← Chapters

အခန်း (၂၂၀၃-၂၂၀၄)

Vol. 158 Ch. 2203-2204

အခန်း (၂၂၀၃-၂၂၀၄)

Vol. 158 Ch. 2203-2204

အပိုင်း(၂၂၀၃)

“ငါ့ရဲ့ အနှိုင်းမဲ့ ဖန်တီးခြင်း အဂ္ဂိရတ်ကြယ်တာရာ တွေကို ငါ့စိတ်ကြိုက် လွတ်လွတ်လပ်လပ် ထုတ်ဖော်နိုင်သလို ပြန်ရုပ်သိမ်းထားလို့လည်း ရပြီ... ကံကောင်းတာက အဆင့်နိမ့် အဂ္ဂိရတ်ကြယ်တာရာတွေရဲ့ ပုံစံကိုလည်း အတုယူပြနိုင်သေးတယ်... ဒါပေမဲ့ အဲဒီစွမ်းအင်တွေက သီးခြားစီ မဟုတ်တော့ဘဲ အနှိုင်းမဲ့ ဖန်တီးခြင်း ကြယ်တာရာတွေထဲမှာ လုံးဝ ပေါင်းစည်းသွားပုံရတယ်”

ဝေ့ဝူယင်သည် သူ၏ အမှတ်အသားဖြစ်သော ဝတ်စုံကို သပ်ရပ်စွာ ဝတ်ဆင်ထားရင်း အီလိစီယမ် အသေး သင်္ဘော၏ ကုန်းပတ်ပေါ်တွင် ရပ်ကာ ကြယ်တာရာ ဟင်းလင်းပြင်ကြီးကို ငေးမောရင်း အတွေးနက်နေမိသည်။

ကနဦး စမ်းသပ်မှုများအရ သူ၏ အဂ္ဂိရတ်ကြယ်တာရာသစ်မှာ အခြားအဆင့်အားလုံးကို ဝါးမျိုထားခြင်း ဖြစ်သည်။ အကယ်၍ သူ၏ ခန့်မှန်းချက်သာ မှန်ကန်ပါက မူလ စတုတ္ထအဆင့်နှင့် ပဉ္စမအဆင့် ကြယ်တာရာများကို သူ ဆက်လက်ရရှိနိုင်ဦးမည်ဖြစ်ပြီး ၎င်းတို့၏ စွမ်းအားများကိုလည်း အတုယူ အသုံးပြုနိုင်မည်ဖြစ်သည်။ သို့သော် သူ၏ လက်ရှိကြယ်တာရာများမှာမူ မည်သည့် ပုံသေလမ်းစဉ်အတိုင်းမှ ဆက်လက် တိုးတက်တော့မည်မဟုတ်ပေ။

သူသည် အဂ္ဂိရတ်တာအို၏ လမ်းခွဲတစ်ခုကို ကိုယ်တိုင်ဖန်တီးကာ လုံးဝ အသိအမှတ်ပြုခံထားရသည့် လမ်းသစ်ထွင်သူ တစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။ ဤသည်မှာ သေမျိုးတာအို၏ ဖီဆန် အရွယ်အစားကဲ့သို့ပင် အခြားသူများ လျှောက်လှမ်းနိုင်မည့် လမ်းစတစ်ခုကို သူ ဖွင့်လှစ်ပေးလိုက်ခြင်းလည်း ဖြစ်သည်။

ဝေ့ဝူယင် လက်နှစ်ဖက်ကို မြှောက်လိုက်ရာ သူ၏ ကြယ်တာရာ မျက်ဝန်းအစုံမှာ နူးညံ့စွာ တောက်ပလာခဲ့လေ၏။

...

[ညာဘက် လက်မောင်း - မာန]

ကမ္မကံ တန်ဖိုး : ၂၁၀,၂၃၀

ပထမ ကပ်ဘေး ရှင်သန်ခြင်း... (၇/၇)

ဒုတိယ ကပ်ဘေး အောင်မြင်ခြင်း... (၁/၁)

တတိယ ကပ်ဘေး အောင်မြင်ခြင်း... (၃/၃)

စတုတ္ထ ကပ်ဘေး အောင်မြင်ခြင်း... (၁၈/၁၈)

ပဉ္စမ ကပ်ဘေး တားဆီးခြင်း ... (၄၇ နှစ်)

...

[ဘယ်ဘက် လက်မောင်း - ရမ္မက်]

ကမ္မကံ တန်ဖိုး : ၂၁၀,၂၃၀

ပထမ ကပ်ဘေး အောင်မြင်ခြင်း... (၇/၇)

ဒုတိယ ကပ်ဘေး အောင်မြင်ခြင်း... (၁/၁)

တတိယ ကပ်ဘေး အောင်မြင်ခြင်း... (၃/၃)

စတုတ္ထ ကပ်ဘေး အောင်မြင်ခြင်း... (၁၈/၁၈)

ပဉ္စမ ကပ်ဘေး တားဆီးခြင်း ... (၄၇ နှစ်)

...

နှစ်နှစ်တာ အချိန်ကာလမှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့လေပြီ။ သို့သော် ဤတစ်ကြိမ် ကျင့်ကြံမှုမှာ သူ၏ သက်တမ်းတစ်လျှောက် အကြီးမားဆုံးသော အောင်မြင်မှုပင်။ ငရဲ၏ ကပ်ဘေးများက နီးကပ်လာနေသော်လည်း သူ၏ အမြင်မှာ ထိုမှောင်မိုက်သော ကပ်ဘေးနံရံများကို ကျော်လွန်သည့် အမြင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။

“နင် ဖော်စပ်ထားတဲ့ အဂ္ဂိရတ် ထုတ်ကုန်တွေကို ဘာလုပ်ဖို့ စိတ်ကူးထားလဲ...”

