← Chapters

အခန်း (၄၀၆-၄၀၈)

Vol. 28 Ch. 406-408

အခန်း (၄၀၆-၄၀၈)

Vol. 28 Ch. 406-408

(406) မမျှော်လင့်သောအ​ခြေနေ

စာမေးပွဲသည် ယခင်နှစ်များထက်စာပါက ပိုမိုမြိုင်ဆိုင်နေသည်ဖြစ်သည်။ ယခင်အ​ကြိမ်များ၌ ယခုကဲ့သို့ အမှတ်များစွာရှိထားသောသူအား နောက်မှ မြန်ဆန်စွာလိုက်လာပြီး အမှတ်အပြတ်သတ်ကွာလွန်အောင် လုပ်ဆောင်နိုက်သောသူဟူ၍ မကြားဖူးမမြင်ဖူးမရှိဖူးခဲ့ပေ။ လက်ရှိအကြိမ်၌ကား ကျန်းရွှမ်ဆိုသော ပါမောက္ခ ရှိလာသည့်အပြင် သူ၏အမှတ်များမှာ ရှေ့သို့တရွေ့ရွေ့ဆက်လက်သွားနေသည်။ သူ၏အမှတ်သွားနှုန်းက တခြားသူများနှင့် နှိုင်းယှဥ်သော် လိပ်နှင့်ကျားသစ်တစ်ကောင်လို လားလားမျှမတူညီပဲ ကွာခြားနေခြင်းဖြစ်သည်။ "စောက်ကျိုးနဲ ကွာသွားပြီဟ " ဟုတ်ပေသည်။ ကျန်းရွှမ်၏ရမှတ်များကား တစ်ကြိမ်လျှင် တစ်ရာ့သုံးဆယ်နှုန်းဖြင့် သွားနေသည်ဖြစ်ရာ ကျန်သော ပါမောက္ခများနှင့် တော်တော်လေးကွာခြားလာသည်ဖြစ်သည်။ ကျန်သောပါမောက္ခများအတွက် တစ်ဘာသာလျှင် တစ်ရာအပြည့်ရပါစေ ဒါမှမဟုတ် ကျန်းရွှမ်ကဲ့သို့ တစ်ဘာသာလျှင် တစ်ရာ့သုံးဆယ် ရနေလျှင်ပင် ကျန်းရွှမ်အား မှီဖို့မဖြစ်နိုင်တော့ပေ။ ထိုမျှအထိ ရမှတ်များသည် အတော်ပင်ကွာခြားနေသည်ဖြစ်သည်။ ကြည့်ရှုနေသောသူများသည် တဖြေးဖြေးဖြင့် ကျန်းရွှမ်၏ပရိတ်သတ်များ ဖြစ်လာကြလေတော့၏။ "ဝေး ဆရာကတော်တယ်နော်" "ဒါပေါ့ သမီးလေးရဲ့ဆရာပဲလေ တော်တာပေါ့" ကျန်းရွှမ်မှ ရမှတ်အပြတ်သတ်ဖြင့် ကျန်သောသူများအား နောက်ကောက်ကျန်အောင်လုပ်ဆောင်နိုင်ခဲ့သောကြောင့် အယ်မလီလေးသည် ပျော်ရွှင်နေ၏။ သူ၏ဆရာသည် အလွန်တော်သောသူဖြစ်ကြောင်း တွေ့ရှိလိုက်သည်ဖြစ်သည်။ ရုတ်တရက် သံချပ်ထိုးသံကြားလိုက်ရသောကြောင့် ဂျိတ်လည်း အသံလားရာနေရာသို့ ကြည့်မိလိုက်၏။ "စာမေးပွဲကြီးဖြေကြတာ ထိပ်ဆုံးရောက်တာ ကျန်းရွှမ်ပါပဲ..... ထိပ်ဆုံးရောက်တာ ကျန်းရွှမ်ပါပဲ..." "အနိုင်ပိုင်းကာ ရှေ့ဆက်တာ တို့ဂိုဏ်းချုပ်ကြီး ကျန်းရွှမ်ပါပဲ" ဟော တွေ့ပါပြီ။ သံချပ်စာသားများထွက်ပေါ်လာနေရာသို့ ကြည့်လိုက်ရာ ပါမောက္ခတစ်အုပ်မှ သံချပ်ထိုးသီဆိုနေကြောင်းတွေ့ရလေ၏။ထိုပါမောက္ခများသည် တူညီသော အဖြူထည်ပါမောက္ခဝတ်စုံကို ဝတ်ဆင်ထားကြ၏။ နောက်ပြီး ရွှမ်ရွှမ်ဟူသော စာတန်းကြီးအား ကိုယ်စီကိုယ်စီ စလွယ်သိုင်းဝတ်ဆင်ထားကြ၏။ "လခွမ်း တကယ်ရှိတယ်ဟ" ဂျိတ်ပင် အနည်းငယ်ဆွံအသွား​၏။ ထိုအပြင်ဆင်ဝတ်စားပုံနှင့် သံချပ်ထိုးနေသော သူများသည် ကျန်းရွှမ်တည်ထောင်ထားသော ရွှမ်ရွှမ်ဂိုဏ်းမှ ဂိုဏ်းသားများဖြစ်ကြောင်း ချက်ချင်းခန့်မှန်းမိ၏။ လက်ရှိ၌ ရွှမ်ရွှမ်ဂိုဏ်းသားများသည် ကျန်းရွှမ်၏အောင်မြင်မှုအား ဂုဏ်ပြုအားပေးသည့်အနေဖြင့် သံချပ်ထိုးသီဆိုနေကြ၏။ တစ်ဖက်တွင်လည်း သူတို့၏ရွှမ်ရွှမ်ဂိုဏ်းတော်ကြီး ကြီးမားတိုးတက်ပြီး လူဦးရေတိုးပွားလာစေရန် စည်းရုံးနေသည်ဖြစ်သည်။ "ငါသေတော့ပြီထင်တယ်" ထိုစကားရေရွတ်သူကတော့ လောင်းကစားဒိုင်ကြီး ကုလောင်းပင်ဖြစ်သည်။ သူ၏မျက်နှာသည် ဖြူလျော်နေပြီး လက်သည်တုန်ခါနေ၏။ လက်ရှိအခြေနေအရ ကျန်းရွှမ်သည် လုံးဝအပြတ်သတ်သာနေပြီး စံချိန်ချိုးနေပြီဖြစ်၏။ ပွဲပြီးသည်အထိသာ ထိုအတိုင်းဆက်လက်သွားပါက ဂျိတ်အား တစ်သိန်း၏ဆတိုး သိန်းတစ်ရာလျော်စားပေးရတော့မည်ဖြစ်သည်။ နောက်ထပ်ကုလောင်းကဲ့သို့ ရင်ခုန်စိတ်လှုပ်ရှားနေသူလည်းရှိသေး၏။ထိုသူမျှ စာမေးပွဲကျင်းပသော