← Chapters

အခန်း (၂၂၃၅-၂၂၃၆)

Vol. 160 Ch. 2235-2236

အခန်း (၂၂၃၅-၂၂၃၆)

Vol. 160 Ch. 2235-2236

အပိုင်း(၂၂၃၅)

စုရီသည် ထိုထူးဆန်းသော ဝိညာဉ်သက်ရှိ ကိုးဦးကို ခေါ်ဆောင်၍ သူ၏ ဂြိုဟ်သိမ်ပေါ်သို့ ပြန်လာခဲ့သည်။ သူတို့သည် စုရီ၏ ဘေးတွင် ဝန်းရံထားကြ၏။ သူတို့၏ မျက်နှာများမှာ မှိုင်ညှို့နေကြကာ ရှက်ရွံ့နေကြသည့် ပုံစံများ ဖြစ်နေသည်။ ဝိညာဉ်ကြီး ခုနစ်ပါးသည် သူတို့၏ စစ်အစီအရင်ဖြင့် အထွတ်အထိပ် သူတော်စင်တစ်ဦးကို တားဆီးနိုင်သည်ဟု ကြွေးကြော်ခဲ့ကြပြီး၊ ကျန်ဝိညာဉ်နှစ်ပါးဖြစ်သော တိုင်ယန်တောက်နှင့် ဝူယင်ထျန်းတို့ကလည်း ကူညီပေးနိုင်သည်ဟု ယုံကြည်ချက် အပြည့်ရှိခဲ့ကြသည်။

သို့သော် သူတို့သည် ဝေ့ဝူယင်ကို စက္ကန့်အနည်းငယ်မျှပင် မဟန့်တားနိုင်ခဲ့ချေ။ ထိုမျှမက... သူတို့၏ စစ်အစီအရင်ကိုပါ အသိမ်းပိုက်ခံလိုက်ရကာ သူတို့ကိုပင် ပြန်လည် အသုံးပြုခြင်း ခံလိုက်ရသည်။ ယင်းမှာ မည်မျှ ရှက်စရာကောင်းလိုက်ပါသနည်း။

ဧကရီတစ်ပါးကဲ့သို့ ခန့်ညားသော အမျိုးသမီး ဝူယင်ထျန်းမှာမူ ကြယ်တာရာ နယ်မြေကို ဖြတ်၍ ပါးရိုက်ခံလိုက်ရရာ သူမ၏ မာနများမှာ အပိုင်းပိုင်း ပြတ်သွားတော့သည်။ သူမသည် နိုးလာသည်နှင့် ဝေ့ဝူယင်ကို အသက်နှင့်လဲ၍ ပြန်လည် တိုက်ခိုက်ရန် ပြင်ဆင်နေတော့သည်။ စုရီကသာ သူမကို အတင်းအဓမ္မ ဖျောင်းဖျမထားလျှင် သူမသည် "သံချပ်ကာ ကောင်းချီး ကြယ်ကွင်းပြင်" ဆီသို့ ပျံသန်းသွားလောက်ပြီ ဖြစ်သည်။

"ဒီ အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထိုက ငါတို့အတွက် ကြိုတင်ပြင်ဆင်ထားတာပဲ... ငါတို့ရဲ့ လှုပ်ရှားမှုတိုင်းကို သူက ပြန်တိုက်ခိုက်နိုင်တယ်... အထွတ်အထိပ် သူတော်စင်တွေတောင် အချိန်အတော်ကြာမှ ရုန်းထွက်နိုင်တဲ့ အိမ်မက်လှောင်အိမ်ကို ကျော်ဖြတ်နိုင်တဲ့ ဟင်းလင်းပြင်လမ်းစဉ် အာဏာရှင် ကျင့်စဉ် လည်း ရှိနေတယ်"

တာအိုပညာရှိအိုကြီး တိုင်ယန်တောက်က ခန့်မှန်းရခက်သော မျက်နှာထားဖြင့် သုံးသပ်ပြလိုက်သည်။

ဟင်းလင်းပြင်လမ်းစဉ် အာဏာရှင် ကျင့်စဉ်ဆိုသည်မှာ လျှို့ဝှက် လမ်းစဉ်၏ အာကာသနှင့် အချိန်ဆိုင်ရာ အစိတ်အပိုင်းများကို အထွတ်အထိပ်သို့ ရောက်ရှိစေသည့် အဆင့်မြင့် ကျင့်စဉ်တစ်ခု ဖြစ်သည်။ ယင်းမှာ လျှို့ဝှက် တာအို၏ ထူးခြားသော လျှို့ဝှကလောက သင်္ကေတ များထဲမှ တစ်ခုဖြစ်သည့် ဟင်းလင်းပြင် သင်္ကေတ ပေါ်တွင် အခြေခံထားသည်။ ဝူယုက "သွေးမူလ လောက သင်္ကေတ" ကို မွေးဖွားစေခဲ့သကဲ့သို့ပင် ဟင်းလင်းပြင် သင်္ကေတကို ကျင့်ကြံရန်မှာ အလွန်ပင် ခက်ခဲလှပေသည်။

