← Chapters

အခန်း (၃၇၉-၃၈၁)

Vol. 26 Ch. 379-381

အခန်း (၃၇၉-၃၈၁)

Vol. 26 Ch. 379-381

(379)ဒေါသအမုန်းတရား

အယ်လန်၏အော်သံကြောင့် ဂျိတ်လည်း ဝင်ပေါက်ရှိရာသို့ ကြည့်လိုက်လေသည်။ဝင်​ပေါက်၌ အလွန်တရာလှပလွန်းလှသော နတ်သူငယ်တစ်ပါးရောက်ရှိနေကြောင်းတွေ့လိုက်ရလေသည်။ထိုနတ်သူငယ်သည် အလင်းများဖြာထွက်နေပြီး သူ၏ကျောဘက်မှ အလင်းတန်းသဖွယ် ဓားများပျံသန်းနေကြောင်းလည်း တွေ့ရလေသည်။"ဟားဟား...ငါ့အကိုကြီးရောက်လာပြီကွ"အယ်လန်လည်း သူ၏အားကိုးရာ ရှာတွေ့သွားသောအခါ ဂျိတ်အား ပြန်လည်ရန်တွေ့ရန်လုပ်လိုက်လေသည်။ထိုအခိုက်မှာပင် မိမိသည် ပေါ့ပါးသွားကြောင်း ခံစားမိလေသည်။"အား မဟုတ်ဘူး"ထိုသို့ခံစားရခြင်းသည် ဂျိတ်၏ငရဲလက်နက်မှ အယ်လန်၏ကိုယ်အား ထိမှန်ပြီး ကိုယ်ခန္ဓာမှ ဝိညာဥ်ထွက်ခွာသွားသောကြောင့်ဖြစ်သည်။ ထိုအခါမှ ဂျိတ်သည် ဘယ်သူကိုမှမကြောက်တတ်သောသူဖြစ်ကြောင်း အယ်လန်သိသော်လည်းနောက်ကျခဲ့လေပြီတကား။"အကိုကြီး ကယ်ဦး ကျနော်သေတော့မယ်"အယ်လန်သည် အကူညီ​တောင်းသော်လည်း နောက်ကျသွားခဲ့လေပြီ။ခန္ဓာမှ ထွက်ခွာလာသော ဝိညာဥ်သည် လက်နက်ထဲသို့ ဝင်ရောက်သွားခဲ့ပြီလည်းဖြစ်သည်။"မင်းက တော်တော်လေး မကြောက်တတ်ဘူးပဲ ငါ့ညီကိုတောင် ငါ့ရှေ့မှ ဝိညာဥ်နှုတ်ရဲတယ်ပေါ့လေ"အလင်းတန်းများဖြာနေသော နတ်သူငယ်၏ပထမဆုံးစကားထွက်ပေါ်လာလေသည်။"မကြောက်တတ် ဂရုမစိုက်လို့ပဲ အခုလိုလုပ်လိုက်တာ မမြင်ဘူးလား မကျေနပ်ရင် တစ်ပွဲနွှဲလို့ရတယ်နော်"ဂျိတ်မှ ပြောရင်းဆိုရင်း ကိုင်ထားသောလက်နက်အား နတ်သူငယ်ထံညွှန်လိုက်လေသည်။ ဂျိတ်ကိုင်ထားသောလက်နက်အား နဂိုကတည်းမြင်ပြီးသိရှိနေသောကြောင့် ထိုနတ်သူငယ်မှာ ဂျိတ်အား ကြည့်ရုံသာ ကြည့်ရှုနေတော့၏။ကျောက်ရုပ်သဖွယ်ရပ်နေသော နတ်သူငယ်အား ဂျိတ်လည်း ဂရုမစိုက်တော့ပဲ အယ်လီနာအား အသာယာပွေ့ချီလိုက်၏။ထို့နောက် လက်ဖြင့်ဝှေ့ယမ်းပြီး ပေါ်တယ်တစ်ခုဖန်တီး ပြီးလျှင် ထွက်ခွာသွားလေတော့၏။ဂျိတ်ထွက်ခွာသွားမှသာ အလင်းတန်းဖြာထွက်နေသော နတ်သူငယ်လည်း သက်ပြင်းချနိုင်လေတော့၏။"အလို ကြမ်းပေ့အစွမ်းထက်ပေ့ဆိုတဲ့ ငါ့သားဘယ်လိုဖြစ်ပြီး သက်ပြင်းချနေရတာလဲ"သြဇာအာဏာကြီးသောအသံမှ ထိုနတ်သူငယ်၏နားထဲ ရောက်ရှိလာလေ၏။ထိုအခါ နတ်သူငယ်မှ "ခမည်းတော် ကျနော်ဘယ်လောက်စွမ်းစွမ်း ကျနော်ရဲ့အသုံးမကျတဲ့ညီမရဲ့ယောကျာ်းရဲ့လက်ထဲက ငရဲဘုရင်လက်နက်ကိုတော့ သတိထားရတယ်လေဗျာ"ထိုသို့ပြောလိုက်သောအခါ နောက်ထပ်အသံထွက်ပေါ်လာခြင်းမရှိတော့ပေ။"ငါ့ညီမ မင်းဘယ်လိုကံကောင်းပြီး သူလိုလူနဲ့တွေ့ဆုံခဲ့လဲတော့ ငါလဲမသိနိုင်တော့ဘူး".အလင်းတန်းများဖြာထွက်နေသည့် နတ်သူငယ်မှ ဂျိတ်ပျောက်ကွယ်ရာ နေရာအား ကြည့်ကာ တီးတိုးရေရွက်လိုက်လေသည်။..............ဂျိတ်သည် သူ၏မိန်းမဖြစ်သူ အယ်လီနာအား မိမိတို့နေထိုင်ရာ အိမ်ထဲသို့ ပြန်လည်ခေါ်ဆောင်လာလိုက်လေသည်။ထို့နောက် အိပ်ရာထက်၌ လဲလျောင်းစေပြီး အနားယူစေသည်။ အနားယူနေသော အယ်လီနာ၏လက်အား ဂျိတ်မှ အသာယာ ဆုပ်ကိုင်လိုက်ပြီး"ဘာလို့ အဲ့လိုတွေလုပ်နေရတာလဲ အဲ့လိုလုပ်တာက ကိုယ်နဲ့သမီးလေးကို နာကျင်စေတယ်ဆိုတာမသိဘူးလား"ဂျိတ်မှ အယ်လီနာအား ဂရုဏာဒေါသဖြင့် ပြောလိုက်လေသည်။ "ကျမ တောင်းပန်ပါတယ် မောင်ရယ်..ဒါက ဘယ်လိုမှမတတ်နိုင်တဲ့အခြေနေလေ...."