အခန်း (၂၆၁-၂၆၂)
Vol. 27 Ch. 261-262
အခန်း။ ၂၆၁
စစ်မှန်သောသွေးပါရမီရဲ့ ရှားပါးမှုကတော့ တကယ်ကို အံ့ဩစရာပဲ။
ဒုန်း... ဒုန်း... ဒုန်း...
“ဟိုး... ရပ်စမ်း”
ထိုစဉ် နဂါးနှင့် ဟင်္သာရုပ်များ ထွင်းထုထားပြီး အမိုးအကာကို ကောင်းကင်ပြာရောင် ပိုးထည်များဖြင့် ဖုံးအုပ်ထားသည့် ဇိမ်ခံမြင်းရထားတစ်စီးမှာ အခင်းဖြစ်ပွားရာနေရာသို့ အပြေးအလွှား ရောက်ရှိလာခဲ့သည်။ ရထားမောင်းနှင်လာသူများမှာ ပိုးထည်ဝတ်စုံဝတ်ဆင်ကာ ဓားလွယ်ထားသည့် အစောင့်နှစ်ဦးဖြစ်ပြီး သူတို့၏ မျက်နှာထားမှာ အေးစက်ကာ သွေးစွမ်းအင်မှာလည်း အလွန်အားကောင်းလှသဖြင့် စနစ်တကျ လေ့ကျင့်ထားသူများမှန်း သိသာလှသည်။
နူးညံ့ဖြူစင်သော လက်တစ်ဖက်က လိုက်ကာကို ဆွဲဖွင့်လိုက်သည်။ ကျောက်စိမ်းသရဖူ ဆောင်းထားသည့် လူငယ်တစ်ဦးသည် မြင်းရထားပေါ်မှ ခုန်ဆင်းလာခဲ့သည်။ သူသည် ဖြူဖွေးသန့်စင်သော ပိုးထည်ဝတ်ရုံကို ဆင်မြန်းထားပြီး ခြေထောက်တွင် ပိုးသားနှင့် ကျောက်စိမ်းများဖြင့် စီခြယ်ထားသည့် ကတ္တီပါဖိနပ်အနက်ကို စီးထားရာ အလွန်ပင် မြင့်မြတ်လှသော အသွင်ရှိသည်။
သူသည် လူတန်းကြီးကို ဂရုမစိုက်ဘဲ အရှေ့ဆုံးသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့ရာ ၎င်းမှာ တန်းစီနေသူများကို ကျော်တက်မည်မှာ သိသာလှသည်။ သို့သော်လည်း စည်းကမ်းတင်းကျပ်လှသော မသေမျိုးလမ်းစဉ် ရှာဖွေရေးခန်းမမှ အစောင့်များမှာမူ ဘာမှမမြင်သကဲ့သို့ပင် မည်သည့်တုံ့ပြန်မှုမျှ မရှိကြချေ။ အနောက်တွင် တန်းစီနေကြသော လူငယ်များ၏ မျက်နှာတွင် မကျေနပ်မှုများ ရှိနေသော်လည်း မည်သူတစ်ဦးတစ်ယောက်မှ ထွက်၍ မကန့်ကွက်ရဲကြပေ။
မည်သူမှ မိုက်မဲခြင်း မရှိကြပေ။ ဩဇာအာဏာကြီးမားပုံရသော ဤသူဌေးသားမှာ စည်းကမ်းများကို လျစ်လျူရှုနိုင်ခြင်းမှာ ထိုစည်းကမ်းများက သာမန်လူတန်းစားများအတွက်သာ သတ်မှတ်ထားခြင်းကြောင့် ဖြစ်ကြောင်း သူတို့ ကောင်းစွာ နားလည်ထားကြသည်။
ထိုသူဌေးသားသည် ခန်းမအတွင်း၌ အသက်ရှူအကြိမ် တစ်ရာခန့် ကြာအောင် နေခဲ့သည်။ ရုတ်တရက်ဆိုသလို ခန်းမအတွင်းမှ အံ့ဩစရာကောင်းလှသော အစိမ်းရောင်အလင်းတန်းတစ်ခု ဝင်းခနဲ ထွက်ပေါ်လာခဲ့ရာ အပြင်ဘက်ရှိ လူတိုင်းမှာ မှင်တက်သွားကြရသည်။
“လင်းမြို့မှ ရှန်ဟောက်ယွီ... မွေးရာပါ စိမ်းပြာရောင်သစ်သား သွေးမျိုးဆက်၊ အဆင့် - ထူးချွန်”
ခန်းမအတွင်းမှ အမျိုးသားတစ်ဦး၏ အသံက ထိုလူငယ်၏ ပါရမီကို လူသိရှင်ကြား ကြေညာလိုက်တော့သည်။
ထိုသူဌေးသားသည် ပိုမိုဝင့်ကြွားသော အမူအရာဖြင့် ဘေးတံခါးမှ ထွက်လာခဲ့သည်။
“မွေးရာပါ စိမ်းပြာရောင်သစ်သား သွေးမျိုးဆက်ဆိုတာ စစ်မှန်သောသွေးဂိုဏ်းရဲ့ သွေးမျိုးဆက်အားလုံးထဲမှာ အဆင့်တစ်ရာအတွင်းမှာ ရှိနိုင်တာ။ တကယ့်ကို အံ့ဩစရာပဲ”
“ဒီသွေးမျိုးဆက်က ရှေးခေတ်တုန်းက သစ်သားဝိညာဉ်ခန္ဓာလို့ လူသိများတာလေ။ မင်းစဉ်းစားသာကြည့်တော့... ဘယ်လောက်တောင် အစွမ်းထက်မလဲဆိုတာ”
လူအုပ်ထဲတွင် ပါဝင်နေသော ဗဟုသုတကြွယ်ဝသူအချို့မှာ ရှန်ဟောက်ယွီ၏ သွေးမျိုးဆက် မည်မျှပင် ထူးခြားဆန်းပြားကြောင်း သိရှိကြသဖြင့် မနာလိုဝန်တိုမှုများဖြင့် စိုက်ကြည့်နေကြသည်။
