← Chapters

အခန်း (၂၂၀၁-၂၂၀၂)

Vol. 158 Ch. 2201-2202

အခန်း (၂၂၀၁-၂၂၀၂)

Vol. 158 Ch. 2201-2202

အပိုင်း(၂၂၀၁)

ဖောက်...

လေထု ပေါက်ကွဲသံကဲ့သို့ အသံတစ်ခု အခန်းအတွင်း ပဲ့တင်ထပ်သွားပြီး ဝေ့ဝူယင်၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားသည်။ သူ၏ အဂ္ဂိရတ်ကြယ်တာရာများထံမှ လျှို့ဝှက် ဆန်းကြယ်သော ရောင်ခြည်များ ရောနှောနေသည့် ခုနစ်ရောင်ခြယ် အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။

ခုနစ်နာရီမြောက် အချိန်...။ အဂ္ဂိရတ်တာအိုသည် ၎င်း၏ တွက်ချက်မှုများကို အပြီးသတ်လိုက်ပြီ ဖြစ်သည်။

မည်သို့သော ဖြစ်စဉ်များ ပေါ်ပေါက်လာမည်နည်း။ တစ်ဂလက်ဆီလုံးကို သိမ့်သိမ့်တုန်သွားစေမည်လား။ လူတိုင်းကို သတိပေးလိုက်သကဲ့သို့ ဖြစ်သွားမည်လား။

ထို့နောက်တွင် ဖြစ်ပျက်ခဲ့သည်က... အဂ္ဂိရတ်တာအိုမှာ တိတ်ဆိတ်စွာ... ထွက်ခွာ သွားခဲ့ခြင်းပင်။

ပတ်ဝန်းကျင် လောကကြီး၏ တုန်ခါမှုများနှင့် မသိမသာ လှုပ်ရှားမှုများမှာလည်း ရပ်တန့်သွားခဲ့ပါတော့သည်။

တစ်ဂလက်ဆီလုံး ဟိန်းထွက်သွားမည့် ချီးမွမ်းသံများ သို့မဟုတ် ဝိညာဉ်ငလျင်များ တစ်စုံတစ်ရာ ပေါ်ပေါက်မလာခဲ့ပေ။

စက္ကန့်အတော်ကြာအောင် ဝေ့ဝူယင်သည် ကိုယ်လုံးတီး အခြေအနေဖြင့်ပင် ဘာဆက်ဖြစ်မည်နည်းဟူသော မရေရာသည့် အမူအရာဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုနေမိသည်။ သူသည် ပိုင်ရှုကို လှမ်းကြည့်လိုက်ရာ သူမမှာ အဂ္ဂိရတ်တာအိုကို ရှာဖွေနေသကဲ့သို့ အခန်း၏ ထောင့်လေးထောင့်ကို စိုးရိမ်တကြီး ကြည့်နေသည်ကို တွေ့ရ၏။

သူမ၏ သေးငယ်သော ခန္ဓာကိုယ်လေးမှာ ဟိုမှသည် လျှပ်စီးကဲ့သို့ ပျံသန်းနေသည်။ သူမ ဘာလုပ်နေမှန်း သူ မသိသော်လည်း ဝေ့ဝူယင်၏ မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးတစ်ခု ပေါ်လာကာ တဟားဟား ရယ်မောလိုက်မိသည်။

ဝေ့ဝူယင် လှမ်းခေါ်လိုက်သည့် အခါ သူမမှာ နောက်သို့ လှည့်လာခဲ့၏။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဆရာက ကိုယ်ပိုင်အရည်အချင်းနဲ့တင် သာလွန်သန့်စင် လျှို့ဝှက် လောက အဆင့် အဂ္ဂိရတ် ထုတ်ကုန်ကို ဖော်စပ်နိုင်ခဲ့တာလေ... ဒါက မတရားဘူး... တာအိုက ဆရာ့ကို ဘယ်လိုလုပ် အသိအမှတ်မပြုပဲ... ပဲ..."

သို့သော်လည်း... ဝေ့ဝူယင်ကို ကြည့်လိုက်သော အခါ သူမ၏ စကားလုံးများမှာ ရုတ်တရက် ရပ်တန့်သွားခဲ့၏။ သူမသည် ဝေ့ဝူယင်၏ ခန္ဓာကိုယ်ကို မြင်ဖူးနေကျ ဖြစ်သဖြင့် အံ့ဩစရာ ကောင်းသော်လည်း ဤမျှအထိ တုံ့ပြန်မိလိမ့်မည် မဟုတ်ပေ။ သို့သော် ယခုမူ...

"..."

“ဆ... ဆရာ... ဆရာ... ရဲ့..."

သူမ၏ အသံမှာ တုန်ယင်နေရာမှ အော်ဟစ်သံအဖြစ်သို့ ပြောင်းလဲသွားသည်။

ဝေ့ဝူယင်သည် မိမိ၏ ခန္ဓာကိုယ် မျက်နှာပြင်ကို ချက်ချင်းပင် စစ်ဆေးလိုက်သော်လည်း အရေပြား သို့မဟုတ် ကိုယ်ခန္ဓာတွင် အပြောင်းအလဲ တစ်စုံတစ်ရာ မတွေ့ရပေ။

"ဆရာ့ရဲ့ မျက်လုံးတွေ..."

ပိုင်ရှုသည် ပျံသန်းလာပြီး ဝေ့ဝူယင်၏ ပါးပြင်နှစ်ဖက်ကို ကိုင်ကာ သူ၏ မျက်လုံးများကို အရူးအမူး စိုက်ကြည့်နေတော့သည်။

ဝှစ်...

