← Chapters

အခန်း (၃၉၇-၃၉၉)

Vol. 27 Ch. 397-399

အခန်း (၃၉၇-၃၉၉)

Vol. 27 Ch. 397-399

အပိုင်း (397) အစီအစဥ်

သံတမန်တို့သည်လည်း ဂရိတ်တိုင်းပြည်အား နောက်တစ်နေ့ရောက်သည်နှင့် စတင်လည်ပတ်ကြလေတော့၏။ အချိန်တစ်လရှိသည်ဖြစ်ရာ မည်သည်ကို တောင်းဆိုရန် ၎င်းတို့အနေဖြင့် လုံလောက်သော အချိန်ရှိသည် ဖြစ်၏။ သံတမန်တစ်ယောက်စီတိုင်းသည် စစ်သည်တော်တစ်ယောက်လိုက်ပါ စောင့်ကြပ်ပေးခြင်းကို ခံကြရမည်ဖြစ်သည်။ ထိုစစ်သည်တော်သည် သံတမန်အား ကာကွယ်စောင့်ရှောက်ပေးမည် ဖြစ်ပြီး လိုအပ်သည်များကို ဆောင်ရွက်ပေးမည်ဖြစ်၏။ “ ဒါတွေက ဘာတွေလဲ “ သံတမန်အနေဖြင့် မိမိတို့မမြင်ဖူးသော အရာများကို မြင်တွေ့လိုက်ကြသော‌ကြောင့် အံသြနေကြလေ၏။ ရှည်လျားပြီး မြန်ဆန်သော ရထားသွားလာနေပုံနှင့် တခြားခြားသော ဆန်းသစ်သော ပစ္စည်းများစွာကို မြင်တွေ့ပြီးနောက် အထူးအဆန်းဖြစ်ပျက်နေကြ၏။ သူတို့သည် ရထားလည်း စီးကြည့်၏။ ထူးဆန်းသော သဘော်လည်း စီးကြည့်ကြ၏။ ထိုသို့စီးကြည့်သောအခါ လိုရာခရီးသို့ မပင်ပန်းပဲ ရောက်ရှိကြောင်း သိလိုက်ရာ ပါးစပ်ပင် မစေ့နိုင်အောင် ဖြစ်ကြပြန်၏။ များစွာသော အရာများအပြင် ညအချိန်၌လည်း နေ့ခင်းသဖွယ် လင်းထိန်နေသောကြောင့် ရင်သပ်ရှု့မောဖြစ်ကြရပြန်လေ၏။ တစ်ချိန်တည်းမှာပင် ဂရိတ်တိုင်းပြည်သည် မိမိတို့တိုင်းပြည်များထက် များစွာအပြတ်သတ်ကျော်လွန်နေပြီဖြစ်ကြောင်း လက်ခံလိုက်ကြလေတော့၏။ သံတမန်များသည်လည်း တစ်လနီနီး ရက်နှစ်ဆယ်နေထိုင်ပြီးသောအခါ မိမိတို့အလိုရှိရာများကို တောင်းဆိုလိုက်ကြပြီး ပြန်သွားကြပြီဖြစ်သည်။ သံတမန်တစ်ယောက်သာ တစ်လပြည့်သည်အထိနေထိုင်ရန်ဆုံးဖြတ်လိုက်သောကြောင့် ကိုးယောက်မှာ ​အသီးသီးပြန်သွားကြပြီဖြစ်သည်။ ထိုသံတမန်သည် အဆင့်နှစ်တိုင်းပြည်မှလာပြီး ဝစ်ဒန်းဟုအမည်တွင်၏။ သူသည် ငွေအဆင့်စစ်သည်တော်ဖြစ်ပြီး အသက်တစ်ရာ့သုံးဆယ်ရှိပြီဖြစ်၏။ ထို့ကြောင့် အသက်ရွယ်ကြီးရင့်နေပြီဖြစ်သော သံတမန်ဟုပင် ဆို၍ရနိုင်၏။ "သူ ဘာတောင်းဆိုပြီလဲ" "အခုထိ သူတောင်းဆိုခြင်းမရှိသေးပါဘူး တစ်လပြည့်သည်အထိ နေထိုင်နေပါတယ် တစ်လပြည့်မှသာ တောင်းဆိုမယ်လို့ ပြောနေလို့ပါ" လာမေးသော အရာရှိတစ်ဥိီးအား ထိုသံတမန်အား စောင့်ကြပ်လိုက်ပါသော စစ်သည်တော်မှ ပြောပြလိုက်၏။ ထိုသံတမန်သည် အလွန်ပင် ထူးခြားကြောင်း တခြားသံတမန်များ လျှောက်ပတ်စားသောက်နေချိန်တွင် စာကြည့်တိုက်သို့ဝင်ကာ တစ်စုံတစ်စုရှာဖွေ ဖတ်ရှုနေတတ်ကြောင်း သံတမန်လုပ်သမျှအကြောင်းရာများကို အရာရှိအား တင်ပြလိုက်၏။ "တကယ်တကယ်ပဲ တော်တော်လေးတိုးတက်နေတာကိုး" သံတမတ် ဝစ်ဒန်းသည် မိမိဖတ်နေသော စာအုပ်အား ချလိုက်ပြီး တစ်ယောက်တည်း တီးတိုးရေရွတ်မိသည်။ ပြောင်းလဲနေသော ဂရိတ်တိုင်းပြည်အား ခြုံငုံနားလည်မိစေရန် တစ်လတိတိလေ့လာမည်မှာ သူ၏အကြံဖြစ်၏။ ထိုသို့လေ့လာမှသာ တောင်းဆို၍ရသော အရာအား အကောင်းဆုံးအား တောင်းဆိုနိုင်မည်ဟု သူခံစားမိသောကြောင့် ဖြစ်သည်။ ဤသို့ဖြင့် သံတမန်ဝစ်ဒန်းအတွက် သတ်မှတ်ပေးထားသော အချိန်တစ်လမှာ ကုန်ဆုံးသွားပြီ ဖြစ်၏။ .............. "ကဲ.... အသင်ဘာ​တောင်းဆိုမလဲ" အဝတ်စားကောင်းများ ဝတ်ဆင်ထားသော အရာရှိမှ သံတမန်ဝစ်ဒန်းအား မေးမြန်းလိုက်၏။ "ကျနော်မျိုးကတော့ ကျနော်မျိုးတိုင်းပြည်က ထက်မြက်တဲ့လူငယ်တွေကို ဂရိတ်တိုင်းပြည်ကြီးမှာ နှစ်တိုင်းပညာသင်ခွင့်ရစေချင်ပါတယ်" သံတမန်ဝစ်ဒန်း၏အဖြေကြောင့် အရာရှိသည် အနည်းငယ်အံအားသင့်သွား၏။ ထိုစကားမျိုးသည် ကြားရမည်ဟု မမျှော်လင့်ထားသောကြောင့်ဖြစ်၏။ "သေချာလား ဒါကိုတောင်းတဲ့ဆုအဖြစ်ယူမယ်ဆိုတာ" "လုံးဝသေချာပါတယ်" အရာရှိသည် သေချာကြောင်း စိတ်ပိုင်းဖြတ်ထားသော သံတမန်၏ပုံစံကြောင့် ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီ..တစ်လအတွင်း သင်ရဲ့တိုင်းပြည်ကို ကြေညာချက်ထုတ်ပြန်ပေးပါမယ်" ထိုစကားကြောင့် ဝစ်ဒန်းလည်း ကျေးဇူးတင်စကားဆိုပြီး မိမ်တိုင်းပြည်သို့ ပြန်သွားလေတော့၏။ "အရှင်မင်းကြီး ဒါတွေက သူတို့တောင်းဆိုချက်တွေပါ" အရာရှိသည် သံတမန်များအလိုရှိသည်များကို ဆက်သွယ်ရေးနံရံ၌ ရေးသားပြီး ပေးပို့လိုက်၏။ ဂျိတ်လည်း သံတမန်များအလိုရှိသည့်တောင်းဆိုချက်များ မြင်သောအခါ ဖတ်ရှုလိုက်၏။ မိမိတိုင်းပြည်လက်အောက်ခံအဖြစ်ခိုဝင်လာသောကြောင့် တောင်းဆိုချက်တစ်ခုတောင်းဆိုနိုင်သည်ဟု ဆိုထားသောကြောင့် သံတမန်များသည် မိမိတို့လိုအပ်သည်ထင်သည်များကို တောင်းဆိုထားကြလေ၏။ တောင်းဆိုချက်၌ ကားများ တစ်နှစ်ကို ဘယ်နှစီးအလိုရှိသည်၊ ရထားအလိုရှိသည် ၊လျှပ်စစ်မီးအလိုရှိသည်စသည်ဖြင့် တောင်းဆိုထားကြောင်း တွေ့ရလေ၏။ တောင်းဆိုသော သံတမန်များ၌ ဝစ်ဒန်း၏တောင်းဆိုချက်သည် သူများနဲ့ ကွဲထွက်နေကြောင်း ဂျိတ်သတိထားမိလိုက်သည်။ သူတောင်းဆိုသည်မှာ ပညာသင်ယူခွင့်ဆိုသောကြောင့် ဖြစ်သည်။ မည်သည့်ပညာကို သင်ယူလိုပါသည်ဟု မပြောထားသောကြောင့် မည်သည့်ပညာရပ်မဆိုသင်ယူလိုကြောင်း အဓိပ္ပါယ်သက်ရောက်၏။ ထိုတောင်းဆိုမှုကြောင့် ဂျိတ်လည်း ပြုံးမိ၏။ "ကြည့်ရတာ ပညာတန်ဖိုး နားလည်တဲ့တစ်ယောက်ပေါ်လာပြီပဲ" ဂျိတ်လည်း ဝစ်ဒန်း၏တောင်းဆိုချက်ကို လက်ခံလိုက်သည် ဖြစ်သည်။ ဂျိတ်သည် သူ၏ကန့်သတ်ချက်ဖြစ်သော လက်နက်ထုတ်လုပ်နည်းပညာများနဲ့ သတ်ဖြတ်ရာ၌အသုံးပြုသော စစ်လက်နက်ကိရိယာများ မတောင်းဆိုသရွေ့ တခြားကျန်ရှိသော တောင်းဆိုချက်မဆိုကို လက်ခံပေးမည်ဟု ဆုံးဖြတ်ထားသောကြောင့် ဖြစ်သည်။ ဝစ်ဒန်း၏တောင်းဆိုချက်သည် လက်ရှိအချိန်၌ ရူးမိုက်သည်ဟု ဆိုနိုင်၏။သို့သော်လည်း သူ၏တောင်းဆိုချက်သည် နောင်နှစ်ပေါင်းများစွာ ကြာသောအခါမှသာ မည်မျှအကျိုးရှိကြောင်း တခြားသောတိုင်းပြည်မှ သံတမန်များက သိရှိလာကြမည်ဖြစ်သည်။ ဂျိတ်လည်း ဝစ်ဒန်း၏တောင်းဆိုမှုကို မြင်လိုက်သောအခါ မိမိတိုင်းပြည်၏ပညာရေးအဆင့်တန်းသည် မြင့်မားနေရန်လိုအပ်နေပြီဖြစ်ကြောင်း သတိရလိုက်သည်ဖြစ်သည်။ တိုင်းပြည်သည် အဘက်ဘက်၌တိုးတက်နေပြီ ဖြစ်သော်လည်း ပညာရေးတွင်ကား လိုအပ်နေသေးသည်ဖြစ်သည်။ဒါကလည်း မြန်ဆန်၍မရသောအရာဖြစ် သောကြောင့် ဖြစ်သည်။ ပညာရေးသည် အခြေခံအုတ်မြစ်အခိုင်မာတည်ဆောက်ပြီးမှ အိမ်ဆောက်ရသလို လုပ်ဆောင်ရသောအရာဖြစ်ပြီး စိတ်ရှည်ရှည်ဖြင့် ရပ်တန့်ခြင်းမရှိပဲ တရွေ့ရွေ့သွားမှ သာလျှင် ပညာရေး၏အသီးပွင့်ကို ခံစားနိုင်မည်ဖြစ်သည်။ ဂျိတ်သည် ဝစ်ဒန်း၏တောင်းဆိုချက်ကို လက်ခံပြီးပြီဖြစ်သောကြောင့် တောင်းဆိုချက်အတိုင်း ပညာသင်ပေးမည့်နေရာများကို စီစဥ်ဆောင်ရွက်ရပြီဖြစ်သည်။ ဂရိတ်တိုင်းပြည်၌ ငယ်ရွယ်သော ကလေးများအတွက် အခြေခံ အလယ်တန်း အထက်တန်းစသော ကျောင်းများဖွင့်လှစ်ပေးပြီးဖြစ်သော်လည်း ထိုအသက်ရွယ်ထက်ကြီးသော သူများအတွက်မှု