အတွင်းကမ္ဘာ၏သိစိတ်ပင်ဖြစ်လေသည်။ ကျန်းရွှမ်အား စာမေးစစ်သော သိစိတ်အဖိုးကြီးမှာ ကျမ်းရွှမ်၏လုပ်ရပ်များကြောင့် မုတ်ဆိတ်မွှေးအား အလန့်တကြား ဆွဲဆွဲမိ၏။ ထို့ကြောင့် လက်ရှိအခြေနေ၌သူ၏မုတ်ဆိတ်မွှေးပင် ဆယ်ပင်မျှသာ ကျန်ရှိတော့သည်ဖြစ်သည်။ သူ့အနေဖြင့်လည်း ကျန်းရွှမ်၏ထက်မြက်မှုကြောင့် တော်တော်လေး အကြပ်ရိုက်နေသည်လည်းဖြစ်သည်။ ကျန်းရွှမ်သည် ဆယ်ဘာသာဖြေရာ၌ ဆယ်ခုလုံး တစ်ဘာသာလျှင် တစ်ရာ့သုံးဆယ်ရနေကတည်းက သိစိတ်သည် ကျန်းရွှမ်အား အပြစ်စတင်ပေးခဲ့သည်ဖြစ်၏။ သူ၏အပြစ်ပေးပုံက တခြားမဟုတ် စာမေးပွဲစည်းမျဥ်းနှင့် အကျပ်ကိုင်ပြီး ကျန်းရွှမ်မဖြေနိုင်သည်ဟု ထင်ရသော ဘာသာများအား ဖြေဆိုခိုင်းသည်ဖြစ်သည်။ ဆေးပင်များစိုက်ပျိုးခြင်း၊ မိုးလေဝသအခြေနေကို ခန့်မှန်းခိုင်းပြီး ဖြစ်လာနိုင်သောအကျိုးဆက်များအား ဖော်ပြခိုင်းခြင်း၊ ချို့ယွင်းချက်များပြားလှသော သိုင်းပညာအသစ်တစ်ခု အသုံးပြုနိုင်ရန်အတွက် ပြန်လည်မွမ်းမံခိုင်းခြင်းစသော ဘာသာများကို ဖြေဆိုစေခြင်းဖြစ်သည်။ တခြားသောပါမောက္ခများအနေဖြင့် ထိုသို့သော ဘာသာရပ်များကို ကြုံတွေ့ရပါက ပြောင်းလဲခြင်းကို လုပ်ဆောင်မည်ဖြစ်သော်လည်း ကျန်းရွှမ်ကတော့ အသာယာပင်ဖြေဆိုပြသွားသည်ဖြစ်သည်။ ချို့ယွင်းချက်များသော သိုင်းပညာအား အဆင့်တန်းမြင့်သော သိုင်းပညာအဖြစ်ပြန်လည်မွမ်းမံပေးလိုက်ရုံသာမက နောက်ဆက်တွဲ လေးကွက်မြောက်ငါးကွက်မြောက်များပင် ကျန်းရွှမ်မှ တီထွင်လိုက်သည်ဖြစ်၏။ ထို့ကြောင့် သူ၏ဟန့်တားချက်မှာ အလုပ်မဖြစ်ရုံသာမက ကျန်းရွှမ်မှ သူ၏ထုံးစံအတိုင်း တစ်ဘာသာကို တစ်ရာ့သုံးဆယ်မှတ်နှုန်းဖြင့် အရယူ သွားသည်ဖြစ်သည်။ "ဒီတစ်ခေါက်ကတော့ ရိုးရှင်းတဲ့ပစ္စည်းတွေသုံးပြီး ပေါက်ကွဲအားကောင်းတာလုပ်ပြပါ ပေါက်ကွဲနှုန်းပေါ်မူတည်ပြီး အမှတ်ပေးမယ်" သိစိတ်အဖိုးကြီးသည် ကျန်ရှိနေသော မုတ်ဆိတ်မွေးလေးပင်ရှိသော အခြေနေထားဖြင့် ပြော၏။ "ကောင်းပြီ" ဒီတစ်ခေါက်လည်း ကျန်းရွှမ်မှမငြင်းပယ်သောကြောင့် သိစိတ်လည်း စိတ်ဆိုးရပြန်၏။ ကြည့်ရသည်မှာ ကျန်းရွှမ်မတတ်သော ဘာသာမရှိသလိုဖြစ်နေသောကြောင့်ဖြစ်၏။ "ငါးခုထက်နည်းတဲ့ပစ္စည်းသုံးပြီးလုပ်ပြရမယ် ပြီးတော့ ကိုယ်ဘာသာယူလာတဲ့ပစ္စည်းတွေထဲကပဲ သုံးရမယ်" သိစိတ်သည် ကျန်းရွှမ်အား ပိုမိုတင်းကျပ်အောင်လုပ်ဆောင်လိုက်၏။ ("ဟားဟား ဒီတစ်ခေါက် ဒီကောင်မရတော့ဘူး") ပုံမှန်အားဖြင့် ပေါက်ကွဲစေသောပစ္စည်းလုပ်ပါက အနည်းဆုံး ငါးခုမျှထိလိုသည်ဖြစ်၏။ "ကောင်းပြီ ကျုပ်လုပ်ပြမယ်" ကျန်းရွှမ်သည် ပြောဆ်ိုပြီးသည်နှင့် သူ၏သိုလှောင်လက်စွပ်ထဲမှ ထီးတစ်လက်အားထုတ်လိုက်၏။ ထို့နောက် ဘယ်လက်ဖြင့် အရံသင့် ကိုင်ဆောင်ထားပြီး ညာလက်ဖြင့် စတင်ဖန်တီးတော့၏။ "ဒီကောင်ဘာလုပ်နေတာလဲ" သိစိတ်အနည်းငယ်ကြောင်သွား၏။ ပေါက်ကွဲစေရန်အတွက် ကျန်းရွှမ်သည်လိုအပ်သောပစ္စည်းဖြစ်သော ထီးအားထုတ်ပြီး ဒီအတိုင်းကိုင်ဆောင်ထားသောကြောင့် ဖြစ်၏။ ကျန်းရွှမ်သည် ညာလက်ဖြင့် ကျန်းချီများထုတ်လွှင့်ပြီး သူနှင့်အတန်ငယ်ဝေးကွာသော​နေရာသို့ရောက်သောအခါ ကျန်းချီများဖြင့် ဘောလုံးပုံစံဖန်တီးလိုက်၏။ထို့နောက် ထိုဘောလုံးထဲ၌ရှိသော လေထုအား တင်းကျပ်စွာဖိနှိပ်ဖိအားပေးလိုက်၏။ ပေးသည်မှာ အဆုံးစွန်ထိဖြစ်၏။ ထိုသို့အဆုံးစွန်ထိပေးပြီးသောအခါ ကျန်းချီများအား ထပ်မံဖြည့်တင်းလိုက်ပြီး နျူကလီယားဗုံး ပေါက်ကွဲရန်အတွက်လိုအပ်သော