပဲလေ။ ဒါကြောင့် ငါ့အနေနဲ့ သူ့ကိုကိုယ်တိုင်ခေါ်ပြီး ဂိုဏ်းတိုးတက်ဖို့အတွက် သူ့ရဲ့သဘောထားကို တိုင်ပင်ဖို့ လိုအပ်တယ်လို့ ခံစားမိလို့ပါ။"

သူသည် စံပြဂိုဏ်းချုပ်တစ်ဦးကဲ့သို့ လက်နှစ်ဖက်ကို စုကာ စိတ်ကောင်းရှိပုံရသော အပြုံးတစ်ခုကို အတင်းအကျပ် လုပ်ယူလိုက်သည်။ "နောက်ဆုံးတော့ ငါက ကောင်းကင်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရာထူးကို ရယူထားတာ မကြာသေးဘူးလေ။ တပည့်တွေနဲ့ အကြီးအကဲတွေကြားမှာ မကျေနပ်မှုတွေ ရှိနေရင် ဒါက လက်ခံနိုင်စရာ မဟုတ်ဘူး။"

"ဒါကြောင့် ပိုင်ကျီဟန်လို ထူးချွန်တဲ့ တပည့်မျိုးနဲ့ ဆွေးနွေးပြီး ငါ့ရဲ့ စီမံခန့်ခွဲမှုတွေကို မြှင့်တင်ချင်ရုံပါ။"

စိုးရိမ်မှု

စာနာမှု

ဂရုစိုက်မှု

သူပြောသမျှ စကားလုံးတိုင်းမှာ အပြစ်ပြောစရာမရှိအောင် ပြည့်စုံလွန်းလှသည်။

နုံအသော တပည့်အတော်များများသည် ထိုဗြောင်လိမ်နေသည့် စကားများကိုပင် ယုံကြည်သွားကြသည်။

ချူကျီယန်က မျက်တောင်ခတ်ရင်း ကြောင်ကြည့်နေမိသည်။

ပိုင်ရွှယ်ချင်း၏ နှုတ်ခမ်းများကမူ အနည်းငယ် တွန့်ကွေးသွားသည်။

အကြီးအကဲ ချင်းလန်က ဘာမှမပြောသော်လည်း သူမ၏အကြည့်များက စူးရှလာသည်။ ဟန်ရှ၏ တောင့်တင်းနေသော ကိုယ်ဟန်အနေအထား၊ ပခုံးပေါ်ရှိ တင်းအားများနှင့် ပိုင်ကျီဟန်အား တစ်စက္ကန့်ထက်ပို၍ မကြည့်ရဲဘဲ မျက်လုံးချင်းရှောင်နေပုံများကို သူမ သတိပြုမိလိုက်သည်။

သူတို့အားလုံး ရှင်းရှင်းလင်းလင်း မြင်နိုင်ကြသည်။

ထိုခန်းမဆောင်ထဲတွင် ဘာပဲဖြစ်ပျက်ခဲ့သည်ဖြစ်စေ

ပိုင်ကျီဟန်သည် ဟန်ရှအပေါ် ကြောက်မက်ဖွယ်ကောင်းသော တစ်ခုခုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ရမည်။

ဟန်ရှသည် ပိုင်ကျီဟန်အား ပြန်လည်ခုခံလိုစိတ်ပင် မရှိတော့သည့် အခြေအနေသို့ ရောက်ရှိသွားသည်အထိပင်။

အခန်း ၄၆၀ - ရင်းနှီးသော မျက်နှာများ

ဟန်ရှ၏ စကားများကို လူတိုင်းက ယုံကြည်ကြသည်တော့ မဟုတ်ပေ။ သို့သော်လည်း လက်ရှိအခြေအနေအရ ပေးလာသမျှကို ငြိမ်ခံရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိချေ။

ဟန်ရှဘက်တော်သားများကမူ ပိုင်ကျီဟန်က သူတို့ဂိုဏ်းချုပ်ကို အနိုင်ယူခဲ့သည်ကို မယုံကြည်ကြဘဲ ဟန်ရှ၏ ရှင်းပြချက်ကိုသာ ပို၍ လက်ခံလိုကြသည်။ အချို့ဆိုလျှင် သူတို့ဂိုဏ်းချုပ်မှာ မည်မျှပင် သဘောထားကြီး၍ ကြင်နာတတ်ကြောင်း တိုးတိုးတိတ်တိတ် ချီးမွမ်းနေကြသေးသည်။