အခက်ခဲအနည်းငယ်ရှိနေသေးသည်ဖြစ်သည်။ ထိုသူများအတွက်ရည်ရွယ်သော အသက်မွေးဝမ်း​ကြောင်းဆိုင်ရာ ပညာရပ်များသင်ကြားပေးသော တက္ကသိုလ်များကို နောက်တစ်လအတွင်း ဖွင့်နိုင်ရန် လုပ်ဆောင်လိုက်သည်။ ဖွင့်လှစ်ပြီးပါကလည်း သင်ကြားနိင်ရန်အတွက် အနည်းဆုံး အခြေခံစာရေးစာဖတ်တတ်မြောက်ပြီးလက်မှတ်ရမှသာလျှင် တက်ရောက်နိုင်မည်ဖြစ်သည်။ ထိုသို့ဖွင့်လှစ်ရာ၌ လွယ်ကူသော မခက်ခဲလွန်းသော ပညာရပ်များဖြင့် စတင်ပို့ချပေးမည်ဖြစ်သည်။ ဓာတုဗေဒ၊ရူပဗေဒကဲ့သို့သော အနည်းငယ်ခက်ခဲနိုင်သည်ဟု ယူဆရသော ပညာရပ်များနဲ့ ခေတ်နည်းပညာများကိုမူ အချိန်တစ်ခုရောက်မှသာ သင်ယူစေခွင့်ပြုမည်ဖြစ်၏။ အချိန်တစ်ခုဆိုသည်မှာကလည်း စစ်သည်တော်များအတွက်ဖြစ်၏။စစ်သည်တော်များသည် သာမန်လူများထက် ညဏ်ရည်ညဏ်သွေးသည် များစွာသာလွန်သည်ဖြစ်ရာ သာမန်လူများ ဆယ်နှစ်စင်ကြားရသည်ကို သူတို့အနေဖြင့် ငါးနှစ်ဖြင့် အကုန်စင် တတ်မြောက်အောင် လုပ်နိုင်သည် ဖြစ်သည်။ "ကဲ သူတို့တောင်းဆိုချက်တွေ လက်ခံကြောင်း ပြန်လည်သတင်းပို့ပါလေ" ဂျိတ်သည် သူ၏ဘုရင်အမိန့်တံဆိပ်တုံးထုပြီး တောင်းဆိုချက်များကို အတည်ပြုလိုက်၏။ .................. "မင်းက ဒါကို တောင်းဆိုခဲ့တယ်ပေါ့" ဝစ်ဒန်းအား ခမ်းနားလှသော အဝတ်စားများ ဝတ်ဆင်ထားသောလူက မေးလိုက်၏။ "ဟုတ်ပါတယ် အရှင် ကျနော်မျိုးတောင်းဆိုခဲ့ပါတယ် လက်ရှိကိုမကြည့်ပါနဲ့ နောင်အတွက်ကို ကြည့်ရှုပေးပါ ဒီအတွက် အပြစ်ရှိတယ်ထင်ရင် အပြစ်ပေးပါ" ဝစ်ဒန်းသည် တည်ငြိမ်သောအမူရာဖြင့် ပြောလိုက်၏။ "ဟူး" အဆင့်နှစ်တိုင်းပြည်၏ဘုရင်လည်း သက်ပြင်းချပြီး ဝစ်ဒန်းအား ကြည့်လိုက်၏။ ဝစ်ဒန်းသည် သူ၏အမြဲယုံကြည်ရသော မှုးမတ်ဖြစ်၏။ သို့သော်လည်း ယခုချိန်၌ ဝစ်ဒန်းလုပ်ခဲ့သောအရာက သူ့အား နေရခက်စေ၏။ သူ၏ဘေးပတ်ဝန်းကျင်တိုင်းပြည်များသည် ကားများ၊ရထားများကို တောင်းဆိုခဲ့သောကြောင့် ဂရိတ်တိုင်းပြည်မှ ထူးခြားအစွမ်းထက်လှသော ကားများ၊ရထားများကို ရရှိခဲ့ကြသည်။ ထိုအရာများကို သုံးပြီး ထိုတိုင်းပြည်များသည် မိမိတိုင်းပြည်အား သုံးလေးနှစ်အတွင်း ကျော်လွန်တော့မည်ဖြစ်၏။ သို့သော်လည်း ဝစ်ဒန်းသည် ထိုသို့တောင်းဆိုမည်ထင်ပြီး မိမိတိုင်းပြည်သည်လည်း ထိုသို့သောအရာများ ရရှိမည်ဟု ထင်မိခဲ့၏။ သို့သော်လည်း မထင်မှတ်ထားသည်မှာ ဝစ်ဒန်းသည် ပညာသင်ခွင့်ကို တောင်းဆိုခဲ့သည်ဖြစ်သည်။ထိုသို့ အကြံအိုက်ချိန်၌ ကောင်းကင်ယံမှ လေယာဥ်တစ်စီးပေါ်လာပြီး သူ၏နန်းရင်ပြင်ပေါ်သို့ သက်ဆင်းလာ၏။ ထို့နောက် လေယာဥ်ထဲမှ စစ်သည်တော်တစ်ယောက်ထွက်လာ၏။ ထိုစစ်သည်ထွက်ပေါ်လာသည်နဲ့ ဝစ်ဒန်းနှင့် သူ၏ဘုရင်သည်လည်း အရိုသေပြုရလေ၏။ အဆင့်နှစ်တိုင်းပြည်တွင် ဘုရင်ဖြစ်သော်လည်း ဂရိတ်တိုင်းပြည်လက်အောက်ခံဖြစ်​နေပြီ ဖြစ်ရာ အရိုသေပြုကြရလေ၏။ "ဂရိတ်ဘုရင်မှ ဝစ်ဒန်းတောင်းဆိုသည့် ပညာသင်ခွင့်လက်ခံပါကြောင်း နောက်နှစ်လရောက်ရင် ဂရိတ်တိုင်းပြည်မှာ ပညာသင်ကြားဖို့ ပညာတော်သင်တစ်ရာ စေလွတ်ရန် အမိန့်ချလိုက်သည်။" ထိုသို့ဖတ်ပြပြီးသည်နဲ့ ဆက်လက်ပြီး "ဘုရင်ကြီးက သင့်ရဲ့ ညဏ်ပညာကြီးမားပုံကို သဘောကျတယ် ဂရိတ်တိုင်းပြည်အကျိုးဆက်လက်သယ်ပိုးရင် အခွင့်ရေးတွေထပ်ပေးပါမယ်တဲ့" စစ်သည်သည် ပြောဆိုပြီးသည်နဲ့ ချက်ချင်းပင် လေယာဥ်ဖြင့် ပျံသန်းထွက်ခွာသွားလေ၏။ "တကယ်ပဲ ဝစ်ဒန်းလုပ်ရပ်က မှန်တာကိုး" အဆင့်နှစ်ဘုရင်ကြီးသည် စစ်သည်တော်ပြောသွားသောစကားများအား တွေးရင် တစ်ကိုယ်တည်း ပြောမိနေသည်။ ဝစ်ဒန်းလည်း မိမိ၏တောင်းဆိုချက်အစီစဥ်အောင်မြင်ကြောင်းသိသောအခါ အလွန်ပင်ဝမ်းသာမိလေတော့၏။

