← Chapters

အခန်း (၃၉၄-၃၉၆)

Vol. 27 Ch. 394-396

အခန်း (၃၉၄-၃၉၆)

Vol. 27 Ch. 394-396

(394)ရလာဒ်

"ငါပဲ နားကြားမှားတာလား..သူကစစ်ပွဲလို့ သုံးလိုက်တာလား" "မင်းမမှားဘူး သူအဲ့လို​ပြောလိုက်တာပဲ" ဘေးမှကြည့်ရှုနေသော ပါမောက္ခများသည် အချင်းချင်း ပြောဆိုနေကြသော်လည်း ပွဲကိုမှု မျက်စိဒေါက်ထောက် မပြတ် ကြည့်ရှုနေကြ၏။ ("စစ်ပွဲဆိုပါလား မဟုတ်မှလွှဲရော") ကျန်းရွှမ်သည် သူ၏စဥ်းစားမိသော ဖြစ်စဥ်တစ်ခုနဲ့ ဆက်စပ်ပြီး တွေးမိသွား၏။ ထိုအချင်းရာ ဟုတ်သည် မဟုတ်သည် ကိုတော့ မကြာခင် သူသိရှိရတော့မည်ဖြစ်သည်။ ဂျိတ်၏စကား ခွင့်ပြုသည်ဟု အသံကြီး ပေါ်ပေါက်ပြီးသည်နဲ့ ဂျိတ်နဲ့ ပါမောက္ခဖူယုံအား အရာတစ်ခုက ဖုံးလွှမ်းလိုက်၏။ "ဟင် ဒါက ကမ္ဘာငယ်တစ်ခုလုပ်ပစ်တာပဲ မလွန်လွန်းဘူးလား" ကြည့်ရှုနေသော ပါမောက္ခများ ဆူညံပွက်လောရိုက်ခတ်သွားလေ၏။ လက်ရှိအချိန်၌ ဂျိတ်နဲ့ဖူယုံသည် နေရာတစ်ခု၌ ရောက်ရှိနေပြီး ပါမောက္ခများကြည့်နေသော ရင်ပြင်၌မတည်ရှိတော့ပေ။ နှစ်ယောက်တည်း သီးသန့်ဆန်သောနေရာ၌ ရောက်ရှိနေပြီဖြစ်သည်။ ထို​နေရာသည် သွေးများလွှမ်းနေသော မြေပြင်၊ပုံလျက်ရှိနေသော စစ်သားအလောင်းများနဲ့ အိပ်စက်နေသော လက်နက်များအတိုင်းသား ရှိသော နေရာအဖြစ်သို့ ပြောင်းလဲသွား၏။ ထိုနေရာပြောင်းလဲမှုနဲ့အတူ ဂျိတ်သည်လည်း သာမန်အဝတ်စားလေးမှ စစ်သည်ချပ်ဝတ်တန်ဆာများဖြင့် ဝတ်ဆင်ပြီးသား ဖြစ်နေသည်။ ထိုသို့ပြောင်းလဲသွားမှုသည် ငါးစက္ကန့်အချိန်လေးနဲ့ မြန်မြန်ဆန်ဆန် ဖြစ်ပျက်သွားခြင်းဖြစ်၏။ ချပ်ဝတ်တန်ဆာများဝတ်ဆင်ထားသော ဂျိတ်အား ဖူယုံမှ ကြောက်ရွံ့နေရာမှ ချက်ချင်းပင် ဒေါသထွက်သွားပြီး တိုက်ခိုက်ဟန်ပြင်လိုက်၏။ "ချကြပြီ" ဟုတ်ပေသည်။ချက်ချင်းပင် ဂျိတ်သည် ဖူယုံအား တိုက်ခိုက်လိုက်၏။ ပြင်းထန်သော ညာအဖြောင့်လက်သီးကို ပစ်သွင်းလိုက်ခြင်းဖြစ်သည်။ ဖူယုံကလည်း ထိုသို့လာမည်ကို သိသည့်အလား အသာယာပင် ဘေးသို့ရှောင်တိမ်းလိုက်၏။ ဂျိတ်မှ ဘယ်လက်သီးကျွေးပါကလည်း ဖူယုံမှ အသာယာပင်ရှောင်တိမ်းလိုက်၏။ နောက်ထပ်သော ဂျိတ်၏ထိုးချက် ကန်ချက်များကိုလည်း ဖူယုံမှ အသာယာလေးပင်ရှောင်တိမ်းလိုက်သည်ဖြစ်၏။ "ဝုန်း....ဝုန်း." ထိုချက်များကား ပြင်းထန်ပေရာ အသံများပင် အတိုင်းသားကြားရ၏။ ဖူယုံသည် တစ်ချက်တစ်ချက်များတွင် ရှောင်တိမ်းရုံသာ မဟုတ်တော့ပဲ ​တန်ပြန်တိုက်ခိုက်မှုများပင် ပြုလုပ်လာသေးသည် ဖြစ်သည်။ ဖူယုံသည် အစောကတိုက်ခိုက်မှုထက် ပိုမိုသန်မာကြောင်းတွေ့လိုက်ကြရလေ၏။ထို့ကြောင့် ဖူယုံသည် ယခုမှ သူ၏စွမ်းရည်အစစ်မှန်ကို ထုတ်သုံးခြင်းဖြစ်ကြောင်း နားလည်လိုက်ကြသည်။ "ဘယ်လိုလုပ်လုပ် သူက ပါမောက္ခအစွမ်းတွေတော်တော်လေးရှိနေပြီဖြစ်တဲ့ ဖူယုံကို မနိုင်နိုင်ပါဘူး" ပွဲအားကြည့်နေသော ပါမောက္ခတစ်ယောက်မှ သုံးသပ်လိုက်၏။ ကျန်သော ပါမောက္ခများကလည်း သူ၏စကားအား ထောက်ခံလိုက်ကြ၏။ ဖူယုံ၏ရှေ့ကြိုမြင်နိုင်သောအစွမ်း၊ တစ်ချိန်တည်းတွေးနိုင်သော ညဏ်ပညာ၊တစ်ဆက်တည်းမှာပင် ပြန်တိုက်ခိုက်ရန် ဗျုဟာချနိုင်မှုနဲ့ ဂျိတ်ထက်သာလွန်သော သိုင်းအဆင့်များကို သူတို့မြင်နေရသောကြောင့် ဖြစ်၏။ "တကယ်ပဲ သူက ဟုတ်နေတာပဲ" ကျန်းရွှမ်သည် ရေရွတ်လိုက်၏။ "ကျန်းရွှမ် ဘာတွေရွတ်နေတာလဲ" ဘေး၌ရှိနေသော ပါမောက္ခ တစ်ယောက်မှ မေးလိုက်၏။သူသည် နာမည်ကြီးနေသောကျန်းရွှမ်ကို သိနှင့်သောကြောင့် မေးခြင်းဖြစ်သည်။ ကျန်းရွှမ်အား မေးသောသူသည် ပေါင်းမင်ဟု ခေါ်သော ပါမောက္ခဖြစ်၏။ "အကိုမှတ်မိမလား ကျနော်တို့ပါမောက္ခတွေသင်ရတဲ့ ထူးခြားတဲ့ဖြစ်ရပ်တွေသမိုင်းထဲက ထူးဆန်းတဲ့လူမျိုးနွယ်စုအကြောင်းလေ" ကျန်းရွှမ်မှ ထိုသို့မေးလာမည်မထင်သောကြောင့် ထိုပါမောက္ခသည်လည်း အံအားသင့်သွား၏။ ကျန်းရွှမ်မှ ဆက်လက်ပြီး "အဲ့မျိုးနွယ်တွေထဲက ဘယ်မျိုးနွယ်က ဂျိတ်နဲ့တူတယ်လို့ ထင်လဲ" ထိုစကားက ထိုပါမောက္ခအား အတွေးများစေ၏။ထို့ကြောင့် မိမိသင်ဖူးသော အကြောင်းရာများမှ အချက်လက်များကို ချက်ချင်းတွေးတောပြီး ဂျိတ်တိုက်ခိုက်သည်နဲ့ ပြန်လည်စီစစ်လိုက်၏။ "မဟုတ်ဘူး... ဒါလည်းမဟုတ်ဘူး" ထိုပါမောက္ခသည် မြန်မြန်ဆန်ဆန်ပင် အချက်လက်များအား ကြည့်ရင်း ခွဲခြမ်းစိတ်ဖြာလိုက်၏။ "ဟင် မဟုတ်နိုင်ဘူး...မဖြစ်နိုင်တာ" နောက်ဆုံး၌ တူညီသောအချက်လက်များတွေ့သွားသောကြောင့် ထိုပါမောက္ခသည် ထိတ်လန့်သွား၏။ "ကျန်းရွှမ် ဒါကဟုတ်လို့လား" "ကျနော်လဲ ဟုတ်လို့လားလို့ သံသယရှိခဲ့သေးတယ် ဆိုပင်မဲ့ တကယ်တမ်းဟုတ်နေတယ်ဗျ" ကျန်းရွှမ်၏စကားက သူ၏စိတ်ထဲထင်နေသော အချက်အား အတည်ပြုသလို ဖြစ်သွားလေ၏။ ထိုအချိန်မှာပင် ကြည့်နေသော ပါမောက္ခများထံမှ အသံများ ထွက်ပေါ်လာတေ့ာ၏။ "ဖူယုံ သွားတစ်ချောင်းကျွတ်သွားပြီဟေ့" ထိုစကားကြောင့် ကျန်းရွှမ်းနဲ့အတူ ထိုပါမောက္ခလည်း ပွဲအား ကြည့်လိုက်ကြလေသည်။ ဟုတ်ပေသည်။လေထဲ၌ အဖြူရောင်အရာလေးက လွှင့်နေလေ၏။ဤသည်မှာ ဖူယုံ၏သွားပင်ဖြစ်သည်။ "မင်းသေပေတော့" ဖူယုံလည်း ဂျိတ်၏လက်သီးကြောင့် သွားကျွတ်သွားကြောင်း သိလိုက်ရသောအခါ အလွန်ပင် ဒေါသထွက်ပြီး ပြင်းထန်စွာ ပြန်လည်တိုက်ခိုက်၏။ "မရတော့ဘူး... သူမနိုင်တော့ဘူး" ပေါင်းမင်သည် ဖူယုံအား ကြည့်ပြီး ခေါင်းသာတွင်တွင်ခါရမ်း၏။ "ဘာလို့ ဖူယုံမနိုင်ရမှာလဲ သူက ဟိုလူထက်သာ ပါတယ် ပါမောက္ခတစ်ယောက်လေ" ပေါင်းမင်၏စကားကြောင့် ပွဲ ကြည့်နေသော သူတစ်ယောက်မှ မေးလိုက်၏။ "မင်းပြောလိုပဲ ကျင့်ကြံသူချင်းချင်း တိုက်ခိုက်ကြရင် ပါမောက္ခတွေက သူများထက် နှစ်ဆင့်မြင့်တယ်ဆိုတာ သိပြီးသားပဲ.....ဒါပေမဲ့ ဖူယုံတွေ့နေတဲ့က စစ်မြေပြင်က စစ်သည်တော်မျိုးနွယ်စုကလူဆိုရင်ကော" "ဘာ" ထိုစကားအား ကြားသော ပါမောက္ခတိုင်း လန့်ဖြတ်သွားကြသည်။ "ဒါဆိုရင် အခြေ​နေက ပြောင်းလဲသွားပြီပဲ" ပါမောက္ခများသည် စကြာဝဠာထဲမှ အမျိုးမျိူးသော ကျင့်ကြံသူများနဲ့ယှဥ်လိုက်သောအခါ အဘက်ဘက်မှ သာ၏။သိုင်းပဲ ချမည်လား၊ဆေးပဲ ဖော်မည်လား ၊ပန်းပဲ ထုမည်လား ဒါမှမဟုတ် သင်ကြားရေးပဲလား စသည်ဖြင့် ကျင့်ကြံသူများထက် အဆများစွာသာလေ၏။ တိုက်ခိုက်ရာတွင်လည်း ကျင့်ကြံသူများထက် သာသေး၏။ကျင့်ကြံသူတစ်ယောက် ဖြစ်ရန် လွယ်ကူသော်လည်း ပါမောက္ခဖြစ်ရန်မှု အလွန်တရာမှ ခက်ခဲသောကြောင့် ဖြစ်၏။ သို့သော်လည်း ပါမောက္ခများသည် လက်ရှိရင်ဆိုင်ရသောလူနဲ့အခြေနေပေါ် မူတည်ပြီး ကွာခြားမှုရှိသေး၏။အထူးသဖြင့် ထူး​ခြားသည့် မျိုးနွယ်စုမှ လူနှင့် ရင်ဆိုင်ရသောအခါတွင်ဖြစ်၏။ မျိုးနွယ်စုများသည် ပါမောက္ခများကဲ့သို့ အဘက်ဘက်၌ ကျွမ်းကျင်ခြင်းမရှိကြသော်လည်း ၎င်းတို့သည် မိမိတို့အားသာသောပညာရပ်၌ တစ်ဖက်ကမ်းခတ် တတ်မြောက်ကြသည်ဖြစ်၏။ စစ်သည်တော်မျိုးနွယ်၏အားသာချက်သည် စစ်တိုက်ရာ၌ လွန်စွာမှ ကျွမ်းကျင်သည်ဖြစ်၏။ တိုက်ခိုက်ရာ၌ မည်သို့မည်ပုံ တိုက်ခိုက်ရမည် သတ်ဖြတ်ရမည်က ၎င်းတို့၏ဘိုးဘေးဘီဘင် အစဥ်အဆက်၏ တိုက်ခိုက်ရေးအတွေ့အကြုံ၊ဗီဇများက ၎င်းတို့၏သွေးထဲ၌ ကိန်းအောင်းနေသည်ဖြစ်၏။ ထို့ပြင် စစ်မြေပြင်၌တိုက်ခိုက်ပါက ၎င်းတို့၏မူလအားထက် သာလွန်သောခွန်အားများပင် အသုံးချနိုင်စွမ်းရှိ၏။ နောက်ပြီး အားသာချက်သည် ရန်သူအား ဖိအားပေးပြီး ရန်သူ၏မူလတိုက်ခိုက်နှုန်းအင်အားကို လျော့စေသည်ဖြစ်၏။ ထို့ပြင် စစ်​မြေပြင်၌ရှိသော သွေးများကိုလည်း ထိန်းချုပ်နိုင်သလို စစ်မြေပြင်ကြီးလေ ၎င်းတို့၏စွမ်းအားကြီးမားလေဖြစ်သည်။ ထိုသို့သော မွေးရာပါစွမ်းအင်ပါရှိသော စစ်သည်တော်ဂျိတ်နဲ့ ဖူယုံတိုက်ခိုက်ရသောအခါ ဖူယုံသည် ရေထဲမှ ငါးနဲ့ရေကူးပြိုင်နေသလို ဖြစ်နေ၏။ "သွားပြီ သွားပြီ" ပေါင်းမင်၏စကားကြောင့် အခြေနေအား သုံးသပ်နိုင်သွားသည့် ပါမောက္ခများသည် တိုက်ပွဲ၏ရလာဒ်အား မပြီးခင်မှာပင် သိရှိသွားကြသည်ဖြစ်၏။ လက်ရှ်အခြေနေ၌ ဖူယုံသည် စစ်မြေပြင်၌ တိုက်ခိုက်​ရသည်ဖြစ်သောကြောင့် ပတ်ဝန်းကျင်အနေထားကလည်း သူ့ဘက်မှ မရှိနေပေ။ တိုက်ခိုက်မှုကြာလေလေ ဂျိတ်၏တိုက်ခိုက်မှူများကို သူရှောင်တိမ်းရခက်လာမှန်း ရိပ်စားမိ၏။ "ဝီး....ဝီး....ဝီး" ဂျိတ်သည် ယခုချိန်ထိ လက်နက်သုံးခြင်းမရှိပဲ လက်သီးဖြင့်သာ တိုက်ခိုက်လျက်ရှိသည်ဖြစ်သည်။ "ခွပ်" "သွားပြန်ပဟေ့ နောက်တစ်ချောင်း" ပွဲကြည့်နေသော ပါမောက္ခများအနေဖြင့် ဖူယုံဘက်မှ စိတ်မကောင်းဖြစ်ရုံမှ တစ်ပါး မရှိပေ။ ဂျိတ်သည် ယခုချိန်မှာမှ အလွန်တရာ ကြောက်ဖို့ကောင်းမှန်း ဖူယုံခံစားမိ၏။ သူ၏တိုက်ခိုက်မှုများသည် မိမိ၏မျက်နှာပြင်မှ တစ်ပါး ကျန်သောနေရာများအား တိုက်ခိုက်ခြင်းမရှိကြောင်း သိရသောအခါ ပို၍ပင် ဒေါသထွက်မိ၏။ အစောပိုင်း၌ငါးမိနစ်မှ သွားတစ်ချောင်းကျွတ်ရာမှ လက်ရှိအခြေနေ၌ သုံးမိနစ်လျှင် တစ်ချောင်း နှစ်မိနစ်လျှင် တစ်ချောင်းစသည်ဖြင့် ကျွတ်ထွက်လာလေတော့၏။ "ကဲ ရပြီ " ဂျိတ်သည် ဖူယုံ၏မျက်နှာအား ညာလက်သီးဖြင့် ထိုးချပြီး ခြေထောက်ဖြင့် ပိတ်ကန်လိုက်၏။ "ဖုတ်" ထိုအခါ ဖူယုံသည် ရင်ပြင်ပေါ်သို့ ကားခနဲ ပြုတ်ကျသွားလေတော့၏။ ထိုသို့ဖြစ်ရသည်မှာ ဂျိတ်၏ကန်ပြီးသည်နဲ့ သီးခြားကမ္ဘာလို ဖြစ်နေသော စစ်မြေပြင်သည် ပျောက်ကွယ်သွားသောကြောင့် ဖြစ်၏။ "နောက်တစ်ခါ ကျုပ်သမီးကို ထိပါးစော်ကားရင် မြစ်ဝါမြစ်ကို ရောက်ဖူးအောင် ပို့ပေးမယ်" ​ဂျိတ်သည် ရင်ပြင်ပေါ်သို့ ဦးစိုက်ပြီး ဖင်ထောင်​နေ သော ဖူယုံအား ကြည့်ကာ ပြောလိုက်၏။ မိနစ်သုံးဆယ်ကြာပြီးသောအခါ အနိုင်အရှုံး ရလာဒ်သည် သိသာစွာ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။

(395)သင်ကြားတော့မည်

"မင်းတို့ကြားပြီးပြီလား သန့်ရှင်းဖြူစင်ကောလိပ်က ဖူယုံက အပြင်လူကို ရှုံးတာတဲ့ဟေ့" "ဟုတ်လား" "ဟုတ်တယ် ဟိုဘက်ကလူက ထိုးချက်က သွားတွေ တစ်ချောင်းပြီး တစ်ချောင်း ကျွတ်ထွက်ကုန်တာဟေ့" ထိုသို့သောသတင်းစကားများကား နေရာအနှံ့၌ ပွက်လောရိုက်ခတ်နေသည် ဖြစ်၏။ အထူးသဖြင့် ဖူယုံ၏သန့်ရှင်းဖြူစင်ကောလိပ်၌ ပို၍ပင် သတင်းပြန့်ကားနေသည်ဖြစ်သည်။ "ကဲ ဘယ်လိုလုပ်ကြမလဲ ပြောကြစမ်း ကြားနေရတဲ့သတင်း ကြားလို့တောင် မကောင်းဘူး" ကျယ်ဝန်းလှသော ခန်းမကြီးထဲ၌ လူတစ်ယောက်သည် သူ၏ရှေ့မှ လူအုပ်ကြီးအား ဆူပူနေ၏။ ဆူပူခြင်းခံရသော လူအုပ်ကြီးသည် ခေါင်းငုံ၍ ဆူပူသမျှကို ငြိမ်၍ ခံနေကြ၏။ ငြိမ်ခံ​နေကြသော လူအုပ်ကြီးသည် ဂျိတ်၏ရိုက်ခြင်းခံရသော ပါမောက္ခတစ်ထောင်ဖြစ်ပြီး ဆူပူနေသောသူသည် သန့်ရှင်းဖြူစင်ကျောင်း၏ကျောင်းအုပ်ကြီး ဖြစ်၏။ "မင်းတို့က ကျန်းရွှမ်နဲ့ရန်စရှိတယ်ဆိုတာ ငါသိတယ် ဒါပေမဲ့ သူ့တပည့်ရဲ့ဖခင်ဖြစ်သူကိုတော့ ဝိုင်းချမယ်လို့တော့ ငါတစ်ခါမှ မထင်မိတာအမှန်ပဲ မင်းတို့ဦးနှောက်တွေကို လမ်းခွေးတွေ စားသွားတာလား ဒါမှမဟုတ် တက်ချသွားတာလား" ကျောင်းအုပ်ကြီး၏စကားများက သူတို့၏နားထဲ ပြင်းထန်သော မြှားများ အစင်းလိုက်ဝင်ရောက်သကဲ့သို့ နာကျင်မှုများပေးနေကြောင်း ခံစားလိုက်ကြ၏။ "ပါသွားတာ အယောက်တစ်ထောင်မို့တော်သေးတယ် ပြီးတော့ ဟိုက ညှာတာလိုက်လို့ ငါးရာပဲ ဆိုရင် မင်းတို့ဖင်ကို ချသွားရင်တောင် ညိမ်ခံနေကြရမဲ့ကောင်တွေ" ဆူခံရသော ပါမောက္ခများ ဆွံ့အနေကြ၏။ သန့်ရှင်းဖြူစင်ကောလိပ်ကျောင်း၏ကျောင်းအုပ်သည် စကားပြော နူးညံပြေပြစ်သည်ဟု လူတိုင်းသိကြသော်လည်း ယနေ့တွင် သူဟုမထင်ရလောက်အောင် စကားပြောကြမ်းတမ်းရုံသာမက ဆဲရေးနေ၏။ ဆူဆဲရာတွင်လည်း ပါမောက္ခ၏နှုတ်မိန့်အစွမ်းပါ သုံးထားရာ ပြောလိုက်သော စကားလုံးတိုင်း၏ ဖြစ်တည်မှုများက ဆူခံရသော သူတိုင်း သက်ရောက်သည် ဖြစ်ရာ ဖင်များပင် ကြိမ်းလာကြပြီး တကယ့်နာကျင်မှုပင် ခံစားရသလိုဖြစ်လာကြ၏။ သို့သော်လည်း အားလုံးသည် မိမိတို့၏အစွမ်းများထုတ်ပြီး ကြိတ်မှိတ် သည်းခံနားထောင်နေကြ၏။ ထိုသို့မှ မဟုတ်ပါက ကျောင်းအုပ်ကြီး၏ဆူနှုန်းသည် နောက်ထပ်အချိန်တိုးလာနိုင်သည်ဖြစ်သောကြောင့် ဖြစ်၏။ ထို့သို့ဆုံးမနေသည်မှာ နာရီဝက်ကြာ၏။ထိုနာရီဝက်သည် ဆူခြင်းခံရသော ပါမောက္ခများအတွက်တော့ နှစ်ရှည်လများကြာသည့် ငရဲတစ်မျိုးသာဖြစ်ပေသည်။ "နောက်နေ့မှ မင်းတို့ကို ရင်ပြင်မှာရန်ဖြစ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး စည်းကမ်းထိန်းသိမ်းရေးက အပြစ်ပေးလိမ့်မယ် သွားကြတော့" ထိုအသံကြားသည်နဲ့ တစ်ထောင်သော ပါမောက္ခများသည်လည်း လေ၏အရှိန်ဖြင့် မြန်ဆန်စွာ ပြေးသွားကြ၏။ ဆူပြီးသောအခါ ကျောင်းအုပ်ကြီးသည်လည်း ကျောင်း၏ဆရာများ အစည်းဝေးလုပ်သောအခန်းသို့ ဦးတည်လိုက်လေ၏။အထဲသို့ဝင်သောအခါ ဆရာများရောက်ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။ဖူယုံသည်လည်း အပါဝင်ဖြစ်ပေသည်။ "ခွီး.." သူ့အားမြင်သည်နဲ့ ကျောင်းအုပ်ကြီးသည်လည်း ရယ်ချင်စိတ်ကို မနည်းထိန်းထားရ၏။ ပန်ဒါမျက်ကွင်း၊ ဝက်နှာခေါင်းနဲ့ ရှိလိုက်မရှိလိုက်ဖြစ်​နေသည့် ပါးစပ်ထဲမှ သွားများစသည်ဖြင့် စုပေါင်းလိုက်သောအခါ မြင်ရသော ဖူယုံ၏အသွင်ပြင်ကြောင့်ဖြစ်သည်။ "ကဲ အခြေနေဆွေးနွေးကြရအောင် ခေါ်လိုက်တာပဲ ဒီကိစ္စမှာ ဘယ်လိုမြင်လဲ" ကျောင်းအုပ်ကြီးသည် စုဝေးနေကြသော ဆရာများအား ပြောလိုက်၏။ "ဒီကိစ္စက အခုလောက်နဲ့ပြီးသွားတာ တော်သေးတယ်ဆိုရမယ် မဟုတ်ရင် ဖူယုံသေတောင်သေနိုင်တယ်" ထိုစကားကြောင့် ဖူယုံ၏မျက်နှာပျက်သွားလေ၏။ "ဒီကိစ္စက ဒီလောက်နဲ့ပြီးသွားတယ်ဆိုပင်နဲ့ နောက်ဆက်တွဲကိစ္စတွေ ကျန်သေးတယ် အခုလို ကျနော်တို့ကောလိပ်က ခံလာရတယ်ဆိုတော့ ကျောင်းအပ်ချိန်ရောက်ရင် အရင်လို လူစည်ကားမယ်မထင်ဘူး" ထိုစကားကြောင့် ဆရာများကြား အနည်းငယ်ဆူသွားစေ၏။ လက်ရှိတည်နေရာသည် ပါမောက္ခများ၏နေရပ် ဟုဆိုနိုင်ပြီး အဓိကအခရာကျသောနေရာသည် ပညာတက္ကသိုလ် ဖြစ်၏။ထိုကျောင်းသည် များစွာသော စည်းမျဥ်းများဖြင့် ကန့်သတ်ထားသော ပါမောက္ခတိုင်း ဝင်ရောက်နိုင်ခြင်းမရှိပေ။ ထို့ကြောင့် မဝင်ရောက်နိုင်သော ပါမောက္ခအများစုသည် ထိုတက္ကသိုလ်ထက် တစ်ဆင့်နိမ့်သော ကောလိပ်ကျောင်းများသို့ဝင်ပြီး ပညာသင်ကြားရသည်ဖြစ်သည်။ ကောလိပ်ကျောင်းသည် သုံးကျောင်းရှိပြီး မိမိတို့ကောလိပ်မှ ကျောင်းသားများ ရှုံးနိမ့်ခဲ့သော သတင်းကြောင့် ကျောင်းအပ်ကာလ၌ ကျန်သော ကောလိပ်များထက် ပညာသင်ယူနှုန်းမှာ သိသိသာသာကျဆင်းနိုင်ကြောင်း မှန်းဆနိုင်ကြ၏။ ဆရာများသည် ထိုကိစ္စနဲ့ပတ်သက်ပြီး ဆယ့်ငါးမိနစ်မျှ ဆွေးနွေးလိုက်ကြ၏။ "အဲ့ချိန်ရောက်မှ ငါတို့ကျောင်းက နည်းတစ်မျိုးကြံပြီး ကျောင်းလာတက်အောင် ဆွဲဆောင်ကြတာပေါ့ကွာ အခုလို လူစုခိုင်းရတာက မင်းတို့ကို သုံးသပ်ခိုင်းမလို့ပဲ" ကျောင်းအုပ်ကြီးသည် ထိုကိစ္စနဲ့ပတ်သက်ပြီး ​ပြောဆိုဖြတ်တောက်လိုက်ပြီး သူ၏လက်မှ တံဆိပ်အား ဖိချလိုက်လေသည်။ ထိုအခါ သူတို့၏မြင်ကွင်း၌ လူနှစ်ယောက်တိုက်ခိုက်​နေသည့်ဟန် ပေါ်လာလေ၏။ ထိုမြင်ကွင်းကို မြင်သည်နဲ့ ဖူယုံမျက်နှာပျက်သွား၏။ကျောင်းအုပ်ကြီးသည် မိမိနဲ့ဂျိတ်တိုက်ခိုက်နေသည်ကို ပြသနေသောကြောင့်ဖြစ်၏။ မိနစ်သုံးဆယ်မျှကြာသောအခါ ဖူယုံသည် အရှုံးနဲ့ဇာတ်သိမ်းသည်နဲ့ ပြီးဆုံးသွားလေတော့၏။ "ကဲ အဲ့လူရဲ့အကြောင်း ဘယ်လိုခန့်မှန်းမိလဲ" ကျောင်းအုပ်ကြီးသည် ကြည့်ရှုလိုက်သော ဆရာများအား မေးခွန်းထုတ်လိုက်၏။ "ဒီလူက တော်တော်လေး တိုက်ခိုက်ရေးပိုင်းမှာ ပါမောက္ခတွေလို ကျွမ်းကျင်မှုရှိတာ တွေ့ရတယ် ကျနော်ကြည့်နေတဲ့ တောက်လျှောက်မှာ သူ့ဘက်က အမှားလေးလုပ်မိတယ်ဆိုတာ မတွေရသလိုပဲ ဖူယုံပဲ ခွေးရူးကြီးလို မဲပြီး တိုက်နေတာ" "ကျနော်ကတော့ ဒိီလူမရိုးရှင်းဘူးဆိုတာမြင်တယ် ဘယ်လိုလုပ်ပြီး စစ်ပွဲမြေပြင်ထဲ တိုက်ခိုက်နိုင်ရတာလဲ သူကဂရိတ်တိုင်းပြည်ရဲ့ဘုရင်တစ်ပါးဆိုလို့ပင်မဲ့ တစ်ခါမှမကြားမိတာအမှန်ပဲ သူက ဘယ်စကြာဝဠာရဲ့ဘယ်ကုန်းမြေမှာ ရှိတာလဲဆိုတာ သိဖို့လိုနေတယ်" ဆရာများစွာမှ မိမိတို့ထင်မြင်ယူဆချက်များကို ကျောင်းအုပ်ကြီးအား ပြောပြနေကြ၏။ကျောင်းအုပ်ကြီးကလည်း သူတို့ပြောပြသည်များအား ခေါင်းညိတ်ပြီး နားထောင်နေ၏။ "ဟုတ်တယ် မင်းတို့ပြောသလိုပဲ သူက ထူးခြားနေတယ် ဘယ်ကလာလဲဆိုတာ ငါစုံစမ်းခိုင်းထားတယ် နောက်မှသိရမယ် လက်ရှိမှာ ပြောနိုင်တာက တိုက်ပွဲမှာ သူလုပ်သွားတဲ့အရာတွေကို ခြုံငုံပြီးပြောပြရရင် မင်းတို့သုံးသပ်သလိုပဲ သူက တော်တော်လေးတိုက်ရည်ခိုက်ရည်ကောင်းတယ် သူ့အဆင့်က ဖူယုံထက်နိမ့်ပါးပင်မဲ့ အသာစီးတိုက်ခိုက်နိုင်တယ် လက်သီးပဲ သုံးသွားတာဆိုတော့ ဘယ်လိုလက်နက်တွေ သူကျွမ်းကျင်တယ်ဆ်ိုတာ မသိနိုင်သေးဘူး လျှိုထားတယ် နောက်ပြီးသူက စစ်သည်တော်မျိုးနွယ်က လူပဲ ပြီးတော့ သူရဲ့သမီးလေးဆိုတဲ့သူကလည်း မွေးရာပါ အစွမ်းထက်တဲ့ကိုယ်ခန္ဓာပိုင်ဆိုင်ထားတယ်" ကျောင်းအုပ်ကြီး၏စကားကြောင့် ဆရာများ အံ့အားသင့်သွားကြလေ၏။ "သူက လက်ရှိမှာ လှုပ်ရှားနေတဲ့စစ်သည်တော်မျိုးနွယ်က မဖြစ်ဖို့ ငါတို့ဆုတောင်းရမှာပဲ " ဖူယုံဆိုလျှင် ထိုစကားကြားသည်နဲ့ ကိုယ်တွင်းမှ ဝိညာဥ်သည် ငရဲသို့ပင် တစ်ခေါက်အလှည်သွားသည်ကမှ သက်သာဦးမည်ဟုပင် ထင်လာလေ၏။ "ပြောတာပြောတာပါ သူပုံစံနဲ့ သူလုပ်ပြသွားတဲ့အရာတွေထဲကို ကြည့်ရရင် လူဆိုးလို့တော့ ငါမထင်ဘူး ဒါကြောင့် နောက်ဆက်တွဲပြသနာတွေရှိမယ်မထင်ဘူး ဒီလိုဖြစ်တာကလည်း သူရဲ့သည်းမခံနိုင်တဲ့ အားနည်းချက်ကို ဖူယုံစမိလို့ပဲ ဖြစ်ရမယ်" ကျောင်းအုပ်ကြီးသည် ဖူယုံအား ကြည့်ကာ ပြောလိုက်၏။ဖူယုံလည်း အပြင်းထန်စဥ်းစားပြီးလျှင် "သူ့သမီးကို ခြိမ်းခြောက်မိတယ်ထင်တယ် ဒါကြောင့် သူဒေါသထွက်သွားပြီး အခုလိုလုပ်တာပါ" ဖူယုံသည် နောက်ဆုံးတော့ မိမိ၏မည်သည့်အရာမှားကြောင်း စဥ်းစားပြီးပြောနိုင်ခဲ့၏။ ကျောင်းအုပ်ကြီးသည်လည်း ခေါင်းညိတ်ကာ "ကောင်းပြီ နောက်တွေ့ရင် တောင်းပန်ချေ ပြီးတော့ မင်းဆေးသောက်လိုက်လေ သွားတွေပြန်ပေါက်ပါမယ်" ထိုစကားကြောင့် ဖူယုံသည် ခေါင်းရမ်းခါပြီး "မရဘူး ကျောင်းအုပ်ကြီး သူဘာတွေသုံးသွားတယ်မသိပင်မဲ့ ကျနော်ရထားတဲ့ဒဏ်ရာတွေကော ကျိုးသွားတဲ့သွားတွေပါ အကောင်းတိုင်း ဖြစ်ဖို့ ခြောက်လစောင့်ရမယ်ထင်တယ် တစ်ခုခုလုပ်သွားတယ် သူက.." ထိုစကားကြောင့် ကြားလိုက်သောဆရာတိုင်း မျက်လုံးပြူးသွားကြ၏။ ဆေးများသည်အစွမ်းထက်ပြီး အကောင်းတိုင်း ပြန်လည်ရရှိစေနိုင်သော်လည်း ဂျိတ်၏ထိုးချက်တွင်တော့ ကျရှုံးသွားခဲ့ပြီ ဖြစ်သည်။ .......................... "ကြည့်ရတာ ငါ့သမီးကို တပည့်တော်မဲ့ ပါမောက္ခက ပြသနာတွေတော်တော်လေး ရှိနေလို့ အခုလိုလုပ်တာထင်တယ်" ဂျိတ်သည် ​ကျန်းရွှမ်အား ကြည့်ကာ ပြော၏။ "ဟုတ်တယ် ကျုပ်မလိမ်ဘူး ကျုပ်မှာ ပြသနာတွေရှိလို့ပဲ ဒီနေ့ သင်နဲ့တိုက်ခိုက်တဲ့ ဖူယုံဆိုတဲ့ ဖူမျိုးရိုးတွေ ပြသနာတက်ထားတာဆိုရင် ပိုမှန်မယ်" ကျန်းရွှမ်သည် အစချီကာ ပြောပြ၏။ ဖူမျိုးရိုးများသည် သိုင်းကျမ်းရောင်းချသော မျိုးနွယ်ဖြစ်ပြီး ပါမောက္ခများဖြစ်သောကြောင့် ကြွယ်ဝသည့် မျိုးနွယ်စု၌ ပါဝင်၏။ ကျန်းရွှမ်သည် သူတို့ရောင်းချသော သိုင်းကျမ်း၌ပါသော အားနည်းချက်များ ထုတ်ပြောရာမှ စတင်ခြင်းဖြစ်သည်။ နောက်ပြီး ဖူမျိုးနွယ်၏ကျောက်လောင်းကစားခြင်း၏ လှည့်ကွက်ကို ထုတ်ဖော်လိုက်သည် ဖြစ်သည်။ ထိုသို့လုပ်သော​ကြောင့် ဖူမျိုးနွယ်စု၏20%သော ငွေကြေးဆုံးရှုံးခဲ့သည်ဖြစ်ပြီး ကျန်းရွှမ်အား ရန်ငြိုးဖြစ်နေခြင်းဖြစ်သည်။ ကျန်းရွှမ်သာ ပါမောက္ခမဟုတ်ပါက စောစောစီးစီးသေနေမည်မှာ သေချာသည်ဖြစ်၏။ ("ဟူး ငါကြိုမေးရမှာ") ဂျိတ်သည် ကျန်းရွှမ်အားကြည့်ကာ သက်ပြင်းချ၏။ ကျန်းရွှမ်၏အမူကျင့်အရဆိုလျှင် ထိုသို့ဖြစ်သွားသည်ကသာ တော်သေးသည်ဟုဆိုရပေမည်။ "ထားပါတော့ ဒါတွေ ကျုပ် စိတ်မဝင်စားသလို ဂရုမစိုက်ဘူး အရေးကြီးတာက ကျုပ်သမီးကို သေချာသင်ပေးပါ သေချာသင်ပေးမယ်ဆိုရင် ခင်ဗျားဘယ်သူနဲ့ရန်စရှိနေပါစေ ကျုပ်ဖြေရှင်းပေးပါမယ်" "ကောင်းပြီ မနက်ဖြန်ကစပြီးသင်ပေးပါမယ်" ကျန်းရွှမ်သည် ဂျိတ်အား ယုံကြည်မှုအပြည့်ဝထားကာ ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်၏။ သူ၏စိတ်ထဲ၌ ဂျိတ်သည် သူထက် သိုင်းအဆင့်နိမ့်ပါးသော်လည်း အဘယ်ကြောင့် သူလုပ်နိုင်စွမ်းရှိသည်ဟု ယုံကြည်မိသည်ကို တွေးတော၍မရအောင်ဖြစ်နေတော့၏။

(396)မြင်တွေ့ရသော မြင်ကွင်း

"ဒါကိုတော့ ဂမုန်းပင်လို့ခေါ်တယ် ဒါကတော့ စံပယ်ပန်း ဒါကတော့" ကျန်းရွှမ်သည် မသင်စဖူး မူကြိုအဆင့်မှစတင်၍သင်ပေး၏။ "ဟုတ်ကဲ့" အယ်မလီလေးသည် ကျန်းရွှမ်သင်နေသည်ကို ဂရုတစိုက်နားထောင်သင်ယူ၏။ ကျန်းရွှမ်လည်း အယ်မလီလေး၏ညဏ်ရည်ထက်မြက်မှုကြောင့် တစ်နာရီအတွင်း၌ ထောင်ချီသော အပင်မျိုးစုံကို သိရှိမှတ်မိနေပြီဖြစ်ကြောင်း သိလိုက်ရ၏။ "ငါ့သမီးကတော်သားပဲ" ဂျိတ်သည် ခပ်လှမ်းလှမ်းနေရာမှနေ၍ ကော်ဖီသောက်နေရင်း ပျော်ရွှင်စွာစာသင်နေသော သမီးလေးအား ကြည့်ကာ ပြုံးမိ၏။ "ဘလက်အဖွဲ့စည်း ပျက်သုဥ်းသွားပါပြီ ဂရိတ်တိုင်းပြည်နဲ့စွန်ရဲအင်ပါယာတို့၌ ဘလက်အဖွဲ့စည်းလုံးဝပျက်စီးသွားပါပြီ သတိပေးချက်ထွက်ပေါ်လာသောကြောင့် ဂျိတ်လည်း ခေါင်းညိတ်လိုက်၏။ သူ့အားအမြဲလိုလို ခေါင်းစားစေသည့်အဖွဲ့မရှိတော့သည် မဟုတ်ပါလား။ "ပြန်ရုတ်သိမ်းမယ်" ဂျိတ်လည်း မိမိစေလွှတ်ထားသော အဖွဲ့ကို ပြန်လည်ရုတ်သိမ်းလိုက်လေတော့၏။ ဂျိတ်၏လုပ်ရပ်ကြောင့် ဘလက်အဖွဲ့ကြီးပျက်စီးသွားခြင်းသည် များစွာသော နောက်ဆက်တွဲကိစ္စများကို ပေါ်ပေါက်လာစေတော့၏။ ..................

