← Chapters

အခန်း (၄၀၉-၄၁၁)

Vol. 28 Ch. 409-411

အခန်း (၄၀၉-၄၁၁)

Vol. 28 Ch. 409-411

(409)ရန်စသူ

"ကျန်းရွှမ်တော့ မဟုတ်မလား" ဒိုင်လူကြိီးမှ အတွင်းကမ္ဘာ၏သိစိတ်အား မြန်ဆန်စွာမေးလိုက်၏။ ထိုအခါ အတွင်းကမ္ဘာ၏သိစိတ်သည် မျက်လုံးပြူးကျယ်လာပြီး "ဘယ်..ဘယ်လိုသိတာလဲ" ..................

အပြင်ဘက်တွင်တော့ "ဘာတွေ ဖြစ်နေကြတာလဲ" အပြင်၌ ရှိနေကြသော အားပေးသူများသည် ဒိုင်လူကြီး၏မြန်ဆန်သည့် အရှိန်ဖြင့် အတွင်းကမ္ဘာထဲပြေးဝင်ခြင်းနှင့် အပြင်သို့များပြားစွာထွက်လာကြသော စာဖြေပါမောက္ခများကြောင့် အတွေးများ ရှုပ်ထွေးသွားကြ၏။ ထပ်ပြီးရှုပ်ထွေးစေသည့် အကြောင်းရင်းကတော့ တွေ့မြင်နိုင်ရန် အလွန်ရှားပါးလှသော ပညာတက္ကသိုလ်၏ဌာနမှူးတစ်ယောက် သည် အတွင်းကမ္ဘာထဲသို့ မြန်ဆန်စွာ ဝင်ရောက်သွားသောကြောင့်ဖြစ်၏။ "ဘာတွေဖြစ်ကုန်ပြီလဲဟ" များစွာသော အတွေးပေါင်းများစွာက ကြည့်ရှုအားပေးသူများအပေါ် လွှမ်းခြုံနေတော့၏။ "လခွမ်း တကယ်ကြီးဖြစ်ကုန်ပြီထင်တယ်" လောင်းကစားဒိုင်ကုလောင်းတစ်ယောက် ချွေးစီးများ ပြန်လာလေ၏။ လက်ရှိဖြစ်ပျက်နေသောအခြေနေသည် ပညာတက္ကသိုလ်၏ဝင်ခွင့်စာမေးပွဲများ၌ ဖြစ်​တောင့်ဖြစ်ခဲသော အဖြစ်ပျက်တစ်ခုဖြစ်လာခဲ့လေ၏။ ထိုအဖြစ်ပျက်ကပင် သူ့အား ဂျိတ်ထိုးထားသော လောင်းကြေးကို တွေးမိစေပြီး ကျောချမ်းလာလေတော့၏။ ထိုးကြေး၏တစ်ရာဆ သည် သေးငယ်ခြင်းမရှိပေ။ အဆင့်မြင့်ချီကျောက်တုံး သိန်းတစ်ရာ သည် နည်းနည်းနောနောပမာဏ မဟုတ်ပေ။ထိုပမာဏသည် အလွန်ပင် များပြားလှသောကြောင့် သူတစ်ယောက်တည်း တတ်နိုင်မည်မဟုတ်သောကြောင့် သူ၏အထက်သို့ လှမ်းဆက်သွယ်အကြောင်းကြားရတော့၏။ "ဟုတ် သခင်မ အဖြစ်ပျက်တော့ ဒီလိုတွေဖြစ်ပျက်​ သွားပါတယ်" ကုလောင်းသည် ဖြစ်စဥ်အားလုံးအား မချွင်းမချန်ပဲ ရှင်းပြပြောဆိုလိုက်၏။ ကျန်းရွှမ်၏သာလွန်လှသောရမှတ်များနှင့်တကွ လက်ရှိဖြစ်ပျက်နေသော အကြောင်းရာကိုပါ သတင်းပေးလိုက်ခြင်းဖြစ်သည်။ လက်ရှိအဖြစ်ပျက်သည် ကျန်းရွှမ်ကြောင့်ဟု မသေချာမရေရာသေးသော်လည်း ရှေ့၌ပြသထားသော ရလာဒ်များက သူဖြစ်ကြောင်း ရာခိုင်နှုန်းများပြားစေသောကြောင့်ဖြစ်၏။ "တကယ်လို့ သူဖြစ်ခဲ့တယ်ဆိုရင်လည်း သူရမဲ့လောင်းကြေးအတိုင်းပေးလိုက်ပါ ကျန်တာငါကြည့်လုပ်လိုက်မယ်"" ထိုစကားကြားမှ ကုလောင်းတစ်​ယောက် အသက်ဝ ဝရှုနိုင်တော့၏။ ရင်ပြင်ပေါ်၌ စာဖြေပါမောက္ခတစ်ခုသည် စုဝေး၍နေနေကြ၏။ "ခင်ဗျားအဆင်ပြေလား " "အဆင်ပြေတယ် ခင်ဗျားရော" စာဖြေသူပါမောက္ခအချင်းချင်းလည်း မမျှော်လင့်ပဲ ဖြစ်ပေါ်လာသောအဖြစ်ပျက်ကြောင့် ထိတ်လန့်တုန်လှုပ်နေကြလေ၏။ အတွင်းကမ္ဘာအတွင်းမှာ ထိုမျှပြင်းထန်လွန်းလှသော ဖြစ်ရပ်ဖြစ်လာမည်ဟု သူတို့တွေးထင်ထားမိမည်မဟုတ်ပေ။ ("ဒါ ငါနဲ့မဆိုင်ပါဘူးလေ ") ထိုအတွေးတွေးနေသူကတော့ တခြားသူမဟုတ် ထို ဖြစ်ရပ်အား ဖြစ်ပေါ်အောင်ဖန်တီးခဲ့သော ကျနော်တို့၏အဖျက်စီး နတ်ဘုရားကြီး ကျန်းရွှမ်သာဖြစ်ပေသည်။ သူ့အနေဖြင့် စိတ်စွမ်းအားများစွာဖြည့်တင်းထားသော သံရုပ်ထုအား စစ်ဆေးရန်အတွက် စတင်အသက်သွင်းလိုက်သောအခါ ထိုသို့ဖြစ်လာမည်ဟု သူလည်း မထင်မှတ်ထားပေ။ သံရုပ်ထုအား ထည့်သွင်းထားသော လိပ်ပြာစိတ်ဝိညာဥ်အား အသက်သွင်းလိုက်သည်နှင့် အစပိုင်း၌ သံရုပ်တု၏သွားလာလှုပ်ရှားမှုများ ပြသနေသေးသည်ဖြစ်သည်။ ထိုသို့ပြသနေရင်း၌ ရုတ်ခြည်းဆိုသလို အတွင်းကမ္ဘာ၏သိစိတ်က ရုတ်တရက်တိုက်ခိုက်မည်ဟု မထင်မှတ်ထားမိပေ။ ထိုသို့တိုက်ခိုက်မှုကြောင့် သံရုပ်တုသည်လည်း ငြိမ်ခံနေခြင်းမရှိ ချက်ချင်းပင် သိစိတ်အား ပြန်လည်တိုက်ခိုက်၏။ ထိုသို့တိုက်ခိုက်ရာမှ လက်ရှိအဖြစ်ပျက်ကို ဖြစ်ပျက်စေခဲ့သည်လည်းဖြစ်ပေသည်။ ..................... "ဟိုမှာ ပြသနာကောင်" ဒိုင်လူကြီးသည် ဌာနမှူးနှင့်အတူ အတွင်းကမ္ဘာမှ ထွက်လာပြီး ကျန်းရွှမ်အား မြင်သည်နှင့် ချက်ချင်းပင် ပြောဆို၏။ "ထားလိုက် အဲ့ဒါက သူ့ကြောင့်မဟုတ်ဘူး" ဌာနမှူးလည်း ဒိုင်လူကြီးအား တားရ၏။ အတွင်းကမ္ဘာ၏သိစိတ်အား မေးမြန်းပြီး ဖြစ်ပျက်ခဲ့သည်များကို သူ၏အစွမ်းသုံးပြီး နောက်ပြန်ရစ်ကြည့်ရှုလိုက်၏။ ကြည့်ရှုရာတွင်လည်း မြင့်လွန်းသောအမြန်နှုန်းဖြင့် ကြည့်ရှုသည်ဖြစ်ရာ အချိန်တိုတွင်း၌ ဖြစ်ပေါ်ရသည့်အကြောင်းရင်းကို သိရှိလိုက်ရသည်ဖြစ်သည်။ ထိုအခါ အတွင်းကမ္ဘာသိစိတ်၏လုပ်ရပ်များအကြောင်းပေါ်ပေါက်လာလေ၏။ ထိုမြင်ကွင်းများကို မြင်ရသောအခါ ဌာနမှူးပင် အလွန်အံအားသင့်သွား၏။ ဘာသာတိုင်းအား အမှားယွင်းမရှိ မြန်မြန်ဆန်ဆန်ဖြေဆိုသော ကျန်းရွှမ်အား အံသြမင်သက်မိသွား၏။ အထူးသဖြင့် ကျန်းရွှမ်သည် ပါမောက္ခအယောက်ငါးရာစာစိတ်စွမ်းအင် လိုအပ်သော သံရုပ်တုကြီးကိုလည်း တစ်ယောက်တည်းအသက်သွင်းနိုင်ရုံတင်မက အတွင်းကမ္ဘာ၏နေရာများကိုပင် စိတ်စွမ်းအား ဖြည့်တင်းကြောင်း တွေ့ရှိရသောအခါ မည်သို့ချီးကျူး ရမှန်းပင်မသိဖြစ်သွား၏။ ကျန်းရွှမ်၏စိတ်စွမ်းအား ဖြည့်တင်းမှုကြောင့် သံရုပ်တုသည် အသက်ဝင်လာရုံသာမက ကျန်းရွှမ်၏စိတ်စွမ်းအားဖြည့်တင်းခြင်းခံထားရသော အတွင်းကမ္ဘာ၏နေရာများကိုပါ အပိုင်စားချုပ်ကိုင်နိုင်သွားသည်ဖြစ်၏။ ထို့ကြောင့် အတွင်းကမ္ဘာ၏သိစိတ်သည် မိမိပိုင်ဆိုင်သော နေရာအား သံရုပ်တုမှ အပိုင်စီးထားသည်ဟု ခံစားမိသည်နှင့် သူ၏စိတ်လွတ်ထွက်သွားပြီး ယခုကဲ့သို့ ဖြစ်သွားခြင်းဖြစ်သည်။ သိစိတ်သည် ကျန်းရွှမ်အား ပညာပေးသည်ဖြစ်သော်လည်း ကျန်းရွှမ်၏လုပ်ရပ်ကြောင့် သိစိတ်ကသာ အကြီးကျယ် ထိခိုက်သွားရသည်ဖြစ်သည်။ လက်ရှိအခြေနေ၌ သိစိတ်သည် သူ၏ကမ္ဘာမှ 30%နီးနီး ထိခိုက်သွားသည်ဖြစ်သောကြောင့် ပညာတက္ကသိုလ်မှ ထောက်ပံမှုမရှိလျှင် နှစ်ငါးရာမျှအထိ ကိုယ့်ဘာသာကိုယ် ပြန်လည်ကုစားရမည်ဖြစ်၏။ ဌာနမှုး၏နောက်ဆုံးသောအခွင့်ရေးကို ရရှိပြီးနောက် သိစိတ်သည် ဆယ်နှစ်တာ ကာလဖြင့် ပကတိအတိုင်း ပြန်လည်ကောင်းမွန်လာတော့မည်ဖြစ်သည်။ သတိပေးချက်အနေဖြင့်ဝင်ရောက်ဖြေဆိုလာသောသူများအား ထိုသို့မလုပ်ရန်လည်း သိစိတ်မှ ပြောပြခြင်းခံရသည်ဖြစ်သည်။ ဒိုင်လူကြီးနှင့်အတူ ဌာနမှုးအတွင်းကမ္ဘာမှ ထွက်လာသည်နှင့် အားလုံး၏အကြည့်က သူတို့ထံရောက်ရှ်ိသွား၏။ "အခုလို အဖြစ်ပျက်မမျှော်လင့်ပဲ ဖြစ်လာလို့ အားလုံးကိုတောင်းပန်ပါတယ် ဒါကြောင့် ဒီစစ်ဆေးမှုမှာလေးရာသာ ​အောင်တယ်ဆိုပင်မဲ့ အထူးအခွင့်ရေးအနေနဲ့ ရမှတ်အလိုက်စီစဥ်ပြီး ခြောက်ရာအထိ အောင်ခွင့်ပေးပါမယ်" အထက်ပါပြောဆိုမှုနှင့်အတူ ထိုသို့ဖြစ်ပေါ်ရခြင်းကိုလည်း ဌာနမှူးမှ ဆက်လက်ပြီး အကျဥ်းချုပ်ရှင်းပြ၏။ ထိုသို့ရှင်းပြသည်ဖြစ်သော်လည်း ပါမောက္ခများသည် ဆရာ့ဆရာကြီးများဖြစ်ကြရာ အကြောင်းရင်းအစုံကို သိရှိသွားကြ၏။ ("ဒီကောင် ကျန်းရွှမ်က လူ့ဘီလူးပဲ") ဖြစ်စဥ်အားသိရှိပြီးကြသည်နှင့် ကျန်းရွှမ်အနား၌ ရှိကြသော ပါမောက္ခများပင် အဝေးသို့ ဖဲခွာသွားကြ၏။ ကျန်းရွှမ်ကတော့ မထူးမခြားနား ဖြစ်နေကြအမှုရာဖြင့်သာ တည်ကြည်ကာရှိနေလေ၏။ "ကောင်းပြီ ဖြစ်ပျက်သွားတာတွေအတွက် အောင်မြင်သွားတဲ့ အယောက်ခြောက်ရာကို အပိုဆုအနေနဲ့ အမှတ်တွေ အပိုပေးထားပါတယ် တတိယအဆင့်ကို အောင်မြင်အောင်လုပ်ကြပါ ဒါဆိုရင် ဒီရမှတ်တွေ ပညာတက္ကသိုလ်မှာ အသုံးဝင်လာပါလိမ့်မယ်" ဌာနမှူးသည် ထိုသို့ပြောဆိုပြီးသည်နှင့် လူမြင်ကွင်းရှေ့မှ ချက်ချင်းပျောက်ကွယ်သွားလေ၏။ "ဝိုး" လူများသည်လည်း ဌာနမှူးအား ကြုံတောင်ကြုံခဲ မြင်လိုက်ရသောကြောင့် ဆူညံပွက်လောရိုက်နေကြ၏။ ပညာတက္ကသိုလ်၏စစ်ဆေးပွဲများတစ်ရာရှိလျှင်ပင် ဌာနမှူးအား