တာအိုလက်နက် သုံးခု
Vol. 15 Ch. 148
မိစ္ဆာသားရဲ ဒါဇင်ပေါင်းများစွာမှာ ရှေ့သို့ ခုန်အုပ်ရန် အသင့်ဖြစ်နေကြသည်။
သို့သော် ရွှီနင်၏ မျက်လုံးများကို မြင်လိုက်ရသောအခါ သူတို့အားလုံး၏ မျက်နှာတွင် ကြောက်ရွံ့မှုများ ထင်ဟပ်သွားကြသည်။
သူတို့သည် ရှေ့သို့တိုးလာခြင်းကို ချက်ချင်းရပ်တန့်လိုက်ကြပြီး နောက်သို့ပင် အနည်းငယ် ဆုတ်ခွာသွားကြလေသည်။
‘ဘာလို့လဲ’
ရွှီနင် စိတ်ထဲမှ တွေးတောနေမိသည်။
‘ဒါက မီးခိုးရောင်လေးနဲ့ ထပ်ပတ်သက်နေတာလား’
“ဟမ်”
ချန်ရှောင်းယိတစ်ယောက် ဤအချက်ကို သတိထားမိသွားသည်။
‘ဒီမိစ္ဆာသားရဲတွေက ရွှီနင်ကို ကြောက်နေကြတာပဲ’
ချန်ရှောင်းယိ၏ ဦးနှောက်ထဲတွင် အတွေးများ လျင်မြန်စွာ လည်ပတ်နေသည်။
‘ရွှီနင်က ဒီလျှို့ဝှက်နယ်မြေထဲမှာ တစ်ခုခုများ ရထားတာလား။ အဲဒီရတနာကပဲ ဒီမိစ္ဆာသားရဲတွေကို ကြောက်လန့်အောင် လုပ်နေတာလား’
‘ဒါပဲ ဖြစ်ရမယ်။ ဒါ့အပြင် ရွှီနင်ရဲ့ ခွန်အားကလည်း ငါနောက်ဆုံးတွေ့ခဲ့တုန်းကထက် အများကြီး တိုးတက်လာတယ်။ သူ ဒဏ်ရာအပြင်းအထန် ရထားတုန်းကတောင် ဒီလိုမျိုး လုပ်နိုင်တယ်ဆိုရင် သူ သေချာပေါက် ဒီလျှို့ဝှက်နယ်မြေရဲ့ အမွေအနှစ်ကို ရထားတာပဲ ဖြစ်ရမယ်’
‘ဒီလျှို့ဝှက်နယ်မြေက ရှီဖုန်းရွှိနဲ့ ပတ်သက်နေသလို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ က သားရဲလှိုင်းရဲ့ တိုက်ပွဲမြေပြင်နဲ့လည်း ပတ်သက်နေတယ်။ ဒီမှာ အမွေအနှစ် ချန်ထားခဲ့တဲ့ သိုင်းပညာရှင်ကြီးတွေက အဲဒီတိုက်ပွဲမှာ ပါဝင်ခဲ့ကြတာပဲ ဖြစ်ရမယ်’
‘သူတို့က အရမ်းသန်မာခဲ့ကြတော့ သူတို့ရဲ့ အမွေအနှစ်တွေမှာ သူတို့ရဲ့ အငွေ့အသက်တွေ ကျန်နေတုန်းပဲ။ ဒီမိစ္ဆာသားရဲတွေက အဲဒီသိုင်းပညာရှင်ကြီးတွေရဲ့ ကျန်ရှိနေတဲ့ အစွမ်းတွေကို ကြောက်နေကြလို့ ရွှီနင်ကိုပါ ကြောက်နေကြတာပဲ’
ချန်ရှောင်းယိ တွေးလိုက်မိသည်။
‘ဒီသားရဲတွေက ကြောက်နေလို့ မလှုပ်ရဲကြတာပဲ။ ငါသာ ရွှီနင်ကို ရှင်းပစ်ပြီး အဲဒီရတနာကို ရအောင်ယူနိုင်ရင် ဒီသားရဲတွေရန်ကနေ ငါ့ကိုယ်ငါ ကာကွယ်နိုင်လိမ့်မယ်’
ချန်ရှောင်းယိသည် သူ၏ ခန့်မှန်းချက်မှာ ရာနှုန်းပြည့် မှန်ကန်သည်ဟု မသေချာသော်လည်း ဖြစ်ပျက်နေသည့် အခြေအနေအတွက် ပိုကောင်းသော အဖြေကို ရှာမတွေ့ခဲ့ပေ။
