အခန်း (၄၀၃-၄၀၅)
Vol. 27 Ch. 403-405
(403)စာမေးပွဲ ဖြေဆိုခြင်း (1)
ဂျိတ်မှ ပွဲကြည့်စင်၌ ထိုင်လိုက်သည်နှင့် ဒုတိယအဆင့် စစ်ဆေးခြင်းသည် စတင်လိုက်ပြီလည်း ဖြစ်သည်။ စတင်လိုက်သည်နှင့် ကုလောင်း၏လောင်းကစားခြင်းသည်လည်း ရပ်တန့်လိုက်ပြီး ရလာဒ်ကိုသာစောင့်နေတော့၏။ စတင်ပြီဆိုသည်နှင့် ရုပ်တုကြီးမှ သူ၏စုတ်တံအား တစ်ချက်ဝှေ့ယမ်းပြန်၏။ ထိုအခါ ကျောင်းဝင်ပေါက်တံခါး၌ ထူးခြားသော လေဟာနယ်ဝင်ပေါက်တစ်ခုဖြစ်တည်လာခဲ့လေသည်။ "စာဖြေသူများ ဒီလေဟာနယ်ဝင်ပေါက်ကိုဖြတ်သန်းပြီး ဖြေဆိုကြပါ" ဒိုင်လူကြီးမှ အော်ပြောလိုက်သည်နှင့် ပါမောက္ခများသည် သူ့ထက် ငါအပြိုင် ပြေးဝင်သွားကြ၏။ ("ကျန်းရွှမ် အမြင့်ဆုံးရအောင်ကြိုးစားထား ရရင် ငါမင်းကို @#$%ကျမ်းစာပေးမယ်") ဂျိတ်မှ ကျန်းရွှမ်အား စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်၏။ ထိုစကားပေးပို့မှုအား ကျန်းရွှမ်ကြားသည်နှင့် သိကြောင်း ဂျိတ်ဖက်လှည့်ခေါင်းညိတ်လိုက်ပြီး လေဟာနယ်ဝင်ပေါက်ထံသို့ တည်ငြိမ်စွာလမ်းလျှောက်သွားလေသည်။ "ကဲ ဘယ်သူတွေက အောင်မြင်ပြီး အမှတ်အများဆုံးရမယ်ဆိုတာကြည့်ရှုလိုက်ကြရအောင်" ဒိုင်လူကြီးမှ ပြောပြီး သူ၏လက်ဝှေ့ယမ်းလိုက်သည်နှင့် ထူးခြားသော အမှတ်ပေးဇယားကွက်သည် လေထဲ၌ ပေါ်လာလေ၏။ ထိုဇယားကွက်သည် လောလောဆယ်၌ အမည်းရောင်ဖြစ်နေပြီး နာမည်များပေါ်နေခြင်းမရှိပေ။ ဤသည်မှာ စာမေးပွဲ စတင်ဖြေဆိုနေကြဆဲဟု အဓိပ္ပါယ်ရလေသည်။ "ဒီလေဟာနယ်ဝင်ပေါက်ကဘာလဲ" ဂျိတ်လည်း သိချင်လာသဖြင့် စူးစမ်းလိုက်ရာ ထိုလေဟာနယ်ဝင်ပေါက်သည် သေးငယ်သော အတွင်းကမ္ဘာလေးတစ်ခု၏ဝင်ပေါက် ဖြစ်ကြောင်း သိလိုက်ရလေသည်။ စာမေးပွဲ ဖြေဆိုကြရသော ပါမောက္ခတိုင်းသည် ထိုအတွင်းကမ္ဘာငယ်လေးဆီသွားပြီး စာမေးပွဲ ဖြေဆိုကြရသည်ဖြစ်သည်။ ထိုကမ္ဘာလေးငယ်တစ်ခုလုံးသည် စာမေးပွဲစစ်ဆေးရန်အတွက် အထူးသီးသန့်တည်ဆောက်ထားသော အရာဖြစ်ပြီး စာမေးပွဲ စစ်ဆေးရန်အတွက် ကျောင်းဆောင်အဆောက်ဦးများကိုသာ တည်ဆောက်ထားသည်ဖြစ်သည်။ အတွင်းကမ္ဘာငယ်သို့ရောက်သည်နှင့် ပါမောက္ခတိုင်းကို ၎င်းတို့ချိတ်ဆွဲထားသော ပါမောက္ခအမှတ်သားကတ်မှ စာမေးပွဲဖြေဆိုရန် အဆောက်ဦးများသို့ အလိုလျောက်ပို့ဆောင်ပေးမည်ဖြစ်သည်။ လေးသိန်းကျော်ရှိသော ပါမောက္ခများအတွက် ထိုကမ္ဘာမှ အဆောက်ဦးများသည် ပိုလျှံ၍ပင်ရှိနေသေးသည်အထိ များပြားလှသည်ဖြစ်သည်။ ထိုကမ္ဘာသည် အပြင်၌ရှိနေသော ဥပဒေများနှင့်လည်း ကွဲဲထွက်နေကြောင်းတွေရလေသည်။ အထူးသဖြင့် အတွင်းကမ္ဘာ၌ ကြာချိန်သည် အပြင်ကမ္ဘာထက် ပို၍ ကြာညောင်း၏။ ပါမောက္ခများအတွက် စာမေးပွဲဖြေဆိုရာ၌ ရက်များစွာကြာမြင့်မည်ဖြစ်သော်လည်း အပြင်၌ နှစ်နာရီမျှသာ ကြာမြင့်မည်ဖြစ်သည်။ ထိုကမ္ဘာအား အလွန်အစွမ်းထက်သော ပါမောက္ခတစ်ယောက်မှ တည်ဆောက်ထားခဲ့ခြင်းဖြစ်ပြီး ကမ္ဘာတစ်ခုဖြစ်စေရန် လိုသော အချက်လက်များနှင့် အမှန်တရားဥပဒေသအား ပေါင်းစပ်တည်ဆောက်ထား၏။ ထိုသို့တည်ဆောက်ထားသောကြောင့် အတွင်းကမ္ဘာ၌ သိစိတ်တစ်ခုရှိ၏။ ထိုသိစိတ်သည် များစွာသော ပါမောက္ခများအား စာဖြေရန် နေရာများအား မည်သို့သောနေရာများ၌ ပို့ရမည်ကို ဆုံးဖြတ်ပေးပြီး မည်သို့ဘာသာရပ်ဖြေဆိုရမည်ကို ရွေးချယ်ပေးသည်။ သိစိတ်၏အဓိကတာဝန်သည် ခိုးချသူများကို ရှာဖွေစစ်ဆေးဖော်ထုတ်သည်ဖြစ်သည်။ ထိုသို့တည်ဆောက်ထားသောကြောင့် ခိုးချဖြေရန်ကြံရွယ်သော စာဖြေသူတိုင်း အတွင်းကမ္ဘာ၏ကန်ထုတ်ခြင်းကိုခံရမည်ဖြစ်ပြီး အပြင်သို့ အလိုလျောက်ပြန်လည်ရောက်ရှိလာမည်ဖြစ်သည်။ သိစိတ်သည် ဖြေဆိုခါနီး၌ သိသင့်သော စာမေးပွဲ စည်းမျဥ်းများ ပြောပြပြီး စာမေးစစ်ဆေးပေးမည်ဖြစ်သည်။ "ဟော သူတို့ဖြေနေကြပြီဟေ့" မှိန်နေသော အမှတ်ဇယားမှ စတင်လင်းထိန်လာပြီး ဟုန်ပေါင်း ဟူသော ပါမောက္ခတစ်ယောက်၏နာမည်ပေါ်လာ၏။ သူ့နာမည်နှင့်အတူ ဘေး၌ ပန်းပဲ ဘာသာရပ် ရမှတ် ရှစ်ဆယ် ဂုဏ်ထူး ဟူသော အချက်လက်များပေါ်ပေါက်လာလေ၏။ "သူတော်တယ်ဟ" ကြည့်မိသော လူများသည် ထိုပါမောက္ခအား ချီးမွန်းလိုက်ကြ၏။ထိုနာမည်ပေါ်ပြီး ငါးစက္ကန့်အကြာ၌ ဇယားပေါ်၌ သိန်းချီနေသော ပါမောက္ခများ၏နာမည်များက လင်းလက်လာပြီး သူတို့၏ရမှတ်များပါ ပေါ်ပေါက်လာလေတော့၏။ "ပါမောက္ခတွေလို့ မပြောရဘူး ကြမ်းလိုက်ကြတာ" ဇယား၌ ပေါ်နေသော နာမည်များကိုကြည့်ပြီး ကြည့်ရှုသူတိုင်း ဆွေးနွေးလိုက်ကြလေသည်။ ဆယ်စက္ကန့်ကြာသောအခါ ပထမအဆင့်ကိုအောင်သောသူတိုင်း သည် ကျန်းရွှမ်မှတစ်ပါးဇယားပေါ်သို့ ရောက်ရှိနေကြပြီဖြစ်သည်။ ကြည့်ရှုသူများ၏မျက်လုံးများသည် အမှတ်ပေးဇယားပေါ်သို့ ရောက်ရှိနေကြပြီဖြစ်၏။ သူတို့၏ဦးစားပေးကြည့်ရှုခြင်းသည် ပထမအဆင့်၌ရှိနေသော ပါမောက္ခကို ဖြစ်၏။ နှစ်မိနစ်မျှကြာသောအခါ အမည် ဟုန်ပေါင်း ပန်းချီဘာသာရပ် ရမှတ်တစ်ရာ (အမှတ်ပြည့်) နှစ်ဘာသာပေါင်း တစ်ရာ့ရှစ်ဆယ် ဆိုပြီး ပေါင်းခြင်းရမှတ်ကိုလည်း ထုတ်ပေးသည်ဖြစ်သည်။ "ဝိုး သူကတော့ တကယ်တော်တယ်နော်" "ဟုတ်တယ်ဟ" ကြည့်ရှုသူများ၏ဝေဖန်ပြောသံများက ဇယားကွက် လင်းပြီးကတည်းက စတင်ဆူညံနေခဲ့ပြီဖြစ်သည်။ တကယ်တမ်း ဒုတိယအဆင့်ဖြေဆိုသည်ခြင်းသည် များစွာသောစာမေးပွဲများဖြင့် ပေါင်းစပ်ထားသည်ဖြစ်ပြီး ကြောက်မက်ဖွယ်ရာ စည်းမျဥ်းများဖြင့် ချုပ်ထားသည်လည်းဖြစ်၏။ အပြင်ကမ္ဘာ၌ နှစ်နာရီသည် အတွင်းကမ္ဘာ၌ ရက်တစ်ရာဖြစ်ပြီး ထိုရက်တစ်ရာအတွင်း၌ ပါမောက္ခများသည် ဘာသာရပ်များကို ဖြေဆိုရမည်ဖြစ်သည်။ သတ်မှတ်ထားသော ရက်တစ်ရာအတွင်း၌ ပါမောက္ခများသည် သိစိတ်မှရွေးချယ်ပေးသော ဘာသာရပ်များကို ဖြေဆိုကြရမည်ဖြစ်သည်။ ဖြေဆိုရာတွင်လည်း ကြောက်မက်ဖွယ်ရာ စည်းမျဥ်းများရှိနေသေး၏။ ရက်တစ်ရာအတွင်း၌ ဘာသာရပ်များဖြေဆိုရာ၌ မိမိဖြေဆိုသော ဘာသာရပ်၌ ငါးဆယ်ရရှိမှသာ အောင်မြင်မည်ဖြစ်ပြီး နောက်ထပ်သော ဘာသာရပ်ကို ဖြေဆိုနိုင်မည်ဖြစ်သည်။ ရှစ်ဆယ်ရရှိပါက ဂုဏ်ထူးဟု သတ်မှတ်သည်ဖြစ်သည်။ တစ်ဘာသာကို ဘယ်နှရက်ဖြေဆိုရမည်ဟု အကန့်သတ်မရှိပဲ ရက်တစ်ရာ၌ ဘာသာပေါင်းမည်မျှဖြေဆိုပြီး အောင်မြင်ကာ အမှတ်မည်မျှရရှိနိုင်သည်ကသာ အရေးကြီးဆုံးဖြစ်သည်။ ပထမဖြေဆိုသော ဘာသာကို ဂုဏ်ထူးဖြင့် အောင်သည်ဖြစ်စေ အမှတ်ပြည့်ရရှိသည်ဖြစ်စေ နောက်တစ်ဘာသာ၌ ကျရှုံးပါက ချက်ချင်းထုတ်ပယ်ခံရမည်ဖြစ်သည်။ နောက်ပြီး သိစိတ်ကရွေးချယ်ပေးသော ဘာသာအား မိမိမတတ်မြောက်ပါက နောက်ထပ်သော ဘာသာကိုပြောင်းလဲ ဖြေဆိုနိုင်သည်။ သို့သော်လည်း ထိုသို့ပြုလုပ်သည်နှင့် မိမိ၌ရှိသော အမှတ်အနည်းငယ်လျော့ကျသွားနိုင်ပြီး သုံးကြိမ်ထက်ပိုပါက ချက်ချင်းပင် ကျရှုံးဟု သတ်မှတ်ခံရမည်ဖြစ်သည်။ ထို့ကြောင့် ရက်တစ်ရာအချိန်အတွင်း၌ များစွာသော ဘာသာရပ်များကို မြန်မြန်နှင့် မှန်ကန်စွာဖြေဆိုပြီး