← Chapters

အခန်း (၃၈၂-၃၈၄)

Vol. 26 Ch. 382-384

အခန်း (၃၈၂-၃၈၄)

Vol. 26 Ch. 382-384

(382)ပွဲကြီးပွဲကောင်း

"အား လုပ်ကြပါဦးလူတွေသေနေတယ်"အခန်းတစ်ခန်းထဲသို့ ဧည့်ဝတ်ကျေပွန်စွာ ဝန်ဆောင်မှုပေးနိုင်ရန်အတွက် သွားရောက်မေးမြန်းသော ဧည့်ကြိုမိန်းကလေးတစ်ယောက်သည် အခန်းတံခါးကို ဖွင့်လိုက်သည်နဲ့ သူမ မြင်တွေ့လိုက်ရသောမြင်ကွင်းကြောင့် အလွန်ပင်ကြောက်လန့်တုန်လှုပ်သွားလေတော့၏။သူမ တွေ့လိုက်သည်ကား အခန်းတစ်ခုလုံး သွေးကွက်များ တစ်ပိုင်းတစ်စစီပြန့်ကျဲနေသော အလောင်းများနဲ့ အသက်မဲ့နေသော အကောင်းပကတိအတိုင်းကျန်နေသော လူသေကောင်များသာဖြစ်ပေသည်။ထိုအလောင်းများသည် ကြမ်းပြင်ပေါ်၌ လဲကျသေဆုံးကြသည်ဖြစ်သည်။ထိုမိန်းကလေးအော်သံကြောင့် ထိုအဆောက်ဦး၏ပိုင်ရှင်သည် ထိုအခန်းသို့ စစ်ဆေးရန် များစွာသောလူအင်အားနဲ့တကွ ရောက်ရှိလာလေသည်။"ဟာ.....ဘယ်လိုဖြစ်ပြီး"သူကိုယ်တိုင် တွေ့လိုက်ရသောအခါ အသက်ရှုရပ်မတတ်ခံစားလိုက်ရလေသည်။မနေ့ညကအချိန်ကို ပြန်တွေးမိလေသည်။ မိမိ၏အဆောက်ဦးရှိအခန်းတစ်ခုအား အင်အားကြီးအစွမ်းထက်သောစစ်သည်တော်များက ကိစ္စတစ်ခုအတွက် ငှားရမ်းနေထိုင်ကြလေသည်။ထိုစစ်သည်များသည် အလွန်အစွမ်းထက်ကြောင်း မိမိထက်သာလွန်သော အော်ရာအငွေ့သက်များကြောင့် ပိုင်ရှင်သည် သတိတရရှိကာ မှတ်မိနေခြင်းဖြစ်သည်။မနက်ခင်းရောက်တော့ ထိုအစွမ်းထက်အင်အားကြီးသူအားလုံး ထိုသို့သေဆုံးနေကြမည်ဟု တစ်ခေါက်မှ မထင်မှတ်ထားမိပေ။တစ်ယောက်သောသာလျှင် ကြမ်းပြင်ပေါ်၌ ဓားထောက်ကာ ရပ်လျက်ဖြင့် သေဆုံးနေသည်ကို သူတွေ့ရှိလိုက်ရလေသည်။ ထိုသူသည် ကျောက်မျက်လုံးဖြစ်ကြောင်း ချက်ချင်းဆိုသလိုသိရှိလိုက်ရ၏။အကြောင်းမှာ ထိုသူသည် အလွန်နာမည်ကြီးပြီး မြင်တွေ့ဖူးသောကြောင့်ဖြစ်သည်။ ထိုသို့သောသူသည် လက်ရှိအချိန်၌ မျက်လုံးများဖောက်ထုတ်ခြင်းခံရပြီး ကြမ်းပြင်ပေါ်၌ ဒူးထောက်ကာ လက်များက ဓားကိုဆုပ်ကိုင်ပြီးကြမ်းပြင်ပေါ်သို့ ထိုးစိုက်ဟန် မတ်တပ်အနေထားဖြင့် သေဆုံးနေသည်ဖြစ်၏။"ချက်ချင်း မြို့တွင်းတပ်ဖွဲ့တွေကို အကြောင်းကြားလိုက်"ပိုင်ရှင်အနေဖြင့် မိမိတတ်နိုင်တမျှလုပ်နိုင်သည်မှာ လက်ရှိဖြစ်ပျက်နေသော အခြေနေအား မြို့တွင်းတပ်ဖွဲ့အား အကြောင်းကြားသည်သာ တတ်နိုင်လေ၏။အစွမ်းထက်သောစစ်သည်တော်အုပ်စုအား ညအချိန်၌ အသံမထွက်ပဲ ဆူညံပွက်လော မရိုက်ခတ်စေပဲ မည်သို့မည်ပုံသတ်သွားသည်ကိုတော့ စဥ်းစား၍မရနိုင်အောင်ရှိနေလေတော့၏။...................

