← Chapters

အခန်း (၃၈၅-၃၈၇)

Vol. 26 Ch. 385-387

အခန်း (၃၈၅-၃၈၇)

Vol. 26 Ch. 385-387

(385)ပြင်းထန်သောတိုက်ပွဲ

"ချမယ်ဆို ဝေးဝေးချနော်""ငါသိပါတယ် မင်းမြို့မထိခိုက်စေရပါဘူးဟ"လှံနတ်ဆိုးသည် ဂျိတ်အား မိမိသိကြောင်းဆိုပြီး မြို့ရိုးပေါ်မှ ကောင်းပင်ပေါ်သို့ ချာက္ကရာအတောင်များဖွင့်ထုတ်ပြီး ပျံသန်းသွားလေသည်။"ဒီလူကတော့ကွာ"ဂျိတ်လည်း မိမိပြောရမည့်အကြောင်းကို ဆက်မပြောတော့ပဲ ငြိမ်သက်လိုက်ကာ ကြည့်နေယုံသာတတ်နိုင်တော့၏။"ကျန်တဲ့သူတွေ ဖယ်နေ ဟိုနှစ်ကောင် သတ္တိရှိရင် အခုချက်ချင်း ငါနဲ့လာချ"လှံနတ်ဆိုးသည် သူ၏လှံအား ကောင်းကင်ယံ၌ ဝှေ့ယမ်းပြီး စိန်ခေါ်လိုက်လေသည်။"အေ..မင်းသေဖို့သာပြင်ထား"ဘန်းနဲ့ဖလိုက်ဟူသော နှစ်ယောက်မှ ဒေါသတကြီးဖြင့် ချက္ကရာတောင်ပံများအား မြန်ဆန်သည့်အရှိန်ဟုန်ဖြင့် ပျံသန်းစေပြီး စတင်တိုက်ခိုက်လိုက်ကြလေသည်။"ဝုန်း......ဝုန်း....."စတင်တိုက်ခိုက်လိုက်ကြသည်နဲ့ အလွန်ပင်ပြင်းထန်သော လှိုင်းများထွက်ပေါ်လာလေတော့၏။ "တော်တော်လေး အားကောင်းကြတာပဲ"ဂျိတ်မှ တိုက်ခိုက်သည့်နေရာကိုကြည့်ကာ ရေရွတ်လိုက်သည်။ လှံနတ်ဆိုးသည် သူ၏ရန်သူနှစ်ယောက်နဲ့ မြို့၏ခြောက်မိုင်ခန့်ဝေးသော နေရာ၌တိုက်ခိုက်နေသည်ဖြစ်သော်လည်း မြို့ရိုးထိတိုင်အောင်ပင် စွမ်းအင်လှိုင်းများက ရိုက်ခတ်နေလေသည်။ထို့ကြောင့်လည်း စစ်တိုက်ရာ၌ တိုက်ပွဲအတွင်း၌ မာစတာအဆင့်များ ပါဝင်ခွင့်ကန့်သတ်ထားခြင်းဖြစ်ပေသည်။ ထိုအဆင့်ရှိစစ်သည်တော်တစ်ယောက်တည်းဖြင့် တိုက်ပွဲ၏ရလာဒ်အား ပြောင်းလဲမှုလုပ်နိုင်သောကြောင့် ဖြစ်သည်။လက်ရှိတွင်ကား ဂရိတ်တိုင်းပြည်၏နယ်စပ်မြို့လေးအနီး၌ လှံနတ်ဆိုးအပါဝင် မာစတာအဆင့်နှစ်ဆယ်တစ်ယောက်တိတိ ရှိနေလေသည်။ ထိုအဖြစ်ပျက်သည် ဖြစ်တောင့်ဖြစ်ခဲသော အဖြစ်ပျက်ဟု ခေါ်၍လည်းရလေသည်။"ကဲကွာ....ကဲကွာ"ဘန်းနဲ့ဖလိုက်သည် လှံနတ်ဆိုးအား ပြင်းထန်သော လက်သီးချာက္ကရာများဖြင့် ဆက်တိုက်ဆိုသလို တိုက်ခိုက်၏။ထိုတိုက်ခိုက်ချက်များကြောင့် လေထဲ၌ အလွန်တရာအားပြင်းပြီး ကြီးမားမြန်ဆန်သော လက်သီးပုံရိပ်ကြီးများ ဖြစ်ပေါ်လာပြီး ထိုလက်သီးများသည် လှံနတ်ဆိုးထံသို့ ဦးတည်ဝင်ရောက်၏။"ဝုန်း....ဝုန်း....ဝုန်း......"ထိုထိုးချက်များအား လှံနတ်ဆိုးမှ လှံဖြင့် အသာယာပင်ချေဖျက်သွားလိုက်လေသည်။ "မင်းတို့အလှည့်ပြီးတော့ ငါ့အလှည့်ပဲ"လှံနတ်ဆိုးသည် ပြန်လည်ကြွေးကြော်လိုက်ပြီး တိုက်ခိုက်လိုက်လေသည်။"ဟင်....မြန်လိုက်တာ"ဖလိုက်နဲ့ဘန်းပင် အံသြသွားရလေသည်။ လှံနတ်ဆိုး၏အမြန်နှုန်းသည် သူတို့နှစ်ယောက်ထက် မြန်ဆန်နေသောကြောင့်ဖြစ်၏။"ရော့ စားလိုက်"လှံနတ်ဆိုးသည် ဘန်းနဲ့ဖလိုက်အနီးသို့ရောက်သည်နဲ့ များစွာသော လှံထိုးချက်များ လုပ်ဆောင်လိုက်သည်။ထိုသို့ထိုးသည်နဲ့ ဘန်းနဲ့ဖလိုက်သည်လည်း အတွေ့ကြုံရင့်သန်သော စစ်သည်တော်များပီပီ ချာက္ကရာများကို အသုံးပြုပြီး ဒိုင်းကာများ မြန်ဆန်စွာ ဖန်တီးပြီးခုခံလိုက်ကြ၏။မကာ၍လည်းမရပေ။လှံနတ်ဆိုး၏လှံချက်သည် အလွန်တရာပင် ပြင်းထန်ပြီး မြန်ဆန်သောကြောင့် ဖြစ်၏။ တစ်စက္ကန့်ဟူသော အချိန်အတွင်း၌ သူ၏လှံချက်ပစ်မှတ်ထားခြင်းခံရသူသည် တစ်ကိုယ်လုံး လှံထုတ်ချင်းပေါက်ထိုးရာများဖြင့် ရရှိပြီး သေဆုံးသွားနိုင်သည်ဖြစ်၏။ထို့ကြောင့် မြန်ဆန်စွာပင် အကာကွယ်ဖန်တီးလိုက်သည်ဖြစ်သည်။"မရဘူး လိုသေးတယ်"လှံနတ်ဆိုး၏လှံချက်သည် ပိုမိုပြင်းထန်နေသည်ဖြစ်ရာ ကာကွယ်မှုပေးသော ချာက္ကရာဒိုင်းများကို ထုတ်ချင်းပေါက်အောင် ထိုးခွဲပြီး ဖလိုက်နဲ့ဘန်းတို့ထံ တိုးဝင်လာလေ၏။"အား"လှံနတ်ဆိုး၏လှံချက်သည် ဖလိုက်နဲ့ဘန်းတို့၏ဘယ်လက်မောင်းကို ထိုးဖောက်သွားလေတော့၏။ ထိုသို့ဖြစ်ရခြင်းမှာ သူတို့နှစ်ယောက်သည် ပူးကပ်သလို ဖြစ်နေသောကြောင့် ဖြစ်ပြီး သူတို့၏လက်ကို ချာက္ကရာဒိုင်းကာအား ဖန်တီးရာ၌ အသုံးပြုထားသောကြောင့် ဖြစ်၏။"သေစမ်း"မိမိတို့၏လက်မောင်းကို လှံထိသွားသောကြောင့် ဖလိုက်သည် အလွန်တရာဒေါသထွက်သွားပြီး သူ၏မျက်လုံးများ မဲမှောင်လာလေ၏။ထိုသို့ မျက်လုံးများမဲမှောင်လာသည်နဲ့ လှံနတ်ဆိုးသည်လည်း သူ၏လှံကို ထိုးစိုက်နေသော ဖလိုက်နဲ့ဘန်းတို့၏လက်မောင်းမှ မြန်ဆန်စွာ ပြန်လည်ဆွဲယူပြီး အကွာဝေးတစ်ခုထိ တိုင်အောင် နောက်ပြန်ဆုတ်လိုက်လေ၏။လှံမရှိတော့သောကြောင့် ဖလိုက်နဲ့ဘန်းသည် သူတို့၏ချာက္ကရာများအသုံးပြုပြီး ဒဏ်ရာအပေါ် အာရုံစိုက်လိုက်၏။ထိုအခါ ထုတ်ချင်းပေါက်ပြီး သွေးထွက်နေသော သူတို့၏လက်မောင်းသည် မြန်ဆန်စွာပင် သွေးများတိတ်ကာ အသားများပြန်လည်ပြည့်တင်းလာပြီး အကောင်းပကတိပြန်လည်ဖြစ်ပေါ်သွား၏။("ဒါကြောင့် မာစတာအဆင့်က ဆရာကြီးတွေ ကြမ်းတာလည်း မပြောနဲ့လေ")ဂျိတ်သည် ထိုတိုက်ပွဲအား ကြည့်ပြီး စီစစ်အကဲဖြတ်သုံးသပ်နေလေသည်။"မင်းတိုးတက်လာတာပဲ လှံရူး"ဖလိုက်နဲ့ဘန်းတို့မှ လှံနတ်ဆိုးအား ကြည့်ကာ ပြောလိုက်၏။"အခုလို ချီးမွမ်းတော့ ငါ​တောင်နေရခက်လာပြီ.ပြောဆိုရင်း လှံနတ်ဆိုးသည် သူတို့သွေးများ စွန်းနေသော လှံသွားကို လျှာဖြင့် လျက်လိုက်ပြီး"သွေးကိုအရသာခံရကိုကြည့်ပြီး ပြောရရင် မင်းတို့နှစ်ကောင်က သရီးဆမ်းခဏခဏလုပ်ကြတယ်တူတယ် အားမရှိနေဘူးလို့ ငါခံစားရတယ်"ထိုစကားကြောင့် ဖလိုက်နဲ့ဘန်းတို့သည်"ဒီနေ့ မင်းသေကိုသေရမယ်"လှံနတ်ဆိုး၏စကားသည် သူတို့၏အရှိုက်ကိုထိခိုက်စေသည်ဟု ပြော၍ရ၏။"တကယ်ကြီး အိပ်ကြတာလား ငါလခွမ်း"ထပ်ပြောသော လှံနတ်ဆိုး၏စကားကြောင့် သူတို့နှစ်ယောက်အနေဖြင့် ဘယ်လိုမှ သည်းခံနိုင်စွမ်းမရှိကြတော့ပေ။"ဝုန်း"ဖလိုက်နဲ့ဘန်းတို့ဝတ်ဆင်ထားသော အဝတ်စားများအားလုံးပေါက်ကွဲသွားလေ၏။သူတို့ကိုယ်ပေါ်၌ ကျန်ရှိခဲ့သည်ဆို၍ သေးငယ်သော ဘောင်းဘီတိုများသာ ဖြစ်ပေသည်။ အဝတ်စားများနဲ့မျက်နှာဖုံးပါမရှိသည်ဖြစ်သောကြောင့် သူတို့နှစ်ယောက်၏မူလအသွင်ပြင်ပါ ပေါ်လွင်လာခဲ့လေသည်။ နှစ်ယောက်လုံးရုပ်ရည်သည် သာမန်ဖြစ်ပြီး မျက်နှာများတွင် အမာရွက်များက အနည်းငယ်ရှိနေ၏။ထင်ရှားသည်ကား သူတို့၏ကြီးမားသော ကိုယ်ခန္ဓာပင်ဖြစ်၏။ ကိုယ်ခန္ဓာရှိကြွက်သားများက ထွက်ပေါ်နေပြီး အားကောင်းသည့် အသွင်ဆောင်နေ၏။ထူးခြားမှုမှာ သူတို့၏မျက်လုံးနဲ့လက်မောင်းနှစ်ဖက်၌ ရှိနေသော သွေးကြောများသည် မဲနက်နေပြီး တောက်ပနေသည်ဖြစ်၏။လှံနတ်ဆိုး၏စကားက သူတို့အား ဒေါသပိုမိုထွက်လာစေရန် ဆွပေးသလိုဖြစ်လာကာ သူတို့၏စွမ်းအင်များကို ဆက်လက်ထိန်းချုပ်ခြင်းမရှိပဲ လွတ်ပေးလိုက်လေတော့၏။"ဒါမျိုး ငါမြင်ဖူးတယ်"ဂျိတ်သည် ထိုအမဲရောင်ကို မြင်သည်နဲ့ ချက်ချင်းဆိုသလို မှတ်မိလိုက်သည်။ဤအရောင်များသည် အမှောင်နတ်သူငယ်အား ကိုယ်စားပြုသော အရောင်မဟုတ်ပါလား။"ဝုန်း...