အမှတ်များများရရှိအောင် ကြိုးစားရမည်ဖြစ်သည်။ အမှတ်များများရရှိအောင် ဖြေရသည်မှာလည်း အကြောင်းရင်းရှိနေပြန်၏။ အဘယ်ကြောင့်ဆိုသော် ဖြေဆိုသူလေးသိန်းကျော်မှ တစ်ထောင်ကိုသာ ဒုတိယအဆင့်မှ ရွေးချယ်မည်ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ပါမောက္ခများသည် ရက်တစ်ရာအချိန်၌ မိမိတို့ဖြေဆိုရသော ဘာသာတိုင်းအား အောင်မြင်အောင်ဖြေဆိုကြရသည့်အပြင် အမှတ်များအောင်လည်း လုပ်ဆောင်ကြရသေး၏။ ဆယ်မိနစ်ကြာသောအခါ ဇယား၌ရှိနေသော အမှတ်များသည် မြန်ဆန်စွာပြောင်းလဲနေသည်ဖြစ်သည်။ ထိုအမှတ်များတွင် ကျန်းရွှမ်၏အမှတ်ပါဝင်နေခြင်းမရှိသေးပေ။ "ဒီကောင်ဘာလုပ်နေတာလဲ" ဂျိတ်မှ ကျန်းရွှမ်၏လုပ်ရပ်အား မစဥ်းစားတတ်အောင် ဖြစ်နေ၏။ ဆယ်ငါးမိနစ်ကြာသောအခါ ဇယား၌ရှိနေသော ပါမောက္ခများအများစုသည် အနည်းဆုံးဘာသာရပ်ဆယ်ခုအား ဖြေဆိုအောင်မြင်ထားကြပြီးဖြစ်ကြောင်းတွေ့ရလေ၏။ မိနစ်နှစ်ဆယ်ကြာသောအခါ ဇယားမှ အဆင့်တန်း သတ်မှတ်ပေးလိုက်၏။ အဆင့်တစ်မှ တစ်ရာအတွင်း၌ရှိသူများအား နာမည်များအား ရွှေရောင်တောက်ပစေပြီး လင်းလက်စေ၏။ တစ်ရာ့တစ်မှ တစ်ထောင်အထိအား ရွှေရောင်ဖြစ်စေပြီး ကျန်နာမည်များအား အဖြူရောင်အဖြစ်တည်ရှိစေသည်ဖြစ်သည်။ နာရီဝက်ကြာသောအခါ တစ်ချို့သော ပါမောက္ခများ၏နာမည်များသည် အနီရောင်ပြောင်းလဲသွားကြောင်းတွေ့လိုက်ရလေ၏။ ထိုသို့အနီရောင်ပြောင်းလဲရခြင်းသည် ဖြေဆိုသောဘာသာရပ်ကျရှုံးသောကြောင့် ထုတ်ပယ်ခြင်းခံရကြောင်း ဖော်ပြသည်ဖြစ်သည်။ "ဟင် ဒီကောင်ကတော့ နည်းတောင်နည်းသေးတယ်" ထိုစကားသံများကြားသောကြောင့် ဂျိတ်လည်း ဇယားအား ကြည့်ရာ နာမည်တစ်ခုသည် မီးခိုးရောင်သန်းနေကြောင်း တွေ့ရ၏။ ထိုအဓိပ္ပါယ်သည် ခိုးချသောကြောင့် ထုတ်ပယ်ကြောင်း ဖော်ပြ၏။ ထိုသူသည် အနီရောင်ထုတ်ပယ်ခြင်းထက် များစွာသော အပြစ်ကြီးသူဖြစ်၏။ အနီရောင်သည် ဘာသာရပ်ဖြေရာ၌ ကျရှုံးသောကြောင့်သာ ထုတ်ပယ်ခြင်းခံရကြောင်းသာဖော်ပြပြီး မီးခိုးရောင်သာ ပြသခံရပါက ထိုပြသခံရသော ပါမောက္ခ၏အလုပ်ကိုင်သည် ရှေ့လျှောက်ဘဝ၌ အလွန်ပင်ခက်ခဲရုန်းကန်ရတော့မည်ဖြစ်သည်။ လက်ရှိအဆင့်မှ နောက်ထပ်အဆင့်တစ်ခုသို့ တက်လှမ်းရာ၌ ဘယ်လိုမှမဖြစ်နိုင်ကြောင်း တံဆိပ်ခပ်နှိပ်ထားကြောင်းလည်း ဖြစ်သည်။ ထိုအခိုက်၌ ဒိုင်လူကြီးသည် ရုတ်တရက်ဆိုသလို မျက်ခုံးများတွန့်သွားပြီး နှဖူးကြောများကြုံသွား၏။ ချက်ချင်းပင် အသက်တစ်ရာမျှကုန်ဆုံးသွားဟန်ဖြင့် အမူရာရှိ၏။ ဤသည်မှာသူသည် သတင်းစကားတစ်ခုကို ကြားလိုက်ရသောကြောင့် ဖြစ်သည်။ သူရသောသတင်းစကားသည်ကား "အဖျက်နတ်ဘုရား ကျန်းရွှမ်က မင်းစာမေးပွဲ ဖြေနေတယ်"
(404)စာမေးပွဲ ဖြေဆိုခြင်း (2)
အမှတ်ပေးဇယား၌ ကျန်းရွှမ်မပါနေရခြင်းအကြောင်းရင်းကို ပြောပြရပါလျှင်..... စာမေးပွဲစတင်ချိန်၌ ကျန်းရွှမ်သည်လည်း မိမိဖြေဆိုရမည့်အဆောက်ဦးတစ်ခုထဲသို့ရောက်ရှိသွားလေ၏။ ထိုသို့ရောက်ရှိသွားအောင်လည်း အတွင်းကမ္ဘာ၏သိစိတ်က လုပ်ဆောင်ပေးလိုက်ခြင်းဖြစ်ပြီး ပထမဆုံးအနေဖြင့် ကျန်းရွှမ်အား ဖြေဆိုခိုင်းသည်ကတော့ ဆေးဖော်စပ်ခြင်းပင်ဖြစ်သည်။ ဆေးဖော်စပ်ရာ၌ နတ်ဘုရားအဆင့်ဖြစ်သော အသက်သွေးပြန်လည်ဖြစ်တည်ဆေးကို ဖော်စပ်ခိုင်းသည်ဖြစ်သည်။ ကျန်းရွှမ်ဆေးဖော်စပ်နိုင်ရန်အတွက်လည်း ကျန်းရွှမ်ရှေ့၌ လိုအပ်သော