."ဂါး"အော်သံကြောင့် အခန်းတွင်း၌ရှိသော ပရိဘောဂများသည် ချက်ချင်းပင် ပြာမှုန့်အသွင်ပြောင်းလဲသွားလေတော့၏။ထိုသို့လုပ်လိုက်သူမှာ တစ်ကိုယ်လုံး စစ်သည်တော်ချပ်ဝတ်ဆာများ ဆင်ယင်ထားလေ၏။သူ၏တစ်ကိုယ်လုံးမှ အစိမ်းရောင်အငွေ့သက်များ အပူငွေ့လှိုင်းသဖွယ် ဖြာထွက်နေလေသည်။သူ၏ဥပတိရုပ်ရည်သည် နဖူးမောက်ပြီး ဘီလူးသဖွယ် ဆိုးသွမ်းလှ၏။"ချက်ချင်း စုံစမ်းရေးတွေကို မြန်မြန်ဆောင်ရွက်ပါလို့ ပြောလိုက်စမ်း""ဟုတ်ကဲ့"ထိုလူ၏အော်သံကြောင့် သူ၏လက်အောက်ငယ်သားသည်လည်း ကြောက်လန့်တုန်လှုပ်စွာဖြင့် အမိန့်အတိုင်းဆောင်ရွက်ရန် ပြေးထွက်သွားလေသည်။ထိုစစ်သည်တော်သည် ဒိုရိုဟု နာမည်တွင်ပြီး ဘလက်အဖွဲ့စည်း၌ ဒေါသဘီလူးဟု ကျော်ကြား၏။သူစိတ်ဆိုးနေရခြင်းအကြောင်းရင်းသည် ဌာန၌ရှိနေသော ဘလက်အဖွဲ့သားများ၏အသက်ကျောက်ပြားများ ကွဲကြေကုန်သောကြောင့် ဖြစ်ပေသည်။ထိုသို့ကွဲကြေမှုသည် တစ်ရက်တည်း၌ ကျောက်ပြားတော်တော်များများတစ်ခါတည်းကွဲကြေခြင်း သို့မဟုတ် တစ်ရက်လျှင် နှစ်ပြားသာ ကွဲ ကြေသည်က လက်ခံ၍ရနိုင်သေး၏။အကြောင်းမှာ တစ်ရက်တည်းတော်တော်များများကွဲကြေရခြင်းသည် အင်အားကြီးများသောရန်သူနဲ့ အုပ်စုလိုက်ထိပ်တိုက်ရင်ဆိုင်ရာ၌ သေဆုံးသွားသောကြောင့်ဟု ယူဆကြသည်။ တစ်ရက်လျှင် တစ်ပြားနှစ်ပြားကွဲကြေသည်က လုပ်ကြံခံရမှုနဲ့ သက်တမ်းကုန်ဆုံးမှုကြောင့်ဟုလည်း ယူဆ၍ရနိုင်သေး၏။ယခုဖြစ်ပျက်နေသော အဖြစ်ပျက်များကား သာ၍ပင်ဆိုးဝါးလှပေ၏။ တစ်ရက်တည်း ကျောက်ပြားများစွာကွဲကြေရုံနဲ့မပြီးနေပဲ ရက်ပေါင်းဆက်တိုက်ဆိုသလို တောက်လျှောက်ကွဲကြေနေသောကြောင့်ဖြစ်လေသည်။ဒိုရိုအား ဒေါသထွက်စေသည့်အကြောင်းရင်းမှာ လက်ရှိဌာန၌ရှိနေသောကုန်သော ကျောက်ပြားများသည် ဘလက်အဖွဲ့စည်း၌ ထင်ရှားပြီးအစွမ်းထက်သော စစ်သည်တော်များအား ကိုယ်စားပြုသောကြောင့် ဖြစ်၏။ထိုသို့သောကိုယ်စားပြုသော ကျောက်ပြားများက နေ့တိုင်းရက်ဆက်ဆိုသလို ကွဲကြေနေလေရာ ဒေါသမထွက်ပဲ မနေနိုင်တော့ပေ။တစ်ပတ်ခန့်ကြာသောအခါ ဒိုရို၏တင်ပြမှုကြောင့် ဌာန၌ရှိကြသော ဘလက်အဖွဲ့စည်းမှ ခေါင်းဆောင်များ ကိုယ်တိုင်ကိုယ်ကျအစည်းဝေးထိုင်ကြရတော့၏။အစည်းဝေးခန်းမ၌ အင်အားကြီးသော လူသည် နှစ်ဆယ်မျှရှိ၏။ထိုလူနှစ်ဆယ်သည် မိမိတို့၏မျက်နှာများအား အဝတ်နက်များဖြင့် ဖုံးလွှမ်းထားကြလေ၏။ သူတို့သည် ထိုင်ခုံများပေါ်၌ ငြိမ်သက်စွာ ထိုင်နေကြ၏။ထိုသူတို့ထက်အဆင့်နိမ့်သော သူများကတော့ ကြမ်းပြင်ပေါ်တွင် မတ်တပ်ရပ်နေသောအနေထားဖြင့် ရှိကြ၏။ထိုသို့ရပ်သူများတွင် ဒိုရိုသည် ထိပ်ဆုံး၌ဖြစ်သည်။ဤသည်က ဒိုရိုသည် မတ်တပ်ရပ်သူများတွင် အဆင့်အမြင့်ဆုံးဖြစ်ကြောင်း သိသာစေ၏။သူတို့သည် ထိုင်ခုံ၌ထိုင်နေသော သူများအား အားကျစွာကြည့်နေကြ၏။လူနှစ်ဆယ်၏ကိုယ်မှ ထွက်ပေါ်သော အော်ရာအရှိန်ဝါကြောင့် စွမ်းပေ့ဟူသော ဒိုရိုပင် အနည်းငယ် တုန်လှုပ်မိသည်မှာ အမှန်ပင်ဖြစ်လေသည်။"ဒိုရို သတင်းတင်ပြစမ်း...