ဒိုင်း"လှံနတ်ဆိုးနဲ့သူတို့နှစ်ယောက် တိုက်ပွဲသည် တစ်ဖန်ပြန်လည်စတင်လာလေ၏။ဒေါသများထုတ်ဖော်ပြီး ပေါက်ကွဲလိုက်သည်ဖြစ်သောကြောင့် ဘန်းနဲ့ဖလိုက်၏တိုက်ခိုက်မှုသည် ယခင်တိုက်ခိုက်မှုများထက် လေးဆပိုမိုပြင်းထန်လာလေ၏။"သေစမ်း....သေစမ်း.......သေစမ်း"နှစ်ယောက်လုံး တစ်ပြိုင်တည်းတိုက်ခိုက်လိုက်သည် ဖြစ်သောကြောင့် လှံနတ်ဆိုးသည် ကပြာကယာ ပြန်လည်ကာကွယ်လိုက်၏။မိမိထံမြန်ဆန်စွာ ဝင်လာသော လက်သီးတိုင်းအား သူ၏လှံကို ဝှေ့ယမ်းပြီး ကာကွယ်လိုက်လေသည်။ "လှံစက်ဝန်း"လှံကိုမြန်ဆန်စွာဝှေ့ယမ်းပြီး လည်နေသော ပန်ကာသဖွယ်ဖန်တီးလိုက်လေ၏။ထိုအခါ လက်သီးထိုးချက်များစွာကို ကာကွယ်နိုင်လိုက်လေ၏။"သေစမ်း...သေစမ်း..."သို့သော်လည်း ဒေါသပေါက်ကွဲမှုအားဖြင့် ပိုမိုကြမ်းတမ်းလာသော လူနှစ်ယောက်၏အစွမ်းကို လှံနတ်ဆိုးအနေနဲ့ ဆက်လက်တောင်ခံနိုင်စွမ်းမရှိသောကြောင့် တစ်ကွက်လေးမေ့လျော့သွားသည်နဲ့လူနှစ်ယောက်၏လက်သီးထိုးချက်များက လှံနတ်ဆိုး၏ရင်ဘတ်ပေါ်သို့ တစ်ပြိုင်တည်းကျရောက်လာတော့၏။"အင့်......""ဝုန်း"ထိုးချက်များကပြင်းထန်သောကြောင့် လှံနတ်ဆိုးသည် ကောင်းကင်၌တိုက်ခိုက်ခုခံရာမှ မြေကြီးထဲသို့ ကျွံဝင်သွားလေတော့၏။"အို.....မသက်သာစရာပါလား"ဂျိတ်မှ ကြည့်နေရင်း ရေရွတ်လိုက်သည်။"ဘုတ်"လှံနတ်ဆိုးသည် သူကြောင့် ဖြစ်သွားသော ကျွင်းထဲမှ မြေပေါ်သို့ ခုန်တက်လိုက်လေသည်။ထို့နောက် သွေးတစ်လုတ်ကို အန်ထုတ်လိုက်၏။"ဝေါ့""အခုမှပဲ နေရထိုင်ရကောင်းသွားတယ်..လာပြန်ချမယ်"သွေးဆာနေသောမျက်လုံးဖြင့် လှံနတ်ဆိုးသည် ကောင်းကင်ယံ၌ပျံသန်းနေသော ဖလိုက်နဲ့ဘန်းထံသို့ ချာက္ကရာအတောင်ပျံဖွင့်ပြီး လှံကို ကိုင်ဆောင်ကာ တိုက်ခိုက်ရန် ပြန်လည်ပျံသန်းသွားလေ၏။"ဝုန်း"တိုက်ပွဲသည် တဖြေးဖြေးဖြင့် ပိုမိုကြမ်းတမ်းလာခဲ့လေတော့၏။

(386)ကောင်းကင်မှ မီးပန်းများ

တိုက်ပွဲကား ပိုမိုပြီးပြင်းထန်လာခဲ့လေသည်။နှစ်ယောက်တစ်ယောက်ချသည်ကို မြင်တွေ့ရသည်မှ အလင်းတန်းများတိုက်ခိုက်နေသည်ဟု ထင်ရလောက်အောင် အမြန်နှုန်းက ပိုမိုမြန်ဆန်လာကြသည်။အစောပိုင်း၌ တိုက်ခိုက်ခဲ့သော တိုက်ပွဲသည် လှံနတ်ဆိုးအတွက် သွေးပူစေရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဂျိတ်ကောင်းစွာ သဘောပေါက်၏။"ကဲ...ဂရိတ်ဘုရင်ငယ်လေး....တို့ဘာကြောင့် ရောက်လာတယ်ဆိုတာသိလား"ညို့ယူနိုင်စွမ်းပြီးသွေးဆောင်ဖြားယောင်းသောအသံကြောင့် ဂျိတ်လည်း အသံလားရာကိုကြည့်လိုက်သည်။ အသံပိုင်ရှင်သည် မယ်ဒူဆာဖြစ်ကြောင်း တွေ့ရ၏။"သိတာပေါ့ ခင်ဗျားတို့အဖွဲ့တွေမျိုးတုန်းကုန်တာနဲ့ပတ်သက်ပြီး လာတာလေ""အို.... မင်းကသိတယ်ပေါ့.."