← Chapters

အခန်း (၃၉၁-၃၉၃)

Vol. 27 Ch. 391-393

အခန်း (၃၉၁-၃၉၃)

Vol. 27 Ch. 391-393

(391)တပည့်အဖြစ်လက်ခံခြင်း

ကျန်းရွှမ်မှ ထိုသို့ပြောလိုက်သည်နဲ့ ဂျိတ်၏မျက်နှာထားသည် တည်ငြိမ်သောအသွင်သို့ ပြောင်းလဲသွားလေသည်။ ("စနစ် သူ့အချက်လက်စစ်ဆေးပါ") ("သတိပေးချက် ပထမဆုံးအကြိမ် စနစ်ပိုင်ရှင်တစ်ယောက်ကို သင်၏အနီးနား၌ တွေ့ရှိပါသည်။ထိုစနစ်သည် ထူးခြားသော အဆင့်တန်းရှိပြီး ကောင်းကင်ဘုံစာကြည့်တိုက် ဟုခေါ်ဆိုနိုင်သည်။စနစ်ပိုင်ရှင်သည် ကျန်းရွှမ်ဟုခေါ်ဆိုပြီး အသက်မှာ ပိုင်ရှင်နဲ့အတူတူပင်ဖြစ်သည်။ " မှတ်ချက်-သူ့ထံတွင် ဆိုးဝါးသော စိတ်နေသဘောထားနဲ့ရည်ရွယ်ချက်မရှိပါ။) ဂျိတ်လည်း စနစ်၏စစ်ဆေးမှုကြောင့် မိမိရှေ့မှ ကျန်းရွှမ်အား စိတ်ချလိုက်ပြီဖြစ်သည်။ထိုသို့ စိတ်ချရသည်မှာ ဆက်လက်စကားပြောရန်အတွက်သာ ဖြစ်ပေသည်။သမီးဖြစ်သူအား တပည့်အဖြစ်ပေးအပ်ရန်က လိုသေး၏။ ဆရာဆိုသည်မှာ တစ်သက်တာဖခင်နဲ့အလား တူညီသောကြောင့်ဖြစ်သည်။ ("သူက ဘယ်လိုလူစားလဲဟ") ကျန်းရွှမ်စိတ်ထဲ အလွန်ပင် တုန်လှုပ်သွားကြောင်းကို ဂျိတ်မသိလိုက်ပေ။ ဂျိတ်၏စစ်ဆေးမှုကြောင့် ကျန်းရွှမ်၌ရှိသော ကောင်းကင်ဘုံစာကြည့်တိုက်သည် တစ်ခါမှ မတုန်ခါစဖူး ဆိုးဆိုးဝါးဝါးတုန်ခါသွားလေသည်။ ဤသည်မှာ အန္တရာယ်ကို ခံစားမိသောကြောင့်ဖြစ်၏။ သို့သော်လည်း ထိုတုန်ခါမှုသည် စက္ကန့်ပိုင်းအတွင်း၌ ပြန်လည်ပျောက်ကွယ်သွားသောကြောင့် ကျန်းရွှမ်လည်း သက်ပြင်းချနိုင်လိုက်သည်။ "ဘာကြောင့် ကျုပ်နေထိုင်တဲ့စစ်သည်တော်ကုန်းမြေထိလာပြီး တပည့်မွေးရတာလဲ ပြောပြပါဦး" ဂျိတ်၏အမေးကြောင့် "ဒီလိုပြောပုံထောက်ရင် ဒီကုန်းမြေအကြောင်းကို အသင်ဘုရင်က သေချာသိပုံပေါ်ပါတယ် ဒါကြောင့် ကျုပ်ကရှည်ရှည်ဝေးဝေးမ​ပြောပါဘူး ဒီစစ်သည်တော်ကုန်းမြေမှာ အလွန်အင်မတန်ထူးချွန်တဲ့လူတွေမွေးဖွားတယ်ဆိုတာ သိတာကြာပါပြီ ဒါကြောင့် တပည့်မွေးဖို့ အရဲစွန့်ပြီး လာရခြင်းဖြစ်ပါတယ် လာပြီးမှသာ သင်ရဲ့သမီးက တပည့်အဖြစ်လက်ခံဖို့ အသင့်တော်ဆုံးဆိုတာ သိလိုက်ရတာပါ" ကျန်းရွှမ်သည် လိမ်နေခြင်းမဟုတ်ကြောင်း ဂျိတ်မှကောင်းစွာသိ၏။ တခြားသူများအနေဖြင့် စစ်သည်တော်ကုန်းမြေအား ရှာဖွေရန် ခက်ခဲနေမည်ဖြစ်သော်လည်း ကောင်းကင်ဘုံစာကြည့်တိုက်အား ပိုင်ဆိုင်ထားသော ကျန်းရွှမ်အတွက်တော့ ငှက်ပျောပင်မှ ငှက်ပျောသီးခူးပြီး အခွံနွှာစားသည်မှ ခက်ခဲနေဦးမည်ဖြစ်သည်။ "ကျုပ်သမီးကို တပည့်အဖြစ်လက်ခံချင်တာသိပါတယ် ဒါပေမဲ့ ငယ်သေးတယ်လေ ငါးနှစ်တောင်ပြည့်သေးတာမဟုတ်ဘူး" "သိပါတယ် သင်ရဲ့သမီးရဲ့ ထူးချွန်မှုကြောင့် တပည့်အဖြစ်လိုချင်တာပါ ပြီးတော့ နောက်နှစ်ကျရင် ကျုပ်ရဲ့ပြိုင်ပွဲရှိတာကြောင့်လည်းပါပါတယ် အဲ့ဒီပြိုင်ပွဲမှာ ပါတဲ့သတ်မှတ်ချက်ကြောင့်လည်း လက်ခံချင်တာဆိုရင်လည်း မငြင်းပါဘူး" ဂျိတ်လည်း ကျန်းရွှမ်းနဲ့အတူ ခေတ္တဆွေးနွေးတိုင်ပင်ကြလေသည်။ထိုအခါ ကျန်းရွှမ်၏အကြောင်းရင်းကို သိရှိလိုက်ရလေသည်။ လက်ရှိအချိန်၌ ကျန်းရွှမ်သည် ပါမောက္ခလောက၏ထင်ရှားသော ပညာတက္ကသိုလ်သို့ တက်ရန်ကြံစည်နေကြောင်းသိရလေသည်။ ထိုပညာတက္ကသိုလ်သည် ပါမောက္ခများအတွက် အလွန်တရာ အရေးပါလှသော ကျောင်းကြီးတစ်ကျောင်းဖြစ်၏။ထိုကျောင်းသို့ တက်ခွင့်ရရန်လည်း တင်းကြပ်သော စည်းမျဥ်းများကရှိနေသေး၏။ ထိုကျောင်းသည် နှစ်တစ်ရာလျှင် ပါမောက္ခအယောက်ငါးရာသာ ဝင်ခွင့်ပေးသည်ဖြစ်၏။ ဝင်ခွင့်ဖြေဆိုရသော အရေတွက်သည် တစ်ကြိမ်လျှင် အနည်းဆုံး တစ်သန်းအောက်မလျော့ရာ အလွန်ပင် ခက်ခဲကြောင်းသိသာစေ၏။ ကျောင်း၏စည်းမျဥ်းသတ်မှတ်ချက်သည် သုံးခုရှိ၏။ ပထမအချက်သည် ဝင်ဖြေသော ပါမောက္ခအနေဖြင့် သတ်မှတ်ထားသော သိုင်းအဆင့်ကို ပြည့်မှီရမည်ဖြစ်သည်။ထိုသိုင်းအဆင့်သည် စစ်သည်တော်ကုန်းမြေ၏နတ်ဘုရားအဆင့်ထက်ပင် မြင့်၏။ ထိုသိုင်းအဆင့်သို့ အသက်ငယ်ငယ်ဖြင့်ရောက်လေ ဝင်ခွင့်ရရန် အားသာလေဖြစ်သည်။ ဒုတိယအချက်သည် စစ်ဆေးခြင်းဖြစ်သည်။ပန်းပု၊ပန်းချီစသည့် ပညာရပ်မျိုးစုံကို ကျွမ်းကျွမ်းကျင်ကျင်ပိုင်ပိုင်နိုင်နိုင် ရှိမရှိစစ်ဆေးမှု၌ အောင်မြင်ရမည်ဖြစ်သည်။ အမှတ်များလေ ကောင်းလေဖြစ်သည်။ နောက်ဆုံးတစ်ချက်သည်ကား ဝင်ရောက်ဖြေဆိုသော ပါမောက္ခ၌ သေမျိုးတပည့်ရှိရမည်။ထိုတပည့်သည် သိုင်းပညာမသင်ကြားရသေးသူဖြစ်ပြီး ငယ်ရွယ်ရမည်ဖြစ်သည်။ ထိုသူအား တစ်နှစ်ပညာသင်ချိန်ရှိမည်ဖြစ်ပြီး ထိုတပည့်ကို ဆရာဖြစ်သူမှ မည်မျှသင်ကြားပေးနိုင်သည်ကို စစ်ဆေးမည်ဖြစ်သည်။ ထိုအချက်များထဲမှ တတိယအချက်ကြောင့် ကျန်းရွှမ်သည် အခက်ခဲတွေ့နေကြောင်း ဂျိတ်သိလိုက်ရပြီဖြစ်သည်။ အဖျက်စီးနတ်ဘုရားကျန်းရွှမ် အဲ မှားလို့ ပါမောက္ခကျန်းရွှမ်အား တတိယအချက် တားဆီးနိုင်ခဲ့ကြောင်း တွေ့ရှိရလေသည်။ ဂျိတ်အနေဖြင့် ကျန်းရွှမ်ထံ မိမိ၏သမီးတပည့်ခံပါက ဖြစ်လာနိုင်သည့် အကျိုးဆက်များကိုပါ ထည့်သွင်းစဥ်းစားရသည်ဖြစ်သည်။ တွေးကြည့်သောအခါ ဆိုးကျိုးထက် ကောင်းကျိုးများကြောင်း တွေ့ရလေသည်။ ကျန်းရွှမ်သည် ဖျက်စီးတတ်သော်လည်း သူ၏တပည့်များအပေါ်တွင်တော့ အလွန်တရာ ကာကွယ်စောင့်ရှောက်ပေးတတ်လေသည်။ ထို့ကြောင့် ဂျိတ်သည် ကျန်းရွှမ်၏စကားအား လက်ခံရန်ဆုံးဖြတ်လိုက်လေသည်။ "ကောင်းပြီ ကျုပ်လက်ခံတယ်" "လက်ခံပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ ဒီကျေးဇူးကို မမေ့ပါဘူး နောင်တစ်ချိန် သင်သာအကူညီလိုရင် ကျုပ်ပြန်ကူညီမှမယ်" ဂျိတ်နဲ့ကျန်းရွှမ်သည် လက်ဆွဲနှုတ်ဆက်လိုက်ပြီး အစီစဥ်အား သဘောတူညီမှု ပြုလိုက်ကြပြီဖြစ်သည်။ "ကျုပ်ကို ဘုရင်လို့မခေါ်ပါနဲ့ ဂျိတ်ဆိုရင် ရပါပြီ" "ကျုပ်ကိုလဲ ကျန်းရွှမ်လို့သာ ခေါ်ပါဗျာ" "ကောင်းပြီ ကျန်းရွှမ် ကျုပ်တို့ သဘောတူညီပြီးပြီဆိုတော့ ကျူပ်သမီးဆီခေါ်သွားပေးပါမယ်" ဂျိတ်သည် ကျန်းရွှမ်အား သမီးလေးဖြစ်သူကစားနေသောနေရာသို့ ခေါ်​ဆောင်သွားလေသည်။ထိုနေရာသို့ ရောက်သောအခါ သမီးလေးသည် ယုန်များဖြင့် ကစားနေကြောင်း တွေ့ရလေ၏။ တော်တော်လေး ကစားထားကြောင်း သိသာစေသည်က သူမ၏ကိုယ်၌ မြေကြီးများ ပေနေသောကြောင့် ဖြစ်သည်။ "ငယ်သေးတယ်ဆိုပင်မဲ့ တော်တော်လေး ညဏ်ရည်ထက်မြက်တယ် အဖေတူသမီးပဲ ပြီးတော့ ကိုယ်ခန္ဓာကလဲ နိုးထစပြုနေတယ်" ကျန်းရွှမ်သည် အယ်မလီလေးအား မြင်သည်နဲ့ ချက်ချင်းပင် သိသွားသည်။သူမသည် ရှားပါးသော သားရဲသခင်ကိုယ်ခန္ဓာရှိပြီး အလွန်ပင်ချစ်စရာကောင်းကြောင်း တွေ့ရလေသည်။ ကျန်းရွှမ်အတွက် အထူးအားအားသင့်စေသည်ကတော့ အယ်မလီလေးသည် ဆက်လက်ဖွံ့ဖြိုးနိုင်သည့်အပြင် သူမ၏လက်တွင် ဝတ်ဆင်ထားသော လက်ကောက်လေးသည် သာမန်မဟုတ်ကြောင်း သိလိုက်ရလေသည်။ ("အော် ဒါကြောင့်ကိုး ဒါကြောင့် ဂျိတ်က အထူးဂရုစိုက်နေတာပဲ") ကျန်းရွှမ်သည် ပါမောက္ခတစ်ယောက်ဖြစ်သောကြောင့် မြင်လိုက်သည် အချိန်တိုအတွင်း၌ အသေးစိတ်ခွဲခြမ်းစိတ်ဖြာ သိရှိသွားသည်ဖြစ်၏။ "ဖီဖီ..သူကဘယ်သူလဲ " အယ်မလီလေးသည် မိမိဖခင်နဲ့အတူပါလာသော လူကို မြင်လိုက်သောကြောင့် မေးလိုက်၏။ "သူလား သမီးရဲ့နောက်ကျရင် ပညာတွေသင်ပေးမဲ့ ဆရာလေ"