သာမန်လူများထက် သာလွန်သော မိသားစုနောက်ခံရှိသည့်အပြင် ပါရမီကလည်း အဆမတန် ကောင်းမွန်နေသည်မှာ အခြားသူများအား ငေးမောအားကျစေရန် လုံလောက်လှသည်။
သူဌေးသား ရှန်ဟောက်ယွီ ပြီးနောက်တွင်မူ နောက်ထပ် လူရာနှင့်ချီ၍ စမ်းသပ်သော်လည်း စစ်မှန်သောသွေးပါရမီရှိသည့် ကောင်လေးတစ်ဦးသာ ထပ်မံထွက်ပေါ်လာခဲ့သည်။ သူ၏ သွေးမျိုးဆက်မှာ ရှေးဦးသွေးမျိုးဆက်ဟု ခေါ်ဆိုသော်လည်း စမ်းသပ်စဉ်တွင် ရှန်ဟောက်ယွီကဲ့သို့ အလင်းတန်းကြီးများ ထွက်ပေါ်လာခြင်းမရှိဘဲ မှိန်ဖျော့ဖျော့ အနီရောင်အလင်းလေးသာ ထွက်ပေါ်လာခဲ့ရာ အဆင့်မှာ အလယ်အလတ်သာ သတ်မှတ်ခြင်း ခံခဲ့ရသည်။
“ရှေးခေတ်တုန်းက နာမည်ကျော်ပြီး မှတ်တမ်းဝင်ခဲ့တဲ့ သွေးမျိုးဆက်တွေအပြင် ဘိုးဘွားအများစုရဲ့ သွေးမျိုးဆက်တွေကတော့ သိပ်ပြီး မထင်ရှားဘူး။ ဒါပေမဲ့ ဒါက သူတို့ မစွမ်းဘူးလို့ ပြောတာမဟုတ်ဘူး။ အဆုံးစွန်အထိ ကျင့်ကြံနိုင်မယ်ဆိုရင် မြင့်မားတဲ့ နယ်ပယ်တွေကို ရောက်နိုင်တာပါပဲ”
တစ်ဦးက မှတ်ချက်ပေးလိုက်သည်။
“ငါ့မှာ ရှေးဦးဘိုးဘွားတွေရဲ့ သွေးမျိုးဆက်လေး တစ်ခုလောက်ပဲ ရှိရင်ကို ကျေနပ်ပါပြီ။ အဲ့ဒါမှ မသေမျိုးလမ်းစဉ်ကို စပြီး လျှောက်နိုင်မှာလေ။ ဘယ်လိုအမျိုးအစားပဲဖြစ်ဖြစ် ငါမရွေးပါဘူး”
“အိပ်မက်ထဲမှာပဲ သွားရှာလိုက်တော့... အိပ်မက်ထဲမှာပဲ ရှိမှာပါ...”
မကြာမီမှာပင် လုံယီနှင့် ရှီမောင်နှမနှစ်ဦး၏ အလှည့်သို့ ရောက်ရှိလာခဲ့သည်။ လုံယီက အရင်ဆုံး ဝင်သွားခဲ့ပြီး တံခါးဝရှိ လင်ဗန်းထဲသို့ ငွေတုံးတစ်တုံးကို ပေါ့ပေါ့ပါးပါးပင် ထည့်လိုက်သည်။
မသေမျိုးလမ်းစဉ် ရှာဖွေရေးခန်းမ အတွင်း၌မူ ကိုယ်လုံးကိုယ်ထည် ကြီးမားထွားကျိုင်းလှသော မုတ်ဆိတ်ဗရပွနှင့် မသေမျိုးဆရာသခင်တစ်ဦးကို တွေ့လိုက်ရသည်။ သူသည် နက်မှောင်သော တာအိုဝတ်ရုံကို ဆင်မြန်းထားပြီး ခေါင်းတွင်လည်း တာအိုသရဖူကို ဆောင်းထားကာ လုံယီကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေသည်။
“မြန်မြန် ထိုင်လိုက်စမ်း”
ထိုမုတ်ဆိတ်ဗရပွလူကြီးက ထူးဆန်းသော ပုံစံရှိသည့် ကုလားထိုင်တစ်လုံးကို ညွှန်ပြလိုက်သည်။ ကုလားထိုင်ကို နီညိုရောင် သစ်ကြားသီးသစ်သားဖြင့် ပြုလုပ်ထားပြီး ထိုင်ခုံနှင့် ကျောမှီတို့တွင် ရှုပ်ထွေးလှသော အနက်ရောင်မျဉ်းကွေးများကို ထွင်းထုထားသည်။ လုံယီသည် ထိုမျဉ်းကွေးများကို ရင်းနှီးနေသလို ခံစားလိုက်ရသည်။ ၎င်းတို့မှာ ထိုက်မြို့ရိုးပေါ်တွင် သူမြင်ခဲ့ရသော အစီအရင်များနှင့် ဆင်တူသည်။
ကုလားထိုင်၏ ကျောမှီမှာ အလွန်မြင့်မားလှသဖြင့် ထိုင်လိုက်ချိန်တွင် လုံယီ၏ ဦးခေါင်းမှာ ကျောမှီ၏ အလယ်လောက်သို့သာ ရောက်ရှိသည်။ ကျောမှီ၏ အပေါ်ဆုံးတွင်မူ ကျောက်စိမ်းဖြူပြားဝိုင်းတစ်ခုကို မြှုပ်နှံထားသည်။
