← Chapters

အခန်း (၄၁၂-၄၁၄)

Vol. 28 Ch. 412-414

အခန်း (၄၁၂-၄၁၄)

Vol. 28 Ch. 412-414

(412)တွေ့ကြပြီ

ဂျိတ်၊ကျန်းရွှမ်နှင့် အယ်မလီလေးတို့သည် ပညာတက္ကသိုလ်၏ရင်ပြင်ပေါ်သို့ ရောက်ရှိလာပြန်ပြီဖြစ်၏။ မနေ့က တိုက်ပွဲဖြစ်ပွားရာနေရာသည် ယနေ့၌အသစ်အတိုင်းဖြစ်နေ၏။ ရန်ဖြစ်ခဲ့သောနေရာဟူ၍ ယုံချင်ဖွယ်မကောင်းလောက်အောင် ပြုပြင်ထားပြီးဖြစ်သည်။ "သမီးလေး သေချာဖြေခဲ့နော်" "ဟုတ် ဖေဖေ" အယ်မလီလေးသည် ဂျိတ်အား ပြုံးရွှင်စွာပြောလိုက်၏။ ကျန်းရွှမ်သည် အယ်မလီလေးအား ပွေ့ချီထား၏။မကြာမီအချိန်တွင်း၌ အယ်မလီလေးသည် စာမေးပွဲဖြေဆိုရတော့မည်ဖြစ်သောကြောင့် ကျန်းရွှမ်မှ ပွေ့ထားခြင်းဖြစ်သည်။ ဘေးပတ်ဝန်းကျင်မှ လူများကလည်း ဂျိတ်၏ပြောစကားကြောင့် မျက်ခုံးများပင့်ရုံသာမက မျက်လုံးများထွက်ကျမတတ်ဖြစ်ပျက်နေကြ၏။ ကျန်းရွှမ်မှလွှဲ၍ ကျန်သော ဖြေဆိုကြမည့်ဆရာများ၏တပည့်များသည် အနည်းဆုံးအသက်နှစ်ဆယ်မှ စတင်ကြပြီး အသက်ခြောက်ဆယ်ထိ ရှိကြသည်ဖြစ်သည်။ ထိုသို့ဖြစ်ရန် ထုတ်ပြန်ထားသော ပညာတက္ကသိုလ်၏စည်းမျဥ်းသည် မျိုးနွယ်စုကြီးများ၏စီးပွားရေးစျေးကွက်တစ်မျိုးဟုပြောလျှင်လဲ မမှားပေ။ ပညာတက္ကသိုလ်၏ဝင်ခွင့်စာမေးပွဲဖြေဆိုရာအချိန်နီးလာသည်နှင့် မျိုးနွယ်စုများသည် ၎င်းတို့မျိုးနွယ်စုမှ ငယ်စဥ်ကတည်းက ညဏ်ရည်ထက်မြက်သူများအား သိုင်းပညာကို မလေ့ကျင့်စေပဲ စာပေပိုင်း၌အထူးလေ့လာကြပ်မတ်သင်ကြားပေး၏။ ထိုသို့သင်ကြားနိုင်စေရန်လည်း ပညာတက္ကသိုလ်မှ သတ်မှတ်ထားသော ပြဌာန်းစာအုပ်ထုတ်ထားပေး၏။ ထိုစာအုပ်၌ပါရှိသော စာပေများကို ပိုင်နိုင်ရရှိမှသာ စာမေးပွဲဖြေရန် 50%သော အခွင့်ရေးရရှိမည်ဖြစ်သည်။ ထိုစာအုပ်ကလည်း ပေါ့သေးသေးမဟုတ် ခြောက်ပေမျှအထိပင် ထူ၏။ သင်ကြားသောသူများသည် အသက်နှစ်ဆယ်အရွယ်ရောက်လာသည် သို့မဟုတ် သုံးဆယ်အရွယ်ရောက်လာချိန်၌ ပညာတက္ကသိုလ်ဝင်ခွင့်နှင့်ကြုံကြိုက်သောအခါ ထိုတက္ကသိုလ်တက်ရောက်လိုသော ဆရာများသည် ပညာတက္ကသိုလ်၏စည်းမျဥ်းအရ တပည့်လိုလာသည်ဖြစ်ရာ ထိုမျိုးနွယ်များနှင့်ဆက်သွယ်ပြီး တပည့်ရှာစေ၏။ ထိုအခါ မျိုးနွယ်စုများသည် မိမိတို့လေ့ကျင့်ထားပေးသော လူများအား တပည့်အဖြစ်ပေးအပ်ကြ၏။ထိုအတွက် မျိုးနွယ်စုများသည် အခကြေးငွေယူခြင်းမရှိပေ။ မိမိတို့ပေးအပ်လိုက်သော တပည့်ဖြစ်သူသည် စာမေးပွဲ၌ဖြေဆိုအောင်မြင်သွားသောအခါ အလိုလျောက်ပင် ပညာတက္ကသိုလ်ဝင်ခွင့်ရဆရာ၏ တပည့်အဖြစ်ရရှိမည်ဖြစ်သည်။ ထိုအခါ ဝင်ခွင့်ရဆရာ၏တပည့်တစ်ယောက်အနေဖြင့် များပြားလှသော ဆုလာဒ်ကို ရရှိနိုင်ပြီး ထိုရရှိသော ဆုလာဒ်များဖြင့် သိုင်းပညာလမ်းစဥ်အား မြန်မြန်ဆန်ဆန်တိုးတက်လျှောက်လမ်းနိုင်သည်ဖြစ်၏။ တပည့်ဖြစ်သူသာအခွင့်ရေးရသည်မဟုတ်ပဲ ထိုတပည့်လာရာ မျိုးနွယ်စုသည်လည်း ပညာတက္ကသိုလ်ဝင်ခွင့်ရဆရာဟူသော ကြီးမားသောနောက်ခံတစ်ခုကို ရရှိသွားမည်ဖြစ်သည်။ ထိုအခါ မျိုးနွယ်စုသည်လည်း ယခင်အဆမတန် တန်ဖိုးအာဏာကြီးမားလာမည်ဖြစ်သည်။ လူတစ်ယောက်အား နှစ်ဆယ်ချီကြာအောင် ကျွေးမွေးသင်ကြားပေးရသော ငွေကြေးသည် အလွန်များပြားသည်ဖြစ်သော်လည်း ရရှိလာနိုင်သော မက်လောက်ဖွယ်အခွင့်ရေးကြီးဖြစ်သည်ကတစ်ကြောင်း ထိုကုန်ကျစရိတ်သည် ရနိုင်သောအကျိုးမြတ်နှင့်ယှဥ်ပါက ဆင်နှင့်ပုရွတ်ဆိတ်ပမာ ကွာခြားသည်ဖြစ်ရာ မျိုးနွယ်စုတိုင်းက ပျိုးထောင်ကြလေ၏။ စာမေးပွဲများအနက် အလွန်တရာ ခက်ခဲလှသောစာမေးပွဲ၌ ငါးနှစ်အရွယ်ကလေးတစ်ယောက်အား ဖြေဆိုခိုင်းခြင်းသည် တစ်ခါမှမကြုံဖူးမဖြစ်ပျက်ခဲ့ဖူးသောကြောင့်ဖြစ်သည်။ ပါမောက္ခခြောက်ရာ၏တပည့်များတွင် အသက်ခြောက်ဆယ့်နှစ်နှစ်သည် အကြီးဆုံးဖြစ်သလို ငါးနှစ်သားဖြစ်သော အယ်မလီလေးသည် အငယ်ဆုံးဖြစ်ပေသည်။ "စာမေးပွဲစတင်ပါမယ် ဖြေဆိုမည့်သူများ မိမိ၏ဆရာနှင့်တကွ အတူလာလာပေးပါ" ကြေညာသံထွက်ပေါ်လာသည်နှင့် ကျန်းရွှမ်မှအယ်မလီလေးအား ပွေ့ချီပြီး စာမေးဖြေရန် နေရာသို့ ထွက်ခွာလာခဲ့လေသည်။ ဂျိတ်လည်း သမီးလေးအား အားပေးရင်း နေရာတစ်ခုရှာကာ ထိုင်လိုက်လေ၏။ ဒုတိယအဆင့်အောင်မြင်သောပါ​မောက္ခခြောက်ရာသည် မိမိတို့၏တပည့်များဖြစ်ကြောင်း သက်သေပြ အတည်ပြုပြီးသောအခါ မိမိတို့၏တပည့်များကို စာမေးဖြေရန် ခန်းမထဲသို့ လွှတ်လိုက်လေ၏။ တပည့်များအား စာမေးခန်းသို့ပို့ပြီးသည်နှင့် ဆရာများလည်း ဆရာနေခန်းသို့သွားကြရလေသည်။အကြောင်းမှာ တပည့်များနှင့် စာမေးဖြေနေစဥ်အတောတွင်း ဆက်သွယ်မှုမပြုလုပ်နိုင်စေရန် ဖြစ်သည်။ "စတင်ပါပြီ" စာမေးပွဲစတင်သည်နှင့် မေးမြန်းသောမေးခွန်းများကို ကြည့်ရှုနေသော ပရိတ်သတ်များအားလည်း ဖြေဆိုနေချိန်၌ တစ်ပြိုင်တည်း ပြသပေးလေ၏။အကြောင်းမှာ ပညာတက္ကသိုလ်မှ မေးခွန်းများပြောင်းလဲခြင်းမရှိကြောင်း ဖော်ပြခြင်းပင်ဖြစ်သည်။ စာမေးပွဲသည် အချိန်သတ်မှတ်ချက်ရှိသောကြောင့် နှုတ်ဖြေဖြေဆိုကြရမည်ဖြစ်သည်။ "မေးခွန်းတစ်....တစ်နှင့်တစ်ပေါင်းသော်မည်မျှရမည်နည်းတဲ့...လွယ်လိုက်တာကွာ" ကြည့်ရှုသူပရိတ်သတ်များသည် ပထမဆုံးမေးခွန်းကြောင့် ဝေဖန်နေကြနေ၏။ "ခင်ဗျားက တတိယမေးခွန်းမှ မမြင်တာကိုး ​ဖြေကြည့်ပါလား" ဝေဖန်သောသူအား ဘေးမှတစ်ယောက်မှ တတိယမေးခွန်းဖြင့် ဖြေဆိုခိုင်း၏။ "ဖတ်ကြည့်မယ်မှန်းစမ်း.....ဆောင်းရာသီသာရှိသော ရေခဲဂြိုလ်ပေါ်၌ တစ်နှစ်ကြိမ်ကျင်းပသော ချန်ပီယံလိပ်ဘောလုံးပြိုင်ပွဲ၌ ဆင်ပျံကြီး(အာဆင်နယ်) အသင်းသည် နှစ်ငါးဆယ်ကြာ ယှဥ်ပြိုင်ကစားပါက ဖလားမည်မျှရမည်နည်းတဲ့.....ဟ......အဲ့ဒါသက်သက်မိုက်ရိုင်းတာဟ" မေးခွန်းနှစ်ရာရှိပြီး မေးခွန်းနံပတ်ငါးမှစတင်၍ အခက်ခဲသည် တဖြေးဖြေးတိုးလာသည်ဖြစ်၏။ ထိုမေးခွန်းနှစ်ရာလုံးကို ပါမောက္ခများအနေဖြင့် အသာလေးဖြေဆိုနိုင်သည်ဖြစ်သော်လည်း သာမန်လူများအတွက်မူ အတော်လေးခက်ခဲသောမေးခွန်းများ ဖြစ်ပေသည်။ ဆေးပညာ၊ပန်းချီပညာနှင့် ဆက်စပ်သော မေးခွန်းများမှစပြီး ရေပြာဂြိုလ်၏ တိမ်ပြာပန်းအသွင်ပြင်နှင့် လူမျိုးများစွာ၏ထူးခြားသော ဝိသေသလက္ခများအထိ ပါဝင်သည်ဖြစ်ရာ အတော်ပင် ခက်ခဲကြောင်း ဝန်ခံကြရမည်ဖြစ်သည်။ စာချည်းသိနေရုံနှင့်မပြီးပဲ အပြင်ပိုင်းဆိုင်ရာ ဗဟုသုတများကိုပါ ထည့်သွင်းမေးထားသည်ဖြစ်၏။ ကြည့်ရှုနေသော ပရိတ်သတ်များအနေဖြင့်လည်း ထိုမေးခွန်းများသည် အလွန်တရာခက်ခဲကြောင်း မိမိကိုယ်တိုင်ဖြေကြည့်သောအခါမှ လက်ခံကြရလေတော့၏။ ဖြေဆိုချိန်ကလည်း