အယ်လီနာလည်း မိမိအပေါ် စိုးရိမ်နေသော ဂျိတ်အား ကြည့်ပြီး တောင်းပန်စကားဆိုလိုက်လေသည်။"နောက်ခါ ကိုယ်ဘေးနားကနေ ဘယ်ချိန်အခြေနေဆိုးပဲ ရှိရှိ တစ်ယောက်တည်း ထွက်သွားပြီး မရင်ဆိုင်ဘူးလို့ ကတိပေးပါ အချစ်"ဂျိတ်မှ ဆက်လက်ပြီး "ကိုယ်တို့နှစ်ယောက်က ဇနီးမောင်နှံတွေလေ အခက်ခဲရှိလာရင် တစ်ယောက်နဲ့တစ်ယောက်ဖေးမှ ကူညီကြရမှလေ နောက်တစ်ခါအဲ့လိုမလုပ်ပါနဲ့ ကိုယ်နဲ့အတူရင်ဆိုင် ဖြေရှင်းခွင့်ပေးပါ"ဂျိတ်၏ပြောဆိုမှုအောက်၌ အယ်လီနာလည်း ခေါင်းညိတ်ပြီး ကတိပေးကြောင်း ဆိုလိုက်သည်။ ထိုအခါမှ ဂျိတ်လည်း စိတ်သက်သာရာ ရသွားပြီ အယ်လီနာအား ကောင်းစွာအနားယူအိပ်စက်စေလေသည်။ အယ်လီနာအနားယူ အိပ်စက်သောအခါမှ စနစ်အစွမ်းသုံးကာ အယ်လီနာ၏ဖြစ်စဥ်အကြောင်းရင်းကို ရှာဖွေလိုက်လေသည်။နတ်သူငယ်တိုင်းပြည်သည် စစ်သည်တော်ကုန်းမြေနဲ့ ဘေးချင်းကပ်တည်ရှိနေပြီး အင်အားတောင့်တင်းသည့် တိုင်းပြည်ဖြစ်သည်။ ထိုတိုင်းပြည်အား အစွမ်းကြီးမားသော နတ်ဘုရားအဆင့်ရှိ နတ်သူငယ်ဘုရင်ကြီးမှ အုပ်စိုး၏။ထိုနတ်သူငယ်ဘုရင်ကြီးထံတွင် ဇနီးမယားပေါင်း တစ်ထောင်မျှ ရှိသော်လည်း သူ၏သားသမီးများမှာ သုံးယောက်သာရှိ၏။ အမှန်ကား နှစ်ထောင်ခန့်ရှိသော်လည်း သုံးယောက်သာ တရားဝင်ချပြ၏။အကြောင်းမှာ ကျန်သော ကလေးများသည် ဘုရင်ကြီး၏သတ်မှတ်ထားသော အဆင့်တန်းနဲ့မကိုက်ညီသောကြောင့်ဖြစ်သည်။ ထိုကလေးများသည် သတ်မှတ်ထားသော ပါရမီအရည်ချင်းမရှိကြသောကြောင့် ဖြစ်၏။အယ်လီနာသည်လည်း အရည်ချင်းမရှိသောကလေးများထဲမှ တစ်ယောက်သာဖြစ်လေသည်။သို့သော်လည်း မွေးပြီးသည်နဲ့ ရှေ့ဖြစ်‌တစ်ခုကြောင့် တရားဝင်သတ်မှတ်ထားသည့်သားသမီးထက် တစ်ဆင့်သာ နိမ့်သော အဆင့်တန်းဖြင့်နေရ၏။ထိုရှေ့ဖြစ်ဟောကား ထိုကလေးသည် အရွယ်ရောက်သောအခါ ထူးခြားသောသူနဲ့ လက်ဆက်လိမ့်မည်။ထိုအခါ နတ်သူငယ်တိုင်းပြည်သည် အင်အားကြီးမားပြီး အရာရာကို သိမ်းပိုက်နိုင်မည်ဟူသည့် ရှေ့ဖြစ်ဟောပင် ဖြစ်သည်။ထိုကြောင့် အယ်လီနာအား ဘုရင်ကြီးမှ တရားဝင်အဆောင်ယောင်မပေးမြောက်ရုံမှတစ်ပါး သင့်တင့်သော မြှောက်စားမှုပေးကမ်းထား၏။ထိုသို့ပေးကမ်းထားရာတွင်လည်း နတ်သူငယ်တိုင်းပြည်၌မဟုတ်ပဲ စစ်သည်တော်ကုန်းမြေသို့ ပို့ဆောင်ထားပြီး ထားရှိစေခြင်းဖြစ်သည်။ထိုသို့ထားရာ၌ နန်းတော်တစ်ခုတည်ဆောက်စေပြီး နတ်သူငယ်တို့အား အလုပ်ကျွေးပြုနေသော အဖွဲ့ဖြင့် ထားရှိစေခြင်းဖြစ်သည်။ ထိုအဖွဲ့ ဖြင့် အယ်လီနာအရွယ်ရောက်အောင် ပြုစုထိန်းသိမ်းစေပြီး အရွယ်ရောက်လာပါက နတ်သူငယ်တိုင်းပြည်သို့ ပြန်လည်ခေါ်ဆောင်မည်ဖြစ်သည်။ထိုအဖွဲ့ကတော့ တခြားမဟုတ်ပဲ ဘလက်အဖွဲ့စည်းသာ ဖြစ်ပေသည်။ ဘလက်အဖွဲ့စည်းသည် တိုင်းပြည်များကြားထဲ၌ စိမ့်ဝင်နေပြီး စွန်ရဲအင်ပါယာလို နေရာကြီး၌ပင် နေရာတစ်ခုကောင်းစွာ ခြေကုပ်ယူထားသော အဖွဲ့လည်းဖြစ်ပေသည်။တစ်နေ့၌ အယ်လီနာသည် ထိုအဖွဲ့၌ နေရခြင်းက ကြီးစွာသော ဆင်းရဲခြင်းကိုသာ ခံစားရသည်ဖြစ်ကာ ထွက်ပြေး၏။ မိဘနဲ့လည်း မတွေ့ရ သူငယ်ချင်းလည်း မရှိ မိမိကိုသာ စောင့်ကြပ်​သော သူများသာရှိနေသောကြောင့်ဖြစ်သည်။ထိုသို့ ထွက်ပြေးရင်း ဂရိတ်တိုင်းပြည်ရောက်ကာ ဂျိတ်ဖြင့် တွေ့ဆုံပြီး ချစ်ကြိုက်ခဲ့ကြသည်ဖြစ်သည်။နောက်ပိုင်း၌ စုန်းမအိုကြီး(အရင်အပိုင်းတွေမှာ ဘလက်ကီသတ်လို့သေသောသူ)မှ သူမအား ပြန်လည်ဖမ်းဆီးပြီး ထိန်းသိမ်းစေခဲ့သည်ဖြစ်သည်။ပြန်လည်ထိန်းသိမ်းရာ၌ ဂျိတ်နဲ့ရရှိခဲ့သော ကိုယ်ဝန်ပါရှိလာပြီး မွေးဖွားခဲ့လေသည်။ ထိုသို့မမွေးဖွားခင်ကလည်း သူမ၏အကိုတော် အယ်လန်မှ သိရှိသွားရာ အတင်းပင် ဖျက်ချရန် တွန်းအားပေး၏။သို့သော်လည်း အယ်လီနာသည် ရရအောင် အယ်မလီလေးအား မွေးဖွားစေခဲ့သည်ဖြစ်သည်။ထို့သို့ မွေးဖွားနိုင်သည့်အကြောင်းမှာလည်းအယ်လန်သည် စစ်သည်တော်ကုန်းမြေလို ညစ်ပတ်သောနေရာအား မဆင်းဟုဆိုပြီး မာနခံနေသောကြောင့်သာ ဖြစ်၏။နောက်ဆုံး၌ အယ်လီနာသည် နတ်သူငယ်တိုင်းပြည်ပြန်ချိန် အချိန်အနည်းငယ်ကျန်ချိန်၌ သူမတောင်းဆိုသော အရာကား မပြန်ခင် သူမ၏သမီးလေးနဲ့ တွေ့ဆုံရန် ဖြစ်သည်။သူမ၏တစ်ခုတည်းသော တောင်းဆိုမှုဖြစ်သောကြောင့် စုန်းမအိုကြီးက သူမနဲ့အတူ သွားလာခွင့်ပြုမှသာ တွေ့ဆုံနိုင်ကြောင်း တွေ့ရာတွင်လည်း