မည်သို့ပင်ဆိုစေကာမူ ပိုင်ကျီဟန်နှင့် ဟန်ရှတို့ကြားက ကိစ္စမှာ ပြေလည်သွားပုံရသည်။

တစ်စုံတစ်ယောက်က မကျေနပ်သေးဘူးဆိုလျှင်ပင် ပိုင်ကျီဟန်အနေဖြင့် ဘာမှတတ်နိုင်မည်မဟုတ်ပေ။

"ဘာပဲဖြစ်ဖြစ်... လာရင်းကိစ္စကတော့ ပြီးသွားပြီ"

ပိုင်ကျီဟန်က ကြေညာလိုက်သည်။

(ငါ့ကို ရိုက်ဖို့ လာတာလား?)

ဟန်ရှတစ်ယောက် စိတ်ထဲကနေ ကျိန်ဆဲချင်စိတ် ပေါက်သွားသည်။ အမှန်စင်စစ် ပိုင်ကျီဟန် ဤနေရာသို့ ရောက်လာပြီးကတည်းက လုပ်သမျှမှာ သူ့ကို ရိုက်နှက်ဆုံးမခြင်းသာ ဖြစ်သည်။

ထို့ကြောင့် နောက်ဆုံးတွင် ပိုင်ကျီဟန် လာရခြင်း၏ ရည်ရွယ်ချက်မှာ သူ့ကို ပညာပေးရန်ဖြစ်ပြီး ထိုအလုပ်မှာလည်း အမှန်တကယ် ပြီးမြောက်သွားလေပြီ။

ဟန်ရမှာ နောင်တများစွာ ရနေမိသည်။ အကယ်၍သာ သူသည် ပိုင်ကျီဟန်နှင့် မပတ်သက်ခဲ့ပါက ဤကဲ့သို့သော အဖြစ်ဆိုးမျိုး ကြုံရမည်မဟုတ်ဟု တွေးတောနေမိသည်။

သို့သော်လည်း သူသည် လီ-ကျောက် မဟာမိတ်အဖွဲ့နှင့် ပူးပေါင်းလိုက်ကတည်းက ဤကဲ့သို့သော ကံကြမ္မာမျိုးနှင့် ရင်ဆိုင်ရရန် အစကတည်းက သတ်မှတ်ခံထားရပြီးသား ဖြစ်ပုံရသည်။

သူက ပိုင်ကျီဟန်ကို သွားမရှုပ်လျှင်ပင် ပိုင်ကျီဟန်က သူ့ဆီ လာရှာမည်သာ ဖြစ်သည်။

(တောက်)

မည်သို့ပင်ဖြစ်စေ ပိုင်ကျီဟန်သည် ယခုအခါ ဂိုဏ်းကနေ ထွက်ခွာတော့မည့်ပုံပင်။

ပိုင်ကျီဟန်သည် တစ်ချက်လှည့်ကြည့်လိုက်ပြီး အကြည့်များက ပိုင်ရွှယ်ချင်းထံသို့ ရောက်သွားသည်။

"အမ မိသားစုဆီ ပြန်သင့်နေပြီ”

သူက သိသာထင်ရှားသောအချက်ကို ပြောပြနေသကဲ့သို့ အေးဆေးစွာ ပြောလိုက်သည်။

ကောင်းကင်ဓားဂိုဏ်းသည် ပိုင်မိသားစုထက် လုံခြုံမှုမရှိပေ။ ဟန်ရှကဲ့သို့ လူမျိုးက ပိုင်ကျီဟန်ကို အသုံးချရန် ပိုင်ရွှယ်ချင်းအား ပစ်မှတ်ထားလာမည်ကို မည်သူမှ မသိနိုင်ပေ။

ထို့ကြောင့် သူမအနေဖြင့် မိသားစုဆီ ပြန်သွားခြင်းကသာ အကောင်းဆုံးဖြစ်သည်။

ထို့နောက် သူက ချူကျီယန်ကိုပါ ပြောလေ၏

"မင်းရောပဲ"

"ကောင်းပြီလေ”