လုံယီက ကုလားထိုင်ပေါ်တွင် ထိုင်လိုက်သည်နှင့် တပြိုင်နက် ပေါင်မှတစ်ဆင့် ဦးခေါင်းအထိ စိမ့်တက်သွားသော အအေးဓာတ်တစ်ခုကို ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ယခင်က ဘာမျှမရှိခဲ့သော ကျောက်စိမ်းဖြူပြားပေါ်မှ မီးခိုးရောင်ဖျော့ဖျော့ အလင်းတန်းတစ်ခု ရုတ်တရက် စီးဆင်းလာခဲ့တော့သည်။
“စစ်မှန်သောသွေးပါရမီတော့ မရှိဘူး။ ဒါပေမဲ့ မထင်မှတ်ဘဲ ယင်ဝိညာဉ်အမြစ်ရှိနေတာပဲလား ပါရမီက အနည်းငယ်တော့ အားနည်းတာပေါ့။
ဒါပေမဲ့လည်း ငါတို့ စစ်မှန်သောသွေးဂိုဏ်းက သွေးမျိုးဆက်နဲ့ ခန္ဓာကိုယ်ကျင့်ကြံမှုကို အဓိကထားပေမဲ့ ဓာတ်ကြီးငါးပါး ချီကျင့်ကြံသူတွေကိုလည်း ဖယ်ကျဉ်မထားပါဘူး။ မင်း ဂိုဏ်းဝင်ဖို့ စိတ်ဝင်စားလား”
မုတ်ဆိတ်ဗရပွနှင့်လူကြီးက မေးလိုက်သည်။
“ကျွန်တော့်မှာ ဝိညာဉ်အမြစ်ရှိမှန်း မသိခဲ့လို့ပါ ဆရာသခင်။ မိဘတွေနဲ့ အရင်တိုင်ပင်ပါရစေဦးခင်ဗျာ”
လုံယီက အကြောင်းပြချက်တစ်ခုကို အလွယ်တကူပင် ပေးလိုက်သည်။
သူသည် အလောင်းထိန်းချုပ်ဂိုဏ်းသို့ ဝင်ရန် ဆုံးဖြတ်ပြီးသားဖြစ်ရာ သူနှင့် သိပ်မကိုက်ညီလှသော စစ်မှန်သောသွေးဂိုဏ်း၏ အထူးပြုကျင့်စဉ်များကို သဘာဝကျကျပင် လျစ်လျူရှုလိုက်ခြင်းပင်။ မုတ်ဆိတ်ဗရပွလူကြီးကလည်း အရေးမလုပ်တော့ချေ။ အမှန်စင်စစ် လုံယီ၏ ဝိညာဉ်အမြစ်အဆင့်မှာ သူ့ကို ဆွဲဆောင်နိုင်လောက်သည့်အထိ ထူးခြားမနေခြင်းကြောင့်ပင်။
“နောက်တစ်ယောက်”
လုံယီ ဘေးတံခါးမှ ထွက်လာချိန်တွင် ရှီချိုင်ဖုန်း ပင်မတံခါးမှ ဝင်သွားသည်ကို တွေ့လိုက်ရသည်။
အသက်ရှူအကြိမ် ဆယ်ကြိမ်ကျော်ခန့်အကြာတွင် မသေမျိုးလမ်းစဉ် ရှာဖွေရေးခန်းမ အတွင်းမှ စူးရှတောက်ပသော အနီရောင်အလင်းတန်းကြီး တစ်ခု ထွက်ပေါ်လာခဲ့သည်။ မကြာမီမှာပင် မီးလျှံငှက်ကြီးတစ်ကောင်၏ ပုံရိပ်ယောင်မှာ ခန်းမအပေါ်၌ ရုတ်တရက် ပေါ်ပေါက်လာပြီးမှ ပျောက်ကွယ်သွားတော့သည်။
“ဒါ... ဒါက နေမီးလျှံ ဟင်္သာသွေးမျိုးဆက်ပဲ။ ရှေးဦးလူသားမျိုးနွယ်ရဲ့ ဘုရင်ခန္ဓာတစ်မျိုးပဲ။ စစ်မှန်သောသွေးဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး သွေးမျိုးဆက်တွေထဲမှာ ထိပ်ဆုံးက ပါဝင်မှာ အသေအချာပဲ”
လူအုပ်ထဲမှ တစ်ဦးက အံ့ဩတကြီး အော်ဟစ်လိုက်သည်။
“ဝိညာဉ်ခန္ဓာတွေကတောင် ပါရမီ ထူးကဲနေပြီဆိုရင် ဘုရင်ခန္ဓာတွေကတော့ တကယ့်ကို ပြိုင်ဘက်ကင်းတာပေါ့။ ဆယ်စုနှစ်နဲ့ချီမှ တစ်ယောက် တွေ့ရခဲတာမျိုး။ ဒဏ္ဍာရီထဲက သန့်စင်သောခန္ဓာသွေးမျိုးဆက်ကတော့ စစ်မှန်သောသွေးဂိုဏ်းမှာ ပေါ်မလာတာ နှစ်ပေါင်းတစ်ထောင်ကျော်နေပြီ”
ခန်းမအတွင်း၌မူ ဝတ်စုံနက်နှင့် မုတ်ဆိတ်ဗရပွ ဆရာသခင်မှာ အတိုင်းထက်အလွန် ဝမ်းသာနေတော့သည်။
“ကောင်းတယ်... အရမ်းကောင်းတယ် ဒီတစ်ခါတော့ မထင်မှတ်ဘဲ ထိပ်တန်းပါရမီရှင်တစယောက်နဲ့ ဆုံရပြီ။ ဒီခရီးက တကယ့်ကို တန်တယ်။ တကယ်ကို တန်တယ်”
သူသည် စိတ်လှုပ်ရှားစွာဖြင့် ရှီချိုင်ဖုန်းထံသို့ အပြေးအလွှား လျှောက်လာပြီး “မင်းနာမည် ဘယ်လိုခေါ်လဲ”
“ရှီချိုင်ဖုန်းပါ”
“ချိုင်ဆိုတာက ပန်းချီကားတစ်ချပ်လို လှပတယ်။ ဖုန်းကတော့ မင်္ဂလာရှိတယ်။ ဖတ်ရတာလည်း ချောမွေ့တာပဲ။ နာမည်ကောင်းပဲ တကယ့်ကို နာမည်ကောင်းပဲဟေ့”
ရှီချိုင်ဖုန်း - “........”