ပုန်းကွယ်ပြီးမှသာ တွေ့နိုင်ကြောင်းပြော၏။ထိုအခါမှ အယ်လီနာလည်း အယ်မလီနဲ့ဂျိတ်အား နောက်ဆုံးအကြိမ်အနေဖြင့် တွေ့ဆုံရန် လက်ခံလိုက်လေသည်။နောက်ပိုင်းဖြစ်ပျက်သောအဖြစ်ပျက်များကား ရှေ့အပိုင်းများ၌ ဖော်ပြခဲ့ပြီဖြစ်လေသည်။ထိုသို့သွားရောက် ပုန်းကွယ်တွေ့ဆုံရာမှ ဂျိတ်မှ ထွက်ခွာစေခြင်းမရှိတော့ပဲ ခေါ်ဆောင်ထားပြီး စုန်းမအိုကြီးအား မိုက်ကယ်ခေါ်သော ခွေးမှ တိုက်ခိုက်သည့်ဖြစ်ရပ်များဖြစ်ပေါ်လာခဲ့ပေတော့သည်လည်း ဖြစ်သည်။နောက်ပြီး အယ်လီနာမှ သူမ၏မိသားစုအကြောင်း ပြောမရခြင်း ဆင်ဆာမိနေခြင်းမှာ နတ်သူငယ်ဘုရင်ကြီး၏တားမြစ်မှုကြောင်းမှန်း သိပြီးဖြစ်သည်။ အယ်လီနာသည် ချိတ်ပိတ်မှုအား ချေဖျက်သေး၏။ထိုချိတ်ပိတ်မှု ​ဖျက်ခြင်းသည် သူမ၏ငယ်စဥ်အတိတ်ဘဝအကြောင်းများအား ပြန်လည်မှတ်မိစေသည်ဖြစ်သည်။ ထိုသို့မှတ်မိသောအခါ ဂျိတ်အားပြောပြခြင်းမရှိပေ။ ဂျိတ်အနေဖြင့် အလွန်ဝမ်းနည်းသွားမည်စိုးသောကြောင့် ဖြစ်သည်။ကျောင်းအပြန် အယ်လီနာကိုယ်မှ အမှတ်သားပေါ်ပေါက်လာရခြင်းမှာလည်း နတ်သူငယ်ဘုရင်ကြီး၏လက်ချက်ဖြစ်လေသည်။ အရွယ်ရောက်ကြောင်းသတ်မှတ်သည့် အချိန်ကျရောက်လာသောကြောင့် ပြန်လည်ဆင့်ခေါ်သည့် အမှတ်သားဖြစ်လေသည်။ထိုအချိန်က ဂျိတ်လည်း ထိုသို့ဖြစ်ချိန်၌ ဖျက်စီးနိုင်သော်လည်း အယ်လီနာ၏တောင်းပန်မှုကြောင့် ​ငြိမ်သက်နေလိုက်သည်ဖြစ်သည်။ အယ်လီနာသည် ဆင့်ခေါ်ခံရပြီးနောက် နတ်သူငယ်ဘုရင်ကြီးထံရောက်ရှိသွား၏။ ရောက်ရှိသွားသောအခါ အယ်လီနာသည် ပျော်မိသေး၏။အဘယ်ကြောင့်ဆိုသော် မိမိ၏ဖခင်နဲ့ ပထမဆုံးအကြိမ်တွေ့ရသည်ဖြစ်သောကြောင့် ဖြစ်သည်။တကယ်တမ်းတွေ့သောအခါ ပျော်စရာများ မဖြစ်လာပေ။ နတ်သူငယ်ဘုရင်ကြီးသည် မိမိ၏သမီးသည် အပျိုမဟုတ်တော့ပဲ ကလေးရှိနေကြောင်း သိသွားသောအခါ အလွန်ဒေါသထွက်သွား၏။ ထို့ကြောင့် နတ်သူငယ်တို့၏တင်းကြပ်သော နန်းဆောင်တစ်ခု၌ နတ်သူငယ်တို့၏ဆိုးရွားသောနည်းဖြစ်သည့် ယဇ်ပူဇော်ခြင်းနည်းဖြင့် အပြစ်ပေးစေခဲ့တော့၏။ထိုနည်းဖြင့် အယ်လီနာ ဆင်းရဲခြင်း ကြီးစွာဖြင့် အပြစ်ပေးခံရသည်မှာ ဂျိတ်လာကယ်သည့်တိုင်အထိပင်ဖြစ်သည်။ အယ်လီနာ၏သနားဖွယ်အတိတ်ဘဝ၊ အယ်လီနာအား ချိတ်ပိတ်ထားသော နတ်သူငယ်ဘုရင်ကြီးနဲ့ ဆိုးသွမ်းလှသော အကိုတော်များ၊ လွတ်လပ်ခွင့်ပိတ်ထားသော ဘလက်အဖွဲ့စည်းများအား ဂျိတ်အနေဖြင့် လက်တုံ့ပြန်စိတ်ဖြစ်ပေါ်လာလေသည်။"တောက်"ဂျိတ်၏တောက်ခေါက်သံကား အလွန်ပင် ကြောက်မက်ဖွယ်ကားကောင်းနေ၏။ အယ်လီနာ၏သနားစဖွယ် ဖြစ်စဥ်အကြောင်းရာကား ကောင်းစွာသိသွားသောကြောင့်ဖြစ်၏။"မင်းတို့အားလုံးကို မျိုးမဖြုတ်နိုင်ရင် ငါလူမလုပ်တော့ဘူး"ဂျိတ်၏ကြုံးဝါးသံထွက်ပေါ်လာလေတော့၏။

(380)သွေးပျက်ကုန်ပြီနောက်တစ်နေ့သို့ရောက်သည်နဲ့ နန်းတော်၏မြေအောက်ခန်းထဲ၌ ဂျိတ်သည် သူ၏လှုပ်ရှားမှုကို စတင်ဆောင်ရွက်လိုက်ပြီ ဖြစ်သည်။သူ၏လှုပ်ရှားမှုမှာ အသံတိတ်လှုပ်ရှားမှုဖြစ်၏။"ငါပြောသလို အမြစ်ဖြတ်သုတ်သင်ချေ""မှန်လှပါ ဘုရင်ကြီး"ဂျိတ်၏ရှေ့၌ မျက်နှာများအား ဖုံးကွယ်ထားသော လူတစ်စုသည် တစ်ညီတစ်ညွတ်တည်း တုံပြန်လိုက်ကြလေသည်။ ထိုလူများသည် အယောက်ကိုးရာကိုးဆယ့်ကိုးယောက်ရှိ၏။ ထိုလူများသည် တူညီသော အနက်ရောင်အငွေ့သက်များ ဖုံးလွှမ်းနေပြီ မျက်လုံးမှ လွှဲ၍ ကျန်သော အစိတ်ပိုင်းအားလုံးအား အနက်ရောင် ချပ်ဝတ်တန်ဆာများ ဆင်ယင်ထားကြ၏။ အနက်ရောင်အော်ရာအငွေ့သက်များကလည်း လူတိုင်းမှ ထွက်ပေါ်နေလေသည်။သူတို့၏မျက်လုံးများသည်လည်း လခြမ်းပုံပေါ်နေကြောင်း ကြည့်မိပါက တွေ့နိုင်လေသည်။ သူတို့ရင်ဘတ်၌ရှိနေသော အမှတ်သားသည်လည်း လခြမ်းပုံပင်ဖြစ်လေသည်။ညအချိန်၌ လခြမ်းပုံစံမျက်လုံးနဲ့ အနက်ရောင်ဝတ်စုံလူများကို တွေ့ပါက လန့်ဖြတ်သွားနိုင်သည်မှာ အသေချာပင်။ထိုလူများသည် ဂျိတ်၏အမိန့်ရရှိသည်နဲ့ တစ်ပြိုင်နက် မိမိတို့လက်ရှိရှိနေသော နန်းတော်၏မြေအောက်ခန်းမှ မြန်ဆန်စွာပင် ထွက်ခွာသွားလေသည်။တစ်ထောင်နီးနီးရှိသော လူများဖြစ်သော်လည်း အပ်ကျသံပင်မကြားရပဲ ပျောက်ကွယ်ထွက်သွားကြပြီ ဖြစ်သည်။ဂျိတ်၏အစီစဥ်ကား ရိုးရှင်းလွန်းလှသော်လည်း ကြမ်းတမ်းလှပေသည်။ သူ၏အစီစဥ်မှာ ဘလက်အဖွဲ့စည်းမှ လူတိုင်းအား သုတ်သင်ရန်ဖြစ်ပေသည်။ ဘလက်အဖွဲ့မှ လူတိုင်းသည် ခိုးဆိုးလုနိုက်သူများ ကြမ်းကြုတ်သော လူသတ်သမားများနဲ့ အကျင့်ပြတ်ခြစားနေသော ရာထူးခံလူတန်းစားများဖြစ်ပေသည်။အစက ထိုသူများအား အဖက်မလုပ်သော်လည်း မိမိ၏အယ်လီနာအား ထိခိုက်စေသောအကြောင်းရာတွင် ပါဝင်နေသည်ဖြစ်ရာ အမြစ်ပြုတ်သုတ်သင်စေတော့သည်ဖြစ်သည်။ဘလက်အဖွဲ့အစည်းဟု ကြားပါက လူတိုင်းကြောက်လန့်ရသော အင်အားကြီးတိုင်းပြည်များ နောက်ခံအဖြစ်တည်ရှိသော ​ကြောက်မက်ဖွယ်ရာ အဖွဲ့ဖြစ်ကြောင်း လူတိုင်းသိကြသည်။ လက်အောက်ခံတိုင်းပြည်များသည် အဆင့်အားဖြင့်တစ်မှ ခုနှစ်အထိ ရှိကြပြီး စွန်ရဲအင်ပါယာသည် အဆင့်ရှစ် ဖြစ်လေသည်။ ဘလက်အဖွဲ့သည် လက်အောက်ခံ တိုင်းပြည်များအား နောက်ကွယ်မှ မိမိတို့စိတ်တိုင်းကျ ခြယ်လှယ်သော်လည်း အင်ပါယာအဆင့်တွင်တော့ ပုန်းလျှိုးကွယ်လျှိုးနေ၏။အကြောင်းမှာ စွန်ရဲအင်ပါယာသည် စွမ်းအားလျှိုထားသော မြေခွေးတစ်ကောင်ဟု ၎င်းတို့မှ ယူဆထားကြသောကြောင့် ဖြစ်သည်။ထို့ကြောင့် အဖွဲ့စွမ်းအားသည် တော်တော်လေးကြီးမားပြီး သြဇာအာဏာသက်ရောက်မှုပြင်းထန်သည်ဟုဆိုနိုင်သည်။သို့သော်လည်း ထိုအဖွဲ့သည် ဂျိတ်နဲ့တိုးခဲ့သည်ဖြစ်ရာ ဆိုးဝါးသောကံကြမ္မာကို စတင်ရင်ဆိုင်ရတော့သည်ဖြစ်သည်။ ဂျိတ်၏အမိန့်ထုတ်ပြန်ပြီး တစ်ရက်အကြာဂျိတ်၏နောက်လိုက် အနက်ရောင်ဝတ် ကိုးရာကိုးဆယ့်ကိုးယောက်သော လူများသည် ဂရိတ်တိုင်းပြည်အတွင်း၌ ကြွင်းကျန်ရစ်ကုန်သော ဘလက်အဖွဲ့မှလူများအား စတင်သုတ်သင်လေတော့၏။၎င်းတို့သည် ညအချိန်ကိုအခွင့်ကောင်းယူပြီး ဘလက်အဖွဲ့သားများကို တိုင်းပြည်မှ တစ်ယောက်မကျန်အမြစ်ဖြတ်သုတ်သင်ကြလေတော့၏။သတင်းအချက်လက်များကလည်း ဂျိတ်ထံမှ သူတို့ရသည်ဖြစ်ရာ တိကျသေ သပ်ခိုင်လုံမှုရှိ၏။ဂျိတ်၏စနစ်ထောက်လှမ်းမှုအောက်၌ ရရှိလာသော အချက်လက်များဖြစ်ပေရာ လွန်စွာတိကျသေချာမှုရှိလေသည်။ထိုအချက်လက်များအား အနက်ရောင်ဝတ်လူတိုင်း၏ဦးနှောက်၌ တိုက်ရိုက်ထည့်သွင်းပေးထားပြီး စွဲမြဲနေကြသည်ဖြစ်သည်။ ထို့ကြောင့် ပစ်မှတ်ကို တွေ့သည်နဲ့ အလွတ်မပေးပဲ သုတ်သင်ကြလေသည်ဖြစ်၏။တစ်ပတ်ကြာသောအခါ "ဂရိတ်တိုင်းပြည်အတွင်းမှ ဘလက်အဖွဲ့သားများ အကုန်သေဆုံးပြီးစီး"အနက်ရောင်လူများထဲမှ တစ်ယောက်သည် ဂျိတ်အား သတင်းပို့၏။"ကောင်းပြီ ကျန်တဲ့နေရာတွေမှာလည်း ဆက်လက်လုပ်ဆောင်ပါ မင်းတို့အစွမ်းတွေထုတ်သုံးကြတော့""ကောင်းပါပြီ ဘုရင်ကြီး"အနက်ရောင်ဝတ်လူသည် ဂျိတ်ထံမှ သတင်းရသည်နဲ့ သူ၏ရင်ဘတ်၌ရှိသော လခြမ်းအမှတ်သားအား ဖိပြီး ကျန်သော ကိုးရာကိုးဆယ့်ရှစ်ယောက်အား "အစွမ်းထုတ်သုံးကြ ဘုရင်ကြီးရဲ့အမိန့်ပြီးအောင် ဆောင်ရွက်ကြတော့"ထိုသို့သော သတင်းကို ပို့လွှတ်လိုက်လေသည်။ထိုသို့ပို့လွတ်ပြီးသည်နဲ့ ကျန်သော အနက်ရောင်ဝတ်လူများကလည်း သတင်းရကြောင်း ပြန်လည်အချက်ပြပြီး နေရာခွဲထွက်ကာ လူဖြန့်လိုက်ကြတော့၏။ထိုအချိန်မှစ၍ ဂရိတ်တိုင်းပြည်မှလွှဲ၍ ကျန်သော တိုင်းပြည်များ၌ ထူးဆန်းဖွယ်ရာသတင်းများ ပေါ်ထွက်လာလေတော့၏။"ဟေ့ကောင်တွေ ကြားပြီးပြီလား ငါတို့တိုင်းပြည်ထဲက လူဆိုးကြီးအာဖယ်ဆိုတဲ့ကောင်လေ သူတို့တစ်ဖွဲ့လုံး ​ညက အသတ်ခံရတာတဲ့""ဟင်...ဘယ်လိုဖြစ်တာတုန်း""ဘယ်လိုဖြစ်ကုန်လဲတော့ ငါလဲမသိဘူး မနက်သူတို့ဆီကို အမြဲ မနက်စာပို့ရတဲ့ ကောင်လေးရှိတယ်လေ သူမနက်ကျ မနက်စာလာပို့တော့ တော်တော်လေးတိတ်ဆိတ်နေတာဆိုပဲ..