ဝေ့ဝူယင် လက်တစ်ဖက်ကို ဝှေ့ယမ်းကာ လူတစ်ရပ်စာ မှန်ချပ်ကြီးတစ်ခုကို ဖန်တီးလိုက်သည်။ ထို့နောက် မှန်ထဲတွင် မိမိ၏ ပုံရိပ်ကို သူ မြင်လိုက်ရ၏။

ပုံမှန်အားဖြင့် မျက်ဝန်းအိမ်၏ အစွန်းများအထိ ထိကပ်နေတတ်ပြီး သူငယ်အိမ်၏ အနက်ရောင် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ မျက်သားဖြူများ အထိ ရောက်ရှိနေသည့် လေးထောင့်ကြယ်ပုံစံ သာလွန် သန့်စင် အဂ္ဂိရတ်ကြယ်တာရာ များမှာ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။

ယခုအခါ သူ၏ သူငယ်အိမ်များ နေရာတွင် ခုနစ်ထောင့်ကြယ် တစ်လုံးက အစားထိုး ဝင်ရောက်နေရာယူထားသည်။ ထိုကြယ်အတွင်း၌မူ အဂ္ဂိရတ်တာအို၏ နိယာမများဖြစ်သော ဖန်တီးခြင်း၊ ကြီးထွားခြင်း၊ အသွင်ပြောင်းလဲခြင်းနှင့် ပေါင်းစပ်ခြင်းတို့ကို အဆုံးမဲ့ နက်နဲစွာ ပြသနေသည့် ရောင်စုံကြယ်တာရာ ကမ္ဘာတစ်ခု ရှိနေ၏။ သူ၏ မျက်သားဖြူများ အတွင်း၌မူ သူငယ်အိမ်မှ အပြင်ဘက်သို့ ဖြာထွက်နေသော အရောင်ခုနစ်မျိုးရှိသည့် ထင်ရှားသော စက်ဝိုင်းကွင်း ခုနစ်ကွင်း ရှိနေသည်။ ထိုကွင်းခုနစ်ကွင်းမှာလည်း မည်သူမဆို မြင်နိုင်လောက်အောင်ပင် ထင်ရှားလှပေသည်။

ဝေ့ဝူယင် မှင်သက်သွားခဲ့၏။ ထို့နောက် သူ၏ ရှာဖွေတွေ့ရှိမှုကို အားပေးလိုက်သကဲ့သို့ပင် ဧဒင်ထံမှ သီချင်းသံတစ်သံ ပေါက်ကွဲထွက်ပေါ်လာတော့သည်

၎င်းမှာ အလွန်အမင်း သာယာလှပပြီး ထပ်ခါတလဲလဲ မြည်နေသည့် ခုနစ်လုံးစဉ် ဂီတသံစဉ်လေး ဖြစ်သည်။ ဧဒင်၏ ကြယ်တာရာ ပုံသဏ္ဌာန်မှာ ပြင်းထန်သော အလင်းတန်းများဖြင့် တောက်ပနေ၏။

ဝှစ်...

ဝေ့ဝူယင်၏ စိတ်ကိုယ်ပွားမှာ သူ၏ အသိစိတ်ပင်လယ်အတွင်း ပေါ်လာသည်။ ဧဒင်၏ သစ်ရွက်အုပ် သရဖူ၏ အထက်တွင် ဒေါင်လိုက်တံတားတစ်စင်းကဲ့သို့ သူ၏ အသိစိတ်ပင်လယ်၏ အထက်အကန့်အသတ်အထိ မြင့်တက်နေသော တည်ငြိမ်သည့် အလင်းတိုင်တစ်ခု ရှိနေသည်ကို တွေ့ရှိရ၏။

ထာဝရ အော်ရာ များမှာလည်း ဖုံးလွှမ်းနေ၏။ ထိုအလင်းတိုင်ကို အခါအားလျော်စွာ မှိန်လိုက် လင်းလိုက် ဖြစ်နေသော သေးငယ်သည့် ကြယ်ကလေး ခုနစ်လုံးက ဝန်းရံလှည့်ပတ်နေသည်။

ချက်ချင်းပင်... ဝေ့ဝူယင်၏ စိတ်အတွင်းသို့ သတင်းအချက်အလက်များ စီးဝင်လာတော့သည်။ အဂ္ဂိရတ်တာအိုသည် အကန့်အသတ်မဲ့၏။ ဤသည်မှာ ဝေ့ဝူယင် သိရှိထားသောအရာ ဖြစ်သည်၊ အဂ္ဂိရတ်တာအိုသည် ဖန်တီးခြင်းကို ကိုယ်စားပြုကြောင်းနှင့် ထိုဖန်တီးခြင်း၏ ပင်ကိုယ်ဆင့်ကဲဖြစ်စဉ်မှာလည်း အကန့်အသတ်မဲ့ကြောင်း သိရှိပြီးနောက် သူ သင်ယူခဲ့ရသော အရာပင် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် အဂ္ဂိရတ်တာအို၏ ဆုံးဖြတ်ချက်ကို ဝေ့ဝူယင် ချက်ချင်းပင် သိလိုက်ရသည်။ အဂ္ဂိရတ်ကြယ်တာရာများ၏ စတုတ္ထအဆင့်မှာ ဉာဏ်အလင်း သန့်စင် အဂ္ဂိရတ်ကြယ်တာရာ ဖြစ်ပြီး ကိုယ်ပိုင် လျှို့ဝှက်ကောင်းကင် မျိုးဆက်ကို ဖန်တီးနိုင်ခြင်းဖြင့် ရရှိနိုင်သည်။