ချူကျီယန်က အလွယ်တကူပင် သဘောတူလိုက်သည်။

ပိုင်ရွှယ်ချင်းကမူ တစ်ခုခုပြောချင်ပုံရပြီး တွန့်ဆုတ်နေသော်လည်း ပိုင်ကျီဟန်က ကျောခိုင်းထွက်ခွာသွားပြီဖြစ်သည်။

"သင်္ဘောဆီကနေ စောင့်နေမယ်။"

ပိုင်ကျီဟန်သည် ခုန်ကျန်းဟုန်နှင့်အတူ လေသင်္ဘောဆိုက်ကပ်ရာ စင်မြင့်ဆီသို့ လျှောက်သွားစဉ် တပည့်များစွာ လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်ကို သတိပြုမိလိုက်သည်။ သူတို့၏ မျက်နှာများမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီး အသံများမှာလည်း ဆူညံနေကြသည်။

"တခြား တစ်ခုခု ထပ်ဖြစ်နေပုံပဲ" ခုန်ကျန်းဟုန်က ပေါ့ပေါ့ပါးပါး မှတ်ချက်ချလိုက်သည်။

ခန်းမဆောင်ကြီး အပြင်ဘက်တွင် လူစုလူဝေး သိပ်မရှိလှပေ။ ပိုင်ကျီဟန်ကို ဂိုဏ်းချုပ်က ဖမ်းဆီးသွားသည်ကို လူတွေ မသိကြ၍ဟု သူ ထင်ခဲ့မိသည်။

မဟုတ်လျှင် လူ့သဘာဝအရ လူအများအပြား လာရောက်ကြည့်ရှုကြမည်သာ ဖြစ်သည်။ သို့သော် ယခုမူ အခြားတစ်နေရာတွင် ပို၍ စိတ်ဝင်စားစရာကောင်းသော အရာတစ်ခုခု ဖြစ်ပျက်နေသည်မှာ သိသာလှသည်။

ပိုင်ကျီဟန်၏ အကြည့်များက လူအုပ်ထဲသို့ ဝဲကျသွားပြီး

ခဏရပ်တန့်သွားသည်။

ရင်းနှီးသော ပုံရိပ်နှစ်ခုကို သူ မြင်လိုက်ရသည်။

ယွင်ချင်းမိန်နှင့် ဖေးလင်းတို့ဖြစ်သည်။

သူတို့သည် ပိုင်ရွှယ်ချင်း၏ စီနီယာအစ်မများဖြစ်သလို၊ ယခုအခါ ပိုင်ကျီဟန်၏ စီနီယာများလည်း ဖြစ်သည်။

ပိုင်ရွှယ်ချင်း စေ့စပ်ကြောင်းလမ်းမှု ဖျက်သိမ်းပြီးနောက် ပိုင်မိသားစုဆီ လာရောက်ခဲ့ဖူးသော အဖွဲ့တွင်လည်း သူတို့ ပါဝင်ခဲ့သည်။

သူတို့ကို မြင်လိုက်ရချိန်တွင် ပိုင်ကျီဟန်၏ မျက်နှာပေါ်၌ နောက်ပြောင်လိုသော အပြုံးတစ်ခု ပေါ်လာသည်။

"ဟေး”

ပိုင်ကျီဟန်က လက်ဝှေ့ယမ်းပြီး လှမ်းခေါ်လိုက်သည်။

ဖေးလင်းက သူ့ကို ချက်ချင်း မြင်သွားပြီး မျက်နှာ တောင့်တင်းသွားသည်။

သူမ၏ မျက်နှာပေါ်တွင် မကျေနပ်မှုများ ခဏတာ ဖြတ်ပြေးသွားသည်။

အတိတ်က အမှတ်တရများကို မေ့ဖျောက်ရန် မလွယ်ကူသလို၊ ပိုင်ကျီဟန်သည် မကြာသေးမီက နာမည်ကြီးလာသည် ဆိုသော်လည်း သူသည် မည်သို့သောလူစားမျိုးဖြစ်သည်ကို သူမတို့ ကောင်းကောင်းသိကြသည်။

သူ့အပေါ် ကောင်းမွန်သော အမြင်ရှိရန် မဖြစ်နိုင်ပေ။

သူ့ကို မမုန်းသော်လည်း အလွန်အမင်း သတိထားမိသည်။

"ဖေး... မင်းမျက်နှာပေးကို ဆင်ခြင်ဦး”