ပုံမှန်ဆို ဟောက်သံကြားရတယ်တဲ့ အဲ့နေ့က ဘာမှမကြားရလို့ ဝင်ကြည့်ရာ အကုန်သေနေပါရောလားတဲ့....ပြီးတော့ ခေါင်းပြတ်ပြီး သေတဲ့လူတွေရော ကိုယ်နှစ်ခြမ်းပြတ်နေတာရောတဲ့ဟေ့""ဟာ တော်တော်လေး ကြောက်စရာကောင်းတာပါလား ဒါကို ဘယ်သူမှမသိကြဘူးတဲ့လား""အေး အဲ့ဒါပြောဦးမယ် လူဆိုးကြီးအာဖယ်တို့က နေ့တိုင်းညလုံးပေါက် စားသောက်ပြီးပျော်ပွဲလုပ်ကြတာလေ အဲ့ညကြတော့ ညသန်းခေါင်ချိန်မှ သူတို့ပါတီလုပ်ရင်း မီးအလင်းရောင်တွေ ငြိမ်းကုန်ရောတဲ့ အဲ့လို​ငြိမ်းပြီးတာ သူတို့ဆူညံသံတွေပါ ပျောက်သွားတာတဲ့ဟေ့ ကြောက်လို့အော်သံနာကျင်သံတွေတောင် မကြားရဘူးတဲ့ဟေ့""ဟာ ဒါဆိုတော်တော်လေး....ဆိုးသွားပြီ"ထိုသို့ပြောဆိုမှုများကား အစပင်ရှိသေး၏။ကျန်သော ဖြစ်ရပ်များအား ပိုပို၍ပင် ကြောက်မက်ဖွယ်ကောင်းသလို ပို၍ပင် ဆိုးဝါးသေး၏။ကုန်သည်ကြီးတစ်ယောက် ညအချိန်၌ တစ်ယောက်တည်း ခြေလက်များ ပျောက်ဆုံးပြီး သေနေခြင်းနဲ့ တခြားခြားသော သေဆုံးမှုများကား ဆက်တိုက်ဆိုသလို မြင့်တက်လာလေ၏။ထိုသို့ သေကြေမှုများက ဆက်တိုက်ဖြစ်လာသောအခါ အရိုးခြောက်ကပ်ဆိုးပြီးသည်မှာ မကြာသေးသောကြောင့် စိတ်ချမ်းသာနေသော တိုင်းပြည်များသည် ဆူညံပွက်လောရိုက်ခတ်ကုန်ကြလေသည်။မည်သူမည်ဝါ သတ်ပါသည်ဟု အစနပင်ဖော်၍မရသောကြောင့် လူတိုင်း၏ကြောက်ရွံစိတ်သည် ပိုမိုသာ၍ ကြီးထွားလာကြလေသည်။ လူတိုင်းသည် မိမိတို့ ဘယ်ချိန်အခါ သေရမည်မသိနိုင် ဘယ်လိုအသတ်ခံရမည် မသိနိုင်သောကြောင့် လန့်ဖြတ်ကြလေ၏။တစ်လမျှကြာတော့ ထိုသို့သတ်ဖြတ်မှုသည် ပုံသေဖြစ်ကြောင်း ပြည်သူအများစုက သိရှိလာကြလေသည်။ထိုလူသတ်မှုများသည် မည်သူမည်ဝါသတ်ဖြတ်ခြင်းဖြစ်ကြောင်းမသိသော်လည်း အနည်းကျဥ်းမျှ သိရှိလာကြသည်။သူတို့သိကြသည်မှာ အသတ်ခံရသည့်လူတိုင်းသည် ညအချိန်၌ အသတ်ခံရခြင်းဖြစ်ပြီး ထိုသို့​သေသွားသူတိုင်းသည် တခြားသောသူများအား အနိုင်ကျင့်နှိပ်စက်လုယက်စော်ကားသူများဖြစ်ကြောင်းပင် ဖြစ်လေသည်။ထို့ကြောင့် ပြည်သူပြည်သားများ၏စိတ်သည် ပြန်လည်​ငြိမ်းချမ်းသွားပြီး အေးဆေးတည်ငြိမ်သွားကြ၏။အေးဆေးမတည်​ငြိမ်သောသူများလည်းရှိသည်။ထိုသူများမှာ ခိုးဆိုးလုနိုက်သူများနဲ့ကျင့်ပြတ်ခြစားသူများပင်ဖြစ်လေသည်။ ၎င်းတို့မှာ ညရောက်သည်နဲ့ အတွေးများကြလေတော့၏။ဒီည၌ သေတော့မည်လော ဒါမှမဟုတ်မနက်ဖြန်ညအချိန်၌ မည်သို့သေရမည်ကို စိုးရိမ်၍ စားကောင်းခြင်းမစားနိုင် အိပ်ကောင်းခြင်းမအိပ်ဖြင့် စိုးရိမ်ပူပန်နေကြလေတော့၏။ညအချိန်၌အဆင့်ခြောက်တိုင်းပြည်တစ်ခု၏ကြီးမားလှသော ကျောက်သားအဆောက်ဦးထဲ၌ လူတစ်စုသည် စုဝေးနေကြ၏။ သူတို့သည် စုစုပေါင်း ငါးဆယ်မျှရှိပြီး ရွှေအဆင့်မှစတင်၍ ပလက်တီနမ်အဆင့် စစ်သည်တော်များဖြစ်ကြပေသည်။သူတို့စုဝေးရာအခန်းကို ဆီမီးများဖြင့် လင်းထိန်အောင် ထိန်းညှိထားရာ လူတိုင်းအသွင်ပြင်ကို ကောင်းစွာမြင်ရလေသည်။သူတို့၏မျက်နှာအသွင်ပြင်နဲ့ဝတ်စုံများကိုကြည့်၍ ကောင်းသောလူများမဟုတ်ကြောင်း သိသာလေသည်။သူတို့၏မျက်နှာများကလည်း အခြေနေဆိုးနေ၏။မျက်ကွင်းများညိုမဲချိုင့်နေပြီး တစ်စုံတစ်ခုအား အလွန်မင်းကြောက်ရွံနေကြဟန်ရှ်၏။ထိုသို့စစ်သည်တော်များစုဝေးနေကြသည်မှာ နာရီဝက်မျှကြာညောင်းပြီ ဖြစ်သော်လည်း တစ်ခွန်းမျှမဆိုကြပေ။ ကျောက်သားကျောက်စိုင်များကဲ့သို့ ငြိမ်သက်နေကြ၏။"ဒီတိုင်းဆက်ဖြစ်နေမယ်ဆိုရင် ကျုပ်တို့အကုန်သေကြရလိမ့်မယ်"လူတစ်ယောက်မှ စတင်၍ တိတ်ဆိတ်သံအား ဖြိုခွင်းလိုက်လေသည်။ထိုလူ၏စကားကြောင့် အခန်းထဲ၌ရှိနေကြသော လူများလည်း ပြောဆိုလာကြလေသည်။"လူတိုင်းက လူဆိုးတွေဓားပြတွေလူယုတ်မာတွေပဲ သေကြတာလို့အထင်ရှိနေကြတာ တကယ်တမ်းက ကျုပ်တို့ဘလက်အဖွဲ့စည်းက လူတွေဆိုတာမသိကြဘူး"နောက်တစ်ဦးမှ ဆက်၍ဆို၏။ သူတို့စုဝေးနေကြခြင်းသည် လက်ရှိ၌ဖြစ်ပေါ်နေသော သေဆုံးမှုများကြောင့် ဖြစ်၏။ညရောက်တိုင်း နေရာအနှံအပြား၌ သေကြေနေကြရခြင်းက သူတို့အား ယခုလိုစုဝေးရန် ဖြစ်ပေါ်လာစေခဲ့၏။"ဒါကျုပ်တို့အဖွဲ့ကို သက်သက်စော်ကားသတ်ဖြတ်နေတာပဲ......