ကောင်းကင်စစ်ဝိညာဉ် က တတိယအကြိမ်မြောက်အဖြစ် မေးမြန်းလိုက်သည်။ ဝေ့ဝူယင်တွင် လက်ရှိ၌ လျှို့ဝှက်လောကအဆင့် အဂ္ဂိရတ် ထုတ်ကုန်ပေါင်း မရေမတွက်နိုင်အောင် ရှိနေသည်။ ဤနှစ်နှစ်အတွင်း သူ ထုတ်လုပ်ခဲ့သော ပမာဏနှင့် အမျိုးအစားမှာ ဈေးကွက်တစ်ခုလုံးကို သိမ့်သိမ့်တုန်သွားစေနိုင်လောက်သည်။

ဝေ့ဝူယင်က ပြုံးလိုက်၏။

“ငါ့ရဲ့ မျှော်လင့်ချက်ထက် နည်းနည်းလေး ပိုသွားတာပါ”

သူက ပခုံးတွန့်ကာ လျှာရှည်နေသဖြင့် စစ်ပွဲဝိညာဉ်မှာ စိတ်မရှည်စွာဖြင့် နှုတ်ခမ်းဆူနေတော့သည်။

“အရှင်မင်းကြီး”

ထိုအခိုက်တွင်ပင် မင်ရှုဖုန်း ၏ ရိုသေသော အသံမှာ သူ၏ နောက်ဘက်မှ ထွက်ပေါ်လာသည်။ မကြာသေးမီက သူမသည် သူရဲကောင်းတာအို နန်းတော်၏ ပွဲတွင် အဆင့်မြင့်ပုဂ္ဂိုလ်များ မပါဝင်ရန် တားမြစ်ထားသည့် ဟောကိန်းအကြောင်း သူ့ကို သတင်းပို့ခဲ့သူ ဖြစ်သည်။

ကျင့်ကြံခြင်းအဆင့် သာမန်မျှသာရှိသော မင်ရှုဖုန်းထံသို့ ဤဟောကိန်း ရောက်ရှိလာခြင်းမှာ တစ်စုံတစ်ဦးက ဝေ့ဝူယင်ကို သိစေချင်၍ သူမကို ကြားခံအဖြစ် အသုံးပြုလိုက်ခြင်း ဖြစ်ကြောင်း သူ သိလိုက်သည်။ ထိုအဆင့်မြင့် ပုဂ္ဂိုလ်ကြီးများ ပွဲမတက်ရန် ဆုံးဖြတ်ခြင်းမှာ ဝေ့ဝူယင်၏ တည်ရှိမှုကြောင့် ဖြစ်သလို၊ ဤဟောကိန်းသည်လည်း ဝေ့ဝူယင်ကို တားဆီးရန် ရည်ရွယ်ထားခြင်း ဖြစ်ပေလိမ့်မည်။

အဘယ်ကြောင့် ဆိုသော်... ထိုသူများ၏ အမြင်တွင် ဝေ့ဝူယင်သည် လျှို့ဝှက်ချက်များစွာ ရှိနေသော အထွတ်အထိပ် သူတော်စင် တစ်ဦး သို့မဟုတ် ကောင်းကင်ရှန့်ထို အဂ္ဂိရတ် ပညာရှင် ဖြစ်လုနီးပါး ဂုဏ်သရေရှိ လောကရှန့်ထို အဂ္ဂိရတ် ပညာရှင် တစ်ဦး ဖြစ်နေသောကြောင့်ပင်။ ထို့ကြောင့် သူတို့က ဝေ့ဝူယင်မှာ ထိုဟောကိန်းကို လိုက်နာလိမ့်မည်ဟု ယူဆထားကြသည်။

သို့သော် သူတို့အတွက် ကံဆိုးသည်က ဝေ့ဝူယင်သည် ထိုသူတို့ ထင်သကဲ့သို့ အဆင့်မြင့်သူတော်စင် မဟုတ်ပေ။ သူသည် လျှို့ဝှက် အာဏာရှင် အဆင့်တစ် လျှို့ဝှက် ကြယ်တာရာ အဆင့်တွင်သာ ရှိနေသေးရာ သာမန်စံနှုန်းအရ အစစ်အမှန် လျှို့ဝှက် အာဏာရှင် အဖြစ် သတ်မှတ်ရန်ပင် ခဲယဉ်းလှသည်။

ကပ်ဘေးကြားတွင် အကျိုးအမြတ်ရှိတတ်စမြဲ ဖြစ်သလို၊ ယွီစွန်းလီ ကပါ တက်ရောက်ချင်သည်ဟု တောင်းဆိုထားရာ မည်သူကပင် တားတား သူကမူ ဂရုစိုက်မည် မဟုတ်ပေ။