ယွင်ချင်းမိန်က သူမကို သတိပေးလိုက်သည်။

ယွင်ချင်းမိန်ကမူ ပိုင်ကျီဟန်နှင့် မျက်လုံးချင်းဆုံသောအခါ ယဉ်ကျေးစွာ ဦးညွှတ်လိုက်၏

"သခင်လေးပိုင်”

"အလို... ငါ့ရဲ့ ချောမောလှပတဲ့ စီနီယာအစ်မကြီးတွေပါလား"

ပိုင်ကျီဟန်က စနောက်လိုက်သည်။

ပိုင်ကျီဟန်သည် သူတို့ ဘယ်သူတွေလဲဆိုတာ မမေ့သေးပေ။ ကမ္ဘာမြေက အမှတ်တရများ ပြန်ရလာပြီးနောက် သူ ပထမဆုံး မြင်တွေ့ခဲ့ရသည့် လူများ မဟုတ်ပါလော

ဖေးလင်းက နှာခေါင်းတစ်ချက်ရှုံ့ပြီး လက်ပိုက်လိုက်သည်။

မနှစ်မြို့ဖွယ် အမှတ်တရများ ပြန်လည် ပေါ်ပေါက်လာသည်။

ယွင်ချင်းမိန်ကမူ နူးညံ့သောအပြုံးဖြင့်ပင်

"သခင်လေးပိုင် ကျွန်မတို့ကို မှတ်မိနေသေးတာ ဝမ်းသာပါတယ်... အချိန်တွေတောင် တော်တော်ကြာသွားပြီပဲနော်" ဟု အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

ဖေးလင်းသည် ယွင်ချင်းမိန်ကို ဘေးစောင်းကြည့်လိုက်သည်။

(ဝမ်းသာတယ် ဟုတ်လား?)

သူမမှာ လှောင်ရယ်ချင်စိတ်ကို အောင့်ထားရသည်။

ပိုင်ကျီဟန်၏ အပြုံးသည် ပို၍ ကျယ်ပြန့်လာသည်။

"ဘယ်လိုလုပ် မေ့နိုင်မှာလဲ? ကျွန်တော့်အပေါ် အမှတ်တရတွေ အများကြီး ပေးခဲ့တဲ့ စီနီယာအစ်မတွေကို... အထူးသဖြင့် စီနီယာအစ်မ ဖေးလင်းကိုပေါ့"

ဖေးလင်း၏ မျက်ခုံးများ တွန့်ချိုးသွားသည်။

သူမ လက်ကို ပို၍ တင်းတင်းပိုက်ထားလိုက်သည်။

ဒီကောင်စုတ်

ဘာမှမပြောင်းလဲသေးပေ။

အနည်းဆုံးတော့ သူ့၏ နှုတ်သီးကောင်းလျှာကောင်းတာက မပြောင်းလဲသေးတာ အမှန်ပင်

ယွင်ချင်းမိန်ကမူ စိတ်အနှောင့်အယှက်ဖြစ်ပုံမရပေ။ သူမသည် ဆိုးသွမ်းသော ဂျူနီယာတစ်ယောက်ကို အလိုလိုက်နေသည့် လူတစ်ယောက်ကဲ့သို့ ခေါင်းကိုသာ ခါယမ်းလိုက်၏

"မင်းရဲ့ အဲဒီအကျင့်ကတော့ မပျောက်သေးဘူးပဲ" ဟု ဆိုသည်။

"ဒါက အလုပ်ဖြစ်လို့လေ"

ပိုင်ကျီဟန်က အရှက်မရှိ ပြန်ဖြေသည်။

ဖေးလင်းက အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်သည်။

ထို့နောက် နှုတ်ခမ်းကို မလှုပ်ဘဲ စိတ်ချင်းဆက်သွယ်သည့် နည်းလမ်းဖြင့် ယွင်ချင်းမိန်ကို လှမ်းမေးလိုက်သည်။

"ချင်းမိန်... ဘာလုပ်နေတာလဲ?"

သူမ၏ စိတ်ထဲမှ အသံသည် ပြတ်သားပြီး စိတ်တိုမှုကို ထိန်းထားရသည့်ဟန် ပေါက်နေသည်။

"ဘာလို့ သူ့ကို အဲဒီလို ပုံစံမျိုးနဲ့ စကားပြောနေရတာလဲ?"