ဆေးအမယ်အစုံလိုက်ကိုလည်း ကြီးမားသော စားပွဲပေါ်၌ ချထားပေးသည့်အပြင် ဆေးဖော်ရန် ဆေးမီးဖိုကိုလည်း အသင့်၊ဆေးမီးတောက်ကိုလည်း အသင့်ပြင်ဆင်ထားပေး၏။ ကျန်းရွှမ်နှင့် လိုအပ်သည်များ ပြောဆိုဆွေးနွေးနိုင်ရန် ကျန်းရွှမ်၏ရှေ့၌ အတွင်းကမ္ဘာ၏သိစိတ်သည် အသက်ရာချီသော မုတ်ဆိတ်ဖြူအဘိုးကြီးအသွင်ယူထား၏။ သိစိတ်သည် ဖြေဆိုသော ပါမောက္ခတိုင်းအတွက် မုတ်ဆိတ်ဖြူအဘိုးကြီးအသွင်ယူထားသည်လည်း ဖြစ်သည်။ "ဒါဆို ကျနော်ဖြေတော့မယ် ဒါနဲ့ ဆေးဖော်စပ်တာမှာ ကျနော်က သဘောတရားဆွေးနွေးငြင်းခုံခြင်းနဲ့ အောင်မြင်လာတဲ့သူဆိုတော့ ညွှန်ကြားပြီးဆေးဖော်ခိုင်းလို့အဆင်ပြေလား" ကျန်းရွှမ်၏စကားသည် သင့်လျော်သည်ဟု ယူဆသောကြောင့် မုတ်ဆိတ်ဖြူအဘ်ိုးကြီးလည်း ကျန်းရွှမ်ညွှန်ကြားစေခိုင်းနိုင်ရန် အတွက် ဆေးဖော်စပ်နိုင်သည့် ရုပ်သေးရုပ်အား ဖန်တီးပြီး ဆေးမီးဖိုးရှေ့၌ ချပေးလိုက်၏။ ထိုအရုပ်သည် လူပုံံစံရှိပြီး ပါမောက္ခများဆေးဖော်ရာ၍ လိုအပ်သော အရာများအားလုံးအား ကျွမ်းကျင်စွာပြုလုပ်ပေးနိုင်၏။ သူတို့စေခိုင်းသော ပုံစံဆေးဖော်နည်းများကိုလည်း ကျွမ်းကျင်ပြီးဖြစ်သည်။ "ခင်ဗျားဟာက သစ်သားရုပ်ကြီး မတော်လို့မီးလောင်ကုန်ရင်ဘယ်လိုလုပ်မလဲ" ကျန်းရွှမ်၏ဘုတော စကားကြောင့် သိစိတ်လည်း အနည်းငယ်စိတ်ရှုပ်ထွေးလာပြီး "ဒီသစ်သားရုပ်က မင်းထင်တာထက် အကြမ်းခံတယ်ကွ" "ဒီဆေးမီးဖိုကော ခိုင်ခံလား" "သေချာတာပေါ့" သိစိတ်၏အော်သံကြောင့် ကျန်းရွှမ်လည်း စာမေးပွဲ ဖြေဆိုရန် ပြင်ဆင်လိုက်၏။ "ရုပ်သေးရုပ် ခြေငါးလှမ်းပါ ပြီးရင် ခြေထောက်တွေကို တစ်ရွက်တိုက် နောက်ပြန်ဆုတ်လာခဲ့ လက်တစ်ဖက်က ခေါင်းကိုကိုင်ထား ကျန်လက်တစ်ဖက်က ဗိုက်အောက်နားထားထား သိတယ်မလား အေဟုတ်တယ် မိုက်ကယ်ဂျက်ဆင်အကပုံစံလေ" ရုပ်သေးရုပ်အား ဆေးမဖော်သေးပဲ ကခိုင်းနေသော ဖြစ်စဥ်ကို ကြည့်ပြီး သိစိတ်အနေဖြင့် ဆွံအသွား၏။ "မအံသြပါနဲ့ ရုပ်သေးရုပ်ရဲ့ လှုပ်ရှားနိုင်မှုကို စမ်းကြည့်နေတာပါ" ကျန်းရွှမ်၏ရှင်းပြမှုသည် သင့်လျော်သောကြောင့် သိစိတ်လည်း ဒိီအတိုင်း ဆက်လက်ကြည့်ရှုနေ၏။ "ဟုတ်ပြီ ဆေးမီးဖိုအောက်က ဆေးမီးတောက်ကို အပူမြင့်မြင့်ပေးမယ် ပြီးရင် ဆေးမီးဖိုအဖုံးကို ဖွင့်လိုက်" ကျန်းရွှမ်၏အမိန့်ပေးမှုအောက်၌ ရုပ်သေးရုပ်သည် တိကျသေချာစွာလှုပ်ရှားဆောင်ရွက်နေပြီဖြစ်သည်။ "ဟုတ်ပြီ ဒီနေမင်းသစ်ရွက်တွေကို လေယူရာယိမ်းသိုင်းကွက်နဲ့ အကုန်လုံးသိမ်းကြုံးပြီး ဆေးမီးဖိုထဲ ပစ်ထည့်လိုက်" ("မြတ်စွာဘုရား") ဤသည်မှာ သိစိတ်၏ပထမဆုံးအကြိမ် အာမေဋိတ်ပြုမိသည်ဖြစ်၏။ မိမိစာမေးပွဲ စစ်ဆေးလာသည်မှာ သက်တမ်းအလွန်တရာကြာညောင်းခဲ့ပြီ ဖြစ်သော်လည်း ထိုသို့သော ပါမောက္ခမျိုး မတွေ့ဖူးခဲ့ပေ။ သူအံအားသင့်သွားရခြင်းမှာ ဆေးဖော်ခြင်းစာမေးပွဲ၌ ဆေးဖော်ရန် ပြင်ဆင်ပေးထားသော အဆေးအမယ်ဆယ်စုံစာကို တစ်ပြိုင်တည်း ဆေးမီးဖိုထဲသို့ ပစ်ထည့်လိုက်သောကြောင့် ဖြစ်၏။ ပြင်ဆင်ပေးထားသော ဆယ်စုံသည် လိုရမယ်ရပြင်ပေးထားခြင်းသာဖြစ်ပြီး တစ်စုံတည်းဖြင့် မအောင်မြင်ပါက ကျန်ကိုးစုံကို အသုံးပြုနိုင်စေရန်အတွက် ဖြစ်၏။ တစ်စုံတည်းသုံးပြီး အောင်မြင်သွားပါက ကျန်အစုံများကို မလိုအပ်တော့ပေ။ ဤသည်ကို ကျန်းရွှမ်မှ တစ်ပြိုင်တည်း သုံးလိုက်သောကြောင့်ဖြစ်၏။ ထိုနေမင်းသစ်ရွက်ထည့်ပြီး ဆယ့်စက္ကန့်ကြာသောအခါ ကျန်းရွှမ်၏စက်သေနတ် အမိန့်ပေးသံများ ထွက်ပေါ်လာလေတော့၏။ "နောက်ထပ် လမင်းဆေးမြစ်တွေကို လက်ဝါးသိုင်းနဲ့ အကုန်ယူကြုံးပြီး ဆေးမီးဖိုထဲကို အလယ်တည့်တည့်က မထည့်ပဲ ဆေးမီးဖိုနှုတ်ခမ်းသားလေးနားကနေ ထည့်မယ် အသက်ငါးကြိမ်ရှုစာကျရင် နဂါးအရိုးတွေပစ်ထည့် ထည့်ပြီးတာနဲ့ အမြင့်ဆုံးအပူပေးလိုက်...