အဂ္ဂိရတ်ကြယ်တာရာများ၏ ပဉ္စမအဆင့်မှာမူ ဉာဏ်အလင်း ဝိညာဉ် အဂ္ဂိရတ်ကြယ်တာရပင် ဖြစ်သည်။

သို့သော် ယခုသူ၏ မျက်လုံးထဲရှိ အဂ္ဂိရတ်ကြယ်တာရာ အစုံမှာ စတုတ္ထအဆင့် သို့မဟုတ် ပဉ္စမအဆင့်တွင် အကျုံးမဝင်ပေ။ ဆဋ္ဌမ သို့မဟုတ် သတ္တမအဆင့်လည်း မဟုတ်ပေ။

လုံးဝမဟုတ်ချေ။ ၎င်းမှာ လုံးဝကို အခြားအရာတစ်ခု ဖြစ်သည်။ ၎င်းမှာ ဝေ့ဝူယင်ဆိုသည့် ဖြစ်တည်မှု၏ ကိုယ်ပိုင်... မကြုံစဖူးသော... အဂ္ဂိရတ်ကြယ်တာရာများပင်။

"အနှိုင်းမဲ့ ဖန်တီးခြင်း အဂ္ဂိရတ်ကြယ်တာရာများ...”

အဂ္ဂိရတ်တာအို၏ အမိန့်တော်အရ သူ၏ အစဉ်အလာကို ဖီဆန်သော လမ်းစဉ်မှာ အဂ္ဂိရတ်တာအို၏ ရှေးရိုးစွဲ စံနှုန်းများဖြင့် ကန့်သတ်ထားရန် မထိုက်တန်တော့ပေ။ ထိုတာအိုသည် ဝေ့ဝူယင်နှင့်အတူ ထွန်းကားလှပသော လမ်းသစ်တစ်ခုကို ဖောက်လုပ်ပေးတော့မည် ဖြစ်သည်။ ၎င်းသည် မိမိကိုယ်ကိုယ်... အကန့်အသတ်မဲ့ ကြောင်း သက်သေပြပေတော့မည် ဖြစ်သည်။

ခန့်ညားထည်ဝါသော အပြာရောင်တစ်မျိုးတည်းသာ လွှမ်းမိုးထားသည့် ကမ္ဘာတစ်ခုအတွင်း၌... ငွေရောင်မှတ်စုစာအုပ်လေးပေါ်တွင် ရွှေရောင်ငှက်မွေး ကလောင်ဖြင့် တစ်ခုခုကို အသည်းအသန် ရေးခြစ်နေသော တစ်ကိုယ်တည်းသော ပုဂ္ဂိုလ်တစ်ဦး ရှိနေသည်။ ထိုပုဂ္ဂိုလ်ကို သေမျိုးတာအို၏ ကြယ်တာရာ ပါရဂွန်သာ မြင်တွေ့ပါက ဖူရှီ ဟု အလွယ်တကူပင် မှတ်မိပေလိမ့်မည်။

သူ၏ ကလောင်သွားမှာ ရုတ်တရက် တန့်သွားပြီးနောက် အဝေးကမ္ဘာတစ်ခု၏ ပြောင်းလဲမှုများကို အချိန်ရေစီးကြောင်းများကြားမှ လှမ်းကြည့်လိုက်မိသည်။

“ဒီကလေး...”

သူ၏ လေသံမှာ ပုံမှန်ထက် ပိုမိုနက်နဲကာ ခံစားချက်များ ပြည့်နှက်နေသည်။ မိမိ၏ တပည့်ဖြစ်သူ ထူးချွန်လွန်းလှသဖြင့် ကျေနပ်ပီတိဖြစ်နေသော ဆရာတစ်ဦး၏ လေသံမျိုး ဖြစ်၏။ အတော်ကြာမှ သူက ညင်သာသော လေသံဖြင့် ဆက်ပြောလိုက်၏။

“မင်းကို ငါ ဆက်ပြီး အားပေးနေပါတယ် ငါတို့... ပြန်တွေ့ကြမယ်လို့ မျှော်လင့်ပါတယ်...”

...

အဂ္ဂိရတ်တာအို၏ အထွတ်အထိပ် အာဏာပိုင်နယ်မြေအဖြစ် သတ်မှတ်ထားသော အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီသည် မကြုံစဖူး ထူးခြားသော ပုဂ္ဂိုလ်တစ်ဦး၏ မွေးဖွားခြင်းကို သက်သေထူခဲ့ရပြီ ဖြစ်သည်။ သို့သော် ကံမကောင်းစွာဖြင့် နန်းတော်အတွင်း ဖြစ်ပေါ်နေသော ဖြစ်ရပ်များနှင့် ပတ်သက်၍ မည်သည့် ထင်ရှားသော နိမိတ်လက္ခဏာမျှ ထွက်ပေါ်မလာခြင်းတို့ကြောင့် ထိုသတင်းမှာ ပြင်ပသို့ ပျံ့နှံ့ခြင်း မရှိခဲ့ပေ။

တစ်ချိန်တည်းမှာပင် လူမှုလောက၏ အာရုံစိုက်မှုအားလုံးမှာ သူရဲကောင်းတာအို နန်းတော်၏ နန်းတော်သခင်သစ် ရွေးချယ်ပွဲနှင့် သုံးထပ်ကွမ်း အထိမ်းအမှတ်ပွဲ ဆီသို့သာ ရောက်ရှိနေသည်။ ဟောကိန်းများ ပျံ့နှံ့နေခြင်းနှင့် ဂလက်ဆီ၏ အချို့သော ထိပ်တန်းကျွမ်းကျင်သူများ ရုတ်တရက် နုတ်ထွက်သွားခြင်းတို့ကြောင့် လူအများ၏ နိုးကြားမှုနှင့် အာရုံစိုက်မှုမှာ မြင့်တက်နေသော်လည်း တက်ရောက်မည့် ဧည့်သည်တော်စာရင်းမှာမူ မူလအတိုင်းပင် ရှိနေဆဲ ဖြစ်သည်။