သူမမှာ ဘာပြန်ပြောရမှန်းမသိဘဲ ဆွံ့အသွားတော့သည်။
“ကျွန်မမှာ မောင်လေးတစ်ယောက်ရှိသေးတယ်။ သူလည်း စစ်မှန်သောသွေးပါရမီရှိတာပဲ”
“ဟုတ်လား”
မုတ်ဆိတ်ဗရပွဆရာသခင်၏ မျက်လုံးများမှာ ဝင်းခနဲ ဖြစ်သွားသည်။
ရှီချိုင်ဖုန်း အပြင်သို့ ပြန်မထွက်ရသေးခင်မှာပင် ရှီချင်းတကို အထဲသို့ ခေါ်လိုက်သည်။ ခဏအကြာတွင်မူ မသေမျိုးလမ်းစဉ် ရှာဖွေရေးခန်းမ အပေါ်ထပ်တွင် အနည်းငယ် ပိုငယ်သော မီးလျှံဟင်္သာပုံရိပ်တစ်ခု ထပ်မံထွက်ပေါ်လာပြန်သည်။
“ရှီချိုင်ဖုန်း၊ နေမီးလျှံ ဟင်္သာသွေးမျိုးဆက်၊ အဆင့် - ထူးချွန်”
“ရှီချင်းတ၊ နေမီးလျှံ ဟင်္သာသွေးမျိုးဆက်၊ အဆင့် - ထူးချွန်”
ဟိန်းထွက်လာသော ကြေညာသံကြောင့် အပြင်ဘက်ရှိ လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ ဝိညာဉ်ခန္ဓာသွေးမျိုးဆက်များကပင် လူကို အံ့အားသင့်စေသော်လည်း ပိုမိုရှားပါးလှသည့် ဘုရင်ခန္ဓာသွေးမျိုးဆက်များနှင့် ယှဉ်လိုက်လျှင်တော့ မှေးမှိန်သွားရရှာသည်။
ယခင်က မာနထောင်လွှားနေသည့် သူဌေးသား ရှန်ဟောက်ယွီမှာမူ ယခုအခါ မျက်နှာပျက်သွားကာ အေးစက်သော အကြည့်များဖြင့် ရှေ့ကို စိုက်ကြည့်ရင်း တစ်စုံတစ်ခုကို စဉ်းစားနေတော့သည်။
လရောင်ထွက်ပေါ်လာချိန်မှသာ တန်းစီနေသူအားလုံးကို စမ်းသပ်ပြီးစီးသွားသည်။ စမ်းသပ်ခံသူ တစ်ထောင်ကျော်ရှိသည့်အနက် ငါးဦးသာ အရည်အချင်း ပြည့်မီခဲ့သည်။
သူတို့မှာ ရှီမောင်နှမနှစ်ဦး၊ သူဌေးသား ရှန်ဟောက်ယွီနှင့် ပါရမီ အသင့်အတင့်ရှိသော အခြားနှစ်ဦးတို့ ဖြစ်ကြသည်။ မုတ်ဆိတ်ဗရပွ ဆရာသခင်၏ အဆိုအရ ဤနှစ်သည် လင်းမြို့တွင် တပည့်သစ်ရရှိမှု အများဆုံးနှစ် ဖြစ်သည်ဟု ပြောလိုက်သည်။ လွန်ခဲ့သော နှစ်များက တပည့်သစ်တစ်ဦးမျှ မရရှိခဲ့သည့် အကြိမ်များပင် ရှိခဲ့ဖူးသည်။ ၎င်းက စစ်မှန်သောသွေးပါရမီဖြစ်စေ၊ ဝိညာဉ်အမြစ်ဖြစ်စေ ပိုင်ဆိုင်သူမှာ လူတစ်သောင်းတွင် တစ်ယောက်ပင် ရှိခဲကြောင်း ဖော်ပြနေသည်။
ထူးခြားသည်မှာ ရှီချိုင်ဖုန်းတို့ မောင်နှမသည် ဆရာသခင်ရှပေးလိုက်သည့် မသေမျိုးလမ်းစဉ်တက်လှမ်းခြင်း အမိန့်တော်ပြားကို အသုံးမပြုခဲ့ရချေ။ မုတ်ဆိတ်ဗရပွ ဆရာသခင်၏ ရှင်းပြချက်အရ ထိုအမိန့်တော်ပြားမှာ ပါရမီ အလွန်အားနည်းသူများကိုသာ ဂိုဏ်းမှ မျက်နှာသာပေး လက်ခံရန်အတွက် အသုံးပြုခြင်းပင်။ သို့သော် ပါရမီ အားနည်းသည်ဆိုသည်မှာလည်း အနည်းဆုံးတော့ ပါရမီရှိမှသာ ရခြင်းဖြစ်သည်။ ပါရမီ လုံးဝမရှိလျှင် ဂိုဏ်းဝင်ရန် မဖြစ်နိုင်သလို ထူးချွန်သည့် ပါရမီရှိသူများအတွက်မူ ထိုအမိန့်တော်ပြားမှာ မလိုအပ်ပေ။
ရွေးချယ်ခံရသူများအားလုံးသည် မသေမျိုးလမ်းစဉ် ရှာဖွေရေးခန်းမတွင် ခဏတာ တည်းခိုနေထိုင်ကာ ရက်အနည်းငယ်အတွင်း ရောက်ရှိလာမည့် ဂိုဏ်းမှ လူများကို စောင့်ဆိုင်းရမည်ဖြစ်သည်။ လုံယီမှာလည်း ရှီမောင်နှမနှစ်ဦး၏ ကျေးဇူးကြောင့် ခန်းမအတွင်း၌ အတူတူ တည်းခိုခွင့် ရခဲ့သည်။ ၎င်းမှာ မုတ်ဆိတ်ဗရပွ ဆရာသခင်က ထူးချွန်သော ပါရမီရှင် မောင်နှမနှစ်ဦးကို အထူးဂရုစိုက်သောကြောင့်သာ ဖြစ်ပြီး မဟုတ်လျှင်မူ သာမန်လူတစ်ဦးကို ခန်းမအတွင်း တည်းခိုခွင့်ပေးရန်မှာ အလွန်ပင် ခဲယဉ်းလှသည်။
အခန်း။ ၂၆၂
ခန်းမအတွင်းရှိ အဆောင်အယောင်များမှာ အပြင်ဘက်ရှိ တည်းခိုခန်းများထက် သိသိသာသာကို ပိုမိုကောင်းမွန်လှသည်။