မြေကြီရှန့်ထိုများအတွက် လောက သင်္ကေတတစ်ခုကို ကျင့်ကြံနိုင်မှသာ "လောက ရှန့်ထို" အဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သော်လည်း၊ တက်လှမ်းသူ အနည်းငယ်သာလျှင် သင်္ကေတတစ်ခုတည်းနှင့် ကျေနပ်ကြပြီး အခြားသော လျှို့ဝှက်စွမ်းအားများကိုပါ စုဆောင်းကာ သူတို့၏ ခွန်အားကို မြှင့်တင်ကြသည်။ ဟင်းလင်းပြင် သင်္ကေတမှာမူ ဟင်းလင်းပြင်ဝိညာဉ် မလိုအပ်ဘဲ "ဟင်းလင်းပြင် တာအို" ၏ စွမ်းအားများကို အသုံးပြုနိုင်သည့် အမြင့်ဆုံး သင်္ကေတများထဲမှ တစ်ခုဖြစ်သည်။ ဤသင်္ကေတကို အသုံးပြု၍ အဆင့်မြင့် ဟင်းလင်းပြင် ရတနာများကို ဖန်တီးကြခြင်း ဖြစ်သည်။

စုရီက ခေါင်းခါလိုက်၏။

"အထွတ်အထိပ် သူတော်စင်တွေက ဘယ်တုန်းက ရိုးရှင်းဖူးလို့လဲ... ငါ ဒါကို ကြိုတင်တွက်ဆထားသင့်တာ..."

"ကျွန်တော်တို့ရဲ့ ရှုံးနိမ့်မှုအတွက် သခင်လေး ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့"

ဝိညာဉ်ကြီး ခုနစ်ပါးထဲမှ တစ်ဦးက အလျင်အမြန် ပြောလိုက်သည်။ သူသည် ပေ ၂၀ ခန့် မြင့်သော သန်မာသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်သော်လည်း လူသားမဟုတ်ဘဲ တိုက်တန်မျိုးနွယ် ဖြစ်သည်။

"ဒီလူ့အကြောင်းကို ဘယ်သူမှ သေချာမသိကြဘူး... သူက နားလည်ရခက်တဲ့ ပုဂ္ဂိုလ်ပဲ... ဟောကိန်းတွေ ရှိနေတာတောင် သူ ဘာလို့ လှုပ်ရှားရဲတာလဲဆိုတာ ငါ တကယ်ကို စဉ်းစားလို့မရဘူး... သူက အထွတ်အထိပ် အကြားအမြင်ဆရာ တွေကိုတောင် ဂရုမစိုက်ဘူးလား"

ဆယ်ကျော်သက် မိန်းကလေးတစ်ဦး၏ ပုံစံရှိသော်လည်း ရှေးကျသော ဉာဏ်ပညာနှင့် အနက်ရှိုင်းဆုံးသော အကြည့်များရှိသည့် အဘိဿဲလ်မျိုးနွယ်တစ်ဦးက ပြောလိုက်သည်။

ဝိညာဉ်ကြီး ခုနစ်ပါးမှာ မတူညီသော မျိုးနွယ်စု ခုနစ်ခုမှ ဖြစ်ကြပြီး မည်သူမျှ လူသားမဟုတ်ချေ။ ကျန်ဝိညာဉ်နှစ်ပါးသာလျှင် လူသားများ ဖြစ်ကြသည်။

"တကယ်တော့ ငါ့ကို စိတ်အနှောင့်အယှက် ဖြစ်စေတာ တစ်ခုရှိတယ်"

တိုင်ယန်တောက်က သူ၏ မြင်းမြီးယပ်တောင်ကို ဝှေ့ယမ်းရင်း မေးစေ့ကို ပွတ်ကာ စဉ်းစားနေမိသည်။ အခြားသူများ၏ စူးစမ်းသော အကြည့်များကြားတွင် သူက ဆက်ပြောလိုက်သည်။

"သူ ငါ့ကို နှစ်ခြမ်းဆွဲဖြဲလိုက်တုန်းက ငါ သိမ်မွေ့တဲ့ လျှို့ဝှက်အင်အား ရဲ့ အငွေ့အသက်တွေကို ခံစားလိုက်ရတယ်... လျှို့ဝှက်စွမ်းအား မဟုတ်သလို အစစ်အမှန်ချီလည်း မဟုတ်ဘူး...”

ပထမတစ်ဝက်ကို ပြောရသည်မှာ ရှက်စရာကောင်းသော်လည်း၊ ဒုတိယတစ်ဝက်မှာမူ လူတိုင်း၏ အာရုံကို လွှဲပြောင်းသွားစေရန် လုံလောက်လှသည်။

"မဖြစ်နိုင်တာ..."

ဝိညာဉ်ကြီး ခုနစ်ပါးထဲမှ တစ်ဦးဖြစ်သော ကောင်ကင်မျိုးနွယ် အမျိုးသားတစ်ဦးက အော်ဟစ်လိုက်သည်။ တိုင်ယန်တောက် ဆိုလိုသည့် အဓိပ္ပာယ်မှာ နတ်ဘုရားများပင် မယုံနိုင်လောက်အောင် ရယ်စရာကောင်းလှပေသည်။

"လျှို့ဝှက်အင်အား ဟုတ်လား"

ကျင့်ကြံခြင်းနယ်ပယ်တစ်ခုလုံးတွင် ဤ "လျှို့ဝှက်စွမ်းအင်" နှင့် "ကြယ်တာရာအင်အား" တို့၏ မပြည့်စုံသော ပေါင်းစပ်မှုဖြစ်သည့် လျှို့ဝှက်အင်အားကို အသုံးပြုနိုင်သည့် အဆင့်မှာ တစ်ခုတည်းသာ ရှိသည်။ ယင်းမှာ လျှို့ဝှက် အာဏာရှင်နယ်မြေ၏ ပထမဆုံးအဆင့်ဖြစ်သော "လျှို့ဝှက်ကြယ်တာရာအဆင့်" ပင် ဖြစ်၏။

