← Chapters

အခန်း (၃၈၈-၃၉၀)

Vol. 26 Ch. 388-390

အခန်း (၃၈၈-၃၉၀)

Vol. 26 Ch. 388-390

(388)ကြောက်ရွံ့သွားကြခြင်း

မြို့ထဲမှ စစ်သည်တော်တိုင်း မြို့တံတိုင်းပေါ်မှနေ၍ ပေါက်ကွဲသွားရာနေရာအား ကြည့်ရှုနေကြသည်။ သူတို့၏မျက်နှာများတွင်လည်း ကျေနပ်အားရသောအမူရာရှိ၏။ ကြမ်းပေ့ အစွမ်းထက်ပေ့ဟူသော ရန်သူများကို မိမိဘုရင်မှ အမိန့်ပေးလိုက်သည် အလွန်ပင်ပြင်းထန်သော အဖျက်လက်နက်များဖြင့် မိတ်ဆက်ပေးလိုက်သောကြောင့်ဖြစ်၏။ ("ကိုင်း.....မင်းတို့ဘာတတ်နိုင်သေးလဲ") ကျေနပ်အားရသောအတွေးများ သူတို့စိတ်ထဲတွင် ဖြစ်ပေါ်နေကြလေ၏။ဂျိတ်မှ လှံနတ်ဆိုးအား "ကဲ သူတို့သေပြီလို့ထင်လား" ဂျိတ်၏အမေးကြောင့် "မပြောတတ်ဘူး ငါသေချာအောင် စစ်ဆေးကြည့်မယ်" မီးခိုးများထောင်းထနေသော နေရာကို ကြည့်ကာ အခြေနေစစ်ဆေးရန် ပြင်ဆင်လိုက်၏။ "နေဦး ကျနော်လည်း လိုက်မယ်လေ" "မဖြစ်နိုင်ဘူး လမ်းလျှောက်နေရင် ကြာနေမှာ ငါ့လိုပျံနိုင်မှ မင်းလိုက်ခဲ့လေ" လှံနတ်ဆိုးသည် လေထဲ၌ ပျံသန်းနေရင်း ဂျိတ်အား လှောင်ပြောင်ပြောလိုက်၏။ "အော် ဒါများ" ဂျိတ်မှ သူ၏ဘေး၌ ရှိနေသော စစ်သည်တော်တစ်ယောက်ထံမှ "ဓားငှားပေးဦး ခဏနေပြန်ပေးမယ်" ဘုရင်မှ မိမိအား ဓားငှားသည်ဖြစ်သောကြောင့် ထိုစစ်သည်တော်မှာလည်း ချက်ချင်းပင် ဝမ်းမြောက်ဝမ်းသာ ငှားပေးလိုက်၏။ ဂျိတ်လည်း ဓားရသည်နဲ့ ချက်ချင်းပင် သူ၏ရှေ့သို့ ဓားအား လွင့်လိုက်လေ၏။ဓားမှာ အောက်ကြမ်းပြင်သို့ ကျခါနီး တစ်ထွာအလို၌ အလိုလိုရပ်တန့်နေလေ၏။ ထိုဓားပေါ်သို့ ဂျိတ်သည် တက်လိုက်၏။ထို့နောက် လှံနတ်ဆိုးအနားသို့ ပျံသန်းလာလိုက်၏။ "ငင့် ငါဘာမြင်နေတာလဲ" လှံနတ်ဆိုး ကြောင်သွား၏။ မာစတာအဆင့်မရှိသေးသော ဂျိတ်မှ မိမိအနားသို့ ဓားစီးပြီး ပျံသန်းလာသောကြောင့် ဖြစ်၏။ "မင်းဘယ်လိုလုပ်ပြီး" "ဒါလေးက လှည့်ကွက်လေးပါဗျာ လောလောဆယ်စစ်ဆေးကြည့်ကြရအောင်" ဂျိတ်မှာ ဓားပျံစီးပြီး မြန်ဆန်စွာ ပျံသန်းသွားသောကြောင့် လှံနတ်ဆိုးမှ နောက်မှလိုက်ရလေ၏။ .............. ပေါက်ကွဲမှုနဲ့အတော်တန်ဝေးကွာသော နေရာ၌ လူသုံးယောက်သည် သေလုမြောပါးဖြစ်စေနိုင်သော ဒဏ်ရာများစွာဖြင့် မြေပြင်ပေါ်၌ လဲကျနေ၏။လဲကျနေသော လူသုံးယောက်မှ တစ်ယောက်မှ မိမိရရှိသော ဒဏ်ရာများမှာ အလွန်ပင်ပြင်းထန်သောကြောင့် ဆဲရေးမိလိုက်သည်။ သူတို့၏ဝတ်ဆင်ထားသော အကာကွယ်အဝတ်စားများသည်လည်း အရှက်လုံရုံမျှသာ ကျန်ရှိတော့သည် ဖြစ်ပြီး ကျန်သောအရာများအားလုံးသည် ပေါက်ကွဲမှုလက်ချက်ဖြင့် လုံးဝပျက်စီးသွားခဲ့ပြီဖြစ်သည်။ ပေါက်ကွဲမှုကြောင့် ၎င်းတို့ဝတ်ဆင်ထားသော မျက်နှာဖုံးများလည်း ပျက်စီးသွားခဲ့ပြီး မျက်နှာတွင်လည်း ပေါက်ကွဲမှုကြောင့် ရရှိသော အပူဒဏ်ရာများက တည်ရှိနေသည်ဖြစ်သည်။ ကျန်သောနှစ်ယောက်မှ သူ့ကဲ့သို့ မဆဲသော်လည်း သူတို့၏မျက်လုံးများကို ကြည့်ခြင်းဖြင့် မည်မျှဒေါသထွက်နေကြောင်း