အခန်း (၃၇၆-၃၇၈)
Vol. 26 Ch. 376-378
(376)နတ်သူငယ်တိုင်းပြည်သို့ရောက်ရှိခြင်း
"အချိန်ကျပြီ"ဂျိတ်သည် ရေရွတ်လိုက်ကာ သူ၏လက်အား ဝေ့ယမ်းလိုက်လေသည်။ထိုအခါ သူ၏ရှေ့၌ တံခါးပေါက်တစ်ခုပေါ်ပေါက်လာလေသည်။ထိုတံခါးထဲသို့ ဂျိတ်သည် ဝင်ရောက်လိုက်သည်နဲ့"ဝုန်း"ကြီးမားကျယ်ပြန့်သောအလင်းတန်းကြီးကို စတင်တွေ့မြင်ရတော့သည်။ထိုအလင်းတန်းသည် သာမန်လူများအဖို့တွက် မျက်လုံးကန်းစေနိုင်သည်အထိ ပြင်းထန်သော်လည်း ဂျိတ်အတွက်တော့ ပမွှားလေးသာဖြစ်ပေသည်။ထိုအလင်းတန်းသည် စက္ကန့်သုံးဆယ်မျှအထိ လင်းထိန်ပြီးနောက်ပျောက်ကွယ်သွားလေသည်။ဤသည်မှာ နတ်သူငယ်တို့၏ပြုလုပ်ထားသောအစီရင်အစွမ်းကြောင့်ဖြစ်၏။နတ်သူငယ်မဟုတ်တိုင်း ဝင်ရောက်လာပါက ထိခိုက်သွားစေရန် ရည်ရွယ်လုပ်ဆောင်ထားကြသည်လည်းဖြစ်သည်။ဟုတ်ပေသည်။လက်ရှိဂျိတ်ရောက်ရှိနေသောနေရာသည် နတ်သူငယ်များတည်ရှိရာ နတ်သူငယ်တိုင်းပြည်တွင်ဖြစ်သည်။ထိုနတ်သူငယ်တိုင်းပြည်သည် သိုင်းစစ်သည်တော်မြေနဲ့သီးခြားနေသော ကမ္ဘာဖြစ်သည်။နတ်သူငယ်များနေထိုင်ရာကမ္ဘာသည် ထူးခြားသောဥပဒေသများဖြင့် ဖုံးလွှမ်းထားသောကြောင့် လူသူအရောက်ပေါက်ခဲယဥ်းလွန်းလှပေသည်။ ရောက်ရှိပါကလည်း နတ်သူငယ်များကြောင့် ပြန်လည်လွတ်မြောက်နိုင်ရန် မဖြစ်နိုင်ပေ။ဂျိတ်လည်း ရောက်ရှိပြီးသည်နဲ့ သူ၏ပုံစံအား ပြောင်းလဲလိုက်လေသည်။ပြောင်းလဲရာ၌ များများစားစားပြောင်းလဲသည်မဟုတ်ပဲ သူ၏နားရွက်များသာ ချွန်လာခြင်းဖြစ်ပေသည်။နတ်သူငယ်တို့၏နားရွက်များအတိုင်းဖန်တီးပြီးသည်နဲ့ အယ်လီနာအားရှာဖွေရန် နတ်သူငယ်တိုင်းပြည်သို့ဝင်ရောက်လာလေသည်။စနစ်၏ရှာဖွေမှုအရ အယ်လီနာသည် နတ်သူငယ်တိုင်းပြည်၏နန်းတော်ထဲ၌ ရှိနေကြောင်း ဂျိတ်သိထားသည်ဖြစ်သည်။"ဟင်"စနစ်၏သတိပေးချက်ကြောင့် ဂျိတ်အနည်းငယ်အံသြသွားလေသည်။အကြောင်းမှာ နတ်သူငယ်တိုင်းပြည်၏ဘုရင်သည် အလွန်တရာအစွမ်းထက်သောကြောင့်ဖြစ်သည်။သူ၏ခွန်အားသည် နတ်သူငယ်တိုင်းပြည်၌ ပြိုင်ဘက်ကင်းကာ အဆင့်ဖြင့်ပြောပြရသော် စစ်သည်တော်နတ်ဘုရားအဆင့်ပင်ရောက်ရှိပြီးသူဖြစ်ကြောင်း သိရလေသည်။"စိတ်ဝင်စားစရာပဲ"ဂျိတ်သည် ပြုံးလိုက်ပြီး နတ်သူငယ်တိုင်းပြည်ထဲသို့ဝင်ရောက်လာလိုက်လေသည်။ဝင်ရောက်လိုက်သည်နဲ့ ထူးခြားဆန်းပြားသော အရာများကို စတင်တွေ့ရှိရလေသည်။နေရာတိုင်း၌ ကြီးမားသောသစ်ပင်အိမ်ကြီးများရှိကြကာ ချောမောလှပသောနတ်သူငယ်များကို နေရာတိုင်း၌တွေ့ရှိရလေသည်။ သူတို့ဝတ်ဆင်ထားသောအဝတ်စားများသည်လည်း သစ်ပင်မှရရှိသော အခေါက်အကာများသစ်ရွက်များဖြင့်လုပ်ထားသော်လည်း အလွန်ပင်လှပပြီးဝတ်ရသည်လည်းသက်တောင့်သက်သာဖြစ်စေကြောင်း တွေ့ရလေသည်။နတ်သူငယ်တိုင်းသည် တူညီမှုမရှိကြောင်းတွေ့ရလေသည်။တောင်ပံပါ၍ပျံနိုင်သော နတ်သူငယ်များရှိသလို မပျံသန်းနိုင်သောနတ်သူငယ်များလည်းရှိကြောင်းတွေ့ရလေသည်။ "အော် ဒါကြောင့်ကိုး"နတ်သူငယ်များသည် ဒြပ်စင်ငါးမျိုးထဲမှ တစ်ခုခုဖြင့်မွေးဖွားလာသူများဖြစ်ကြပြီး