ကျန်းရွှမ်ကလည်း "သမီးလေးရေ ဆရာနာမည်က ကျန်းရွှမ်ပါ သမီးလေးကို ပညာတွေသင်ပေးမဲ့လူပေါ့" ပြုံးရွှင်စရာပြောလိုက်၏။ "ဆရာ ဟုတ်လား" အယ်မလီလေး၏မျက်လုံးများ လင်းလက်သွား၏။ဂျိတ်၏သင်ကြားပေးမှုနဲ့အတူ ကြီးပြင်းလာသော သူမသည် လူများအား ကြောက်ရွံခြင်းမရှိပေ။ "သမီးက အယ်မလီလို့ခေါ်ပါတယ် ငါးနှစ်ပြည့်တော့မှာပါ သမီးကို များကြီးများကြီး သင်ပေးပါ ရိုက်တော့မရိုက်ပါနဲ့ အသားနာတာမကြိုက်လို့ပါ" အယ်မလီလေးသည် ယုန်တစ်ကောင်အား ပွေ့ရင်းဖြင့် ခေါင်းအား ညွတ်ကာ အရိုသေပေးလိုက်၏။ "ဟားဟားဟားဟား" ဒီတစ်ခါတော့ ဂျိတ်ကော ကျန်းရွှမ်ပါ ရယ်ရသည့်အခါ ဖြစ်၏။ ယုန်များနဲ့ ပေတူးလန်အောင် ဆော့ထားသော သူမသည် ထိုသို့ပြုမှုသော အခါ ရယ်ချင့်စဖွယ်ကောင်းနေသည် မဟုတ်ပါလား။ "သူမကို ရေမိုးချိုးပေးပါဦး ခဏနေကျုပ်တို့ သူမကို တပည့်အဖြစ်စာရင်းသွင်းရမှာမို့လို့ပါ" ကျန်းရွှမ်၏ပြောစကားကြောင့် ဂျိတ်လည်း သမီးလေးအား ပွေ့ချီပြီး ရေချိုးခန်းသို့ခေါ်သွား၏။ ထို့နောက် သမီးလေးအား ရေမိုးချိုးသန့်စင်စေပြီးလျှင် သမီးလေးကြိုက်သော ယုန်ပုံများပါရှိသည့် အဝတ်စားများလဲလှယ်ဝတ်ဆင်ပေး၏။ ထို့နောက် သမီးလေးအား ပွေ့ချီကာ ကျန်းရွှမ်အနားယူနေသော နေရာသို့သွားလိုက်ကြလေသည်။ "ကဲ အဆင်သင့်ပါပဲဗျာ" ဂျိတ်မှ ပြောလိုက်သည်နဲ့ ကျန်းရွှမ်လည်း သူ၏အဝတ်စား၌ ချိတ်ထားသော သူ၏နာမည်ပါသော တံဆိပ်ကို ဖြုတ်လိုက်လေသည်။ ထို့နောက် ထိုတံဆိပ်ပြား၌ရှိသော သူ၏နာမည်အား ဖိချလိုက်လေသည်။ထိုအခါ ထိုတံဆိပ်ပြားသည် လေပေါ်သို့ ပျံတက်သွားပြီး သူတို့၏ရှေ့၌ တံခါးပေါက် တစ်ချပ်အသွင်ပြောင်းလဲသွားလေသည်။ "ဒါက ကျုပ်သုံးတဲ့ တည်နေရာ​ပြောင်းတံခါးချပ်ပေါ့ဗျာ စာရင်းသွားသွင်းကြတာပေါ့." ကျန်းရွှမ်သည် ဂျိတ်နဲ့အယ်မလီလေးအား ပြောကြားလိုက်လေသည်။

(392)ရန်ပွဲ

တံခါးချပ်မှ ထွက်လိုက်သည်နဲ့ ပတ်ဝန်းကျင်အနေထားသည် လုံးဝပြောင်းလဲသွားကြောင်း ဂျိတ်တွေ့ရှိရလေသည်။ "ဝါး ဖီဖီမိုက်တယ်" အယ်မလီလေးသည် မိမိရောက်ရှိနေသော ပတ်ဝန်းကျင်သစ်အား ကြည့်ကာ အံသြနေလေသည်။ "ဒါကတော့ ပညာတက္ကသိုလ်ရဲ့ကျောင်းအပေါက်ဝမှာရှိတဲ့ ရင်ပြင်ကြီးပါ" ကျန်းရွှမ်သည် ဂျိတ်အား ရှင်းပြ၏။ ကျောင်းပေါက်ဝ၏ရင်ပြင်ကြီးသည် အလွန်ပင်လှပလှ၏။ အမျိုးမည်မသိရသော ကျောက်သားများအား အသုံးပြုပြီး ရင်ပြင်တစ်ခုဖန်တီးထားသည်ဖြစ်၏။ ထိုရင်ပြင်သည် ပန်းချီရေးချယ်သည့်နှယ် သေသပ်လှပပြီး အသုံးပြုထားသော ကျောက်များကလည်း တန်ဖိုးပမာဏကြီးမားသည်ဖြစ်သည်။ ထို့ပြင် ရင်ပြင်သည်အလွန်ပင် ကြီးမားကျယ်ပြန့်လှ၏။မည်မျှ ကျယ်ပြန့်သနည်းဟုဆိုရလျှင် မြို့ငယ်လေးတစ်မြို့စာ အရွယ်စားပမာဏအထိပင်ရှိ၏။ ဤသည်မှာ မဆန်းလှပေ။အဘယ်ကြောင့်ဆိုသော် ပညာတက္ကသိုလ်သည် ကုန်းမြေကြီးတစ်ခုမျှ ကြီးမားသောကြောင့် ဖြစ်၏။ ထိုအရွယ်စားဖြင့် နှိုင်းယှဥ်ပါက အလွန်တရာပင် သေးငယ်သွားမည်ဖြစ်သည်။ ကျောင်းဝင်ပေါက်တွင်ကား