ပြီးရင် အစိမ်းရင့်ဆေးမြစ်နဲ့ ခရမ်းလရောင်ဆေးမြစ်နှစ်ပုံကို ရောပြီး ပစ်ထည့်...." စသော အမိန့်ပေးသံများ ဆက်တိုက်ထွက်ပေါ်လာလေ၏။ ထိုသို့အမိန့်ပေးနေရင်းမှာပင် "ဝုန်း" ကြီးမားသော ပေါက်ကွဲသံကြီးနှင့်အတူ ဆေးမီးဖိုမှ ပေါက်ကွဲထွက်သွားလေတော့၏။ ထိုသို့ပေါက်ကွဲသွားသည် သိစိတ်မှအသွင်ယူထားသော မုတ်ဆိတ်ဖြူအဖိုးကြီးသည် မျက်လုံးဆန်ပြူးကြည့်ရှုနေ၏။ "ပြောတော့ ခိုင်ခံ့တယ်ဆို ဘယ်လိုဖြစ်တာလဲ" ("နင့်မေကြီးတော်ပဲဟေ့ ဆေးမီးဖိုက ဆေးတစ်စုံစာဖော်လို့ ထွက်လာတဲ့ ပေါက်ကွဲအားထက် ငါးဆပိုပြီးခိုင်ခံ့တယ်ကွ အခုဟာက မင်းက လွန်လွန်ကြူးကြူး ဆယ်စုံစာတစ်ပြိုင်တည်းဖော်မယ်လို့ ဘယ်ထင်မတုန်း") မုတ်ဆိတ်ဖြူအဖိုးကြီးလည်း စိတ်ထဲမှသာ ကျိန်ဆဲပြီး ဆေးမီးဖိုအသစ်ကို ပြန်လည်ဖန်တီးပေးလိုက်၏။ ကုန်သွားသော ဆေးအမယ်များကိုလည်း ပြန်လည်ဖြည့်ပေးလိုက်သည်။ သစ်သားရုပ်ကိုလည်း သံမဏိရုပ်အဖြစ်ပြောင်းလဲပေးလိုက်၏။ မပြောင်းလဲပေး၍လည်းမရပေ။ ဆေးမီးဖိုးပေါက်ကွဲမှုကြောင့် ကြံခိုင်ပေ့ဟူသော သစ်သားရုပ်သည် ပြာကျသွားပြီဖြစ်သောကြောင့်ဖြစ်သည်။အသစ်ဖန်တီးထားသော ဆေးမီးဖိုနှင့် သံမဏိရုပ်ကို ကျန်းရွှမ်မှ သဘောကျပြီး ခေါင်းညိတ်လိုက်၏။ "ကဲစပြီ" ထိုစကားဆုံးသည်နှင့် ဆေးဖော်ရန်ညွှန်ကြားသော အသံကား တသီသတန်းကြီး ထွက်ပေါ်လာလေတော့၏။ထိုအသံသည် ဆက်တိုက်ထုတ်ဖော်နေရာ ရက်(rap)စာသားရွက်နေသည်နှင့်ပင် တူလှ၏။ အသစ်ဖန်တီးထားသော သံမဏိရုပ်သည်လည်း ကျန်းရွှမ်၏အမိန့်အောက်၌ မြန်ဆန်စွာဆေးဖော်လေတော့၏။ မုတ်ဆိတ်ဖြူအဖိုးသည်လည်း ထိုမြင်ကွင်းအား ပထမဆုံးအကြိမ်မြင်ဖူးသည်လည်းဖြစ်၏။ "ဒီဆေးမြစ်ကိုထည့်ပြီး သုံးစက္ကန့်ကြာရင် နောက်တစ်မျိုးထပ်ထည့် ထည့်ပြီး ဆယ်စက္ကန့်ကြာရင် နောက်ထပ်......" မြန်ဆန်စွာဆေးဖော်နေသော အရုပ်ထက် မြန်ဆန်စွာအမိန့်ပေးနေသော ကျန်းရွှမ်အား ကြည့်ကာ တုန်လှုပ်နေသည်ဖြစ်၏။ ဆက်တိုက်အမိန့်ပေးစေခိုင်းနေသော်လည်း ယခုချိန်ထိ အမှားမရှိသေးသည့်အတွက်ကြောင့်ဆိုပါက မမှားပေ။ သို့သော်လည်း နာရီဝက်ကြာသောအခါ "အုန်း..ဝုန်း......" "ဝရော" ဒီတစ်ခါတော့ ဆေးမီဖိုးနှင့် အရုပ်ပျက်စီးခြင်းမဟုတ်ပဲ ကျန်းရွှမ်ဆေးဖော်နေသော အဆောက်ဦးကြီး၏မျက်နှာကျက်များ ပြိုကျပျက်စီးသွားခြင်းပင် ဖြစ်သည်။ ကျန်းရွှမ်ဖော်စပ်စေခိုင်းသော ဆေးမီးဖိုသည် အချိန်ကြာသောအခါ ဖော်စပ်ထားသော ဆေးအမယ်များနှင့် အပူရှိန်မြင့်မားသော ဆေးမီးတောက်ကြောင့် မိုးပေါ်သို့ ပျံတက်သွားရာ အဆောက်ဦး၏မျက်နှာအား တိုက်ဖျက်စီးသွားပြီး ထိုးတက်သွားရာမှ ဖြစ်ပေါ်လာသော အကျိုးဆက်ကြောင့်ဖြစ်၏။ သိစိတ်အသွင်ယူထားသော မုတ်ဆိတ်ဖြူအဖိုးကြီးသည် နှုတ်ခမ်းတွန့်ကွေးလာလေ၏။ ကျန်းရွှမ်အား ကျရှုံးကြောင်း ဆိုပြီးထုတ်ပစ်ချင်သော်လည်း သူ့ဘက်၌အမှားမရှိနေသောကြောင့် စိတ်ကိုလျော့ပြီး ကျန်းရွှမ် ဆက်လက်ပြိုင်နိုင်ရန်အတွက် အဆောက်ဦးအသစ်အား