ဒြပ်စင်အသွင်ကဲ့သို့ပြောင်းလဲလိုက်ပြီး အဆုံးစွန် အပူချိန်နှင့်ဖိအားကို ဖြစ်ပေါ်စေတော့၏။ ထို့နောက် နျူကလီယားအတွက် နောက်ဆုံးဖြစ်စဥ်ကို လုပ်ဆောင်လိုက်တော့၏။ လုပ်ဆောင်လိုက်သည်နှင့် ကျန်းရွှမ်လည်း ချက်ချင်းပင် သူ၏ထီးအားဖွင့်ကာ အကာကွယ်ယူလိုက်လေတော့၏။ "ယီးပဲဟေ့" သိစိတ်အဖိုးကြီး အသိဝင်သော်လည်း နောက်ကျသွားပြီဖြစ်သည်။ "ဝုန်း...." ကြီးမားပြင်းထန်သော အရှိန်လှိုင်းကြီးက ပေါက်ကွဲထွက်လာပြီး နေရာအနှံ့သို့ ပြန့်သွားလေတော့၏။ "အား.... ဘာတွေဖြစ်နေတာလဲ" ကြည့်ရှုနေသော သူများတုန်လှုပ်သွား၏။အကြောင်းမှာ ကျန်းရွှမ်ဖန်တီးလိုက်သော ပေါက်ကွဲမှုကြောင့် အမှတ်ပေးဇယား၌ ရှိနေသော ပါမောက္ခများသည် ရုတ်ခြည်းဆိုသလို အနီရောင်ပြောင်းပြီး ထွက်ခွာသွားကြရသောကြောင့်ဖြစ်သည်။ ထွက်ခွာသွားရသော ပါမောက္ခတိုင်းသည် ကျန်းရွှမ်ဖြေဆိုရာ အဆောက်ဦးနှင့် နီးကပ်သောကြောင့်ဖြစ်ပေသည်။ ပေါက်ကွဲမှုကို ခံရသော ပါမောက္ခတိုင်းသည် ဖြေဆိုသောဘာသားများ ကျရှုံးရုံတင်မက မသေရုံတမယ်အခြေနေသို့ ရောက်ရှိသွားလေတော့၏။ သာမန်နျူပေါက်ကွဲမှုက ထိုသို့မဖြစ်စေနိုင်ပေ။အတွင်းကမ္ဘာ၏အဆောက်ဦးများသည် ကျန်းရွှမ်လုပ်ဆောင်ချက်ကြောင့် အဆင့်မြှင့်တင်ထားပြီးဖြစ်၏။ သို့သော်လည်း ပေါက်ကွဲမှု၏တရားခံသည် ကျန်းရွှမ်ဖြစ်နေသည်ကတစ်ကြောင်း ပေါက်ကွဲရန်လုပ်ဆောင်ရာ၌ပါသော ကျန်းချီသည် တခြားသူများထက် အလွန်မင်းသန့်စင်အားကောင်းနေသည်ဖြစ်ရာ ထိုသို့သောကျန်းချီက နူပေါက်ကွဲမှုဖြစ်ပေါ်ရာ၌ အဆများစွာအားကောင်းအောင် ပြုလုပ်သလိုဖြစ်သွားသောကြောင့် ယခုလိုဖြစ်ပေါ်လာရခြင်းဖြစ်၏။ အတွင်းကမ္ဘာ၌ ကျန်းရွှမ်နှင့်ဝေးသောနေရာအဆောက်ဦး၌ဖြေဆိုနေသော ပါမောက္ခများကသာ အသက်ဘေးမှချမ်းသာရာရသည်ဖြစ်၏။ "ဟ သေစမ်း ကြည့်ကြဟေ့" လူတိုင်းဆူညံသွား၏။ ကျန်းရွှမ်၏လုပ်ရပ်ကြောင့် အမှတ်ပေးဇယား၌ ပါမောက္ခကိုးရာသည်သာ ကျန်ရှိတော့သည်ဖြစ်သောကြောင့်ဖြစ်၏။ "ဒီကောင်လူမဟုတ်ဘူး" နျူပေါက်ကွဲမှုကြောင့် သေဆုံးသွားရသော သိစိတ်သည် ချက်ချင်းပင် ခန္ဓာတစ်ခုအား အသစ်တဖန်ပြန်လည်ဖန်တီးလိုက်ကာ ပြောလိုက်ခြင်းဖြစ်၏။ ကျန်းရွှမ်ကြောင့် အမှတ်ပေးဇယား၌ ပါမောက္ခကိုးရာ ကျန်ရှိတော့သည်ဖြစ်၏။ထိုသို့သောဖြစ်ရပ်သည် သိစိတ်အတွက် မမျှော်လင့်ထားသော အခြေနေတစ်ခုဖြစ်၏။

(407)ကြီးမားသော အပြောင်းလဲ

"ကျနော် အောင်တယ်မလား" ကျန်းရွှမ်၏ပြောစကားကြောင့် သိစိတ်တစ်ယောက် အကြီးကျယ် စိတ်ထိခိုက်သွား၏။သူသည် စိတ်ဝိညာဥ်တစ်ခုဖြစ်သောကြောင့် စိတ်ထိခိုက်သွားခြင်းဖြစ်၏။ လူသာဆိုပါက သွေးများအန်ပြီး အတွင်းအင်္ဂါများထိခိုက်ကုန်မည်ဖြစ်၏။ "အောင်တယ် ရမှတ်ကအမြင့်ဆုံးပါပဲ" အတွင်းကမ္ဘာအား ကြောက်မက်ဖွယ်အောင် ဖောက်ခွဲခဲ့သူကို အမြင့်ဆုံးရမှတ်ပေးအပ်လိုက်၏။ ထိုသို့မပေးပါက ကျန်းရွှမ်အနေဖြင့် နောက်တစ်ကြိမ် မလုပ်ပါဟု မပြောနိုင်ပေ။ "တော်သေးတာပေါ့ မဟုတ်ရင် ကျနော်က နောက်တစ်ကြိမ် သရုပ်ထပ်ပြမလို့ ထပ်ပြရင် အရင်ကထက် ဆယ်ဆကြမ်းအောင်လုပ်မလို့ပါ စိတ်ကူးထားပြီးသားဗျာ" ထိုစကားကိုကြား​တော့ မိမိ၏လုပ်ဆောင်မှုသည် မှန်ကန်ကြောင်းသက်သေပြပြီးသားဖြစ်သွား၏။ "နေတော့ နောက်တစ်ဘာသာဆက်သွားမယ်" သိစိတ်သည် ကျန်းရွှမ်အား စကားပြောင်းလဲပြောဆိုလိုက်၏။ နောက်တစ်​ကြိမ်ပေါက်ကွဲမှုကို မဖြစ်မခံနိုင်ပေ။ ထပ်ပေါက်ကွဲပါက