ကုတင်ကို အကောင်းစား စန္ဒကူးဝါသစ်သားဖြင့် ပြုလုပ်ထားပြီး အနီရောင်ဆေးနှင့် ရွှေရောင်ပန်းပုများဖြင့် မွမ်းမံခြယ်သထားသည်။ ဘေးနားရှိ စန္ဒကူးနီစားပွဲလေးပေါ်တွင်မူ ရှေးဟောင်းကြေးအမွှေးတိုင်ထွန်းရာတစ်ခုရှိပြီး ၎င်းထံမှ အပြာရောင်အငွေ့အသက်လေးများမှာ တစိမ့်စိမ့် ထွက်ပေါ်နေသည်။
လုံယီသည် အခန်းထဲရှိ သစ်သားစားပွဲပေါ်တွင် တင်ထားသော စာအုပ်ငယ်လေးတစ်အုပ်ကို သတိပြုမိလိုက်သည်။ ၎င်းကို ကောက်ယူကြည့်လိုက်သောအခါ အပြာရောင်မျက်နှာဖုံးပေါ်တွင် တပည့်များလိုက်နာရန် စည်းကမ်းချက်များ ဟု အနက်ရောင်စာလုံးများဖြင့် ရေးသားထားသည်ကို တွေ့ရသည်။
ဒါ စစ်မှန်သောသွေးဂိုဏ်းရဲ့ စည်းကမ်းချက်တွေလား။
လုံယီသည် ပထမဆုံးစာမျက်နှာကို လှန်ကြည့်လိုက်ရာတွင် ဤသို့ ရေးသားထားသည်ကို တွေ့လိုက်ရသည်။
“ရှေးခေတ်ကာလတုန်းက ဘိုးဘွားတွေဟာ ကောင်းကင်မှာ ပျံသန်းနိုင်သလို မြေအောက်ကိုလည်း ငုပ်လျှိုးနိုင်ခဲ့ကြတယ်။ မြစ်တွေကို လောင်ကျွမ်းစေပြီး ပင်လယ်တွေကို ဆူပွက်စေနိုင်ခဲ့သလို ကောင်းကင်နဲ့မြေကြီး သက်တမ်းရှိသရွေ့ အသက်ရှည်ခဲ့ကြတယ်။
ငါ့ရဲ့ ရည်မှန်းချက်ကတော့ ဘိုးဘွားတွေရဲ့ အောင်မြင်မှု ဂုဏ်ကျက်သရေကို ပြန်လည်ရရှိစေဖို့ပဲ။ အခုအချိန်အထိ ရရှိထားတဲ့ အောင်မြင်မှုတွေက ရှေးဦးဘိုးဘွားတွေရဲ့ တစ်ရာခိုင်နှုန်းတောင် မပြည့်သေးပေမဲ့ ငါက ခိုင်မာပြတ်သားတဲ့ စိတ်ဓာတ်နဲ့ ဆက်လက် လျှောက်လှမ်းရမယ်...”
ဒုတိယစာမျက်နှာမှ စတင်ကာ စစ်မှန်သော တပည့်စည်းကမ်းချက်များ ပါဝင်လာသည်။ ဆရာသမားကို ရိုသေရန်၊ လမ်းစဉ်ကို တန်ဖိုးထားရန်၊ တပည့်အချင်းချင်း ကူညီကြရန်၊ အားနည်းသူကို ပစ်မထားရန်နှင့် သက်ရှိအားလုံးကို ကာကွယ်စောင့်ရှောက်ရန် စသည့် သာမန်ဂိုဏ်းစည်းကမ်းများနှင့် ဆင်တူလှသည်။
လုံယီသည် ထိုစည်းကမ်းချက်များကို ကျော်ဖြတ်ကာ နောက်ဆုံးစာမျက်နှာများဆီသို့ တိုက်ရိုက်လှန်ကြည့်လိုက်ရာ အစွမ်းထက်ဆုံးသော ရှေးဦးဘိုးဘွား သွေးမျိုးဆက်အချို့၏ မှတ်တမ်းများကို တွေ့ရှိခဲ့သည်။
ဥပမာအားဖြင့် သန့်စင်သောသွေး၊ စစ်ဘုရင်သွေး၊ စစ်သည်တော်သွေး၊ ကောင်းကင်ကိုးထပ် ကြယ်တာရာသွေးစသည်တို့ပင်။ ထိုအထဲတွင် နေမီးလျှံ ဟင်္သာသွေးမျိုးဆက်မှာလည်း ထင်
ထင်ရှားရှား ပါဝင်နေသည်ကို တွေ့ရရာ မုတ်ဆိတ်ဗရပွနှင့် စုဆောင်းရေးမှူး ဘာကြောင့် ထိုမျှ စိတ်လှုပ်ရှားနေခဲ့သည်ကို သူ နားလည်သွားတော့သည်။
လုံယီသည် စာအုပ်ငယ်လေးကို အမြန်ဖတ်ပြီးနောက် ဘာမှလုပ်စရာမရှိသဖြင့် နောက်ထပ်ခြေလှမ်းများအတွက် စတင်စီစဉ်နေမိသည်။ ရှီချိုင်ဖုန်းတို့ မောင်နှမကို ပင်မဂိုဏ်းက လာရောက်ခေါ်ဆောင်သွားပြီးသည်နှင့် သူသည် ဖိန်အန်းရွာသို့ ပြန်သွားမည်ဖြစ်ကာ ထို့နောက်
တွင်တော့ မသေမျိုးလမ်းစဉ်ကို ရှာဖွေရန် ကျောက်နိုင်ငံသို့ ဦးတည်ရမည်ပင်။
ဒေါက် ဒေါက် ဒေါက်…
တံခါးခေါက်သံ ရုတ်တရက် ထွက်ပေါ်လာပြီးနောက် လူရိပ်တစ်ခုသည် တံခါးကို တွန်းဖွင့်၍ အခန်းတွင်းသို့ ဝင်လာခဲ့သည်။
သူမ၏ ကိုယ်လုံးကိုယ်ထည်မှာ သွယ်လျကာ အသားအရေမှာ ကျန်းမာစိုပြေသည့် နေလောင်ရောင်သန်းသော အညိုရောင်ရှိပြီး မျက်နှာသွင်ပြင်များမှာလည်း ပန်းပုထုထားသကဲ့သို့ ထင်ရှားပြတ်သားလှသည်။ လုံယီ၏ ယခင်ဘဝက ကမ္ဘာတွင်ဆိုလျှင် သူမသည် ကမ္ဘာကျော် မော်ဒယ်လ်တစ်ဦး ဖြစ်နေမည်မှာ အသေအချာပင်။ ဤသူသည် ရှီချိုင်ဖုန်းမှလွဲ၍ အခြားသူ မဖြစ်နိုင်ချေ။
ဒီမိန်းကလေး အခုအချိန်ကြီး ဘာလာလုပ်တာလဲ။ နေ့ခင်းက ကိစ္စကိုပဲ ထပ်ပြီး...