အကယ်၍ သူသာ ယခုအချိန်တွင် ရွှီနင်ကို မတိုက်ခိုက်ပါက ရွှီနင်သည် ဤမိစ္ဆာသားရဲများကို အသုံးပြုကာ သူ့ကို ဒုက္ခပေးလာနိုင်သဖြင့် အလွန် အလုပ်ရှုပ်ပေလိမ့်မည်။
“ညီလေးရွှီ... ဒါတွေက အထင်လွဲတာပါကွာ”
ချန်ရှောင်းယိက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ရွှီနင်နှင့် အကွာအဝေးကို ကျဉ်းမြောင်းလိုက်လေသည်။
“ဘာတွေ အထင်လွဲတာလဲ”
ရွှီနင်က ချန်ရှောင်းယိကို ပြုံးလျက် ကြည့်လိုက်သော်လည်း နောက်သို့ တစ်လှမ်း ဆုတ်လိုက်သဖြင့် သူတို့နှစ်ဦးကြား အကွာအဝေးမှာ ထပ်မံ ကျယ်ပြန့်သွားပြန်သည်။
ဘေးပတ်လည်ရှိ မိစ္ဆာသားရဲ ဒါဇင်ပေါင်းများစွာထက် ချန်ရှောင်းယိက ပို၍ အန္တရာယ်ရှိသည်မှာ ထင်ရှားလှပေသည်။
“အထင်လွဲရတဲ့ အကြောင်းရင်းက ပေါင့်ရူရွမ်းကြောင့်ပါကွာ။ သူသာ ငါတို့ကြားမှာ ရန်တိုက်မပေးခဲ့ရင် ငါတို့ ဒီလောက်အထိ စိမ်းကားပြီး ရန်လိုနေကြမှာ မဟုတ်ပါဘူး”
ချန်ရှောင်းယိက အဓိပ္ပာယ်မရှိသော စကားအချို့ကို ပြောဆိုကာ ဆက်တိုးလာသည်။
“ဒီမိစ္ဆာသားရဲတွေက မင်းကို ကြောက်နေကြတာ ငါသတိထားမိတယ် ညီလေးရွှီ။ မင်းဆီမှာ တစ်ခုခုများ ရှိနေလို့လား”
“ရှိတော့ ဘာဖြစ်လဲ”
ချန်ရှောင်းယိတစ်ယောက် ဤမျှအထိ စကားများနေလိမ့်မည်ဟု ရွှီနင် မထင်မှတ်ထားခဲ့ပေ။
ထိုမိစ္ဆာသားရဲများ သူ့ကို ကြောက်ရွံ့နေကြခြင်းမှာ ရတနာတစ်ခုခုကြောင့် မဟုတ်ဘဲ မီးခိုးရောင်လေးကြောင့်သာ ဖြစ်နိုင်ခြေ ရှိပေသည်။
“ဒီလိုဆိုရင် ညီလေးရွှီ... အဲဒီဟာကို ငါ့ကို အရင် ခဏငှားပါလား။ ငါ့ရဲ့ ခွန်အားက မင်းထက် ပိုသန်မာတော့ အဲဒီရတနာရဲ့ အကူအညီနဲ့ဆိုရင် ဒီမိစ္ဆာသားရဲတွေကို သေချာပေါက် မောင်းထုတ်နိုင်လိမ့်မယ်။ အဲဒီနောက်မှာ ငါတို့နှစ်ယောက် ပူးပေါင်းပြီး ဒီကျောက်နန်းတော်ထဲမှာ ထပ်ရှာကြတာပေါ့။ ရှီဖုန်းရွှိရဲ့ စစ်မှန်တဲ့ အမွေအနှစ်ကိုတောင် ရနိုင်ရင် ရဦးမှာ”
“အဲဒီကျရင် မင်းနဲ့ငါက ဟယ့်မင်ယဲ့နဲ့ ဖန်းကျဲ့တို့ရဲ့ နေရာကို အစားထိုးပြီး ယွဲ့လန်ဂိုဏ်းမှာ အတော်ဆုံး တပည့်နှစ်ယောက် ဖြစ်လာကြမှာပေါ့”
ချန်ရှောင်းယိက ရွှီနင် သူ့ကို သံသယဝင်မည်ကို စိုးရိမ်နေပုံရသည်။
ထို့ကြောင့် သူက ခါးမှ ဓားတာအိုလက်နက်ကို ဆွဲထုတ်ကာ လက်ထဲတွင် ကိုင်ထားလိုက်သည်။