မင်ရှုဖုန်း၏ နောက်တွင်မူ မျက်မှန်အဝိုင်းကြီး တပ်ထားပြီး စတိုင်ကျကျ အင်္ကျီကို ဝတ်ဆင်ထားသည့် ဝေ့ရှောင်ထျန်း လိုက်ပါလာသည်။ သူမသည် အဂ္ဂိရတ် ခုနစ်ရောင်ဖြင့် ဒီဇိုင်းဖော်ထားသော တောင်ဝှေးအသစ်ကို ကိုင်ထား၏။ ထိုမိန်းကလေးမှာ အသစ် အဆန်းသော ဒီဇိုင်းများကို အမြဲတမ်း ပုံဖော်ကာ တွေ့ကရာ ဆိုသော်လည်း လှလှပပ ဝတ်တတ်သူ ဖြစ်သည်။ သူမ၏ အရှိန်အဝါမှာ ဝေ့ဝူယင် ပေးထားသော မီးခိုးရောင် လက်စွပ်ကြောင့် ဟင်းလင်းပြင် ဖုံးကွယ်ခြင်းအတတ်ဖြင့် ဖုံးအုပ်ထားသဖြင့် မည်သူမျှ သတိမထားမိနိုင်ပေ။ သို့မဟုတ်ပါက သူမသည် ကပ်ဘေးအလှမယ် စာရင်းတွင် နံပါတ် (၁) ချက်ချင်း ဖြစ်သွားပေလိမ့်မည်။

“ဝါး...”

ဝေ့ဝူယင်ကို မြင်လိုက်သည့် အခါ ဝေ့ရှောင်ထျန်း၏ မျက်လုံးများမှာ မျက်မှန်နောက်တွင် ပြူးကျယ်သွားပြီး အံ့ဩလွန်း၍ ပါးစပ်ပင် ဟသွားတော့သည်။

ဝေ့ဝူယင်သည် သူမ ဘာမြင်လိုက်ရသလဲဆိုသည်ကို သိချင်သော်လည်း ခန့်မှန်းချက်တစ်ခုတော့ ရှိပြီးသားဖြစ်သဖြင့် ခပ်တိုးတိုး ရယ်မောလိုက်မိသည်။

"ဘာဖြစ်လို့လဲ ပရောဟိတ်ရှုဖုန်း..."

ကြယ်တာရာများကြား ကံတရားရှာဖွေရေးခရီးစဉ်တွင် သူမ၏ စွမ်းဆောင်ရည်ကို မြင်တွေ့ပြီးနောက် ဝေ့ဝူယင်သည် သူမအား ခေါ်ဝေါ်ပုံ ပြောင်းလဲလိုက်ခြင်းဖြစ်သည်။ ၎င်းကပင် မိန်းကလေး၏ စိတ်ခံစားချက်ကို အဆပေါင်းများစွာ မြင့်တက်သွားစေခဲ့၏။ ဤခေါ်ဝေါ်ပုံမှာ ရင်းနှီးမှုနှင့် လုပ်ငန်းသဘောတူညီမှုကြားတွင် မျှတလှပြီး သူမအပေါ် ဝေ့ဝူယင် ထားရှိလာသော ယုံကြည်မှုကိုလည်း ပေါ်လွင်စေသည်။

"အာ အရှင်မင်းကြီး... သူရဲကောင်းတာအို နန်းတော်ရဲ့ ပွဲတော်က နောက်နာရီအနည်းငယ်အတွင်း စတော့မှာပါ... အရှင် တက်ရောက်မှာလားရှင်..."

မင်ရှုဖုန်းက မျှော်လင့်ချက် တလက်လက် တောက်ပနေသော မျက်ဝန်းများနှင့် မေးမြန်းလိုက်သည်။

ဝေ့ဝူယင်က အသာအယာ ပြုံးလိုက်၏။

"သွားမှာပေါ့... မင်းလည်း လိုက်ခဲ့ရမယ်"

၎င်းမှာ သူမ၏ သဘောထားကို မေးမြန်းနေခြင်း မဟုတ်ဘဲ အမိန့်ပေးလိုက်ခြင်းသာ ဖြစ်သည်။ မင်ရှုဖုန်း၏ မျက်ဝန်းများမှာ ဝမ်းသာအားရ ဖြစ်သွားသဖြင့် တောက်ပသွားသည်။ သူမသည် ကောင်းကင် နိမိတ်ဖတ် ပညာရှင်တို့၏ ထုံးစံအတိုင်း တည်ငြိမ်အေးဆေးသော အမူအရာဖြင့် ဖုံးကွယ်ရန် ကြိုးစားသော်လည်း ဝေ့ဝူယင်၏ ရှေ့မှောက်တွင်မူ ထိုအမူအရာမှာ ပျက်ပြယ်သွားခဲ့ရသည်။

မင်ရှုဖုန်းသည် မျိုးဆက်သစ်များ၏ ပြိုင်ပွဲကို ကြည့်ရှုရန် စိတ်လှုပ်ရှားနေမိသည်။ သူမသည် ကောင်းချီးခံများကို အသုံးချကာ ကျင့်ကြံခြင်းအဆင့်ကို တစ်ဆင့်ချင်း တက်လှမ်းလာခဲ့သူဖြစ်ရာ ဝေ့ဝူယင်နှင့် အတူရှိနေစဉ်အတွင်း ကောင်းကင်ဘုံ၏ ကောင်းချီးခံရသော ပါရမီရှင်များကို ရှာဖွေပြီး သူ့ထံသို့ ဆွဲဆောင်ခြင်း၊ မွေးမြူခြင်း သို့မဟုတ် ထိုသူတို့၏ ကံတရားကို ခိုးယူခြင်းတို့ဖြင့် ခရီးဆက်ရန် ရည်ရွယ်ထားသည်။

"အရှင်နဲ့အတူ လိုက်ပါခွင့်ရတာ ကျွန်မအတွက် ဂုဏ်ယူစရာပါပဲ..."