သိသာလေ၏။ "ဂရိတ်တိုင်းပြည် လုံးဝပျက်စီးစေရမယ်" ဒီစကားကို ပြောသူကတော့ တခြားသူမဟုတ် မယ်ဒူဆာပင်ဖြစ်၏။ မယ်ဒူဆာသည် ဆဲရေးပြီးသည်နဲ့ သူမ၏လက်စွပ်ထဲမှ ဆေးဝါးများထုတ်ကာ ချက်ချင်းပင် စားသုံးလိုက်၏။ ကျန်ရှိနေသော ဆေးဝါးများကိုလည်း သူ၏ဒဏ်ရာပေါ်တွင် အသုံးပြုလိုက်လေ၏။ "အား" သူမ သုံးစွဲသောဆေးဝါးများသည် အလွန်ပင် အစွမ်းထက်လှ၏။ထို့ကြောင့် သူမရရှိသော ဒဏ်ရာများ ယခင်အခြေနေထက် သက်သာသည်ဟု တဖြေးဖြေးခံစားမိလာသည်။ ("အင့်") ကိုယ်တွင်းမှ ပြင်းစွာသော ခံစားရခက်စေသော ဝေဒနါဖြစ်ပေါ်လာသောကြောင့် မယ်ဒူဆာ အံကြိတ်ပြီး တောင့်ခံလိုက်၏။သို့သော်လည်း ထိုဝေဒနာသည် အလွန်ပင် ပြင်းထန်လှသောကြောင့် မယ်ဒူတစ်ကိုယ်လုံး တွန့်လိမ့်သွားရလေသည်။ ထိုသို့ဖြစ်ပျက်နေသည်မှာ သူမသာ မဟုတ် ဘေး၌ရှိနေသော လူနှစ်ယောက်သည်လည်း ထိုနည်းဖြင့်လည်းကောင်းပင် ဖြစ်၏။ "လှံနတ်ဆိုး သူတို့ကိုကြည့်ရတာ မြွေအက ကနေသလိုပဲ" ကောင်းကင်ယံ၌ ဓားပျံစီးကာ ပျံသန်းနေသော ဂျိတ်မှ လှံနတ်ဆိုးအား မေးလိုက်၏။ လှံနတ်ဆိုးပင် သူ၏အပြောမှန်ကြောင်း ထောက်ခံမိ၏။ မြေပြင်ပေါ်၌ မယ်ဒူဆာနဲ့အပေါင်းပါများသည် မြွေတစ်ကောင်ကဲ့သို့ တွန့်လိမ့်လူးလိမ့်နေသောကြောင့်ဖြစ်၏။ အမှန်ကား ထိုသို့ဖြစ်ပျက်နေရသည်မှာ သူတို့သုံးစွဲလိုက်သော ဆေးဝါးကြောင့် ဖြစ်၏။ထိုဆေးဝါးသည် ရရှိသော ဒဏ်ရာအား သက်သာစေနိုင်သော်လည်း ပေးဆပ်ရသော တန်ဖိုးသည် ထိုဒဏ်ရာရရှိသောအခြေနေပေါ် မူတည်ပြီး ခံစားရသော ကိုယ်တွင်းဝေဒနာအဆင့်သည်ပြောင်းလဲသွားမည်ဖြစ်သည်။ ပြင်းထန်သော ဒုံးကျည်များပေါက်ကွဲမှုမှ ရရှိလာသော ဒဏ်ရာများဖြစ်နေရာ ချက်ချင်းပင် သေချင်စိတ်ပေါက်နိုင်သော အလွန်ပင် ပြင်းထန်သော ဝေဒနာကို သူတို့သုံးယောက်မှ ခံစားနေရခြင်းလည်း ဖြစ်ပေသည်။ ပြင်းထန်စွာခံစားရသော နာကျင်မှုနဲ့အတူ အချိန်တိုအတွင်း၌ ၎င်းတို့ရရှိသော ဒဏ်ရာများသည်လည်း မြန်ဆန်စွာ သက်သာပျောက်ကင်းလာ၏။ ယခင်က သူတို့ရရှိသော ဒဏ်ရာသည် ကိုယ်ခန္ဓာ၏90%ထိ ဆိုပါက လက်ရှိအချိန်၌ ဆေးအစွမ်းကြောင့် အချိန်တို အတွင်း၌ 50%ထိ လျော့ကျသက်သာသွားခဲ့ပြီလည်း ဖြစ်သည်။ "အံမယ် သက်သာတာ မြန်လှချည်လား ဘယ်ဆိုးလို့လဲ" မယ်ဒူဆာနဲ့ကျန်နှစ်ယောက်သည် အသံကိုကြားရာ ကောင်းကင်ထက်သို့ မော့ကြည့်ရာ လူနှစ်ယောက်မှ မိမိတို့အား ပြုံးကာကြည့်နေကြောင်းတွေ့လိုက်ရလေသည်။ ထိုနှစ်ယောက်မှာ မိမိအမုန်းဆုံး လူနှစ်ယောက်ဖြစ်ကြောင်းတွေ့သောအခါ ပို၍ပင် ဒေါသထွက်သွားလေတော့၏။ "နင်သေရမယ်" သူ၏ကိုယ်ခန္ဓာသည် 50%သာ အကောင်းတိုင်းရှိနေသေးသော်လည်း ဂျိတ်အား သတ်ရန်တော့ လုံလောက်သည်ဟု သူမ ယူဆထားပုံရ၏။ "ဝုန်း" မယ်ဒူဆာသည် မြေပြင်မှ အရှိန်ယူပြီး ကောင်းကင်၌ပျံနေသော ဂျိတ်အား တိုက်ခိုက်လိုက်၏။ မယ်ဒူဆာ၏လျင်မြန်နှုန်းသည် မြန်ဆန်သည်ဖြစ်သော်လည်း ဂျိတ်အတွက်တော့ အလွယ်တကူရှောင်ရှားနေနိုင်ဆဲ ဖြစ်သည်။ "ဒိီခွေးမကတော့ " လှံနတ်ဆိုးသည် မိမိအား ဂရုမစိုက်ပဲ ဂျိတ်အား တိုက်ခိုက်နေသော မယ်ဒူဆာအား တိုက်ခိုက်ရန် ပြင်ဆင်လိုက်သော်လည်း ဘလက်အဖွဲ့မှ ကျန်ရှိနေသေးသော လူနှစ်ယောက်၏ ဟန့်တားတိုက်ခိုက်သည်ကို ကြုံလိုက်ရလေသည်။ "သေစမ်း" မယ်ဒူဆာသည် သူမ၏တိုက်ခိုက်မှုအား ဂျိတ်မှ ရှောင်တိမ်းနေသောကြောင့် ချာက္ကရာလက်သည်းများ ဖန်တီးကာ ဆက်တိုက် ထုတ်လွှတ်တိုက်ခိုက်လေတော့၏။ များစွာသော ခရမ်းရောင်လက်သည်းများမှ ဂျိတ်ထံပြေးဝင်လာသောကြောင့် ဂျိတ်လည်း ဓားပျံအား လွတ်ရာသို့ မြန်ဆန်စွာ တိမ်းရှောင်စီးနင်းရလေတော့၏။ ထိုသို့ရှောင်တိမ်းလေ မယ်ဒူဆာသည် ပို၍ဒေါသထွက်လာလေဖြစ်သည်။ "သောက်ကောင် မင်းသေကို သေရမယ် မင်းမသေရင် ငါမင်းတိုင်းပြည်ကိုလဲ ရအောင်ဖျက်စီးမယ်" ပြောဆိုနေရင်း မယ်ဒူဆာမှ သူ၏လျှို့ဝှက်သိုင်းကွက်နဲ့ပေါင်းစပ်ပြီး လက်သည်းတစ်သောင်း တိုက်ကွက်ကို ထုတ်သုံးလိုက်၏။ ထိုအခါ ကောင်းကင်၌ ခရမ်းရင့်ရောင် လက်သည်းတစ်သောင်းသည် တစ်ပြိုင်တည်း ဖြစ်ပေါ်လာလေ၏။ဖြစ်ပေါ်သည်နဲ့ ချက်ချင်းပင် ထိုလက်သည်းများသည် အသက်ဝင်လာပြီး ဂျိတ်အား တိုက်ခိုက်လေတော့၏။ ဂျိတ်လည်း ထိုလက်သည်းများ နောက်မှ လိုက်လံတိုက်ခိုက်မှုကြောင့် နည်းမျိုးစုံဖြင့် ရှောင်တိမ်းရလေတော့၏။ "မင်း ဒီတိုက်ကွက်နဲ့သေလိုက်စမ်းပါ ပြီးရင် ငါမင်းရဲ့သမီးကိုလဲ နောင်ဘဝပို့ပေးပါမယ်" လက်ရှိအချိန်၌ မယ်ဒူဆာသည် သွပ်သွပ်ခါအောင် ရူးနေပြီဖြစ်၏။သူ၏မျက်နှာတွင်လည်း အပူဒဏ်ရာဒဏ်ချက်များကြောင့် ချောမောလှပသော အသွင်ပြင်ပျောက်ဆုံးသွားပြီး အလွန်ရုပ်ဆိုးသော စုန်းမအိုကြီး သဖွယ်ဖြစ်နေ၏။ မယ်ဒူဆာသည် ရပ်တန့်ခြင်းမရှိပဲ "မင်းသမီးကို ငါရိုးရိုးမသတ်ဘူး မသေမရှင်နှိပ်စက်ပြီးမှသတ်မယ် ဒါမှပျော်ဖို့ကောင်းတာ" မယ်ဒူဆာ၏ထိုစကားဆုံးသည်နဲ့ ကောင်းကင်ယံ၌ ထူးခြားသောအော်ရာကြီးတစ်ခု ချက်ချင်းပင် ပေါ်ပေါက်လာလေတော့၏။ "ဝုန်း" "လခွမ်း ငါဘာတွေမြင်နေရတာလဲဟ" လှံနတ်ဆိုးသည် လူနှစ်ယောက်နဲ့ တိုက်ခိုက်နေရင်း မြင်လိုက်ရသော မြင်ကွင်းကြောင့် မေးရိုးစေ့ရန်ပင် သတိမရပဲ ဆွံအသွားလေ၏။ သူမြင်နေသည်ကား ကောင်းကင်ယံ၌ လက်သည်းတစ်သောင်းသည် အစိတ်စိတ်အမွှာမွှာဖြစ်သွားပြီး ဂျိတ်သည် ဒေါသထွက်စွာဖြင့် ဓားပျံပေါ်၌ မျက်နှာကြောတင်းတင်းဖြင့် ရှိနေ၏။ သူ၏နောက်တွင်လည်း အရေအတွက် တစ်သိန်းမျှရှိသော သွေးများရွှဲနေသောရွှေရောင်ဓားများက ဂျိတ်အား ဝန်းရံထားလေသည်။ ထိုမြင်ကွင်းက မြင်သူတိုင်းအား ဒူးပင်မခိုင်လောက်အောင် ပြင်းထန်သော ကြောက်ရွံမှုကို ဖြစ်ပေါ်စေ၏။ "မယ်ဒူဆာ မင်းဝမ်းသာလိုက်တော့ ငါရဲ့ဒေါသကို ဆွနိုင်လိုက်ပါပြီ" ဂျိတ်သည် ဒေါသထွက်နေသောလေသံဖြင့် မယ်ဒူဆာအား ကြည့်ကာ ပြောလိုက်၏။ မယ်ဒူဆာသည် လက်ရှိအချိန်၌ သူသိလိုက်ရသည်ကား သူမစိတ်ထဲ၌ အလွန်ပင် ကြောက်ရွံနေသည်ဆိုသည်ကိုပင် ဖြစ်၏။

(389)နောက်ဆုံးအချိန်