အဲ့ကောင်တွေကို သိလို့ရတော့ မသေစေပဲ နည်းမျိုးစုံနဲ့ နှိပ်စက်ပစ်မယ်....""ဟုတ်တယ်..... အဲ့လိုလုပ်ပစ်မယ်"နောက်ထပ်သော စစ်သည်တော်များကလည်း ထောက်ခံကြလေသည်။ ထိုသူတို့၏စကားကို နောက်ထပ်သော စကားတစ်ခွန်းက ဖျက်စီးလိုက်လေသည်။"ပြသနာကအဲ့ဒါပဲ ဘယ်သူဘယ်ဝါသတ်သလဲဆိုတာ ငါတို့တစ်ယောက်မှ တစ်ခါမှ မမြင်ဖူးကြဘူး"ထိုစကားကြောင့် သွေးကြွနေသော စစ်သည်တော်များသည် မီးကိုရေလောင်းသောအခါ ရှဲခနဲထွက်ပေါ်လာပြီး မီး​ငြိမ်းသွားသကဲ့သို့ တိတ်ဆိတ်သွားကြပြန်သည်။ထိုလူကား ဘလက်အဖွဲ့စည်း၌ နာမည်ကျော်လှသော ကျောက်မျက်လုံးဆိုသူဖြစ်၏။ သူ၏အသက်သည် သက်တမ်းနှစ်ရာရှိပြီးဖြစ်ပြီး အတွေ့ကြုံရှိသော စစ်သည်တော်တစ်ယောက်ဖြစ်၏။"သူတို့က သေချာပေါက် ငါတို့ကို ပစ်မှတ်ထားနေတယ်ဆိုကတည်းက မကြောက်တတ်ဘူးဆိုတာ ငြင်းမရဘူး ပြီးတော့ ငါတို့ကိုပဲ တောက်လျှောက်လိုက်သတ်နေကြတာက တော်တော်လေးအစွမ်းထက်ကြလို့ပဲ.......အခုထိ သူတို့ကို တစ်ယောက်ကလေးတောင် ငါတို့မမြင်ဖူးကြဘူးဆိုတော့ သူတို့တစ်ယောက်ချင်းစီတိုင်းက ပေါ့သေးသေးမဟုတ်ဘူးဆိုတာပဲ"ထိုစကားကြောင့် လူတိုင်းအတွေးနယ်ချဲ့​ကြပြန်၏။ထိုစဥ်၌ အခန်းအား လင်းထိန်အောင် ထွန်းထားသော မီးများသည် ရုတ်ခြည်းဆိုသလို ငြိမ်းသွားလေတော့၏။ထိုအခါ အခန်းတစ်ခုလုံး အမှောင်အတိကျသွားလေတော့၏။"အားလုံး သတိထားကြဟေ့"အသတ်ခံရပြီးသောလူတိုင်းသည် အသတ်မခံရချိန်၌သူတို့နေထိုင်ရာနေရာတွင် မီးများ​ငြိမ်းသွားတတ်ကြောင်း ပြန်လည်သတိရလာကြသည်နဲ့ တုန်လှုပ်ခြောက်ခြားသွားကြလေသည်။ကြက်သီးမွှေးညင်းများလည်း ထလာကြပြီး ကြောက်စိတ်ဝင်လာသောကြောင့် အခန်းထဲရှိစစ်သည်တော်တိုင်းသည် မိမိတို့၏လက်နက်များကို ကိုင်ဆောင်လိုက်ကြပြီး အသင့်အနေထားပြင်ဆင်ထားလိုက်ကြ၏။"ဒေါက်..ဒေါက်...ဒေါက်"ထိုအသံသုံးချက်က အခန်းထဲရှိစစ်သည်တော်တိုင်းအား သွေးပျက်ခြောက်ခြားအောင် လုပ်ဆောင်နေပြီလည်းဖြစ်ပေသည်။စစ်သည်တော်များကလည်း မနက်ဖြန်ကို မြင်တွေ့နိုင်ဖို့အရေး မိမိတို့၏လက်နက်များကို အသင့်ကိုင်ဆောင်ရင်း ဖြစ်ပျက်လာမည့်အရေးကို သတိထားနေကြသည်လည်းဖြစ်သည်။

(381)သေကုန်ပြီ

ကျွီ..........ထိုအသံနဲ့အတူ ပိတ်ထားသော တံခါးသည် ပွင့်လာလေတော့၏။ထိုပွင့်လာမှုနဲ့တူ သူတို့သည် လူတစ်ယောက်ကို မြင်လိုက်ရလေသည်။ သူတို့မြင်နေသော လူသည်ကား တစ်ကိုယ်လုံး အနက်ရောင်အငွေ့သက်များ လွှမ်းခြုံထားပြီး သူ၏မျက်လုံးသည် လခြမ်းပုံစံဖြင့် တောက်ပနေသည်ကို ဖြစ်ပေသည်။မှောင်နေချိန်၌ ထိုသို့သောလူကိူမြင်ရခြင်းက အနည်းငယ်ထူးဆန်းလေသည်။ မိမိတို့သာ စစ်သည်တော်များမဟုတ်နေပါက အမှောင်ထဲ၌ရှိသော အနက်ရောင်ဝတ်လူကို ရှာရန်ခက်ခဲနေမည်ဖြစ်သည်။စစ်သည်တော်များဖြစ်သောကြောင့် အမြင်အာရုံမှ ထက်မြက်နေပြီးဖြစ်ရာ အမှောင်ထုနဲ့ရောနှောနေသော လူကို တိကျသေချာစွာ မြင်နေကြရခြင်းလည်းဖြစ်ပေသည်။"မင်းဘယ်သူလဲ"ဘလက်အဖွဲ့သားတစ်​ယောက်မှ မေးလိုက်သည်။"ငါက ဘလက်အဖွဲ့ကကောင်တွေ အကုန်သတ်မဲ့လူပါ"သရဲတစ္ဆေငိုကြွေးသံကဲ့သို့ သွေးပျက်ဖွယ်အသံကြီးဖြင့် ပြောပြီးသည်နဲ့ ထိုလူသည် ချက်ချင်းပင်လှုပ်ရှားလိုက်လေသည်။ထိုကျောက်သားအခန်းသည် လူငါးဆယ်အစည်းဝေးလုပ်ရန် ပြင်ဆင်ထားသောအခန်းဖြစ်သောကြောင့် ကျယ်ဝန်းပေသည်။ ထိုအခန်းထဲ၌ ယခုညအချိန်၌ အနက်ရောင်လူသည် ဘလက်အဖွဲ့အားသွေးချောင်းစီးစေရန် ဆုံးဖြတ်ထားပြီဖြစ်သည်။"ဘာကွ သတ်ကြစမ်း"ဘလက်အဖွဲ့သားများမှ မိမိတို့အား တစ်ယောက်တည်းဖြင့် လေကျယ်နေသောသူအား သတ်ရန်ပြင်ဆင်လိုက်ကြလေသည်။ သူတို့မထင်မှတ်မိသည်ကတော့ အနက်ရောင်လူသည် အတော်လေးမြန်သည်ဟူသည်ကိုပင် ဖြစ်သည်။"ခရက်""အင့်"အနက်ရောင်ဝတ်လူမှ သူနဲ့အနီးဆုံးရှိသော လူတစ်ယောက်အား သူ၏ညာလက်ဖြင့် လည်မြိုကို တစ်ချက်တည်းဖမ်းဆုပ်ပြီး ဂုတ်ချိုးသတ်လိုက်ရာ ထိုလူမှ တစ်ချက်တည်းဖြင့်ပင် အင့်ဟုသာ အသံမည်ပြီး အသက်ထွက်သွားရလေတော့၏။မိမိတို့လူအသတ်ခံရသောကြောင့် ကျန်သောသူများ ပို၍ပင် ဒေါသထွက်သွားကြလေသည်။"သေပေတော့"ဘလက်အဖွဲ့မှ လူငါးယောက်က မြန်ဆန်စွာပင် ဓားဖြင့် အနက်ရောင်ဝတ်လူ၏ကိုယ်နေရာအစိတ်ပိုင်းငါးခုကို တစ်ချိန်တည်း တစ်ပြိုင်တည်း ခုတ်ပိုင်းလိုက်ကြလေသည်။သို့သော်လည်း သူတို့၏ခုတ်ပိုင်းမှုသည် အရာမထင်ခဲ့ပေ။"ဟင်....ဟာ"အာမေဋိတ်သံများ ထွက်ကြလာလေသည်။ အကြောင်းမှာ သူတို့ခုတ်ပိုင်းလိုက်သော အနက်ရောင်ဝတ်လူ၏ကိုယ်ခန္ဓာကို ဓားမှ လေကိုသာ ပိုင်းမိသည့်အလား ထိခိုက်စေခြင်းမရှိပဲ ကျော်သွားသောကြောင့် ဖြစ်သည်။သူတို့ အံသြ သည့်အခိုက်တန့်၌ အနက်ဝတ်လူသည် သူ၏လက်သီးများဖြင့် ခုတ်ပိုင်းသော ငါးယောက်အား ထိုးချလိုက်လေသည်။"ခွပ်...ခွပ်....ခွပ်....ခွပ်...ခွပ်""ဖြောင်းးးးးးးးးးး"ထိုသို့ထိုးခံရသည်နဲ့ ထိုးခံရသည့်လူငါးယောက်မှာ ချက်ချင်းပင် ကိုယ်ခန္ဓာများပေါက်ကွဲထွက်၍သေဆုံးကြလေတော့၏။ထိုသို့ပေါက်ကွဲသွားသောလူငါးယောက်၏သွေးများ ကိုယ်ခန္ဓာအစိတ်ပိုင်းများနဲ့အူကလီစာများက ကျန်နေသော သူတို့၏အပေါ်သို့ ကျဆင်းလာကာ ပေလေတော့သည်။"မအေယိုးကို ဝိုင်းသတ်ကြစမ်း"ထိုအနက်ဝတ်လူအားမသတ်ပါက မိမိတို့သေကြရမည်ဖြစ်ကြောင်း နားလည်သဘောပေါက်ကြသောကြောင့် လူတိုင်း မြန်ဆန်စွာလုပ်ရှားပြီး သတ်ဖြတ်ရန်အားထုတ်လိုက်ကြလေသည်။"ဝီး....ဝီး.....ဝီး"ဓားများ၊လှံများ၊ပုဆိန်စသောလက်နက်များက အနက်ရောင်ဝတ်လူအပေါ်သို့ မြန်ဆန်စွာကျရောက်လာလေသည်။ ထိုသို့ကျရောက်လာသောအခါ အနက်ရောင်ဝတ်လူကလည်း မြန်ဆန်စွာပင်ရှောင်တိမ်းလေ၏။ရှောင်တိမ်းသောကြောင့် လက်နက်အများစုသည် သူ့အားမထိနိုင်ကြပေ။ ထိသောလက်နက်အနည်းစုသည်လည်း ထိုအနက်ရောင်ဝတ်လူအား မထိခိုက်နိုင်သည်ဖြစ်ရာ ဘလက်အဖွဲ့မှ လူများ အတော်လေးပင် ခေါင်းစားသွားကြလေသည်။"ဒီကောင် လူကောဟုတ်ရဲ့လားကွာ""ဟုတ်....မဟုတ်.....ဒီနေ့ညတော့ မင်းသေမှရမယ်"ကြုံးဝါးသံများနဲ့အတူ အနက်ရောင်ဝတ်လူအပေါ် တိုက်ခိုက်မှုများမှ တရစပ်ကျဆင်းနေသည်ဖြစ်သည်။အဆင့်မြင့်သော စစ်သည်တော်များဖြစ်သောကြောင့် မြန်ဆန်မှု လက်နက်ထက်မြက်မှု ခွန်အားစသောအရာများစွာက အနက်ရောင်ဝတ်လူအပေါ် သေးငယ်သော အချိန်တိုအတွင်း၌ များစွာစုပြုံကျဆင်းလာလေသည်။လက်နက်များသယမကသေး ၎င်းတို့၏ချာက္ကရာများကိုပါ အသုံးပြုပြီး တိုက်ခိုက်မှုများကလည်း ထောင်ချီရှိပေသည်။ထိုသို့ကျဆင်းလာပါသော်လည်း အနက်ရောင်ဝတ်လူမှ ကြောက်လန့်ခြင်း တုန်လှုပ်ခြင်းမရှိပဲ တည်​ငြိမ်စွာပင် ရင်ဆိုင်တိုက်ခိုက်လေသည်။ထိုသို့ဖြင့် အနက်ရောင်ဝတ်လူနဲ့ ဘလက်အဖွဲ့သားများ တိုက်ခိုက်လာသည်မှာ ဆယ့်ငါးမိနစ်ပင် ကြာညောင်းသွားပြီဖြစ်ပေသည်။ အနက်ရောင်ဝတ်လူမှာ သွေးထွက်ခြင်းထိခိုက်ခြင်းမရှိသေးသော်လည်း ဘလက်အဖွဲ့သားများမှာ နှစ်ဆယ်မျှ သေဆုံးသွားပြီဖြစ်သည်။ ထိုသို့သေဆုံးသွားရခြင်းမှာ အနက်ရောင်ဝတ်လူ၏လက်နဲ့ခြေထောက်ကြောင့်ပင် ဖြစ်လေသည်။လက်သီးတစ်ချက်တစ်ချက်ထိုးခံရပါက ထိုးခံရသောသူသည် တစ်ကိုယ်လုံး ပေါက်ကွဲသေဆုံးရသလို ခြေထောက်ဖြင့် အကန်ခံရပါကလည်း အကန်ခံရသောနေရာသည် ထုတ်ချင်းပေါက်ပြီး ပြင်းထန်စွာ ဒဏ်ရာဖြစ်စေသောကြောင့် ဖြစ်၏။ကျောက်မျက်လုံးသည် သူကိုယ်တိုင်ဝင်ရောက်မတိုက်ခိုက်သေးပဲ အနက်ရောင်ဝတ်လူအား အကဲခတ်နေဆဲ ဖြစ်သည်။လက်ရှိမိမိတို့သည် ထိုအနက်ရောင်ဝတ်လူကြောင့် အခန်းထဲ၌ မှောင်ပိန်းတိန်းထဲရောက်ရှိနေသည်ဖြစ်သည်။ထို့ပြင်ကြောက်မက်ဖွယ်ကောင်းသည့်အချက်က မိမိတို့သည် အခန်းထဲ၌ရှိနေသည်ဖြစ်သော်လည်း အပြင်ကို လုံးဝထွက်မရနေနိုင်သောကြောင့် ဖြစ်သည်။အစောပိုင်း၌ တွေ့ခဲ့သော တံခါးသည်ပင် လက်ရှိအချိန်၌ ဘယ်တော့အခါမှ မတည်ရှိသယောင် ဖြစ်နေလေသည်။"ငါတို့သာလာပြီ သူ့ကိုပင်ပန်းအောင်ဆက်လုပ်ကြ"ကျောက်မျက်လုံးမှ ကျန်သောအဖွဲ့သားများအား နှိုးဆော်လိုက်လေသည်။"မင်းတို့သတိထားမိလား သူကိုထိခိုက်အောင်လုပ်ရင် သူဘာမှမဖြစ်ပင်မဲ့ ငါတို့ကိုဖုံးလွှမ်းနေတဲ့အမှောင်ထုလျော့ပါးလာတာကိုလေ"ထိုအခါမှ ကျန်သော လူများကလည်း နားလည်လိုက်ကြလေသည်။ လျော့ပါးသွားသောအမှောင်ထုသည် အနက်ရောင်ဝတ်လူနဲ့ ဆက်စပ်နေမည်ကို သူတို့သိရှိပြီးနောက် တိုက်ပွဲကား ပို၍ပင် ပြင်းထန်လာလေသည်။"မင်းတို့က အခုလိုနားလည်သွားတော့ ငါတော်တော်လေးဝမ်းသာမိပါတယ်"အနက်ရောင်ဝတ်လူမှ သွေးပျက်ဖွယ်ကောင်းသောအသံဖြင့် ဘလက်အဖွဲ့သားများ ချီးကျူးလိုက်လေသည်။ထို့နောက်"သိသွားမှတော့ မထူးပါဘူး ထုတ်ပြရတာပေါ့"ထိုသို့ပြောပြီးသည်နဲ့ အနက်ရောင်ဝတ်လူသည် သူတို့ရှေ့မှ ချက်ချင်းပင် ပျောက်ကွယ်သွားလေတော့၏။"ဟ....ဘယ်လိုပျောက်သွားတာလဲ ရှာကြစမ်း"ဘလက်အဖွဲ့မှလူများ ပြာယာခတ်သွားကြလေသည်။ သူတို့မျက်လုံးဖြင့် ဘယ်လိုမှ ရှာမတွေ့တော့သောကြောင့်လည်း ဖြစ်ပေသည်။("ဟင်....မကောင်းတော့ဘူး ")ကျောက်မျက်လုံးမှ ထိတ်လန့်သွားလေသည်။ သူ၏အစွမ်းသည် နာမည်အတိုင်း ကျောက်မျက်လုံးရှိသူဖြစ်ပြီး သူများထက် လွန်ကဲသော အမြင်အာရုံကို ရရှိထားသူဖြစ်သည်။သူ၏အမြင်၌ အနက်ရောင်ဝတ်လူသည် အမှောင်ထုနဲ့ တစ်သားတည်းဖြစ်တည်သွားသည်ကို မြင်လိုက်ရလေသည်။ထိုအချက်က အလွန်ပင်ကြောက်စရာကောင်းသောမချက်ပင်တည်း။သူက အမှောင်ထု၊အမှောင်ထုက သူဟူ၍ တွဲနေခြင်းက များစွာသော သေခြင်းတရားကို ယူဆောင်သည်ဖြစ်သည်။ကျောက်မျက်လုံးမှ သူ၏ကိုယ်ခန္ဓာကို ချာက္ကရာများဖြင့် အထပ်ထပ်ကာကွယ်ရစ်ပတ် ဖွဲ့နှောင်ထားလိုက်သည်။ သူ၏လုပ်ရပ်ကြောင့် ကျန်သော သူများလည်း ခေတ္တအံအားသင့်သွားသည်မှာ အမှန်ပင်။"ဂျွတ်......ဂျွတ်....."ထိုသို့သောအချိန်လေး၌ ဘလက်အဖွဲ့မှ လူများသည် ရုတ်ခြည်းဆိုသလို ဆက်တိုက်အသတ်ခံလိုက်ရတော့၏။သတ်သည့်လူ၏အကောင်ထည်ပုံစံမရှိပါလျက် ဘလက်အဖွဲ့သားများသည် တစ်ကိုယ်လုံးရှိအရိုးများ တွန့်လိမ့်ကျိုးကျေပြီး သေရသူနဲ့ တစ်ကိုယ်လုံးထိခိုက်ဒဏ်ရာမရှိပဲ အသက်ပျောက်ကာ ကြမ်းပြင်ပေါ်သို့ ဗိုင်းခနဲလဲကျသေသူများက ဆက်တိုက်ဆိုသလို ဖြစ်ပျက်လာတော့၏။တစ်ကိုယ်လုံးထိခိုက်မှုမရှိပဲ သေသောသူ၏မျက်လုံးများသည် အဖြူသားချည်းသက်သက်ကျန်ရစ်နေသည်ကိုတော့ မသိနိုင်ကြတော့ပေ။ထိုသို့သေနှုန်းသည် တစ်စက္ကန့်လျှင် တစ်ယောက်နှုန်းဖြစ်နေပြီး အချိန်ကုန်လေ တစ်​ယောက်ပြီး တစ်​​ယောက် သေကြရလေသာဖြစ်၏။ထိုသို့ ဖြစ်ပျက်လာသောကြောင့် ကျန်သေးသည့်လူများကလည်း မိမ်တို့ကိုယ်ခန္ဓာကို ချာက္ကရာဖြင့် ဖုံးကွယ်ရန်ကြိုးစားကြလေသည်။ သို့သော်လည်း နောက်ကျခဲ့လေပြီ။ ၎င်းတို့၏ဖုံးလွှမ်းထားသော ချာက္ကရာအကာကွယ်များအား မုန့်ကြွပ်တစ်ချပ်အား အသာလေးဖိချေသည့်ပမာ ဖျက်စီးပြီး သူတို့၏အသက်ကို ယူငင်သွားခဲ့ချေပြီဖြစ်သည်။အဆုံး၌ တစ်ကိုယ်လုံးအား ချာက္ကရာဖြင့် အထပ်ထပ်ဖုံးလွှမ်းထားသော ကျောက်မျက်လုံးတစ်ယောက်တည်းသာ ကျန်ရစ်လေတော့၏။"မဟုတ်ဘူး မဟုတ်ဘူး"ကျောက်မျက်လုံးတစ်ယောက် အလွန်သွေးပျက်ခဲ့ချေပြီဖြစ်သည်။လက်ရှိ တိုက်ပွဲသည် တိုက်ပွဲနဲ့မတူပဲ တစ်ဖက်တည်းမှ အသာစီးသတ်ဖြတ်သည့်ပွဲ ဖြစ်ကြောင်း သူနားလည်သဘောပေါက်သွားခဲ့သည်မှာ နောက်ကျခဲ့ပြီလည်းဖြစ်သည်။

All Chapters