ယွင်ချင်းမိန်၏ မျက်နှာအမူအရာ မပြောင်းလဲသော်လည်း ပြန်ပြောသည့်အသံက ချောမွေ့နေသည်။

"ဖေး... အခြေအနေတွေ ပြောင်းကုန်ပြီ"

ဖေးလင်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

"ပြောင်းသွားတယ်? သူက အရင်အတိုင်း မျက်တောင်မခတ်ဘဲ လိမ်ညာပြီး လူတွေကို လှည့်စားတတ်တဲ့ နှာဘူးကောင်ပဲလေ။ သူ စကားပြောပုံကို ကြည့်ဦး... နင့်အတွက်တော့ အဲဒါက ပြောင်းလဲသွားတာလား?"

ယွင်ချင်းမိန်သည် စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။

"ငါပြောတာက သူ့စရိုက်ကို ပြောတာမဟုတ်ဘူး... သူ့ရဲ့ အဆင့်အတန်းကို ပြောတာ"

ဖေးလင်းတွန့်ဆုတ်သွားသည်။

ယွင်ချင်းမိန်သည် အေးဆေးစွာ ဆက်ပြောလိုက်သည်။

"အခုဆိုရင် သူ့ရဲ့ နာမည်ကျော်ကြားမှု၊ စွမ်းအားနဲ့ ဩဇာအာဏာက ဂိုဏ်းချုပ်တချို့ထက်တောင် သာနေပြီ။ တို့တွေ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ... ပိုင်ကျီဟန်ဆိုတာ အရင်က စံနှုန်းတွေနဲ့ တိုင်းတာလို့ရတဲ့ လူစားမျိုး မဟုတ်တော့ဘူး။"

ဖေးလင်း၏ အကြည့်များ တုန်လှုပ်သွားသည်။

"ပြီးတော့ မမေ့နဲ့ဦး" ယွင်ချင်းမိန်က ထပ်လောင်းပြောလိုက်သည်။ "သူက မိစ္ဆာတပ်ဖွဲ့တွေကို တိုက်ထုတ်ခဲ့တဲ့ စစ်ပွဲရဲ့ သူရဲကောင်းတစ်ယောက်အဖြစ် အသိအမှတ်ပြုခံထားရတာ။"

ထိုစကားကြောင့် ဖေးလင်း ခဏတာ ငြိမ်ကျသွားသည်။

သို့သော် ခဏမျှသာ။

"ဒါတောင်မှ..."

သူမ စိတ်ထဲကနေ တောက်တစ်ချက် ခေါက်လိုက်သည်။

သူမ၏ အကြည့်များက ပိုင်ကျီဟန်ထံ ပြန်ရောက်သွားပြီး သူမ အနေရခက်နေသည်ကို သဘောကျနေပုံဖြင့် အနည်းငယ် တိုးကပ်လာသည်။

"ကြည့်ပါဦး" ဖေးလင်းက ဇွတ်ငြင်းဆဲပင် "စွမ်းအားရှိတာဖြစ်ဖြစ်၊ သူရဲကောင်းဖြစ်ဖြစ်... သူကတော့ အရင်အတိုင်း လူယုတ်မာပဲ”

သူမ တွေးလိုက်သည့်အတိုင်းပင် ပိုင်ကျီဟန်က ခေါင်းကို အနည်းငယ် စောင်းလိုက်၏

"စီနီယာအစ်မ ဖေးလင်း၊ ကျွန်တော့်ကို အဲဒီလို ပုံစံမျိုးနဲ့ ဆက်စိုက်ကြည့်နေရင် သူများတွေ အထင်လွဲကုန်ပါဦးမယ်" ရွှင်ရွှင်ပျပျ ပြောလိုက်သည်။

ဖေးလင်း၏ မျက်လုံးများ လှုပ်ခတ်သွား၏

"ဘာကို အထင်လွဲရမှာလဲ”

သူက အော်ဟစ်လိုက်သည်။

"ဘယ်သူသိမှာလဲ?"