"သူတို့ကို ဘယ်လိုလုပ်လိုက်ရမလဲ ဘုရင်ကြီး""ဒီနှစ်ယောက်ကို ကုသပေးပြီးရင် ကျွန်အမှတ်သားတံဆိပ်ခပ်ပြီး လိုတဲ့နေရာမှာ ခိုင်းလိုက် ဒီတစ်ယောက်ကိုတော့ အတင်းအကြပ်နှိပ်စက်ပြီး ငရဲဆိုတာပြပေးလိုက်ပါ""အမိန့်တော်အတိုင်းပါ"မျက်လုံးအနီရောင်တွင် အစက်သုံးစက်ပါရှိသော စစ်သည်တစ်ယောက်မှ ဂျိတ်အား အရိုသေပြုလိုက်ပြီး အမိန့်အတိုင်း ဆောင်ရွက်ရန်ပြင်ဆင်လိုက်လေသည်။"သွားပြီ ကျုပ်သမီးလေးဆီသွားတော့မယ်"ထိုစကားနဲ့အတူ မိမိအနားမှ ထွက်သွားသော ဂျိတ်အား လှံနတ်ဆိုးမှ စကားပင်မဆိုနိုင်တော့ပဲ ကြောင်ကြည့်ကြည့်မိနေ၏။ထို့နောက် မိမိရှေ့တွင် ပြင်းထန်စွာထိခိုက်ထားသောကြောင့် သေလုဆဲဆဲအခြေနေရောက်နေသော လူသုံးယောက်အား ကြည့်လိုက်၏။ ထိုလူသုံးယောက်လုံးသည် ဓားချက်များစွာ ထိထားသောကြောင့် သေခါနီးအထိပင် ဖြစ်နေ၏။ မာစတာအဆင့်စစ်သည်များ ဖြစ်နေသောကြောင့်သာ ကံကောင်းပြီး မသေကြသည်လည်းဖြစ်သည်။သူ၏အတွေးကား မယ်ဒူဆာနဲ့တိုက်ခိုက်စဥ်အချိန်ခါကို ပြန်လည်ရောက်ရှိသွား၏။....,..........("လခွမ်း ဘယ်သူရဲ့အော်ရာကြီးလဲဟ")လှံနတ်ဆိုးသည် ဘလက်အဖွဲ့မှ စစ်သည်တော်နှစ်ယောက်နေစဥ်၌ ကြောက်မက်ဖွယ်ကောင်းသော အော်ရာကို အာရုံခံမိသောကြောင့် ဘေးဘီဝဲယာကို လှည့်ကြည့်မိ၏။"သောက်ခွေး"မိမိလက်ထဲတွင်ရှိသော လှံပင် လွတ်ကျမတတ်ဖြစ်သွား၏။အကြောင်းမှာ မိမိမြင်နေသောမြင်ကွင်းကြောင့်ပင်ဖြစ်၏။ဂျိတ်သည် သွေးများရွှဲနေသော ဓားတစ်သိန်းနဲ့အတူရှိနေပြီး မယ်ဒူဆာအား ဝါးစားမတတ်ကြည့်ပြီး ဒေါသထွက်နေသောကြောင့်ဖြစ်၏။"ကဲ ဓားချက်တွေခံစားစမ်း"ဂျိတ်၏အမိန့်ဆုံးသည်နဲ့ တစ်သိန်းရှိသော ဓားအချောင်းများစွာက မယ်ဒူဆာအား ပစ်မှတ်ထား တိုက်ခိုက်လေတော့၏။များစွာသော ပိုးကောင်အုပ်ကြီးက တိုက်ခိုက်သည့်ပမာ ဓားများစွာမှ မယ်ဒူဆာအား တိုက်ခိုက်လေ၏။မယ်ဒူဆာမှလည်း သူ၏တိုက်ခိုက်မှုများဖြင့် ဓားများအား ချေဖျက်ရန် ကြိုးစား၏။သို့သော်လည်း မယ်ဒူဆာ၏တိုက်ကွက်တိုင်းအား ဓားများစွာမှ အသာလေးပင် ဖျက်စီးပစ်လိုက်၏။"မဖြစ်နိုင်တာ"မယ်ဒူဆာ ထိတ်လန့်သွား၏။ဓားတစ်ချောင်း၏အစွမ်းသည် ဒိုင်းမွန်းအဆင့်ငါးနဲ့ညီမျှကြောင်း သူမ သိလိုက်၏။ အချောင်းရေတစ်သိန်းဆိုပါက သူမ၏စိတ်ထဲ လှုပ်ခါသွားလေ၏။"မဟာဖန်သားအကာကွယ်"မယ်ဒူဆာမှ သူ၏သက်တမ်းတစ်ရာအား စတေးပြီး သူ၏ကိုယ်ခန္ဓာအား အကာကွယ်တစ်ခုဖန်တီးပြီး ကာကွယ်လိုက်၏။ "ထန်.."စိန်ပုံစံအသွင်ရှိသော ခရမ်းရောင် အကာကွယ်သည် မယ်ဒူဆာအား အပြည့်ဝကာကွယ်ပေးလိုက်သည်ဖြစ်ရာ ဓားများမှ တိုးပေါက်နိုင်ခြင်းမရှိတော့ပေ။"သောက်ကောင် "မယ်ဒူဆာ ​ဒေါသထွက်ရပြန်၏။သူမ၏ သက်တမ်းကို စတေးပြီး သုံးလိုက်ရသည်ဖြစ်ရာ သူမအနေဖြင့် သက်တမ်းအနည်းငယ်လျော့ကျသွားရပြီဖြစ်သည်။"လာပြန်ပြီလား ဒီအကာကွယ်တွေ"ဂျိတ်၏မျက်နှာထားတင်းမာသွာ၏။ ထိုကောင်မသည် အဘယ်ကြောင့် အကာကွယ်နည်းများစွာတတ်နေသည်ကိုပင် သိချင်စိတ်ပေါက်သွား၏။ဒုံးကျည်ပစ်တုန်းကလည်း သူမ၏အကာကွယ်ထုတ်သုံးခဲ့သည်မဟုတ်ပါလား။"ဒီတစ်ခါတော့ ရမယ်မထင်နဲ့"ဂျိတ်ရေရွတ်ပြီးသည်နဲ့ သူ၏လက်ညှိုးကို မယ်ဒူဆာအား ညွှန်ကာ ပုံစံအနည်းငယ်လုပ်ဆောင်လိုက်၏။"ဖောက်ထွင်းခြင်း"ထိုအခါ အကာကွယ်အား ထင်တိုင်းကြဲတိုက်ခိုက်နေသော ဓားများသည် ချက်ချင်းပင် ရပ်တန့်သွား၏။ ထို့နောက် ဓားများသည် အစီစဥ်တကျစည်းစနစ်ကျစွာ ဓားဆယ်ချောင်းလျှင် တစ်စုံစီ စုစည်းလိုက်ပြီး အကာကွယ်အား ထပ်မံဖောက်ထွင်းလိုက်လေ၏။"ခရက်"ထိုသို့တိုက်ခိုက်လိုက်သည်နဲ့ မာပေ့ဟူသော အကာကွယ်ကြီးသည် ချက်ချင်းပင် အက်ကြောင်းထသွားလေတော့၏။ နောက်ထပ်တစ်ကြိမ်တိုက်ခိုက်လိုက်သည်နဲ့ အကာကွယ်မှာ ပျက်စီးသွားရတော့၏။အကာကွယ်ပျက်စီးသွားသည်ဖြစ်သောကြောင့် ဓားများသည် မယ်ဒူဆာ၏ကိုယ်ခန္ဓာပေါ်သို့ ကျဆင်းလာတော့၏။"ကောင်စုတ် သေစမ်း"မယ်ဒူဆာ ထိခိုက်တော့မည်ဖြစ်သောကြောင့် လှံနတ်ဆိုးနဲ့တိုက်ခိုက်နေသည့် စစ်သည်နှစ်ယောက်သည် ဂျိတ်ရှိရာနေရာသို့ ပြေးလာကြပြီး တိုက်ခိုက်လိုက်ကြသည်။"မဟာဓားသွားသတ်ဖြတ်ခြင်းအကွက်"ဂျိတ်မှ ထိုသို့ဆိုလိုက်သည်နဲ့ မယ်ဒူဆာအား မတိုက်ခိုက်ရသေးသည့် ကျန်ရှိနေသော ဓားများစွာသည် ဂျိတ်ထံပြေးဝင်လာသော စစ်သည်နှစ်ယောက်ကို တိုက်ခိုက်လိုက်ကြ၏။ထိုဓားသိုင်းအကွက်သည် အလွန်ပင်​​မြန်ဆန်ရက်စက်ကြမ်းတမ်းသည့်အကွက်ဖြစ်သည်။ ဓားများသည် အလွန်အစွမ်းထက်ပြီး ကြောက်စိတ်ကို ထုတ်ဖော်စေပြီး အားနည်းစေ၏။ထိုသို့ဓားများသည် အရေတွက်များပြားသည့်အပြင် ဂျိတ်သုံးလိုက်သော သိုင်းကွက်ကြောင့် ကြမ်းပြီးရင်းကြမ်းသော အဆင့်သို့ရောက်ရှိသွားသည်ဖြစ်ရာ သူတို့၏လမ်းကြောင်းတွင် ထားဝံသူမရှိတော့ပေ။မာစတာအဆင့်စစ်သည်များလည်း ထိုဓားချက်များအား ရှောင်တိမ်းနိုင်ခြင်းမရှိပဲ အလူးအလဲခံစားရနေတော့၏။"အား....."မယ်ဒူဆာနဲ့ စစ်သည်နှစ်ယောက်လုံးသည် ထိုဓားချက်များအား ပြန်လည်ခုခံနိုင်ခြင်း၊ကာကွယ်ခြင်း၊ရှောင်တိမ်းနိုင်ခြင်းလုံးဝမရှိတော့ပဲ မိမိတို့၏ခန္ဓာအား ဓားများစွာမှ အ​ကြိမ်ဖန်များစွာ ဖြတ်တောက်နေသည်ကိုသာ ခံစားနေရတော့သည်ဖြစ်သည်။လှံနတ်ဆိုးတစ်ယောက် ငေးပြီးရင်းငေးသာ ကြည့်နေမိ၏။ သူ၏မျက်စိရှေ့၌ ကြမ်းပေ့ အစွမ်းထက်ပေ့ဟူသော စစ်သည်များသည် ဂျိတ်၏ရှေ့တွင်ကား သိုးသူငယ်လေးများလို ဖြစ်နေသောကြောင့်ဖြစ်၏။ဤသည်ကား လှံနတ်ဆိုးမြင်ခဲ့ရသော မြင်ကွင်းပင်ဖြစ်၏။"ဒီကောင်က ငါ့ထက်တောင် ကြောက်စရာကောင်းသေးတာပဲ".....................