အတွင်းကမ္ဘာသည် သေချာပေါက် နာလန်မထူနိုင်အောင် ပျက်စီးဖို့ ရာခိုင်နှုန်းများနေပြီဖြစ်သည်။ ("သူ့ကို ဘာဖြေခိုင်းရင်ကောင်းမလဲစဥ်းစားစမ်း") သိစိတ်သည် အလျင်မြန်စဥ်းစားနေ၏။ ကျန်းရွှမ်ဖြေရမည့်စာမေးပွဲရက်သည် ကုန်ဆုံးရန် သုံးရက်သာ ကျန်တော့သည် ဖြစ်သော်လည်း ထိုသုံးရက်သည် သူ့အားကောင်းစွာ ဒုက္ခပေးနိုင်သည်ကို သိသောကြောင့်ဖြစ်သည်။ ("ဟုတ်ပြီ ဒါပဲ ဖြေခိုင်းရမယ်") "ဒီတစ်ခေါက်ဖြေဆိုမဲ့ဘာသာကတော့ လိပ်ပြာအတတ်ပဲ" သိစိတ်မှ ကျန်းရွှမ်အားပြောလိုက်၏။ လိပ်ပြာအတတ်သည် သိစိတ်တစ်ခုဖြစ်အောင်မွေးဖွားဖန်တီးပေးရသောအတတ်ဖြစ်ပြီး သက်မဲ့အရာဝတ္ထုများ၌ ထိုအတတ်ဖြင့် ထည့်သွင်းလိုက်သောအခါ စိတ်ဝိညာဥ်ရှိသော အဆင့်မြင့်အရာဝတ္ထုများအဖြစ်သို့ ရောက်ရှိသွားမည်ဖြစ်သည်။ ထိုအတတ်ပညာသည် လွယ်မယောင်နှင့် အတော်လေးခက်ခဲသော ဘာသာရပ်၌ပါဝင်ပေ၏။ထို့ကြောင့် ကျန်းရွှမ်အား ဖြေဆိုစေခြင်းဖြစ်သည်။ "စည်းမျဥ်းက ရိုးရှင်းတယ် ဒီအရုပ်ကို လိပ်ပြာသိစိတ်ဖြစ်အောင် လုပ်ဆောင်ရမယ် ပြီးရင် သူဘယ်​လောက် လုပ်ဆောင်နိုင်လဲပေါ် ကြည့်ပြီး အမှတ်ပေးမယ် ကိုယ့်မှာပါလာတဲ့ဆေးဝါးပစ္စည်းအစုံသုံးခွင့်ရှိမယ် အောင်မအောင်စစ်မှာက စာမေးပွဲရက် ကုန်ဆုံးခါနီး နာရီဝက်အလိုမှာ ဖြစ်တယ် စလို့ရပြီ" အတွင်းကမ္ဘာသိစိတ်သည် ကျန်းရွှမ်အား သံဖြင့်ပြုလုပ်ထားသော မုတ်ဆိတ်ဖြူအဖိုးကြီးရုပ်တုအား ပေးလိုက်၏။ ("ဟီးဟီး...ဒီကောင် သေလုမြောပါးဖြစ်ဖို့ပြင်ထား.") သိစိတ်သည် ကျန်းရွှမ်အပေါ် ကောက်ကျစ်လိုက်သည်ဖြစ်၏။ထိုသို့ ကောက်ကျစ်ခြင်းမှာလည်း သူ၏ပထမဆုံးအကြိမ်ဖြစ်ပြီး ထိုသို့ဖြစ်အောင်လည်း ကျန်းရွှမ်မှ တွန်းအားပေးသလို ဖြစ်စေခဲ့သည်ဖြစ်၏။ "ကောင်းပြီ" ကျန်းရွှမ်လည်း ခေတ္တအနားယူပြီးသည်နှင့် ထိုရုပ်​ထုအား လိပ်ပြာသိစိတ်ဖြစ်ထွန်းစေရန် လုပ်ဆောင်တော့၏။ ရုပ်တု၌ သိစိတ်ဖြစ်ပေါ်စေရန်အတွက် သူ၏စိတ်ဝိညာဥ်စွမ်းအင်အား ရုပ်တုထဲသို့ ပို့လွှတ်လိုက်၏။ "ထင်သလိုမရိုးရှင်းဘူးပဲ" မိမိပို့လွှတ်လိုက်သော စိတ်စွမ်းအင်သည် ရုပ်တုထဲသို့ရောက်ပြီး သိစိတ်အဖြစ်ဖန်တီးရန်မပြောနှင့် ရုပ်တုထဲရောက်သည်နှင့် သဲထဲရေကျသွားသည့်ပမာ ပျောက်ကွယ်သွားလေသည်။ ထို့သို့သောရုပ်တုသည် တခြအရာဝတ္ထုများထက် စိတ်စွမ်းအင်ပိုမိုထည့်သွင်းရပြီး ပို၍လည်း ခက်ခဲပေ၏။ ထို့ကြောင် ကျန်းရွှမ်လည်း ထိုရုပ်တုအား ထိပြီး စစ်ဆေးလိုက်၏။ "ကောင်းကင်ဘုံစာကြည့်တိုက်အသက်ဝင်စမ်း" ထိုအခါမှ ရုပ်တု၏အချက်လက်များပေါ်လာလေတော့၏။ လိပ်ပြာသိစိတ်ဖြစ်ပေါ်ရန်အတွက် အတွင်းကမ္ဘာသိစိတ်မှ ဖန်တီးထားခြင်းဖြစ်ပြီး စိတ်စွမ်းအင်လိုအပ်မှုသည် အတော်ပင်များပြား၏။ တိတိကျကျဆိုရသော် ထက်မြက်သော ပါမောက္ခအယောက်ငါးရာ၏ပမာဏမျှရှိသော စိတ်စွမ်းအင်များ သုံးရမ်လိုအပ်ပေသည်။ ("သေစမ်း") သိစိတ်မှ မိမိအား စည်းမျဥ်းထဲမှနေ၍ လှည့်စားသွားကြောင်း ကျန်းရွှမ်ရိပ်စားမိ၏။ ("သူကလဲ ပညာပေးမှတော့ ငါကလဲ ပညာပြရတာပေါ့") ကျန်းရွှမ်သည် ရုပ်တုအား သူ၏လက်ဝါးဖြင့် ဖိကပ်လိုက်ပြီး စိတ်စွမ်းအင်များ ထည့်သွင်းလိုက်တော့၏။ တခြားပါမောက္ခများ၏စိတ်စွမ်းအင် ထည့်သွင်းမှုသည် တသွင်သွင်စီးဆင်းနေသောချောင်းတစ်ခုစာဆိုပါက သူ၏စိတ်စွမ်းအင်သည် သမုဒ္ဒရာတစ်ခုစာမျှ အထိရှိ၏။ ("ဟားဟား သူကြိုးစားနေပြီ သူတော်တော်လေးမြော့သွားမှာ ငါမြင်ယောင်​နေပြီ") သိစိတ်မှ ရုပ်ထုအား အောင်မြင်ရန်လုပ်ဆောင်နေသော ကျန်းရွှမ်အား ကြည့်ကာ စိတ်ထဲပျော်ရွှင်နေ၏။ တစ်နာရီကြာပြီးသောအခါ သာမန်ပါမောက္ခများထက် စိတ်စွမ်းအား အလွန်တရာများပြားသည့် ကျန်းရွှမ်လည်း မိမိထက်အလွန်တရာစိတ်စွမ်းအင်လိုအပ်သော ရုပ်တုကြောင့် သူ၏စိတ်စွမ်းအင်များမှာ တဖြေးဖြေးလျော့ကျစပြုလာခဲ့ပြီဖြစ်သည်။ "နောက်ဆုံးတော့ သုံးရမဲ့အချိန်ရောက်လာပြီ" ကျန်းရွှမ်သည် သူ၏သိုလှောင်လက်စွပ်မှ အားဖြည့်အချိုရည်ပုလင်းလေးကို ထုတ်လိုက်၏။ ထိုပုလင်းလေးသည် (lipo)ပုလင်းနှင့် တူ၏။ ထိုပုလင်းအား ကျန်းရွှမ်သည် ဂျိတ်ထံမှ ယူလာခဲ့ခြင်းဖြစ်၏။ ဂျိတ်သည် စာမေးပွဲ ဖြေသောကျန်းရွှမ်အတွက် တစ်ကဒ်ဆယ်လုံး လက်​ဆောင်ပေးထားခြင်းဖြစ်သည်။ အညွှန်း... ကုန်ခမ်းသွားသော စိတ်စွမ်းအား ကိုယ်ခန္ဓာစွမ်းအင်များအတွက် တစ်ငုံသာသောက်ရန်.. ကျန်းရွှမ်သည် အညွှန်းဖတ်ပြီးနောက် "ဒီအရုပ် စိတ်စွမ်းအင်အများကြီးလိုတာဆိုတော့ တစ်ငုံတည်းနဲ့မရလောက်ဘူး" တစ်ပုလင်းလုံးအား ကျန်းရွှမ်သောက်ချလိုက်လေသည်။ ကျန်းရွှမ်၏တွက်ချက်မှုသည် မမှားနိုင်သော်လည်း ဂျိတ်၏ပုလင်းဖြစ်နေသောအခါ သူ၏တွက်ချက်မှုသည် တက်တက်စင်အောင် လွှဲသွားခဲ့လေပြီ။ ကျန်းရွှမ်သောက်လိုက်သော တစ်ပုလင်းစာအချိုရည်များသည် ကိုယ်ခန္ဓာထဲရောက်သည်နှင့် များပြားသောစွမ်းအင်ကို ထုတ်လွှင့်ပေး၏။ "အခုမှပဲ အမောပြေတော့တယ်" ကျန်းရွှမ်သည် သူ၏ကိုယ်ခန္ဓာသည် သက်တောင့်သက်သာရှိလာပြီး လန်းဆန်းလာသည်ကို သတိထားမိ၏။ထို့ပြင် စိတ်စွမ်းအားလည်း တိုးလာကြောင်း ခံစားမိသည်။ "နေဦး ငါတွက်ချက်တာလွှဲပြီ" ကျန်းရွှမ်တစ်ယောက် သူ၏ကိုယ်ခန္ဓာအခြေနေကို သတိထားမိ၏။ သူကိုယ်ထဲမှာ အချိုရည်မှစွမ်းအင်​ပြောင်းလဲသွားမှုသည် ရပ်တန့်သွားခြင်းမရှိပဲ ဆက်တိုက်ဆိုသလို တိုးလာသောကြောင့် ဖြစ်၏။ ထိုစွမ်းအင်များကြောင့် ကျန်းရွှမ်၏ကိုယ်ခန္ဓာသည် သန်မာနေရာမှ ထိုထက် ပိုမိုသန်မာလာသလို ကျန်းရွှမ်၏ဦးခေါင်းထဲမှ စိတ်စွမ်းအင်များကလည်း တိုးပွားသည်ထက် တိုးပွားလာပေ၏။ တစ်ငုံသော ပမာဏသည်ပင် ကျန်းရွှမ်တစ်ကိုယ်လုံးအား လုံးဝပြည့်လျှံသည်အထိ လုံလောက်ဖြစ်ရာ တစ်ပုလင်းစာပမာဏသောက်သုံးလိုက်သောကြောင့် မမျှော်လင့်သော အခြေနေသို့ရောက်ရှိသွား၏။ တိုးပွားလာသည်မှာ ကျန်းရွှမ်တစ်ကိုယ်လုံး စွမ်းအင်များဖြင့် ပြည့်နှက်လာပြီး ပေါက်ကွဲလုနီးအခြေနေအထိပင် ရောက်ရှိလာလေ၏။ဦးခေါင်း၌ ရှိသော စိတ်စွမ်းအင်သည်လည်း များပြားသည်ထက်များပြားလာပြီး ဦးခေါင်းတစ်ခုလုံး ပေါက်ကွဲမတတ်ဖြစ်လာသည်ဖြစ်သည်။ "မဖြစ်ဘူး" ကျန်းရွှမ်မှ ချက်ချင်းပင် သူ၏ကိုယ်၌ပိုလျှံနေသော စွမ်းအင်များကို စိတ်စွမ်းအင်အဖြစ် ပြောင်းလဲပြီး ရုပ်ထုထံသို့ ပို့လွတ်လိုက်၏။ ဦးခေါင်းထဲ၌ရှိသော စိတ်စွမ်းအင်များကိုတော့ တိုက်ရိုက် ရုပ်တုထဲသို့ပို့လွတ်လိုက်၏။ ရုပ်ထုထံသို့ ကျန်းရွှမ်၏ယခင်ပို့လွှတ်သောပမာဏကပင် အလွန်များပြားနေရာ ဆေးသောက်ပြီးနောက် ပို့လွတ်လိုက်သောပမာဏသည် သုံးဆမျှအထိ ဆတိုးဆိုးပွားလာလေသည်ဖြစ်သည်။ ထိုသို့များပြားသောပမာဏကြောင့် တစ်ရက်ကြာသောအခါ ရုပ်ထုလိုအပ်သော စိတ်စွမ်းအင်သည် ပြည့်သွားပြီဖြစ်ရာ ရုပ်ထုအားလိပ်ပြာသိစိတ်စတင်နှိုးထရန် လုပ်ဆောင်၍ရပြီဖြစ်၏။ သို့သော်လည်း ကျန်းရွှမ်ကိုယ်ထဲ၌ တိုးပွားနေသော စွမ်းအင်သည် ရပ်တန့်နေခြင်းမရှိပဲ ဆက်လက်တိုးပွားနေသေးရာ ကျန်းရွှမ်အကြပ်ရိုက်နေပြီဖြစ်သည်။ ကြံရာမရသည်အဆုံး