ကျွမ်းကျင်စွာအသုံးပြုနိုင်ကြသူများဖြစ်ကြလေသည်။ပါရမီပါသူများကား ဒြပ်စင်နှစ်မျိုးနဲ့အထက်ကို သုံးစွဲနိုင်ကြလေသည်။သူတို့၏သာမန်ခွန်အားကို စစ်သည်တော်အဆင့်ဖြင့်နှိုင်းယှဥ်ပါက ရွှေအဆင့်ရှိစစ်သည်တော်မျှအထိ ရှိကြောင်းတွေ့ရလေသည်။ထိုအကြောင်းရာများသည် စနစ်၏အချက်လက်များကြောင့် ဂျိတ်သိရှိလိုက်ရလေသည်။"သူကဘယ်သူလဲ ချောလိုက်တာ""အေ ဟုတ်တယ်ဟေ့"နတ်သူငယ်မလေးများသည် ဂျိတ်အားတွေ့သည်နဲ့ အချင်းချင်းတီးတိုးပြောဆိုနေကြလေသည်။နတ်သူငယ်အများစုသည် အသားဖြူပြီး ဆံပင်ရွှေရောင်ရှိသူများဖြစ်ကြလေသည်။မျက်နှာမှာ ချောမောလှပပြီး သာမန်ကိုယ်ခန္ဓာပိုင်ဆိုင်ကြသည်။လက်ရှိဂျိတ်သည် အသားအနည်းငယ်ညိုပြီး ဆံပင်အနက်ရောင်သန်းသည်။ဂျိတ်၏မျက်နှာသည် ယောကျာ်းဆန်းသောအသွင်ရှိပြီး တောင့်တင်းသောကိုယ်ခန္ဓာပိုင်ဆိုင်ထားသောကြောင့် သတိထားမိကြသည်လည်းဖြစ်သည်။ထို့ပြင် ဂျိတ်ဝတ်ဆင်ထားသော အဝတ်စားများလည်းထူးခြားသည်ဖြစ်ရာ နတ်သူငယ်များကြား၌ ထင်ပေါ်နေသည်။ဂျိတ်သွားရာလမ်းတစ်လျှောက်၌ နတ်သူငယ်မလေးများသည်လည်း လိုက်ပါလာကြသည်။အချိန်တစ်ခုကြာသောအခါ ဂျိတ်၏နောက်၌စုဝေးနေသော နတ်သူငယ်များသည် အုပ်စုလိုက်ကြီးဖြစ်ပေါ်လာလေတော့သည်။"ဟူး ခန့်ညားရတာလည်းမလွယ်ပါလား"ဂျိတ်သည် မိမိကိုယ်ကိုသက်ပြင်းချပြီး မိမိသွားလိုရာနေရာကိုသာ ဆက်သွားနေသည်။သူဦးတည်သွားနေသော နေရာသည်ကား နန်းတော်ရှေ့သို့ဖြစ်သည်။"ဘာတွေဖြစ်နေတာလဲ"နတ်သူငယ်တစ်ယောက်သည် စစ်ဝတ်တန်ဆာများဆင်ယင်ထားပြီး သူ၏ဘေးနတ်သူငယ်အားမေးလိုက်လေသည်။"ကြည့်ရတာ ဟိုထူးခြားနတ်သူငယ်နောက်ကိုလိုက်လာကြတာပါ"ထိုစကားကြောင့် စစ်ဝတ်တန်ဆာများဝတ်ဆင်ထားသော နတ်သူငယ်သည် ဒေါသထွက်သွားလေသည်။သူသည် နတ်သူငယ်မများ၏ကြွေခြင်းကိုခံထားရသော နတ်သူငယ်တစ်ယောက်ဖြစ်သည်။ပျိုတိုင်းကြိုက်သော နတ်သူငယ်တစ်ပါးဆိုလည်းမမှားပေ။ယနေ့၌သူရှိနေသော နေရာ၌သူ့ထက်သာလွန်သော နတ်သူငယ်တစ်ပါးရောက်လာပြီး ထိုနတ်သူငယ်အား နတ်သူငယ်မလေးများက ဝန်းရံနေကြောင်းတွေ့သောအခါ မနာလိုသဝန်တိုစိတ်များပြားလာလေသည်။ထိုသို့ဖြစ်လာသည်နဲ့ ထိုနတ်သူငယ်သည် သူ၏ကျော၌လွယ်ထားသော နတ်လေးအားထုတ်ပြီး ဂျိတ်အားချိန်ကာ ပစ်ခွင်းလိုက်သည်။"လေခွင်းမြှား"လေအထူးပြုနတ်သူငယ်တစ်ယောက်၏ပစ်ချက်ဖြစ်သောကြောင့် မြှားသည်အလွန်ပင်မြန်ဆန်လှပေသည်။သူ၏ဦးတည်ရာကား ဂျိတ်၏နှလုံးတည့်တည့်ပင်ဖြစ်သည်။"ရာရာစစ"ဂျိတ်သည် အယ်လီနာရှာရန်အတွက် ရောက်ရှိလာချိန်၌ မိမိအား တစ်စုံတစ်ယောက်မှ မြှားဖြင့်ပစ်ကြောင်းသိရှိလိုက်ရသောကြောင့် ဒေါသထွက်လာလေသည်။"ချွမ်း"ဂျိတ်သည် မြန်ပေ့ဟူသောမြှားအား လက်ဖြင့်အသာယာဖမ်းပြီးချိုးပစ်လိုက်လေသည်။"မဆိုးဘူးပဲ".