ဒီလိုအစည်းဝေးလုပ်ရတဲ့အကြောင်းကို"ခေါင်းဆောင်များမှ ဒိုရိုအား စိုက်ကြည့်လိုက်ကြ၏။၎င်းတို့သည် အရေးကြီးသောကိစ္စမရှိပါက ထွက်ပေါ်လာလေ့မရှိသော အစွမ်းထက်စစ်သည်တော်များဖြစ်ကြ၏။အချိန်တိုင်းအစွမ်းတိုးပွားလာစေရန်အတွက် အခန်းအောင် ကျင့်ကြံနေကြသော စစ်သည်များလည်းဖြစ်ပေသည်။လက်ရှိ၌ ဒ်ိုရို၏တင်ပြချက်ကြောင့် ယခုလိုစုဝေးနေကြရသည်ဖြစ်သည်။"လက်ရှိကျနော်တို့အသက်ကျောက်ပြားအချပ်ရေငါးရာကျော် ကွဲကြေပြီးပါပြီ ကျန်တဲ့ကျောက်ပြားတွေဆိုရင်လည်း ဒီလိုဖြစ်ဖို့အလားလာရှိနေပါတယ်"ဒိုရို၏တင်ပြမှုကြောင့် စုဝေးနေသောခေါင်းဆောင်များ ​ခေတ္တငြိမ်သက်သွားကြ၏။ဒိုရိုမှပင်ဆက်လက်ပြီး"အခုပြောသွားတာက အဓိကဌာနချုပ်က အရေတွက်ပဲရှိပါသေးတယ်....ကျန်တဲ့ဌာနခွဲမှာရှိတဲ့ ကျောက်ပြားတွေဆို လေးပုံတစ်ပုံပဲ အကောင်းတိုင်းကျန်ရှိပါတော့တယ်...အဲ့ဒါတွေလဲ ဘယ်ချိန်ပျက်စီးမယ်မသိရသလို....တစ်ချို့ဌာနခွဲတွေကတော့...."​ပြောနေရင်း ဒိုရိုဒေါသထွက်လာပြီဖြစ်၏။ဒေါသထွက်လာသောကြောင့် သူ၏ကိုယ်မှ အငွေ့များ ပိုမိုထွက်လာလေသည်။"ဆက်ပြော...ဒိုရို"အင်မတန်သြဇာရှိသော အသံကြောင့် ဒိုရိုလည်း မိမိ၏ဒေါသကို မြိုသိပ်ကာ"တစ်ယောက်မကျန်အကုန်လုံး လက်စဖျောက်ခံလိုက်ရပါပြီ"ဒိုရိုစကားဆုံးသည်နဲ့ အံ​ကြိတ်သံများ တောက်ခေါက်သံများ ထွက်ပေါ်လာလေသည်။"သေချာတယ်... ဒါသေချာပေါက် ငါတို့အဖွဲ့စည်းကို စ်မှတ်ထားနေတာပဲ...ဘယ်သူလုပ်လဲဆိုတာသိကြလား"ထိုစကားကြောင့် အားလုံးအတွေးစခန်းဝင်သွားကြသည်။မိမိတို့အဖွဲ့စည်းသည် အင်အားကြီးပြီး အစွမ်းထက်သောကြောင့် ရန်သူများစွာရှိသော်လည်း ယခုကဲ့သို့ဖြစ်ရပ်မျိုး ဖန်တီးနိုင်သော ရန်သူကိုတော့ မစဥ်းစားနိုင်အောင်ရှိလေသည်။"တစ်ယောက်တော့ကျနော်မျိုးသိပါတယ်"ထိုသို့ပြောလိုက်သောလူတစ်ယောက်ကြောင့် ဒိုရိုနဲ့အစွမ်းထက်ခေါင်းဆောင်များ လှည့်ကြည့်လိုက်ကြ၏။ထိုစကားအားပြောသူမှာ ဘလက်အဖွဲ့စည်း၌ ပါရမီရှင်ဟုလူသိများသော တွိုင်ဖြစ်ကြောင်း တွေ့လိုက်ရလေ၏။သူ၏လုပ်ဆောင်ချက် ထူးခြားချက်များကြောင့်လည်း သူ့အား ခေါင်းဆောင်များမှလည်း မျက်နှာပေးထားသည်လည်းဖြစ်သည်။"ဆိုစမ်းပါဦး"ခေါင်းဆောင်တစ်ယောက်မှ စတင်မေးလိုက်၏။"ဒါကတော့ ဂျိတ်ပါ လက်ရှိမှာ သူက အဆင့်လေးရှိတဲ့ဂရိတ်တိုင်းပြည်ကို အုပ်စိုးနေပါတယ် သူအုပ်စိုးတဲ့ကာလအတွင်းမှာ တိုင်းပြည်ဟာ တော်တော်လေးတိုးတက်ပြောင်းလဲသွားပြီး"ဟုအစချီကာ ရှင်းပြလေတော့၏။ ဂျိတ်သည် ယခင်က သာမန်လူမှ လက်ရှိအခု မာစတာအဆင့်နဲ့မဝေးတော့သောအဆင့်၌ရှိတော့မည့်အကြောင်း သူ့၏လျှို့ဝှက်သောအဆင့်တက်မြန်အကြောင်းကင်းနဲ့ သူ၏သမီးသည် ဂိုဏ်းကြီးလေးဂိုဏ်းမှ ရှာဖွေနေသော ပါရမီရှင်ဖြစ်ကြောင်းပါ ပါရှိလေ၏။တွိုင်၏ရှင်းပြချက်ကြောင့် ထိုင်နေသောသူများ၏အော်ရာများ တိုးလာပြီး တည်​ငြိမ်မှုမရှိတော့သည်ကို လူတိုင်းခံစားမိလာကြ၏။သူတို့သည် နှစ်ရှည်လများစွာ တွင်းအောင်းကျင့်ကြံသူများဖြစ်ရာ လက်ရှိနှစ်များ၌ဖြစ်ပျက်နေသောအကြောင်းရင်းများ မသိသည်မှာ မထူးဆန်းပေ။သို့သော်လည်း တွိုင်၏ရှင်းပြမှုကြောင့် သူတို့၏မျက်လုံးများ၌ တပ်မက်လိုချင်စိတ်များပေါ်လာကြောင်း တွိုင်မှ သတိထားမိလေသည်။လက်ရှိဂျိတ်အုပ်စိုးသော ဂရိတ်တိုင်းပြည်သည် စွန်ရဲအင်ပါယာလက်အောက်၌မရှိသလို ဂိုဏ်းလေးဂိုဏ်းနဲ့လည်း ရင်ဆိုင်နေကြောင်း သိရသောအခါ သူတို့အသက်ရှုရန်ပင် မေ့လျော့သွားကြ၏။သေးငယ်သော ပုရွက်ဆိတ်လေးက အရာရာအား အံတုရင်ဆိုင်နေသလို မြင်ယောင်မိသောကြောင့်ဖြစ်၏။တွိုင်မှ ရှင်းပြပြီးသောအခါ ထိုင်နေသောခေါင်းဆောင်ကြီးများအား ​ကြည့်​နေလိုက်၏။ထိုအခါမှ ခေါင်းဆောင်ကြီးများကလည်း ချာက္ကရာအစွမ်းဖြင့် အသံတိတ်ဆက်သွယ်ပြီး ဆွေးနွေးကြလေတော့၏။ငါးမိနစ်မျှ ကြာသောအခါ ခေါင်းညိတ်လိုက်ပြီး အစည်းဝေးကို အဆုံးသတ်လိုက်ကြပြီး ဒိုရိုအား ပြောလိုက်လေသည်။"ဆွေးနွေးကြည့်တော့ လက်ရှိဖြစ်ပျက်နေတဲ့ပြသနာတွေရဲ့70%ဟာ ဂရိတ်တိုင်းပြည်ရဲ့ဂျိတ်နဲ့ပတ်သက်တယ်လို့ ငါတို့ယူဆလိုက်တယ်....