မေးခွန်းတစ်ခုစာအတွက် သုံးမိနစ်ပေးထားသည်ဖြစ်ရာ မေးခွန်းနှစ်ရာအတွက် မိနစ်ခြောက်ရာ သတ်မှတ်ပေးထား၏။ မေးခွန်းတစ်ခုအတွက် သုံးမိနစ်အချိန်၌ မဖြေဆိုနိုင်ပါက ထိုမေးခွန်းအတွက် အမှတ်ရရှိမည်မဟုတ်ပဲ နောက်မေးခွန်းကိုဖြေဆိုရတော့မည်ဖြစ်သည်။ စာဖြေသူများအတွက်အခက်ခဲသည် မေးသောစာခက်သည်သာမဟုတ်သေးပဲ ကျန်ရှိနေသေး၏။ဤသည်မှာ စာဖြေသူများ၏အရည်ချင်းပင်ဖြစ်၏။ ထိုစာမေးပွဲသည် ရိုးရှင်းခြင်းမရှိပဲ အနည်းငယ်ရှုပ်ထွေးပေ၏။ ပေးထားသောမေးခွန်းကို သတ်မှတ်ထားသောအချိန်တွင်း၌ ဖြေဆိုနိုင်သည်ကို အဓိကထားစစ်ဆေးသည်မဟုတ်သေးပဲ သတ်မှတ်ထားသော အချိန်အတွင်း၌ မည်သူက မှန်ကန်မြန်ဆန်စွာဖြေဆိုနိုင်သည်ကိုလည်း ကြည့်ရှုသေးသည်ဖြစ်၏။ ဖြေဆိုသူခြောက်ရာထဲမှ မှန်ကန်မြန်ဆန်စွာဖြေဆိုနိုင်သော အမြန်ဆုံးသော အယောက်တစ်ရာကိုသာလျှင် အအောင်ပေးမည်ဖြစ်သောကြောင့်ဖြစ်၏။ ထို့ကြောင့် မေးခွန်းကရှုပ်ထွေးသေး သူ့ထက်ငါ မှန်ကန်ပြီးမြန်ဆန်အောင်လည်း ဖြေဆိုရသေးသည်ဖြစ်ရာ စာဖြေသူများ မည်မျှဖိအားများကြောင်း သိသာစေ၏။ "ငါ့သမီးကအဆင်ပြေပါတယ်လေ" ဂျိတ်သည် သူ၏ဖောက်ထွင်းနိုင်သောအမြင်ကို သုံးပြီး ကြည့်ရှုသောအခါ အယ်မလီလေးသည် မေးသမျှမေးခွန်အား ပျော်ရွှင်စွာဖြေဆိုနေကြောင်း တွေ့ရလေသည်။ထိုအခါ ဂျိတ်လည်း စိတ်ချမ်းသာသွားလေ၏။ ("တော်သေးတာပေါ့ စာမေးပွဲကျရင် ငါ့သမီးအပြစ်မဟုတ်ဘူး..... စာမသင်တတ်တဲ့ကျန်းရွှမ်အပြစ်ပဲ") ဂျိတ်အတွေးကို ကျန်းရွှမ်သိပါက သေချင်စိတ်ပေါက်သွားမည်မှာသေချာ၏။ ငါးနှစ်သားကလေးအား ကြီးမားလွန်းလှသော ပညာရပ်များသိရှိနားလည်စေရန် တခြားသူများနှင့် မတူညီသော နည်းများသုံးပြီး ခက်ခက်ခဲခဲသင်ပေးရကြောင်း ဂျိတ်အား ရင်ဖွင့်ပြောပြနေမိမည်ဖြစ်သည်။ အယ်မလီလေးအဆင်ပြေသောကြောင့် တခြား ​​ဖြေဆိုသူများအား ကြည့်ရှုရာ ဇောချွေးပြန်သူကပြန် ၊ သေးထွက်သူက ထွက်ဖြစ်နေပြီး ဖြေနိုင်သူက ဖြေနေကြောင်း တွေ့ရှိရလေသည်။ "သကောင့်သားက ဒီမှာကိုး" ထျန်းတိသည် မိမိ၏ဆုံးရှုံးရသော ငွေကြေးနှင့်မိမိတပည့်ဖြစ်သူ၏အခြေနေကြောင့် ဂျိတ်အား