နတ်သူငယ်သည် သူ၏မြှားအား ဂျိတ်မှချိုးကြောင်း မြင်သောအခါနောက်ထပ်မြှားသုံးချောင်းအား လေးပေါ်သို့တင်ပြီးပစ်ရန်လုပ်လိုက်သည်။သူ၏လေးပေါ်သို့ မြှားသုံးချောင်းတင်ရုံသာရှိသေး"မင်းလားကွ ငါ့ကိုပစ်တာ"အသံနဲ့အတူ လေးတင်သောနတ်သူငယ်သည် လွင့်စင်သွားပြီး တစ်ခုသောသစ်ပင်အိမ်ထဲသို့ရောက်ရှိသွားလေသည်။"ဝုန်း""ဘာဖြစ်ကုန်တာလဲ"နတ်သူငယ်မလေးများသည် ထွက်ပေါ်လာသောအသံကြောင့် လန့်ဖြတ်သွားလေသည်။သူတို့လိုက်နေသော ထူးခြားသောနတ်သူငယ်ကောင်လေးပျောက်ကွယ်သွားသည်နဲ့အတူ ထိုအသံထွက်ပေါ်လာသောကြောင့်ဖြစ်သည်။"ဟင်.... လွင့်သွားတဲ့သူက ရိုမီမလား"နတ်သူငယ်မ၏စကားကြောင့် ပတ်ဝန်းကျင်၌ရှိကုန်သောနတ်သူငယ်တိုင်း အခင်းဖြစ်ရာနေရာသို့ကြည့်လိုက်ကြလေသည်။ရိုမီသည် နတ်သူငယ်များကြား၌ထင်ရှားပေါ်လွင်သော လေးသည်တော်နတ်သူငယ်တစ်ပါးဖြစ်သည်။သူ၏အစွမ်းထက်သောလေးပစ်ချက်များကြောင့်ကျော်ကြားသော နတ်သူငယ်ဆိုလျှင်လည်းမမှားပေ။လက်ရှိ၌ နတ်သူငယ်တိုင်း၏အာရုံသည် ရိုမီနဲ့ဂျိတ်အပေါ်ရောက်ရှိနေကြသည်။ သူတို့သည် ရိုမီ၏မြှားပစ်ခတ်မှုကြောင့် ဖြစ်ပေါ်သည်ကိုမသိကြပေ။မသိရအောင်လည်း မြှားပစ်ချက်သည်အလွန်မြန်သလို ဂျိတ်သည်လည်း မြန်ဆန်နေသောကြောင့်ဖြစ်သည်။"မင်းနဲ့ငါက မသိမမြင်ဖူးတာကို ဘာကြောင့်ငါ့ကိုသတ်ချင်နေတာလဲ"ဂျိတ်သည် ရိုမီအားကြည့်ကာ ပြောလိုက်လေသည်။ရိုမီသည် သစ်ပင်အိမ်မှပြန်လည်ထွက်ပေါ်လာပြီး"ဘာကြောင့်လဲ...ဟုတ်လား...ငါ့မျက်စိထဲမှာမင်းကသေကိုသေသင့်တယ်လို့ခံစားရလို့ပဲ...အခုလိုငါ့ကိုလုပ်တာကြောင့်မင်းကသေချာပေါက်သေသင့်သွားပြီ"သစ်ရွက်ဖြင့်စစ်ဝတ်တန်ဆာပြုလုပ်ပြီးဝတ်ဆင်ထားသော ချောမောသောနတ်သူငယ်တစ်ယောက်က မိမိအားသေသင့်ကြောင်း ခံစားရသောကြောင့်ပစ်သည်ဟုကြားရသောအခါ ဂျိတ်၏စိတ်သည်ထောင်းခနဲဒေါသထွက်သွားရသည်။သူကြားဖူးသောနတ်သူငယ်များသည် စိတ်ထားအလွန်နူးညံပြီး ယဥ်ကျေးသိမ်မွေ့သည်သာဖြစ်သည်။လက်ရှိအဖြစ်ပျက်ကိုတွေ့ရသောအခါ မိမိကြားသည်များမှာ အတော်လေးလွှဲမှားနေကြောင်း တွေ့ရလေသည်။"သေပေတော့"ရိုမီသည် မြန်ဆန်စွာပင်သူ၏လေး၌မြှားလေးချောင်းတင်ကာ ဂျိတ်အားပစ်လိုက်သည်။"သည် နတ်သူငယ်သဘောက်မသားကတော့"ဂျိတ်လည်း ပညာပေးရန်ဆုံးဖြတ်လိုက်ပြီဖြစ်သည်။
(377)နန်းတော်ထဲရောက်ရှိခြင်း
ဂျိတ်ဒေါသထွက်သည်နဲ့ ရိုမီသည် သေရမည့်ကံကိုကြုံဆုံရပြီဖြစ်သည်။ "အင့်" ရိုမီသည် သူ၏မြှားများကို လေးပေါ်တင်ပြီးဆွဲရုံရှိသေး၏။ဂျိတ်၏လက်သီးတစ်လုံးက သူ၏ရင်ဘတ်ထည့်ထည့်သို့ မိတ်ဆက်ပေးလိုက်ပြီဖြစ်သည်။ ဂျိတ်၏လက်သီးသည် မြန်ပေ့ဟူသောနတ်သူငယ်၏လက်ကို အသာယာပင်ကျော်ပြီးထိုးပစ်လိုက်သည်လည်းဖြစ်သည်။ "ခရက်..." လွန်စွာပြင်းထန်လှသောကြောင့် နတ်သူငယ်၏ကိုယ်တွင်းအင်္ဂါအစိတ်ပိုင်းများအားလုံး လုံးဝစုတ်ပျက်သွားပြီဖြစ်သည်။ထို့နောက် အတော်တန်အောင်လွင့်စင်သွားလေသည်။"မင်း..