အမှန်စင်စစ် သူရဲကောင်းတာအို နန်းတော် ၏ နန်းတော်သခင်ရှန့်သည် သူ၏ သက်တမ်းတစ်လျှောက် သူတော်စင် လေးဦးကို လေ့ကျင့်ပျိုးထောင်ပေးခဲ့ဖူးသော်လည်း ၎င်းမှာ ဉာဏ်အလင်းရ သူတော်စင် များ သို့မဟုတ် အထွတ်အထိပ် သူတော်စင် များ ကိုယ်တိုင် တက်ရောက်ရလောက်အောင် မလုံလောက်သေးပေ။ ဂလက်ဆီ၏ တတိယမြောက် အလှပိုင်ရှင် ရှန့်ဝမ်ချင်း ပင်လျှင် ထိုပုဂ္ဂိုလ်ကြီးများကို လှုပ်ခတ်နိုင်စွမ်း မရှိခဲ့ချေ။

ဝေ့ဝူယင်၏ ထူးခြားလှသော လှုပ်ရှားမှုများကြောင့် ဖြစ်ပေါ်လာမည့် ဂယက်ရိုက်ခတ်မှုများကို ထိုဟောကိန်းက ငြိမ်သက်သွားစေခဲ့ဟန် တူသည်။ သို့သော် ၎င်းမှာ ကြာရှည် ငြိမ်သက်နေပါ့မည်လော။

သူရဲကောင်းတာအို နန်းတော် သည် သံချပ်ကာ ကောင်းချီး ကြယ်ကွင်းပြင် ၏ အမတေဓား ကြယ်တာရာ နယ်မြေတွင် တည်ရှိသည်။ အဖွဲ့အစည်း၏ သဘာဝအရ ၎င်းမှာ ကျောင်းတော်တစ်ခုနှင့် တူလှသည်။ သူတို့၏ ရှည်လျားသော သမိုင်းတစ်လျှောက်တွင် သူတော်စင် အများအပြား ပေါ်ထွက်ခဲ့ဖူးသော်လည်း ထိုသူတော်စင်များမှာ ကျောင်းတော်မှ ထွက်ခွာသွားသူများသာ ဖြစ်ပြီး ကျောင်းတော်အတွင်း၌ပင် အမြဲတမ်း တည်ရှိနေသော သူတော်စင်ဟူ၍ တစ်ဦးမျှ မရှိပေ။

သို့သော်လည်း... အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ အတွင်း၌ မူလ တရားသူကြီး အဆင့်ရှိ ကောင်းကင် ရှန့်ထိုများပင်လျှင် မည်သို့မျှ အထင်သေး၍ မရသော စွမ်းအားရှင်များ ဖြစ်ကြသည်။

သို့သော်လည်း... ကံဆိုးစွာပင် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ တွင် အဂ္ဂိရတ် ပညာရှင်များကိုသာ အမြင့်မြတ်ဆုံး အသက်မွေးဝမ်းကျောင်းပညာအဖြစ် သတ်မှတ်ကြပြီး သာမန်ကျင့်ကြံသူများမှာ သက်ဆိုင်ရာ အစွမ်းကုန် သန့်စင်ခြင်း မျှော်စင် ၏ တရားဝင် ခွင့်ပြုချက်မရဘဲ နယ်မြေတစ်ခုကို အုပ်ချုပ်ပိုင်ခွင့် မရှိကြချေ။

သူရဲကောင်းတာအို နန်းတော် မှာ ၎င်း၏ သက်သေပင် ဖြစ်သည်။ နန်းတော်သခင်ရှန့်သည် သက်တမ်း နှစ်သိန်းရှိပြီး လျှို့ဝှက်အရှင် အဆင့်အထိ ကျင့်ကြံထားသော်လည်း သူသည် အမတေဓား ကြယ်တာရာ နယ်မြေ ကိုသာ အုပ်ချုပ်နိုင်ခဲ့သည်။ သို့သော်လည်း ၎င်းမှာ ကျင့်ကြံခြင်း အခြေခံ၊ သဘာဝသယံဇာတနှင့် လူမှုဖွံ့ဖြိုးမှုတို့အရ တန်ခိုးရှင် ကြီးထွားခြင်း ဂလက်ဆီဇုန် အတွင်း ဒုတိယအကြီးဆုံးသော ကြယ်တာရာ နယ်မြေ ဖြစ်ပေသည်။

သူတို့မှာ နယ်မြေကျယ်ပြန့်အောင် လုပ်ဆောင်ခြင်းဖြင့် ရှင်သန်သော အဖွဲ့အစည်းမဟုတ်ဘဲ ကြယ်တာရာ နယ်မြေတစ်ခုအတွင်း၌သာ အခြေစိုက်ကာ လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းတိုင်တိုင် သူတို့၏ အထူးပြုပညာရပ်များကိုသာ အာရုံစိုက်ခဲ့ကြသည်။ သို့သော်လည်း သူတို့၏ သြဇာအာဏာမှာ ကြီးမားဆဲပင်။

အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် နန်းတော်၏ အရှင်သခင်မှာ သူတော်စင်များ၏ ဆရာ ဖြစ်နေသောကြောင့်ပင်။ သူတို့တွင် ကိုယ်ပိုင် သူတော်စင် မရှိသော်လည်း ဂလက်ဆီအတွင်း မုန်တိုင်းထန်စေနိုင်လောက်သော သူတော်စင် အဆင့်မြင့် ပညာရှင်များ၏ ကျေးဇူးတရားကို ရရှိထားကြသည်။