"ကဲ မောင်မင်းတို့လဲ ကြားဖူးကြမှာပါ ဘလက်အဖွဲ့သားတွေ သေဆုံးပျောက်ကွယ်ကုန်တယ်ဆိုတာ" ခန်းမကြီးတစ်ခု၌ စွန်ရဲဘုရင်ကြီးသည် ထိုစကားအား စတင်ပြောကြားလိုက်၏။ "ဟုတ်ပါတယ် ဒါက ကောင်းသောသတင်းပါ" မူးမတ်တစ်ယောက်မှ နေ၍ပြောကြားလိုက်၏။ ယခင်က ခန်းမထဲ၌ အစည်းဝေးလုပ်တိုင်း ထိုင်ခုံအလုံးရေ နှစ်ရာရှိရာ နှစ်ရာလုံး ပြည့်ပြီး လူစုံတက်စုံ ရှိခဲ့ကြ၏။ ယခုတွင်တော့ ထိုင်ခုံအလုံးရေ တစ်ရာ့လေးဆယ်မျှ လစ်လပ်နေပြီဖြစ်သည်။လစ်လပ်သွားသော ထိုင်ခုံ၏ပိုင်ရှင်များသည် ဘလက်အဖွဲ့ဝင်များ ဖြစ်ကြပြီး သေဆုံးသွားကြပြီဖြစ်ကြောင်း အားလုံးသိရှိလိုက်ကြသည်ဖြစ်၏။ စွန်ရဲဘုရင်ကြီးလည်း မည်သူက သူလျှို မည်သူက မမိမိဖက်မှဖြစ်ကြောင်း ကွဲပြားစွာသိရှိပြီးဖြစ်သည့်အတွက် စိတ်ချမ်းသာနေ၏။ မိမိ၏နန်းတော်ထဲသို့ ထိုမျှအထိ စိမ့်ဝင်နေကြောင်း ဘလက်အဖွဲ့အား လိုက်လံသတ်ဖြတ်နေသော အဖွဲ့ကြောင့်သာ မဟုတ်ပါက သူသိရှိလိုက်ရမည်မဟုတ်ပေ။ လက်ရှိအနေဖြင့် စွန်ရဲဘုရင်ကြီး သို့မဟုတ် အင်ပါယာသည် အလုပ်စတင်များပြားလာပြီဖြစ်သည်။ သေဆုံးသွားသောသူများသည် ဘလက်အဖွဲ့သားများဖြစ်သောကြောင့် ၎င်းတို့၏အင်အားစုကို ဖမ်းစီးခြင်းနဲ့ ၎င်းတို့ပိုင်ဆိုင်ရာကို တိုင်း​ပြည်ဘဏ္ဏာအဖြစ်သိမ်းဆည်းခြင်းတို့ကို လုပ်ဆောင်ရလေသည်။ ထိုသို့လုပ်ဆောင်ရာ၌ ပမာဏအလွန်များပြားနေသောကြောင့် အချိန်ပိုပင်ယူပြီး သိမ်းဆည်းခဲ့ကြရသည်ဖြစ်သည်။ နောက်ပြီး လစ်လပ်သွားသောရာထူးနေရာများ၌ လုပ်ရည်ကိုင်ရည်ရှိပြီး သစ္စာရှိသော လူများအား ရွေးချယ်တင်မြောက်ခြင်း စသည်ဖြင့် အလုပ်များပြားနေသည်ဖြစ်သည်။ "ငါ့သမီးဘာလုပ်နေလဲ" စွန်ရဲအင်ပါယာသည် သူ၏သမီးအကြောင်း မေးလိုက်၏။စစ်သူကြီးကလည်း "သူလား ဂရိတ်ဘုရင်ထံကနေ လေယာဥ်ပျံ လက်ဆောင်ရတဲ့နေ့ကတည်းကစပြီး နန်းတော်မှ မနေပါဘူး တစ်နေကုန် လေယာဥ်မောင်းနေပါတယ် လေယာဥ်မောင်းလို့ ပျင်းရင် ဂရိတ်တိုင်းပြည် သွားပြီး စျေးဝယ်ထွက်ပါတယ် စျေးဝယ်မထွက်ဖို့ တားရင်လဲ လေယာဥ်ဆီ သွားဖြည့်တာလို့ ပြောပါတယ် ရိုက်မယ်ကြံရင်လဲ လေယာဥ်ပျံထဲမှ ပုန်းနေပါတယ်." စစ်သူကြီး၏စကားကြောင့် စွန်ရဲအင်ပါယာ၏မျက်ခုံးများ တွန့်ကွေးလေ၏။ သူ၏သမီးသည် တော်တော်လေး ဆိုးသွမ်းလာပြီဖြစ်သောကြောင့် ဖြစ်သည်။ "သူ့အကိုတော်တွေကို ငါထိန်းခိုင်းထားတာ မထိန်းပဲ ဘာလုပ်နေကြတာလဲ" စွန်ရဲအင်ပါယာသည် သူ၏သားတော်များအား သမီးတော်အား စောင့်ကြည့်ခိုင်းတာကြောင်း ပြောပြရာ စစ်သူကြီးမှ "အဲ...မင်းကြီးထိန်းခိုင်းလို့ သူတို့လည်း လိုက်ထိန်းပါသေးတယ် ဒါပေမဲ့ သူ့ကိုစိတ်ရှုပ်အောင်လုပ်လို့ဆိုပြီး လေယာဥ်ပျံက စက်သေနတ်နဲ့ လိုက်ပစ်ပါတယ် ဒါကြောင့် မင်းသားများလည်း ရှောင်တိမ်းနေကြရပါတယ်" ဘုရင်၏စိတ်ကူးထဲ၌ ညီမဖြစ်သူ လေယာဥ်ပျံဖြင့် လိုက်လံပစ်ခတ်မှုကြောင့် အသက်ထွက်မတတ် ပြေးလွှားလာ ရှောင်တိမ်းနေကြသော မင်းသားများ၏ပုံစံကို မြင်ယောင်မိလာသည်။ "မဖြစ်တော့ဘူး ငါဆုံးမမှ ဖြစ်တော့မယ် ပြီးတော့ ငါ့သမီးကို စေ့စပ်ပေးမဲ့ အခမ်းနားကော လုပ်နေကြပြီလား" "အဲ.....အရှင်မင်းကြီးသမီး​က နှောင့်ယှက်နေလို့ ရပ်ဆိုင်းထားရပါတယ် ပြီးတော့ ဂရိတ်တိုင်းပြည်မှ ဘုရင်မှမဟုတ်ရင် အပျိုကြီးလုပ်မယ်လို့ ပြောနေပါတယ်" " မွေးရကျိုးနပ်တဲ့သမီး" ...........................