ရုပ်ထုမှတစ်ဆင့် ရုပ်ထုရပ်နေသော အဆောက်ဦး၏ကြမ်းပြင်သို့ ပို့လွတ်လိုက်လေတော့၏။ ထိုအခါ ကျန်းရွှမ်ကိုယ်မှ စိတ်စွမ်းအားများသည် ရုပ်ထုမှတစ်ဆင့် အဆောက်ဦး၏ကြမ်းပြင်သို့ စိမ့်ဝင်သွားလေတော့၏။ "ဟားဟား ဒီကောင်ပြသနာတက်နေပြီ" ကျန်းရွှမ်တစ်ယောက် ချွေးဇောပြန်သည်ကို မြင်သောအခါ ရုပ်ထုအား လိုအပ်သောစိတ်စွမ်းအင်ကို အသည်းအသန်ကြိုးစားနေသည်ဟု သိစိတ်မှ ထင်မြင်လိုက်၏။ သူမသိသည်ကား ကျန်းရွှမ်သည် ရုပ်တုလိုအပ်သော ပမာဏပင်ပြည့်လျှံရုံသာမက မိမ်မသေဆုံးရေးအတွက် ပိုလွန်းနေသော စိတ်စွမ်းအင်များကို အပြင်သို့ ဆက်တိုက်ထုတ်လွှင့်နေရသည်ဖြစ်သည်။ ထိုသို့ထုတ်လွှင့်နေရသည်မှာ စာမေးပွဲအချိန်ကုန်ခါနီးအထိတိုင်အောင်ပင် ဖြစ်၏။ထိုအချိန်နားရောက်သောအခါမှသာလျှင် ကျန်းရွှမ်ကိုယ်ထဲမှ စွမ်းအင်များသည် တိုးပွားခြင်းမရှိပဲ တည်​ငြိမ်သွားတော့၏။ စွမ်းအင်များ တည်ငြိမ်သောအခါမှ လိပ်ပြာသိစိတ်ကို စတင်ဖန်တီးတော့၏။ "ကဲ အချိန်စေ့ပြီ မင်းရဲ့စာမေးပွဲရလဒ်ပြသပေတော့" သိစိတ်သည် ကျန်းရွှမ်အနား၌ပေါ်လာပြီး ပြော၏။ "ကောင်းပြီ" ကျန်းရွှမ်လည်း သူ၏ဖန်တီးထားသည့် ရုပ်တုထဲရှိလိပ်ပြာသိစိတ်အား နှိုးလိုက်တော့၏။ ထိုအခါ ရုပ်တုသည် ချက်ချင်းပင် အသက်ဝင်လာပြီး ခြေလက်များလှုပ်ရှားလာတော့၏။ "မဖြစ်နိုင်တာ" ရုပ်တုမှ လှုပ်ရှားလာသော အပြုမှုကြောင့် သိစိတ်မှ အံသြသွား၏။ ....................... အပြင်ကမ္ဘာ၌ကြည့်ရှုနေသော သူများအတွက်လည်း စာမေးပွဲအတွက်သတ်မှတ်ထားသော နာရီအချိန်ပိုင်း ပြည့်မီသွားသည်ဖြစ်သည်။ "ကဲ ဒုတိယအဆင့်စာမေးပွဲ ပြီးပြီ ရလာဒ်များကို ဖော်ပြပေးပါ" ဒိုင်လူကြီးသည် သူ၏လက်ဝှေ့ယမ်းပြီး အမိန့်ပေးလိုက်၏။ သို့သော်လည်း အမှတ်ပေးဇယား၌ စာမေးပွဲ၌ စုစုပေါင်းရမှတ်ရရှိသူများမပေါ်လာသလို ဖော်ပြပြီးသား ပါမောက္ခနာမည်များနှင့် အမှတ်များပင် ပျောက်လိုက်ပေါ်လိုက်ဖြစ်ပျက်နေလေ၏။ ထိုအချိန်မှပင် ပါမောက္ခတစ်ဦးသည် အတွင်းကမ္ဘာမှ အသည်းသန်ပြေးထွက်လာလေ၏။ "လုပ်ကြပါဦး အတွင်းကမ္ဘာမှာ တိုက်ပွဲကြီးဖြစ်နေပါတယ်" "ဘာ"

(408)တရားခံ

ဒိုင်လူကြီးသည်လည်း မြန်ဆန်စွာပင် အတွင်းကမ္ဘာဝင်ပေါက်အား သူ၏အစွမ်းဖြင့် ဖွင့်ပြီးဝင်ရောက်သွားလိုက်လေသည်။ ဝင်ရောက်လိုက်သည်နှင့် အထဲသို့ရောက်သော မျက်လုံးဆန်ပြူးဖြစ်သွားရလေ၏။ သူမြင်တွေ့လိုက်ရသည်ကတော့ ပါမောက္ခများ စာမေးပွဲစစ်ဆေးရာ အဆောက်ဦးများသည် လုံးဝပြိုကျပျက်စီးပြီး ပြားပြားဝပ်နေသောကြောင့် ဖြစ်သည်။ "ဘာတွေဖြစ်ပျက်နေတာလဲ" အတွေးပေါင်းများစွာက သူ့အား လွှမ်းခြုံသွားတော့၏။ သူမြင်ရနေသော ပါမောက္ခများသည်လည်း ၎င်းတို့၏တံဆိပ်ပြားများအသုံးပြုပြီး အတွင်းကမ္ဘာမှ ထွက်ခွာနေကြ၏။ ပုံမှန်အခြေနေ၌ ပါမောက္ခတစ်ယောက်သည် တံဆိပ်ပြားသုံးပါက ထိုသူသည် စာမေးပွဲကျသောကြောင့် သုံးခြင်းဖြစ်သလို စာမေးပွဲအား ဆက်လက်မဖြေလိုသောကြောင့်အတွက်သာ သုံးကြခြင်းဖြစ်၏။ ထိုသို့သုံးပါက ကျရှုံးကြောင်း ဖော်ပြသလိုလည်း အဓိပ္ပါယ်သက်ရောက်သည်ဖြစ်ရာ တော်ရုံအသုံးပြုသည်က ရှားပါး၏။ ယနေ့တွင်တော့ စာဖြေပါမောက္ခတိုင်းသည် တံဆိပ်ပြားအား အသုံးပြုကြပြီး အပြင်သို့ ဆက်တိုက်ဆိုသလို ထွက်ခွာနေကြသည်ဖြစ်သည်။ "ဘာတွေဖြစ်နေတာလဲ" ဒိုင်လူကြီးမှ မိမိအနား၌ရှိနေသော ပါမောက္ခတစ်ယောက်အား မေးလိုက်၏။ "ဒိုင်လူကြီး အခြေနေမကောင်းတော့ဘူး အတွင်းကမ္ဘာရဲ့သိစိတ်က ဖောက်သွားပြီ" "ဘာ" ထိုစကားကြောင့် ဒိုင်လူကြီး ဆွံအ မင်သက်သွား၏။ အတွင်းကမ္ဘာ၏သိစိတ်သာ ဖောက်ပြန်ပါက အလွန်တရာပင် အန္တရာယ်များလှပေ၏။ "ဝုန်း....