မျက်နှာဖုံးအောက်မှ အံအားသင့်ဟန်အသံဖြင့် မယ်ဒူဆာမှ ဂျိတ်အား ကြည့်ကာ ဆိုလိုက်၏။ ဂျိတ်၏ပြောစကားကြောင့် ဘလက်အဖွဲ့အား ဖျက်စီးသူသည် ဂျိတ်ဖြစ်ကြောင်း ပိုမိုပြီး ခိုင်မာလာစေသည်။ ထိုသို့မိမိတို့အင်အားကြီးသော အဖွဲ့ကိုပင် ခြိမ်းခြောက်နိုင်စွမ်းရှိသောကြောင့် ဂျိတ်၏လျှို့ဝှက်သော အကြောင်းရာများကို ပိုမိုသိရှိချင်လာလေ ရယူချင်လာလေဖြစ်စေခဲ့သည်။"ပြီးတော့ ဆက်ပြောရမယ်ဆိုရင် အဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျုပ်ကို လုပ်တယ်လို့အတင်းဖိအားပေးပြီး စေခိုင်းမယ် ပြီးရင် ကျုပ်ရဲ့လျှို့ဝှက်ချက်တွေ ဖော်ထုတ်ယူမယ်မလား"ဂျိတ်မှ ထုတ်ဖော်ပြောကြားလိုက်သောကြောင့် ဘလက်အဖွဲ့မှ ကျန်သည့်ဆယ့်ရှစ်ယောက်လုံးသည် အံအားသင့်သွားကြောင်း ဂျိတ်အကဲခတ် ရိပ်မိ၏။"မောင်လေးကမဆိုးဘူးပဲ....ဒီတော့အမကလဲ ရှင်းရှင်းလေးပဲပြောမယ်.... မင်းရဲ့လျှို့ဝှက်ထားတဲ့အဖိုးတန်ကျမ်းစာတွေလက်နက်တွေပစ္စည်းတွေ ပေးမယ်ဆိုရင် ဖြစ်ခဲ့တဲ့ကိစ္စတွေကို မေ့ပစ်ပြီး မောင်လေးရဲ့တိုင်းပြည်ကို နှစ်တစ်ရာ ကာကွယ်ပေးမယ်"လှံနတ်ဆိုးမှ တိုက်ခိုက်နေသည်ဖြစ်သောကြောင့် ဂျိတ်အား မယ်ဒူဆာမှ ဆွဲဆောင်ပြီးစကားပြောညို့ယူနေခြင်းဖြစ်၏။သူ၏အပြောအောက်၌ ဂျိတ်လုံးဝကျရှုံးရမည်ဟုလည်း သူ၏နှစ်ပေါင်းများစွာ အတွေ့ကြုံများကလည်း သူမအား ယုံကြည်မှုရှိစေသည်။"သူများတွေဒါဆိုရင် ကျိန်းသေးပေါက် ဒီစကားအောက်မှာ ကျရှုံးသွားပါလိမ့်မယ် ဒါပေမဲ့ အဲ့ထဲမှာ ကျုပ်ပါတယ်ရင် မှားသွားမှာပေါ့ ဘွားတော်အိုရဲ့"ထိုသို့ပြောဆိုပြီးသည်နဲ့ ဂျိတ်၏မျက်လုံးများမှ အလင်းတန်းများထွက်လာသည်။"ဝေါ့"မယ်ဒူဆာတစ်ယောက် သွေးအန်ထုတ်လိုက်ရလေသည်။ အကြောင်းမှာ ဂျိတ်သည် သူမ အသုံးပြုထားသော သွေးဆောင်ဖြား​ယောင်းမှုပညာရပ်ကို ဖျက်စီးလိုက်သောကြောင့် ဖြစ်သည်။ ထိုသို့ဖျက်စီးလိုက်သောကြောင့် အကျိုးဆက်အနေဖြင့် သွေးအန်ထုတ်လိုက်ရပြီး ဘွားတော်အိုဟု ခေါ်ခံလိုက်ရသောကြောင့် ဒေါသထွက်သွားရလေသည်။"ဟားဟား......ငါမရယ်ပဲမနေနိုင်ဘူး ဂျိတ် မင်းကိုငါလေးစားသွားပြီ"လှံနတ်ဆိုး၏ရယ်သံနဲ့အတူ စကားသံက ထွက်ပေါ်လာလေသည်။ သူသည် နှစ်ယောက်နဲ့တစ်ပြိုင်တည်း တိုက်ခိုက်နေရသောကြောင့် ငြိမ်ငြိမ်နေနိုင်စွမ်းမရှိပဲ ဆက်တိုက်ချည်း ဆိုသလို တိုက်ခိုက်နေသည်ဖြစ်သည်။တိုက်ခိုက်​နေရင်း ဂျိတ်၏ရန်စသံကို ကြားလိုက်ရသောကြောင့် ဘယ်လိုမှ တောင့်ခံနိုင်ခြင်းမရှိပဲ ရယ်မောမိပြီး အားပေးမိသည်ဖြစ်၏။"သောက်ကလေးက အကောင်းပြောလို့မရဘူးပဲ..."မယ်ဒူဆာသည် ဂျိတ်၏စကားကြောင့် ဒေါသထွက်လာပြီး သတ်ဖြတ်ချင်စိတ်များ ပေါ်ပေါက်လာလေသည်။"ဝုန်း"ဂျိတ်အား သေစေရန် မယ်ဒူဆာသည် သူ၏ချာက္ကရာသွေးလက်သည်းဖြင့် ကုတ်ချလိုက်လေသည်။ လေထဲ၌ ကြီးမားသော သွေးလက်သည်းကြီးတစ်ခုပေါ်လာပြီး ဂျိတ်ထံ မြန်ဆန်စွာ ကျဆင်းလာသည်။ "ခရက်..."" ခွမ်း"ထိုလက်သည်သည် မြို့ကိုကာကွယ်ထားသော အကာကွယ်နဲ့ထိပြီး ချက်ချင်းပင်ပျက်စီးသွား၏။"တော်တော်တုံးတဲ့ ဘွားတော်ပဲ"ဂျိတ်သည် ခေါင်းခါယမ်းလိုက်ပြီး ရေရွတ်လိုက်သည်။ သူ၏အဆင့်မြင့်ထားသော မြို့၏ အကာကွယ်သည် မာစတာအဆင့်က အစွမ်းဆုံးဖြစ်သော စစ်သည်တစ်ထောင်သည် နှစ်တစ်ရာ တိုက်ခိုက်လျှင်ပင် ပျက်စီးရန်မဆိုထားနဲ့ အက်ကြောင်းများထရန်ပင် အသည်းသန်ကြိုးစားကြရမည်ဖြစ်ပေသည်။"သူ့ကို သတ်ကြစမ်း"မယ်ဒူဆာ၏အမိန့်ပေးသည်နဲ့ လေထဲ၌ ငြိမ်သက်နေသော ကျန်သည့် မာစတာစစ်သည်များသည် ချက်ချင်းပင် လှုပ်ရှားလိုက်ကြပြီး အကာကွယ်အား ဖျက်စီးရန် ကြိုးစားလိုက်ကြသည်။"ဝုန်း....ဝုန်း.....ဝုန်း"ငါးစက္ကန့်ဟူသော အချိန်တိုအတွင်း ရာချီသော တိုက်ခိုက်မှုများက အကာကွယ်ပေါ်သို့ ကျရောက်လာလေ၏။မာစတာအဆင့်ရှိ စစ်သည်တော်များ တိုက်ခိုက်မှုဖြစ်ရာ ပြင်းထန်သော လေဟုန်ခွင်း ပေါက်ကွဲသံများကား ဆူညံသွား၏။"ရအောင် ဖျက်စီးကြစမ်း"မယ်ဒူဆာ၏အမိန့်ပေးမှုအောက်၌ လေထဲ၌ များပြားလှသော လက်နက်များပေါ်ပေါက်လာလေသည်။ ဓားများ၊လှံများ ဆူးချွန်များအစရှိသည်ဖြင့် ထောင်ချီပေါ်ပေါက်လာလေသည်။ ထိုအရာများသည် အရာအားလုံးအား ဖျက်စီးမည့်သဖွယ် တည်ရှိနေကြ၏။ထိုအရာများသည် မာစတာစစ်သည်တော်များ၏ဖန်တီးမှုများဖြစ်ပြီး မိမိတို့၏အကောင်းဆုံးသော ချာက္ကရာများ၊ကျင့်စဥ်များဖြင့် ပေါင်းစပ်အသုံးပြုထားသည်လည်းဖြစ်ရာ အစောပိုင်းတိုက်ခိုက်မှုများထက် သုံးဆမျှပိုမိုအားကောင်း၏။"ဝှီး......"ထိုအရာများသည် အရှိန်ဟုန်ပြင်းစွာဖြင့် အကာကွယ်ပေါ်သို့ မြန်ဆန်စွာ ကျဆင်းလာလေသည်။"ဝုန်း...ဝုန်း...ဝုန်း"များစွာပေါက်ကွဲမှုများက အကာကွယ်နဲ့ထိတွေ့သော ထွက်ပေါ်လာလေတော့၏။ထောင်ချီပြီး တိုက်ခိုက်သည်ဖြစ်သောကြောင့် အသံများကား ငလျင်လှုပ်သည့်နှယ် ဆူညံပွက်လောရိုက်ခတ်နေ၏။"ဒီတိုင်းဆို မဖြစ်ဘူး"ဂျိတ်မှ ချက်ချင်းပင် ဆုံးဖြတ်ချက်ချရလေတော့၏။မြို့ထဲမှ လူများသည် ထိခိုက်မှုအန္တရာယ်မရှိသော်လည်း အသံများကြောင့် စိတ်အနှောက်ယှက်ဖြစ်ကြရသည်ဖြစ်သောကြောင့်ဖြစ်၏။အကာကွယ်သည် အသံလှိုင်းများကို ကာကွယ်ပေးနိုင်သော်လည်း ကြီးမားပြီးပြင်းထန်သော အသံပေါက်ကွဲမှုများအားကိုတော့ ဟန့်တားနိုင်ခြင်းမရှိပေ။လက်ရှိအသုံးပြုထားသောအကာကွယ်၏အဓိက အားသာချက်သည် ပြင်ပမှ တိုက်ခိုက်သော တိုက်ခိုက်မှုများကို အတွင်းသို့မရောက်ရှိစေရန်ကောင်းစွာကာကွယ်နိုင်စွမ်းရှိသည်ဖြစ်ပြီး အတွင်းမှ တိုက်ခိုက်သောအရာများကို ပြင်ပသို့ ရောက်စေနိုင်ခြင်းပင်ဖြစ်သည်။ "အဆင့်နှစ်လက်နက်တွေ အသင့်ပြင်"ဂျိတ်မှ သူ၏ဆက်သွယ်ရေးကိရိယာမှ အမိန့်ပေးလိုက်သည်နဲ့ ဂရိတ်တိုင်းပြည်စစ်သည်များ ချက်ချင်းပင် အလုပ်ရှုပ်သွားကြလေသည်။"တီ....တီ....ဂရိတ်တိုင်းပြည်၏စစ်တပ်အခြေစိုက်ရာတည်နေရာများမှ စက်သံများစတင်မြည်လာလေ၏။"စစ်သည်တို့ ပစ်ကြစမ်း"ဂျိတ်အမိန့်ပေးလိုက်သည်နဲ့ "ဝုန်း.............""ကျီ....ကျီ....ကျီ......."ဂရိတ်တိုင်းပြည်၏နေရာငါးခုမှ နေ၍ များစွာသော အရာများ ပျံသန်းလာလေ၏။ထိုအရာများသည် တစ်ခြားမဟုတ် ဂျိတ်၏အမိန့်ကြောင့် ပျံသန်းလာသော ဒုံးကျည်များသာဖြစ်ပေသည်။ထိုဒုံးကျည်များသည် အလွန်ပင် ဖျက်အားပြင်းထန်သော အစွမ်းထက်လက်နက်များဖြစ်ကြ၏။ ဖျက်အားမည်မျှအထိ ပြင်းထန်သနည်းဆိုရပါက အဆင့်တစ်သည်ပင် ​မြို့နှစ်မြို့အား ပြာကျစေခဲ့ပြီဖြစ်၏။သို့ဖြစ်ရာ အဆင့်နှစ်၏ဖျက်အားအစွမ်းကိုတော့ လျော့တွက်၍မရသည်အထိ အစွမ်းထက်သည်ဖြစ်သည်။ထိုဒုံးကျည်များသည် အဆင့်တစ်လက်နက်များထက် ဖျက်အားကြီးသည့်အပြင် ပိုမိုမြန်ဆန်ပေ၏။ထို့ကြောင့် အချိန်စက္ကန့်ပိုင်းအတွင်း၌ ဂျိတ်တည်ရှိရာ မြို့အနီးသို့ ထောင်ချီသော ဒုံးကျည်များ ပျံသန်းလာလေတော့၏။"လှံနတ်ဆိုး ပြေးတော့ဟ...