ပြီးတော့ ဒီပြသနာကိုပြီးဆုံးသွားဖို့အတွက် ငါတို့ကိုယ်တိုင်လှုပ်ရှားမယ်"ထိုစကားဆုံးသည်နဲ့ ဒိုရိုသည် အလွန်ပင်အံ့အားသင့် မင်သက်တုန်လှုပ်သွားလေသည်။ထိုသို့ခေါင်းဆောင်ကြီးများအားလုံး လှုပ်ရှားမှုမျိုးသည် ဘလက်အဖွဲ့စည်း၌တစ်ခါမှ မဖြစ်ဖူးသောကြောင့် ဖြစ်၏။ဒိုရိုသာ မဟုတ် တွိုင်သည်လည်း အံသြနေသည်ဖြစ်၏။လက်ရှိပုံစံအရဆိုလျှင် ပွဲကြီးတစ်ခုတွေ့ရတော့မည်ဖြစ်ကြောင်း သူ ကောင်းစွာသဘောပေါက်နားလည်လိုက်ပြီ ဖြစ်သည်။

(383)ရောက်လာပြီ

အခန်းထဲ၌ နောက်ဆုံးတွင် အယောက်နှစ်ဆယ်ရှိသည့် ခေါင်းဆောင်များသာ ကျန်ရှိနေတော့၏။"ငါတို့ဘယ်ချိန်သွားရင်ကောင်းမလဲ"ဘလက်အဖွဲ့စည်းခေါင်းဆောင်တစ်ယောက်မှ စတင်ပြောလိုက်ရာ ကျန်သောတစ်ဆယ့်ကိုးယောက်မှာ အတွေးခန်းဝင်နေကြလေသည်။၎င်းတို့အယောက်နှစ်ဆယ်သည် အလွန်ပင်လျှို့ဝှက် ပုန်းကွယ်နေထိုင်ကြသောသူများဖြစ်ကြ၏။ အဘယ်အထိ ပုန်းကွယ်နေထိုင်သနည်းဆိုလျှင် ၎င်းတို့၏လက်အောက်ရှိ အနီးဟု ဆိုသော လူများပင် သူတို့၏မူလရုပ်ရည်အသွင်ပြင်ကို မမြင်ဖူးကြသည်အထိဖြစ်၏။"ချက်ချင်းပဲ သွားကြမယ် ငါသူ့ရဲ့လျှို့ဝှက်ချက်ကို သိချင်နေပြီ"အက်ရှရှအသံဖြင့် တစ်ယောက်မှ ပြောလိုက်၏။"နေဦး ....သူက ဒီလောက်ရိုးရှင်းမယ်လို့ ငါမထင်ထားဘူး အခုလိုလုပ်ရပ်တွေနဲ့ရှင်သန်နေသေးတာက သူဘယ်လောက်ထိလျှို့ဝှက်ချက်တွေ ဖုန်းကွယ်ထားသေးလဲဆိုတာ မပြောနိုင်ဘူး"အလွန်လှပသောအသားရေပိုင်ဆိုင်ထားသော တစ်ယောက်မှ ထပ်မံပြောလိုက်သည်။"အချောလေးပြောတာ ဟုတ်တယ် ဘယ်လိုလျှို့ဝှက်ချက်မျိုးတွေ သိမ်းဆည်းထားမယ်ဆိုတာမသိသေးဘူး....... ဆိုပင်မဲ့ ငါတို့ကအယောက်နှစ်ဆယ်လေ""ဟုတ်တယ် သူပြောတာ... ငါတို့က အယောက်နှစ်​​ဆယ်တောင်လေ တစ်ခေါက်ကသူ့ကိုစွန်ရဲအင်ပါယာရှုံးသွားတယ်ဆိုတာက တစ်ယောက်တည်းလေ ငါတို့တစ်ပြိုင်တည်းချရင် သူသေချာပေါက်ရှုံးနိုင်တယ်"ဘလက်ခေါင်းဆောင်များမှာ မိမိတို့အချင်းချင်းပြန်လည်သုံးသပ်ပြီး ချက်ချင်းထွက်ခွာရန်ဆုံးဖြတ်လိုက်ကြ၏။အကြောင်းမှာ မိမိတို့ဘလက်အဖွဲ့ခေါင်းဆောင်အယောက်နှစ်ဆယ်ဆိုပါက ပြိုင်ဘက်ကင်းပြီး အနိုင်ရရှိမည်ဟုယူဆထားကြသောကြောင့် ဖြစ်သည်။......................("လက်ရှိအချိန်၌ ဘလက်အဖွဲ့စည်း၏30%သုတ်သင်ပြီးပါပြီ")ဂျိတ်တစ်ယောက် သမီးဖြစ်သူအိပ်ရာထက်၌ ချော့သိပ်ပြီးဖြစ်ချိန်၌ ထိုသတိပေးချက်ပေါ်လာသည်ကို မြင်လိုက်ရသောကြောင့် ပြုံးမိသွားသည်။ထိုသို့သာဆက်လက်သွားနေပါက တစ်နှစ်အတွင်း၌ ဘလက်အဖွဲ့စည်းသည် တဖြေးဖြေးအင်အားချို့တဲ့လာပြီး နောက်ဆုံး၌ပျောက်ကွယ်သွားတော့မည်ဖြစ်ပေသည်။မိမိ၏သမီးလေးနဲ့ချစ်သူအား လာရောက်ထိပါးပါက ရေမြေအဆုံးထိ လက်စားချေရန် ဆုံးဖြတ်ထားပြီးသည်လည်းဖြစ်ပေသည်။ ထို့နောက် မိမိတိုင်းပြည်၏တိုးတက်နေသောအခြေနေအား နာရီဝက်မျှအကဲ ဖြတ်ကြည့်ရှုလိုက်၏။ကြည့်ရှုပြီးသည်နဲ့ လုပ်သင့်လုပ်ထိုက်သည်တို့ကို ညွှန်ကြားဆောင်ရွက်စေပြီး အနားယူရန်ပြင်ဆင်လိုက်လေသည်။သမီးလေးအား ချော့သိပ်ပြီးဖြစ်သောကြောင့် သူ၏ဘေး၌ပင် မိမိသည်လည်း အိပ်စက်အနားယူလိုက်လေ၏။...................