“ငါ့ရဲ့ ရိုးသားမှုကို ပြတဲ့အနေနဲ့ ဒီမီးဓာတ်ပါတဲ့ တာအိုလက်နက်ကို မင်းကို ပေးပါ့မယ်။ ဒါက မင်းရဲ့ သိုင်းပညာဂုဏ်သတ္တိနဲ့ လုံးဝ ကိုက်ညီတယ်လေ”
“စီနီယာအစ်ကိုချန်က အဲဒီလောက်တောင် ရက်ရောတာလား”
ရွှီနင်က အံ့သြသွားဟန်ဖြင့် ပြုံးလိုက်သည်။
ချန်ရှောင်းယိက ဤသည်ကို မြင်သောအခါ ရယ်မောလိုက်သည်။ သူသည် လက်ထဲတွင် တာအိုလက်နက်ကို ကိုင်ကာ ရွှီနင်ထံသို့ လျှောက်သွားလိုက်လေသည်။
ရွှီနင်ကလည်း မည်သည့်အရာကိုမျှ မစိုးရိမ်သည့်ပုံစံဖြင့် လျှောက်လာခဲ့သည်။
သို့သော် သူတို့နှစ်ဦးကြား အကွာအဝေး နီးကပ်လာသောအခါ ရွှီနင်၏ ရှေ့မှောက်၌ ဝါကျင်ကျင် လက်သီးကြီးတစ်လုံး ရုတ်တရက် ပေါ်ထွက်လာသည်။
ဝှစ်…
အဝါရောင် အစင်းကြောင်းများ ပါရှိသော လက်သီးတံဆိပ်မှာ ရွှီနင်ထံသို့ ဒုန်းစိုင်း ပြေးဝင်လာလေသည်။
“စီနီယာအစ်ကိုချန်... ခင်ဗျားက ကတိဖျက်လိုက်တာပဲ”
ရွှီနင်က ထိုသို့ပြောလိုက်သော်လည်း သူသည် ကြိုတင်ပြင်ဆင်ထားပုံရသည်။
ဝါကျင်ကျင် လက်သီးကြီးမှာ ရွှီနင်ထံသို့ အရှိန်ဖြင့် ပြေးဝင်လာချိန်တွင် ဒီရေလက်သီးမှာလည်း ချက်ချင်းပင် စုစည်းသွားခဲ့ချေပြီ။
ရွှီနင်က သူ၏ လက်မောင်းစွပ်ကို အသက်သွင်းထားပြီးဖြစ်ရာ အပြာရောင် ဒီရေလက်သီးမှာ အစစ်အမှန်သဖွယ် ထင်ရှားနေလေသည်။
ဘုန်း
လက်သီးတံဆိပ်နှစ်ခု ထိမိသွားပြီးနောက် ပေါက်ကွဲထွက်သွားတော့သည်။ တိုက်ခိုက်မှု၏ အရှိန်ကြောင့် ရွှီနင်နှင့် ချန်ရှောင်းယိတို့မှာ နောက်သို့ တစ်ဝက်ခန့် လွင့်စင်သွားကြသည်။
‘သူက ဟင်းလင်းပြင်နယ်ပယ် ဆဋ္ဌမအဆင့်ကို တကယ်ပဲ ချိုးဖျက်နိုင်ခဲ့တာပဲ’
ချန်ရှောင်းယိ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပေါ်လာသည်။
‘သူက ဂုဏ်သတ္တိနယ်ပယ်မှာပဲ ရှိသေးတာကို သူ့ရဲ့ လက်သီးက ငါ့ထက်တောင် ပိုပြီး အားကောင်းနေပါလား။ ငါ့ရဲ့ လက်သီးထဲမှာ မူလအစွမ်းသာ မပါရင် ငါ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး’
‘ရွှီနင်က သူ့ရဲ့ ကိုယ်ပိုင်အစွမ်းနဲ့ ဒီလိုမျိုး မလုပ်နိုင်တာ သေချာတယ်။ သူ ပြင်ပအားတစ်ခုခုကို သုံးနေတာပဲ ဖြစ်ရမယ်။ အဲဒီပြင်ပအားကလည်း တာအိုလက်နက်တစ်ခု ဖြစ်နိုင်တာပဲ’
ချန်ရှောင်းယိက အချက်အလက်အချို့ကို ခန့်မှန်းလိုက်မိသည်။
“အားကောင်းသားပဲ”
ချန်ရှောင်းယိက ရယ်မောလိုက်သည်။
သူက ဟန်ဆောင်မနေတော့ဘဲ ပြောလိုက်လေသည်။