လောကတွင် မည်သည့် လျှို့ဝှက်ကြယ်တာရာအဆင့် ကျင့်ကြံသူမျှ "အတိုင်းအဆမဲ့ အိမ်မက်လှောင်အိမ်" ကို ဖောက်ထွက်နိုင်စွမ်း မရှိသကဲ့သို့ ယင်း၏ အကျိုးသက်ရောက်မှုကိုလည်း ပြန်လှန်နိုင်စွမ်း မရှိချေ။ ဝူယင်ထျန်းကဲ့သို့ ပုဂ္ဂိုလ်မျိုးကို ပါးတစ်ချက်တည်းနှင့် ကြယ်တာရာ နယ်မြေများကို ဖြတ်ကျော် လွင့်စဉ်သွားအောင် လုပ်နိုင်ဖို့ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။

"..."

ဝူယင်ထျန်းသည် ဂြိုဟ်သိမ်၏ အေးခဲနေသော မျက်နှာပြင်ပေါ်သို့ လှမ်းကြည့်နေခဲ့သည်။ တာအိုပညာရှိ တိုင်ယန်တောက်မှာမူ မည်သည့် ဖြစ်နိုင်ခြေကိုမျှ တိုက်ရိုက် ငြင်းပယ်ခြင်း မရှိပေ။ သူတို့၏ စိတ်ကူးစိတ်သန်းများထက် ကျင့်ကြံခြင်းလမ်းခရီးမှာ ပိုမိုကျယ်ပြန့် နက်ရှိုင်းနိုင်သည်ကို သူ သိသည်။

"ငါ့အာရုံခံစားမှု မှားယွင်းခဲ့ရင်တောင်မှ၊ နောက်ပိုင်းဖြစ်ရပ်တွေကို ကြည့်ရင် ဒီအာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထိုက အထွတ်အထိပ် သူတော်စင် မဟုတ်နိုင်ဘူးဆိုတဲ့ ဖြစ်နိုင်ခြေ ရှိနေတယ်... တကယ်လို့ အဲဒီအတိုင်းသာဆိုရင် အများကြီး အဓိပ္ပာယ်ရှိသွားပြီ"

"ဒါက လုံးဝ မဖြစ်နိုင်တာပဲ... ခင်ဗျား တွေးတာ ရယ်စရာကြီး..."

ကောင်းကင်မျိုးနွယ် ဝိညာဉ်က ထိုမျှ အခြေအမြစ်မရှိသော အဆိုပြုချက်ကို လက်မခံနိုင်စွာ တုံ့ပြန်သည်။ စုရီသည် ကောင်းကင်သူတော်စင်အဆင့်သာ ရှိသော်လည်း ဉာဏ်အလင်းရသူတော်စင်၏ ခွန်အားမျိုး ရှိနေခြင်းမှာ ထူးခြားသော အခြေအနေကြောင့်ဖြစ်သော်လည်း၊ ဤပုဂ္ဂိုလ်မှာမူ ထိုထက်ပင် ကျော်လွန်နေသည်။

စုရီသည်လည်း ကျဉ်းမြောင်းသော အမြင်ရှိသူ မဟုတ်ပေ။

"တကယ်လို့ သူက နဝမမြောက် သူတော်စင်ရဲ့ အစစ်အမှန် အသက်ရှူခြင်း ဒါမှမဟုတ် ဒဏ္ဍာရီလာ ဒသမမြောက် အသက်ရှူခြင်းကို ပိုင်ဆိုင်ထားတဲ့ သူတော်စင်တစ်ဦးဆိုရင်တော့ ဖြစ်နိုင်တယ်... ဒါမှမဟုတ် သူက လျှို့ဝှက်အရှင်သခင် တစ်ဦးဖြစ်နေပြီး သူ့ရဲ့ မျိုးရိုးနောက်ခံအရ ကောင်းကင်ရတနာ ဒါဇင်ဝက်လောက်၊ အမြင့်ဆုံး ကောင်းကင်ရတနာတွေနဲ့ လျှို့ဝှက်ကောင်းကင် လက်နက်တွေကို ပိုင်ဆိုင်ထားရင်လည်း ဖြစ်နိုင်တာပဲ... အဲဒီလိုသာဆိုရင် မျှော်စင်တွေရဲ့ အမိန့်က သူ့အပေါ် သက်ရောက်မှု ရှိမှာမဟုတ်သလို၊ အထွတ်အထိပ် သူတော်စင်တစ်ယောက်ရှေ့မှာလည်း သူက တကယ်ကို ကြောက်ရွံ့နေမှာ မဟုတ်ဘူး"

"..."

အားလုံး တိတ်ဆိတ်သွားကြပြီး ထိုဖြစ်နိုင်ခြေများကို စဉ်းစားနေကြသည်။ စုရီသည် သူ၏ ရှေးဟောင်းလက်စွပ် မည်သို့ အဖောက်ထွင်းခံလိုက်ရသည်ကို ထည့်မပြောခဲ့သော်လည်း၊ ဟင်းလင်းပြင်အဆင့်ရှိ လျှို့ဝှက်ကောင်းကင်ရတနာတစ်ခုမှာ ထိုသို့လုပ်ဆောင်နိုင်စွမ်း ရှိပေသည်။ ကံကောင်းသည်က... သူ၏ တန်ဖိုးအရှိဆုံး ပစ္စည်းများကို သူ၏ ထျန်းတျန်နှင့် ဆက်သွယ်ထားသော အတွင်းပိုင်းလောကထဲတွင် သိမ်းဆည်းထားသဖြင့် သူ မသိဘဲ ယူသွားရန် မဖြစ်နိုင်ပေ။

"ကစားပွဲကော ဘယ်လိုလဲ..."