လုံယီ၏ စိတ်ထဲ၌ ထူးဆန်းသော အတွေးများ ဝင်ရောက်နေစဉ်မှာပင် ရှီချိုင်ဖုန်းက ဂုဏ်ယူဝံ့ကြွားသော လေသံဖြင့် “ဟိုမုတ်ဆိတ်ဗရပွလူကြီးက ကျွန်မတို့ မောင်နှမ ဂိုဏ်းဝင်တာကို ဂုဏ်ပြုတဲ့အနေနဲ့ တွေ့ဆုံခြင်းလက်ဆောင် တစ်ခုခု ပေးချင်တယ်တဲ့။ ကျွန်မကတော့ ပြန်
စဉ်းစားဦးမယ်။ ဆုံးဖြတ်ပြီးရင် ပြောမယ်လို့ ပြောခဲ့လိုက်တယ်။ အစ်ကိုက အမြဲတမ်း ကောင်းကင်နဲ့ မြေကြီးရဲ့ ရတနာတွေ လိုချင်တယ်လို့ ပြောနေတာ မဟုတ်လား။ အစ်ကို ဘာတွေလိုချင်လဲ အကုန်ပြော အဲ့ဒီလူကြီးဆီမှာ ရှိမလားဆိုတာ ကျွန်မ မေးပေးမယ်” ဟု ပြောလိုက်သည်။
“တကယ်ပဲ ဒီလို အခွင့်အရေးကောင်း ရှိတာလား”
လုံယီသည် အတိုင်းထက်အလွန် ဝမ်းသာသွားပြီး ရှီချိုင်ဖုန်း၏ လက်ကို လှမ်းဆွဲလိုက်မိသည်။ “အာဖုန်း... နင်က ငါ့အပေါ် တကယ်ကို ကောင်းတာပဲ”
“ဒါက ဒီအတိုင်း အဆင်ပြေလို့ လုပ်ပေးတာပါ”
ရှီချိုင်ဖုန်းသည် လုံယီ ထိုမျှ ဝမ်းသာသွားသည်ကို မြင်ရသဖြင့် ကြည်နူးသွားမိသည်။ သူမ၏ လက်ကို အဆွဲခံထားရခြင်းကိုလည်း ပြန်လည်ရုန်းဖယ်ခြင်း မပြုခဲ့ပေ။
သို့သော် သူမသည် လုံယီ၏ အခန်းထဲမှ ပြန်လည်ထွက်ခွာလာသောအခါတွင်မူ သူမ၏ မျက်နှာပေါ်ရှိ အပြုံးများက ချက်ချင်းပင် ပျောက်ကွယ်သွားပြီး အင်မတန် တွေ့ရခဲသော စိတ်တိုမှုနှင့် စိုးရိမ်ပူပန်မှုများက အစားထိုး ဝင်ရောက်လာခဲ့သည်။
ကျွီ...
ရှီချိုင်ဖုန်းသည် အပြင်ဘက် စင်္ကြံအတိုင်း လျှောက်လှမ်းလာစဉ် အနီးအနားရှိ အခန်းတံခါးတစ်ခု ရုတ်တရက် ပွင့်လာခဲ့သည်။ သူဌေးသား ရှန်ဟောက်ယွီသည် အပြင်သို့ ထွက်လာရင်း ရှီချိုင်ဖုန်းကို မြင်လိုက်ရသောအခါ ခဏမျှ ကြောင်သွားသော်လည်း ချက်ချင်းပင် ဖော်ရွေသော အပြုံးတစ်ခုကို ပြသလိုက်သည်။
“နတ်မိမယ်ရှီ... တကယ့်ကို တိုက်ဆိုင်တာပဲနော်”
ရှီချိုင်ဖုန်းက သူ့ကို ဘေးစောင်း၍ တစ်ချက်ကြည့်လိုက်ပြီး မည်သည့်စကားမျှ ပြန်မပြောခဲ့ပေ။
“အခုကစပြီး ငါတို့က ဂိုဏ်းတူ မောင်နှမတွေ ဖြစ်သွားပြီပဲ”
ရှန်ဟောက်ယွီက မျက်နှာမပျက်ဘဲ ဆက်လက် ပြုံးနေသည်။
“ငါ ဂိုဏ်းကို မသွားခင် နောက်ရက်တွေမှာ လိုအပ်တာလေးတွေ ဝယ်ဖို့ မြို့ထဲထွက်မလို့။ နတ်သမီးရှီရော အတူတူ လိုက်ခဲ့မလား”
“မလိုက်ပါဘူး”
ရှီချိုင်ဖုန်းက အေးစက်စွာ ပြန်လည်တုံ့ပြန်လိုက်ပြီး သူမ၏ သွယ်လျသော နောက်ကျောပုံရိပ်ကိုသာ ချန်ထားရစ်ကာ ထွက်ခွာသွားတော့သည်။
ရှီချိုင်ဖုန်းက သူ့အား ထိုသို့ လျစ်လျူရှုကာ ထွက်ခွာသွားသည်ကို မြင်သောအခါ ရှန်ဟောက်
ယွီ၏ မျက်နှာက ရုတ်ခြည်း မှောင်မှောင်မည်းမည်း ဖြစ်သွားသည်။ သူသည် မည်သည့်အရာကို ကြံစည်နေသည်ကို မသိနိုင်ဘဲ မျက်လုံးအစုံမှာ ဟိုမှသည်သို့ ကစားနေတော့သည်။
အခြားတစ်ဖက်တွင်မူ ရှီချိုင်ဖုန်းသည် ရှီချင်းတကို ခေါ်ဆောင်၍ မုတ်ဆိတ်ဗရပွနှင့် မသေမျိုးဆရာသခင်ထံသို့ သွားရောက်တွေ့ဆုံခဲ့သည်။