ထိုအချိန်၌ ဘလက်အဖွဲ့စည်း၌ လုံးဝပြာယာခက်နေပြီဖြစ်၏။အဘယ်ကြောင့်ဆိုသော် သူတို့၏ခေါင်းဆောင်ကြီးများ၏ကိုယ်စားပြုရုပ်တုများသည် လုံးဝပျက်စီးသွားသောကြောင့်ဖြစ်၏။ရုပ်တုနှစ်ဆယ်ရှိသည်ဖြစ်ရာ တစ်ဆယ့်ခုနှစ်သောရုပ်တုသည် လုံးဝပြိုကျပျက်စီးသွားပြီဖြစ်သည်။ ကျန်နေသော ရုပ်တုသုံးခုသည်လည်း အခြေနေမကောင်းပေ။ ရုပ်တုပေါ်၌အက်ကြောင်းရာများစွာက အတိုင်းသားပေါ်​​နေပြီး ရှေ့ကပြိုကျသွားသော ရုပ်တုများ၏လမ်းစဥ်ကို လိုက်လုနီးနီးဖြစ်နေပြီဖြစ်၏။"ဘယ်လိုဖြစ်တာလဲ"အခန်းထဲ၌ တွိုင်တစ်ယောက် တုန်လှုပ်ခြောက်ခြားနေ၏။ ရုပ်တုများ မည်သို့ဖြစ်သွားကြောင်း သတင်းရရှိပြီး ဖြစ်သောကြောင့် ဖြစ်၏။ထိုသတင်းအတိုင်းဆိုပါက ဂျိတ်၏လျှို့ဝှက်ချက်များသည် ပေါ့ပေါ့သေးသေးမဟုတ်ကြောင်း သူကောင်းစွာသဘောပေါက်သွားပြီဖြစ်သလို ကြောက်လည်းကြောက်ရွံသွား၏။သူလုပ်ခဲ့သောလုပ်ရပ်များကြောင့်လည်းဆိုပါက မမှားပေ။ထို့ကြောင့်ချက်ချင်းပင် သူပိုင်ဆိုင်သော အရာများအားလုံးအား ရှာဖွေသိမ်းဆည်းပြီးရင် ဌာနမှ ထွက်သွားလိုက်လေတော့၏။ခေါင်းဆောင်ကြီးများ၏ရုပ်တုများ ပြိုကျသည့်ကိစ္စဖြင့် အားလုံးရှုပ်ထွေးနေကြသည်ဖြစ်ရာ သူထွက်သွားသည်ကို ဂရုပြုမိခြင်းမရှိကြပေ။"သွားပြီ....သွားပြီ"ဒိုရိုတစ်ယောက် ငိုင်တိုင်တိုင်ဖြင့်ရေရွတ်မိ၏။ဤသည်မှာ ဘလက်အဖွဲ့စည်း၏နောက်ဆုံးအချိန်ဖြစ်ကြောင်း သူခံစားမိသောကြောင့်ပင်ဖြစ်၏။

(390)တပည့်မွေးခြင်း

("ဘလက်အဖွဲ့စည်းပျက်စီးမှု 50%ရောက်ရှိလာပါပြီ")("ဘလက်အဖွဲ့စည်း ပျက်စီးမှု 60%ရောက်ရှိလာပါပြီ")("ဘလက်အဖွဲ့စည်း ပျက်စီးမှု 75%ရောက်ရှိလာပါပြီ")ဆက်တိုက်ဆိုသလို ပေါ်လာသော သတိပေးချက်ကြောင့် ဂျိတ် အားရမိသည်ဖြစ်၏။ ဘလက်အဖွဲ့စည်းမှ ခေါင်းဆောင်အယောက်နှစ်ဆယ်မှ တစ်ဆယ့်ခုနှစ်ယောက်သည် သေဆုံးပြီး သုံးယောက်သည် ပြင်းထန်စွာ ဒဏ်ရာရရှိစေသည်က ဘလက်အဖွဲ့စည်းအား ကြီးမားသော သက်ရောက်မှုကို ဖြစ်ပေါ်စေခဲ့သည်ဖြစ်သည်။ခေါင်ဆောင်များမရှိတော့ခြင်းက ဘလက်အဖွဲ့အား သွေးပျက်စေခဲ့ပြီး ဂျိတ်စေလွတ်ထားသော အဖွဲ့အတွက်မှု ယခင်ကထက် သုတ်သင်မှုနှုန်း ပိုမိုမြန်ဆန်စွာ တိုးပွားလာခဲ့လေသည်ဖြစ်သည်။ထိုသို့သာ ဆက်လက်သွား​နေပါက ဘလက်အဖွဲ့စည်းသည် မျိုးတုန်းသည့်အခြေနေသို့ ရောက်ရန် မကြာတော့ပေ။"ဖေဖေ မီးမီးကို စာသင်ဖို့ကျောင်းပို့ပေးရမယ်နော် နောက်နှစ်ကျရင်"သမီးဖြစ်သူ၏စကားကြောင့် ဂျိတ်လည်း"ဒါပေါ့ သမီးကို ပို့ပေးရမှာပေါ့ ဒါမှ သမီးမှာ သူငယ်ချင်းတွေအများကြီးရှိလာမှာလေ.""ယေး"အယ်မလီ ပျော်ရွှင်သွား၏။ ကျောင်းတက်ပါက သူမသည် သူမနဲ့အသက်ရွယ်တူဆော့ဖော်ဆော့ဖက်များ ရလာမည်ဖြစ်သောကြောင့်ဖြစ်၏။အယ်မလီလည်း သူမ ရရှိထားသော စတော်ဘယ်ရီရေခဲမုန့်အား စားနေရင်း သူမ မွေးထားသော ယုန်လေးများရှိကာ နေရာသို့ ပြေးသွားလိုက်၏။ဂျိတ်လည်း သမီးလေးပျော်ရွှင်နေသည်ကို မြင်သောကြောင့် ပြုံးမိလိုက်၏။ဂျိတ်အား လှံနတ်ဆိုးမှ ထောင့်တစ်နေရာမှ ထိုင်ကာ အကဲဖြတ်နေလေ၏။(" လက်တွေ့မမြင်ရင် သူက တကယ့်ကြင်နာတတ်တဲ့လူလို့ထင်မိမှာ")သမီးရှေ့၌ပြုံးနေသော ဂျိတ်အား လှံနတ်ဆိုးမှ မြင်လိုက်သောကြောင့် စိတ်ထဲမှ တွေးမိခြင်းဖြစ်ပေသည်။ ဂျိတ်သည် မည်မျှပင် အစွမ်းထက်ပြီး ကြမ်းတမ်းကြောင်း သူအနေဖြင့် ခန့်မှန်းရန် လွန်စွာခက်ခဲကြောင်း