ဝူယင်ထျန်းက မေးသည်။

"လျှို့ဝှက် ကစားပွဲက ဘယ်တော့မှ မရိုးရှင်းဘူး"

"အဲဒီ ရောင်စဉ် ရတနာ အဂ္ဂိရတ် ရှန့်ထို ကလည်း ဝင်ပါဖို့ ဆုံးဖြတ်လိုက်ပြီဆိုတော့ သူက သခင်လေးအပေါ် တကယ်ကို စိတ်ထားပြင်းထန်တာပဲ..."

တိုင်ယန်တောက်က နှစ်ခြမ်းကွဲနေသည့်တိုင် နောက်ပြောင်ကျီစယ်လိုက်သည်။

စုရီက တိုင်ယန်တောက်၏ စကားကို လျစ်လျူရှုကာ ဝူယင်ထျန်းကို ကြည့်လိုက်သည်။

"ဒီလိုကစားပွဲမျိုးက သတ်မှတ်ထားတဲ့ ပန်းတိုင်ပေါ်မှာပဲ မူတည်တာပါ... ငါ နိုင်မယ်လို့ ယုံကြည်ချက်ရှိတယ်"

"ဒါပေမဲ့ တခြားသူတွေပါ ဝင်ပါလာရင် အခြေအနေက ပိုရှုပ်ထွေးသွားလိမ့်မယ်... အနိုင်ရဖို့ ပိုခက်သွားလိမ့်မယ်"

အဘိဿဲလ်ဝိညာဉ်က စိုးရိမ်တကြီး ပြောသည်။ ဝေ့ဝူယင်က မည်သူမဆို ပါဝင်နိုင်ကြောင်း ဖိတ်ခေါ်ထားသည် မဟုတ်ပါလား။

"ပါဝင်မယ့်သူ နည်းပါလိမ့်မယ်... ပါဝင်လာရင်လည်း ကိစ္စမရှိဘူး... ဝမ်ချင်းကို လွတ်မြောက်အောင် လုပ်ဖို့ ဘယ်အရာကမှ ငါ့ကို တားဆီးနိုင်မှာမဟုတ်ဘူး"

စုရီက ပြတ်သားသော ဇွဲနပဲဖြင့် ပြောလိုက်ပြီး သူ၏ မျက်ဝန်းများမှာ ပိုမိုအေးစက်လာကာ ထပ်လောင်းပြောကြားလိုက်သည်။

"လုံးဝ... ဘယ်အရာကမှ တားလို့မရဘူး..."

***

အပိုင်း(၂၂၃၆)

သူရဲကောင်းတာအို နန်းတော်၏ ပင်မခန်းမ...

"နောက်တစ်ယောက်လား..."

ချောင်စွေ့ဖုန်းက ခပ်တိုးတိုး မေးလိုက်သည်။ သူမ၏ အကြည့်မှာ ဖခင်ဖြစ်သူ ရှန့်လျှိုက အသေအချာ ကာကွယ်ထားသော၊ အိပ်မောကျနေသည့် ရှန့်ဝမ်ချင်းအပေါ် ကျရောက်နေသည်။ ဤသည်မှာ ဝေ့ဝူယင် တွေ့ဆုံဖူးသမျှ တတိယမြောက် "ချွင်ဆွေဟွကျိ ခန္ဓာကိုယ်" ပိုင်ရှင် ဖြစ်သည်။ ပထမတစ်ဦးမှာ ယွီစွန်းလီ ၊ ဒုတိယမှာ မိမိကိုယ်ကို ဇနီးအဖြစ် တစ်ဖက်သတ် ကြေညာထားသော ရှီနင် ဖြစ်ပြီး၊ ယခု တတိယမြောက်မှာ ဝေ့ဝူယင်၏ ကိုယ်လုပ်တော် ဖြစ်ချင်နေသော ရှန့်ဝမ်ချင်း ဖြစ်သည်။

ဤသည်မှာ မည်မျှကြီးမားသော ကံတရားပါနည်း။ သူတော်စင်များသည် ဤကဲ့သို့သော ခန္ဓာကိုယ်ပိုင်ရှင် တစ်ဦးတည်းအတွက်ပင် အသက်စွန့်၍ တိုက်ခိုက်ခဲ့ကြဖူးသော်လည်း၊ ဝေ့ဝူယင်မှာမူ မတော်တဆပင် သုံးဦးတောင် ရရှိထားခြင်း ဖြစ်သည်။ ထို့ပြင် တစ်ဦးကိုမျှ အတင်းအဓမ္မ ရယူထားခြင်း မဟုတ်ပေ။