"စီနီယာအစ်ကိုကြီးဝူ ကျွန်မ လိုချင်တဲ့ပစ္စည်းကို ဆုံးဖြတ်ပြီးပါပြီ"
"ဂျူနီယာညီမလေး ဒီလောက်တောင် မြန်မြန် ဆုံးဖြတ်လိုက်တာလား။ အလောတကြီး လုပ်စရာမလိုပါဘူး။ အေးအေးဆေးဆေး စဉ်းစားပါဦး"
မုတ်ဆိတ်ဗရပွဆရာသခင်က ယုံကြည်မှုအပြည့်ရှိသော အပြုံးဖြင့် ပြောလိုက်သည်။"မင်းရဲ့ စီနီယာအစ်ကိုကြီးက ဂိုဏ်းထဲမှာ အနှစ်နှစ်ဆယ်ကြာ နေလာခဲ့တာပါ။ နာမည်ကျော် ဆရာသခင်ကြီးတစ်ဦး မဟုတ်ပေမဲ့ စုဆောင်းထားတဲ့ ပစ္စည်းတွေနဲ့ အဆက်အသွယ်တွေတော့ အတော်အတန် ရှိပါတယ်။ မင်းလိုချင်တာက ငါ့ဆီမှာ အခုလောလောဆယ် မရှိသေးရင်တောင် ဂိုဏ်းကို ပြန်ရောက်ရင် ရအောင် ရှာပေးနိုင်ပါတယ်"
ရှီချိုင်ဖုန်းသည် အထင်ကြီးလေးစားဟန်ဖြင့် ခေါင်းတငြိမ့်ငြိမ့် လုပ်ပြပြီးနောက် "ကျွန်မ လိုချင်တာက ဒီစာရင်းထဲက ပစ္စည်းတွေပါပဲ။ တစ်ခုရရင် ရပါပြီ"
ထိုသို့ပြောကာ စက္ကူတစ်ရွက်ကို ထုတ်၍ ဖတ်ပြသည်။
"ရေခဲဝိညာဉ်၊ ကောင်းကင်ပိုးမျှင်၊ မြေအောက်ကြော ဝိညာဉ်ခြင်ဆီ၊ ဝိညာဉ်ဝါးမျိုနွယ်ပင်၊ ဝိညာဉ်ပျိုးထောင်ကြာပန်း..."
ရှီချိုင်ဖုန်းက ပစ္စည်းအမည်များကို တစ်ခုပြီးတစ်ခု ရွတ်ဆိုနေစဉ် မုတ်ဆိတ်ဗရပွဆရာသခင်၏ မျက်နှာပေါ်ရှိ အပြုံးများက တဖြည်းဖြည်း မှေးမှိန်သွားကာ နဖူး၌ ချွေးစပင် ပျံလာသည်။
"ရေခဲဝိညာဉ်ဆိုတာ နှစ်ပေါင်းသောင်းချီတဲ့ အေးခဲနေတဲ့ ရေခဲထုထဲမှာမှ တွေ့ရခဲတဲ့ အရာပဲ"
"ကောင်းကင်ပိုးမျှင်ဆိုတာကလည်း အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် ပညာရှင်တွေ ဝိညာဉ်လက်နက် ပြုလုပ်ရာမှာ သုံးတဲ့ အဖိုးတန်ပစ္စည်းပဲ..."
"နေဦး ဒီထဲက ပစ္စည်းတချို့ဆိုရင် ငါတောင် အခုမှ ပထမဆုံးအကြိမ် ကြားဖူးတာ။ မင်း ဒါတွေကို ဘယ်က သိတာလဲ"
ရှီချိုင်ဖုန်းက သူမ၏ မျက်လုံးဝိုင်းကြီးများဖြင့် စိုက်ကြည့်ကာ "စီနီယာအစ်ကိုကြီးဆီမှာ ကျွန်မလိုချင်တာ ရှိလား မရှိဘူးလား" ဟု ပြန်မေးလိုက်သည်။
သူမ၏ မျှော်လင့်ချက်အပြည့်ဖြင့် အကြည့်ကို မြင်သောအခါ မုတ်ဆိတ်ဗရပွဆရာသခင်က အံတင်းတင်းကြိတ်ကာ "ငါ့ဆီမှာ လွန်ခဲ့တဲ့ နှစ်နှစ်က မတော်တဆ ရရှိထားတဲ့ ဝိညာဉ်ပျိုးထောင်ကြာပန်း တစ်ခုတော့ ရှိတယ်။" ဟု ပြောလိုက်သည်။ သူ၏ လက်ထဲတွင် ခြောက်သွေ့နေသော မီးခိုးရောင် ကြာပန်းပုံသဏ္ဌာန် အပင်တစ်ပင် ရုတ်တရက် ပေါ်ပေါက်လာသည်။
သူ၏ မျက်ဝန်းထဲတွင် နှမြောတသဖြစ်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသော်လည်း ရှီချိုင်ဖုန်း၏ လက်ထဲသို့ ထိုအပင်ကို ထည့်ပေးလိုက်သည်။
"စီနီယာအစ်ကိုကြီး ကျွန်တော့်အတွက်ကရော"
ရှီချင်းတက စကားစလိုက်သော ခဏမှာပင် မုတ်ဆိတ်ဗရပွဆရာသခင်၏ ပုံရိပ်က ထိုနေရာမှ ဝူးခနဲ အသံနှင့်အတူ ပျောက်ကွယ်သွားတော့သည်။
“ငါ သူငယ်ချင်းတစ်ယောက်နဲ့ ချိန်းထားတာ သတိရလို့ အရင်သွားနှင့်ပြီနော်...”