“ရွှီနင်... မင်းဆီက တာအိုလက်နက်နဲ့ အဲဒီရတနာကို ပေးလိုက်စမ်း။ ဒါဆိုရင် မင်းရဲ့အသက်ကို ချန်ထားပေးမယ်။ မဟုတ်ရင်တော့ မင်း ဒီမှာတင် သေရလိမ့်မယ်”
“မင်းရဲ့ ခွန်အားက တိုးတက်လာပြီး ဂုဏ်သတ္တိနယ်ပယ်ကို ရောက်သွားပေမဲ့ တံဆိပ်တော်နယ်ပယ်က သိုင်းပညာရှင်တစ်ယောက်ကိုတော့ မယှဉ်နိုင်သေးပါဘူး။ မင်းဆီမှာ တာအိုလက်နက် ရှိနေရင်တောင် ငါ့ကို အနိုင်မတိုက်နိုင်ဘူး။ ဒါ့အပြင် မင်းမှာ တာအိုလက်နက် ရှိနေရင်ကော ဘာဖြစ်လဲ။ ငါ့မှာလည်း ရှိတာပဲလေ”
ချန်ရှောင်းယိက တံစဉ်ကို ထုတ်လိုက်သည်။
သူသည် ယခင်က ဤကဲ့သို့သော လက်နက်မျိုးကို အသုံးမပြုဖူးသော်လည်း တံဆိပ်တော်နယ်ပယ် သိုင်းပညာရှင်တစ်ဦး ဖြစ်သဖြင့် ကျွမ်းကျင်အောင် လုပ်ဆောင်ရန်မှာ အတော်လေး လွယ်ကူလှပေသည်။
ချန်ရှောင်းယိက လက်ထဲမှ တံစဉ်ကို ဝှေ့ယမ်းလိုက်ရာ ဝါကျင်ကျင် အလင်းတန်းများ ထွက်ပေါ်လာလေသည်။
တံဆိပ်တော်နယ်ပယ် သိုင်းပညာရှင်တစ်ဦးက တာအိုလက်နက်ကို အသုံးပြုသည့်အခါ သူ၏ ခွန်အားမှာ ပို၍ ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ထိုလက်နက်ထံမှ ဖိအားတစ်ခုကို ရွှီနင် ခံစားလိုက်ရသည်။
သို့သော် ရွှီနင်က ကြောက်ရွံ့မသွားဘဲ ဦးစွာ စတင်တိုက်ခိုက်လိုက်လေသည်။
“ဓားတံဆိပ်”
ရွှီနင်၏ လက်မှာ ဓားလက်ညှိုးအဖြစ် ပြောင်းလဲသွားပြီး ရေစီးပမာ ဓားတံဆိပ်များနှင့် ဖြာထွက်မီးလျှံ ဓားတံဆိပ်များစွာမှာ ချက်ချင်း ပေါ်လာလေသည်။
ဓားတံဆိပ်များစွာ စုစည်းသွားပြီးနောက် ချန်ရှောင်းယိထံသို့ ခုတ်ပိုင်းသွားကြသည်။
‘ရေဓားတံဆိပ်ရော မီးဓားတံဆိပ်ပါ အားကောင်းနေပါလား။ ရွှီနင်ဆီမှာ မတူညီတဲ့ တာအိုလက်နက် နှစ်ခု ရှိနေတာပဲ’
ချန်ရှောင်းယိမှာ ထပ်မံ အံ့သြသွားရပြန်သည်။
ရွှီနင်က ဂုဏ်သတ္တိအားလုံးပါဝင်သော တာအိုလက်နက်တစ်ခုကို ရရှိထားလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
ချန်ရှောင်းယိက သူ၏ တံစဉ်ကို ဝှေ့ယမ်းကာ ရွှီနင်၏ ဓားတံဆိပ်များကို ခုခံတိုက်ခိုက်လိုက်သည်။
ချန်ရှောင်းယိ၏ မြေဓာတ်စွမ်းအားကို စုပ်ယူပြီးနောက် တံစဉ်ကို ဝှေ့ယမ်းလိုက်တိုင်း ဝါကျင်ကျင် အလင်းကွင်းများ ထွက်ပေါ်လာလေသည်။