ပိုင်ကျီဟန်က နောက်ပြောင်လိုက်သည်။

ခဏတာ တိတ်ဆိတ်သွားပြီးနောက်

"ပိုင်... ကျီ... ဟန်”

ဖေးလင်းမှာ သွားကြိတ်ပြီး ခေါ်လိုက်ရသည်။

ယွင်ချင်းမိန်ကမူ သူမ၏ နှုတ်ခမ်းကို လက်ဖြင့် အသာအုပ်ကာ မျက်လုံးထဲတွင် အပြုံးရိပ်များဖြင့်

"နင်ကတော့... အရေးကြီးတဲ့နေရာတွေမှာ တကယ်ပဲ မပြောင်းလဲသေးဘူးနော်" ဟု ဆိုသည်။

ပိုင်ကျီဟန်က ခပ်ဟဟ ရယ်မောရင်း ကိုယ်ကို ပြန်မတ်လိုက်၏

"ဖြစ်နိုင်တာပဲ၊ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ပြောင်းလဲဖို့ လိုအပ်လို့လား?"

ဖေးလင်းက ရှေ့သို့ တစ်လှမ်းတိုးလာပြီးမှ ပြန်ရပ်လိုက်သည်။

သူမ၏ အကြည့်များ တည်ကြည်သွားသည်။

"ဒါနဲ့... အရင်က ကျွန်တော်ပြောခဲ့တာကိုရော စဉ်းစားပြီးပြီလား?" ဟု ပိုင်ကျီဟန်က မေးလိုက်သည်။

"???"

ဖေးလင်းနှင့် ယွင်ချင်းမိန်တို့ ဇဝေဇဝါ ဖြစ်သွားကြသည်။

"ဘာကို ဆိုလိုတာလဲ သခင်လေးပိုင်?" ယွင်ချင်းမိန်က ယဉ်ကျေးစွာ မေးလိုက်သည်။

ပိုင်ကျီဟန်က မျက်တောင်တစ်ချက်ခတ်လေ၏

ထို့နောက် ပြုံးလိုက်သည်။

"ကျွန်တော့်ရဲ့ ကိုယ်လုပ်တော်တွေ ဖြစ်ဖို့ ကိစ္စလေ"

ခဏမျှ လူအုပ်ကြီး၏ ဆူညံသံများပင် ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။

ယွင်ချင်းမိန်၏ အပြုံးမှာ ပျက်ယွင်းသွား၏

ဖေးလင်၏ မျက်ဆန်းများ ကျဉ်းမြောင်းသွားသည်။

ပိုင်ကျီဟန်၏ နောက်တွင် အမြဲရှိနေသော ခုန်ကျန်းဟုန်မှာမူ သီးပင် သီးသွားသည်

“အဟု”

(သခင်လေးက... သူတို့ကို ကိုယ်လုပ်တော်အဖြစ် လိုချင်တာလား?)

သူ့ဦးနှောက်ပင် ချာချာလည်သွားသည်။ အဓိပ္ပါယ်မရှိတာပင်

ဘယ်လိုမှ မဖြစ်နိုင်တာပင်။

ပြီးခဲ့သည့် တစ်နှစ်ပတ်လုံး ပိုင်ကျီဟန်

နောက်ကို လိုက်ခဲ့ကြသည့် မိန်းကလေးတွေမှ မနည်းမနောရှိနေ၏

ပါရမီရှင်တွေ၊ ဂိုဏ်းရဲ့ နတ်မိမယ်တွေ၊ မိသားစုကြီးတွေက မင်းသမီးတွေ... ကျင့်စဉ်ရော၊ နောက်ခံရော၊ ရုပ်ရည်ရော အကုန်သာတဲ့သူတွေကိုတောင် ပိုင်ကျီဟန်က ငြင်းပယ်ခဲ့ပေသည်၊

ခုန်ကျန်းဟုန်အဖို့ ပိုင်ကျီဟန်သည် ချူကျီယန်ကို ချစ်မြတ်နိုးလွန်း၍ဟု ထင်ခဲ့ခြင်းဖြစ်သည်။

ဒါပေမဲ့ အခု

ဒီနှစ်ယောက်ကိုလား?

သူက ယွင်ချင်းမိန်နှင့် ဖေးလင်းကို အကဲခတ်လိုက်သည်။

သူတို့သည်လည်း ဆီးနှင်းတောင်ထိပ်မှ ဖြစ်သဖြင့် သူ့ စီနီယာတွေ ဖြစ်ကြသလို အရည်အချင်းလည်း ရှိကြသည်။ လစ်လပ်နေတာ မရှိပေ

သို့တိုင် ပိုင်ကျီဟန် ငြင်းပယ်ခဲ့သမျှ လူတွေနဲ့ ယှဉ်ရင်တော့

သခင်လေး အကြိုက်က တကယ်ပဲ ထူးခြားလှသည်။

ထို့နောက် နောက်ထပ်အတွေးတစ်ခု ဝင်လာသဖြင့် သူ ကျောပြင်တွင် ချွေးစေးများ ထွက်လာသည်။

(ဒါကို မိန်းကလေးချူ သိသွားရင်တော့...)