မင်ရှုဖုန်းသည် ရိုသေစွာ ဦးညွှတ်လိုက်ပြီး ထွက်ခွာရန် ပြင်လိုက်သည်။ ထိုစဉ် ဝေ့ရှောင်ထျန်း၏ ရုပ်သွင်ကို မြင်လိုက်ရသည့်အခါ သူမမှာ လန့်ဖျပ်သွားလွန်းသဖြင့် ဒူးထောက်ကျလုနီးပါး ဖြစ်သွားခဲ့ရသည်။ သို့သော်လည်း... ချက်ချင်းဆိုသလိုပင် ငွေရောင်အလင်းတန်းတစ်ခုက သူမကို လွှမ်းခြုံသွားကာ သူမ မူလ နေထိုင်ရာ အခန်းထဲသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။

အခန်းအတွင်းတွင်တော့... ဝေ့ဝူယင်က ဝေ့ရှောင်ထျန်းကို ကြည့်လိုက်၏။

"မင်းရဲ့ ကျင့်ကြံခြင်းကော ဘယ်လိုလဲ..."

ဝေ့ရှောင်ထျန်းမှာ ဟင်းလင်းပြင် ရွှေ့ပြောင်းခံလိုက်ရသော မင်ရှုဖုန်းကိုပင် ဂရုမစိုက်နိုင်အားဘဲ သူမ၏ မျက်ဝန်းများမှာ အံ့ဩတုန်လှုပ်မှုဖြင့် ပြူးကျယ်နေဆဲ ဖြစ်သည်။ စိတ်ကို ပြန်လည်တည်ငြိမ်အောင် အတော်ကြာအောင် ကြိုးစားလိုက်ရပြီးမှ သူမက အဖြေပေးလိုက်၏။

"ရှင့်လောက်တော့ မကောင်းဘူး ထင်တယ်"

သူမက ပြောလိုက်ရင်း နှုတ်ခမ်းကို အသာအယာ စုလိုက်သည်။ ဤအပြုအမူမှာ မည်သူမဆို မြင်တွေ့ပါက နှလုံးသားများ ကြွေလွင့်သွားရလောက်အောင်ပင် ဆွဲဆောင်မှု ရှိလှသည်။

ဝေ့ဝူယင် တဟားဟား ရယ်မောလိုက်သည်။ ဧကရာဇ်တစ်ပါး၏ ရှိန်ဝါများ ပျောက်ကွယ်သွားပြီး သူ၏ မျက်ဝန်းများမှာ ပိုမိုနူးညံ့ကာ ချဉ်းကပ်ရလွယ်ကူသော ပုံစံသို့ ပြောင်းလဲသွားသည်။ ဝေ့ရှောင်ထျန်းသည်လည်း ဝန်မလေးဘဲ သူ့အနားသို့ တိုးကပ်သွားခဲ့သည်။ သူတို့နှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး အလွန်နီးကပ်နေသဖြင့် တစ်ဖက်လူ၏ ထူးခြားလှသော သဘာဝရနံ့ကို ရရှိနေရသလို ရင်ခုန်သံများကိုပါ ဖျတ်ခပ်တိုးတက် ကြားနေရသည်။

ဝေ့ရှောင်ထျန်းက ပြုံးလိုက်၏။

"ကျွန်မရဲ့ သတိပေးစကားတွေ ရှင် မလိုတော့ဘူး ထင်တယ်နော်..."

"အမြဲတမ်း အလိုရှိပြီး တန်ဖိုးထားပါတယ်... အမြဲတမ်းပါပဲ..."

ဝေ့ဝူယင်က ပြန်ဖြေလိုက်သည်။ သူမကြောင့်သာ စုမေ့ ၏ ပုံမှန်မဟုတ်သော အခြေအနေကို သူ သိရှိခဲ့ရပြီး သင့်တော်သလို ဖြေရှင်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ဝေ့ရှောင်ထျန်းက သူမ၏ မျက်မှန်ကို အသာပင့်လိုက်ရင်း ခေါင်းညိတ်ပြ၏။

"ကျွန်မ ခံစားရသလောက်တော့... နှစ်ပေါင်း သိန်းနဲ့ချီ စုဆောင်းလာခဲ့တဲ့ ကြီးမားတဲ့ ဖြစ်ရပ်တစ်ခုက အခုပဲ ပေါက်ကွဲထွက်ပေါ်လာတော့မယ် ထင်တယ်"

***

အပိုင်း(၂၂၀၄)

မင်ရှုဖုန်းနှင့် ခြားနားစွာပင် ဝေ့ရှောင်ထျန်းသည် ကောင်းကင်ဘုံမှ မွေးဖွားလာသူဖြစ်ရာ လောကကြီးနှင့် သဘာဝလွန် ထိတွေ့ခံစားနိုင်စွမ်း ရှိသည်။ သူမသည် လောကဖြစ်စဉ်များကို ကြည့်ရှုနိုင်သည့် နိမိတ်ဖတ် အတတ်များကို အလွယ်တကူ အသုံးပြုနိုင်ပြီး မဟာတာအိုများအပေါ် သူမ၏ နားလည်မှုကြောင့်လည်း အခြားသူများထက် ပိုမို ထိုးထွင်းသိမြင်နိုင်သည်။