ထို့ပြင် ထိုသူတော်စင်များမှာ ယခုပွဲ၏ ဧည့်သည်တော်များ ဖြစ်ကြသည်။ ပထမဆုံးသော ဧည့်သည်မှာ မီးတောက်ကြယ် အဂ္ဂိရတ် ရှန့်ထို၏ တာအိုကာကွယ်သူဟောင်း ဖြစ်ခဲ့ဖူးပြီး ယခုအခါ ယုချီမျိုးနွယ်၏ ခေါင်းဆောင်ဖြစ်သူ ယုချီယီစန်း ဖြစ်သည်။ သူ့ကို ပန်းချီကြယ် သူတော်စင် ဟုလည်း ခေါ်ကြသည်။ တာအိုကာကွယ်သူအဖြစ်မှ အနားယူပြီးနောက် အစစ်အမှန် သူတော်စင် အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြင့် သူသည် ဂလက်ဆီဇုံ နှစ်ခုစလုံးကို သိမ့်သိမ့်တုန်သွားစေခဲ့သည်။

တာအိုကာကွယ်သူများ အနားယူခြင်းမှာ ထူးဆန်းသော ကိစ္စမဟုတ်သော်လည်း အဂ္ဂိရတ်သူရဲကောင်းများမှာမူ ကလေးဘဝကတည်းက အဂ္ဂိရတ် ပညာရှင်နှင့် အတူ ကြီးပြင်းလာရသူများ ဖြစ်သဖြင့် သေတပန်သက်တစ်ဆုံး အတူရှိနေတတ်ကြသည်။ သို့သော် တာအိုကာကွယ်သူများမှာ ငှားရမ်းထားသော သက်တော်စောင့်များ သို့မဟုတ် လူမိုက်များကဲ့သို့သာ ဖြစ်ပြီး စာချုပ်သက်တမ်းကုန်လျှင် လမ်းခွဲလေ့ ရှိကြသည်။

ယုချီယီစန်း သည် ပွဲစမည့်နေ့တွင် ရောက်ရှိလာမည်ဖြစ်ကြောင်း အတည်ပြုပြီးနောက် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့သည်။ သူတော်စင်တစ်ဦးနှင့် ထိတွေ့ဆက်ဆံခွင့်ရဖို့ဆိုသည်မှာ နေ့တိုင်းကြုံနိုင်သော ကိစ္စမဟုတ်ပေ။ ထို့ပြင် မီးတောက်ကြယ် အဂ္ဂိရတ် ရှန့်ထို ကိုယ်တိုင်လည်း ထိုပွဲသို့ ရောက်လာမည်ဟူသော ကောလာဟလများကြောင့် ပွဲမှာ ပို၍ပင် စိတ်လှုပ်ရှားစရာ ကောင်းလာခဲ့သည်။

***

အပိုင်း(၂၂၀၂)

ဒုတိယမြောက် သူတော်စင်မှာလည်း ဤဂလက်ဆီဇုံတွင် မွေးဖွားခဲ့သူ မဟုတ်ပေ။ သူတို့၏ မျိုးနွယ်စုမှာ ပြင်းထန်သော စစ်ပွဲများကြောင့် ဖန်တီးခြင်း ဂလက်ဆီဇုံ မှ ထွက်ပြေးလာခဲ့ရသည်။ ယခင်က လျှို့ဝှက်အရှင်နှင့် မူလတရားသူကြီး အများအပြား ရှိခဲ့သော မျိုးနွယ်ကြီးမှသည် မူလတရားသူကြီး တစ်ဦးတည်းဖြင့်သာ ရပ်တည်နေရသော ဒုက္ခသည်ဘဝသို့ ရောက်ရှိခဲ့ရသည်။

သူတို့သည် အခြားသော ကြယ်ကွင်းပြင်တစ်ခုတွင် အခြေချခဲ့သော်လည်း ထိုစဉ်က မျိုးနွယ်စုခေါင်းဆောင်မှာ အဖိုးတန်သော အရင်းအမြစ်များကို ရင်းနှီးကာ အရည်အချင်းရှိသော မျိုးဆက်သစ်များကို သူရဲကောင်းတာအို နန်းတော် တွင် ပညာသင်ရန် စေလွှတ်ခဲ့သည်။ ထိုလူငယ်များထဲမှ တစ်ဦးသာ ထူးထူးခြားခြား အောင်မြင်ခဲ့ရာ သူကတော့ ကျိုက်ရင်းဝမ် ပင် ဖြစ်သည်။

သူ့ကို လူတိုင်းက နှလုံးသား ကလဲ့စား သူတော်စင် ဟု သိကြသည်။

ကောင်းကင်ရှန့်ထို အဆင့်သို့ တက်လှမ်းပြီးနောက် သူသည် သူရဲကောင်းတာအို နန်းတော် မှ ထွက်ခွာကာ ဖန်တီးခြင်း ဂလက်ဆီဇုံ သို့ ပြန်သွားခဲ့သည်။ ထို့နောက် အာဏာရှင် ရှန့်ထို အဆင့်သို့ ရောက်ရှိပြီး အစစ်အမှန် လျှို့ဝှက်အရှင် တစ်ဦး ဖြစ်လာသည့်အခါ သူသည် မိမိမျိုးနွယ်စု၏ ရန်သူများကို အလွန်အမင်း ရက်စက်ကြမ်းကြုတ်သော နည်းလမ်းဖြင့် သုတ်သင်ရှင်းလင်းခဲ့ပြီး နောက်ဆုံးသွေးစက်အထိ အမြစ်ပြတ်အောင် ချေမှုန်းခဲ့သည်။