မြင်နိုင်ရန်အလွန်ပင် ခဲယဥ်း၏။ ပညာတက္ကသိုလ်၏ ဌာနမှူးများသည် အလွန်တရာပင် စွမ်းအားကြီးမားလှပြီး ကြီးမားသော ဂြိုလ်ကြီးတစ်လုံးကို အသက်ရှုချိန်နှစ်ရှိုက်စာအတွင်း ဖျက်စီးနိုင်ကြသည်အထိ လုပ်ဆောင်နိုင်သည်ဟု ကောလဟာလများလည်းရှိကြသောကြောင့် ထိုသို့ဖြစ်ပျက်နေသည်ဖြစ်သည်။ လက်ရှိအချိန်၌ သူတို့သည် မျက်မြင်ထင်ရှားစွာ ဌာနမှူးတစ်ယောက်ကို မြင်တွေ့လိုက်ကြရသည်ဖြစ်သောကြောင့် အလွန်ပျော်ရွှင်နေကြ၏။ "အောင်မြင်သူများကို စာရင်းပြထားပေးပါတယ် အဲ့ဒီပါမောက္ခတွေက မနက်ဖြန်ကျရင် မိမိတို့ရဲ့တပည့်တွေခေါ်ဆိုလာပြီး စာမေးပွဲလာဖြေပေးကြပါ ဒီနေ့အတွက် ပြီးဆုံးပါပြီ" ဒိုင်လူကြီးမှ ပြောဆိုပြီးသည်နှင့် ပိတ်သိမ်းလိုက်၏။ထိုအခါ ဒုတိယအဆင့်အောင်မြင်ကုန်သော ပါမောက္ခများသည် တတိယအဆင့်အောင်မြင်နိုင်ရေးအတွက် မိမိတို့၏သက်ဆိုင်ရာ တပည့်များထံသို့ သွားကြလေ၏။ ကျရှုံးသွားသော ပါမောက္ခများနှင့် ပွဲကြည့်ပရိတ်သတ်တို့ကတော့ မနက်ဖြန်၌ မည်သို့မည်ပုံဖြစ်မည်ကို ပြန်ရင်းဆွေးနွေးနေကြလေ၏။ ဂျိတ်ကလည်း မိမိ၏လောင်းကြေးအနိုင်ရသည်ဖြစ်ရာ အယ်မလီလေးအား ပွေ့ချီပြီး လောင်းကစားဒိုင်ကုလောင်းထံ ဦးတည်သွားလေ၏။ "ကျုပ်နိုင်တယ် ဟုတ်တယ်ဟုတ်" "ဟုတ်ပါတယ်ဗျ ဒါပေမဲ့ ခင်ဗျားရဲ့အနိုင်ရတဲ့ အဆင့်မြင့်ချီကျောက်တုံးကို ခင်ဗျားရဲ့အထက်က စစ်သည်တော်ဆိုတဲ့လူက ယူသွားပါတယ်" ဂျိတ်လည်း ကုလောင်း၏ပြောစကားကြောင့် ဘေးပတ်ဝန်းကျင်အား လှည့်ကြည့်ရာ မိမိအား ကြည့်နေသော သူတစ်ယောက်ရှိကြောင်းတွေ့ရလေ၏။ ထိုလူသည် သူ၏ချပ်ဝတ်တန်ဆာများ၌ မီးများတောက်လောင်နေပြီး တောင့်တင်းသောကိုယ်ခန္ဓာရှိ၏။ သူ၏လက်တွင် စွပ်ထားသော လက်စွပ်သည် မိမိ၏အနိုင်ရလောင်းကြေးထည့်ထားသည်ကိုလည်း ဂျိတ် သတိထားမိလိုက်လေ၏။ "ဘာကြောင့် ခင်ဗျားက ကျုပ်ရဲ့လောင်းကြေးကို ယူထားရတာလဲ" ဂျိတ်၏အမေးကြောင့် "ဒီမယ် ငါသတင်းစုံစမ်းထားပြီးပြီ သတင်းအရမင်းနာမည်ဟာ ငါတို့ရဲ့စစ်သည်တော်မျိုးနွယ်စုထဲမှာ မရှိဘူး ဒါကြောင့် မင်းက ငါတို့စစ်သည်တော်မျိုးနွယ်ရဲ့ အောက်ဆုံးအဆင့်မှာရှိတဲ့လူညံမျိုးနွယ်စုကပဲ ဖြစ်ရမယ် ပြီးတော့ စစ်သည်တော်မျိုးနွယ်စုရဲ့ဥပဒေအရ အထက်မျိုးနွယ်စုက သူဟာ အောက်မျိုးနွယ်စုက သူရဲ့ပိုင်ဆိုင်မှုကို သိမ်းဆည်းနိုင်ခွင့်ရှိတယ် ဒါကြောင့် မင်းရဲ့အနိုင်ရလောင်းကြေးကို ငါယူခွင့်ရှိတယ်" ဂျိတ်ကလည်း သူ၏ရှည်လျားသော စကားအား နားထောင်နေသေး၏။ ထိုသူကလည်း ရပ်တန့်ခြင်းမရှိပဲ "ပြီးတော့ မျိုးနွယ်စုရဲ့ဉပဒေအရ အောက်မျိုးနွယ်စုက လူဟာ အထက်မျိုးနွယ်စုက လူအမိန့်ပေးတာက နာခံရတယ် ဒါကြောင့် အခုငါမင်းကို အမိန့်ပေးတယ် အစွမ်းထက်တဲ့ခန္ဓာပိုင်ရှင်ဖြစ်တဲ့ မင်းရဲ့သမီးကို ငါလက်ထဲလွှဲလိုက် ဒါဆိုရင် မင်းရဲ့အနိုင်ရလောင်းကြေးကို ပြန်ပေးမယ် အဲ့လောင်းကြေးနဲ့ နောက်ထပ်သမီးလေးတစ်ယောက်ထပ်မွေးပြီး ဘဝကို အေးအေးဆေးဆေးဖြတ်သန်းပေါ့ကွာ" ထိုစကားများကြောင့် ဂျိတ်၏မျက်နှာသည် အနည်းငယ်တင်းမာလာလေတော့၏။ ထိုမြင်ကွင်းအား မြင်ပြီးကြားမိလိုက်သော ကျန်းရွှမ်သည် လေပေါနေသော စစ်သည်တော်အား ကြည့်လိုက် ဂျိတ်၏မျက်နှာအနေထားအား ​ ထပ်ရှိုးပြီး "ဂျိတ်ကို ရန်စနေပြန်ပြီ ဒီကောင်တော့ အသက်တောင်ရှင်နိုင်ပါ့မလား" ကျန်းရွှမ်သည် ထိုစစ်သည်တော်အတွက် စိတ်ထဲ၌ ရေစက်ချအမျှဝေပေးလိုက်ပြီဖြစ်သည်။

(410) ပွဲ ကြမ်းနေသော ဂျိတ်