ထို့ကြောင့်လည်း ဝေ့ဝူယင်ကို မြင်လိုက်ရသည့်အခါ သူမ တုန်လှုပ်သွားခဲ့ခြင်း ဖြစ်သည်။ သူသည် မဟာတာအိုကြီးတစ်ခုကို အဆင့်သစ်တစ်ခုသို့ ထိတွေ့နိုင်ခဲ့ပြီဖြစ်ကြောင်း သူမ အလိုလို သိမြင်နေသည်။ သာလွန်ခြင်း အဆင့် အာရုဏ်ဦး လောက ရေလွှမ်းမိုးခြင်း ဆေးလုံး များကြောင့် သူ၏ ကျင့်ကြံခြင်း အခြေခံမှာ အခြေခံအဆင့်မှစ၍ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ဝေ့ရှောင်ထျန်းက ခေါင်းညိတ် အတည်ပြုလိုက်၏။ ယခင်ကဆိုလျှင် သူမသည် ပို၍ စိုးရိမ်ပူပန်နေမိမှာ ဖြစ်သော်လည်း ဝေ့ဝူယင်ကို မြင်လိုက်ရသည့်အခါတွင်မူ သူမ၏ စိုးရိမ်မှုများမှာ ချက်ချင်းပင် အရည်ပျော် ပျောက်ကွယ်သွားခဲ့ရသည်။

"ကျွန်မ သိသလောက်တော့ ဒါက ဂလက်ဆီအတွက် အရမ်း အရေးကြီးတဲ့ အခိုက်အတန့်ပဲ... အဲဒီအပြင်... အဲဒီအင်အားစုရဲ့ လက်ချက်လည်း အများကြီး ပါနေတယ်"

သူမ ဆိုလိုသည်မှာ ကောင်းကင်တာအိုကို ဖြစ်သည်။ ဝေ့ဝူယင်သည်လည်း ယခင်ကတည်းက ထိုသို့ ခန့်မှန်းထားခဲ့ပြီး ဖြစ်သည်။ ပျံ့နှံ့နေသော ဟောကိန်းမှာ တစ်စုံတစ်ဦး၏ နှောင့်ယှက်မှုမပါဘဲ ဖြစ်ရပ်တစ်ခုကို အကောင်အထည်ဖော်ရန် ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း သူမ၏ စကားက အတည်ပြုပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။

"ဒါက ပိုမိုကြီးမားတဲ့ ဂလက်ဆီကြားက ဖြစ်ရပ်ကြီးတစ်ခုရဲ့ အစိတ်အပိုင်း သေးသေးလေးပဲ ဖြစ်နိုင်တယ်... ရှေ့ဆက်ဖြစ်လာမယ့် အရာတွေကို အထောက်အပံ့ပေးဖို့ သုံးတဲ့ အခိုက်အတန့်လည်း ဖြစ်နိုင်တယ်..."

ဝေ့ရှောင်ထျန်း၏ ဤစကားမှာ ဝေ့ဝူယင်အတွက် သဲလွန်စများစွာကို ဖော်ထုတ်ပေးလိုက်ခြင်းပင်။

"..."

ဝေ့ဝူယင် ခဏမျှ တိတ်ဆိတ်သွားပြီး ဤအရာ၏ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများကို တွေးတောနေမိသည်။ သူ ညာဘက်လက်မောင်းပေါ်ရှိ အင်ပီရီယန် အမှတ်အသား ရှိရာသို့ အလိုလို ကြည့်လိုက်မိရာ ခရာတို၏ နှလုံးခုန်သံမှာ အနည်းငယ် မြန်လာသည်ကို ခံစားလိုက်ရသည်။ သူ၏ စိတ်အတွင်းမှ တောင့်တမှုမှာ မတားဆီးနိုင်အောင် ပြင်းပြလာ၏။ အကယ်၍ ၎င်းမှာ ဂလက်ဆီအဆင့်ရှိ ကံကြမ္မာ တစ်ခု ဆိုလျှင်လည်း သူလည်း ထိုအရာမှ အစိတ်အပိုင်းတစ်ခုကို... သို့ဟုတ် အားလုံးကို ရယူလိုပေသည်။

"အခိုက်အတန့် တစ်ခုပေါ့ ဟုတ်လား..."

ဝေ့ရှောင်ထျန်းသည် အခိုက်အတန့် ဟူသော စကားလုံးကို ကောင်းကင်တာအိုမှ ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားသော ထူးခြားသည့် ဖြစ်ရပ်တစ်ခုကို ဖော်ပြရန် အသုံးပြုခြင်း ဖြစ်သည်။

သူရဲကောင်းတာအို နန်းတော်၏ ပွဲတော်သည်လည်း အခိုက်အတန့်တစ်ခု ဖြစ်သလို၊ ၎င်းက ပိုမိုကြီးမားသော အခိုက်အတန့်တစ်ခုဆီသို့ ဦးတည်သွားစေနိုင်ပေသည်။

ယခင်က ဝေ့ဝူယင်သည် သခင်လေးရှန်း နှင့် ယွီစွန်းလီ တို့ကြောင့်သာ ဤပွဲကို စိတ်ဝင်စားခဲ့ခြင်းဖြစ်သော်လည်း ယခုမူ သူကိုယ်တိုင်အတွက်ပါ စိတ်ဝင်စားမှု ရှိလာခဲ့ပြီ ဖြစ်သည်။

"သတိပေးချက်နဲ့ အသိပေးချက်အတွက် ကျေးဇူးပါပဲ..."