လူတစ်ယောက်၏ပုံတူရုပ်တုကြီးရှိလေသည်။ ထိုရုပ်တုကြီးသည် ပညာတက္ကသိုလ်၏ထင်ရှားသော ပုံရိပ်ကြီးဖြစ်၏။ ထိုအရုပ်ကြီးသည် တည်ကြည်သော မျက်နှာထား၊ရှည်လျားဖြူဖွေးသော မုတ်ဆိတ်မွှေးရှည်ကြီးရှိ၏။သာမန်စာသင်သားဝတ်စုံကို ဝတ်ဆင်ထားကာ စာအုပ်တစ်အုပ်ကို ကိုင်ဆောင်ထား၏။ ရင်ပြင်ပေါ်၌ ကျန်းရွှမ်နဲ့အဝတ်စားတူသော လူများစွာ သွားလာနေကြောင်း ဂျိတ်တွေ့ရလေသည်။ သူတို့သည်လည်း ပါမောက္ခများဖြစ်ကြောင်း ဂျိတ်သိ၏။ "ဂျိတ် ဒီမှာ ကျေးဇူးပြုပြီး စောင့်ပေးပါဗျ...ကျုပ် ကျောင်းရဲ့စာရင်းသွင်းတဲ့နေရာကို အယ်မလီလေးနဲ့ သွားလိုက်ပါမယ် အပြင်လူတွေက ဝင်ခွင့်မရှိတာ နားလည်ပေးပါ" "ရတယ် ကိစ္စမရှိဘူး " ကျန်းရွှမ်လည်း နားလည်ကြောင်း ခေါင်းညိတ်ပြီး အယ်မလီလေးအား ကျန်းရွှမ်နဲ့အတူလိုက်ပါသွားစေ၏။ ဂျိတ်လည်း တစ်ယောက်တည်းပျင်းရိနေသောကြောင့် ရင်ပြင်ပေါ်၌ပင် သိုလှောင်လက်စွပ်မှ ထိုင်ခုံလေးတစ်ခုံထုတ်ကာ ထိုင်ခုံပေါ်ထိုင်ပြီး စာအုပ်ဖတ်နေလိုက်၏။ ဂျိတ် စာအုပ်ဖတ်နေစဥ် ဆယ့်ငါးမိနစ်ခန့်ကြာသောအခါ "အသင်ဘယ်သူလဲဘယ်ကလဲဘာလာလုပ်တာလဲ" ပါမောက္ခတစ်ယောက်သည် ဂျိတ်အားလာမေး၏။ "ကျနော်က ဂျိတ်ပါ ဆရာကျန်းရွှမ်က ကျနော်သမီးနဲ့အတူ စာရင်းသွားသွင်းတာမို့ ဒီမှာစောင့်နေတာပါ" ဂျိတ်လည်း ပါ​မောက္ခတစ်ယောက်မှ မေးသောကြောင့် ပုံမှန်အတိုင်း အမှန်အတိုင်းသာဖြေဆိုလိုက်၏။ ထိုသို့ဖြေဆိုလိုက်သည်နဲ့ ထိုပါမောက္ခသည်လည်း ခေါင်းညိတ်ပြီး ဂျိတ်၏အနားမှ ထွက်ခွာသွားလေ၏။ ဂျိတ်လည်း စာအုပ်ကိုင်ပြီး ဆက်လက်ဖတ်ရှုနေလိုက်၏။ တအောင့်ကြာသောအခါ..... "ဒီလူပဲဟေ့ ဟိုကောင်ကျန်းရွှမ်ကို ကူညီနေတာ" လူအုပ်ကြီး၏အော်သံကြောင့် ဂျိတ်စာဖတ်​နေရင်းမှ ဘေးဘီဝဲယာအား ကြည့်ရှူလိုက်လေသည်။ "အလိုလေး ဘာတွေဖြစ်နေကြတာလဲ" သူ၏ဘေးပတ်ပတ်လည်တွင် လူတစ်ထောင်မျှရှိနေပြီး သူ့အား ဝန်းရံထားကြောင်း ဂျိတ်တွေ့ရလေသည်။ ထိုလူများအားလုံး၏တူညီချက်သည် တူညီသော ဝတ်စုံများ ဝတ်ဆင်ထားကြခြင်းဖြစ်၏။ ဤသည်မှာ ထိုလူများသည် ပါမောက္ခများဖြစ်ကြောင်း သက်သေပင် ဖြစ်သည်။ "ဒီကောင်ပဲ ကျန်းရွှမ်တပည့်ရအောင် ကူညီလိုက်တာ." မိမိအား မေးမြန်းခဲ့သော ပါမောက္ခအား ဂျိတ်တွေ့လိုက်ရလေသည်။ လက်ရှိဖြစ်ပေါ်နေသော အခြေနေကို ကြည့်ပြီး တစ်ခုခုမှားယွင်းနေကြောင်း ဂျိတ်ခံစားမိသည်။ "ကျန်းရွှမ်ကို ကူညီတဲ့လူတိုင်း ဒုက္ခရောက်ရမယ်လို့ ကြေညာထားရဲ့သားနဲ့ မင်းကူညီရဲတယ်ပေါ့လေ ငါတို့ကိုမကြောက်ဘူးလား" လက်ရှိဖြစ်ပေါ်နေသောအခြေနေနဲ့ စကားသံကို နားထောင်ကြည့်ပြီး ကျန်းရွှမ်တစ်ယောက် မိမိ၏ကုန်းမြေအထိ ရောက်ရှိလာရခြင်းအကြောင်းတရားကို သိရှိလိုက်ရပြီဖြစ်သည်။ လက်ရှိအခြေနေသည် ပြန်လည်နောက်ဆုတ်၍လည်း မရသောအခြေနေလည်း ဖြစ်သောကြောင့် "ဒီလိုကြေညာတာကို မသိလို့ကူညီမိတာပါ ပြီးတော့ ကြောက်လဲမကြောက်ပါဘူး" ဂျိတ်၏ပြောဆိုသောစကားကြောင့် အစပိုင်း၌ သက်သာပေးမည်ဟု စဥ်းစားထားသောလူအုပ်ကြီးသည် နောက်ဆုံး၌ပါလာသော စကားကြောင့် ဒေါသထွက်သွားကြလေ၏။ "ကြည့်ရသလောက်ဆိုရင် မင်းက ပါမောက္ခမဟုတ်ပါဘူးသာမန်အရပ်သား မဟုတ်လား" လူအုပ်ကြီးထဲမှ ပါမောက္ခတစ်ယောက်မှ မေးလိုက်၏။ "ဟုတ်ပါတယ် ကျနော်ပါမောက္ခမဟုတ်ပါဘူး" ဂျိတ်၏စကားဆုံးသည်နှင့် "ဒီကောင် ပါမောက္ခမဟုတ်ဘူးတဲ့ ဝိုင်းဆုံးမကြစမ်း" ချက်ချင်းဆိုသလိုပင် လူအုပ်ကြီးသည် လက်သီးလက်မောင်းတန်းပြီး ဂျိတ်အား ဝန်းရံတိုက်ခိုက်လိုက်ကြလေသည်။ ပညာတက္ကသိုလ်ကျောင်း၏စာရင်းဌာန၌ "ကောင်းပြီ အခုလျှောက်တင်ပြီးပါပြီ နောက်နှစ်ရက်နေရင် အတည်ပြုပြီးကြောင်း သတင်းပြန်ပို့ပါမယ်နော်...သတင်းပို့ပြီးသွားရင်တော့ နောက်ကျောင်းဝင်ခွင့်အတွက် ယှဥ်ပြိုင်နိုင်ပါပြီရှင့်" စာရင်းစစ်ဆရာမလေးသည် ကျန်းရွှမ်အား အမှတ်သားကဒ်ပေးပြီးပြောလိုက်၏။ ထိုကဒ်သည် အယ်မလီလေးအတွက်ဖြစ်ပြီး သူမ၏ပုံနဲ့တကွ နာမည်ပါရှိပြီး ဆရာကျန်းရွှမ်၏တပည့် ဟုရေးသားထားလေသည်။ "တော်သေးတာပေါ့" ကျန်းရွှမ်သည် ယခုမှပင် သက်ပြင်းချလိုက်နိုင်တော့၏။ တပည့်တစ်ယောက်ရပြီး စာရင်းသွင်းလိုက်နိုင်သောကြောင့် ကျောင်းတက်ရန် စည်းမျဥ်းများကို ပြည့်မှီသွားပြီဖြစ်သည်။ သို့သော်လည်း ကျောင်းတက်ခွင့်ကိုရရှိသေးသည်မဟုတ်သေးရာ ကျောင်းဝင်ခွင့်ရရှိနိုင်ရန်အတွက် အယ်မလီလေးအား သူအနေဖြင့် သေသေချာချာသင်ကြားပြသပေးရဦးမည်ဖြစ်သည်။ "သမီးလေး သွားကြစို့" ကျန်းရွှမ်သည် အယ်မလီလေးနဲ့အတူ စာရင်းဌာနမှ ထွက်လာခဲ့ကြလေသည်။ အယ်မလီလေးအား ပွေ့ချီထားပြီး ထွက်လာခဲ့ခြင်းလည်းဖြစ်သည်။ "ဝိုး အရမ်းလှတယ်နော်" အယ်မလီလေးသည် ကျောင်း၏လှပသော မြင်ကွင်းများကို ကြည့်ကာ အံ့သြမြင်သက်နေ၏။ "သလောကျလား သဘောကျရင် ခဏလေးလည်ကြမယ်လေ" "ဟုတ်" အယ်မလီလေးမှ ခေါင်းညိတ်သောကြောင့် ကျန်းရွှမ်လည်း ကျောင်းအား လည်ပတ်ရန် စတင်လမ်းလျှောက်လိုက်လေသည်။ "ပွဲဟေ့ ကျောင်းအပေါက်ဝ ရင်ပြင်မှာ ပွဲဟေ့" ကျောင်းထဲ၌ရှိသော ပါမောက္ခများသည် ကျောင်းထဲမှ ကျောင်းပြင်သို့ပြေးလွှားသွားနေသောကြောင့် ကျန်းရွှမ်လည်း ဇဝေဇဝါ ဖြစ်သွား၏။ "ဘာဖြစ်နေတာလဲ ကျောင်းအပြင်မှာ" ကျန်းရွှမ်သည် မိမိနားမှ ပြေးသွားသော ပါမောက္ခတစ်ယောက်အား မေးလိုက်၏။ "မသိသေးဘူး အစောကတည်းကနေ အပြင်သာမန်လူတစ်ယောက်နဲ့ သန့်ရှင်းဖြူစင်ကောလိပ်က ပါမောက္ခတွေ ချနေကြတာတဲ့" ထိုစကားကြောင့် "ဟိုက် မြတ်စွာဘုရား" ကျန်းရွှမ်လည်း ထိုစကားကြောင့် မျက်လုံးပြူးသွား၏။ သန့်ရှင်းဖြူစင်ကောလိပ်သည် မိမိနဲ့ရန်စရှိသော ကောလိပ်ဖြစ်ပြီး ​အပြင်လူသည် မိမိသိသော ဂျိတ်မှ လွှဲ၍ တခြားလူမဖြစ်နိုင်ကြောင်း ချက်ချင်းပင် သိလိုက်၏။ "သမီးလေး နောက်မှကြည့်ရအောင် အခုတော့ အပြင်ထွက်ကြမယ်" ပြောပြီးသည်နဲ့ ကျန်းရွှမ်သည် သူ၏အမြန်ဆုံးသော ခြေလှမ်းသိုင်းဖြင့် ကျောင်းပြင်သို့ ထွက်လာလိုက်လေသည်။ လက်ရှိသူ၏စိတ်ထဲ၌ ဂျိတ်ကို သူစိုးရိမ်နေ၏။ ပါမောက္ခများသည် နှယ်နှယ်ရရမဟုတ်ပေ။ အလုံးစုံသောပညာများတတ်မြောက်ပြီး သိုင်းပညာတွင်လည်း တစ်ဖက်ကမ်းခတ် တတ်မြောက်ကြသော သူများဖြစ်၏။ ထို့ပြင် သိုင်းပညာအဆင့်များကလည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြင့်မားကြသည်ဖြစ်သည်။ ထိုလူများက ဂျိတ်အား သေသည်အထိ ရိုက်နှက်ကြမည်ကို ကျန်းရွှမ်မှ စိုးရိမ်နေခြင်းလည်းဖြစ်သည်။ ကျောင်းပြင်သို့ရောက်သည်နဲ့ တွေ့လိုက်ရသော မြင်ကွင်းကြောင့် ကျန်းရွှမ်၏မျက်လုံးသည် ပိုမိုပြူးသွားလေ၏။ မျက်လုံးပြူးနေသည်က ကျန်းရွမ်တစ်ယောက်တည်း မဟုတ်ပဲ ကြည့်နေကြသော ပါမောက္ခတိုင်းပင် ဖြစ်လေ၏။ "ဖြောင်း...ဖြောင်း....ဖြောင်း...