ဂျိတ်လည်း ထိုသူ၏စကားဆုံးသည် ချက်ချင်းပင် လှုပ်ရှားလိုက်၏။ "ဖြောင်း" ပြင်းထန်သော ရိုက်ချက်သံကြောင့် လူများစွာက ဂျိတ်အား ကြည့်လိုက်ကြ၏။ ဂျိတ်သညိ ပါမောက္ခတစ်ထောင်ကိုပင် အားမနာတမ်းရိုက်လာသူဖြစ်ကြောင်း သိလိုက်ကြသည်နှင့် မိမိတို့လုံးဝမမြင်သကဲ့သို့ အသာလေးရှောင်ကာ ထွက်သွားကြလေသည်။ ဂျိတ်သည် ကလေးပွေ့လျက်ဖြင့်ပင် စစ်သည်တော်အနားသို့ မြန်ဆန်သောအရှိန်ဖြင့် ပြေးပြီး ပါးပိတ်ရိုက်လိုက်ကြောင်း ကျန်းရွှမ်တွေ့လိုက်ရ၏။ "ရော့ သမီးလေးကို အိမ်ပြန်ပို့ပေးပါဦး ဆုံးမစရာရှိသေးလို့" ဂျိတ်သည် အယ်မလီလေးအား ကျန်းရွှမ်လက်ထဲသို့ ထည့်ပေးပြီးသည်နှင့် သူ၏ကြိမ်လုံးလေးအား ထုတ်ကာ ကိုင်ဆောင်ပြီး လွင့်ထွက်သွားသော ရန်စရဲသော စစ်သည်တော်ရှိရာသို့ လမ်းလျှောက်သွားလေ၏။ ပါးရိုက်စဥ်၌ အဝေးသို့ရှောင်ဖယ်သွားကြသော လူများသည် ဂျိတ်တစ်ယောက် သူ၏ကြိမ်လုံးထုတ်သည်ကို မြင်သည်နှင့် ဆောင်ကြာမြိုင်​တေဇာဓာတ်ခကဲ့သို့ အသည်းအသန်ပြေးလွှားကြလေတော့၏။ "ပြေးနိုင်မှ လွတ်မယ်ဟေ့" မျက်စိတစ်မှိတ်အတွင်း၌ ဂျိတ်နှင့် ထိုစစ်သည်တော်တို့သာ ရင်ပြင်ပေါ်၌ ကျန်ရှိနေတော့၏။ "အောက်တန်းစားစစ်သည်မင်းကများ ရာရာစစ " ဂျိတ်၏ရိုက်ချက်ကြောင့် လွင့်စင်သွားသော စစ်သည်တော်သည် ပြန်လည်ထလာပြီး ဂျိတ်အား ဒေါသတကြီးကြည့်ရှူနေ၏။ သူ၏ကိုယ်ခန္ဓာမှ ချပ်ဝတ်တန်ဆာသည်လည်း မီးလျံများပိုမိုတောက်ပလာလေတော့၏။ "ဝုန်း" ထိုမီးတောက်နေသော စစ်သည်တော်မှ လျင်မြန်သောအရှိန်ဖြင့် ဂျိတ်ထံပြေးဝင်လာပြီး တိုက်ခိုက်လိုက်လေတော့၏။ ဂျိတ်ကလည်း သူ၏ကြိမ်လုံးဝှေ့ကာ ယမ်းကာ ပြန်ကာကွယ်၏။ "ဝုန်း....ဝုန်း" ဂျိတ်၏ကြိမ်လုံးနှင့် ထိုစစ်သည်တော်၏မီးတောက်လက်သီးတို့ တွေ့ဆုံတိုက်တိုင်း ကြောက်ခမန်းလိလိအသံကြီး ထွက်ပေါ်လာလေတော့၏။ "ကျနော်တို့ အရေးယူသင့်လား" ပညာကတက္ကသိုလ်မှ ပါမောက္ခတစ်ယောက်မှ ဒိုင်လူကြီးဖြစ်သူအား မေး၏။ "မလုပ်နဲ့ ငါတို့အရေးမယူသင့်ဘူး သူတို့နှစ်ယောက်က ငါတို့တက္ကသိုလ်က မဟုတ်ရုံတင်မက ပါမောက္ခလည်းမဟုတ်ကြဘူး စစ်သည်တော်တွေ သူတို့ကိစ္စသူတို့ဘာသာ ရှင်းပါစေ" ထိုစကားကြောင့် ပါမောက္ခများသည်လည်း ထိုရန်ပွဲသို့ဝင်တားခြင်းမရှိပဲ ကြည့်ရှုနေကြတော့၏။ ဂျိတ်နှင့် ထိုစစ်သည်တို့၏တိုက်ခိုက်မှုသည် အလွန်ပြင်းထန်သောကြောင့် ရင်ပြင်ရှိ ကျောက်ပြားများပင် အနည်းငယ် အစင်းကျားများထင်လာလေတော့၏။ "ဒီကောင်ဘာကောင်လားဟ" မီးတောက်နေသော စစ်သည်တော်သည် သူ၏လက်သီးများအနည်းငယ်နာကျင်စပြုလာကြောင့် ခံစားမိ၏။ "မဟူရာမီးလက်သီး" မီးတောက်မီးလျံများအား လက်သီး၌စုဝေးပြီး ဂျိတ်၏ရင်ဘတ်အား ထိုးချလိုက်၏။ မီးတောက်စစ်သည်၏ထိုးချက်သည် အလွန်ပြင်းထန်လှသော မီးအရှိန်ပါဝင်သည်ဖြစ်ရာ အထိုးခံရသည့်လူသည် ချက်ချင်း အတွင်းအင်္ဂါများ လောင်ကျွမ်းပျက်စီးပြီး သေနိုင်အထိ ပြင်း၏။ ဂျိတ်လည်း အားကျမခံ "အတိတ်အား တမ်းတခြင်း" ထိုအကွက်နှင့်အတူ သူ၏ကြိမ်လုံးအား လွှဲရိုက်လိုက်၏။ ထိုအကွက်ကိုသုံးသည်နှင့် ကြိမ်လုံးလေး၌ ဆူးလေးမှာ ထွက်လာလေ၏။ "ဖြောင်း" "အား" မီးလျံလက်သီးသည် ဆူးကြိမ်လုံး၏ရိုက်ချက်ကြောင့် မီးငြိမ်းသွားရပြီး လက်သီးတွင်လည်း သွေးများဖြာခနဲ ကျဆင်းလာ၏။ ဤသည်မှာ လက်သီးနှင့် ကြိမ်လုံးထိမိသည်နှင့် လက်သီးတွင် ဆူးများက အသားထဲထိ ထိုးစိုက်ပြီး ကြိမ်လုံးအား နောက်သို့ ပြန်ရုတ်သည့်အခါတွင် အသားအား ပဲ့ပါသွားစေရန် ပြုလုပ်သလို ဖြစ်သွားပြီး သွေးများထွက်ကျစေခဲ့သည် ဖြစ်သည်။ မီးတောက်စစ်သည်တော် ဒေါသထွက်သွား၏။ အနီကောင်သည် သူ၏လက်အား သွေးထွက်စေသောကြောင့် ဖြစ်၏။ သူသည် သာမန်လူမဟုတ်ပဲ တိုက်ပွဲများစွာအား တိုက်ခိုက်ခဲ့သော စစ်သည်ဖြစ်၏။ များစွာသောတိုက်ပွဲတိုက်ခိုက်ခဲ့ပြီး များစွာသော ဒဏ်ရာများလည်း ရရှိဖူး၏။သေလုမတတ် ဒဏ်ရာရစဥ်ကလည်း မငိုကြွေးသလို တောင့်ခံခဲ့၏။ သို့သော်လည်း လက်ရှိ၌ ဂျိတ်၏လက်ထဲ၌ရှိသော ကြိမ်လုံး၏ရိုက်ချက်သည် စူးရှပြီး အလွန်တရာနာကျင်စေရန် အဆက်မပြတ်ဖိအားပေး နေကြောင်း ခံစားမိ၏။ "မင်း...