မြန်မြန်လေး"ဂျိတ်သည် လှံနတ်ဆိုးအား စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်၏။("ဘာလို့ပြေးရမှာလဲ ငါတိုက်ခိုက်နေတာ အခုမှ သွေးကြွတုန်းရှိသေး")("နောက်မှ တိုက်တော့ ကျနော် ဒုံးကျည်ပစ်ထားလိုက်ပြီ")ထိုစကားပေးပို့မှုရောက်သည်နဲ့ လှံနတ်ဆိုး၏မျက်နှာသည် ချီးမှန်ပမာဖြစ်သွားသည်။သူသည် ဂရိတ်တိုင်းပြည်သို့ရောက်သောအခါ လက်နက်များအား စိတ်ဝင်စားသောကြောင့် လေ့လာထားသည်ဖြစ်ရာ ဒုံးကျည်များ၏အစွမ်းအကြောင်း နားလည်သဘောပေါက်၏။လှံနတ်ဆိုးသည် တိုက်ခိုက်​နေရင်း အာရုံလွှင့်သောကြောင့် ဘန်း၏ထိုးကြိတ်မှုကို အနည်းငယ်ခံလိုက်ရသေး၏။("အခု မင်းဘယ်လောက်ပစ်လိုက်တာလဲ")("မများဘူး အဆင့်နှစ် ဒုံးကျည်ငါးထောင်တည်း")ဂျိတ်၏စိတ်ချင်းပြန်လည်ဖြေကြားမှုပြီးသည်နဲ့"ယီးပဲဟေ့ ယီးပဲဟ"လှံနတ်ဆိုးသည် ဆဲဆိုပြီးသည်နဲ့ ချက်ချင်းပင် သူ၏လှံအား အစွမ်းတိုးလိုက်ပြီး ချက်ချင်းပင် မြေကြီးထဲသို့ ကောင်းကင်ယံမှ နေ၍ အရှိန်ပြင်းစွာ ထိုးဆင်းပြီး ထိုးဖောက်ဝင်ရောက်သွားလေတော့၏။"ငကြောက်လေး ပြေးပြီဟ"တိုက်ခိုက်နေရင်းမှ မြေကြီးထဲပြေးသွားသော လှံနတ်ဆိုးကြောင့် ဘန်းနဲ့ဖလိုက်တို့သည် ကောင်းကင်၌ပျံသန်းရင်း ရယ်မောလိုက်ကြ၏။"ဟေ့ ဟိုဟာတွေက ဘာတွေလဲ"ဖလိုက်သည် ဘန်းအား လက်ညိုးထိုးပြီး မေးလိုက်၏။ ထိုအခါ ဘန်းလည်း ကောင်းကင်ယံသို့ မေးကြည့်လိုက်ရာ အံအားမင်သက်သွားလေ၏။သူ မြင်နေရသည်ကား ထူးဆန်းသောအရာဝတ္ထုများသည် မိမိတို့ရှိရာနေရာသို့ အရှိန်ဟုန်ပြင်းထန်စွာ လာနေသည်ပင်ဖြစ်၏။မယ်ဒူဆာနဲ့ ကျန်သော စစ်သည်တော်များလည်း အံသြစွာ ကြည့်​ရှုနေကြ၏။"အကာကွယ်ကို နှစ်ဆတင်မယ်ပြီးရင် အသံလှိုင်းကာကွယ်တာကို လေးဆအထိ မြင့်တင်မယ်"ဂျိတ်၏ဆက်လက်အမိန့်ပေးမှုအောက်တွင် အကာကွယ်သည် ယခင်ကထက် ပိုမိုပြီး ထူထဲလာသလို အသံလှိုင်းများ ဝင်ရောက်ရန် ခက်ခဲသွားပြီဖြစ်သည်။ဂျိတ်သည် အမိန့်ပေးပြီးသည်နဲ့ ထူပြီးနက်မှောင်လှသော အကောင်းစားမျက်မှန်တစ်လက်အား တပ်လိုက်၏။ထို့နောက် ပါးစပ်တွင် ဆေးလိပ်တစ်လိပ်တေ့လိုက်ကာ မီးခတ်လိုက်၏။ ဆေးလိပ်၌မီးစွဲသွားသောအခါ တစ်ဖွာမျှ ရှိုက်လိုက်ပြီး ဆေးလိပ်ငွေ့များကို မှုတ်ထုတ်လိုက်ရင်း"ကောင်းကင်ယံက မီးပန်းလေးတွေကြည့်ရတာပေါ့ကွာ"

(387)မြင်ကွင်း

"ချက်ချင်း ကာကွယ်ကြ" မယ်ဒူဆာသည် မိမိတို့ထံလာနေသော အရာများသည် အလွန်ပင်အန္တရာယ်များကြောင်း ခံစားမိ၏။ထို့ကြောင့် ချက်ချင်းပင် အော်ပြောလိုက်သည်။ ဘန်းနဲ့ဖလိုက်တို့သည်လည်း မြန်ဆန်စွာပင် မယ်ဒူဆာ၏အနားရောက်ရှိလာပြီး ကျန်သောသူများနဲ့ အတူတကွပူးပေါင်းလိုက်ပြီး အကာကွယ်တစ်ခုဖန်တီးလိုက်၏။ မာစတာစစ်သည်တော်ဆယ့်ကိုး​ယောက်၏ ချာက္ကရာများသည် မယ်ဒူဆာထံ ဝင်ရောက်သွားကြ၏။ထိုအခါ မယ်ဒူဆာသည် ထိုချာက္ကရာများကို အသုံးပြုပြီး အကာကွယ်ကို ဖန်တီးလိုက်လေသည်။"မဟာလိပ်ခုံးရတနာအကာကွယ်" မာစတာစစ်သည်အယောက်နှစ်ဆယ်မှ ပူးပေါင်းပြီး ထုတ်ဖော်လိုက်သော အကာကွယ်ဖြစ်ပြီး ထိုအကာကွယ်သည် အလွန်ပင် အစွမ်းထက်လှ၏။အလွန်တရာကြီးမားလှသော လိပ်အကာကွယ်စက်ဝန်းတစ်ခုသည် ဖန်တီးသော မာစတာစစ်သည်နှစ်ဆယ်အား ဖုံးလွှမ်းပြီး ဝန်းရံလိုက်လေသည်။ ထိုအကာကွယ်တွင် ကြီးမားပြီးထူးထဲသော လိပ်ခွံများစွာ ပါရှိ၏။ ထိုလိပ်ခွံတစ်ခုစီတိုင်းတွင်လည်း ထူးခြားသော သင်္ကေတများဖြင့် ရေးသားစီချယ်ထား၏။ ထိုအကာကွယ်သည် မာစတာအဆင့်အောက် စစ်သည်များအသုံးပြုလိုပါက ထောင်ချီသော စစ်သည်တော်များ၏ချာက္ကရာများကို အသုံးပြုရမည်ဖြစ်ပြီး အကာကွယ်ဖန်တီးပြီးသည်နဲ့ ထိုစစ်သည်တော်များ၏ချာက္ကရာများသည် ကုန်ခမ်းသွားသည်အထိ ပေးဆပ်မှုများသော အကာကွယ်ဖြစ်၏။ ထို့ကြောင့် ထိုအကာကွယ်အား တော်ရုံတန်ရုံမသုံးကြပေ။လက်ရှိအခြေနေတွင်တော့ ထိုအကာကွယ်အား သုံးမှရမည်ဟူသော ခံစားချက်မျိုး မယ်ဒူဆာရရှိနေသောကြောင့် အသုံးပြုလိုက်၏။ ထောင်ချီသော လိပ်ခွံအကာကွယ်အချပ်များစွာက စစ်သည်တော်နှစ်ဆယ်အား ဖုံးလွှမ်းလိုက်လေသည်။ အဆက်မပြတ်ပေးပို့သော ချာက္ကရာများကြောင့် လိပ်ခွံအကာကွယ်မှ လိပ်ခွံအချပ်ရေသည်လိပ်ခွံအချပ်တစ်ထောင်၊နှစ်ထောင် စသည်ဖြင့် များပြားလာလေသည်။ လိပ်ခွံအချပ်ရေများပြားလာလေ ကာကွယ်မှုပိုမို အားကောင်းလာလေဖြစ်၏။အချပ်ရေ များပြားလာလေ သုံးစွဲရသော ချာက္ကရာပမာဏများပြားလေဖြစ်သည်။ ထိုအကာကွယ်သို့ ဒုံးကျည်များ ဝင်ရောက်တိုက်ခိုက်လိုက်သည်နဲ့"ဝုန်းးးးးးးးးးးးး" ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာလေတော့၏။ "သောက်ခွေး" ဘန်းနဲ့ဖလိုက်တို့ ထိတ်လန့်စွာ အော်ဟစ်မိ၏။ပေါက်ကွဲမှုမှ ဖြစ်ပေါ်လာသော အဖျက်ပြင်းအားကြောင့် အလွန်ပင် ကြောက်လန့်ပြီး ဆဲရေး မိသည်ဖြစ်သည်။ ပထမဆုံးထိပြီး ပေါက်ကွဲသော ဒုံးကျည်ကြောင့် ကာကွယ်ထားသော လိပ်ခွံအကာကွယ်သည် ဆယ့်ငါးချပ်မျှ ချက်ချင်း ကြေမွပျက်စီးသွားလေ၏။ ထိုမျှနဲ့မပြီးသွားပေ။တိုက်ခိုက်သော ဒုံးကျည်သည် အရေတွက်ငါးထောင်ရှိနေသောကြောင့် ကာကွယ်ထားသော လိပ်ခွံအချပ်အကာကွယ်များမှာ ဆက်တိုက်ဆိုသလို ကြေမွပျက်စီးကုန်လာလေ၏။ "ဆက်ပြီးကာကွယ်ကြ " မယ်ဒူဆာ တွန်းအားပေးသည်နဲ့ ကျန်သော စစ်သည်များကလည်း မိမိတို့၏ချာက္ကရာများကို သိုဝှက်ခြင်းမရှိပဲ အစွမ်းကုန်ထုတ်လိုက်ကြလေသည်။ စစ်သည်နှစ်ဆယ်၏ယခင်က ပေးပို့မှုထပ် နှစ်ဆများ​ပြားသော ချာက္ကရာများ​ကြောင့် အကာကွယ်ဖြစ်သော လိပ်ခွံအချပ်များသည် ပြန်လည်တိုးပွားလာလေတော့၏။ "သူတို့တော်တော်လေး ရုန်းကန်ရှာတာပဲ" ဂျိတ်သည် ထိုဖြစ်စဥ်ကား အတိုင်းသားမြင်နေရ၏။ပေါက်ကွဲမှုကြောင့် မသေစေရန် အကာကွယ်အား အဆက်မပြတ်ဖန်တီးနေသော ဖြစ်ရပ်အား မျက်မှန်အနက်ကြီးဖြင့် ထင်ရှားစွာမြင်နေရ၏။ "ပထမအဆင့်လက်နက်ဆို သူတို့ရကောင်းရနိုင်တယ် ဒါပေမဲ့ ငါသုံးထားတာက ဒုတိယအဆင့်လေ"ဒုတိယအဆင့်လက်နက်များသည် ပထမအဆင့်လက်နက်ထပ် အားသာသည့်အချက်မှာ မြန်ဆန်သော အရှိန်အဟုန်နဲ့ ပေါက်ကွဲအားသည် နှစ်ဆပိုမိုပြင်းထန်နေခြင်းဖြစ်သည်။ ပေါက်ကွဲအားနှစ်ဆသည် သိပ်ပြီးပြင်းထန်သည်ဟု ဆို၍မရနိုင်သော်လည်း ဒုံးကျည်အစင်းငါးထောင်ဟူသော ပမာဏဖြင့် တွက်သောအခါ ကြောက်ခမန်းလိလိသော ပြင်းထန်မှုကြီးကို ဖြစ်ပေါ်စေတော့၏။ "ဝုန်း........" ဒုံးကျည်အစင်းငါးထောင်လုံး ပေါက်ကွဲသွားသော ပေါက်ကွဲမှုသည် ယခင်ကထက် တိုးပွားလာလေတော့၏။ထိုသို့တိုးပွားလာသောအခါ မြန်ဆန်စွာတိုးပွားလာသော အကာကွယ်လိပ်ခွံအရေတွက်သည် အသုံးဝင်ခြင်းမရှိပဲ အလုံးစုံပျက်စီးဆုံးရှုံးခြင်းအဖြစ်သို့ ရောက်ရှိလေတော့၏။ "အား" အကာကွယ်ပျက်စီးသွားပြီ ဖြစ်သောကြောင့် ပေါက်ကွဲမှု၏ပြင်းအားကို ဘလက်အဖွဲ့သားများအားလုံး တိုက်ရိုက်ပင် ခံစားလိုက်ရလေတော့၏။ မည်မျှပင် မာစတာအဆင့်စစ်သည်တော်ကြီး ဖြစ်၍ အလွန်ပင် သန်မာကြံခိုင်သည် ဆိုစေကာမှု ထောင်ချီသော ဒုံးကျည်များ၏ပေါက်ကွဲမှုကိုတော့ ခံစားရမည်ဖြစ်သည်။ "ငါ ပစ်လိုက်တာ များတယ်သလား" ဂျိတ်သည် ဖြစ်စဥ်တစ်ခုလုံးအား ကြည့်ရှု့ရင်းရေရွတ်မိသည်။ ဒုံးကျည်များ၏ပေါက်ကွဲမှုကြောင့် မြေကြီးသည်ပင် ကြောက်မက်ဖွယ်ကောင်းသော မြည်ဟီးသံဖြင့် တုန်လှုပ် အက်ကွဲကုန်လေသည်။ ဝေးကွာလှသည်ဟူသော တိုင်းပြည်များပင် ထိုပေါက်ကွဲမှု၏နောက်ဆက်တွဲရလာဒ်ဖြစ်သော ကျယ်လောင်စွာ အသံမြည်ဟီးသည်ကို ထင်ရှားပြတ်သားစွာ ကြားလိုက်ရကြလေသည်။ "ဘာတွေ ဖြစ်​နေကြတာလဲ" ကြားလိုက်ကြရသော တိုင်းပြည်အသီးသီးတိုင်း အလွန်မင်းတုန်လှုပ်ခြောက်ခြားသွားကြသည်မှာ အမှန်ပင်ဖြစ်လေသည်။ ဒုံးကျည်ပစ်သည်။ထိုဒုံးကျည်အား ခုခံကာကွယ်သော အကာကွယ်ဖန်တီးသည်။ထို့နောက် ပေါက်ကွဲသည် စသောဖြစ်စဥ်များသည် နာရီဝက်ထက် တ်ိုတောင်းသော အချိန်အတွင်း၌ ဖြစ်ပျက်သွားသည်ဖြစ်၏။ "မင်းဘယ်လိုလုပ်လိုက်တာလဲ ငါသေခါနီးနီးလေးပဲ" ဂျိတ်၏အနားသို့ လှံနတ်ဆိုးရောက်လာပြီး အပြစ်တင်လိုက်၏။"မသေပါဘူးဗျာ ဘယ်ကလာ" ဂျိတ်သည် ပြုံးပြီးပြောလိုက်၏။ ဂျိတ်အနေဖြင့် စနောက်ချင်ပါသော်လည်း လှံနတ်ဆိုးသည် အမှန်တကယ်ကြောက်လန့်နေသောကြောင့် မစတော့ပေ။သူ၏လေသံသည်ပင် ပုံမှန်နဲ့မတူ ကြောက်ရွံဟန် ပါနေသောကြောင့် ဖြစ်သည်။ လှံနတ်ဆိုးသည် သေဖို့်​အကြောင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် ဂျိတ်သည် လှံနတ်ဆိုးအား ဆွဲကြိုးတစ်ခုပေးထားသောကြောင့် ဖြစ်သည်။ ထိုဆွဲကြိုးသည် လှံနတ်ဆိုးမှ အသက်အန္တရာယ်ကြုံသည် ဟုခံစားမိသည်နဲ့ အနီးဆုံးသော မြို့ထဲသို့ အလိုလျောက် တယ်လီပို့ လုပ်ဆောင်ပေးသည်ဖြစ်သည်။ ထို့ကြောင့် လှံနတ်ဆိုးသည် အစောကတည်းကပင် မြို့ထဲသို့ ရောက်ရှိနေသည်ဖြစ်၏။ ဂျိတ်၏အနားသို့ ချက်ချင်း မလာနိုင်ခြင်းမှာ ပေါက်ကွဲမှုဖြစ်စဥ်အား ကြည့်ရှုနေသောကြောင့် ဖြစ်၏။ များပြားလှသော ဒုံးကျည်များပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော အဖြစ်ပျက်သည် သူ့အား အလွန်ပင် ထိတ်လန့် တုန်လှုပ်ကြစေခဲ့၏။ လှံနတ်ဆိုးသည် အချိန်တစ်ခုကြာမှ မိမိကိုယ်မိမိ ပြန်လည်ထိန်းချုပ်လိုက်ပြီး ဂျိတ်ထံရောက်လာခဲ့ခြင်းဖြစ်သည်။ "သူတို့ ဘာဖြစ်သွားပြီလဲ" တုန်လှုပ်နေသောလေသံဖြင့် လှံနတ်ဆိုးမေးလိုက်သည်။ "သေရင်သေ မသေရင် တော်တော်လေး ထိသွားမှာပေါ့ဗျာ" သူတို့မြင်နေသည့်မြင်ကွင်းသည်ကား မီးခိုးများအူထူ​ပြီးထောင်းထနေသော နေရာတစ်ခု ဖြစ်သည်။

All Chapters