မင်း" ရိုမီသည် ဂျိတ်အားကြောက်လန့်သွား၏။သူ၏တစ်ချက်တည်းသောလက်သီးက သူ၏ကိုယ်တွင်းအင်္ဂါများအား ပျက်စီးစေခဲ့သောကြောင့်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဒေါသလည်းဖြစ်မိသည်။သူ့လို နတ်သူငယ်အား မမြင်ဖူးသောအနူစုတ်နတ်သူငယ်ကောင်က မိမိထက်သာလွန်သည့်ခွန်အားဖြင့် အနိုင်ယူလိုက်သောကြောင့်ဖြစ်သည်။"မဖြစ်နိုင်ဘူး ပြန်ကုသစမ်း" ရိုမီသည် သူ၏အသက်ဓာတ်စွမ်းအားကို နှိုးထရန်ကြိုးစားလိုက်၏။ ပါရမီရှင်ဖြစ်သည့်အလျောက် သစ်သားစွမ်းအင်လည်းပိုင်ဆိုင်သူဖြစ်သည်။ သူ၏သစ်သားဓာတ်သည်လည်း ချက်ချင်းပင် တုံပြန်လာပြီး သူ၏ကိုယ်တွင်း၌ပျက်စီးနေသောအရာမှန်သမျှအား အားဖြည့်တင်းပြီးကုသခြင်းစတင်တော့သည်။ "အသုံးမဝင်ဘူး" ဂျိတ်မှပြောလိုက်သည်။တကယ်လည်း အသုံးမဝင်ပေ။လက်သီးချက်၌ သေခြင်းအငွေ့သက်ထည့်သွင်းထားသောကြောင့်ဖြစ်၏။ ထိုးလိုက်တည်းက နတ်သူငယ်၏ရန်သူဖြစ်သော သေခြင်းကိုမိတ်ဆက်ပေးပြီးသားဖြစ်၏။ ရိုမီတစ်ယောက် ဒဏ်ရာပြင်းထန်သည်ဖြစ်စေမပြင်းထန်သည်ဖြစ်စေ သူကုသရန်ကြိုးစားလိုက်သည်နဲ့ သေမင်းလက်ထဲရောက်ရှိသွားမည်လည်းဖြစ်ပေသည်။ ထိုအချက်ကို ရိုမီအားလုံးဝမသိ။သူ၏သစ်သားဓာတ်အား အပြင်းထန်ပင်ထုတ်သုံးလေသည်။ ထိုသေခြင်းအငွေ့သက်သည် ရိုမီမှအသက်ဓာတ်ခေါ် သစ်သားဓာတ်ထုတ်သုံးသည်နဲ့ ချက်ချင်းဆိုသလို ခုန်ပေါက်လာပြီး ထိုသစ်သားဓာတ်အား စတင်စားသုံးသည်။ဤသို့ဖြင့် သေခြင်းတရားအငွေ့သက်သည် ကြီးထွားလာပြီးအသက်ဓာတ်များကိုစားသုံးပစ်၏။ "အား မဟုတ်ဘူး. ရိုမီတစ်ယောက် နောင်တကြီးစွာရလေ၏။သို့သော်လည်း နောက်ကျသွားလေပြီဖြစ်သည်။သေခြင်းအငွေ့သက်သည် သူ၏သစ်သားဓာတ်အား စားသုံးပြီးသောအခါ လွန်စွာအင်အားကြီးလာပြီဖြစ်သောကြောင့် တစ်ကိုယ်လုံးရှိအသက်ဓာတ်များကိုပါ မြန်ဆန်စွာစုပ်ယူလေတော့၏။ ထို့ကြောင့် ရိုမီသည်သူ၏လုပ်ရပ်ကြောင့် ချက်ချင်းပင်သေဆုံးသွားရလေတော့၏။ "အား ရိုမီအသတ်ခံလိုက်ရပြီ" မိမိတို့ရှေ့၌ ကျော်ကြားသောရိုမီတစ်ယောက် အိုမင်းရင့်ရော်ပြီးပြာအဖြစ်ပြောင်းလဲသေဆုံးသွားသောကြောင့် နတ်သူငယ်တိုင်းကြောက်လန့်သွားကြလေသည်။၎င်းတို့သည် ထိုသို့သော သေခြင်းတရား၏အငွေ့သက်နဲ့လုံးဝမတည့်သည်ကလည်း အာရုံခံစားမိကြသောကြောင့်ဖြစ်၏။ ရိုမီအားသတ်လိုက်သောကြောင့် ဂျိတ်အားကြွေဆင်းနေကြသောနတ်သူငယ်မများသည်လည်း ကြောက်လန့်တကြား ထွက်ပြေးကြလေသည်။ အချိန်တိုအတွင်း၌ ဂျိတ်၏အနား၌ နတ်သူငယ်တစ်ယောက်မှမရှိတော့ပေ။ "ငါလည်းပျောက်နေရမယ်" ဂျိတ်လည်း မိမိအားဖမ်းဆီးရန်ပြေးလွှားလာသောနတ်သူငယ်စစ်တပ်အားအာရုံခံမိသောကြောင့် မိမိရပ်နေသောနေရာမှ ကိုယ်ယောင်ဖျောက်ကာ ပျောက်ကွယ်သွားလေသည်။ တကယ်လည်း အင်အားလေးရာမျှရှိသောနတ်သူငယ်စစ်သည်များသည် ဂျိတ်ရှိရာနေရာသို့မြန်ဆန်စွာပြေးလွှားလာခဲ့ကြသည်ဖြစ်သည်။သူတို့၏အမြန်နှုန်းမှလွန်စွာမြန်ဆန်သောကြောင့် သာမန်လူများဆိုပါက အရိပ်သာမြင်ရမည်ဖြစ်သည်။ ဂျိတ်ပျောက်ကွယ်ပြီး ငါးစက္ကန့်၌ ရိုမီသေဆုံးပြီး ပြာဖြစ်သွားရာနေရာသို့ အလွန်ခန့်ညားသော နတ်သူငယ်တစ်ယောက်မှရောက်ရှိလာပြီးလျှင် "ဒီနေရာကို ဒြပ်ငါးပါးအစီရင်နဲ့စစ်ဆေးစမ်း" ဟူ၍အမိန့်ပေးလိုက်သည်နဲ့ "ဝီး...." ကြီးမားသောအသံကြီးနဲ့ နတ်သူငယ်စစ်သည်များသည် သစ်ရွက်များအားကိုင်ကာ ဂါထာများဆိုနေကြလေသည်။ထိုအခါ သစ်ရွက်များမှ ဆန်းကြယ်သောအငွေ့သက်များစွာထွက်ပေါ်လာပြီး နေရာအနှံပြားသို့ပြန့်နှံသွားလေသည်။ ထိုအခြင်းအရာသည် ဒြပ်ကြီးငါးပါးကိုအခြေ ခံ၍ရန်သူအားရှာဖွေသောနည်းစနစ်ဖြစ်လေသည်။ ရိုမီသည် မိမိတို့မျိုးနွယ်၏ရန်သူဖြစ်သော သေခြင်းအငွေ့သက်ထိခိုက်ပြီးသေဆုံးရခြင်းဖြစ်ရာ ထိုသေခြင်းအငွေ့သက်အသုံးပြုသူအား ရှာဖွေနိုင်ရန် ထိုအစီရင်ကိုသုံးလိုက်ခြင်းလည်းဖြစ်လေသည်။ ထိုအစီရင်သည်သာ သေခြင်းတရားအငွေ့သက်အား လွယ်လွယ်ကူကူမြန်မြန်ဆန်ဆန်ရှာဖွေနိုင်ပြီး ရန်သူ၏ပုံစံကိုသိရှိနိုင်သောကြောင့်ဖြစ်၏။ တစ်မိနစ်....ဆယ်မိနစ်ကြာသောအခါ "မဖြစ်နိုင်တာ" နတ်သူငယ်စစ်သည်များ၏ခေါင်းဆောင်ဖြစ်သူသည် မျက်မှောင်ကြုံသွားလေသည်။အဘယ်ကြောင့်ဆိုသော် ရိုမီအားသတ်သွားသောသူကို ရှာမတွေ့သောကြောင့်ဖြစ်၏။ လက်ရှိမိမိတို့သုံးလိုက်သောအစီရင်သည် မိုင်ငါးရာပတ်လည်၌ရှိသောရန်သူ၏တည်နေရာကိုပင် ရှာဖွေနိုင်သော်လည်း လက်ရှိအချိန်၌ တည်နေရာမပြောနဲ့ သဲလွန်စပင်ရှာရန်ခက်ခဲနေသည်ဖြစ်သည်။ အမှန်တော့ ထိုအစီရင်သည်လွန်စွာပင် အစွမ်းထက်၏။သေခြင်းတရားအငွေ့ရှိသောသူသာဖြစ်ပါက ချက်ချင်းပင်ထိုအစီရင်ကြောင့် အဖမ်းခံရမည်ဖြစ်သည်။သို့သော်လည်း သုံးလိုက်သောသူသည် လူဖြစ်သောဂျိတ်ဖြစ်နေရာ အချိန်မည်မျှပေး၍ရှာဖွေပါစေ ရှာတွေ့နိုင်မည်မဟုတ်ပေ။နောက်ပြီး ဂျိတ်သည် ထိုအငွေ့သက်အားပမာဏအတိကျဖြင့်သုံးစွဲလိုက်ပြီးပြန်လည်ရုတ်သိမ်းလိုက်သည်ဖြစ်သောကြောင့် ဂျိတ်၏ကိုယ်၌အငွေ့သက်များ ကျန်ခဲ့ခြင်းမရှိပေ။ ("သေခြင်းတောအုပ်က ပြန်လည်လှုပ်ရှားလာတာလား") ခေါင်းဆောင်တစ်ယောက် ထိုသို့တွေးမိသည်နဲ့ ထိတ်လန့်သွားလေသည်။ထို့ကြောင့် သူ၏နတိသူငယ်စစ်သည်များအား ချက်ချင်းပင် တပ်ဖြန့်စေပြီး တစ်တိုင်းပြည်လုံးအား အသိပေးနှိုးဆော်စေခိုင်းလိုက်လေသည်။ ထိုကိစ္စသည် အလွန်ကြီးမားသောကြောင့်ဖြစ်သည်။ နတ်သူငယ်များသည် အသက်ဓာတ်ကိုမှီခိုသူများဖြစ်ပြီး သေခြင်းတရားအငွေ့သက်အားလွန်စွာကြောက်ရွံမုန်းတီးကြလေသည်။ ထို့ကြောင့် ယခင်ကရှိခဲ့သော သေခြင်းတရားမျိုးနွယ်များအား အမြစ်ဖြုတ်သုတ်သင်ခဲ့ကြသည်လည်းဖြစ်သည်။ ဂျိတ်သည်ထိုအချိန်၌ ထိုနတ်သူငယ်ခေါင်းဆောင်အနား၌မရှိတော့ပဲ နတ်သူငယ်တို့၏နန်းတော်ထဲသို့ပင်ဝင်ရောက်နေပြီဖြစ်သည်။ သူလုပ်ခဲ့သောလုပ်ရပ်သည် တစ်တိုင်းပြည်လုံးပြာပြာသလဲခတ်သွားသည်ကိုတော့ သိရှိသေးခြင်းမရှိပေ။ ဂျိတ်ကို မည်သူနတ်သူငယ်မျှသိရှိခြင်းမရှိသလို တွေ့လည်းမတွေ့နိုင်ကြပေ။ဂျိတ်သည် အစွမ်းထက်သော ကိုယ်ပျောက်လက်စွပ်ကိုဝတ်ဆင်အသုံးပြုထားသောကြောင့်လည်းဖြစ်၏။ ထို့ကြောင့် အသာယာပင် ဂျိတ်သည် နတ်သူငယ်တို့၏နန်းတော်ထဲလွယ်ကူစွာရောက်ရှိသွားသည်လည်းဖြစ်ပေသည်။ စနစ်ကိုအသုံးပြုပြီး နောက် ဂျိတ်သည် နတ်သူငယ်တို့၏နန်းတော်အားမိမ်အိမ်လိုပင် သွားလာနေတော့၏။နတ်သူငယ်တို့၏နန်းတော်သည် အလွန်ပင်ကြီးမားကျယ်ပြန့်သည်ကိုတော့ ဂျိတ်ဝန်ခံရမည်ဖြစ်သည်။ ဂရိတ်တိုင်းပြည်၏နန်းတော်ထက် ဆယ်ဆမျှကြီးမားကျယ်ဝန်းကြောင်း တွေ့ရလေသည်။ အချိန်တစ်ခုကြာသွားလာပြီးသောအခါ ဂျိတ်သည် တစ်ခုသောနန်းတော်အဆောက်ဦးရှေ့၌ရပ်လိုက်၏။ ထို့နောက် "ကိုယ်လာပြီ အချစ်ရေ"