သူကိုယ်တိုင်လာရောက်ရှာဖွေခြင်းဖြစ်၏။ ဂျိတ်ကိုတွေ့လိုက်သည်နှင့် သူ၏ထိန်းချုပ်ထားသော ဒေါသများသည် ပွင့်ထွက်လာပြီး သတ်ဖြတ်လိုစိတ် တဖွားဖွားပေါ်ပေါက်လာလေ၏။ ထိုသတ်ဖြတ်လိုစိတ်ကြောင့် ဂျိတ်လည်း ချက်ချင်းပင် ထိုစိတ်ဖြစ်ပေါ်ရာနေရာအား ချက်ချင်းကြည့်ရှုလိုက်၏။ ထိုအခါ ထျန်းတိနှင့် ဂျိတ်တို့၏အကြည့်ချင်းဆုံသည်နှင့် သွေးပျက်ဖွယ်ကောင်းအောင် အားကောင်းလှသော အရှိန်ဝါတို့ထွက်ပေါ်လာလေ၏။ ထိုအရှိန်ဝါကြောင့် ဘေး၌ရှိနေကြသော သူတို့သည် အဝေးသို့ဖဲခွာသွားကြလေ၏။ "သကောင့်သား မင်းငါနှင့်တွေ့ကြပြီပေါ့ကွာ" ထျန်းတိသည် ဒေါသကြီးစွာဖြင့် ဂျိတ်အား ပြောလိုက်သည်။

(413)ပေါက်ကွဲနေသော ဂျိတ်

တျန်းတိ၏ခြိမ်းခြောက်မှုကို ဂျိတ်မှကြောက်ရွံနေခြင်းမရှိပေ။ တည်ကြည်နေသောအကြည့်ဖြင့်သာ ပြန်လည်တုံ့ပြန်လိုက်၏။ ဂျိတ်၏မကြောက်ရသည့်အကြောင်းရင်းမှာ ပထမအချက်သည် လက်ရှိနေရာသည် ပညာတက္ကသိုလ်ပတ်ဝန်းကျင်ဖြစ်နေသောကြောင့် ဖြစ်၏။ နောက်တစ်ချက်က ဂျိတ်၏သူ့ကိုယ်သူယုံကြည်မှု ဖြစ်၏။ အစွမ်းထက်လှသော စနစ်ပိုင်ဆိုင်ထားသော သူအနေဖြင့် တျန်းတိလို လူအား အဖက်လုပ်စရာမလိုအပ်သောကြောင့်ဖြစ်၏။ ထိုအချိန်၌ ကြည့်နေသောသူတိုင်း လှုပ်ရှားသွားကြ၏။ "ဟော ထွက်လာပြီဟေ့" မိနစ်လေးရာသာရှိသေးသော်လည်း ထွက်လာသူပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။ အသက်နှစ်ဆယ်အရွယ်ရှိသောလူငယ်တစ်ယောက်သည် ဝင့်ကြွားသောအမူရာဖြင့် စာမေးဖြေခန်းမှ ထွက်လာခဲ့သည်ဖြစ်ကြောင်း ဂျိတ်တွေ့လိုက်ရလေ၏။ ထိုလူငယ်လေးထွက်ပြီး နောက်ငါးမိနစ်အကြာ၌ နောက်ထပ်သောလူတစ်ယောက် ထပ်မံထွက်ပေါ်လာခဲ့လေသည်။ အချိန်အနည်းငယ်ကြာမြင့်သောအခါ မိနစ်ပိုင်းအနည်းငယ်စီခြားပြီး စာမေးဖြေသူများသာ် ဆက်တိုက်ထွက်ပေါ်လာကြလေတော့၏။ "ဟော ငါ့သမီးလေး ထွက်လာပြီ" အယောက်ငါးဆယ်မြောက်အနေဖြင့် အယ်မလီလေးသည် စာမေးခန်းထဲမှ ထွက်လာခဲ့ကြောင်း ဂျိတ်တွေ့လိုက်ရသည့်အခါမှ စိတ်ချမ်းသာသွားလေတော့၏။ "ဖီဖီ သမီးဖြေနိုင်တယ်" အယ်မလီလေးသည် ဂျိတ်ရှိရာသို့ ပျော်ရွှင်စွာပြေးလာခဲ့လေ၏။ ထိုသို့ပြေးလာရာ၌ အယ်မလီလေးပြေးရာလမ်းကြောင်း၌ တစ်စုံတစ်ယောက်သည် ခြေဖျားထိုးခံလိုက်၏။ "ဘုတ်" ထိုသို့ခြေဖျားထိုးခံလိုက်သောကြောင့် အယ်မလီလေးသည် ကြမ်းပြင်ပေါ်သို့ ချော်လဲကျသွားလေ၏။ "နောက်တခါလမ်းလျှောက်ရင် သေချာကြည့်ရတယ် စောက်ကလေးမလေး" အယ်မလီလေးသည် ချော်လဲကျရာမှ ပြန်ထသည့်အခါ မိမိအားပြောနေသောသူကို တွေ့လိုက်ရလေ၏။ ထိုလူသည် အသက်သုံးဆယ်ရှိပြီး အနည်းငယ်ဝဖိုင်းနေကြောင်း တွေ့လိုက်ရလေသည်။ "ဟုတ် နောက်ခါမဖြစ်စေရဘူး" အယ်မလီလေးသည် မိမိအား ချော်လဲအောင်လုပ်သူမှာ သူဖြစ်ကြောင်း မသိပဲ ကျေးဇူးတင်ပြီး ဂျိတ်ရှိရာသို့သာ ဆက်လက်​ပြေးသွားလေ၏။ "တော်တော်တုံးတဲ့ စောက်ကလေးမပဲ" အဆိုပါလူသည် ဂျိတ်ထံပြေးထွက်သွားသော အယ်မလီအား ကြည့်ကာ ရေရွတ်လိုက်၏။ ကျန်းရွှမ်သည်လည်း အယ်မလီလေး စာမေးပွဲခန်းမှ ထွက်ခွာသွားသည်ဖြစ်သောကြောင့် ဆရာနေခန်းမှ ထွက်ခွာခွင့်ရပြီဖြစ်ရာ ချက်ချင်းပင် ထွက်လာခဲ့လေသည်။ထွက်ထွက်ချင်း အယ်မလီလေးအား တစ်စုံတစ်ယောက်မှ ခြေခံထိုးလိုက်ရာ အယ်မလီလေး ချော်လဲကျသွားကြောင်း တွေ့လိုက်ရလေ၏။ ထိုမြင်ကွင်းအား ဂျိတ်သည် မြင်လိုက်ရုံတင်မကပဲ ဒေါသထွက်နေကြောင်းပါ ကျန်းရွှမ်မြင်လိုက်ရ၏။ "သွားပြီ စောက်ပြသနာတက်ပြီဟ" ကျန်းရွှမ်သည် သူ၏နတ်ဘုရား​ခြေလှမ်းအသုံးပြုကာ ဂျိတ်ရှေ့ချက်ချင်းရောက်သွားပြီး "ဂျိတ်..." "ဆက်မပြောနဲ့ အဲ့ကောင်ကို ကျုပ်ဆုံးမမှဖြစ်မယ် ခင်ဗျားပါလာရှုပ်နေရင် သေရလိမ့်မယ်နော်" ဂျိတ်၏ကြောက်မက်ဖွယ်ကောင်းသောအရှိန်ဝါပါရှိသော စကားကြောင့် ကျန်းရွှမ်လည်း ဆက်ပြောမည့်စကားကို ရပ်တန့်ပြီး အယ်မလီ​ဘေး၌အသာလေးရပ်နေလိုက်၏။ ထို့နောက် အယ်မလီလေးအား ဂရုစိုက်ပေးထားမည့်ဟူသော ပုံစံအနေထားဖြင့် အသင့်ရှိနေလိုက်၏။ ထိုအခါ ဂျိတ်သည် သမီးဖြစ်သူအား ထိခိုက်စေခဲ့သော သူထံ ဦးတည်လိုက်လေ၏။ အယ်မလီအား ခြေခံထိုးလိုက်သောသူသည် ဖူချန်းဟု ခေါ်ပြီး လက်ရှိ၌ သူသည် အပြင်ရောက်ရှိနေပြီးဖြစ်သည့် တခြားသော စာမေးပွဲဖြေဆိုသူများနှင့် စကားပြောဆိုနေလေ၏။ ဂျိတ်သည် တည်ငြိမ်ပြီးကြောက်မက်ဖွယ်ကောင်းသော