"ရှေ့တစ်မျှော်လောက်ဆိုရင် ကျနော်တို့ ဂရိတ်တိုင်းပြည်ထဲစတင်ဝင်ရောက်ပါပြီ" စစ်သည်တော်သည် မိမိနောက်မှ လူများအား ပြောကြားလိုက်၏။နောက်မှ မြင်းစီးလာသောလူများကလည်း ခေါင်း​ငြိမ့်လိုက်ကြလေ၏။ ထိုလူများသည် ဂရိတ်တိုင်းပြည်အား လက်အောက်ခံလိုက်သော တိုင်းပြည်များမှ သံတမန်တော်များဖြစ်ကြပေသည်။ ဂရိတ်တိုင်းပြည်နှင့် မဝေးလွန်းသော တိုင်းပြည်များဖြစ်ကြပြီး ဂျိတ်မှ ဒုံးကျည်များ စေလွတ်ခဲ့ခြင်းက ၎င်းတို့အား များစွာသော ကြောက်ရွံမှုကို ဖြစ်စေခဲ့သည် ဖြစ်၏။ ကြောက်ရွံစွာဖြင့် ထိုတိုင်းပြည်များသည် အင်အားကြီးမားသော ဂရိတ်တိုင်းပြည်၏လက်အောက်ခံအဖြစ် ဝင်ရောက်ခိုလှုံလာကြသည် ဖြစ်သည်။ ထိုသို့ဝင်ရောက်ခိုလှုံသည်ဟု ဆိုသည်နဲ့ ဂရိတ်တိုင်းပြည်မှ ထူးခြားသော ကမ်းလှမ်းမှုတစ်ရပ် ပြုလုပ်ခဲ့သည်။ ဤသည်မှာ ဝင်ရောက်ခိုလှုံသောတိုင်းပြည်တိုင်းမှ သံတမန်တစ်ယောက်စီ စေလွတ်ပြီး ဂရိတ်တိုင်းပြည်ကို အလှည်ပတ်လာရောက်ရန်ဖြစ်သည်။ ထိုသို့အလှည်ပတ်လာရောက်ပြီး တွေ့ရှိသောအရာများထဲမှ တစ်ခုအား တောင်းဆိုနိုင်သည်ဖြစ်သည်။ ထိုသို့သော ကမ်းလှမ်းမှုကြောင့် သံတမန်များသည် ဂရိတ်တိုင်းပြည်ကို ရောက်ရှိလာကြခြင်းဖြစ်ပေသည်။ "အမလေး" သံတမန်များ အရင်ဆုံး မြို့တံတိုင်းကို မြင်သည်နှင့် လန့်ဖြတ်သွားကြ၏။ မြို့တံတိုင်းသည် သူတို့တိုင်းပြည်၏တံတိုင်းထက် နှစ်ဆမျှပိုမို မြင့်မားနေသောကြောင့် ဖြစ်၏။ နောက်ပြီး ထိုတံတိုင်းသည် မိမိတို့မသိရသော အမျိုးအမည်များဖြင့် တည်ဆောက်ထားကြောင်း သိလိုက်ရလေ၏။ "ခဏလေးနော် သင်တို့ရောက်ရှိကြောင်း ဘုရင်ကြီးကို သတင်းပို့ပါဦးမယ်" ဆိုကာ စစ်သည်တော်လေးသည် ပြောပြောဆိုဆိုဖြင့် မြို့တံခါးရှိဂိတ်သို့ သွားလိုက်၏။ "သူက ဘုရင်ဆီကို သတင်းပို့မယ်ဆိုတော့ ဘယ်လောက်ကြာမယ်ထင်လဲ" "ငါကတော့ လေးရက် " "ငါက သုံးရက်" "ငါက ညနေ" "ညနေကတော့ မစောလွန်းဘူးလား" ညနေ ဟုဖြေသော လူအား ကျန်သော သံတမန်များက ဝိုင်းပြောကြလေ၏။ "ဘာတွေ လောကြတာလဲ သူလာရင်အဖြေသိရပြီကို" သံတမန်များထဲ အသက်ကြီးဆုံး သံတမန်မှ ဖြေလိုက်သောကြောင့် သူ၏စကားအတိုင်း နားထောင်လိုက်ကြလေ၏။ "တောင်းပန်ပါတယ်ဗျာ ကျနော်ဘုရင်ကြီးကိုပြောပြီးပြီကျနော်နောက်ကျသွားတယ် ရော့ ဒါလေးတွေယူပေးပါ" စစ်သည်တော်သည် ​ပြန်လည်ရောက်ရှိလာပြီး ၎င်းတို့အား ကတ်လေး တစ်ယောက်လျှင်တစ်ခုပေးဝေလိုက်၏။ "ဘာ လျှောက်တင်ပြီးသွားပြီ ဟုတ်လား" "ဟုတ်လား" သံတမန်များ အံအားသင့်သွားကြ၏။မိမိတို့ဆိုလျှင် အမြန်ဆုံးပြောပြရပါကဘုရင်ထံ လျှောက်တင်ရန် တစ်ရက်ကြာပြီး ဘုရင်ထံမှ ပြန်စာပြန်ရရန် တစ်ရက် စုစုပေါင်း နှစ်ရက်ကြာမည်ဖြစ်သော်လည်း လက်ရှိမှာ ဆယ်မိနစ်မျှအထိပင် မကြာနေသောကြောင့် အံအားသင့်သွားကြခြင်းဖြစ်ပေသည်။ "နေဦး ဒါတွေက" သံတမန်တစ်ယောက်သည် မိမိလက်ထဲရောက်နေသော ကတ်အားကြည့်ကာ မေးလိုက်၏။ သူ၏လက်ထဲ၌ သူ၏ရုပ်ပုံနဲ့ တိုင်းပြည်အမည် သူ၏နာမည် ပါရှိနေပြီး ကတ်၏ထောင့်၌ သံတမန်ဟု ရေးသားထားကြောင်း တွေ့ရသောကြောင့် ဖြစ်၏။ "ဒါလေးက အင်မတန်မှ အရေးကြီးတယ် သင်တို့ ဂရိတ်တိုင်းပြည်မှာ တစ်လနေကြရမှာလေ အဲ့ဒီအတောတွင်းမှာ လိုအပ်တာမှန်သမျှ အဲ့ကတ်သုံးပြီး ဖြေရှင်းကြရမှာဖြစ်တယ်" စစ်သည်တော်သည် ထိုကတ်နှင့် ပတ်သက်သည်ကို ရှင်းပြ၏။ ထိုအခါ သံတမန်တို့သည်လည်း ကတ်နှင့် ​ပတ်သက်ပြီး သဘောပေါက်သွားကြလေ၏။ "ကတ်ရပြီဆိုတော့ ကျနော်နေတဲ့ဂရိတ်တိုင်းပြည်ကနေ ကြိုဆိုလိုက်ပါတယ်ဗျာ" စစ်သည်တော်မှ ပြုံးရွှင်စွာပြောပြီး မြို့တံခါးဂိတ်မှ ဝင်စေ၏။သံတမန်များလည်း ထိုတံခါးမှ ဝင်သွားသည်နှင့် တစ်ပြိုင်နက် "အင်" "ဟာ" တွေ့မြင်လိုက်ကြသော ​မြို့၏မြင်ကွင်းကြောင့် သံတမန်အားလုံးသည် အံ့သြစွာဖြင့် ပါးစပ်များပင် မစေ့နိုင်အောင် ဖြစ်သွားကြလေတော့၏။

All Chapters