ဝေ့ဝူယင်က တိုးတိုးလေး ပြောလိုက်သည်။ ဝေ့ရှောင်ထျန်းက ရက်ရက်စက်စက် လှပသော အပြုံးတစ်ခုဖြင့် ပြန်လည်ပြုံးပြလိုက်သည်။

"ငါနဲ့အတူ လိုက်ချင်သလား..."

ဝေ့ဝူယင်က မေးလိုက်သည်။ သို့သော် ဝေ့ရှောင်ထျန်းက ပြတ်သားစွာ ခေါင်းခါပြသည်။ မူလ အာဏာရှင်များကဲ့သို့ပင် သူမသည်လည်း အသည်းအသန် ကျင့်ကြံရန် လိုအပ်သည်။ ထို့ကြောင့် ပြင်ပကိစ္စများဖြင့် အာရုံများနေခြင်းမှာ သူမအတွက် မထိုက်တန်ပေ။ လောကဖြစ်စဉ်များကို မြင်တွေ့ရခြင်းကြောင့်သာ သူမ ပြန်လာခဲ့ခြင်းဖြစ်သည်။ ထို့ပြင် သူမသည် မည်သူမည်ဝါဖြစ်ကြောင်း အခြားသူများ သိသွားပါက ဝေ့ဝူယင်အနေဖြင့် လောဘသားများ၏ လက်မှ သူမကို ကာကွယ်ရန် တိုက်ပွဲများစွာ ဆင်နွှဲရပေလိမ့်မည်။

ဝေ့ဝူယင်လည်း နားလည်သဖြင့် ဝေ့ရှောင်ထျန်းကို ဆွဲမထားတော့ပေ။ သူမ ထွက်ခွာသွားသည်ကို သူ ငေးမောကြည့်နေခဲ့မိသည်။

ဝေ့ဝူယင် သက်ပြင်းတစ်ချက်ချလိုက်သည့်အခါ ဟင်းလင်းပြင် ပေါ်တယ်များစွာ ပေါ်ပေါက်လာသည်။ ထိုတံခါးများမှာ ချောင်စွေ့ဖုန်း၊ ယွီစွန်းလီ၊ လော့နင်၊ သခင်လေးရှန့် နှင့် အခြားသူများထံသို့ ဦးတည်နေသည်။

သူရဲကောင်းတာအို နန်းတော်ဆီသို့ ထွက်ခွာရမည့် အချိန်ရောက်ခဲ့လေပြီ ဖြစ်သည်။

...

ဂလက်ဆီဇုံ သုံးခုမှ ဂုဏ်သရေရှိ ကျင့်ကြံသူများ၊ ထိပ်တန်းအထက်တန်းလွှာများနှင့် နာမည်ကျော် ပုဂ္ဂိုလ်များ ပါဝင်မည့် ဂလက်ဆီ၏ အကြီးမားဆုံးသော ပွဲတော်ကြီးမှာ စတင်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်သည်။ ပွဲကျင်းပရာနေရာမှာ အခြားမဟုတ်ဘဲ သက်တမ်း နှစ်သိန်းရှိပြီဖြစ်သော ဒဏ္ဍာရီလာ နည်းပြဆရာကြီး ရှန့်လျို ၏ မိခင်ဂြိုဟ်ပင် ဖြစ်သည်။ ထို့ကြောင့်ပင် အမတေဓား ကြယ်တာရာ နယ်မြေ အတွင်းရှိ လှုပ်ရှားမှုများမှာ ဖော်ပြ၍မရနိုင်လောက်အောင်ပင် စည်ကားလှပေသည်။

အမတေဓား ကြယ်တာရာ နယ်မြေ ရှိ အနီးနားရှိ ဂြိုဟ်များတစ်ဝိုက်တွင် ဟင်းလင်းပြင်သင်္ဘောများမှာ ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေသည်အထိ ဆိုက်ကပ်ထားကြသည်။ အချို့သော သင်္ဘောကြီးများမှာမူ ဧရာမ အရွယ်အစားရှိလောက်သဖြင့် ကောင်းကင်ယံတွင် ကြယ်ကြွေခြင်း သို့မဟုတ် နေကြတ်ခြင်း ဖြစ်ပေါ်နေသကဲ့သို့ပင် မှောင်မိုက်သွားစေကာ သာမန်လူထုကို ထိတ်လန့်တုန်လှုပ်စေသည်။

ပွဲကျင်းပရာ ဂြိုဟ်ဖြစ်သော ကောင်းချီးခံ သူရဲကောင်းဂြိုဟ်၏ အနီးနား ဟင်းလင်းပြင်တွင်မူ ထိုကဲ့သို့ ရုတ်ရုတ်သဲသဲ မရှိပေ။ အလွန်အမင်း ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်အနည်းငယ်သာ ထိုဂြိုဟ်အနီးတွင် သင်္ဘောဆိုက်ကပ်ခွင့် ရရှိကြသည်။ ထိုသူများထဲတွင် ရှန့်လျို၏ တပည့်ရင်း သူတော်စင် သုံးဦးလည်း ပါဝင်ပြီး၊ သူတို့သည် သူတို့၏ ဆရာကြီးအား ကျေးဇူးဆပ်ရန်၊ သက်တမ်းနှစ်သိန်းပြည့် မွေးနေ့ကို ဂုဏ်ပြုရန်နှင့် ဆရာကြီး၏ ချောမောလှပသော မျိုးဆက်အတွက် သင့်တော်သော လက်တွဲဖော် ရှာဖွေပေးရန် ရောက်ရှိလာကြခြင်း ဖြစ်သည်။