ယွီစွန်းလီသည် ဒါကာရိုင်းကို ရင်ခွင်ထဲ ပွေ့ပိုက်ထားရင်း ရှန့်ဝမ်ချင်းကို စူးစမ်းဟန်ဖြင့် ကြည့်နေသည်။ သူမ၏ အကြည့်တွင် မနာလိုမှု သို့မဟုတ် ပြိုင်ဆိုင်လိုမှု အရိပ်အယောင်မျှ မရှိချေ။ ရှီနင်၏ မျက်ဝန်းတွင်မူ ခါးသီးသော အအေးဓာတ်အချို့ လက်ခနဲ ဖြစ်သွားသည်ကို တွေ့ရသည်။

ဝေ့ဝူယင်က ချောင်စွေ့ဖုန်း၏ ခါးကို ဖက်လိုက်သည်။ သူမ၏ မေးခွန်းတွင် အဓိပ္ပာယ်များစွာ ပါဝင်နေပြီး ယင်းထဲတွင် သူ ချစ်သူအသစ်များ အမြဲတမ်း တိုးပွားနေသည့် ကိစ္စလည်း ပါဝင်သည်။ သူမသည် ဝေ့ဝူယင်၏ နှလုံးသားထဲတွင် နေရာတစ်ခု ရနေသရွေ့ သူ၏ အကျင့်စရိုက်ကို လက်ခံထားပြီးသား ဖြစ်သည်။ ဝေ့ဝူယင်က သူမ၏ ညာဘက်ပါးကို ဖွဖွလေး နမ်းလိုက်ရာ ချောင်စွေ့ဖုန်း၏ စိုးရိမ်မှုများ အကုန်ပျော်ဝင်သွားပြီး ချစ်စဖွယ် နှုတ်ခမ်းဆူပြလိုက်တော့သည်။

"အနည်းဆုံးတော့ ရှင် သူတို့ကို ရွှယ်ရီဖေးနဲ့ ပေးတွေ့သင့်တယ်... ရှင်က ကြီးကျယ်တဲ့ ဂလက်ဆီ အင်ပါယာကြီးရဲ့ တည်ထောင်သူ ဧကရာဇ် တစ်ဦးပဲ... ကိုယ်လုပ်တော် ဆိုတဲ့ ဘွဲ့ထူးကို လွယ်လွယ်နဲ့ မပေးသင့်ဘူး..."

သူမက ဆိုသည်။ ရှီနင်၏ ဇနီးအဖြစ် ကြေညာချက်ကိုမူ သူမက လေထဲက စကားလုံးများအဖြစ်သာ သဘောထားသည်။ အဘယ်ကြောင့်ဆိုသော် ရွှယ်ရီဖေးသည် ဝေ့ဝူယင်၏ ဇနီးဖြစ်လာရန် မည်မျှ ကြိုးစားခဲ့ရသည်ကို သူမ သိသောကြောင့် ဖြစ်သည်။ သူမသည် ရှီနင်ကိုလည်း ထိုအချက်ကို ပြောပြထားပြီးဖြစ်ကာ၊ ဝေ့ဝူယင်က လက်ခံမည်ဆိုပါက ကိုယ်လုပ်တော်အဖြစ်မှ စတင်၍ ပြည်သူများ အသိအမှတ်ပြုသော ဇနီးဖြစ်လာအောင် ရွှယ်ရီဖေးကဲ့သို့ ကြိုးစားရန် အကြံပေးထားပြီး ဖြစ်သည်။

ရွှယ်ရီဖေးသည် ဧကရီတစ်ပါးနှင့် ဇနီးတစ်ဦးအဖြစ် ဂုဏ်သိက္ခာကို အမှန်တကယ် ရယူနိုင်ခဲ့သူ ဖြစ်သည်။ သူမသည် အာရုဏ်ဦး အင်ပါယာ၏ ဧကရီအဖြစ် လူအများ၏ ချီးကျူးမှုကို ရရှိထားသူလည်း ဖြစ်၏။

ဝေ့ဝူယင်က ပြုံးလိုက်သော်လည်း စကားဖြင့် ပြန်မဖြေခဲ့ပေ။

"နန်းတော်သခင်ရှန့်.. ကျွန်မတို့ သဘောတူညီချက် ရပြီလား"

ချောင်စွေ့ဖုန်းက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

ရှန့်လျှိုမှာ ရှန့်ဝမ်ချင်း၏ အခြေအနေကို စစ်ဆေးနေသည်။ သူမမှာ ဝေ့ဝူယင်၏ အစီအရင်ကြောင့် အိပ်ပျော်နေခြင်းသာ ဖြစ်ပြီး အခြား ထိခိုက်မှု မရှိချေ။ သူမ၏ ချွင်ဆွေဟွကျိ ခန္ဓာကိုယ်နှင့် မူလယင်တို့မှာလည်း နဂိုအတိုင်း ရှိနေသေးသည်။

လူအိုကြီးမှာ သက်ပြင်းအရှည်ကြီး ချလိုက်ပြီးနောက်၊ လုပ်ကြံသတ်ဖြတ်သူများ သို့မဟုတ် မန္တန်များကြောင့် ဒဏ်ရာပြင်းထန်စွာ ရထားကြသော သူ၏ တပည့်သုံးဦးကို ကြည့်လိုက်သည်။ သူတို့မှာ ဆေးဝါးသူတော်စင်များ၏ ပြုစုမှုကို ခံယူနေရပြီး မြူပြာ မှာလည်း စွေ့ယွမ်၏ အခြေအနေကြောင့် ချွေးပြန်နေရသည်။

"သဘောတူညီချက် ရပါပြီ..."

ရှန့်လျှိုက မတတ်သာသည့်အဆုံး သဘောတူလိုက်ရတော့သည်။ ပထမ သူရဲကောင်း ကုန်းမြေတိုက်ကြီးကို ရောင်းချဖို့ သူ သဘောတူ လိုက်ရပြီ ဖြစ်လေသည်။

"အကောင်းဆုံးပဲ"

…

"ငါ ဒီဘုရင်တွေကို တကယ်မုန်းတာပဲ..."

အမတေဓား ကြယ်တာရာ နယ်မြေ၊ သံချပ်ကာကောင်းချီး ကြယ်ကွင်းပြင်တို့နှင့် ဝေးကွာလှသော မသေမျိုး ကြီးထွားခြင်း ဂလက်ဆီဇုန် နှင့် ကပ်လျက်ရှိသည့် ဖန်တီးမှု ထိန်းသိမ်းခြင်း ဂလက်ဆီဇုန် အတွင်း၌ ပထမဖန်တီးခြင်း ကြယ်ကွင်းပြင် ဟူ၍ ရှိသည်။ ယင်းမှာ ဂလက်ဆီဇုန်တစ်ခုလုံး၏ မြို့တော်ဖြစ်ပြီး "မိုးကုပ်စက်ဝိုင်း ဖန်တီးခြင်း မျှော်စင်" တည်ရှိရာနေရာလည်း ဖြစ်၏။

အလွန်အရေးပါလှသော လောကနယ်မြေတစ်ခုဖြစ်သည့် "မိုးကုပ်စက်ဝိုင်း ဖန်တီးခြင်း အဂ္ဂိရတ်နယ်မြေ" အတွင်း၌ မတူညီသော အရောင်ခြောက်မျိုးရှိသည့် ခါးပတ် ခြောက်ခုပါဝင်သော အလွန်ကြီးမားသည့် နေမင်းတစ်စင်း ရှိသည်။ ဤသည်မှာ ဂလက်ဆီ၏ အင်အားအကြီးဆုံး အုပ်ချုပ်သူများ၏ နေမင်းထက်ပင် ပတ်လမ်းတစ်ခု ပိုမိုမြင့်မားနေခြင်းဖြစ်ရာ အမြင့်မြတ်ဆုံး ကြယ်တာရာတစ်စင်း၏ အမှတ်အသားပင် ဖြစ်၏။ ထိုပတ်လမ်းခြောက်ခုသည် အဂ္ဂိရတ်တာအို၏ ကဏ္ဍခြောက်ရပ်ကို ကိုယ်စားပြုပြီး "ဖန်တီးခြင်း" ကဏ္ဍတစ်ခုသာ ချန်လှပ်ထားသည်။ ထိုဖန်တီးခြင်းအရောင်မှာ နေမင်းကိုယ်တိုင်၏ အရောင်ဖြစ်သောကြောင့်ပင်။

ဤသည်မှာ မိုးကုပ်စက်ဝိုင်း ဖန်တီးခြင်း အဂ္ဂိရတ် ရှန့်ထို၏ လောကချည်နှောင် နေကြယ်ပင် ဖြစ်သည်။ မိုးကုပ်စက်ဝိုင်း ဖန်တီးခြင်း တည်းဟူသော ဘွဲ့အမည်မှာ ဖန်တီးခြင်းဂလက်ဆီဇုန်၏ အဂ္ဂိရတ်တာအို ခေါင်းဆောင်အဆက်ဆက်ကို ပေးအပ်သော ဘွဲ့ထူးဖြစ်၏။ သူသည် "အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ" တစ်ခုလုံးက အသိအမှတ်ပြုထားရသည့် အစစ်အမှန် "ကောင်းကင် အဂ္ဂိရတ် ရှန့်ထို" တစ်ဦးဖြစ်ကာ အနီးနားရှိ အခြားဂလက်ဆီကြီးများမှ အဂ္ဂိရတ်ပညာရှင်များနှင့် နှိုင်းယှဉ်လျှင်ပင် အထူးချွန်ဆုံးစာရင်းဝင် ဖြစ်ပေသည်။

ဤနယ်မြေသည် အဂ္ဂိရတ်ပညာရှင်တို့အတွက် သန့်စင်သော တော်ဝင်မြေဖြစ်ရာ "အဂ္ဂိရတ်ဝိညာဉ်" မရှိသူများပင်လျှင် အဂ္ဂိရတ်စွမ်းအင်များကို အဆင့်မြင့်မြင့် ကျင့်ကြံနိုင်ကြသည်။

ထိုကမ္ဘာအတွင်းရှိ ဂြိုဟ်တစ်ဂြိုဟ်ပေါ်၌ စည်းစိမ်ဥစ္စာတို့ဖြင့် မွမ်းမံထားသော ခမ်းနားထည်ဝါလှသည့် နန်းတော်ကြီးတစ်ခု ရှိသည်။ နန်းတော်၏ ကြမ်းခင်းများကိုပင် လျှို့ဝှက်လောက အမတေ ကျောက်တုံး များဖြင့် ပြုလုပ်ထားပြီး အဆင့်မြင့် လျှို့ဝှက်မူလရွှံ့စေး များဖြင့် ရောစပ်ထားသည်။