သိပ်ဟုတ်နေတယ်ပေါ့..." မီးတောက်စစ်သည်တော်သည် ဒေါသတကြီးအော်ပြောပြီးသည်နှင့် သူ၏သိုင်းကွက်ကို ထုတ်သုံးလိုက်တော့၏။ "မဟူရာ မီးကျား" ထိုသိုင်းကွက်ထုတ်သုံးသည်နှင့် ထိုစစ်သည်ကိုယ်အား ဖုံးလွှမ်းနေသော မီးတောက်သည် ချက်ချင်းပင် မီးများတောက်လောင်နေသော ဧရာမကျားအသွင်​​ပြောင်းလဲသွား၏။ ထိုသိုင်းကွက်သည် စစ်သည်တော်၏အဓိက အခြေပြုဖြစ်သော မီးဓာတ်နှင့် ပေါင်းစပ်ပြီး ထွက်ပေါ်လာသော အရာဖြစ်၏။ ထိုကျားကြီး၏အစွမ်းသည် အနည်းဆုံး လတစ်လုံးအား မုန့်ဖဲသကဲ့သို့ အသာယာချေဖျက်နိုင်စွမ်းရှိသည်အထိ အစွမ်းကြီး၏။ "​မင်းတို့တွေ သေချာကြည့်ထားကြ မင်းတို့က တိုက်ပွဲအရာမှအားနည်းကြတယ် အဲ့ဒီတော့ တိုက်ပွဲအရာမှာ ကျွမ်းကျင်လှတဲ့ သူတို့နှစ်ယောက်ဆီကနေ အတွေ့ကြုံယူယူ..." ဒိုင်လူကြီး၏စကားရပ်သွား၏။အကြောင်းမှာ သူ၏ကျောင်းသားကျောင်းသူများမှာ ထိုတိုက်ပွဲအား ဖျာခင်းပြီး ကွာစေ့စားပြီး ကြည့်သူနှင့် အတွဲများမှ တစ်ယောက်နှင့်တစ်ယောက်ပူးကပ်နေအောင် ဖက်ပြီး အပျော်သဘောသက်သက်ကြည့်နေကြသောကြောင့် ဖြစ်၏။ "စောက်ရေးမပါတဲ့ကောင်တွေ သေချာကြည့်ပြီး ပညာယူကြဟ ဟိုမှာ ကောလိပ်ကကောင်တွေတောင် ပညာယူနေကြတာမတွေ့ဘူးလား" ထိုကြိမ်းမောင်းသံကြောင့် ပညာတက္ကသိုလ်ထဲ၌ရှိနေသော ပညာတက္ကသိုလ်ကျောင်းသားမှ ကောလိပ်ကျောင်းသားများရှိရာသို့ ကြည့်လိုက်ကြ၏။ ဒိုင်လူကြီးလုပ်သော ဆရာပြောသလိုပင် ထိုကောလိပ်ကျောင်းသားများသည် တိုက်ပွဲအား မျက်ချေမပြတ် မျက်တောင်ပင်မခတ်ရဲအောင် အသေချာကြည့်နေကြကြောင်းတွေ့လိုက်ရလေ၏။ သူတို့အချင်းချင်းပြောဆိုရာတွင်လည်း မျက်နှာသည် တိုက်ပွဲဘက်ကိုသာ ကြည့်နေပြီး ပြောဆိုနေကြကြောင်းတွေ့ရလေ၏။ သူတို့မသိသည်ကား ထိုကောလိပ်ကျောင်းသားများဖြစ်သော ပါမောက္ခများသည် ဂျိတ်၏ရိုက်နှက်ခြင်းခံထားသောသူများဖြစ်ကြသည်ကိုပင် ဖြစ်၏။သူတို့သည် ဂျိတ်၏တိုက်ခိုက်ပုံအား အတုယူလေ့လာနိုင်စေရန်လေ့လာကြခြင်းဖြစ်၏။ "လခွမ်း စစ်သည်တော်တွေတိုက်ခိုက်တာ တကယ်ကြမ်းတာဟ" "ဂျိတ်ကိုလည်းကြည့်ဦး အသက်ပျောက်နိုင်တဲ့ မီးလက်သီးနဲ့ထိုးတာကို ကြိမ်လုံးလေးနဲ့ပဲ တားတာဟ" "ဟ ကြိမ်လုံးကိုသေချာကြည့်လည်း ဆူးပါတယ်ဟ...ဟော....ဟ ဟိုစစ်သည်တော်ကြီးလက်စုတ်ပြတ်ပြီး သွေးတွေထွက်ကုန်ပြီ" "ဒါဆိုတော်သေးတာပေါ့ ငါတို့တုန်းက သုံးတဲ့ကြိမ်က ရိုးရိုးမို့ ဒီလိုကြိမ်သုံးရင်ဖြင့်" ထိုစကားပြောပြီးသည်နှင့် ချက်ချင်းတွေးမိကြ၏။ ထိုအခါက သူတို့အားလုံးသည် တစ်ကိုယ်လုံး နာကျင်နေအောင် ရိုက်ခံကြရသည်ဖြစ်၏။ ထိုသို့ရိုက်ခံရသည့်အချိန်၌ ဆူးပါသော ကြိမ်လုံးဆိုပါက ဘုရားဘုရား တွေးမိသော သူတိုင်း ဇောချွေးပြန်သွားကြ၏။ သူတို့ကြည့်နေစဥ်မှာပင် ဧရာမကျားကြီးသည် ချက်ချင်းပင် ဂျိတ်အား ခုန်အုပ်လိုက်လေ၏။ "ဖခင်မေတ္တာ" ထိုသို့ဆိုလိုက်သည်နှင့် ဂျိတ်၏လက်ထဲမှ ကြိမ်လုံးသည် ကြီးမားလာပြီး ခုန်အုပ်သော ကျားကြီးအား ရိုက်ချလိုက်၏။ ကြမ်းပေ့ဟူသော မီးကျားကြီးအား ကြိမ်လုံးမှ တစ်ချက်တည်းဖြင့် ရိုက်ချလိုက်ပြီး မီးစစ်သည်တော်ထံ ဦးတည်ဝင်လာလေ၏။ "မီးတောက်အကာကွယ်" မီးတောက်များမှ ချက်ချင်းပင် ထိုစစ်သည်၏ရှေ့၌ မီးတောက်များဖြင့်ဖန်တီးထားသော မီးဒိုင်းကာကြီးအသွင်ဖန်တီးလိုက်၏။ သို့သော်လည်း ဂျိတ်၏ဖခင်မေတ္တာကြိမ်လုံးရိုက်ချက်တွင်တော့ အသုံးမဝင်ခဲ့ချေ။ "ခွမ်း" ဒိုင်းကာမှာ ချက်ချင်းကျိုးပဲ့သွားသလို ကြိမ်လုံးမှာလည်း စစ်သည်အား ရိုက်မိသွားသည်ဖြစ်သည်။ "အား" သေလုမြောပါးဒဏ်ရာများကိုပင် ခံနိုင်လာသော စစ်သည်မှ ဂျိတ်၏ကြိမ်လုံးထိသောအခါ ငယ်အံပင် ပါအောင်အော်လေတော့၏။ ထိုကြိမ်လုံးမှ မီးတောက်စစ်သည်အား ထိသည်နှင့် ထိုစစ်သည်မှာ ရင်ပြင်ကြမ်းပြင်ပေါ်သို့ အားခနဲ ပြားပြားဝပ် လဲကျသွားလေ၏။ "ကဲ... ကဲ....