ကောင်းချီးခံသူရဲကောင်း ဂြိုဟ်မှာ အလွန်ကြီးမားသော ဂြိုဟ်အမျိုးအစားဖြစ်ပြီး သယံဇာတ ပေါကြွယ်ဝလှသည်။ ဂြိုဟ်၏ မျက်နှာပြင် အများစုမှာ သမုဒ္ဒရာများနှင့် တောင်တန်းများဖြင့် ဖွဲ့စည်းထားကာ ဂြိုဟ်၏ ထက်ဝက်ကျော်မှာ ရေထုဖြင့် ဖုံးလွှမ်းနေသည်။ ၎င်းမှာ သက်ရှိများ ရှင်သန်ဖွံ့ဖြိုးရန် အလွန်ပင် ကောင်းမွန်သော ဂြိုဟ်တစ်လုံး ဖြစ်၏။ ထိုဂြိုဟ်တွင် တိမ်တိုက်များကို ဖောက်ထွက်ကာ ကြယ်တာရာ ကောင်းကင်ယံသို့ ထိုးတက်နေသည့် ဧရာမ ဓားကြီးတစ်စင်းနှင့် တူသော တောင်ကြီးတစ်တောင် ရှိသည်။ ထိုတောင်မှ ပြင်းထန်သော ရှိန်ဝါများ ထွက်ပေါ်နေသဖြင့် ကျင့်ကြံသူများ၏ စွမ်းရည်ကို စမ်းသပ်ရာ တောင်တက်ခရီးအဖြစ် အသုံးပြုလေ့ရှိကြသည်။

ထိုတောင်ကြီးကို တက်နိုင်သူများသည် မြင့်မားသော အောင်မြင်မှုများကို ရရှိနိုင်သည်ဟု ဆိုကြပြီး သူရဲကောင်းတာအို နန်းတော် ၏ အခြေခံသင်တန်းဆင်းပွဲအတွက် နောက်ဆုံး လိုအပ်ချက်မှာ ထိုတောင်ထိပ်သို့ အသက်ရှင်လျက် တက်ရောက်နိုင်ရန် ဖြစ်သည်။ ၎င်းကို ကြယ်တာရာ အမြုတေအဆင့် ကျင့်ကြံသူများကို စမ်းသပ်ရန် အဓိက အသုံးပြုသည်။ ထို့ပြင် ထိုတောင်ထိပ်တွင် သေမျိုးအဆင့်ကို ကျော်လွန်သွားသူများအတွက် သူတို့၏ စွမ်းရည်ကို ထပ်မံစမ်းသပ်နိုင်မည့် လျှို့ဝှက်နယ်မြေတစ်ခုသို့ ဦးတည်သော တံခါးတစ်ချပ် ရှိသည်ဟုလည်း ဆိုကြသည်။ သူရဲကောင်းတာအို နန်းတော် ၏ နောက်ဆုံး သင်တန်းဆင်းပွဲကို ထိုနေရာတွင် ကျင်းပလေ့ရှိသည်ဟု ကောလာဟလများ ထွက်ပေါ်နေသည်။

တာအိုပန်းပဲတောင် ဟု အားလုံးက သိကြသော ထိုတောင်မြင့်ကြီး၏ အထက်တွင်မူ ပွဲကျင်းပရာနေရာဖြစ်သည့် နန်းတော်ပျံကြီး တည်ရှိသည်။ ဤသည်မှာ သာမန်နန်းတော်တစ်ခု မဟုတ်ဘဲ သူရဲကောင်းတာအို နန်းတော် ၏ ထိပ်တန်းကျွမ်းကျင်သူများ၊ အုပ်စိုးရှင်များနှင့် မူလတရားသူကြီးများ ဆွေးနွေးတိုင်ပင်ရာ၊ ဆုံးဖြတ်ချက်များ ချမှတ်ရာနှင့် တရားကျင့်ကြံရာ ပင်မနန်းတော်ကြီး ဖြစ်သည်။ ပုံမှန်အားဖြင့် လောကနယ်မြေ အတွင်း၌သာ ရှိသော်လည်း ဤပွဲအတွက် ၎င်းကို အပြင်သို့ ထုတ်ယူကာ ရောက်ရှိလာမည့် ကျင့်ကြံသူများ တည်းခိုရန် အထူးပြုပြင်ထားခြင်း ဖြစ်သည်။

မိမိတို့၏ အမြင့်မြတ်ဆုံးသော နယ်မြေကို အခြားသူများအား လာရောက် ခံစားခွင့်ပေးခြင်းမှာ ရှန့်လျို အနေဖြင့် ဤပွဲကြီးကို မည်မျှအထိ အလေးထားကြောင်း ပြသနေခြင်းပင်။ ဤသည်မှာ သူ၏ နောက်ဆုံး လက်ထပ်ပွဲ၊ သက်တမ်းနှစ်သိန်းပြည့် မွေးနေ့နှင့် သူ၏ အထင်ရှားဆုံးသော သမီးငယ်အတွက် ထိုက်တန်သော လက်တွဲဖော်ကို ရှာဖွေပေးမည့် ပွဲလည်း ဖြစ်ပေသည်။