သုံးရက်မြောက်သောနေ့၌......"အရှင်မင်းကြီး သတင်းတစ်ခုပါလာပါတယ်"ဂျိတ်ထံသို့ စစ်သည်တစ်ယောက်မှ လျှောက်တင်လာသောကြောင့် ဂျိတ်လည်း ထိုသတင်းအား နားထောင်လိုက်​၏။ထိုသတင်းအား ကြားလိုက်သည်နဲ့ ထိုစစ်သည်တော်နဲ့အတူ သတင်းများစုစည်းရာဌာနသို့ အတူတကွ ဦးတည်လာခဲ့လိုက်လေသည်။ထိုဌာနသည် ကျနော်တို့ကြားဖူးသော ဇာတ်ကားများ၌ပါရှိတတ်သော CIA Fbi ဌာနများလိုပင် ဖြစ်၏။မိမိတိုင်းပြည်အပြင်၌ ဖြစ်သော ဖြစ်ပျက်နေသော အခြေနေများနဲ့ ပြည်တွင်း၌ ဖြစ်ပျက်သော အခြေနေဖြစ်ရပ်များအား အချိန်နဲ့တပြေးညီ သတင်းရယူပြီး စီစဥ်ဆောင်ရွက်နေကြသော အဖွဲ့စည်းဌာနဖြစ်၏။ထိုဌာနသည် ဂျိတ်နဲ့အတိုင်ပင်ခံ ဖယ်တို့၏လက်အောက်တွင် ရှိသော ဌာနလည်း ဖြစ်ပေသည်။ထိုဌာန၌ရှိနေသော လူများသည် နှစ်ဖွဲ့သတ်မှတ်ထား၏။တစ်ဖွဲ့သည် တိုင်းပြည်ပြင်ပမှ အခြေနေအကြောင်းရာများအား စစ်ဆေးသောအဖွဲ့(cia)လိုဖြစ်ပြီး တစ်ဖွဲ့ကတော့ ပြည်တွင်း၌ဖြစ်ပျက်နေသော အကြောင်းရာများအား စုံစမ်းစစ်ဆေးခြင်း(fbi)ဖြစ်ပေသည်။ထိုဌာန၌ မျိုးစုံသော နည်းပညာများနဲ့ဆက်စပ်သော အမျိုးမျိုးသော ပညာရပ်များ၊နည်းပညာများနဲ့ ထူးခြားသော ပစ္စည်းများကို တွေ့မြင်ရမည်ဖြစ်၏။လက်ရှိဂျိတ်ရရှိထားသောသတင်းကြောင့် ထိုဌာန၌ အတည်ပြုစစ်ဆေးရန်ရောက်ရှိလာသည်လည်း ဖြစ်ပေသည်။ ဂျိတ်ရောက်လာသည်နဲ့ ဌာန၌ရှိနေသောသူများအားလုံး အသင့်အနေထားဖြစ်သွားကြလေ၏။"လုပ်စရာရှိတာဆက်လုပ်ကြပါ"ဂျိတ်၏စကားဆုံးသည်နဲ့ ချက်ချင်းပင် မိမိတို့လုပ်စရာရှိသည်ကို ဆက်လက်လုပ်ကိုင်ကြလေတော့၏။သူတို့၏လုပ်ကိုင်ပုံကို ကြည့်ကာ ဂျိတ်သည် ပြုံးမိသည်။ထိုသို့လုပ်ကိုင်မှုမျိုးကို သူတို့အနေဖြင့် အချိန်ခေတ္တအတွင်း၌ အသားကျသွားသောကြောင့် ဖြစ်၏။"ကဲ....တည်နေရာ....နဲ့....ကို စစ်ဆေးပေးပါ"မိမိ၏အနီးမှ တစ်ယောက်အား ဂျိတ်မှစေခိုင်းလိုက်သည်နဲ့ ထိုသူသည်လည်း သူ၏လက်များကို ရှေ့၌ရှိသော ဖန်သားပြင်ကီးဘုတ်ပေါ်၌ မြန်ဆန်စွာအလုပ်ပေးလိုက်တော့၏။ဂျိတ်ပြောသည့်အတိုင်းဆောင်ရွက်လိုက်ရာ ဌာန၌ရှိသော ဧရာမဖန်သားပြင်ပေါ်၌ မြင်ကွင်းတစ်ခုပေါ်ပေါက်လာလေတော့၏။"ဟင်...ဒါကြီးက...ဘာကြီးလဲ"ဌာနထဲ၌ လုပ်ကိုင်နေကြသောသူများ ခေတ္တရပ်တန့်သွားကြလေသည်။အကြောင်းမှာ ထူးဆန်းသောမြင်ကွင်းကိုမြင်လိုက်ရသောကြောင့်ဖြစ်၏။လေထဲ၌ ကြောက်မက်ဖွယ်ရာအဆင်းရှိသော ကိုယ်ခန္ဓာရှိပြီး မျက်လုံး၌မီးများတောက်လောင်နေသော မြင်းဆယ်ကောင်သည် လေထဲ၌ ပျံသန်းပြေးလွှားနေသောကြောင့် ဖြစ်၏။ထိုမြင်းဆယ်ကောင်၏နောက်တွင်လည်း ဆွဲထားသော ရထားလုံးကြီးလည်းရှိ၏။ထိုရထားလုံးကြီးသည် အနက်ရောင်ဖြင့်ဆေးချယ်ထားပြီး အရိုးခေါင်းများဖြင့်သော်လည်းကောင်း အရိုးကိုယ်ခန္ဓာအစိတ်ပိုင်းများဖြင့်လည်းကောင်း စီချယ်အလှဆင်ထား၏။ထိုသို့သောရထားလုံးသည် လေထဲ၌ ပျံသန်းပြေးလွှားနေသည်မှာ အလွန်ပင်ကြောက်မက်ဖွယ်ရာကောင်းလှပေ၏။ထိုရထားလုံးသည် အလွန်မြန်ဆန်သောအရှိန်ဟုန်ဖြင့် ပြေးလွှားနေပြီး သူ၏ဦးတည်ရာသည် မိမိတိုင်းပြည်ဖြစ်ကြောင်း ဂျိတ်ကောင်းစွာသဘောပေါက်နားလည်လိုက်လေသည်။."