(378)ဂျိတ်၏ဒေါသ
ထိုနန်းတော်မှ ထွက်ပေါ်လာသောအော်ရာကြောင့် ဂျိတ်အနည်းငယ် မျက်မှောင်ကြုံမိသည်။အဘယ်ကြောင့် ဆိုသော် ထိုအော်ရာသည် နတ်သူငယ်များနဲ့လားလားမျှမသက်ဆိုင်သောကြောင့်ဖြစ်၏။ "အမှောင်ထုအငွေ့သက်" ဂျိတ်သည် ရေရွတ်ပြီး ထိုနန်းတော်ထဲသို့ဝင်ရောက်သွားလေသည်။ထိုနန်းတော်ဝင်ပေါက်၌စောင့်ကြပ်နေသော နတ်သူငယ်များသည်လည်းထူးခြားကြောင်း တွေ့ရလေသည်။ ထိုနတ်သူငယ်များသည်လည်း တခြားသောနတ်သူငယ်များနဲ့လားလားမျှမတူညီပဲ ရုပ်ဆိုးသလို သူတို့၏အရပ်များကလည်း ပုံမှန်ထက်ရှည်လျားသည်ဖြစ်သည်။ထို့ပြင် သူတို့ကိုင်ဆောင်ထားသောလက်နက်များသည်လည်း အမှောင်ထုအငွေ့သက်များရှိနေသည်ဖြစ်၏။ ထိုနတ်သူငယ်များသည် ဂျိတ်တွေ့ခဲ့သောတခြားသောပုံမှန်နတ်သူငယ်များထက် ကွဲပြားပြီးပိုမိုသန်မာသည်လည်းဖြစ်သည်။အမှောင်ထုနတ်သူငယ်ဟုဆိုလည်းခေါ်ရနိုင်သည်။ သို့သော်လည်း ၎င်းတို့သည် မိမိတို့စောင့်ကြပ်လျက်ရှိသောနန်းတော်ထဲသို့ လူတစ်ယောက်ဝင်ရောက်သည်ကိုတော့ မသိလိုက်ကြပေ။ ဂျိတ်သည် သူ၏ဖုံးကွယ်မှုပုံစံဖြင့်ဆက်လက်သွားလာပြီး အခန်းတစ်ခုသို့အရောက်၌ သူ၏ဒေါသများက ငယ်ထိပ်ထိတိုင်အောင်ထိုးတက်သွားလေ၏။အကြောင်းမှာ သူ၏ဇနီးဖြစ်သူအား မြင်လိုက်ရသောမြင်ကွင်းကြောင့်ဖြစ်သည်။ သူ၏ဇနီးဖြစ်သူသည် တစ်ခုသောနံရံ၌ ရပ်လျက်အနေထားဖြင့်ရှိနေ၏။ထိုသို့ဖြစ်စေရန် သူမ၏လက်များကို ကြီးမားသောသံချောင်းကြီးများထိုးစိုက်ထားလေသည်။ခြေထောက်များတွင်လည်းထိုနည်းအတိုင်းပင်ဖြစ်၏။ လည်ပင်းတွင်လည်း အမည်မသိရသောစာများရေးသားထားသောသံကြိုးကိုလည်း တွေ့ရ၏။သံချောင်းရိုက်နှက်ထားမှုကြောင့်ထိုနေရာမှ သွေးများသည်လည်း အဆက်မပြတ်ကျဆင်းနေလေသည်။ထိုသို့သော လုပ်ဆောင်ထားမှုကြောင့် အယ်လီနာသည် ကြီးစွာသောဝေဒနါကိုခံစားနေရသည်ဖြစ်၏။ အချိန်ကြာမြင့်ပြီးဖြစ်သောကြောင့်လည်း ရုန်းနိုင်ခြင်းအော်ဟစ်နိုင်ခြင်းလည်းမရှိတော့သလို အသက်ကိုသာ အားတင်းကာ လေကိုပင် မနည်းရှုထုန်နေရသည်လည်းဖြစ်သည်။ ထိုအဖြစ်ပျက်အား ဂျိတ်ဆက်လက်သည်းခံပြီးကြည့်နေနိုင်စွမ်းမရှိတော့ပေ။ချက်ချင်းပင်လှုပ်ရှားလိုက်လေသည်။ "ခလွမ်း..." "ဂျွတ်" ဂျိတ်၏လုပ်ဆောင်မှုအောက်၌ အယ်လီနာအားထိုးစိုက်ထားသောသံချောင်းများနဲ့သံကြိုးများက ချက်ချင်းဆိုသလို ကျေမွပျက်စီးသွားတော့သည်။ "အင့်" ချုပ်ထားသော သံကြိုးများသံချောင်းများ မရှိတော့သည်ဖြစ်ရာ အယ်လီနာလည်းပြုတ်ကျလာတော့သည်။ထိုအခါ ဂျိတ်သည်လျင်မြန်စွာ ဖမ်းပွေ့လိုက်ပြီးလျှင် ချက်ချင်းပင် ကုသလိုက်တော့၏။ ဂျိတ်၏အစွမ်းထက်သောကုသမှုအောက်၌ အယ်လီနာသည် မြန်ဆန်စွာပင်အကောင်းပကတိနီးနီးရောက်ရှိလာလေတော့သည်။"ရှင် ရောက်လာခဲ့တယ်ပေါ့ အန္တရာယ်များလိုက်တာရှင်" အယ်လီနာသည် မျက်လုံးပွင့်ပွင့်ခြင်းပြောသည်က ထိုစကားပင်။ထိုစကားကြောင့် ဂျိတ်၏ရင်ထဲထိ ခံစားလိုက်ရလေသည်။ ."