ဝန်ခံရမည်ဖြစ်သည်။လှံနတ်ဆိုးမှဂျိတ်အား သူ၏တကယ့်အစွမ်းမည်မျှရှိသည်မေးတိုင်း ဂျိတ်ပြန်ဖြေသည်ကတော့"ခင်ဗျားခန့်မှန်းကြည့်ပါလား ခန့်မှန်းရသောအဆင့်က အဲ့ဒါကျုပ်ရဲ့အစွမ်းပဲ"ထိုသို့ဖြေဆိုမှုကြောင့် လှံနတ်ဆိုးကလည်း သိချင်စိတ်မရှိတော့ပဲ မေ့ထားလိုက်ရလေသည်။နောက်ပြီး မယ်ဒူဆာကြောင့် လှံနတ်ဆိုးအနေဖြင့် ဂျိတ်နဲ့ပတ်သက်ပြီး အဓိကတစ်ချက်ကိုလည်း သိလိုက်ရပြီဖြစ်သည်။ဤသည်မှာ ဂျိတ်သည် သူ၏သမီးနဲ့ပတ်သက်ပါက သည်းခံခြင်းမရှိကြောင်းပင်ဖြစ်သည်။ထိုသမီးလေးနဲ့သာပတ်သက်ပါက ဂျိတ်သည် အဆုံးစွန်သည် ဖြေရှင်းမည်ဖြစ်ကြောင်း ကောင်းစွာသဘောပေါက်နားလည်ထား၏။နောက်ပြီး ဂျိတ်သည် ယခုချိန်ထိ မိန်းမတစ်ယောက်သာ ယူထားသေးသည်မှာ လှံနတ်ဆိုးအဖို့ ခေါင်းခဲစေသောအကြောင်းရင်းဖြစ်၏။မိမိတို့ခေတ်၌ ချမ်းသာကြွယ်ဝသော ယောကျာ်းတစ်ယောက်သည် အနည်းဆုံးမိန်းမသုံးယောက်ယူကြသည်ဖြစ်ရာ တစ်ယောက်တည်းရှိသော ဂျိတ်အား ကြည့်၍ စိတ်ထဲ ခိုးလုခိုးလုဖြစ်နေ၏။လှံနတ်ဆိုး၏အသက်သည် သုံးရာပြည့်ပြီဖြစ်သော်လည်း ဂျိတ်အသုံးပြသော လက်နက်များနဲ့ လက်ရှိ ဂရိတ်တိုင်းပြည်၌ အသုံးပြုနေသော နည်းပညာများသည် မည်သည့်ထံမှ ရရှိပြီး မည်သည့်အမျိုးစားအတတ်ပညာများဖြစ်ကြောင်းလည်း နားမလည် သဘောမပေါက်နိုင်သေးပဲ ရှိ၏။ဂျိတ်၏အကြောင်းတွေးတောလေ ရှုပ်ထွေးလေဖြစ်သောကြောင့် လှံနတ်ဆိုးသည် မိမိအတွက် ပေးထားသော အကောင်းစားရမ်ကိုသာ ငှေ့ပြီး သောက်လိုက်တော့၏။"ဘုရင်ကြီး"စစ်သည်တော်တစ်ဦးမှ ဂျိတ်ထံ ရောက်လာကာ သတင်းတင်ပြ၏။ကြားရသောသတင်းကြောင့် ဂျိတ်ပင်အံအားသင့် သွား၏။ထိုသတင်းကား ဂရိတ်တိုင်းပြည်လက်အောက်သို့ တိုင်းပြည် ဆယ်ခုမှ ဝင်ရောက်ကြောင်းပင် ဖြစ်၏။ ဂရိတ်တိုင်းပြည်လက်အောက်သို့ ကျရောက်သောတိုင်းပြည်များကလည်း ယခင်ကထက် ပိုမိုရိုသေစွာဆက်ဆံလာကြောင်းပင် ဖြစ်လေသည်။ အထူးသဖြင့် မိမိတိုင်းပြည်မှ သူဌေးသူကြွယ်များ ပိုမိုရိုကျိုးလာကြသည်ဖြစ်သည်။ဤသည်မှာ မိမိပစ်ခတ်လိုက်သော ဒုံးကျည်များ၏အစွမ်းဖြစ်ကြောင်း ဂျိတ်မှ ကောင်းစွာ သဘောပေါက်နားလည်၏။ ထိုသို့ဖြစ်စေရန်အတွက်လည်း ဒုံးကျည်ဖြင့်ပစ်ခတ်စဥ်က မိမိပိုင်ဆိုင်သော နေရာအနှံပြား၌ ပစ်ခတ်ခဲ့သော မြင်ကွင်းအား ​ပုံရိပ်ထုတ်လွှင့်ပြသခဲ့သည်ဖြစ်၏။ထိုသို့လုပ်ဆောင်မှုကြောင့် ယခုလို ရလာဒ်ကောင်းပေါ်ပေါက်လာသည်ဖြစ်သည်။"ဘုရင်ကြီး လူတစ်ယောက်က ဘုရင်ကြီးရဲ့ပင်မနန်းတော်ထဲရောက်နေပါတယ်"စစ်သည်တော်တစ်ယောက်မှ ချက်ချင်းပင် ရောက်လာပြီး သတင်းတင်ပြ၏။ သတင်းတင်ပြချက်အရ သူသည် ဘယ်သူဘယ်ဝါဖြစ်ကြောင်း မသိရသည့်အပြင် အလွန်ထူးဆန်းပြီး နန်းတော်ထဲသို့ မည်သည့်အချိန်၌ ရောက်နေကြောင်းပင် မသိလိုက်ကြောင်း အပြည့်စုံတင်ပြလိုက်၏။"ကောင်းပြီ ငါကိုယ်တိုင်လာပြီ"ဂျိတ်ဘုရင်ဖြစ်ပြီးကတည်းက လုံခြုံရေးများအား လွန်စွာတင်းကျပ်ခဲ့သည်ဖြစ်၏။မှော်အစီရင်များနဲ့ခေါတ်နည်းပညာများအသုံးပြုပြီး