ဒါဘယ်ချိန် ဒီကိုရောက်မလဲ"ဂျိတ်၏အမေးကြောင့် ရှာဖွေပေးသူကလည်း သူ၏လက်ချောင်းများကို မြန်ဆန်စွာ လှုပ်ရှားစေပြီး တွက်ချက်လိုက်လေသည်။ထို့နောက်"ဒီလိုမြန်ဆန်တဲ့အရှိန်နဲ့ဆို....နှစ်ရက်ပါ"ဂျိတ်အမေးကို ရှာဖွေမေးခဲ့သော လူမှ ​ဖြေကြားလိုက်လေသည်။"ကောင်းပြီ လုပ်စရာရှိတာ ဆက်လုပ်ပါ အဲ့ဒါကို ငါကိုင်တွယ်လိုက်မယ်"ဂျိတ်လည်းပြောပြီးသည်နဲ့ ထိုဌာနမှထွက်ခွာသွားလေ၏။ဂျိတ်ထွက်ခွာသွားသည်နဲ့ ဌာန၌ အစောပိုင်းက အံသြကြောက်လန့်နေသောသူများလည်း သာမန်ပုံမှန်အခြေနေသို့ ပြန်လည်ရောက်ရှိသွားကြပြီး မိမိတို့လုပ်ရမည့်အလုပ်များကို ဆက်လက်ဆောင်ရွက်ကြလေ၏။ဘုရင်ကိုယ်တိုင် ကိုင်တွယ်မည်ဖြစ်သောကြောင့် သူတို့အနေဖြင့် တစ်စက်မျှ စိုးရိမ်ခြင်းမရှိပါတော့ချေ။ ဂျိတ်၏ပြသခဲ့သောလုပ်ရပ်များကြောင့် ဂျိတ်အား 100%လုံးဝအခိုင်မာယုံကြည်မှုရှိသည်လည်း ပါသောကြောင့်ဆိုလျှင်မမှားပေ။................ကောင်းကင်ယံ၌ မြင်းဆယ်ကောင်ဆွဲပျံသန်းနေသော ရထားလုံးထဲမှ......"ဂရိတ်ဘုရင်တော့ ငါတို့လာတာကို မြင်လိုက်ရရင်ဘယ်လိုနေမလဲမသိဘူး""ငါထင်တာတော်တော်လေး သွေးပျက်သွားနိုင်တယ်""ဟား....ဟား......ဖြစ်နိုင်တယ်"ရထားလုံးတွင်း၌ရှိသော လူများက ဂျိတ်၏ဖြစ်ပေါ်မည့်အမူရာအား ကြိုတင်တွေးဆပြောဆိုပြီး ရယ်မောနေကြလေ၏။သူတို့ မသိသည်ကတော့ ဂျိတ်မှ ကြိုတင်မြင်ရုံတင်မက သူတို့ကိုပါ စောင့်ဆိုင်းနေသည်ကိုပင်ဖြစ်၏။ဒါကလည်း သူတို့အပြစ်မဆိုသာပေ။ကပ်ဆိုးဖြစ်စဥ်က ဂျိတ်သည် မိမိ၏ဘေးပတ်၌ရှိသော တိုင်းပြည်များတိုက်ခိုက်သိမ်းပိုက်ပြိီး လက်အောက်ခံတိုင်းပြည်အဖြစ်အုပ်စိုးခဲ့သည်မဟုတ်ပါလား။ထိုသို့ အုပ်စိုးသည့် အချိန်ကတည်းက အချိန်နဲ့တပြေးညီ လိုအပ်သောသတင်းများသိရှိနိုင်စေရန် ထောက်လှမ်းရေးဒရုန်းများနဲ့ များစွာသော ထောက်လှမ်းရေးအရာများကို နေရာအနှံဖြန့်ကျက်စေလွတ်ထားခဲ့သည်ဖြစ်သည်။မြေပေါ်မှအစ ရေပေါ်ရေအောက်နဲ့ လေထဲမှာပင် မကျန် ဖြန့်ကျက်ထားခဲ့သည်ဖြစ်၏။ထိုသို့လုပ်ဆောင်ထားခဲ့သောကြောင့် ထိုရထားလုံးသည် ဂရိတ်တိုင်းပြည်မရောက်ခင် ဂရိတ်တိုင်းပြည်၏ လက်အောက်နယ်မြေများ ကျော်ဖြတ်လာသည်နဲ့ ဂျိတ်အား သတင်းအချက်ပေးပို့ပြီး အချက်ပြသောကြောင့် ဂျိတ်မှသိရှိထားပြီ ဖြစ်သည်။အချိန်နှစ်ရက်လည်း ကုန်လွန်သည်နဲ့ ထိုရထားလုံးသည် ဂရိတ်တိုင်းပြည်ထဲသို့ စတင်ရောက်ရှိလာတော့၏။"အော်....သူတို့ရောက်လာပြီပဲ"ဂျိတ်သည် မိမိမြင်ကွင်းရှေ့၌ရှိသော ရထားလုံးအား ကြည့်ကာ ပြုံးလိုက်တော့၏။

(384)ရန်ဖက်ဟောင်း

"မင်းပြောတာသူတို့လား""ဟုတ်တယ် လှံနတ်ဆိုး"ဂျိတ်သည် မေးလာသော လှံနတ်ဆိုးအား ဖြေကြားလိုက်သည်။ "ဒီကောင်တွေဘယ်လောက်သန်မာလဲဆိုတာ ငါသိချင်နေပြီ"လှံနတ်ဆိုးမှ တက်တက်ကြွကြွဆိုလိုက်သည်။ဂျိတ်လည်း သူ၏တက်ကြွသောအမူရာကြောင့် ပြုံးလိုက်ပြီး"မကြာခင်သိရတော့မှာပါ"လက်ရှိ သူတို့နှစ်ယောက်သည် ဂရိတ်တိုင်းပြည်၏နယ်စပ်မြို့များထဲမှ ဖက်မြို့ရိုးတည်ရှိရာနေရာ၌ ရောက်ရှိနေကြခြင်းဖြစ်သည်။ ထိုမြို့ရိုးပေါ်၌ ဂျိတ်နဲ့လှံနတ်ဆိုးသည် ကောင်းပေ့ဟူသော ဝိုင်အား သောက်သုံးရင်း မိမိတို့ထံပြေးလာနေသော လေထဲမှ ရထားလုံးပျံကြီးကို ကြည့်ရှုနေကြလေသည်။ထိုရထားလုံးပျံကြီးသည် မြန်ဆန်သောအရှိန်ဟုန်ဖြင့် လာနေသည်ဖြစ်ရာ မြို့ရိုးနဲ့ တဖြေးဖြေးနီးကပ်လာလေတော့၏။"ဂရိတိုင်းပြည်၏ပိုင်နက်ထဲရောက်ရှိလာသော ရထားလုံး ကျေးဇူးပြုပြီး အရှိန်လျော့ချပေးပါ"မြို့ရိုး၌တပ်ဆင်ထားသော အသံလွှင့်စက်မှ စက်အသံ သတိပေးချက်ထွက်ပေါ်လာလေသည်။"ထပ်ပြောပါမယ် ကျေးဇူးပြုပြီး အရှိန်လျေ့ာချပေးပါ"အသံလွှင့်စက်မှ ဒုတိယအ​ကြိမ်ပြောလာပြန်၏။"ဂရုစိုက်စရာလား ပိုပြီးအရှိန်မြင့်လိုက်"ရထားလုံးထဲမှ လူများသည် မိမိတို့အား သတိပေးသည်ကိုကြားသောအခါ ပျက်ရယ်ပြုပြီး ဂရုမစိုက်သောအမူရာပြုလုပ်ကာ အရှိန်ပင်တင်လိုက်ကြသေးသည်။"တွေ့လား သူတို့က မင်းရဲ့သတိပေးချက်ကို ဂရုတောင်မစိုက်ဘူး ပိုတောင်မြန်လာသေးတယ်""ဒါဆိုလဲ ဂရိတ်တိုင်းပြည်အကြောင်း သိသွားတာပေါ့ဗျာ"လှံနတ်ဆိုးအား ဂျိတ်မှ ပြောလိုက်၏။"သတိပေးသည်ကို ချိုးဖောက်သည့်အတွက် အပြစ်ဒဏ်ပေးပါမယ်"ထိုအသံဆုံးသည်နဲ့ မြို့ရိုးထဲမှနေ၍ အရာတစ်ခုက ထွက်ပေါ်လာလေသည်။ထိုအရာသည် သေးငယ်ပြီးချွန်ထွက်သော စက်သေနတ်အသွင်ရှိ၏။ "အဲ့ဒါဘာလေးလဲ"ထွက်လာသောစက်ပစ္စည်းအား လှံနတ်ဆိုးမှ အံအားသင့်စွာ ကြည့်ပြီးမေး၏။"အဲ့ဒါလား ကျနော်ကတော့ လေဆာလို့ခေါ်တယ် အပူဓာတ်အားပြုအဖျက်လက်နက်ပေါ့ဗျာ"ထိုအရာသည် မြန်ဆန်စွာလာနေသောရထားလုံးရှိရာသို့ ဦးတည်ကာ ချိန်လိုက်ပြီး"တီ....တီ....တီ......"သေးငယ်သောအသံသေးထွက်လာပြီး ပစ်ခတ်ရာထိပ်ဖူးလေးမှ အနီရောင်အလင်းတန်းလေး ဆက်တိုက်ဆိုသလို လင်းလက်သွားလေသည်။ထိုသို့လင်းသွားသည်နဲ့ ရထားလုံး၌ ထူးခြားမှုများ ဖြစ်လာသည်ကို လှံနတ်ဆိုးမြင်လိုက်ရလေသည်။"ဟင်"လှံနတ်ဆိုး ထိတ်လန့်တုန်လှုပ်သွား၏။သူမြင်လိုက်ရသည်ကား လေထဲ၌ ပျံသန်းပြေးနှင်လာသော မြင်းများသည် ချက်ချင်းဆိုသလို မီးလောင်သေဆုံးကုန်သောကြောင့်ဖြစ်၏။ မြို့ရိုးမှထွက်လာသော လက်နက်၏ပစ်ခတ်မှုကြောင့်တစ်စက္ကန့်၏သေးငယ်သော အချိန်အတိုင်းတာကာလလေး၌ မြင်းဆယ်ကောင်လုံးသည် ချက်ချင်းပင် မီးလောင်ကာ သေကုန်ကြသောကြောင့်ဖြစ်၏။မြင်းများသေဆုံးကုန်သောကြောင့် ရထားလုံးသည် လေထဲ၌ ပျံသန်းရပ်တည်နိုင်စွမ်းမရှ်ိတော့သည် ဖြစ်ရာ ချက်ချင်းပင် မြေကြီးပေါ်သို့ ပြုတ်ကျလေတော့၏။အတော်မြင့်မားသော လေထု၌ မြင်းများသည် ပျံသန်းလာခဲ့ရသည်ဖြစ်သောကြောင့် အောက်သို့ပြန်ကျသောအခါ အလွန်ပင် ပြင်းထန်လာသည်ဖြစ်၏။"တီ"မြို့ရိုးမှ လက်နက်မှ တစ်ချက်ပစ်ခတ်လိုက်သေးကြောင်း လှံနတ်ဆိုးမြင်လိုက်ရ၏။ထိုပစ်ချက်နဲ့အတူ မြေပေါ်သို့ ဆင်းကျနေသော ရထားလုံးသည်လည်း ​မီးစွဲလောင်ကျွမ်းလေတော့၏။"ဝုန်း"မီးစွဲပြီးမြေပြင်ပေါ်သို့ အရှိန်ဖြင့် ကျနေသော ရထားလုံးသည် လေထဲ၌ပင် ရုတ်ခြည်းဆိုသလို ပေါက်ကွဲသွားလေတော့၏။"ကြည့်ရတာ သူတို့သည်းမခံနိုင်တော့ဘူးထင်တယ်"ဂျိတ်မှပြောလိုက်၏။"မင်းတို့လို တိုင်းပြည်အသေးမွှားလေးက လုပ်ရဲတယ်ပေါ့"ကြီးမားကျယ်လောင်သောအသံတစ်ခုထွက်ပေါ်လာလေ၏။ထိုအသံထွက်ပေါ်လာနေရာကား ရထားလုံးပေါက်ကွဲသွားသောအခါ ထွက်ပေါ်လာသော လူတစ်ယောက်ထံမှ ဖြစ်၏။ ထိုလူသည် တစ်ကိုယ်လုံးအနက်ရောင်များ ဖုံးလွှမ်းထားပြီး မျက်နှာဖုံးတစ်ခုတပ်ဆင်ထား၏။ သူ၏နောက်တွင်လည်း ဆယ့်ကိုးယောက်သော လူများရှိကြောင်းတွေ့လိုက်ရလေ၏။ ထိုလူများသည်လည်း အနက်ရောက်ဝတ်များဖြင့် ဖြစ်ပြီး မျက်နှာဖုံးများ ဝတ်ဆင်ထားကြ၏။ထူးခြားသည်မှာ ထိုလူများသည် ချာက္ကရာအတောင်များကိုယ်စီရှိကြပြီး လေထဲပျံသန်းနေကြသည်ဖြစ်၏။ကြီးမားကျယ်လောင်သောအသံသည် အလွန်ပင် ပြင်းထန်သောကြောင့် မြို့ရိုး၌ရှိ​နေသော