ဝါကျင်ကျင် အလင်းနှင့် ရွှီနင်၏ ဓားတံဆိပ်တို့မှာ တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွားကြသော်လည်း ပြင်းထန်သော တုန်ခါမှုများကို ဖြစ်ပေါ်စေခဲ့သည်။
ရွှီနင်က လုံးဝ ရပ်တန့်မသွားပေ။ သူသည် ခန္ဓာကိုယ်အတွင်းရှိ ချီကို အသက်သွင်းကာ တစ်ချက်ပြီးတစ်ချက် လက်သီးဖြင့် ထိုးနှက်လိုက်လေသည်။
‘ငါ ရွှီနင်ကိုတောင် အနိုင်မတိုက်နိုင်ဘူးလား’
သူတို့ တိုက်ခိုက်လေလေ ချန်ရှောင်းယိမှာ ပို၍ အံ့သြလေလေ ဖြစ်လာခဲ့သည်။
သူက အဆင့်မြင့်နယ်ပယ်တွင် ရှိနေသဖြင့် အသာစီးရနေသော်လည်း ထိုအသာစီးရမှုကို အောင်ပွဲအဖြစ် မပြောင်းလဲနိုင်ခဲ့ပေ။
ထိုအချက်ကို သိလိုက်ရသောအခါ ချန်ရှောင်းယိမှာ အနည်းငယ် စိုးရိမ်ပူပန်လာခဲ့သည်။
ထိုစိုးရိမ်စိတ်ကြောင့်ပင် ချန်ရှောင်းယိမှာ အားနည်းချက်တစ်ခု ပြသလိုက်မိလေသည်။
သူသည် တံစဉ်ကို ကောင်းကောင်း မကိုင်တွယ်တတ်သဖြင့် ချန်ရှောင်းယိက သူ၏ ဂုဏ်သတ္တိစွမ်းအားကို တံစဉ်ထဲသို့ ထည့်သွင်းလိုက်ချိန်တွင် ဟာကွက်တစ်ခု ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။
“အခွင့်အရေးပဲ”
ရွှီနင်က ထိုအခွင့်အရေးကို အရယူလိုက်လေသည်။
ရွှီနင်က သူ၏ အစွမ်းရှိသမျှကို အသက်သွင်းကာ ဓားတံဆိပ်နှင့် လက်သီးတံဆိပ်များကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်သည်။
ချန်ရှောင်းယိမှာ တာအိုလက်နက်၏ အကူအညီဖြင့် ခုခံနိုင်ခဲ့သော်လည်း ယခုမူ သူ၏ တာအိုလက်နက်မှာ အစွမ်းကျသွားသဖြင့် ပြင်းထန်သော တိုက်ခိုက်မှုများကို မကာကွယ်နိုင်တော့ပေ။
‘တောက်’
ချန်ရှောင်းယိမှာ ဓားတံဆိပ်နှင့် လက်သီးတံဆိပ်များကြားတွင် ချက်ချင်းပင် နစ်မြုပ်သွားတော့သည်။
တံဆိပ်နှစ်ခုလုံးမှ ဂုဏ်သတ္တိစွမ်းအားများမှာ ချန်ရှောင်းယိ၏ ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်း စီးဝင်သွားလေသည်။
“ရွှီနင်... ငါ့ကို လွှတ်ပေးပါ”
ချန်ရှောင်းယိမှာ သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်၍မရတော့မှန်း ခခံစားလိုက်ရသည်။
“ငါ့ဆီမှာရှိတဲ့ တာအိုလက်နက် သုံးခုလုံးကို မင်းကို ပေးပါ့မယ်”
ရွှီနင်က လုံးဝ စိတ်မလှုပ်ရှားပေ။
ရွှပ်
ရွှီနင်၏ လက်ထိပ်များမှ ဂုဏ်သတ္တိများမှာ ထက်ရှသော ဓားအဖြစ်သို့ ပြောင်းလဲသွားပြီး ချန်ရှောင်းယိ၏ လည်ပင်းကို ဖောက်ဝင်သွားလေတော့သည်။
“မင်း...”