ဝုန်း" ဆက်တိုက်ဆိုသလို ကြောက်မက်ဖွယ်ကောင်းသော အသံများ ဆက်တိုက်ကြားနေရသောကြောင့် ဒိုင်လူကြီးလည်း အသံလားရာ နေရာသို့ မြန်ဆန်စွာ သွားရောက်ကြည့်ရှုလိုက်၏။ မိုင်နှစ်ဆယ်မျှကွာဝေးသော်လည်း ခေတ္တအတွင်း၌ ချက်ချင်းဆိုသလို ရောက်ရှိသွား၏။ ရောက်ရှိသွားသည်နဲ့ ကြည့်ရှုလိုက်ရာ ထိတ်လန့်သွားရလေတော့၏။ "ဟေ" တစ်သက်တစ်ကိုယ် မမြင်ဖူးသော မြင်ကွင်းဖြစ်သောကြောင့် ပါးစပ်ပင်မစေ့နိုင်ပဲ အနည်းငယ်မျှ ငေးကြည့်မိသည်။ သူမြင်လိုက်ရသည်ကတော့ အတွင်းကမ္ဘာ၏သိစိတ်နဲ့ သံသတ္ထုအသွင်ရှိသော ရုပ်တုတို့ တိုက်ပွဲ ဆင်နွှဲနေကြသည်ဖြစ်သည်။ ထိုရုပ်တုအား တိုက်ခိုက်ရန်အတွက် သိစိတ်သည် အမြင့်ဆုံးသော ရုပ်ပိုင်းဆိုင်ရာအသွင်ပြင်ကိုယူထားပြီး ရုပ်ထုအား တိုက်ခိုက်နေသည်ဖြစ်သည်။ ၎င်းတို့၏လက်သီးထိုးချက်တစ်ချက်စီတိုင်းသည် တစ်မိုင်ပတ်ပတ်လည်ရှိ အရာဝတ္ထုများအား လုံးဝပျက်စီးသွားအောင် ဖိအားပေးနိုင်စွမ်းရှိနေ၏။ "ဝုန်း...ဝုန်း....ဝုန်း" ၎င်းတို့၏ထိုးချက်များသည် အလွန်တရာပင် ပြင်းထန်လှသည်ဖြစ်ရာ လေတိုးသံများပင် အဝေးမှ အတိုင်းသားကြားနေကြရ၏။ "သေပေတော့" တစ်မိုင်ခွဲမျှလွင့်စင်သွားသော သံရုပ်ထုမှ အသံထွက်လာပြီး သူ၏လက်ကို အတွင်းကမ္ဘာ၏သိစိတ်အား ထိုးဟန်ပြုလိုက်၏။ ထိုအခါ မြေပြင်ပေါ်၌ရှိနေသော အဆောက်ဦးများသည် ကြီးမားတောင့်တင်းလှသော ဧရာမလက်ကြီးအသွင်ပြောင်းသွား၏။ ထိုလက်ကြီးသည် လက်သီးဆုပ်ဟန်ပြုပြီး အတွင်းကမ္ဘာ၏သိစိတ်အား ထိုးချလိုက်၏။ အတွင်းကမ္ဘာ၏သိစိတ်ကလည်း ငြိမ်ခံနေခြင်းမရှိ မြေပြင်၌ရှိသော အဆောက်ဦးများအား ကြီးမားသော ခြေထောက်အသွင်ပြောင်းလဲစေပြီးလျှင် ထိုလက်သီးထိုးချက်အား ပြန်လည် ကန်စေ၏။ "ဝုန်း....ဝုန်း....ဝုန်း" ထိုးချက်နှင့်ကန်ချက်တွေ့သောအခါ ထိုထိတွေ့ချက်ကြောင့် လက်သီးနှင့်ခြေထောက်တို့သည် တစစီဖြစ်ကာ မြေပြင်ပေါ်သို့ ကျဆင်းလာလေ၏။ ထိုအခါမှ ဒိုင်လူကြီးလည်း အတွင်းကမ္ဘာ၌ အဆောက်ဦးများ တစစီဖြစ်ပျက်ရခြင်း၏ အကြောင်းရင်းကို တွေ့ရှိလိုက်သည်ဖြစ်သည်။ "စာမေးဖြေသူတွေ အကုန် အတွင်းကမ္ဘာကနေ အကုန်သွားကြပါ" ဒိုင်လူကြီးမှ အမိန့်ပေးလိုက်၏။ ထိုအခါ စာမေးဖြေသူအားလုံး အပြင်သို့ မြန်ဆန်စွာ ထွက်ခွာသွားကြ၏။ အားလုံးထွက်သွားသောအခါမှ ဒိုင်လူကြီးသည် ဆက်လက်ပြီး "အကူညီလိုပါတယ် အတွင်းကမ္ဘာမှာ သိစိတ်နဲ့ ရုပ်တုတစ်ခု အပြင်းထန်တိုက်ပွဲဖြစ်နေပါတယ် ဒီအတိုင်းဆက်သွားရင် အတွင်းကမ္ဘာပျက်စီးတော့ပါမယ်" ဒိုင်လူကြီးသည် သူ၏တံဆိပ်ပြားအသုံးပြုပြီး အကူညီတောင်းလိုက်လေသည်။ ဒိုင်လူကြီးသည် အစွမ်းထက်သည်ဆိုသော်လည်း ထိုတိုက်ပွဲအား ငြိမ်းသက်ရန် မစွမ်းဆောင်နိုင်ပါချေ။ လက်ရှိတိုက်ခိုက်သူများသည် အတွင်းကမ္ဘာအား ပိုင်စားရသော သိစိတ်နဲ့ အလွန်တရာထူးဆန်းသော ရုပ်ထုဖြစ်၏။ နှစ်ယောက်လုံးသည် အတွင်းကမ္ဘာ၌ရှိနေသော အရာများအား လွယ်ကူကျွမ်းကျင်စွာ အသုံးချပြီး တိုက်ခိုက်နေကြသည်လည်းဖြစ်၏။ အိမ်ကွင်း၌တိုက်ခိုက်နေသော နှစ်ယောက်အား ဒိုင်လူကြီးအနေဖြင့် သွားရောက်ပါဝင်တိုက်ခိုက်ရဲခြင်းမရှိပေ။ အခန့်မသင့်ပါက မိမိ၏အသက်ပါ ပေးရနိုင်သည်လည်းဖြစ်၏။ "ကျုပ်ရောက်လာပြီ" ထိုအသံပိုင်ရှင်အား ဒိုင်လူကြီးကြည့်လိုက်ရာ "ဟာ ဌာနမှူး" ဒိုင်လူကြီး အံအားသင့်သွား၏။ လက်ရှိဖြစ်ပျက်နေသောပြသနာသည် ဌာနမှူးပင် ပါဝင်လာမည်ဟု မတွေးမိသောကြောင့် ဖြစ်သည်။ ကျောင်း၌ရှိနေသောပြသနာအများစုသည် မည်မျှပင်ကြီးမားနေပါစေ ဌာနမှူးကိုယ်တိုင် ကိုယ်ကျ ပါဝင်ရသည်အထိ မရှိခဲ့ဖူးသောကြောင့် ဖြစ်၏။ ဌာနမှူးသည် လေထဲ၌ ပျံသန်းနေပြီး အဖြူရောင်ဝတ်စုံကို သန့်ရှင်းသပ်ရပ်စွာ ဝတ်ဆင်ထား၏။ သူ၏ရှည်လျားသော ဆံသားအဖြူရောင်များကလည်း လေထဲ၌ လွှင့်နေ၏။ထိုမြင်ကွင်းသည် အတော်လေးပင် ကြည့်၍ကောင်းကြောင်း ဒိုင်လူကြီးဝန်ခံရမည်ဖြစ်သည်။ "တော်တော်လေး ကြီးတဲ့ပြသနာပဲ အတွင်းကမ္ဘာသိစိတ် အနေနဲ့ အခြေနေတော်တော်လေးဆိုးနေပြီ သူရဲ့အတွင်းကမ္ဘာကို​တောင် 65%ပဲ ပိုင်ဆိုင်တော့တာပါလား" ဌာနမှူး၏စူးရှသောအမြင်နှင့် သုံးသပ်ချက်ကြောင့် ဒိုင်လူကြီး မျက်လုံးပြူးသွား၏။ထိုသုံးသပ်ချက်အရဆိုလျှင် သံရုပ်ထုသည် ပေါ့သေးသေးမဟုတ်ကြောင်း သိလိုက်ရ၏။ "အတွင်းကမ္ဘာရဲ့သိစိတ်က အခုချိန်မှာ တော်တော်လေး လွတ်နေပြီ သူ့ရဲ့ပိုင်ဆိုင်မှု ဆုံးရှုံးသွားတာကြောင့် ပြန်ရဖို့အတွက် တိုက်ခိုက်တာကိုပဲ လုပ်နေတယ် ကျန်တာမသိတော့ဘူး... နေပါဦး သံရုပ်ထုမှာ ဘယ်လောက်တောင်များနေတဲ့ လိပ်ပြာသိစိတ်ကြီးလဲဟ" ဌာနမှူး၏အမြင်၌ ဖုံးကွယ်၍မရနိုင်ပဲ သံရုပ်ထု၏သိစိတ်ကို အတိုင်းသားမြင်လိုက်ရသည်ဖြစ်၏။ "ဒီတိုင်းဆိုမဖြစ်ဘူး" ဌာနမှူးသည် ချက်ချင်းပင် လှုပ်ရှားလိုက်၏။ "တိုက်နေတဲ့ နှစ်ယောက် ငါ့အမိန့်နာခံစေ ချက်ချင်းရပ်" ထိုစကားဆုံးသည်နှင့် တိုက်ခိုက်နေကြသော သိစိတ်နှင့် ရုပ်ထုသည် ချက်ချင်းပင် တိုက်ခိုက်နေရင်းမှ ရပ်တန့်သွားကြ၏။ သူတို့နှစ်ယောက် ထိုစကားကို လိုက်နာမိသောကြောင့် ရပ်တန့်သွားရခြင်းမဟုတ်ပဲ ထိုစကားအတိုင်းထွက်ပေါ်လာသော မဖော်ပြနိုင်သော အရှိန်အဝါတစ်ခုက ၎င်းတို့အား ထပ်မံတိုက်ခိုက်၍မရနိုင်စေရန် တင်းကျပ်စွာ ချုပ်နှောက်ဖမ်းဆီးလိုက်သောကြောင့် ဖြစ်၏။ "ဟင် တော်တော်လေး အားကောင်းနေတယ်ပေါ့" မိမိ၏စကားကြောင့် အတွင်းကမ္ဘာ၏သိစိတ်မှာ မလုပ်နိုင်တော့သော်လည်း သံရုပ်တုသည် ထိုစကား၏အရှိန်အဝါအား ဖျက်စီးရန် ကြိုးစားအားထုတ်နေကြောင်း ဌာနမှူးတစ်ယောက် တွေ့ရှိလိုက်၏။ "ပျောက်ကွယ်လိုက်တော့" စကားရွတ်ဆ်ိုသည်နှင့် သံရုပ်တု၏သိစိတ်သည် ချက်ချင်းပင် ပျောက်ကွယ်လုမတတ်ဖြစ်လာ၏။ ထိုပျောက်ကွယ်လုဖြစ်ခါနီး၌ သိစိတ်သည် ချက်ချင်းပင် ဖောက်ခွဲပစ်လိုက်တော့၏။ ဌာနမှူးသည်လည်း ထိုသို့လုပ်ကြောင်း ရိပ်မိသည်နှင့် ချက်ချင်းပင် " အကာကွယ်နဲ့ ဖုံးထားလိုက်စမ်း" ပေါက်ကွဲသွားသောပြင်းအား အတွင်းကမ္ဘာအား 30%ထိ ထိခိုက်ပျက်စီးစေနိုင်သော်လည်း ဌာနမှုး၏အမိန့်ကြောင့် ဖြစ်ပေါ်လာရသော အရံအတားကြီး၏အကာကွယ်ကွန်ရက်၌ ထိခိုက်ခြင်းမရှိတော့ပဲ သေးငယ်ပျောက်ကွယ်သွားရတော့၏။ သံရုပ်တု၏သိစိတ်ပျောက်ကွယ်သွားသောအခါမှ အတွင်းကမ္ဘာ၏သိစိတ်က ပြန်လည်အသက်ဝင်လာတော့၏။ "တော်သေးတယ် နောက်ဆုံးတော့ ငါနိုင်လိုက်ပြီ" သံရုပ်တု၏သိစိတ်မရှိတော့သည်နှင့် အတွင်းကမ္ဘာ၏သိစိတ်လည်း ဖောက်နေရာမှ ပြန်လည်ကောင်းမွန်လာပြီး မူလအခြေနေသို့ ပြန်လည်ရောက်ရှိလာ၏။ "ဟင် ဌာ...ဌာနမှူးပါလား" မိမိရှေ့၌ရှိသူအား တွေ့လိုက်ရသောကြောင့် အတွင်းကမ္ဘာ၏သိစိတ်သည် လန့်ဖြတ်သွားသည်။ ဌာနမှူးကတော့ သူ၏ဟန်ပန်အတိုင်းပင်တည်​ငြိမ်စွာရပ်နေရင်း "ဒီကိစ္စရဲ့တရားခံက ဘယ်သူလဲ"

All Chapters