ဤရွှံ့စေးမှာ လျှို့ဝှက်မူလအရည် ထက်ပင် အဆင့်တက်ချိန်တွင် ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ကာကွယ်ရန် အလွန်ထိရောက်သည်။ ၎င်းသည် လျှို့ဝှက် အာဏာရှင် အဆင့်ခြောက်မှ အဆင့်ကိုး ဖြစ်သော ကပ်ဘေးတံခါးများ ကို ကျော်ဖြတ်ရာတွင် အဖိုးမဖြတ်နိုင်သော အရာဖြစ်သည်။ ဤနန်းတော်၏ ကြမ်းခင်းကျောက်ပြား တစ်ချပ်တည်းနှင့်ပင် "ပထမသူရဲကောင်း တိုက်ကြီး" အခုတစ်ရာကို ဝယ်ယူနိုင်ပေလိမ့်မည်။

လောကကြီးအား အမှန်တရားကို သက်သေပြလိုသည့်အလား ထိုနန်းတော်အတွင်းမှ စကားသံတစ်သံ ထပ်မံထွက်ပေါ်လာပြန်သည်။

"ငါ ဒီလိုဘုရင်မျိုးတွေကို တကယ် ဖင်တုန်အောင် မုန်းတာပဲ..."

ဤပြင်းထန်သော စကားကို ဆိုသူမှာ ဗလတောင့်တောင့်၊ ဆံပင်နက်နက်၊ အသားညိုညိုနှင့် ပညာရှိဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်သည်။ သူ၏ ပုံစံမှာ ပညာရှိထက် စစ်သူရဲနှင့် ပိုတူသော်လည်း သူ၏ ခန္ဓာကိုယ်မှ ပညာရှိအငွေ့အသက်များနှင့် ပြင်းထန်သော အသက်စွမ်းအားများ ထွက်ပေါ်နေသည်။

သူသည် စားပွဲတစ်ခုတွင် ထိုင်နေပြီး နှာတံပေါ်တွင် လက်ချောင်းများကို တင်ကာ စိတ်ကို ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် ပုံစံမျိုး ရှိသည်။

"နယ်ခြားသား တစ်ယောက်အတွက်နဲ့ ဒီလောက်တောင် တင်းမာနေဖို့ လိုလို့လား..."

ငှက်ငယ်လေးတစ်ကောင်၏ တေးသံကဲ့သို့ သာယာသော အသံတစ်ခုက လေးလံသော လေထုကို ပြေလျော့စေလိုက်သည်။ ခရမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အရပ် ၆ ပေ ၆ လက်မခန့် မြင့်သည့် အမျိုးသမီးတစ်ဦး ပေါ်လာသည်။ သူမသည် အလွန်အမင်း သွယ်လျခြင်း မရှိသလို အဆီများလွန်းခြင်းလည်း မရှိဘဲ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်ရှိသည်။ သူမ၏ မျက်နှာမှာ အပြစ်ပြောစရာမရှိလောက်အောင် လှပခြင်းမျိုး မဟုတ်ဘဲ ရိုးရိုးယဉ်ယဉ် ပုံစံမျိုးသာ ဖြစ်သော်လည်း သူမ၏ နောက်ပိုင်းအလှမှာမူ အလွန်ပင် ထင်ရှားလှပေသည်။

သို့သော် မည်သူမျှ သူမကို ကာမစိတ်ဖြင့် ကြည့်ဝံ့မည် မဟုတ်ချေ။ သူမမှာ နာမည်ကျော် "နတ်ဘုရား မက်မွန် အဂ္ဂိရတ် ရှန့်ထို" ထျန်းရှီယာ ပင် ဖြစ်သည်။ သူမသည် လက်ရှိတည်ရှိသမျှ အနည်းငယ်မျှသော "မဟာ လောက အဂ္ဂိရတ် ရှန့်ထို" များထဲမှ တစ်ဦးဖြစ်ကာ "ကောင်းကင် အဂ္ဂိရတ် ရှန့်ထို" အဆင့်သို့ တက်လှမ်းနိုင်ခြေ အရှိဆုံး ပုဂ္ဂိုလ်များစာရင်းတွင် နံပါတ် (၃) ချိတ်ထားသူ ဖြစ်၏။

"မင်း အခုမှ လာတာလား... အကုန်လုံး ဖြစ်ပျက်ပြီးမှလား"

ကြွက်သားအမြောင်းမြောင်းနှင့် ပညာရှိက ဒေါသတကြီး မေးလိုက်သည်။

"ငါ အခု ဘာလုပ်ရမှာလဲ... ဒီလိုဘုရင်တွေက သူတို့ရဲ့ အပေါ်စီးဆန်မှုကို ပြရတာ သိပ်ဝါသနာပါတာပဲ... သူက အရူးလား"

ဤအသံမှာ ဝေ့ဝူယင် သိကျွမ်းသော အသံမဟုတ်သော်လည်း ထိုအော်ရာမှာမူ သူနှင့် ရင်းနှီးပြီးသား ဖြစ်သည်။ သူသည် မိုးကုပ်စက်ဝိုင်း ဖန်တီးခြင်း မျှော်စင်၏ တာအို တရားဥပဒေ ထိန်းသိမ်းသူ ဖြစ်ပြီး၊ အထွတ်အထိပ် သူတော်စင်များကို ဝင်မစွက်ရန် တားမြစ်သော အဂ္ဂိရတ်အမိန့်တော်ကို ဆောင်ထားသူ ဖြစ်သည်။