ချန်ရှောင်းယိက ရွှီနင်ကို အမုန်းတရားများ ပြည့်နှက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
သို့သော် ချန်ရှောင်းယိတွင် လက်စားချေရန် အခွင့်အရေး မရှိတော့ပေ။
ချန်ရှောင်းယိမှာ မြေပြင်ပေါ်သို့ လဲကျကာ အသက်ပျောက်သွားလေတော့သည်။
“ဟူး”
ချန်ရှောင်းယိ လဲကျသွားသည့်အချိန်တွင် ရွှီနင် သက်ပြင်းတစ်ချက် ချလိုက်မိသည်။
တာအိုလက်နက် ရှိထားသော ချန်ရှောင်းယိမှာ တစ်ပွဲလုံးတွင် အသာစီးရနေခဲ့ခြင်း ဖြစ်သည်။
အကယ်၍ သူသာ တံစဉ်တာအိုလက်နက်ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးမပြုနိုင်ခဲ့ပါက နောက်ဆုံးရလဒ်မှာ ပြောရန် ခက်ခဲပေလိမ့်မည်။
ရွှီနင်၏ မျက်နှာမှာ ဖြူဖျော့နေသည်။ ခုနက တိုက်ပွဲမှာ သူ၏ ခွန်အားများကို အတော်လေး ကုန်ဆုံးစေခဲ့သည်။
ရွှီနင်က မြေပြင်ပေါ်တွင် ထိုင်လိုက်သည်။ သူ၏ ခွန်အား၊ ချီနှင့် ဂုဏ်သတ္တိစွမ်းအားများမှာ လုံးဝ ကုန်ဆုံးသွားခဲ့ချေပြီ။
‘ကံကောင်းလို့ ဒီမိစ္ဆာသားရဲတွေက ငါ့ကို ကြောက်နေကြတာ။ မဟုတ်ရင်တော့ အလယ်အလတ်အဆင့် ဟင်းလင်းပြင်နယ်ပယ် မိစ္ဆာသားရဲ တစ်ကောင်တည်းနဲ့တင် ငါ့အတွက် အန္တရာယ်ရှိနိုင်တယ်’
ရွှီနင်နှင့် ချန်ရှောင်းယိတို့ တိုက်ခိုက်နေစဉ်အတွင်း ပတ်ဝန်းကျင်ရှိ မိစ္ဆာသားရဲများမှာ ပွဲကြည့်ပရိသတ်များကဲ့သို့ ကြည့်နေခဲ့ကြသည်။
ချန်ရှောင်းယိ သေဆုံးသွားသော်လည်း ထိုမိစ္ဆာသားရဲများမှာ သူ့ကို စိုက်ကြည့်နေကြဆဲ ဖြစ်သည်။
နောက်ထပ် ဘာဆက်လုပ်ရမည်မှန်း ရွှီနင် မသိတော့ပေ။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားပြီး ရွှီနင်၏ ခွန်အားများမှာလည်း ပြန်လည် အားဖြည့်လာခဲ့သည်။
ဤမိစ္ဆာသားရဲများက သူ့ကို ဒုက္ခမပေးသရွေ့ သူလည်း ဂရုစိုက်နေရန် မလိုအပ်ပေ။
ရွှီနင်က ချန်ရှောင်းယိ၏ အနားသို့ လျှောက်သွားပြီး ရှာဖွေကြည့်လိုက်သည်။