အပိုင်း(398) စုံစမ်းပြီ

ဂျိတ်အနေဖြင့် ဘဝအား သာသာယာယာပင် ဖြတ်သန်းနေ၏။ သူ၏ချစ်ရသော သမီးလေးနှင့်အတူ ဆော့ကစားပေးခြင်း၊ ချစ်ရသော အယ်လီနာနှင့်အတူ အချိန်ဖြန်းခြင်းတို့ကိုသာ လုပ်ဆောင်၏။ တခြားသော တိုင်းပြည်များမှ ဘုရင်များဖြင့် နှိုင်းယှဥ်သော် တော်တော်လေး အလုပ်မရှိသော ဒါမှမဟုတ် အလုပ်လုံးဝမရှိသော ဘုရင်သာ ဖြစ်ပေသည်။ တိုင်းပြည်၌တိုးတက်အောင်လုပ်ဆောင်ရမည့် အစီစဥ်များ လုပ်ငန်းဆောင်တာများအတွက် ကြိုတင်အစီစဥ်ချထားပေးပြီးဖြစ်ရာ ဂျိတ်အတွက်လုပ်ကိုင်ရန် အကြောင်းမရှိတော့ပေ။ နောက်ပြီး တိုင်းပြည်၏အဓိကအရေးပါသော မှော်ကုဗတုံးကိုလည်း အဆင့်မြင့်တင်ပေးထားပြီးဖြစ်သည်။ ထိုမှော်ကုဗတုံးသည် သက်ရှိတစ်ယောက်ကဲ့သို့ လုပ်ငန်းဆောင်တာများအား စီမံခန့်ခွဲပေးမည်ဖြစ်သလို အရေးကြုံ၍ တင်ပြသော အမိန့်များကိုလည်း သုံးသပ်ပြီး မည်သို့မည်ပုံလုပ်ရမည်ကိုလည်း ဆောင်ရွက်ညွှန်ကြားပေးမည်ဖြစ်သည်။ သူ၏အားသာချက်သည် တစ်ချိန်တည်းတစ်ပြိုင်တည်း၌ လုပ်ငန်းဆောင်တာ တစ်သိန်းဝန်းကျင်ကိုလည်း စီမံဆောင်ရွက်နိုင်သည်ဖြစ်သည်။ နေ့တိုင်း အစည်းဝေးကျင်းပခြင်း၊တွေ့ဆုံဆွေးနွေးခြင်းစသည့် အချိန်များလည်း ရှိတော့မည်မဟုတ်ပဲ ထိုမှော်ကုဗတုံးမှ ဝန်ထမ်းများ၊အရာရှိများအား လုပ်ဆောင်ရမည်များကို နေ့တိုင်း အချိန်နှင့်တပြေးညီ ညွှန်ကြားနေမည်ဖြစ်၏။ သို့ဖြစ်ရာ ဂျိတ်အတွက် အားလပ်ချိန်များ ဖြစ်လာခဲ့သည်ဖြစ်သည်။ ထိုမှော်ကုဗတုံး အသက်ဝင်ပြီးသည်နဲ့ တိုင်းပြည်အတွက်အဆင့်များသတ်မှတ်ပေး၏။သတ်မှတ်ချက် ငါးဆင့်ထားရှိသည်ဖြစ်၏။ အဆင့်တစ်မှ လေးအထိ ကို မှော်ကုဗတုံးမှ ဆုံးဖြတ်ဆောင်ရွက်မည်ဖြစ်ပြီး နောက်ဆုံးအဆင့်ဖြစ်သော အဆင့်ငါးအား ဂျိတ်ကို ဆောင်ရွက်စေမည်ဖြစ်သည်။ တိုင်းပြည်၏ပျက်စီးကိန်းဖြစ်သော သတ်မှတ်ချက် အဆင့်ငါး မရောက်မခြင်း မှော်ကုဗတုံးသည် တိုင်းပြည်ရေးရာများကို စီမံခန့်ခွဲပေးမည်ဖြစ်သည်။ ထိုမှော်ကုဗတုံးအား ဂျိတ်မှ များပြားလှသော အသိညဏ်ပညာများနှင့် အသေချာစီမံတည်ဆောက်ထားသည်ဖြစ်သည်။ ထိုကုဗတုံးအား သိပ္ပံနည်းပညာ၊မှော်ပညာ၊စသည်ဖြင့် မျိုးစုံသော ပညာရပ်များဖြင့် ရှုပ်ထွေးနက်နဲစွာ တည်ဆောက်ထားပြီး အလွန်ပင် အစွမ်းထက်လှသည်ဖြစ်သည်။ "တကယ်ပဲ ခင်ဗျားကဘယ်သူလဲ ဂျိတ်" ထိုမေးခွန်းမေးသူကတော့ ကျန်းရွှမ်သာဖြစ်ပေသည်။ သူသည် အယ်မလီလေးအား တစ်ရက်လျှင် သုံးနာရီမျှသာ စာသင်ကြားပေးပြီး ကျန်သော အချိန်များ၌ ဂရိတ်တိုင်းပြည်ထဲသို့ လျှောက်လည်နေတတ်၏။ သူ၏သိုင်းပညာအဆင့်က အလွန်မြင့်မားသည် ဖြစ်ရာ နေရာစုံအား အချိန်တိုတွင်း လှည့်ပတ်သွားလာခဲ့ပြီ ဖြစ်သည်။ "ငါလား ငါက ဂျိတ်လေ အယ်မလီလေးရဲ့အဖေပေါ့" ကျန်းရွှမ်အား ဂျိတ်သည် ကော်ဖီအေးသောက်နေရင်း ပြန်လည်ဖြေကြားလိုက်၏။ "ဒါတော့ သိတာပေါ့ ကျနော်မေးတာကို လှည့်ပတ်မနေပါနဲ့ ခင်ဗျားကျုပ်ပြောတာသိပါတယ် မြို့ထဲမှာ တွေ့ရတဲ့အရာတွေက ဘယ်မှာ မူလအခြေခံ ဆင်းသက်လာတယ်ဆိုတာ ကျုပ်ကော ခင်ဗျားကော သိပါတယ်" ကျန်းရွှမ်သည် ဒဲ့တိုးပင် မေးချလိုက်၏။ သူဆိုသည်မှာ ကျင့်ကြံခြင်းကမ္ဘာဖြစ်သော စစ်သည်တော်ကုန်းမြေ၌ အဘယ်ကြောင့် ဂြိုလ်ပြာ ကမ္ဘာကြီး၌သာရှိသော အရာဝတ္ထုများ တွေ့နေရသနည်းပင် ဖြစ်သည်။ "ကျုပ်က အဲ့မှာနေဖူးတယ်လေဗျာ ဒါကြောင့်ပါ" ဂျိတ်သည် အဖြေအား အပြည့်စုံဖြေရှင်းခြင်းမပြုပဲ ပြောလိုက်၏။ ထိုသို့ပြောဆိုခြင်းကပင် ညဏ်ရည်မြင့်မားသော ကျန်းရွှမ်အဖို့ မည်သို့မည်ပုံဆိုကြောင်း ကောင်းစွာ သဘောပေါက်နားလည်၏။ ထိုအဖြေကို မျှော်လင့်ထားသည့်အလားပင် ကျန်းရွှမ်မှ "ဒါဆို မထူးဆန်းပါဘူးလေ ကျုပ်က တောင်းဆိုချင်တာ တစ်ခုရှိလို့ပါ ဒါက ကျုပ် ဂြိုလ်ပြာကို တစ်ရက်လောက် အလည်သွားချင်တယ်" "ခင်ဗျားရဲ့ ပါမောက္ခကတ်ပြားနဲ့ ပေါ်တယ်ဖွင့်ပြီးသွားမရဘူးလား" "မရဘူးလေ အဲ့ဒါက နေရာအကွာဝေးအကန့်သတ်ရှိတယ် အများဆုံးကျော်ရင် အကွာဝေး သုံးရာပေါ့ဗျာ ဒါတောင် တည်နေရာသတ်မှတ်ထားလို့ မသတ်မှတ်ထားတဲ့နေရာဆိုရင် သုံးဆယ်အထိပဲ အလုပ်လုပ်တယ်" ကျန်းရွှမ်၏စကားကြောင့် ဂျိတ်လည်း မျက်ခုံးပင့်သွားရ၏။ ကျန်းရွှမ်ပြောသော သုံးရာ သုံးဆယ်သည် ​နေရာအကွာဝေးကိုဆိုလိုခြင်းဖြစ်၏။ ထိုနေရာအကွာဝေးသည် မိုင်လည်းမဟုတ်၊​အလင်းနှစ်တစ်ရက်အကွာဝေးလည်းမဟုတ်၊ အလင်းနှစ်ရက်ထောင်သောင်းလည်းမဟုတ်ပဲ စကြာဝဠာတစ်ခု၏အကျယ်ဝန်းအကွာဝေးဖြစ်၏။ တစ်ခုသည် စကြာစဠာတစ်ခု၏အကျယ်ဝန်းဖြစ်ပြီး သုံးရာသည် ဆက်နေသည့်စကြာဝဠာသုံးရာ၏အကျယ်ဝန်းဖြစ်သည်။ သိထားသင့်သည်မှာ စကြာဝဠာတစ်ခု၌ နေအဖွဲ့စည်း ဂြိုလ်များ အာသာသများ စသည်ဖြင့် လွန်စွာကျယ်ပြန့်သော ဂလက်ဆီများပါဝင်၏။ ထိုမျှသွားလာနိုင်သော ပါမောက္ခတံဆိပ်ပြားကြောင့် ဂျိတ်အနေဖြင့် အံအားသင့်သွားရခြင်းဖြစ်ပေသည်။ "ရော့ ဒါလေးကို ခင်ဗျားရဲ့တံဆိပ်ပြားမှာကပ်လိုက် ဒါဆို ရောက်ပြီ" ကျန်းရွှမ်လည်း ဂျိတ်ပေးသော အရာကို ယူပြီးကြည့်လိုက်ရာ မျက်နှာရှုံ့တွသွား၏။ ဂျိတ်ပေးလိုက်သောအရာသည် သမီးဖြစ်သူမှ ယုန်လေးအား ကိုင်ထားသည့်ကို ကာတွန်းဆန်ဆန်ဖန်တီးထားသော စတစ်ကာလေး ဖြစ်နေသောကြောင့် ဖြစ်၏။ ထိုစတစ်ကာလေးသည် အလွန်ပင်ထူးခြားကြောင်း ထိုထဲ၌ ကမ္ဘာခေါ် ဂြိုလ်ပြာ၏တည်နေရာပါရှိနေကြောင်း ကျန်းရွှမ် အာရုံခံစားမိသည်။ "ကျေးဇူးပါ နောက်မှဆပ်မယ် လောလောဆယ် သွားလှည်လိုက်ဦးမယ်" ကျန်းရွှမ်သည် ဟန်ဆောင်နိုင်ခြင်းပင်မရှိတော့ပဲ လစ်ခနဲ ထွက်သွားလေတော့၏။ "ဒီကောင်ကွာ သိနေပြီးသားကို အတည်ပြုနေသေးတယ်" ဂျိတ်သည် ထွက်သွားသော ကျန်းရွှမ်အား ကြည့်ရင်း တစ်ကိုယ်တည်းပြောလိုက်၏။ သူတို့နှစ်ယောက်လုံးသည် သာမန်ထက်ထူးသော သူများဖြစ်ကြပြီး ကမ္ဘာဂြိုလ်မှ လာသောသူများဖြစ်ကြောင်း နှစ်ယောက်လုံးသိနှင့်ပြီးဖြစ်သည်။ ဤသည်ကို ကျန်းရွှမ်သည် သေချာစေရန် အတည်ပြုမေးပြီး ဂျိတ်၏အစွမ်းကို သိရန် ကမ္ဘာသို့သွားလိုကြောင်း စမ်းလိုက်သည်ဖြစ်သည်။ ဂျိတ်မှ အသာယာပင် စမ်းသပ်ခြင်းအား အောင် မြင်အောင် လုပ်လိုက်သည်ဖြစ်ရာ ဂျိတ်သည် သူ့ထက်ပင် အစွမ်းကြီးကြောင်း ကျန်းရွှမ်မှ သိလိုက်ရသည်ဖြစ်သည်။ ကျန်းရွှမ်အနေဖြင့် ဂျိတ်သည် အစွမ်းထက်ကြောင်း သိလိုက်ရသည့်အပြင် ကမ္ဘာသို့တစ်ရက်အလည်ပတ်သွားခွင့်လည်း ရရှိလိုက်ပြီဖြစ်သည်။ အလွန်တရာပူပြင်းပြီး မီးတောက်လောင်နေသော ဂြိုလ်တစ်ခု၌ "အရှင်သခင် အရှင်သခင် သတင်းရလာပါတယ်" စစ်သည်တော်တစ်ယောက်မှ အော်ပြောရင်း ပြေးလွှားလာ၏။ ထိုစစ်သည်၏ပြေးနှုန်းမှာ အလွန်တရာ မြန်ဆန်သောကြောင့် သူသွားလာရာလမ်းကြောင်း၌ မီးများတောက်လောင်ကာ ကျန်ရစ်ခဲ့လေ၏။ "ဘာကိစ္စလဲ" မီးတောင်အနီး၌ စီးဆင်း​နေသော ချော်ရည်မြစ်ထဲမှာ အသံထွက်လာလေ၏။ထိုအသံ ပိုင်ရှင်သည် ထိုချော်ရည်မြစ်ထဲ၌ မျက်စိပိတ်၍ ငြိမ်သက်စွာထိုင်နေလေ၏။ ထိုင်ရာတွင်လည်း ဘောင်းဘီသာ ဝတ်ဆင်ထား၏။ ထိုချော်ရည်မြစ်သည် အလွန်တရာပူပြင်းသည့်အပြင် မီးလျှံများကလည်း တောက်ပနေ၏။သို့သော်လည်း မြစ်ထဲ၌ထိုင်နေသော ထိုလူကိုမူ ထိခိုက်အောင်မလုပ်နိုင်ပေ။ ထိုလူမှာသာမန်လူမဟုတ်ပဲ စစ်သည်တော်တစ်ယောက်ဖြစ်၏။ အရှင်ထျန်းတိဟု ခေါ်ဆိုပြီး စစ်သည်တော်မျိုးနွယ်မှဖြစ်ပြီး မီးစစ်သည်တော်ဖြစ်လေသည်။ လက်ရှိနေထိုင်သော ဂြိုလ်သည် ချော်ရည်ဂြိုလ်ဟု ခေါ်ဝေါ်၏။ အဆိုပါ ချော်ရည်ဂြိုလ်သည် အရှင်ထျန်းတိ၏ပိုင်ဆိုင်သော အရာများမှ တစ်ခုဖြစ်၏။ "အရှင်ထျန်းတိ ကျနော်မျိုးရလာတဲ့သတင်းကတော့ ပညာတက္ကသိုလ်မှာ စစ်သည်တော်တစ်ယောက် ပေါ်လာပါတယ်" "ပေါ်လာတာ ဘာဆန်းလို့လဲ" "ဒီစစ်သည်တော်က အသက်သုံးဆယ်မကျော်သေးပါဘူး ပြီးတော့ ဖူယုံဆိုတဲ့ ပါမောက္ခတစ်ယောက်ကို အနိုင်ယူလိုက်နိုင်ပါတယ် ပြီးတော့ သူရဲ့သမီးက သားရဲကိုယ်ခန္ဓာပိုင်ရှင်ပါ" သတင်းလျှောက်တင်မှုပြီးသည်နဲ့ ထျန်းတိ၏မျက်လုံးများ ပွင့်လာလေ၏။ထိုသို့ပွင့်လာသည်နှင့် ချော်ရည်မြစ်ကြီးသည် နဂိုပူနေရာထက် လေးဆမျှ ပိုမိုပူလာပြီး ချော်ရည်များ ဆူပွက်လာတော့၏။ ထိုချော်ရည်မြစ်သာမက ဂြိုလ်တစ်ခုလုံးရှိ မီးတောင်များ၏အပူချိန်လည်း ချက်ချင်းပင် ထိုးတက်လာခဲ့လေ၏။ " အရှင်ထျန်းတိ စိတ်လျော့ပါ" ထိုအခါမှ အရှင်ထျန်းတိလည်း စိတ်လျော့လိုက်သည်ဖြစ်ရာ ဂြိုလ်တစ်ခုလုံးသည်လည်း ပေါက်ကွဲခါနီးမှ မူလအ​ခြေနေသို့ ပြန်ရောက်ရှိသွားလေသည်။ "အဲ့ဒီစစ်သည်တော်ကဘယ်သူလဲ ဘယ်ကလာလဲ ဆိုတာစုံစမ်းပါ ပြီးရင် ငါ့ဆီချက်ချင်းအကြောင်းပြန်ပါ" "ကောင်းပါပြီ အရှင်"

(399)ဆုံးဖြတ်လိုက်ပြီ

"သမီး စာတွေများကြီးတက်လာပြီ" "ဒါမှ ငါ့သမီးကွ" ဂျိတ်သည် သူ၏သမီးဖြစ်သူ အယ်မလီလေးအား ချီးကျူးလိုက်၏။ ကျန်းရွှမ်၏ထိရောက်သော လိုတိုရှင်းသင်ကြားပြသပေးမှုအောက်တွင် သိသိသာသာတိုးတက်လာခဲ့ဖြစ်သည်။ "ဆရာကျန်းရွှမ်က မဆိုးနော်" အယ်လီနာမှ ဂျိတ်အား ကျန်းရွှမ်၏ချီးမွမ်းခန်းဖွင့်၏။ထိုသို့ချီးမွန်းသော် ကျန်းရွှမ် မျက်ခုံးများ ပင့်သွား၏။ (" ဒီမယ်အမိ ဒီကလေးကိုသာ စာမသင်တတ်ရင် ရင်ဘတ်က ချိတ်ထားတဲ့ ပါမောက္ခလက်မှတ်ကို မြောင်းထဲ ပစ်ချဖို့သာကောင်းပါတယ်ဗျာ") ထုတ်တော့ မပြောပေ။မတော်၌ ဂျိတ်အား အနှောင့်ယှက်ပေးမိနိုင်သောကြောင့် ဖြစ်သည်။ "ယေး" အယ်မလီလေးသည် ဂျိတ်ပေးလိုက်သော စတော်ဘယ်ရီချိုချဥ်လေးကြောင့် ပျော်ရွှင်သွား၏။ ထိုချိုချဥ်လေးသည် ယခင်ချိုချဥ်ထက် အရသာပိုမိုကောင်းမွန်သောကြောင့် ဖြစ်သည်။ ထိုချိုချဥ်သည် အယ်မလီလေးအား ဂျိတ်မှ စာလုပ်သောကြောင့် ဆုအဖြစ်ပေးလိုက်ခြင်း ဖြစ်သည်။ အယ်လီနာလည်း အယ်မလီလေးအား ပုံပြင်ပြောပြရန်အတွက် မိမိအခန်းရှိရာသို့ ခေါ်ဆောင်သွားလိုက်လေသည်။ ထိုအခါမှ ကျန်းရွှမ်မှ "ဂျိတ် ကျနော်သတင်းရထားတယ် အဲ့ဒါက ခင်ဗျားနဲ့ခင်ဗျားသမီးအကြောင်းကို စစ်သည်တော်မျိုးနွယ်က စုံစမ်းနေကြတယ်ဆိုတာပဲ" "ဒါဆို ကိစ္စမရှိပါဘူး" ဂျိတ်သည် ကြောက်လန့်ခြင်းမရှိပဲ တည်ငြိမ်စွာ ပြန်ဖြေ၏။ ကျန်းရွှမ်သည် ပညာတက္ကသိုလ်သို့ သွားပြန်လုပ်​နေရင်း ထိုသတင်းကို ကြားခဲ့လိုက်ခြင်းဖြစ်သည်။ ထိုသတင်းကို ကြားခဲ့သောကြောင့် ဂျိတ်အား ပြန်ပြောပြရန် ဆုံးဖြတ်ပြီး ပြောပြခြင်းဖြစ်၏။ "သူတို့သိမှာ မကြောက်ဘူးလား သူတို့သာ ခင်ဗျားရဲ့မျိုးနွယ်အဆင့်တန်းကိုသိရင်စစ်သည်တော်မျိုးနွယ်စည်းမျဥ်းအရဆိုရင် အဆင့်မြင့်စစ်သည်မျိုးနွယ်စုက အဆင့်နိမ့်စစ်သည်ကို အမိန့်ပေးစေခိုင်းနိုင်တယ်နော်" "ဒါဆို သူတို့သိမယ်တောင်မထင်ဘူး" "နေဦး" ဂျိတ်၏စကားကြောင့် ကျန်းရွှမ်အနေဖြင့် ဦးနှောက်အား အလုပ်ပေးလိုက်ရလေသည်။ စစ်သည်တော်မျိုးနွယ်စုများအကြောင်းပြန်တွေးရပါက ၎င်းတို့သည် စစ်တိုက်ခြင်းကို ဆာလောင်တောင်းတသော အင်အားကြီးသော မျိုးနွယ်စုကြီးဖြစ်၏။ စစ်သည်တော်များဖြင့် ဖွဲ့စည်းထားသော မျိုးနွယ်စုကြီးဖြစ်ပြီး စစ်တပ်ကဲ့သို့ စည်းစနစ်ကျကျ အုပ်ချုပ်ကြသည့် မျိုးနွယ်စုဖြစ်သည်။ တခြားသော မျိုးနွယ်စုများထက် ပိုမိုသိပ်သည်းကျစ်လစ်သော မျိုးနွယ်ဆိုလည်း မမှားပေ။ စည်းမျဥ်းများဖြင့် အုပ်ချုပ်ပြီး အုပ်ချုပ်ရာ၌အတော်လေး အသေးစိတ်တိကျ သည်ဖြစ်ရာ စစ်သည်တော်မျိုးနွယ်များစာရင်း၌ ဂျိတ်အကြောင်းရှာရန် ခက်ခဲနေမည်မဟုတ်ချေ။ အကြောင်းရင်းမှာ တစ်ခုတည်းသာကျန်တော့၏။ ဤသည်မှာ ထိုအကြောင်းကို တွေးမိယုံဖြင့် ကျန်းရွှမ် မျက်နှာ ဖြူဖျော့သွား၏။ "မဖြစ်နိုင်ဘူးမဟုတ်လား ဒီစစ်သည်ကုန်းမြေက အဲ့လိုတော့ မဟုတ်ဘူး မလား" ဂျိတ်မှ အံ့အားသင့်ဟန်ဖြင့် "ကျုပ်ကတော့ ခင်ဗျားသိတယ် ထင်နေတာ အခုမှသိရတယ်ဆိုလဲ နောက်မကျသေးပါဘူး ဂုဏ်ယူပါတယ် ခင်ဗျားထင်သလိုပါပဲ" ဂျိတ်၏စကားကြောင့် ကျန်းရွှမ်မှာ ချက်ချင်းပင် ထပြေးချင်စိတ်များပေါ်လာရလေ၏။ အစောပိုင်း၌ ဂျိတ်သည် သူ၏ပြသနာကြောင့် ပါမောက္ခများဖြင့် ပြသနာတက်သည်ကို စိတ်ပူနေခဲ့ရသေး၏။ ထိုကိစ္စကြောင့် ဂျိတ်မှ စိတ်မပူသည်ကို မြင်သောအခါ ကျန်းရွှမ်အနေဖြင့် တစ်ခုခုတော့ ထူးဆန်းနေကြောင်း ခံစားမိသော်လည်း အကြောင်းရင်းကို ရှာမတွေ့နိုင်ခဲ့ပေ။ ယခုမှ ဂျိတ်၏စိတ်မပူရခြင်းကို သိလိုက်ရပြီဖြစ်၏။ ကျန်းရွှမ်၏ပြသနာကို ဂျိတ်မှကြောက်နေ၍မဟုတ်ပဲ ဂျိတ်၏ပြသနာကို ကျန်းရွှမ်မှ ကြောက်နေမည်စိုးသောကြောင့် ဖြစ်သည်။ တစ်ဖက်လူသည်လည်း မိမိလို ပြသနာအိုးပါတကား။ မဟုတ်သေးပေ။တစ်ဖက်လူသည် မိမိထက် အဆများစွာကြီးသော ပြသနာအိုးကြီးသာ ဖြစ်ပေသည်။ "ကျန်းရွှမ်ကြောက်နေတယ်ဆိုလဲ ပြသနာမရှိပါဘူး အချိန်မှီပါတယ် နောက်ဆုတ်ကြတာပေါ့" ဂျိတ်၏စကားသည် ရှင်း၏။နောက်ဆုတ်ပါက အယ်မလီလေးသည် ကျန်းရွှမ်၏တပည့်မဟုတ်တော့ပေ။ ဂျိတ်သည် မျက်နှာဖြူနေသော ကျန်းရွှမ်အား ကြည့်ကာမေးလိုက်၏။ "တစ်တက်စားလဲ ကြက်သွန် နှစ်တက်စားလဲ ကြက်သွန်ပါပဲဗျာ မထူးပါဘူး ဒီတိုင်း ဆက်လျှောက်ကြတာပေါ့" ကျန်းရွှမ်သည် အံကြိတ်ရင်း ပြောလိုက်၏။ ကျန်းရွှမ်အနေဖြင့် အယ်မလီလေးအား တပည့်အဖြစ်လက်ခံပြီးပြီဖြစ်သောကြောင့် ရှေ့ဆက်တိုးရန်သာ ဆုံးဖြတ်လိုက်သည်ဖြစ်သည်။ ယခုချိန်၌ နောက်ဆုတ်ပါက ဂျိတ်၏ပြသနာထုပ်နဲ့ ကင်းဝေးသွားနိုင်သည်ဖြစ်သော်လည်း မိမိ၏ပညာတက္ကသိုလ်သို့ တက်ရောက်နိုင်ခွင့်မှာ ဆုံးရှုံးရမည်ဖြစ်သည်။ နောက်ပြီး အယ်မလီလေးအား တပည့်အဖြစ်မှ စွန့်လွတ်လိုက်ရပါက နောက်ထပ်တပည့်ရရန်ကား 1000%၌ 2%ပင် မသေချာနေသော အခြေနေ၌ ရောက်ရှိနေသည်ဖြစ်၏။ ထို့ကြောင့် ကျန်းရွှမ် အနေဖြင့် မထူးဇာတ်ခင်းရန်သာ ဆုံးဖြတ်လိုက်သည်ဖြစ်သည်။ "အခုလို