ဤတာအို တရားဥပဒေ ထိန်းသိမ်းသူမှာ စူးဟောင်ရန် ဖြစ်ပြီး ဖန်တီးခြင်းဂလက်ဆီဇုန်၏ ထိပ်သီးမျိုးနွယ်စုကြီး လေးခုထဲမှ စူးမျိုးနွယ်စု၏ တည်ထောင်သူ ဘိုးဘေးပင် ဖြစ်သည်။

ထျန်းရှီယာက သူမ၏ အတွင်းပိုင်းလောကထဲမှ ဒေါင်းမြီးယပ်တောင်ကို ထုတ်ယူကာ ပြုံးလျက် ယပ်ခတ်လိုက်၏။

"သူက ငါတို့ရဲ့ သည်းခံနိုင်စွမ်း ဘယ်လောက်ရှိလဲဆိုတာကို အကဲစမ်းနေတာလေ... တခြားနယ်မြေက လာတဲ့ ဘုရင်ကောင်းတစ်ယောက် လုပ်လေ့ရှိသလိုမျိုးပေါ့"

"ဟူး... ငါတို့ကပဲ အလျှော့ပေးနေမယ်ဆိုရင်ကော... သူက ငါတို့ကို အနိုင်ကျင့်လာမှာလား... ငါတို့ကို အားနည်းတယ်လို့ မြင်သွားမှာလား... ကြယ်တာရာတွေ ကျိန်စာသင့်ပါစေ... အဲဒီ မျက်လုံးပြူးပြူးနဲ့ ကောင်တွေက သူ့ရဲ့ အင်ပါယာ ဥပဒေသကို စစ်ဆေးပြီးပြီလား... သူ့ရဲ့ ကျင့်ကြံခြင်း အခြေခံရော... ဘာဖြစ်ဖြစ်ပေါ့"

စူးဟောင်ရန်က ညည်းညူလိုက်သည်။ ဧကရာဇ် ဥပဒေသ ဆိုသည်မှာ ကိုင်တွယ်ရ အလွန်ခက်ခဲသောအရာ ဖြစ်သည်။ စူးဟောင်ရန်က ဘုရင်များကို အဘယ်ကြောင့် မုန်းသနည်းဆိုလျှင် ဘုရင်အများစုမှာ မိမိကိုယ်ကို ဗဟိုပြုကာ လောကကြီးတစ်ခုလုံးကို သူတို့သာ အုပ်စိုးရမည်ဟု ယူဆတတ်ကြသော မာနကြီးသည့် အင်ပါယာ ဥပဒေသမျိုးကို ကျင့်ကြံတတ်သောကြောင့် ဖြစ်၏။

"အဲဒီ ပင့်ကူမျိုးနွယ်တွေက သူတို့ စုံစမ်းလို့ ပြီးတဲ့အချိန်ကျမှပဲ အဖြေပေးမှာပါ... တစ်စက္ကန့်တောင် စောမှာမဟုတ်ဘူးဆိုတာ ရှင်လည်း သိသားပဲ"

ထျန်းရှီယာက ထောက်ပြလိုက်သည်။

ထျန်းရှီယာမှာ သူ၏စကားလုံးအသုံးအနှုန်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားသည်ကို မြင်သောအခါ စူးဟောင်ရန်က သက်ပြင်းတစ်ချက်ချလိုက်၏။

"စိတ်မရှိပါနဲ့... ငါက ဒီအတိုင်းပဲ..."

"ငါနားလည်ပါတယ်... ရှင်က စိန်ခေါ်ခံလိုက်ရတာကိုး... အဲ့တာကလည်း တကယ့်ကို ရန်လိုတဲ့ စိန်ခေါ်မှုမျိုးပဲ... နင့် နေရာမှာသာ တခြားသူဆိုရင် မသေမျိုး ကြီးထွားခြင်း ဂလက်ဆီဇုန် ထဲကို ရူးရူးမူးမူး ပျံသန်းသွားပြီး သူ့ကို အသက်နဲ့လဲပြီး တိုက်ခိုက်နေလောက်ပြီ... ဒါပေမဲ့ ဟောကိန်းဆိုတာ ပေါ့ပေါ့တန်တန် သဘောထားရမယ့်အရာ မဟုတ်ဘူး... လူအများကြီးရဲ့ အစီအစဉ်တွေက အဲဒီဟောကိန်းကြောင့် ပျက်စီးခဲ့ရတာ... ပြီးတော့ ဒီနယ်ခြားသားဆိုတဲ့ တစ်ယောက်က ငါတို့ရဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ အနိမ့်အမြင့်ကို နားမလည်ဘဲ၊ တားမြစ်ထားတဲ့ကြားက သူ့ရဲ့အစွမ်းကို အလွဲသုံးစားလုပ်ရဲတယ်"

"အခုလောလောဆယ်တော့ ပင့်ကူမျိုးနွယ်တွေကို သူတို့အလုပ် သူတို့အေးအေးဆေးဆေး လုပ်ပါစေဦး..."

ထျန်းရှီယာ၏ စကားလုံးများက စူးဟောင်ရန်ကို ကျွမ်းကျင်စွာပင် စိတ်အေးသွားစေသည်။ သူ ခုံတွင် ပြန်မှီထိုင်လိုက်ပြီး မျက်နှာကျက်ကို ကြည့်လိုက်သည်။

"ကောင်းပြီလေ"

သူ စိတ်လျှော့လိုက်တော့သည်။ စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားပြီးနောက် ထျန်းရှီယာက မေးလိုက်၏။

"ဒါနဲ့ ဘယ်သူနိုင်သွားလဲ"

***

All Chapters