ချက်ချင်းပင် ပြန်လည်တည်ဆောက်လိုက်၏။ ဆေးမီးဖိုကိုလည်း မူလနေရာ၌ပြန်လည်ထားရှိစေပြီး ကုန်သွားသောဆေးအမယ်များကိုလည်း ပြန်လည်ထားပေး၏။နောက်ပြီး အဆောက်ဦး၏မျက်နှာကျက်ကိုလည်း အထူးအားဖြည့်လိုက်ပြီး ထိုသို့သော ဆေးမီးဖိုအလုံးတစ်သောင်း တစ်ပြိုင်တည်းတိုက်လျှင်ပင် ဘာမှမဖြစ်သည်အထိ အဆင့်မြင့်တင်လိုက်သည်ဖြစ်သည်။ "ဒီတစ်ခါသေချာတယ်နော် " ကျန်းရွှမ်၏စကားက သိစိတ်အပေါ် အနာပေါ်တုတ်ကျသလို ခံရခက်စေ၏။ "သေချာတယ် အာမခံတယ်" သိစိတ်၏အာမခံမှုကြားမှသာ ကျန်းရွှမ်သည် သက်ပြင်းချပြီး နောက်ထပ် သုံးကြိမ်မြောက်အမိန့်ပေးဆေးဖော်စေ၏။ ဒီတစ်ခါတွင်တော့ အနှောက်ယှက်မရှိတော့ပဲ နှစ်နာရီကြာသောအခါ ဆေးဖော်စပ်ခြင်းအောင်မြင်သွာစလေတော့၏။ "ကဲ အမှတ်ပေးမယ်" သိစိတ်သည် ဆေးဖော်အိုးအားကြည့်သောအခါ ထိတ်လန့်သွား၏။ ဆေးဆယ်လုံးအား အကောင်းမွန်ဆုံးအရည်သွေးအပြည့်ဝဆုံးအဖြစ်နှင့် တွေ့ရှိရသောကြောင့်ဖြစ်၏။ ဆေးဖော်စပ်ရန်အမိန့်ပေးရာတွင်လည်း အမှားမရှိမှု၊ ဆေးဖော်စပ်ချိန်အမြန်ဆုံးနှင့် ဆေးဆယ်စုံအား တစ်ကြိမ်တည်းဖြင့် ဆယ်လုံးရရှိနိုင်အောင် ဖော်စပ်နိုင်မှုများကြောင့် ထိုသို့သော ဝိသေသများကြောင့် အမှတ်ပြည့်တစ်ရာထက် ကျော်လွန်ပြီး မရှိခဲ့ဖူးသေးသော အမှတ်တစ်ရာသုံးဆယ်ကို သိစိတ်မှ ပေးအပ်လိုက်လေသည်။ "ကဲ နောက်တစ်ခုဖြေရမှာက ပန်းပဲဘာသာပါ နတ်ဘုရားအဆင့်လက်နက်တစ်ခုကို ဖန်တီးပြရပါမယ်" သိစိတ်မှ ပြောသာပြောနေရသော်လည်း ကျန်းရွှမ်အား အနည်းငယ်မျက်ခုံးလှုပ်စပြုလာပြီဖြစ်သည်။ ("ငါကဘာလို့ တုန်လှုပ်နေတာလဲ ငါကအတွင်းကမ္ဘာရဲ့သိစိတ်လေ ပြီးတော့ အဆောက်ဦးကိုလဲ အစောက အဆင့်မြင့်တင်ပြီးထားပြီပဲကို") ထိုအဆောက်ဦးမှာပင် ကျန်းရွှမ်သည် ပန်းပဲဘာသာကို ဖြေဆိုရမည်ဖြစ်၏။ ကွာခြားသွားသည်က ဆေးအမယ်နှင့် ဆေးမီးဖိုအစား များစွာသော သတ္ထုရိုင်းများနှင့် ပန်းပဲဖို၊ပန်းပဲထုရန် စင်များပေါ်လာခြင်းဖြစ်သည်။ ပန်းပဲဘာသာစတင်ပြီး နာရီဝက်အကြာ "ဝုန်း....အုန်း....ဝုန်း" ဟူသော ကြောက်မက်ဖွယ်အသံထွက်ပေါ်လာပြန်၏။ အကြောင်းမှာ ပန်းပဲထုရန်စင်သည် ကြမ်းပြင်များ ကျိုးပဲအက်ကွဲသွားသောကြောင့် အောက်သို့ပြုတ်ကျသွားသောကြောင့် ဖြစ်၏။
(405) သာလွန်သော ရမှတ်
ထိုသို့ဖြစ်ရခြင်းကို နောက်ပြန်သွားရသော် လက်နက်ပြုလုပ်ရန်အတွက် သတ္ထုများအရည်ကျိုအထိ ပြသနာမရှိသော်လည်း အရည်ကျိုပြီးသွားသောအခါ အအေးခံပြီး ဓားတစ်ချောင်းပုံစံ ဖန်တီးရန်အတွက် ပုံသွင်းထုလုပ်သောအခါတွင်မှ ပြသနာစလာခြင်းဖြစ်သည်။ ဒုံး... ဒုံး.....ဒုံး......" ထုရိုက်သံများကား ဆက်တိုက်ပေါ်နေလေ၏။ ထိုထုရိုက်သည်ကို ကြည့်ပြီး သိစိတ်သည် ဆွံအနေလေ၏။ သာမန်အရွယ်စားလူကောင်လေးမှ ပန်းပဲထုရန် အင်္ကျီချွတ်လိုက်သောအခါ ကြွက်သားအမြောင်းမြောင်းဖြင့် တောင့်တင်းသန်မာလှသော ဧရာမဘီလူးကဲ့သို့ ပြောင်းလဲသွားသောကြောင့် ဖြစ်သည်။ "ကဲဟယ် ကဲဟယ်" စင်ပေါ်၌တင်ထားသော ပုံသွင်းရန်လိုသော သတ္ထုအား ကျန်းရွှမ်မှ ကျန်းချီများဖြင့် ညပ်မအသွင်ပြောင်းလဲလိုက်ပြီး နေရာမရွေ့စေရန် ဖိညပ်ထား လိုက်သည်။ ထို့နောက် သူ၏တောင့်တင်းခိုင်မာလှသော ကိုယ်ခန္ဓာကြီးဖြင့် ကြီးမားလှသော တူကြီးနှစ်ချောင်းအား ကိုင်ဆောင်ပြီး အသားကုန်ထုရိုက်သည်ဖြစ်သည်။ ထိုသို့ထုရိုက်မှုကြောင့် သတ္ထုတုံးသည် တဖြေးဖြေးဖြင့် ဓားတစ်ချောင်းအသွင်စတင်ပြောင်းလဲလာ၏။ "နှေးတယ်" အများတကာထက် သူ၏ပန်းပဲထုခြင်းသည် လေးဆမျှ မြန်ဆန်နေပါသော်လည်း ကျန်းရွှမ်စိတ်ကျေနပ်ခြင်းမရှိပါချေ။ ဘေး၌ကြည့်နေသော သိစိတ်ပင် တစ်ခုခုဖြစ်တော့မည်စိုးရိမ်သောကြောင့် ကိုင်မိကိုင်ရာ သူ၏မုတ်ဆိတ်ဖြူကို ယောင်ကာ ကိုင်ထားမိ၏။ "လက်နက်တိုက်ခိုက်နတ်ဘုရားအသွင်ပြောင်းစမ်း" ကျန်းရွှမ်သည် သူ၏တိုက်ခိုက်ရေးနတ်ဘုရားအသွင်ပြောင်းလဲလိုက်သောအခါ သူ၏ကြီးမားသောကိုယ်ခန္ဓာကြီးမှာ နှစ်ဆထပ်ကြီးလာပြီး အသစ်သော လက်ခြောက်ဖက် ထပ်မံထွက်ပေါ်လာလေ၏။ "ဒါဆိုရပြီ" အသစ်ထပ်ထွက်လာသော လက်ခြောက်ဖက်ကိုလည်း တူကြီးခြောက်လက်ကို ကိုင်ဆောင်ပြီးသည်နှင့် ထုရိုက်ခြင်းကို ပြန်လည်စတင်လိုက်၏။ "ဝုန်း...ဝုန်း.....ဝုန်း" မြန်ဆန်လှသောအရှိန်ဖြင့် တူရှစ်လက်သည် သတ္ထုတုံးပေါ်ကျသောအခါ မြန်ဆန်စွာ အသွင်ပြောင်းရလေတော့၏။ "ဟ သေစမ်း" သိစိတ်မှ တားရန်ကြိုးပမ်းသော်လည်း နောက်ကျသွားခဲ့လေပြီ။ တူရှစ်လက်အား သန်မာသော အင်အားဖြင့် မြန်ဆန်စွာထုရိုက်နေရုံသာမက တူရိုက်နည်းစနစ်ကိုလည်း အသုံးပြုသောကြောင့် ထိုပေါင်းစပ်မှုမှ ထွက်ပေါ်လာသော အင်အားသည် အဆောက်ဦး၏ကြမ်းပြင်ကို ပျက်စီးကျိုးပဲ့စေခဲ့ခြင်းပင်ဖြစ်သည်။ "မဖြစ်ဘူး အကုန်လုံးအဆင့်မြင့်တင်ရမယ်" မုတ်ဆိတ်မွှေးလေးမျှင် နှုတ်မိထားသော သိစိတ်သည် ထိုသို့လုပ်မိသည်ကို ဂရုမပြုနိုင်သေးပဲ ကျန်းရွှမ်ထပ်မံဖျက်စီးမည်ကြောက်သောကြောင့် ရှိသမျှသော အဆောက်ဦးနှင့် ကျန်းရွှမ်သုံးရမည့် ပစ္စည်းမှန်သမျှကို အဆင့်မြင့်တင်လိုက်ရတော့၏။ ............. "အံမယ် သူစပေါ်လာပြီဟ" မျက်လုံးကောင်းသောဂျိတ်အတွက် ကျန်းရွှမ်တစ်ယောက် အမှတ်ဇယား၌ပေါ်လာသည်ကို တွေ့လိုက်၏။ ကျန်းရွှမ် ဆေးဖော်စပ်ခြင်း ဘာသာရပ် ရမှတ် တစ်ရာ့သုံးဆယ် (အားနည်းချက်မရှိအမှားမရှိသာလွန်ပြည့်စုံ) ထိုသို့ပေါ်လာချိန်၌ ပါမောက္ခအများစုသည် အနည်းဆုံးဘာသာရပ်ဆယ်ခုမျှဖြေဆိုပြီးထားပြီ ဖြစ်သောကြောင့် ရမှတ်များစွာရရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် ကျန်းရွှမ်၏တစ်ဘာသာတည်းဖြင့် တစ်ရာ့သုံးဆယ် ရရှိသည်ကို ဂျိတ်မှလွှဲ၍မည်သူကမျှ ဂရုမစိုက်မိကြပေ။ ဖြေဆိုသည်မှာ မိနစ်သုံးဆယ်ကျော်လာပြီ ဖြစ်သောကြောင့် ဒိုင်လူကြီးမှ လက်ဝှေ့ယမ်းလိုက်၏။ ထိုအခါ ကောင်းကင်ယံ၌ ပြိုင်နေသော ပါမောက္ခများ၏ပုံရိပ်များပေါ်လာလေတော့၏။ ပြိုင်ဆိုင်သောပါမောက္ခများ၏စာမေးဖြေပုံကို ကြည့်ပြီး အသိပညာများရရှိစေလိုသောကြောင့် ပြသလိုက်ခြင်းဖြစ်သည်။ ဤသည်မှာ ပညာတက္ကသိုလ်၏မှော်ပုံရိပ်ယောင်အစွမ်းဖြစ်သည်။ ပြိုင်ဆိုင်နေသော သိန်းဂဏန်းရှိသော ပါမောက္ခများကို တစ်ပြိုင်တည်းပြသထားသည် ဆိုသော်လည်း ထိပ်ဆုံး၌ ရှိသောသူများ၏ပုံရိပ်သည် တခြားသူများထက် သိသိသာသာ ကြီးမားသည်ဖြစ်သည်။ နောက်ပြီး မိမိကြည့်လိုသော ပါမောက္ခအား ကြည့်လိုပါက ထိုပါမောက္ခ၏နာမည် ပြောရုံဖြင့် မိမိတစ်ယောက်တည်းကသာ ထိုပါမောက္ခ၏ဖြေဆိုပုံကို ကြည့်ရှုနိုင်သည်ဖြစ်သည်။ "ဟုန်ပေါင်းက တော်တယ်နော် ကြည့်လိုက်သူဖြေနေပုံက အနုပညာတစ်ခုဖန်တီးနေသလိုပဲ" "ဟုတ်တယ်က သူက အချိန်ခဏလေးနဲ့ နှစ်ဆယ်ကျော် ဖြေပြီးနေပြီ" ကြည့်ရှုနေသောသူများထဲ ဟုန်ပေါင်းတစ်ယောက်သာ ရမှတ်များပြားနေသောကြောင့် သိသာထင်ရှားနေသည်ဖြစ်သည်။ "ဖီဖီ ဆရာကော ဘယ်မှာလဲ" အယ်မလီလေးသည် စတော်ဘယ်ရီဖျော်ရည်အေးအား သောက်နေရင်း ဂျိတ်အားမေး၏။ "သူက အရှိန်ယူနေတာလေ ခဏနေကြရင် တော့ပါမယ်" ဂျိတ်သည် ကော်ဖီအေးအား သောက်ရင်းပြန်ဖြေလိုက်၏။ ဖြေဆိုချိန်သည် နှစ်နာရီကြာသည် ဖြစ်သောကြောင့် သားအဖနှစ်ယောက် အေးဆေး အနားယူ ဖျော်ရည်သောက်ရင်း ကြည့်ရှုနေကြသည်ဖြစ်သည်။ ဖြေဆိုချိန် တစ်နာရီဆယ့်ငါးမိနစ်အထိ အမှတ်ပေးဇယားထိပ်၌ ဟုန်ပေါင်းတစ်ယောက်သာ ရမှတ်များစွာဖြင့် ဦးဆောင်ထားသည်ဖြစ်သည်။ ဘာသာရပ်ပေါင်း တစ်ရာ့နှစ်ဆယ်ထိ ဖြေဆိုထားပြီး ရမှတ်ပေါင်း တစ်သောင်းတစ်ထောင့်ခြောက်ရာ ရရှိထားသည်ဖြစ်သည်။ ထိုရမှတ်သည် ဘာသာတစ်ရာ၌ အမှတ်ပြည့်ရရှိထားပြီး ဘာသာရပ်နှစ်ဆယ်သည် အမှတ်ရှစ်ဆယ် ဂုဏ်ထူးမှတ်ရရှိထားကြောင့် ဆိုလိုနေခြင်းဖြစ်သည်။ သူ၏အောက်၌ရှိနေသော ပါမောက္ခသည် အမျိုးသမီးဖြစ်ပြီး ဘာသာရပ်တစ်ရာ့နှစ်ဆယ်ဖြေဆိုထားကာ တစ်သောင်းတစ်ထောင့်လေးရာရရှိထား၏။ ကျန်သော ပါမောက္ခများကတော့ အစဥ်လိုက်ရှိနေပြီး ရမှတ်မှာ တစ်သောင်းနား ကပ်ရုံမျှသာရှိကြ၏။ "ဟော သူစလာပါပြီဗျာ" အမှတ်ပေးဇယား၌ ဆက်တိုက်ဆိုသလို ခုန်တက်လာသော ပါမောက္ခတစ်ဦးကြောင့် ကြည့်ရှုသူများကြား ဆူညံပွက်လောရိုက်ခတ်သွား၏။ "ဟင် သူဘယ်သူလဲ" အမှတ်ဇယား၌ဒုံးကျည်ကဲ့သို့ ထိုးတက်လာသော ရမှတ်များဖြင့် ပါမောက္ခတစ်ယောက်ကို လူတစ်ချို့စိတ်ဝင်စားသွားကြ၏။ ကျန်းရွှမ်၏ရမှတ်သည် တစ်သောင်းကျော်သွားသောအခါ သိချင်စိတ်သည် အမြင့်ဆုံးသို့ရောက်ရှိသွား၏။ "အမည် ကျန်းရွှမ် ဖြေဆိုထားသောဘာသာရပ် ရှစ်ဆယ် ရမှတ် တစ်သောင်းလေးရာ" ထိုသတ်မှတ်ချက်ကို မြင်သောအခါ လူတိုင်း ရူးသွပ်လုနီးပါးဖြစ်သွားကြလေတော့၏။ "ငလူးပဲဟေ့ ဒါကြီးကလွန်လွန်ကျုးကျုးပါကွာ ဘာသာရပ်ရှစ်ဆယ်ပဲ ဖြေရသေးတယ် ရမှတ်တစ်သောင်းကျော်နေတယ်ဟ " "ဟုတ်တယ်ဟ သေချာစစ်ကြစမ်း" ဆူညံပွက်လောရိုက်ခတ်သွား၏။ထိုထဲတွင် ကုလောင်းလည်း ပါဝင်၏။ မှော်ပုံယောင်ကို ကျန်းရွှမ်ဟူသော နာမည်ခေါ်လိုက်ပြီး ကျန်းရွှမ်၏ပထမဆုံးဖြေဆိုပုံကို ကြည့်လိုက်ကြ၏။ "ပထမဆုံးက ဆေးဖော်တာနော် ဒီလောက်ခက်တာကိုဒါကို အမှတ်ပြည့်ဘယ်လိုရလဲဆိုတာ ကြည့်ကြရအောင်" ကျန်းရွှမ်၏ဖြေဆိုပုံကို ကြည့်နေသောသူတို့ ကြည့်နေရင်း သူတို့၏မျက်မှာအမူရာပြောင်းလဲလာ၏။ ထို့နောက် ရှုံ့တွလာပြီး ဆဲရေးကြတော့၏။ "ဟိုးလီးရှစ်....လခွမ်းပဲဟေ့" "ဒီကောင်က လူမဟုတ်ဘူး ဘာကောင်လဲဟ" "ဟ တစ်ပြိုင်တည်း တစ်ခါတည်းမှာ ဆေးဆယ်လုံးဖော်သွားတာဟ" ထိုအော်သံသည် အလွန်ကျယ်သွားသောကြောင့် ဟုန်ပေါင်းအား ကြည့်ရှုနေကြသော ပရိတ်သတ်များ၏အာရုံသည် ထိုအော်သောလူထံရောက်ရှိလာကြ၏။ "ခင်ဗျား ဘာပြောလိုက်တယ် တစ်ဖန် ပြန်ပြောစမ်း" "ထူးခြားတာကြည့်ချင်ရင် ကျန်းရွှမ်လို့သာ ရှာကြည့်လိုက်ဟေ့" လူတစ်ချို့မှ လူတိုင်းသည် ကျန်းရွှမ်ဟု ရှာဖွေကာ ကြည့်ရှူလိုက်ကြ၏။ကြည့်ရှုရင်း "ဟိုးလီးရှစ်.... လွန်ပါတယ်ကွာ" "ဟ ဟေ့ကောင်တွေ အမှတ်ပြည့် တစ်ရာ မဟုတ်ဘူးကွ သာလွန်မှတ် တစ်ရာ့သုံးဆယ်ရတာဟ သူက" လူတိုင်းသည် ဟုန်ပေါင်းမှ ကျန်းရွှမ်ခေါ်သည်အထိ ကျန်းရွှမ်သည် လူကြိုက်များလာတော့၏။ ဖြေဆိုချိန် တစ်နာရီလေးဆယ်မိနစ်ရှိသောအခါ ကျန်းရွှမ်၏ရမှတ်သည် ဟုန်ပေါင်းထက်ပင် အပြတ်သတ်သာလွန်သွားခဲ့ပြီလည်း ဖြစ်သည်။