ငတုံးမလေး အန္တရာယ်ရှိရင်ကိုယ့်ကိုခေါ်ပါဆိုမှ" ဆိုကာ မိမိရင်ခွင်ထဲသို့ပွေ့ဖက်ထားလိုက်သည်။ မိမိချစ်သူသည် အသက်သေဘေးပင်နီးနေပြီဖြစ်သော်လည်း မိမိကိုပါထိခိုက်မည်စိုးသောကြောင့် မခေါ်ခြင်းဖြစ်ကြောင်း ဂျိတ်သိလိုက်သည်။ထိုသို့လုပ်ခြင်းသည် မိုက်ရှုးရဲဆန်ကြောင်း ပြောလိုက်ချင်သော်လည်း ပြောမထွက်ပေ။ "ကို မြန်မြန်ထွက်သွားရအောင် ဒီနေရာကအန္တရာယ်များတယ်" "ဟုတ်တာပေါ့ သေချာပေါက် အန္တရာယ်များတယ်လေ" အယ်လီနာ၏စကားကိုကြားဖြတ်ပြောဆိုသောအသံထွက်ပေါ်လာလေသည်။ထိုအသံလာရာဘက်သို့ ကြည့်လိုက်ရာ မိမိမြင်ဖူးသောသူဖြစ်ကြောင်း ဂျိတ်တွေ့လိုက်လေသည်။ ဟုတ်ပေသည်။ပထမအကြိမ် အယ်လီနာအား လာရောက်ခေါ်ဆောင်သော အယ်လီနာ၏အကိုဖြစ်သူ အယ်လန်ဖြစ်ပေသည်။ လက်ရှိ၌ သူသည် မိမိအပြစ်ပေးမှုကြောင့် ထိခိုက်ထားသောဒဏ်ရာများ ပျောက်ကင်းသွားဟန်ရှိပုံပေါ်သည့်အပြင် ယခင်ထက်လည်းပိုမိုအစွမ်းထက်လာပုံပေါ်၏။ထို့ပြင် ထူးကဲသောအစွမ်းထက်ချပ်ဝတ်တန်ဆာများလည်းဝတ်ဆင်ထားသလို သူ၏နောက်တွင်လည်း အားကောင်းသောနတ်သူငယ်များရောက်ရှိနေသည်။ ထိုနတ်သူငယ်များသည် အမှောင်ထုအငွေ့သက်ဖြင့်တစ်သားတည်းဖြစ်တည်နေသော အဆင့်မြင့်နတ်သူငယ်စစ်သည်များဖြစ်ကြလေသည်။ "ကြည့်ရတာ အရင်တစ်ခေါက်ကပညာပေးတာကို အမှတ်မရှိဘူးထင်တယ်" ထိုစကားကိုကြားသည်နဲ့ အယ်လန်သည်ဒေါသတကြီးဖြစ်သွားလေ၏။ "မင်းဘယ်လိုလုပ်ပြီး ဒီနန်းတော်ထဲထိရောက်လာတယ်ဆိုတာ ငါမသိပင်မဲ့ ငါသိတာကတော့ မင်းဒီနေ့သေကိုသေရမယ် မင်းနဲ့အတူ စောက်တုံးမကျတဲ့ငါ့ညီမလဲ သေရမယ်" အယ်လန်သည် ပြောဆိုပြီးရယ်မောလိုက်သည်။ထို့နောက် သူ၏လက်ညှိုးအား ဂျိတ်ထံညွှန်လိုက်သည်။ထိုသို့ညွှန်လိုက်သည်နဲ့ "ဝုန်း" ပြင်းထန်သောပေါက်ကွဲသံနဲ့အတူ အမှောင်ထုနတ်သူငယ်များသည် ဂျိတ်ထံပြေးဝင်လာပြီးသတ်ဖြတ်ရန်ကြိုးစားလိုက်ကြ၏။ထိုနတ်သူငယ်များသည် အယောက်နှစ်ဆယ်ဖြစ်သည်။ ထိုသို့ဖြစ်လာသည်နဲ့ ဂျိတ်သည် မိမိ၏နောက်သို့အယ်လီနာအား ပို့လိုက်၏။ထို့နောက် အမှောင်နတ်သူငယ်များဘက်သို့လှည့်ပြီး "ရှုပ်တယ် မင်းတို့လဲသေကိုသေရမယ်" အယ်လီနာဖြစ်အင်ကိုမြင်သည့်အချိန်၌ ဖြစ်ထားသောဒေါသများကို လက်ရှိမိမိအားသတ်ရန်ကြိုးစားနေသော အမှောင်ထုနတ်သူငယ်များအပေါ်သို့ ပုံချလိုက်သည်။ ချက်ချင်းပင် ဂျိတ်၏လက်နှစ်ဖက်ထဲ၌ အမည်မသိရသောလက်နက်ကရောက်ရှိလာလေတော့၏။ထိုလက်နက်ဖြင့် မိမိအားသတ်ရန်ကြံနေသောထဲမှ မိမိနဲ့နီးသော နတ်သူငယ်နှစ်ယောက်၏ခေါင်းကို ခုတ်ချလိုက်သည်။ "ဟားဟား.....ဒီနတ်သူငယ်တွေက အမှောင်ထုနတ်သူငယ်ကွ.... ခန္ဓာကိုယ်ဘယ်လောက်ထိခိုက်ထိခိုက်မသေနိုင်ဘူး" အယ်လန်သည် ဂျိတ်အားအထင်မြင်သေးစွာကြည့်ပြီး ပြောလိုက်သည်။ "ဒါဆိုရင်စိတ်မကောင်းဘူးကွာ ငါကလဲခန္ဓာကိုယ်ကိုထိခိုက်အောင်မလုပ်နေဘူးလေ" ထိုသို့ပြောဆိုပြီးသည်နဲ့ သူ၏လက်နက်အား နောက်သို့ ပြန်ဆွဲယူလိုက်သည်။ထိုအခါ ထိုလက်နက်အခုတ်ခံထားသော နတ်သူငယ်နှစ်ယောက်၏ကိုယ်မှ နတ်သူငယ်ဝိညာဥ်နှစ်ခုသည် ထွက်ပေါ်လာကြောင်း