အဆင့်နိမ့်စစ်သည်များသည် ခေါင်းမူးဝေသွားကြရလေသည်။"အကာကွယ်ဖန်တီးလိုက်ပါ"ဂျိတ်၏အမိန့်အောက်၌ မြို့ရိုးမှ အမျိုးမည်မသိသောအသံလှိုင်းနဲ့တကွ အကာကွယ်တစ်ခုထွက်ပေါ်လာလေ၏။ထိုအကာကွယ်သည် အဆင့်နိမ့်သေးသော စစ်သည်များအား မူးဝေသည့် ဒဏ်မှ ကာကွယ်ပေးလိုက်လေ၏။("အာသာရေ မင်းသားက မရိုးရှင်းဘူးဟ")ဤသည်ကား လှံနတ်ဆိုး၏အတွေးတည်း။သူသည် ဂရိတ်တိုင်းပြည်ရောက်သည်မှာ အနည်းငယ်ကြာပြီဖြစ်သော်လည်း ဂရိတ်တိုင်းပြည်၏တိုးတက်နေသောဖြစ်စဥ်နဲ့အတူ ထွက်ပေါ်လာသော အရာတိုင်းအား လိုက်မှီရန် ကြိုးစားနေရလေသည်။ယခုလည်း မိမိမျက်စိရှေ့၌ ပေါ်ပေါက်လာသော လေတာဟုခေါ်သော လက်နက်နဲ့အကာကွယ်များသည် မြင်ရသလို ရိုးရှင်းနိုင်ခြင်းမရှ်ိကြောင်း သဘောပေါက်၏။"လုပ်ရဲတာပေါ့ဗျာ..... အစကတည်းက သတိပေးတယ်လေ...."ဂျိတ်၏ပြောစကားကြောင့် အစောပိုင်း၌ပြောဆိုခဲ့သော လူသည် အလွန်ပင်ဒေါသထွက်သွားဟန်ရှိ၏။"မင်းကြောင့် ငါတို့ရဲ့အဖိုးတန် အကာကွယ်ရတနာဖြစ်တဲ့ ဝိညာဥ်စုပ်ယူရထားလုံးနဲ့အမှောင်မျက်စိနတ်မြင်းပျံတွေ သေခဲ့ရပြီ..ပြီး"ထိုလူ၏စကားပင်မဆုံးသေး ဂျိတ်မှနေ၍"ခင်ဗျား စကားကြီးစကားကျယ်တွေ ပြောမနေနဲ့ ကျုပ်ရဲ့လက်နက်က တစ်ခေါက်ပဲ ပစ်လိုက်ရတာနဲ့ တန်းသေ တန်းပျက်စီးတာကို ဘာတွေစာဖွဲ့နေသေးတာလဲ..."ဝုန်း"ဂျိတ်၏စကားကြောင့် ထိုလူသည် အလွန်ပင်ဒေါသထွက်သွားဟန်ရှိပြီး သူ၏ကိုယ်ခန္ဓာမှ အော်ရာများပေါက်ကွဲထွက်လာ၏။ထိုအော်ရာများသည် အလွန်ပင်ပြင်းထန်ပြီး သွေးဆာလောင်မှုများပါဝင်နေ၏။ ထိုအော်ရာသည် မြို့ရိုးထဲတိုင်အောင်ပင် ပြန့်နှံလေ၏။သို့သော်လည်း အကာကွယ်ဖွင့်ပြီး ဖြစ်ရာ အကာကွယ်အတွင်း၌ရှိကြသော လူတိုင်းသည် မည်သို့မျှမခံစားကြရပေ။"ငါ့ကိုပြောရဲတယ်ဆိုတော့ မင်းဘယ်သူလဲ""ကျုပ်လား ကျုပ်ကဒီတိုင်းပြည်ရဲ့ဘုရင် နာမည်က ဂျိတ်လေ"ဂျိတ်မှ ကြောက်လန့်ခြင်းမရှိ ပြန်လည်ဖြေကြားလိုက်၏။ဂျိတ်၏အပြောကြောင့် လေထဲ၌ရပ်နေသော လူတိုင်း၏အကြည့်သည် ဂျိတ်ထံသို့ ရောက်ရှိလာကြလေ၏။"ဂျိတ်သတိထားနော်....ဒီကောင်တွေအားလုံးက မာစတာအဆင့်တွေပဲ"လှံနတ်ဆိုးသည် ဂျိတ်အား သတိပေးလိုက်၏။ လေထဲ၌ပျံသန်းနိုင်စွမ်းရှိသူတိုင်းသည် မာစတာအဆင့်များဖြစ်ကြောင်း ပြောလိုက်ခြင်းဖြစ်သည်။"အော် ဘေးမှာဘယ်သူလဲလို့ လက်စသတ်တော့ ခရွန်ပါလား"ဆွဲဆောင်မှုရှိသောအသံသည် လေထဲ၌ရပ်တန့်နေသော အနက်ရောင်ဝတ်လူများထဲမှ တစ်ယောက်ထံမှ ထွက်ပေါ်လောလေ၏။"ဒီအသံ သေချာပေါက်ငါသိတယ် ခွေးဝဲစားချီသွားတောင်မှတ်မိတယ်...မင်းမလား မယ်ဒူဆာ ပိုင်းလုံးမ""နင်သေချင်နေတာလား"ဆွဲဆောင်မှုရှိသောအသံမှ ဒေါသအသံအဖြစ်သို့ပြောင်းလဲသွားလေသည်။"ဂျိတ်ရေ ကြည့်ရတာ ငါရဲ့ရန်ဖက်အဟောင်းတွေပါလာတယ်ထင်တယ်....."ဂျိတ်အား လှံနတ်ဆိုးမှ ပြောရင်း"သူ ရှိနေမှတော့ သူရဲ့အမြှောင်လင်တွေဖြစ်တဲ့ ဘန်း၊ဖလိုက်ကော ပါနေတယ်မလား"လှံနတ်ဆိုး၏စကားက အလွန်ပင် ကြမ်းတမ်း၏။သူ၏စကားကြောင့်"ခွေးသား"ဒေါသထွက်နေသော ယောကျာ်းရင့်မားနှစ်ယောက်၏အသံလည်း ထွက်ပေါ်လာလေတော့၏။"ပါတယ်ဟ...ငါမထင်ထားမိတာအမှန်ပဲ...ဒါပေမဲ့ ပါနေတယ်ဆိုမှတော့ အရင်အကြွေးစာရင်းလေးတွေရှင်းလိုက်ကြတာပေါ့ကွာ"လှံနတ်ဆိုးသည် သူ၏လှံဖျားကို လျှာဖြင့်လျက်လိုက်ပြီး သွေးဆာသောလေသံဖြင့် ပြောလိုက်လေတော့၏။

All Chapters