“တာအိုလက်နက် သုံးခု”
ချန်ရှောင်းယိထံတွင် တာအိုလက်နက် သုံးခုမှလွဲ၍ အခြား တန်ဖိုးရှိသည့်အရာ မတွေ့ရပေ။
‘ငါ မမှားဘူးဆိုရင် ဒီတာအိုလက်နက် သုံးခုက ချန်ရှောင်းယိ ဒီနန်းတော်ထဲမှာ ရခဲ့တာ ဖြစ်ရမယ်’
ရွှီနင်က ခန့်မှန်းလိုက်သည်။
‘ခုနက သူ ဒီတာအိုလက်နက်ကို သုံးရတာ တော်တော်လေး စိမ်းနေတာကိုကြည့်ရင် သူ ဒါကို လေ့ကျင့်မထားခဲ့တာ သိသာတယ်’
ရွှီနင်က ထိုတာအိုလက်နက် သုံးခုကို သူ၏ သိုလှောင်နေရာထဲသို့ ထည့်လိုက်လေသည်။
ထိုလက်နက်များအနက် တစ်ခုမှာ မီးဓာတ်ပါသော်လည်း သူ့တွင် သံမဏိလက်မောင်းစွပ် ရှိနေသဖြင့် သူ့အတွက် မလိုအပ်ပေ။
ဂုဏ်သတ္တိအားလုံးပါဝင်သော တာအိုလက်နက် တစ်ခုတည်းနှင့်တင် လုံလောက်လှပေသည်။
ထို့နောက် ရွှီနင်က ချန်ရှောင်းယိ၏ အလောင်းကို ရှင်းလင်းလိုက်သည်။
ရွှီနင်၏ ရန်သူအားလုံးကို ရှင်းလင်းပြီးသွားခဲ့ချေပြီ။
“ဒီမိစ္ဆာသားရဲတွေက”
ရွှီနင်က ငြိမ်သက်စွာ ရပ်နေကြသော မိစ္ဆာသားရဲများမှာ ရုတ်တရက် တုန်ယင်လာသည်ကို သတိထားမိလိုက်သည်။
ဝူး
အဆင့်မြင့် ဟင်းလင်းပြင်နယ်ပယ် မိစ္ဆာသားရဲဖြစ်စေ၊ အားနည်းသော သားရဲဖြစ်စေ အားလုံးမှာ မြေပြင်ပေါ်သို့ ဝပ်စင်းသွားကြလေသည်။
“ဘာတွေ ဖြစ်နေတာလဲ”
ရွှီနင်ကလည်း နိုးနိုးကြားကြား ရှိနေခဲ့သည်။
သူ၏အနားရှိ ဟင်းလင်းပြင်မှာ ရုတ်တရက် ပုံပျက်သွားခဲ့သည်။
အတောင်ပံပါသော ကျားမိစ္ဆာသားရဲကြီးတစ်ကောင်မှာ နန်းတော်ထဲတွင် ပေါ်ထွက်လာလေသည်။
ထိုသားရဲကြီး၏ ဦးခေါင်းပေါ်တွင် ငွေရောင်ကြောင်လေးတစ်ကောင် ရပ်နေလေသည်။
“ဒါ ကျားမိစ္ဆာသားရဲကြီးပဲ”
ရွှီနင်က ချက်ချင်း မှတ်မိလိုက်သည်။
“သူ့ခေါင်းပေါ်ကဟာက... မီးခိုးရောင်လေးလား”
ရွှီနင် အံ့သြသွားရသည်။
မီးခိုးရောင်လေးက ဘယ်တုန်းက ဒီလျှို့ဝှက်နယ်မြေထဲ ရောက်နေတာပါလိမ့်။