အယ်လန်မြင်တွေ့လိုက်ရလေသည်။ထိုဝိညာဥ်နှစ်ခုသည် နတ်သူငယ်နှစ်ယောက်၏ခန္ဓာမှထွက်ကာ ဂျိတ်၏လက်နက်ထဲဝင်သွားကြောင်း တွေ့လိုက်ရလေသည်။ ထိုသို့ဝင်သွားသည်နဲ့ ဂျိတ်၏လက်နက်သည် အရောင်အနည်းငယ်တောက်ပလာကြောင်းလည်း တွေ့လိုက်ရလေသည်။ "ဒါ" အယ်လန်နဲ့တကွ သတ်ဖြတ်ရန်ကြိုးစားနေသော အမှောင်နတ်သူငယ်များအားလုံး ကြက်သီးမွှေးညင်းများထလာလေ၏။ထိုသို့ခံစားမိသည်မှာ ပထမဆုံးအကြိမ်လည်းဖြစ်၏။"မစိုးရိမ်ပါနဲ့ ဒါကဟေးဒီးစ်ရဲ့လက်နက်လေးပါ မကြောက်ကြပါနဲ့" ထိုစကားကို ဂျိတ်မှပြောပြီးသည်နဲ့ ကြားလိုက်သမျှသောနတ်သူငယ်တိုင်း တုန်လှုပ်ခြောက်ခြားသွားပြီး ထွက်ပြေးရန်ကြိုးစားလိုက်ကြလေသည်။ ("ယီးမို့မပြေးရမှာလား") ထိုအတွေးကတော့ ဂျိတ်၏စကားကြားလိုက်သော အမှောင်နတ်သူငယ်တိုင်းတွေးမိကြသည့်အရာဖြစ်သည်။သူတို့သည် ငယ်စဥ်ကတည်းက မိမိတို့မျိုးနွယ်စု၏ရန်သူများဟုခေါ်နိုင်သော ရာဇဝင်များကြားဖူးကြသူများလည်းဖြစ်သည်။ ငယ်စဥ်ကတည်းကကြားဖူးသမျှထဲတွင် အရက်စက်ဆုံးသည် မြေအောက်လောကအားအုပ်စိုးသော ငရဲဘုရင်ဟေးဒီးစ်ဖြစ်ကြောင်း နတ်သူငယ်တိုင်းသိကြ၏။ထို့ကြောင့် ဟေးဒီးစ်၏နာမည်ကျော်လက်နက်ဖြစ်သော ဝိညာဥ်စုပ်ယူရိတ်သိမ်းနိုင်သော လက်နက်ကိုလည်း သိရှိထားပြီးဖြစ်သည်။ ပထမဆုံးမိမိတို့ နတ်သူငယ်နှစ်ယောက်ဝိညာဥ်ထွက်သွားပြီး ဂျိတ်၏လက်နက်ထဲဝင်သွားကတည်းက ၎င်းတို့သည် ဒွ်ိဟဖြစ်နေကြသည်ဖြစ်သည်။ဂျိတ်၏အတည်ပြုစကားလည်း ပြောပြီးသောအခါ မိမိကိုယ့်ကိုတည်ငြိမ်နိုင်စွမ်းမရှိကြတော့ချေ။ ငရဲဘုရင်၏လက်နက်ကိုင်ထားသောဂျိတ်ကို အမှောင်နတ်သူငယ်များမှ မိမိတို့ရင်ဆိုင်နိုင်စွမ်းမရှိကြောင်းလည်း သဘောပေါက်ထားသောကြောင့်ဖြစ်သည်။ "မပြေးနဲ့မလွတ်ဘူး" ဂျိတ်သည် သူ၏လက်နက်အားပစ်လွတ်လိုက်လေသည်။ထိုအခါ ဝိညာဥ်ရိပ်နိုင်သောလက်နက်မှသံကြိုးများရှည်လျားစွာထွက်ပေါ်လာလေသည်။ ထိုသံကြိုးများသည် မြန်ဆန်စွာပင် ပြေးလွှားနေသောနတ်သူငယ်များအား ဖမ်းဆီးပစ်လိုက်သည်။အယ်လန်မှလွှဲ၍ အားလုံးသောအမှောင်နတ်သူငယ်များသည် သံကြိုးဖြင့်အဖမ်းခံလိုက်ရပြီလည်းဖြစ်သည်။ "သေကြတော့." ထိုသို့ပြောလိုက်သည်နဲ့ သံကြိုးနဲ့ချိတ်ဆက်ထားသော လက်နက်အချွန်ခေါ်တံစဥ်းများသည် သံကြိုးနဲ့ဖမ်းဆီးပြီးသောနတ်သူငယ်တိုင်း၏ဝိညာဥ်အား စုပ်ယူလိုက်တော့၏။ အမှောင်နတ်သူငယ်များသည် လွတ်မြောက်အောင်ရုန်းကန်သေး၏။သို့သော်လည်း ငရဲဘုရင်၏လက်နက်မှ လွတ်မြောက်နိုင်မည်နည်း။"ဘုတ်" နန်းတော်ကြမ်းပြင်ပေါ်၌ ဝိညာဥ်မရှိတော့သော အသက်မဲ့နေသော အမှောင်နတ်သူငယ်များ၏အလောင်းများ ပြုတ်ကျသံများက ထွက်ပေါ်လာလေသည်။ ထိုအသံများသည် ကြောက်လန့်ပြီးရပ်နေမိသော အယ်လန်အား အကြောက်တရားများပိုမိုတိုးပွားလာစေတော့၏။ ဂျိတ်ကလည်း ဝိညာဥ်နုတ်လက်နက်အား ပြန်လည်ကိုင်ဆောင်ထားပြီး အယ်လန်ရှိရာသို့ တစ်လှမ်းခြင်းလှမ်းလာလိုက်လေသည်။ အယ်လန်၏စိတ်ထဲ၌ ဂျိတ်၏ခြေလှမ်းသံတိုင်းသည် အလွန်ကျယ်လောင်လှသည်ဟုခံစားမိသည်။ထို့နောက် ကြောက်လန့်စွာဖြင့် "အကိုကြီး ကယ်ပါဦး"