ပျံသန်းနေသော တိုက်ကြီးပေါ်ရှိ နန်းတော်နှင့် အဆောင်အယောင်များမှာ နှစ်ပေါင်း သိန်းချီ၍ ရှေးကျသော်လည်း အလွန်ပင် လက်ရာမြောက်လှသည်။ ၎င်းမှာ သမိုင်းဝင် အနုပညာလက်ရာတစ်ခုအတွင်းသို့ ဝင်ရောက်သွားရသကဲ့သို့ပင် ရှေးကျပြီး ခန့်ညားထည်ဝါသော ခံစားချက်ကို ပေးစွမ်းသည်။

သက်တမ်းတိုသော သေမျိုးများအတွက်မူ ဤနန်းတော်ကြီးများမှာ နှစ်ပေါင်း ရာစုနှစ်များစွာ ကြာအောင် တည်ရှိနေခဲ့ပြီး ခေတ်သစ် အဆောက်အဦးများထက်ပင် ပိုမို ခိုင်ခံ့လက်ရာမြောက်လှသဖြင့် အံ့ဩမှင်တက်သွားရမည်မှာ မလွဲပေ။

ပင်မနန်းတော်ကြီးမှာ လူပေါင်း သိန်းနှင့်ချီ၍ ဆံ့လောက်အောင် ကျယ်ဝန်းလှပြီး ဂလက်ဆီဇုံ အများအပြားကို လှုပ်ခတ်စေခဲ့သည့် ဤသုံးထပ်ကွမ်း ပွဲတော်ကြီးကို ဂုဏ်ပြုရန်အတွက် ကျွမ်းကျင်သူများဖြင့် ပြည့်နှက်နေတော့မည် ဖြစ်သည်။

ထိုနန်းတော်ကြီးအတွင်းရှိ ရှန့်လျို ၏ အိပ်ဆောင်သို့ ဦးတည်သော ဝရန်တာတွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရပ်နေသည်။ သူသည် အနက်ရောင် ဆံပင်များရှိသော်လည်း နားထင်နှစ်ဖက်တွင် မီးခိုးရောင် ဆံစများ ရှိနေပြီး၊ ထင်ရှားသော ပါးရိုးများနှင့် ဓားတစ်စင်းကဲ့သို့ တည့်မတ်သော မျက်ခုံးများရှိသည့် ယောက်ျားပီသသော မျက်နှာပိုင်ရှင် ဖြစ်သည်။

သူ၏ ခန္ဓာကိုယ်မှာ သွယ်လျခြင်းမရှိဘဲ သန်မာထွားကြိုင်းသော ကြွက်သားများဖြင့် ပြည့်နှက်နေကာ သူ ဝတ်ဆင်ထားသော ဝတ်စုံမှာ သူ၏ ခန့်ညားလှသော ကိုယ်ဟန်ကို ပေါ်လွင်စေသည်။

သူသည် အလွန်ပင် ချောမောသော်လည်း သူ၏ ရုပ်ရည်ထက် အော်ရာက ပိုမို လွှမ်းမိုးမှု ရှိလှသည်။ သူ၏ မျက်ဝန်းများမှာ စိမ်းပြာရောင် ရှိပြီး ထိုအရောင်မှာ သခင်လေးရှန့်၏ မျက်လုံးအရောင်နှင့် တစ်ထပ်တည်း ကျနေသည်။ ဤသို့ မျက်လုံးအရောင် တစ်ထပ်တည်း တူညီခြင်းမှာ ကျင့်ကြံသူများကြားတွင် အလွန်ပင် ရှားပါးလှပြီး ၎င်းမှာ အားကောင်းသော မျိုးရိုးဗီဇ သို့မဟုတ် မျက်စိဆိုင်ရာ အတတ်ပညာတစ်ခုကို အတူတကွ ပိုင်ဆိုင်ထားခြင်းကို ပြသနေသည်။ ဤသည်မှာ ဝေ့ဝူယင်နှင့် ထာဝရ ဧကရာဇ် တို့ကြားတွင် ရှိနေသော ငွေရောင်မျက်ဝန်းများ၏ ဆက်နွယ်မှုနှင့် ဆင်တူလှသည်။

ထိုအမျိုးသားထံမှလည်း ထိုကဲ့သို့သော ဆက်နွယ်မှုမျိုးကို ခံစားရနိုင်ပေသည်။

“နန်းတော်သခင်ရှန့်”

အိပ်ဆောင်၏ တံခါးဝတွင် ရပ်နေသော အမျိုးသား၏ နောက်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ သူ၏ အကြည့်များမှာ ကောင်းကင်ယံသို့သာ အာရုံစိုက်ထားပြီး သူ၏ နောက်ဆုံးလက်ထပ်ပွဲ၊ သက်တမ်းနှစ်သိန်းပြည့် မွေးနေ့နှင့် သူ၏ သမီးကို လက်ထပ်လိုကြသည့် ရည်မှန်းချက်ကြီးသော လူငယ်များကို အကဲခတ်နေမိသည်။

သူကတော့ အခြားသူမဟုတ်ဘဲ နန်းတော်သခင် ရှန့်လျို ကိုယ်တိုင်ပင် ဖြစ်ပါတော့သည်။

***

All Chapters