ငါ့သမီးကိုများလိုချင်သေးတယ် ကဲကွာကဲကွာ" ဂျိတ်သည် ထိုစစ်သည်အား ကြိမ်လုံးဖြင့် အားပါးတရရိုက်လေ၏။ ရိုက်ရာတွင်လည်း ဆရာကျစွာပင် တစ်ချက်ရိုက်ပြီးသော နေရာအားထပ်ရိုက်ခြင်းမရှိ ရိုက်ထားသောနေရာနှင့်တစ်စိတ်မျှပင်မကွာသော နေရာသို့ ဦးတည်ရိုက်၏။ "ပြီးတော့ ဒီပါးစပ်က ပြောချင်သေးတာလဲ" ကြိမ်လုံးဖြင့် ရင်ပြင်ကြမ်းပြင်နှင့်စစ်သည်ကျောအား တစ်သားတည်းကပ်စေပြီး ပါးအား ကြိမ်လုံးဖြင့် အားပါးတရရိုက်လေ၏။ "ဖြန်းးးဖြန်းးးဖြန်းးးး" ရင်ပြင်တစ်ခုလုံး၌ မည်သည်အသံမျှကြားရခြင်းမရှိပဲ ဂျိတ်၏ကြိမ်လုံးဝေ့ယမ်းရိုက်နှက်သော အသံနှင့် ကြိမ်လုံးထိသောကြောင့် ငယ်သံပါအောင် အော်သော စစ်သည်၏အသံကသာ လွှမ်းခြုံနေတော့၏။ ဂျိတ်အသုံး​ပြုသော ဖခင်မေတ္တာဟူသည့် သိုင်းကွက်သည် စနောက်သယောင်ရှိသော်လည်း တကယ်တမ်း၌ ကြမ်းတမ်းလွန်းလှသော သိုင်းကွက်ဖြစ်၏။ ထိုသိုင်းကွက်ကို သုံးလိုက်သည်နှင့် အသုံးပြုခြင်းခံရသောသူသည် သားဖြစ်သူနေရာသို့ အလိုလိုရောက်ရှိသွားမည်ဖြစ်သည်။ နောက်ပြီး ထိုသိုင်းကွက်၏ကြောက်မက်ဖွယ်ရာအကောင်းဆုံးအချက်မှာ သားဖြစ်သူအား ဖခင်တစ်ယောက်မှ လိမ္မာစေရန် ရိုက်နှက်သည်ဖြစ်သည်ကို တုပထားသည်ဖြစ်ရာ အသုံးပြုခံထားရသောသူသည် မည်မျှသောအစွမ်းထက်သော ကာကွယ်မှုပြုပါစေ ကာကွယ်နိုင်မည်မဟုတ်ပဲ ကြိမ်လုံးရိုက်ချက်ကို ခံစားရပေမည်ဖြစ်သည်။ ရိုက်နှက်ခံရစဥ်တွင်လည်း မည့်သည်ကျန်းချီ ချက္ကရာကိုမျှ အသုံးပြုနိုင်မည်မဟုတ်သလို သာမန်လူတစ်ယောက်အခြေနေသို့ ရောက်ရှိသွားရမည်ဖြစ်သည်။ နောက်ပြီး ရိုက်နှက်ခံရသောအခါတွင်လည်း သိစိတ်လွတ်သွားပြီး ကြိမ်လုံးစာမိသောကြောင့် အလူးအလဲငိုရသော ကလေးတစ်ယောက်ပမာ အသည်းသန်ငိုကြွေးရမည်ဖြစ်သည်။ "တကယ်တမ်းတော့ ငါတို့ပညာတက္ကသိုလ်မှာ လိုနေတာ ဒီလိုဆုံးမပေးမဲ့သူမျိုးပဲ သူသာ တက္ကသိုလ်က စည်းကမ်းထိန်းသိမ်းရေးမှာ အလုပ်လုပ်မယ်ဆိုရင် ချက်ချင်းအလုပ်ပေးလိုက်မယ်" ဒိုင်လူကြီးလုပ်သော ဆရာသည်ဂျိတ်၏ရိုက်ပုံအား တလေးတစားဖြင့် ကြည့်ပြီး ထိုသို့ချီးမွမ်းလိုက်၏။ထိုစကားကို ကြားကြသော ပညာတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများဖြစ်သော ပါမောက္ခများ၏စိတ်ထဲတွင်လည်း အလွန်အမင်းထိတ်လန့်တုန်လှုပ်သွားကြလေတော့၏။

(411)ဆုံးဖြတ်ချက်

"ပြန်လာပြီပေါ့ အခြေနေဘယ်လိုလဲ" ကျန်းရွှမ်သည် ပြန်လာသောဂျိတ်အား မေးလိုက်၏။ မေးသာမေးရသော်လည်း ဂျိတ်သည် မည်သို့သော ဒဏ်ရာမျှ မရလာသည့်အပြင် သူ၏အင်္ကျီပင် ဖုန်မကပ်ကြောင်း သတိထားမိ၏။ "အခြေနေကတော့ သူတစ်နှစ်လောက် စကားမပြောနိုင်ရုံလေးပါပဲ" ဂျိတ်၏အဖြေကြောင့် ကျန်းရွှမ်လည်း ပြုံးရုံသာပြုံးနိုင်၏။ဂျိတ်သည် ကျန်းရွှမ်အားပြောပြီး သူ၏သမီးလေးနှင့်အတူ ခေတ္တမျှကစားပေး၏။ ထို့နောက် ကျန်းရွှမ်ကိုပါ ခေါ်ပြီး ညစာကို သုံးဆောင်လိုက်ကြ၏။ ................ "ဘာဖြစ်တယ်" မိမိ၏စစ်သည်တော်တစ်​ယောက် ဂျိတ်၏ဆုံးမခြင်းကို ခံလိုက်ရသည်ဟူသော သတင်းကြောင့် တျန်းတိ တစ်ယောက် အကြီးကျယ်ပေါက်ကွဲလေတော့၏။ "ခင်ဗျား တပည့်က တော်တော်လေးထိခိုက်ထားတယ် အနည်းဆုံးတစ်နှစ်လောက်ကုသရမယ်..." တျန်းတိအားပြောနေသောသူသည် ပညာတက္ကသိုလ်မှ ပါမောက္ခတစ်ယောက်ဖြစ်၏။ သူသည် ဂျိတ်နှင့် ထိုစစ်သည်တော်တို့တိုက်ပွဲပြီးသောအခါ ကျန်ရှိနေခဲ့သော စစ်သည်၏အခြေနေကို ကြည့်ရှုလိုက်ခြင်းဖြစ်သည်။ ကြည့်ရှုသောအခါ အခြေနေဆိုးနေကြောင်းတွေ့ရပြီး ထိုစစ်သည်သည် တျန်းတိ၏တပည့်ဖြစ်ကြောင်း သိလိုက်ရသောအခါ တျန်းတိထံသို့ ချက်ချင်းခေါ်ဆောင်လာခဲ့သည်ဖြစ်သည်။ "ကျေးဇူးပါဗျာ" တျန်းတိသည် ယခုလိုခေါ်လာပေးသော ပါမောက္ခအား ကျေးဇူးတင်လိုက်၏။ သူ၏တပည့်ဖြစ်သူအား ကြည့်နေသည်မှာ မျက်တောင်ပင် မခတ်ပေ။ လက်ရှိ သူ၏တပည့်ဖြစ်သူသည် ကုတင်ပေါ်၌ စန့်စန့်ကြီး လဲလျောင်းလျက်ရှိ၏။ တစ်ကိုယ်လုံး ကြိမ်လုံးရိုက်ထားသော ဒဏ်ကြောင့် စုတ်ပျက်နေ၏။ ကြိမ်လုံး၌ပါဝင်သော ဆူးများကြောင့်လည်း တစ်ကိုယ်လုံး ပြတ်ရာရုရာများ သွေးများထွက်နေပြီး ငါးကင်ရန် ငါးတစ်ကိုယ်လုံးအား ဓားဖြင့် မွမ်းထားသည့်ပမာနှယ် ဖြစ်နေ၏။ ထိုဒဏ်ရာများသည် သူ၏ဝတ်ဆင်ထားသော ချပ်ဝတ်တန်ဆာအား ဖြတ်သန်းပြီး ရရှိစေကြောင်း သူသိလိုက်၏။ ထိုသို့ထိခိုက်ထားသည့် စစ်သည်တော်သည် မသေဘဲ ​ဂျိတ်ပေးထားသော ပြင်းထန်သည့် ဝေဒနါကို ခံစားနေရ၏။ "ဝူ...ဝူး..ဝူးး" သူ၏တပည့်ဖြစ်သူသည် ဝေဒနါပြင်းသောကြောင့် နာကျင်စွာအော်ဟစ်မြည်ကြွေးချင်သော်လည်း စကားသံပင် မထွက်နိုင်လောက်အောင် ဖြစ်နေသည်ကို တွေ့ရသောအခါ တျန်းထိပို၍ဒေါသထွက်မိလာသည်။ အကြောင်းရင်းစစ်ဆေးသောအခါ ဂျိတ်သည် သူ၏တပည့်လျှာအား နည်းတစ်ခုအသုံးပြုထားကြောင်း တွေ့လိုက်ရ၏။ထို့ကြောင့် ထိုစစ်သည်သည် ဂျိတ်ကြောင့် တစ်နှစ်မျှ လုံးဝကောင်းစွာ စကားပြောနိုင်မည်မဟုတ်ပေ။ "ကျေးဇူးတင်စရာမလိုပါဘူးဗျာ ဒါကလုပ်သင့်လုပ်ထိုက်တဲ့ကိစ္စပါဗျ... ပြီးတော့ ဒါလေးရှင်းပေးမယ်ဆိုရင် ပိုလို့တောင် ကျနော်တို့ဖက်ကကျေးဇူးတင်ရမှာပါ" ပြောဆိုရင်း ပါမောက္ခမှ ထျန်းတိအား စာရွက်ကမ်းပေး၏။ထိုစာရွက်အား ထျန်းတိဖတ်မိသောအခါ သူ၏မျက်နှာအမူရာပြောင်းသွားလေတော့၏။ ဒေါသထွက်လာသောအမူရာပေါ်လာသော်လည်း ချက်ချင်းပင် ထိန်းသိမ်းလိုက်လေ၏။ "ဒါပေါ့ ဒါပေါ့ ကျနော်ကဖြေရှင်းပေးရမှာပေါ့" ထျန်းတိသည် ပါမောက္ခအား ချိုသာစွာပြောဆိုလိုက်လေသည်။ ထျန်းတိ ဒေါသထွက်ရသည့်အကြောင်းရင်းမှာ ပါမောက္ခမှ သူ့အားပေးသော စာရွက်ကြောင့် ဖြစ်ပေသည်။ ထိုစာရွက်သည် မိမိတို့ပညာတက္ကသိုလ်ဝင်ပေါက်၌ ခင်းကျင်းထားသော ကြမ်းပြင်ကျောက်ပြားများသည် ဂျိတ်နှင့်ထျန်းတိ၏တပည့်တို့ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသောကြောင့် အလျော်တောင်းဆိုသော စာရွက်ဖြစ်ပေ၏။ ပါမောက္ခများသည် ဂျိတ်အား တောင်းရန်စဥ်းစားသော်လည်း ဂျိတ်သည် တိုက်ပွဲပြီးသည်နှင့် ချက်ချင်း ပျောက်ကွယ်သွားသောကြောင့်က တစ်ကြောင်း၊ နောက်ပြီး ထိုသို့တိုက်ပွဲ ဖြစ်အောင် စတင်သူမှာ ထိုစစ်သည်တော်ဖြစ်နေသောကြောင့် တစ်ကြောင်း ၊ ထိုနှစ်ချက်ပေါင်းပြီး ထိုစစ်သည်လေးအား ထျန်းတိထံပို့ဆောင်ရင်း အလျော်တောင်းစေခဲ့သည်ဖြစ်သည်။ "ဂရုစိုက်ပြန်ပါဗျ...." ထျန်းတိသည် လျော်ကြေးရသွားသောအခါ ပြန်သွားသော ပါမောက္ခအား မိမိ၏အိမ်တော်အပေါက်ဝအထိ လိုက်ပါဂရုတစိုက်ပြောဆိုပြီးနောက် မိမိ၏အိမ်တော်ထဲသို့ ပေါက်ကွဲလုနီးနီး ဖြစ်နေသော မျက်နှာဒေါသ အမူရာဖြင့် ပြန်လည်ဝင်လာလေခဲ့၏။ ဒေါသမထွက်ပဲ နေနိုင်ရိုးလား။မိမိ၏တပည့်သည် တစ်နှစ်လုံး စကားပြောနိုင်မည်မဟုတ်သလို ပြင်းထန်သောဒဏ်ချက်များကြောင့် ယခင်ကဲ့သို့ မူလစွမ်းအားမျိုးရရှိရန် မသေချာသောအခြေနေသို့ ရောက်ရှိသွားသော​ကြောင့် ဖြစ်၏။ နောက်ပြီး ပညာတက္ကသိုလ်၏ဝင်ပေါက်ရှေ့မှ ကြမ်းပြင်ကျောက်ပြားများတန်ဖိုး အလျော်ပေး​ခြေရခြင်းသည် မိမိစုဆောင်းထားသည်ထဲမှ နှစ်နှစ်စာပမာဏမျှ ပေးလိုက်ရသောကြောင့်ဖြစ်၏။ ထိုသို့ပေးခြေလိုက်ရသောပမာဏက သူ့အား တော်တော်ကြီးထိခိုက်စေခဲ့သည်ဖြစ်သည်။ စစ်သည်တော်တစ်ယောက်အနေဖြင့် မည်သည့်အရာကိုမျှမကြောက်သော်လည်း ပညာတက္ကသိုလ်ကဲ့သို့သော ပါမောက္ခများရှိသော တည်ရှိမှုမျိုးကိုတော့ အနည်းငယ်ရှိန်၏။ ပါမောက္ခများသည် မနည်းမနောသည့် များစွာသောမျိုးနွယ်စုတို့မှ နောက်ခံပံ့ပိုးပေးခြင်းကို ခံထားရ သလို ၎င်းတို့ကလည်း အရာရာနီးပါးအလွန်ထက်မြက်ကျွမ်းကျင်ကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ထျန်းတိမှ ပြန်လည်ချေငံပြောဆိုနေခြင်းမရှိပဲ ချက်ချင်းပင် လျော်ပေးလိုက်ရသည်လည်းဖြစ်၏။ "မအေဘေးဂျိတ် ငါနဲ့မတွေ့စေနဲ့ " .......... ထျန်းတိမှ ကြိမ်းမောင်းနေကြောင်း ဂျိတ်မှ မသိသလို သိပါကလည်း ဂရုစိုက်မည်မဟုတ်ပေ။ မနက်ဖြန်၌ ဖြေဆိုမည့် မိမိသမီးလေးကိုသာ တွေးပူပေးနေသည်ဖြစ်သည်။ ယခုလည်း ညနက်နေပြီဖြစ်သောကြောင့် သမီးလေးအား မိခင်ဖြစ်သူနှင့်အတူ အိပ်စက်စေရန် ချော့သိပ်ခဲ့ပြီး မိမိစာကြည့်စားပွဲပေါ်သို့ ရောက်ရှိလာလေသည်။ "စနစ် ဒီတိုင်းပြည်အခြေနေပြပါ" ဂျိတ်သည် စနစ်မှပေးပို့လာသောအခြေနေများကို စစ်ဆေးသုံးသပ်လိုက်၏။ထို့နောက် "သုံးစွဲနေတဲ့ငွေကြေးစနစ်ကို မနက်ဖြန်ကနေစတင်ပြောင်းလဲမယ်" ဂျိတ်သည် သမီးဖြစ်သူစာမေးပွဲဖြေမည့်နေ့၌ ငွေကြေးသုံးစွဲမှုကို စတင်ပြောင်းလဲမည်ဖြစ်သည်။ ယခင်အသုံးပြုနေသော ကြေး၊ငွေ၊ရွှေ စသည်တို့သည် လက်ရှိစနစ်၌ အံခွင်ဂွင်ကျရန် ခက်ခဲလာသောကြောင့် ဖြစ်၏။ ၎င်းတို့သည် များပြားစွာသုံးစွဲလာရသောအခါ အလွန်တရာပင် လေးလံသည်ဖြစ်၏။ များစွာသုံးစွဲပါက နေရာယူခြင်း၊ ရောင်းဝယ်မှုလုပ်သောအခါ တွက်ချက်နေရခြင်းကြောင့် အချိန်ကြန့်ကြာမှုရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ငွေကတ်ကို အစားထိုးအသုံးပြုစေမည်ဖြစ်သည်။ ငွေကတ်ဆိုသည်မှာ လက်ဝါးသာသာမျှအရွယ်စားရှိသောကတ်လေးဖြစ်၏။ ငွေကြေးစနစ်ပြောင်းလဲပါက မိမိ၌ရှိနေသော ကြေး၊ငွေ၊ရွှေစသည်တို့ကို သတ်မှတ်ထားသော နေရာများ(ဘဏ်)၌ သွားရောက်အပ်နှံရမည်ဖြစ်သည်။ ထိုအခါ ဘဏ်မှ ငွေကတ်အား ပေးမည်ဖြစ်သည်။ ထိုငွေကတ်အား မိမိ၏မှတ်ပုံတင်ကတ်ဖြင့် ကတ်ချင်းထပ်လိုက်သည်နှင့် ငွေကတ်သည် စတင်အသက်ဝင်ပြီး မိမိ၏ငွေဘဏ်အကောင့်သည်လည်း အသက်ဝင်လာမည်ဖြစ်သည်။ ထိုသို့အသက်ဝင်လာသောအခါ ထိုငွေကတ်ထဲသို့ ဘဏ်မှနေ၍ မိမိအပ်လိုက်သော ငွေကြေးပမာဏအတိုင်း ဖြည့်သွင်းပေးလိုက်မည်ဖြစ်၏။ ထိုငွေကတ်ထဲတွင်လည်း လက်ရှိသုံးစွဲနေသော ပုံစံအတိုင်း ကြေး၊ငွေ၊ရွှေဆိုပြီး ငွေပမာဏ များရှိနေမည်ဖြစ်သည်။ ထိုသို့သတ်မှတ်ချက်သည် တိုင်းပြည်၌တွေ့နိုင်သော အများဆုံးငွေကြေးဆိုင်ရာပုံစံအဖြစ်လုပ်ဆောင်ထားခြင်းဖြစ်သည်။ ဂရိတ်တိုင်းပြည်အတွက် ကာကွယ်စောင့်ရှောက်သော စစ်သည်များအတွက်ကိုလည်း ငွေကြေးစနစ်တစ်ခုဖန်တီးပေးထား၏။ စစ်သည်ရမှတ်ဟူ၍ ဖန်တီးထားခြင်းဖြစ်သည်။ ထိုရမှတ်အား လစာပေးသောအခါတွင်လည်းကောင်း တာဝန်ဆောင်ရွက်ရာ၌အောင်မြင်သောအခါတွင်လည်း ရရှိမည်ဖြစ်သည်။ ထိုရမှတ်များသည် ငွေ၊ရွှေတို့ဖြင့် ဝယ်ရန်မလွယ်ကူသော အရာများအတွက် ဝယ်ယူနိုင်စေရန်ဖန်တီးပေးထားခြင်းဖြစ်သည်။ နောက်ပြီး ထိုစစ်သည်ရမှတ်များအား ငွေ၊ရွှေစသော ပမာဏဖြင့်လဲလှယ်လိုပါကလည်း လဲလှယ်၍ရနိုင်ပေသည်။ နောက်ပြီး ငွေပေးချေခြင်းလုပ်ဆောင်ပါက ငွေလက်ခံရမည့်သူ၏ကတ်ပေါ်သို့ ငွေပေးရမည့်သူ၏ကတ်ထပ်လိုက်ခြင်းဖြင့် မြန်ဆန်လွယ်ကူစွာ ပေးချေနိုင်မည်ဖြစ်သည်။ ဂျိတ်၏ရည်ရွယ်ချက်မှာ ငွေကြေးများသုံးစွဲမှု၌ လွယ်ကူမြန်ဆန်တိကျပြီး အချိန်သက်သာစေရန်ဖြစ်၏။ လက်ရှိ၌ ထိုအဆင့်ထိသာ ဂျိတ်သည် မျှော်မှန်းထားသည်ဖြစ်၏။ အချိန်တစ်ခုကြာမှသာ ငွေကတ်ကို အသုံးပြုပြီး အဝေး၌ရှိနေသောငွေကတ်ထဲသို့ ငွေလွဲဲခြင်း သို့မဟုတ် အဝေးမှနေ၍ ငွေပေးချေခြင်းစသည်တို့ကို ဆက်လက်လုပ်ဆောင်မည်ဖြစ်သည်။ "အခုချိန် ထျန်းတိတစ်ယောက် ဒေါသထွက်ပြီးပေါက်ကွဲနေလောက်ပြီ" ဂျိတ်သည် တွေးမိရင်း လူလည်အပြုံးမျိုးပြုံးလိုက်ပြီး ရန်စလာပါက လက်တုန့်ပြန်နိုင်ရန်လည်း စိတ်ပိုင်းဖြတ်ပြင်ဆင်ထားလိုက်လေသည်။

All Chapters