ဖြောင်း" "အမလေး သေပါပြီဗျ..." "ကယ်ကြပါဦး" ပါမောက္ခတစ်ထောင်နဲ့လူတစ်ယောက်ချရာ၌ ကြိမ်လုံးသံကသာ သိသာထင်ရှားစွာမြည်နေလေ၏။ ထိုကြိမ်လုံးတစ်ချက်မြည်ပြီးသည်နဲ့ ကယ်ပါယူပါ အသံများလည်း ထွက်ပေါ်လာလေ၏။ သူတို့မြင်နေကြသည်ကတော့ လူတစ်ယောက်သည် ကြိမ်လုံးတစ်ချောင်းကိုင်ပြီး မိမိအား တိုက်ခိုက်လာသော ပါမောက္ခတိုင်းအား အားပါးတရဆော်နေသည်ဖြစ်သည်။ ထိုကြိမ်လုံးတစ်ချက်ဝှေ့ယမ်းလိုက်တိုင်း ပါမောက္ခတစ်ယောက်သည် အသည်းခိုက်အောင် နာကျင်သော ဝေဒနာခံစားလိုက်ကြရသည်ဖြစ်၏။ "တော်တော့ ဂျိတ် တော်တော့" ကျန်းရွှမ်သတိပေးသော်လည်း ဂျိတ်မှာ ကြားခြင်းမရှိပဲ ကြိမ်လုံးသာ မြောက်ပြီး တဖြောင်းဖြောင်း ရိုက်နေလေ၏။ သူ၏ရိုက်လိုက်တိုင်းလည်း ပါမောက္ခများက အမေတနေကြရသည်ဖြစ်၏။ "အင့်" နောက်ဆုံးတစ်ယောက် ကြိမ်လုံးစာမိပြီး ရင်ပြင်ပေါ်သို့ လဲကျသွားသောအခါမှသာ ဂျိတ်သည် ကြိမ်လုံးအား မြောက်ရာမှ ရင်ပြင်ပေါ်သို့ ပစ်ချလိုက်လေသည်။ "ယေး ဒါမှ တို့ဖေဖေကွ" အယ်မလီလေး၏စကားကြောင့် ကြားလိုက်သောပါမောက္ခများသည် ဆွံအလျက်ရှိနေလေသည်ဖြစ်သည်။

(393)ခွင့်တောင်းခြင်း

"သူဘယ်သူလဲ ဘယ်ကလဲ" ကြည့်ရှုနေသော ပါမောက္ခများအကြား ဂျိတ်အကြောင်းသည် ချက်ချင်းပင် ဆွေးနွေးစရာတစ်ခုအဖြစ်တည်ရှိလာခဲ့၏။ အယောက်တစ်ထောင်ကို တစ်ယောက်တည်းဖြင့် ပယ်ပယ်နှယ်နှယ် တီးသွားသည်ဆိုသည်မှာ လွယ်ကူမနေခဲ့ပေ။ "ဘယ်သူလဲကွ ငါတို့သန့်ရှင်းဖြူစင်က ဆရာတွေကို ဒီလိုရိုက်ရဲတာ" ကျယ်လောင်သောအသံကြီးနဲ့အတူ လူတစ်ယောက်သည် ကောင်းကင်ပေါ်မှ ပျံသန်းလာလေသည်။ထိုလူ၏အသံသည် အလွန်ပင် သြဇာသက်ရောက်မှုပြင်းထန်သောကြောင့် တော်ရုံလူပင် ကြောက်ရွံသွားရမည်ဖြစ်သည်။ သို့သော်လည်း ဂျိတ်ဖြစ်နေသောအခါ အရာဝင်ခြင်းမရှိပေ။ ပျံသန်းလာသော လူကြီးသည် အသက်ရာဂဏန်းမျှ ရှိမည်ဟု ဂျိတ်တွက်ဆမိသည်။ သူ၏အိုမင်းသောရုပ်နဲ့မုတ်ဆိတ်မွှေးကို ကြည့်ကာ ခန့်မှန်းလိုက်သည်လည်းဖြစ်၏။ "ဖူဟိုင် မင်းဘယ်လိုဖြစ်တာလဲ" ကောင်းကင်မှ ပျံသန်းလာသူသည် ​ကြိမ်လုံးကြောင့် အရှိုးရာများစွဲနေသော ပါမောက္ခတစ်ယောက်ကို မြင်သောအခါ ထိတ်လန့်သွား၏။ "အား....သူလုပ်တာ...အောင်မလေး နာတယ်" ဖူဟိုင်ဆိုသော ပါမောက္ခ သည် ဂျိတ်အား လက်ညှိုးထိုးပြီး ကြိမ်လုံးကြောင့် ရရှိထားသောဒဏ်ကြောင့် နာကျင်စွာအော်ဟစ်မိ၏။ "ကောင်လေး မင်းသေပေတော့" ထိုလူကြီးသည် ဂျိတ်ရှိရာသို့ လက်ဝါးရိုက်ဟန်ပြုလိုက်၏။ထိုအခါ ဧရာမလက်ဝါးကြီးဖြစ်တည်လာပြီး ဂျိတ်ထံတိုးဝင်လာလေ၏။ "တော်တော့ ဖူယုံ မင်းတူလေးထိခိုက်တာနဲ့ ကန်းနေပြီလား" ထိုအသံနဲ့အတူ ဂျိတ်ထံလာသော လက်ဝါးကြီးသည် ချက်ချင်းပင် ပျောက်ကွယ်သွား၏။ "ခွေးသူတောင်းစား ကျန်းရွှမ်" ဖူယုံသည် မိမိသိုင်းလက်ဝါးအားဖျက်သောလူနဲ့အသံပိုင်ရှင်သည် တစ်ယောက်တည်းဖြစ်သည့်အပြင် ကျန်းရွှမ်ဖြစ်ကြောင်း သိလိုက်ရသောအခါ ပို၍ပင် ဒေါပွသွားလေ၏။ "မင်းအခုချိန်ဝင်ရှုပ်ရဲတယ်ပေါ့ ကျန်းရွှမ် ဝင်မပါနဲ့ကွ" ဖူယုံသည် ကျန်းရွှမ်အား ကြိမ်းမောင်းပြီး ဂျိတ်ဘက်သို့လှည့်ကာ "ကောင်လေး မင်းဘယ်ကျောင်းက ပါမောက္ခလဲပြောစမ်း ငါတို့ပါမောက္ခသေခြင်းရှင်ခြင်း တိုက်ပွဲလုပ်ကြမယ်" ဖူယုံသည် အလွန်အမင်းဒေါသထွက်နေကြောင်း သိသာ၏။ထိုစကားသည် မည်မျှသက်ရောက်ကြောင်း ပါမောက္ခတိုင်းသိကြပေ၏။ ထိုတိုက်ပွဲသာ စလိုက်ပါက မည်သူမျှဝင်ရောက်စွပ်ဖက်၍မရနိုင်ပဲ တိုက်ခိုက်သူနှစ်ယောက်မှ တစ်ယောက်သေမှသာ ကြေအေးမည်ဖြစ်သည်။ "သူက ပါမောက္ခမဟုတ်ဘူး..