ထိုစကားကို ကြားလိုက်ရသောအခါ ရှီချိုင်ဖုန်းနှင့် ရှီချင်းတတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
“အစ်မ... ဒီစီနီယာအစ်ကိုကြီးက တမင်သက်သက် ရှောင်ပြေးသွားတာလို့ ကျွန်တော် ခံစားနေရတယ်”
ရှီချင်းတက နားမလည်နိုင်သလို ပြောလိုက်သည်။
“ခံစားနေရတာ မဟုတ်ဘူး။ တကယ်ကို ရှောင်ပြေးသွားတာ”
ရှီချိုင်ဖုန်းသည် သူမ၏ လက်ထဲရှိ ခြောက်သွေ့နေသော မီးခိုးရောင်ကြာပန်းကို ကြည့်ကာ “ဒီအရာက တကယ်ပဲ အဖိုးတန်လို့လား” ဟု မေးမြန်းလိုက်သည်။
“အစ်ကိုသာ မြင်ရင်တော့ သေချာပေါက် ပျော်သွားမှာပဲ”
ရှီချိုင်ဖုန်းသည် ဝိညာဉ်ပျိုးထောင်ကြာပန်းကို လက်ဖဝါးထဲတွင် တင်းတင်းဆုပ်ကိုင်လျက် စိတ်လှုပ်ရှားစွာဖြင့် လုံယီ့ကို သွားရောက်ရှာဖွေသည်။
သူမသည် ပြင်ပစင်္ကြံကို ဖြတ်သန်းသွားကာ….
ဒေါက် ဒေါက် ဒေါက်
သူမသည် တံခါးကို အားရပါးရ ခေါက်လိုက်ပြီးနောက် လုံယီ၏ အခန်းထဲသို့ လျင်မြန်စွာ ပြန်လည်ဝင်ရောက်သွားပြန်သည်။
ထိုအချိန်တွင် စင်္ကြံတစ်လျှောက် ခုနစ်ကိုက်၊ ရှစ်ကိုက်ခန့် အကွာရှိ အခန်းတံခါးတစ်ခု ပွင့်လာပြီး မျက်နှာထား မကောင်းလှသော သူဌေးသား ရှန်ဟောက်ယွီ ပေါ်လာသည်။ ခဏအကြာတွင် သူသည် တံခါးကို ဘုန်းခနဲ အသံမြည်အောင် ဆောင့်ပိတ်လိုက်တော့သည်။
အခန်းအတွင်း၌ အပြာရင့်ရောင် ဝတ်ရုံရှည်ကို ဆင်မြန်းထားပြီး လေးထောင့်ဦးထုပ် ဆောင်းထားသော အိမ်ထိန်းတစ်ဦးနှင့် တူသည့် အသက်လတ်ပိုင်း အမျိုးသားတစ်ဦး ရှိနေသည်။
“သခင်လေး... သခင်လေးက ဒီမိန်းကလေးကို တော်တော်လေး စိတ်ဝင်စားနေပုံပဲ။ သူမက ဘုရင်သွေးမျိုးဆက် ပိုင်ဆိုင်ထားသူလား”
အိမ်ထိန်းက မေးလိုက်သည်။
“ဒီမိန်းမမှာ ရင်းနှီးတဲ့သူတစ်ယောက် ရှိနေတာပဲ။ ဦးလေးဝမ်... ကျွန်တော့်ရဲ့ အကြိုက်ကိုလည်း သိတာပဲ။ အပျိုစင်မဟုတ်တဲ့သူဆိုရင် ကျွန်တော့်မျက်စိထဲ မဝင်ဘူး”
ရှန်ဟောက်ယွီက ခက်ထန်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ သူ၏ စကားအရ သူသည် ဤအိမ်ထိန်းကို အတော်လေး ရိုသေလေးစားကြောင်း သိသာလှသည်။
“သခင်လေး... သခင်လေး အထင်မှားနေပါပြီ”
အိမ်ထိန်းဝမ်က ရယ်မောကာ ခေါင်းခါယမ်းလိုက်သည်။
“ကျွန်တော် ကျင့်ကြံထားတဲ့ ကျင့်စဉ်က လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အနံ့ကို အလွန်အမင်း အာရုံခံနိုင်ပါတယ်။ ဒီမိန်းကလေးရဲ့ ယင်စွမ်းအင်က အရမ်းသန့်စင်နေပြီး ယန်စွမ်းအင်တစ်စက်လေးတောင် မညစ်ညမ်းသေးဘူးဆိုတာ ကျွန်တော် အတည်ပြုပေးနိုင်ပါတယ်”
“အို... ဟုတ်လား”
ရှန်ဟောက်ယွီ၏ မျက်လုံးများမှာ ရုတ်ချည်း ဝင်းခနဲ ဖြစ်သွားသည်။
သူသည် သစ်သားဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားသူဖြစ်ပြီး ရှီချိုင်ဖုန်းမှာ ပိုမိုမြင့်မြတ်သည့် ဘုရင်သွေးမျိုးဆက် ရှိသူဖြစ်သည်။
တကယ်လို့သာ ငါတို့နှစ်ယောက် ပေါင်းစည်းခွင့်ရသွားမယ်ဆိုရင်... ငါတို့ဆီကနေ မွေးဖွားလာမယ့် နောက်ထပ်မျိုးဆက်က ဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲ။
တစ်ချိန်တည်းမှာပင် လုံယီသည် ရှီချိုင်ဖုန်း ပေးအပ်လာသော ဝိညာဉ်ပျိုးထောင်ကြာပန်းကို ဝမ်းသာအားရ လက်ခံလိုက်သည်။ သူမနှင့်အတူ ခဏတာ အချိန်ကုန်ဆုံးခဲ့ပြီးနောက် သူမ၏ မကျေမနပ်ဖြစ်နေသော အကြည့်များကြားမှပင် ရက်ရက်စက်စက် အခန်းပြင်သို့ မောင်းထုတ်လိုက်သည်။
သူသည် စွမ်းဆောင်ရည်ပြကွက်ကို ကြည့်လိုက်ရာ ပါရမီထိန်းချုပ်ခြင်းနောက်ကွယ်တွင် မှိန်ဖျော့ဖျော့ အပေါင်းသင်္ကေတလေးတစ်ခု ပေါ်ပေါက်နေသည်ကို တွေ့လိုက်ရသည်။
ကုတင်ပေါ်တွင် ထိုင်ရင်း သူသည် ထိုအပေါင်းလက္ခဏာကို နှိပ်လိုက်ရာ နောက်တစ်ခဏတွင်
[ထိန်းချုပ်ခြင်း (အခြေခံ ၀/၂၀ + ဝိညာဉ်ပျိုးထောင်ကြာပန်း ၁ ပွင့်) → ထိန်းချုပ်ခြင်း (ကျွမ်းကျင် ၀/၁၂၀ + ယန်ဖိုမှို ၁ ခု)]