ထိုစဉ်က သူသည် အခြားသော လျှို့ဝှက်အရှင် နှစ်ဦး၏ ပြင်းထန်သော ခုခံမှုကို ရင်ဆိုင်ခဲ့ရသော်လည်း လူအင်အား မမျှသည့်ကြားမှ တစ်ဦးကို သတ်ဖြတ်ကာ အခြားတစ်ဦးကို ပြင်းထန်စွာ ဒဏ်ရာရစေခြင်းဖြင့် ထူးကဲသော စွမ်းအားကို ပြသခဲ့သည်။ နောက်ပိုင်းတွင် ထွက်ပြေးသွားသော ဒဏ်ရာရရန်သူနှင့် ၎င်း၏မျိုးနွယ်စုဝင်များကို လိုက်လံရှာဖွေကာ အဆုံးစီရင်ခဲ့သည့် တိုက်ပွဲမှာ ဒဏ္ဍာရီတစ်ခု ဖြစ်လာခဲ့သည်။ ထိုကဲ့သို့ ကလဲ့စားချေမှုကို အပြီးသတ်ပြီးနောက် သူ၏ ဘိုးဘွားပိုင်မြေသို့ ပြန်လာကာ ရန်သူများ၏ အရိုးများကို မိဘနှင့် ဘိုးဘွားများ၏ ဂူသင်္ချိုင်းရှေ့တွင် ပုံပြီး ခွင့်လွှတ်မှုရရန် နှစ်ပေါင်း သုံးရာတိုင်တိုင် ဒူးထောက် တောင်းပန်ခဲ့သည်ဟု ဆိုကြသည်။

ထိုနှစ်ပေါင်း သုံးရာ ပြည့်ပြီးနောက်တွင်မူ ထူးခြားဆန်းကြယ်သော ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာပြီး သူသည် အစစ်အမှန် သူတော်စင် အဆင့်သို့ ချက်ချင်း တက်လှမ်းနိုင်ခဲ့တော့သည်။

သူတော်စင် သုံးဦးအနက် နောက်ဆုံးတစ်ဦးမှာ ကြီးထွားခြင်း အမတေ ဂလက်ဆီဇုံ ၏ မျိုးစုံပင် ဖြစ်သည်။ သူမသည် ငယ်ရွယ်စဉ် အခါကပင် အဂ္ဂိရတ် ပညာရှင် တစ်ဦး၏ အဂ္ဂိရတ်သူရဲကောင်း အလောင်းအလျာအဖြစ် ရွေးချယ်ခံရကာ ဤနေရာသို့ လေ့ကျင့်ရန် စေလွှတ်ခံရသည့် ကလေးငယ် တစ်ဦး ဖြစ်သည်။

ဤသည်မှာ အဂ္ဂိရတ် ပညာရှင်များ ပြုလုပ်လေ့ရှိသော အလေ့အထတစ်ခုဖြစ်ပြီး သူရဲကောင်းတာအို နန်းတော် ကဲ့သို့သော အဖွဲ့အစည်းများမှာ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ အတွင်း လေးစားခံရသည့် အဓိကအကြောင်းရင်းလည်း ဖြစ်သည်။ သူမကို ယခုလက်ရှိ မြူပြာ အဂ္ဂိရတ် ရှန့်ထို ဖြစ်လာမည့်သူက ရွေးချယ်ပျိုးထောင်ပေးခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က သူမ၏ ဆရာမှာ မြေကြီးရှန့်ထို အဂ္ဂိရတ် ပညာရှင်တစ်ဦးမျှသာ ဖြစ်ပြီး အမျိုးသမီး အဂ္ဂိရတ် ပညာရှင်များ သီးသန့်ဖြစ်သော မြူပြာပွင့်ဝေ အကယ်ဒမီ မှ နည်းပြတစ်ဦး ဖြစ်သည်။သူမ၏ အမည်မှာ စွေ့ယွမ် ဖြစ်ပြီး လထွက်သူတော်စင် ဟု လူသိများသည်။

စွေ့ယွမ်တွင် အခြားသူများကဲ့သို့ ဆန်းကြယ်သော နောက်ခံပုံပြင်များ မရှိသော်လည်း မြူပြာပွင့်ဝေ အကယ်ဒမီ နှင့် မြူပြာအဂ္ဂိရတ် ရှန့်ထို တို့၏ အဆင့်အတန်း မြင့်တက်လာမှုနှင့်အတူ ထင်ပေါ်လာသူ ဖြစ်သည်။ ယခင်က အကယ်ဒမီအဆင့်သာ ရှိခဲ့သော အဖွဲ့အစည်းမှာ ယခုအခါ တက္ကသိုလ် အဆင့်သို့ ရောက်ရှိလာပြီး သူမ၏ ဆရာမှာလည်း ဂျူနီယာ အဆင့် မြေကြီး အဂ္ဂိရတ် ရှန့်ထိုမှသည် စီနီယာ အဆင့် လောက အဂ္ဂိရတ် ရှန့်ထို အဆင့်အထိ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

သူတော်စင် သုံးဦးစလုံးမှာ ကြီးမားသော အဆက်အသွယ်များနှင့် ထင်ရှားသူများ ဖြစ်ကြသည်။ ယုချီယီစန်း ကြောင့် တန်ခိုးရှင် ထုတ်ယူခြင်း ဂလက်ဆီဇုံ မှ နာမည်ကြီး အဖွဲ့အစည်းများ ပါဝင်လာသလို၊ ကျိုက်ရင်းဝမ် ကြောင့်လည်း ဖန်တီးခြင်း ဂလက်ဆီဇုံ မှ ထိပ်တန်း အဂ္ဂိရတ် ပညာရှင်များနှင့် ကျွမ်းကျင်သူများ ရောက်ရှိလာကြသည်။ စွေ့ယွမ် မှာမူ ဒေသခံဖြစ်သော်လည်း သူမ၏ တက္ကသိုလ်နှင့် ဆရာ၏ အဆင့်အတန်းမှာ ဤဂလက်ဆီဇုံအတွင်း ပင်လယ်နှင့်ကောင်းကင် တက္ကသိုလ် ကိုပင် ကျော်လွန်ကာ ထိပ်တန်း တက္ကသိုလ် သုံးခုစာရင်းဝင် ဖြစ်နေပေသည်။

...