ဖူယုံ သူက တိုင်းပြည်တစ်ခုရဲ့ဘုရင်ပဲ" ကျန်းရွှမ်သည် ခေါင်းခါရမ်းပြီး ပြောလိုက်၏။ ထိုတိုက်ပွဲသည် ပါမောက္ခအချင်းချင်း၌သာ သက်ရောက်မှုရှိသည်ဖြစ်ပြီး ဂျိတ်မှာ ပါမောက္ခမဟုတ်သောကြောင့် သက်ရောက်မှုမရှိပေ။ ("ဂျိတ် သူက မင်းချလိုက်တဲ့ ကောလိပ်ကျောင်းက ပါမောက္ခတွေရဲ့ အထက်ကလူပဲ ပန်းပဲဌာနရဲ့ဒုဌာနမှုးဟုတ်တယ် ပြီးတော့ မင်းပယ်ပယ်နှယ်နှယ်ကျွေးလိုက်တဲ့ သူက သူ့ရဲ့တူလေးလေ.") ကျန်းရွှမ်သည် ဂျိတ်အား စိတ်ချင်းဆက်သွယ်ပြီး သတင်းအချက်လက်များပြောလိုက်၏။ "ဒါဆို ဘေးဖယ်နေစမ်း ကျန်းရွှမ် ငါသူ့ကို ပါမောက္ခတစ်ယောက်အနေနဲ့ ဆုံးမရမယ်ကွ" ဖူယုံသည် ထိုစကားအား လူတိုင်းကြားအောင် တမင်တိုးမြှင့်ပြီး ပြောလိုက်၏။ထိုအခါ ဂျိတ်အား သူတိုက်ခိုက်ပါက ဘေး၌ကြည့်နေကြသော ပါမောက္ခများသည် ပါဝင်နိုင်ခြင်းမရှိတော့မည်ဖြစ်သည်။ "ကျန်းရွှမ် ပါမောက္ခတွေက အဲ့လိုပဲ သွေးဆူလွယ်ကြတာထင်တယ်ကော" ဂျိတ်၏စကားကြောင့် ကျန်းရွှမ် မျက်ခုံးပင့်သွားရ၏။ ("နင့်မေကြီး သွေးဆူလွယ် မင်းပဲ သူ့လူအယောက်တစ်ထောင်လုံးကို ချလိုက်တာကို ဘယ်သူက သွေးမဆူပဲနေမလဲ") "သူ့ကို ပညာပေးလိုက် ဒါမှ သူ့သမီးက ကျန်းရွှမ်တပည့်မလုပ်ရဲမှာ" ဒဏ်ရာရထားသော ဖူဟိုင်သည် သူ၏ဦးလေးအား ပြောလိုက်၏။ ထိုစကားကြားသည်နဲ့ ဖူယုံ၏မျက်လုံးများ တောက်ပလာလေ၏။သူ၏တူလေးသည် ကျန်းရွှမ်တပည့်မရရေးအတွက် အပြင်းထန်ဟန့်တားကြိုးစားသည်မှာ ဂျိတ်ကြောင့် ပျက်စီးသွားရသည်ဖြစ်သည်။ ထိုကြောင့် လက်ရှိအဖြစ်ပျက်များသည် ဂျိတ်ကြောင့် ဖြစ်ပေါ်လာကြောင်း ကျိုးကြောင်းဆက်စပ်တွေးပြီး သိလိုက်လေ၏။ "သေပေတော့" ဖူယုံသည် ချက်ချင်းပင် ဂျိတ်အနားရောက်လာပြီး လက်သီးတစ်လုံးပစ်သွင်းလိုက်၏။ ဂျိတ်လည်း အသာယာပင် ရှောင်တိမ်းလိုက်၏။ ကျန်းရွှမ်လည်း ဂျိတ်အားကူညီချင်သော်လည်း သူ၏လက်ထဲတွင် အယ်မလီရှိနေရာ ခက်ခဲနေ၏။အယ်မလီလေးကို ထားပြီးသွားရောက် ကူညီပြန်လည်း အယ်မလီလေး ဒုက္ခရောက်မည်စိုးသောကြောင့် ကြံရခက်နေ၏။ ("စိတ်မပူနဲ့ ငါ့သမီးကိုသာ ဂရုစိုက်ပါ") ဂျိတ်၏စိတ်ချင်းဆက်သွယ်လာမှုကြောင့် ကျန်းရွှမ်လည်း စိတ်ချသွားပြီး အခြေနေကိုသာ အကဲခတ်ကြည့်ရှုနေ၏။ "ရန်ဖြစ်တာကို မတိုင်ကြဘူးလား" "မင်းမေ့နေတာလား ဒီနေ့က စည်းကမ်းထိန်းသိမ်းရေးက ပါမောက္ခတွေ အစည်းဝေးထိုင်နေကြတာလေ" ဘေးမှကြည့်ရှုနေသော ပါမောက္ခများသည် ရန်ပွဲအား ကြည့်ရှုအား တီးတိုးပြောနေကြ၏။ တစ်ချို့ဆိုလျှင် ဖျာလေးခင်းပြီး ထိုင်ကြည့်သူကကြည့်၊ထိုင်ခုံထုတ်ပြီး ကွာစေ့လေးစားပြီး ကြည့်သူများကပင် ရှိနေသေး၏။ "ငါအမြင်ကျယ်ခဲ့ပြီပဲ.. လက်စသတ်တော့ ပါမောက္ခဆိုတာ လမ်းဘေးလူမိုက်အကြီးစားပဲ" ဂျိတ်သည် ဖူယုံ၏လက်သီးချက်များ ရှောင်တိမ်းရင် တီးတိုးပြောမိ၏။သို့သော်လည်း ပါမောက္ခများသည် အကြားအာရုံကောင်းသူများ ဖြစ်ကြရာ ထင်ရှားပြတ်သားစွာကြားရ၏။ "နင့်မေကြီးပဲ ပါမောက္ခက လမ်းဘေးလူမိုက်" ဖူယုံတစ်ယောက် ပို၍ပင်ဒေါသထွက်လာ၏။သူ၏ဂုဏ်ယူရသော ပါမောက္ခသည် ဂျိတ်၏အပြော၌ လမ်းဘေးလူမိုက်ဖြစ်သွားရသောကြောင့် ဖြစ်၏။ "သေစမ်း" ဖူယုံသည် ချက်ချင်းပင် သူ၏လက်သီးဖြင့် ထိုးနေရာမှ ချက်ချင်းပင် လက်ဖြင့်ကုတ်ဟန်အသွင် ပြောင်းလဲသွားလေသည်။ "သူရဲ့နာမည်ကျော် နဂါးလက်သည်းဖမ်းနည်းသိုင်း ထုတ်သုံးနေပြီဟေ့" ပွဲကြည့်​သော ပါမောက္ခများသည် ဖူယုံ၏သိုင်းကို မြင်သည်နဲ့ မည်သည့်သိုင်းဖြစ်ကြောင်း တပ်အပ်ပြောနိုင်ကြ၏။ "ကြည့်စမ်း မြွေနဂါးခြေလှမ်းလည်း သုံးထားတယ် ပြီးတော့ ပါမောက္ခတစ်ယောက်ရဲ့အမြင်အာရုံလည်း သုံးထားတယ်ဟ" ကျန်းရွှမ်တစ်ယောက် ဂျိတ်အား အနည်းငယ်စိုးရိမ်လာ၏။ ဖူယုံသည် အမှန်ကန် ဒေါသထွက်ကာ တိုက်ခိုက်နေကြောင်း သူသိလိုက်၏။ လက်သည်းသိုင်း ခြေလှမ်းသိုင်းများသည် အလွန်ပင်အစွမ်းထက်သည့်အပြင် ဖူယုံ၏အစွမ်းကို ဆပွားမြင့်တင်းပေး၏။ထို့ပြင် ပါမောက္ခများ၏အစွမ်းများမှ အမြင့်အာရုံအစွမ်းသည် ရန်သူ၏လှုပ်ရှားမှုအား နှေးကွေးစွာ မြင်နိုင်စွမ်းရှိသလို ကြိုတင်လည်း မြင်နိုင်စေသေး၏။ နောက်ပြီး ရန်သူသည် မည်သည့်အချိန်တွင် လှုပ်ရှားမည်ကိုလည်း ပါမောက္ခတစ်ယောက်၏ဦးနှောက်ဖြင့် တွက်ချက်နိုင်သေး၏။ အားလုံးပေါင်းစပ်လိုက်သောအခါ ဂျိတ်အတွက် အလွန်တရာပင် ဖိအားများစေမည်မှာ အမှန်ပင်ဖြစ်၏။ ("ပါမောက္ခတွေက တကယ်တော်တာပဲ ") ဂျိတ်သည် ဖူယုံ၏တိုက်ခိုက်မှုများရှောင်ရင်းတွေးတော နေ၏။ အဘက်ဘက်မှ နေ၍ တွက်ချက်မှန်းဆတိုက်ခိုက်သော ဖူယုံသည် အလွန်ပင် ကြောက်စရာကောင်းကြောင်း သူခံစားမိသည်ဖြစ်သည်။ ဤသို့ဖြင့် တိုက်ခိုက်မှုမှာ ငါးမိနစ်ကြာခဲ့ပြီဖြစ်သည်။ "ကြည့်စမ်း အစောက တကယ်ကြောက်ဖို့ကောင်းသလောက် အခုတော့ မျောက်ပွဲကြည့်သလိုဖြစ်​နေပြီ" ဘေးမှပြောနေသော ပါမောက္ခများ၏စကားကြောင့် ဖူယုံပင် မိမိအခြေနေအား ကြည့်ပြီး ရှက်သလိုဒေါသထွက်သလိုဖြစ်လာ၏။ မိမိသည် အကောင်းဆုံးသောသိုင်းကွက်များ ထုတ်သုံးပြီး ဂျိတ်အား တိုက်ခိုက်ပါသော်လည်း ယခုအချိန်ထိ မထိနိုင်ပဲရှိ၏။ ဘယ်လိုပင် ကုတ်နေပါစေ မထိနိုင်ရာ ဘေးမှကြည့်နေသော ပါမောက္ခများအဖို့မှု သူတို့နှစ်ယောက်တိုက်ပွဲသည် မျောက်တစ်ကောင်မှ ခြင်ဖမ်းနေသည့်ပမာဖြစ်ပျက်နေ၏။ တစ်ကောင်က ရှောင်ပြီးရင်း ရှောင်နေပြီး တစ်ကောင်က ခြင်ဖမ်းပြီးရင် ဖမ်းနေသလို ဖြစ်နေသည်ဟုပင် ဆိုရပေမည်။ "ကောင်စုတ် မင်းအမိခံလိုက်စမ်း မဟုတ်ရင် ကျန်းရွှမ်တပည့်မလေးကို ဘယ်တော့မှ ပညာမသင်နိုင်အောင် ငါလုပ်ပစ်မယ်" ထိုစကားဆုံးသည် ဂျိတ်သည် ရှောင်တိမ်းရာ ချက်ချင်းပင် ရပ်လိုက်၏။ထို့နောက် ဖူယုံ၏လက်သည်းကုတ်ချက်ကို လက်တစ်ဖက်တည်းဖြင့် ဖမ်းဆွဲထားလိုက်၏။ "လွတ်စမ်း" ဂျိတ်၏ဖမ်းထားသောလက်သည် မိမိလက်အား အလွန်မာသော သံကြိုးဖြင့် တုပ်နှောင်ထားသကဲ့သို့ ဆုပ်ထားကြောင်း ဖူယုံခံစားမိလေသည်။ "မင်းလဲ သေတွင်းတူးမှတော့ ငါကလဲ ကူညီပေးရတာပေါ့" ဂျိတ်သည် ကျန်လက်တစ်ဖက်ဖြင့် သူ၏အမှတ်သားကို ကောင်းကင်ပေါ်သို့ ပစ်တင်လိုက်ပြီး "ဂရိတ်တိုင်းပြည်မှ ရှင်ဘုရင်ဂျိတ်က သန့်ရှင်းဖြူစင်ကောလိပ်က ပါမောက္ခဖူယုံနဲ့ သေခြင်းရှင်ခြင်း စစ်ပွဲ စိန်ခေါ်ပါတယ်" ကျယ်​လောင်သော အသံဖြင့် ပြောလိုက်၏။ "သောက်ခွေး" ထိုစကားကြောင့် ဖူယုံသည် အလွန်တရာပင် ထိတ်လန့်သွား၏။ထိုစဥ် ကောင်းကင်မှ "ကောင်းပြီ ခွင့်ပြုတယ်" ထိုအသံကြားသည်နဲ့ ဂျိတ်သည် ဖူယုံအား ငါးခူပြုံးပြုံး ပြလိုက်လေ၏။ ထိုအပြုံးကို မြင်သောအခါ ဖူယုံသည် မိမိကိုယ်ထဲမှ ချီးများထွက်ချင်စိတ်ဖြစ်ပေါ်လာကြောင်း ခံစားမိလိုက်လေ၏။

All Chapters