ချူကျီယန်သာ ကြားပါက

မဟုတ်ပေ

၎င်းကို သူပုံမဖော်ရဲပေ

ဖေးလင်းက ပထမဆုံး သတိပြန်ဝင်လာသည်။

ရှက်လို့မဟုတ်ဘဲ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းနေ၏

"နင်...”

သူမ ရှေ့သို့ အရှိန်ဖြင့် တိုးလာ၏

"နင်က အခုထိ ဒီအပေါစား စကားတွေကို နောက်ပြောင်နေတုန်းပဲလား”

အသံနိမ့်နိမ့်ဖြင့် ဒေါသတကြီး ပြောလိုက်သည်

“အခုလို အခြေအနေမျိုးမှာတောင်မှလား”

ယွင်ချင်းမိန်ကမူ အတန်ကြာမှ သက်ပြင်းချလေ၏

နားထင်ကို ပွတ်ရင်း ရယ်လေ၏

"သခင်လေးပိုင်... တစ်နည်းအားဖြင့်တော့ ဒါက ဂုဏ်ယူစရာဖြစ်ပေမဲ့” သူမ ခေတ္တရပ်လိုက်ပြီး "ဂျူနီယာညီမလေး ချူကတော့ တို့ကို သတ်လိမ့်မယ်။ ဒါကြောင့် ဒီနောက်ပြောင်မှုကို ရပ်ပေးပါတော့" ဟု အေးစက်စက် ပြောလိုက်သည်။

ခဏမျှ ပိုင်ကျီဟန်က သူတို့ကို စိုက်ကြည့်နေသည်။

ထို့နောက်

သူ့မျက်နှာပေါ်က အပြုံးများ ချက်ချင်း ပျောက်ကွယ်သွားသည်။

နောက်ပြောင်နေသော အမူအရာများ မရှိတော့ဘဲ ကိုယ်ဟန်အနေအထားက တည်ကြည်သွားသည်။ ပျင်းရိပျော့ညံ့နေသော အကြည့်များအစား တည်ငြိမ်ပြီး စူးရှသော အကြည့်များ ဖြစ်လာသည်။

"ကောင်းပြီလေ၊ ဒါဆိုလည်း ရပ်ကြတာပေါ့။"

သူက ထိုအကြောင်းအရာကို ဘေးဖယ်ထားလိုက်သလို လက်ကို အသာယမ်းလိုက်သည်။

"အခု... တစ်ခုခု ရှင်းပြပေးမလား?"

ယွင်ချင်းမိန်က သူကြည့်နေသည့်ဘက်ကို ကြည့်လိုက်သည်။

"လူတွေ အများကြီးပဲ" ပိုင်ကျီဟန်က မျက်မှောင်ကြုတ်ကာ မေးလေ၏

"အားလုံး ဘယ်ကို သွားနေကြတာလဲ?"အခု သူတို့ရှေ့မှာ ရပ်နေတာက စောစောက နှာဘူးပုံစံ ပိုင်ကျီဟန် မဟုတ်တော့ချေ။

ဂိုဏ်းချုပ်တွေပင် သတိထားနေရသည့် နာမည်

နာမည်တစ်လုံးနှင့်တင် လေးစားမှုရနေသည့် ပိုင်ကျီဟန်အစစ်အမှန် ဖြစ်သည်။

"... တကယ်ပဲ မသိတာလား?"

ဖေးလင်းက နှာခေါင်းရှုံ့လိုက်၏

"နင်က သူ့ကို စိုးရိမ်လို့ လာတယ်လို့ ငါထင်နေတာ"

"သူ?"

ပိုင်ကျီဟန်က မျက်မှောင်ကြုတ်ရင်း "ဘယ်သူလဲ?"

"လင်းရွှမ် “ဖေးလင်က ဖြေလိုက်သည်။ "ဂျူနီယာ လင်းရွှမ်က သွားပြီး စိန်ခေါ်တိုက်ခိုက်တော့မလို့လေ။"

All Chapters