ပွဲမစတင်မီ တစ်ရက်အလိုတွင် အမတေဓား ကြယ်တာရာ နယ်မြေ သည် အလွန်အမင်း စည်ကားလျက် ရှိသည်။ ပွဲတော်နှင့် ပြိုင်ပွဲကို တိုက်ရိုက်တက်ရောက်ရန် အရည်အချင်း မမီသူများပင်လျှင် လက်ဆောင်များ လာရောက်ပေးအပ်ကာ ဧည့်သည်တော်အဖြစ် အသိအမှတ်ပြုခံရရန် ကြိုးစားနေကြသည်။

ထို့ပြင် ရောက်ရှိလာသူ အများစုမှာ လာမည့် ပွဲကြီးပွဲကောင်းကို ကြည့်ရှုလိုသူများ သို့မဟုတ် တည်ရှိရုံမျှဖြင့် ကပ်ဘေးကို ဖိတ်ခေါ်နိုင်သည်ဟု ဆိုစကြသော တတိယမြောက် အလှပိုင်ရှင်ကို တစ်ချက်မျှ မြင်တွေ့လိုသူများ ဖြစ်ကြသည်။ ဂလက်ဆီမှာ ကျယ်ပြန့်လွန်းလှသဖြင့် လူအမြောက်အမြားမှာ မိမိတို့၏ ဂြိုဟ်မှပင် တစ်ခါမျှ မထွက်ခွာဖူးကြပေ။

ဤပွဲသည် သူတို့ကိုယ်တိုင် သို့မဟုတ် ၎င်းတို့၏ မျိုးဆက်သစ်များအတွက် အဖိုးအခပေးကာ အမြင်ကျယ်အောင် လုပ်ဆောင်နိုင်မည့် အခွင့်အရေးကောင်းတစ်ခုပင်။ မည်သူသိနိုင်မည်နည်း... သူတို့၏ ကံကြမ္မာမှာ ဤနေရာတွင် ပြောင်းလဲသွားနိုင်သည် မဟုတ်ပါလော။

လူငယ်အတော်များများမှာလည်း လက်ရှိ ရေပန်းစားနေသော အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို ၏ မျက်စိကျမှုကို ခံရကာ အဂ္ဂိရတ်သူရဲကောင်း ဖြစ်လာရန် သို့မဟုတ် အစေခံတစ်ဦးမျှ ဖြစ်လာရန်ပင် မျှော်လင့်နေကြသည်။ အကယ်၍ ထာဝရ ကြယ်တာရာ နယ်မြေမှ စန်းမျိုးနွယ်၏ ဘိုးဘေးကို ကြည့်မည်ဆိုလျှင် မှန်ကန်သော အဂ္ဂိရတ် ပညာရှင်အောက်တွင် အစေခံတစ်ဦးမျှ ဖြစ်ရုံနှင့်ပင် နယ်မြေတစ်ခု၏ အုပ်စိုးရှင် ဖြစ်လာနိုင်သည် မဟုတ်ပါလော။ တစ်ဖက်တွင်လည်း အမျိုးသမီးငယ် အများအပြားမှာ နဂါးတစ်ကောင်၏ ပေါင်ပေါ်တွင် လိုက်ပါကာ မကြုံစဖူးသော မြင်ကွင်းများကို မြင်တွေ့ရရန် အိပ်မက်မက်နေကြသည်။

ဝေ့ဝူယင်သည် ပြင်ပဖန်တီးရှင် ဘုရင် အဆင့် နှင့် တောက်ပသော သူရဲကောင်း အဆင့် များတွင် ပါဝင်နေသူ ဖြစ်သည်။ အထူးသဖြင့် နောက်ဆုံးအဆင့်မှာ ပြင်ပရုပ်ရည်နှင့် အော်ရာ အပေါ် မူတည်၍ သတ်မှတ်ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် အားလုံး ပိုမို၍ စိတ်ဝင်စား နေကြခြင်း ဖြစ်ပေသည်။

...

ပွဲမစမီ နောက်ဆုံးရက် အထိ ဝေ့ဝူယင်ထံမှ လှုပ်ရှားမှု သတင်းတစ်စုံတစ်ရာ မရှိပါသေးချေ။ မူလအာရုဏ်ဦး နန်းတော် ကို ကာကွယ်ထားသော ဓားအလင်းတန်းမှာလည်း ရှိနေဆဲ ဖြစ်သည်။ ဟောင်ချန်းရွှယ် သည် နန်းတော်ကို ငေးကြည့်နေမိသည်။ အဆင့်နှစ် မြူခိုးများမှာ လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက ရပ်တန့်သွားခဲ့ပြီ။

ဝေ့ဝူယင်သည် သူရဲကောင်းတာအို နန်းတော် သို့ သွားရန် သူ၏ ကြယ်တံတား ကို အသုံးပြုမည်လားဟု သူ တွေးနေမိသည်။ အစွမ်းကုန် သန့်စင်ခြင်း ခန်းမ၏ အုပ်ချုပ်ရေးမှူးတစ်ဦးအနေဖြင့် သူကတော့ ထိုပွဲသို့ တိုက်ရိုက်တက်ရောက်မည် မဟုတ်ဘဲ ကိုယ်စားလှယ်သာ စေလွှတ်မည်ဖြစ်သည်။ သို့သော်လည်း... ဟောင်ချန်းရွှယ် မသိရှိလိုက်သည်က ဝေ့ဝူယင်သည် မကြုံစဖူးသော အောင်မြင်မှုကို ရရှိထားရုံသာမက...။

...