ဆုံးဖြတ်လို့ ဝမ်းသာပါတယ်ဗျာ" ဂျိတ်သည် စိတ်ရင်းဖြင့် ပြောလိုက်သည်ဖြစ်သည်။ ကျန်းရွှမ်သည် ကြီးမားလှသောပြသနာဖြင့် တွေ့ရမည်ဖြစ်သော်လည်း ရှောင်ထွက်သွားခြင်းမရှိပဲ ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သောကြောင့် ဖြစ်သည်။ ဂျိတ်လည်း ကျန်းရွှမ်စိတ်ပူပင်မှုပြေစေရန် အတွက် ကော့တေးတစ်ခွက်အား ပေးလိုက်၏။ထိုကော့တေးအား ကျန်းရွှမ်သောက်လိုက်သည်နှင့် ချက်ချင်းပင် မိမိ၏စိတ်ပူပင်မှုများပြေလျော့လာသလိုခံစားမိ၏။ ထိုသို့​ပြောလျော့သွားသည်နှင့် အယ်မလီလေး၏ရှေ့ရေးအတွက်ဆွေးနွေးရင်း ကျောင်းအကြောင်းသို့ ရောက်ရှိသွားလေ၏။ ပညာတက္ကသိုလ်သည် ပါမောက္ခများ၏ ဘဝတက်လှမ်းရေးတွင် အရေးပါသော ဘဝခရီးလမ်းတစ်ခုဖြစ်သည်။ ထိုတက္ကသိုလ်၌ မရေတွက်နိုင်သော အဖိုးတန် ပညာများအားလုံး စုစည်းထားသည်ဖြစ်သည်။ စကြာဝဠာတစ်ဝန်း၌ ရှားပါးသည်ဟုဆိုသော သိုင်းပညာများ သိုင်းကျင့်စဥ်များမှ စ၍ တခြားသော ပစ္စည်းများကိုလည်း မမြင်ချင့်အဆုံး ထိုနေရာ၌ မြင်တွေ့ခွင့်ရမည်ဖြစ်သည်။ ထိုကျောင်းသည် ဝင်ခွင့်ကန့်သတ်ချက်ရှိသည်ဖြစ်ရာ ဝင်ခွင့်မရသောသူများသည် ထိုတက္ကသိုလ်၏လက်အောက်ခံ ကောလိပ်သုံးကျောင်းသို့ တက်ရောက်နိုင်၏။ ထိုသုံးကျောင်းမှာ သန့်ရှင်းဖြူစင်ကောလိပ်၊အလင်းရောင်ကောလိပ်နှင့် မီးတောက် ကောလိပ်တို့ဖြစ်ပေသည်။ ပညာတက္ကသိုလ် ပြီးပါက ထိုကောလိပ်သုံးကျောင်းသည် ပါမောက္ခတိုင်း၏တက်ရောက်လိုသော ကျောင်းတော်များဖြစ်ပေသည်။ ပါမောက္ခများအတွက် ပညာတက္ကသိုလ်သည် အလွန်ပင် အရေးပါလှသော နေရာဖြစ်ပြီး ထိုနေရာမှ အောင်မြင်ကြောင်း ဘွဲ့ယူနိုင်ပါက မပြောနိုင်သည့် အောင်မြင်မှုများကို ရရှိမည်ဖြစ်သည်။ ထိုကျောင်းမှ ဘွဲ့ရသည်ဆိုသည်နှင့် စကြာဝဠာတစ်ခွင်မှ အင်အားကြီးမျိုးနွယ်စုများမှ ခြေ​ထောက်ရှေ့ဝပ်စင်းခယတောင်းပန်ပြီး တပည့်အဖြစ်လက်ခံပေးရန် တောင်းဆိုကြရမည်ဖြစ်သည်။ ဤသည်က အသေးဖွှဲကို ပြောပြရခြင်းဖြစ်သည်။ နဂိုကတည်းက အစွမ်းထက်ပြိုင်ဖက်ကင်းသော ပါမောက္ခသည် ထိုဘွဲ့သာ ထပ်ရပါက ထူးသည်မှ ပိုထူးရန်သာ ကျန်ရှိတော့သည်ဖြစ်သည်။ နောက်ပြီး ကိစ္စတော်တော်များများကိုလဲ ဖြေရှင်းနိုင်သည်အထိ အစွမ်းထက်သောကြောင့် ထိုတက္ကသိုလ်အား ကျန်းရွှမ်မှ တက်ရောက်ရန် စိတ်အားထက်သန်နေခြင်းဖြစ်ပေသည်။ ကောလိပ်သုံးကျောင်းမှ ဘွဲ့ရပါကလည်း အခွင့်ရေးများစွာရှိသော်လည်း ပညာတက္ကသိုလ်၏အခွင့်ရေးကိုတော့ မှီနိုင်မည်မဟုတ်သည် ဖြစ်ရာ အမြင့်ဆုံးသာ မှန်းသော ကျန်းရွှမ်အဖို့တော့ ပညာတက္ကသိုလ်သည်သာ အဓိကဖြစ်ချေသည်။ "ဒီလို ကျန်းရွှမ်က ဆုံးဖြတ်ထားတာကို လေးစားပါတယ် ဒါနဲ့ ဘာလို့ပညာတက္ကသိုလ် တက်မှဖြစ်မယ်လို့ ဘယ်အကြောင်းရာက တွန်းအားပေးနေလို့လဲ" ဂျိတ်၏စကားက ကျန်းရွှမ်အား ပြင်းထန်သော လက်သီးဖြင့် ထိုးလိုက်သည့်ပမာပင်။ ကျန်းရွှမ်မှ အနည်းငယ်တွေးငိုင်နေပြီး သက်ပြင်းချ၏။ပြီးကာမှ "ကျနော်ဘဝရဲ့အရေးအကြီးဆုံးအရာကို လိုချင်လို့ပါ" ကျန်းရွှမ်တွင်လည်း ထိုသို့သော ခက်ခဲသောပြသနာရှိကြောင်း ဂျိတ်လည်းသိလိုက်ရလေသည်။ "မပူပါနဲ့ အရင်ဆုံးတက္ကသိုလ်ဝင်ခွင့်ရအောင် လုပ်ကြတာပေါ့ ပြီးရင် အဲ့ကိစ္စကို ကျုပ်ဝင်ကူညီပေးမယ်လို့ ဆုံးဖြတ်လိုက်ပြီ" ဂျိတ်၏စကားက ကျန်းရွှမ်အတွက် များစွာသော တွန်းအားကို ဖြစ်ပေါ်စေခဲ့လေသည်။ "ကျေးဇူးပါဗျာ"

All Chapters