နန်းတော်တစ်ခုလုံးအား လွှမ်းခြုံစေခဲ့သည်ဖြစ်သည်။ဤသည်ကို လူတစ်ယောက်မှ ရောက်ရှိနေကြောင်းဆိုရာ ဂျိတ်မှ အလွန်ပင် စိတ်ဝင်စားသွားခြင်းလည်းဖြစ်ပေသည်။ထိုလူသည် သောင်းကျန်းခြင်းမရှိသလို ဘုရင်ကြီးဖြင့် တွေ့လိုသည်ဟု ဆိုနေသောကြောင့်ဖြစ်သည်။ထို့ကြောင့်လည်း စစ်သည်များမှ သူ့အားဖမ်းဆီးခြင်းမရှိပဲ ကောင်းစွာဧည့်ခံထားကြောင်း စစ်သည်မှဆို၏။"ဟိုမှာပါ"စစ်သည်တော်မှ ဂျိတ်အား ထိုလူရှိရာသို့ ညွှန်ပြလိုက်လေသည်။ညွှန်ပြရာသို့ ဂျိတ်လည်း ကြည့်ရှုလိုက်ရာ တရုတ်ပြည်ရှေးခေတ်စာသင်သား အဝတ်စားနဲ့ဆင်တူသော အဝတ်စားကို ဝတ်ဆင်ထားကြောင်း တွေ့ရလေ၏။ထိုသူသည် လက်ရှိအချိန်၌ ထိုင်ခုံတစ်ခုပေါ်တွင် ကော်ဖီသောက်နေသည်ဖြစ်သည်။ထိုလူသည် ဆံပင်အား သေချာစီးနှောင်ထားပြီး ခန့်ညားသောအသွင်ပြင်ရှိကြောင်း တွေ့ရလေသည်။အထူးခြားဆုံးဆိုပါက သူ၏ရင်ဘတ်တွင် ချိတ်ဆွဲထားသော တံဆိပ်ပြားပင် ဖြစ်လေသည်။ထိုတံဆိပ်ပြားသည် ပါမောက္ခဖြစ်ကြောင်း သက်သေထူထားသော တံဆိပ်ပြားဖြစ်ပြီး တံဆိပ်ပြား၏အလယ်တည့်တည့်၌ ကျန်းဟူသော စာတန်းကြီးပါရှိ၏။("နင့်မေကြီး ကျန်းဆိုပါလား")ဂျိတ်၏စိတ်ထဲ ကြောက်စိတ်များ မဖြစ်စဖူးစတင်ဖြစ်ပေါ်လာလေ၏။ ကျန်းဟူသော စာလုံးလေးက သူ့အား ထိုသို့ဖြစ်စေခဲ့သည်ဖြစ်သည်။("ငါသိထားတဲ့သူမဖြစ်ရင် ကောင်းမယ်")ဂျိတ်မှ စိတ်ထဲကြောက်ရွံမှုများကို စိတ်ထဲမှာပင် သိမ်းထားလိုက်ပြီး ပြုံးသောအမူရာဖြင့် "သင်က ပါမောက္ခကျမ်းရွှမ်တော့ မဟုတ်ဘူး မဟုတ်လား"ဂျိတ်မှ နှစ်စွန်းခွသော စကားဖြင့် စတင်ဆိုလိုက်၏။"အို ဂရိတ်တိုင်းပြည်ရဲ့ဘုရင် ကျုပ်ကျမ်းရွှမ်ကိုပါသိတာလား ကျုပ်ရဲ့ဂုဏ်သတင်းက အဲ့လောက်ထိ ပြန့်နေပြီလား"("ဟ ငါတော့စောက်ကျိုးနည်းပြီ ငယ်ထိပ်ကိုမှ မြွေပေါက်တာပဲ")ကျမ်းရွှမ်ဖြစ်ကြောင်း သိလိုက်ရသည်နဲ့ ဂျိတ်၏ရင်ထဲ ဗလောင်ဆူဝေသွား၏။ကျန်းရွှမ်ဆိုသည်နဲ့ ဖျက်စီးခြင်းနတ်ဆိုး၊ဖျက်စီးခြင်းတို့၏မူလအစလက်ဟောင်းဘုရင်ကြီးဆိုသော ဂုဏ်ပုဒ်များကို ချက်ချင်းသတိရလိုက်လေ၏။ကျန်းရွှမ်မှ ဂျိတ်၏အတွေးများအား မသိပဲ"ဒီနန်းတော်ကအစီရင်တွေက တော်တော်လေး ခက်ခဲပေတယ် ကျုပ်တောင် ငါးမိနစ်လောက်အချိန်ယူလိုက်ရသေးတယ်"ထိုစကားကြောင့် ဂျိတ်သည် ချက်ချင်းပင် ("စနစ် နန်းတော်ကနေစပြီး ဒီမှာရှိတဲ့အရာအားလုံးကို ဖျက်စီးမရနိုင်တဲ့မာကြောမှုအဆင့်ထိ မြင့်တင်ပါ")ချက်ချင်းပင် အဆင့်မြင့်တင်ခိုင်းလိုက်၏။မမြင့်ခိုင်း၍လည်း မရပေ။ ရောက်ရှိနေသော လူသည် ကျမ်းရွှမ်ဖြစ်နေသောကြောင့် ဖြစ်၏။စနစ်မှ မြင့်တင်ပြီးကြောင်း သတိပေးချက်ဖော်ပြသောအခါမှ ဂျိတ်သည် စိတ်သက်သာရာရသွားပြီး "ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာရတာလဲ""ရောက်လာရတဲ့အကြောင်းရင်းကတော့ ခင်ဗျားသမီးကို တပည့်လက်ခံမလို့ပါ"ကျမ်းရွှမ်သည် ဂျိတ်အား ကြည့်ကာ ပြောလိုက်လေသည်။

All Chapters