မူလအာရုဏ်ဦး နန်းတော် အတွင်း၌ ဝေ့ဝူယင်သည် အဝတ်အစားများ အပြည့်အစုံဖြင့် သူ၏ လက်ဖဝါးကို စိုက်ကြည့်နေသည်။ အဇူရာရောင် ဆေးလုံးမှာ မရှိတော့ပေ။ အနီးကပ်ကြည့်မည်ဆိုလျှင် အဂ္ဂိရတ်ခန်းမ၏ ပျက်စီးမှုမှာ ယခင်ကထက် ပိုမိုပြင်းထန်နေသည်ကို တွေ့ရလိမ့်မည်။

တစ်ချိန်တည်းမှာပင် ပိုင်ရှု သည် ကြွက်ငယ်လေးတစ်ကောင် အရွယ်အစားဖြင့် ဝေ့ဝူယင်၏ ပုခုံးပေါ်တွင် ထိုင်နေသော်လည်း သူမ၏ ပုံရိပ်မှာ အလွန်ပင် အသက်ဝင်နေသည်။ သူမသည် လက်တစ်ဖက်တွင် ခုနစ်ရောင်ခြယ် မြူခိုးများကို ဝါးစားကာ အခြားလက်တစ်ဖက်တွင် ခုနစ်ရောင်ခြယ် အရည်စက်များကို သောက်ရင်း အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခုကို ဖြတ်ကျော်ခဲ့ပြီး ဖြစ်သည်။

ဝေ့ဝူယင်က တစ်ကြိမ်တည်းဖြင့် မည်သို့ ရပ်တန့်ပါမည်နည်း။ စွန့်စားရမှုများ ရှိသော်လည်း အခြားသူများအတွက် သာလွန်ခြင်း အဆင့် အာရုဏ်ဦး လောက ရေလွှမ်းမိုးခြင်း ဆေးလုံး သုံးလုံးကို သူ ထပ်မံ ဖော်စပ်ခဲ့ပြီး ဖြစ်သည်။ ပိုင်ရှုကလည်း ထိုသို့လုပ်ဆောင်ရန် တစ်ချက်မျှ မျက်မှောင်မကြုတ်ခဲ့ပေ။

“ဒီလောက်အထိ အကျိုးသက်ရောက်မှု ရှိလိမ့်မယ်လို့ ငါ မထင်ထားဘူး...”

ဝေ့ဝူယင်မှာ သူ၏ စွမ်းအားကို စမ်းသပ်လိုစိတ် ပြင်းထန်နေသဖြင့် ရေရွတ်လိုက်မိသည်။ ယခုကဲ့သို့ တိုးတက်မှုများကြောင့် ရတနာတောင်ကြား ဂလက်ဆီ သို့ သွားရန် သူ၏ ယုံကြည်မှုမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ရုတ်တရက် ယွီစွန်းလီ ထံမှ အရေးကြီး သတင်းစကားတစ်ခု ရောက်လာ၏။

“ကျွန်မ... အဲဒီပွဲကို သွားချင်တယ်”

သူမသည် ဤသို့တောင်းဆိုရန် သတ္တိကို အစွမ်းကုန် မွေးထားပုံရပြီး ဝေ့ဝူယင်ကိုလည်း ထိုပွဲအား မလွတ်စေရန် သွယ်ဝိုက်၍ ပြောလိုက်သော သူမ၏ အသံမှာ အလွန်ပင် ချစ်စရာ ကောင်းနေသည်။

ဝေ့ဝူယင် တဟားဟား ရယ်မောလိုက်မိသော်လည်း အနည်းငယ်တော့ ဇဝေဇဝါ ဖြစ်သွားသည်။ ယွီစွန်းလီက အဘယ်ကြောင့် ထိုနေရာကို သွားချင်ရသနည်း။ ၎င်းမှာ သူ၏ နှစ်နှစ်တာ ချိန်းဆိုမှု ကတိကဝတ်များထဲတွင် မပါဝင်ခဲ့ပေ။

ဝေ့ဝူယင် သူ၏ ကျင့်ကြံခြင်းနှင့် ဆေးဖော်စပ်ခြင်း အစီအစဉ်ကို အဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူ၏ အမူအရာမှာ အတန်ငယ် အကြပ်ရိုက်သွားဟန် ပေါ်၏။ သူ၏ အလွန်အကျွံ ဆေးဖော်စပ်မှုများကြောင့် သူ၏ ဆေးအိုးနှစ်လုံးမှာ ပြန်လည်မပြင်ဆင်မချင်း အသုံးပြု၍ မရနိုင်တော့သည်ကို သူ သတိပြုမိလိုက်သည်။ ပိုင်ရှုက ဆေးလုံး သုံးလုံးအထိ ခံနိုင်ရည်ရှိသော်လည်း အခြားဆေးအိုးမှာမူ တစ်လုံးတည်းနှင့်ပင် ကွဲအက်သွားခဲ့ပြီ ဖြစ်သည်။။

***

All Chapters