အော်ရာဖြင့် ဖူချန်းရှိရာနေရာသို့ တစ်လှမ်းခြင်းလျှောက်လမ်းသွားလေ၏။ "လူကြီးမင်း သင်ဝင်လို့မရပါဘူး ဒါက စာမေးပွဲဖြေဆိုသူတွေသာ သွားလာခွင့်ရှိလို့ပါ" ဝင်ပေါက်၌ရှိသော အစောင့်တစ်ဦးမှ ဂျိတ်အား တားလိုက်၏။ "မင်းလုပ်ရဲလား" ဂျိတ်သည် ထိုအစောင့်အား တစ်ခွန်းတည်း ပြန်လည်ပြောဆိုလိုက်၏။ ("လခွမ်း မနေ့က လူဟ") ထိုအခါမှ အစောင့်သည် ဂျိတ်သည် မည်သို့သော သူဖြစ်ကြောင်း သိရှိသွားသည်နှင့် ချက်ချင်းပင် ဟန့်တားနေရာမှ "သွားပါ" ဂျိတ်လည်း ဖူချန်းရှိနေရာသို့ ဆက်လက်ဦးတည်သွားလိုက်၏။ ဖူချန်းအနားရောက်သောအခါ ဖူချန်းသည် စကားပြောကောင်းနေကြောင်း တွေ့လိုက်ရလေ၏။ ဂျိတ်သည် ဖူချန်းရှေ့သို့ ရောက်သည်နှင့် "မင်းစောစောက ကလေးမလေးတစ်ယောက်ကို ချော်လဲအောင် လုပ်လိုက်တယ်ဆိုတာ ငါမြင်ပြီးသား ဒါကြောင့် အခုလိုက်ခဲ့ပြီး အဲ့ကလေးမလေးကို တောင်းပန်ပါ" ဂျိတ်သည် ဖူချန်းအား ထိုသို့ပြောချလိုက်သည့်အခါ ဖူချန်း၏ဘေး၌ ရှိနေသော သူများသည် ဂျိတ်အား အံအားသင့်သည့်အမူရာဖြင့် ကြည့်နေကြ၏။ "တောင်းပန်ရမယ်ဟုတ်လား အဲ့စောက်ကလေးမကို ငါကတောင်းပန်စရာလိုလို့လား" ဖူချန်း၏ထိုစကားက ပေါက်ကွဲလုနီးဖြစ်နေသော ဂျိတ်၏ဒေါသဗုံးစနက်တံအား မီးညှိပေးလိုက်သလိုဖြစ်သွားစေခဲ့၏။ "ဖြောင်း" ဂျိတ်၏မြန်ဆန်လှသော ရိုက်ချက်သည် ဖူချန်းအပေါ်သို့ ရောက်ရှိသွားတော့၏။ "အောင်မလေးဗျ" ဖူချန်းလည်း မမျှော်လင့်ထားသော ရိုက်ချက်ကြောင့် သွားနှစ်ချောင်း ကျွတ်ထွက်သွားရသလို လူသည်လည်း လွင့်စင်သွားလေ၏။ "ကျုပ်တပည့်ကို ထိရဲတယ်ပေါ့" ချက်ချင်းပင် ပါမောက္ခတစ်ယောက်သည် သူ၏နဂါးလှံကို ထုတ်ကာ ဂျိတ်အား ထိုးချလိုက်သည်။ နဂါးလှံသည် နဂါးတစ်ကောင်ကဲ့သို့ မည်သံပေးပြီး ဂျိတ်ထံ ဝင်လာလေ၏။ ရွှေရောင်အဆင်းရှိကာ လက်သည်းသုံးချောင်းရှိပြီး ဂျိုသည် နွားချိုကဲ့သို့ရှိသော နဂါးတစ်ကောင်(တရုတ်နဂါး)သည် ဂျိတ်ထံ ပြေးဝင်လာလေတော့၏။ ဂျိတ်လည်း ဘယ်လက်ဖြင့် ထိုနဂါးအား အသာလေးဖျက်စီးပစ်ပြီး သာမန်အသွင်ဖြစ်သွားသော နဂါးလှံအား ညာလက်ဖြင့် အသာလေးဆွဲဖမ်းလိုက်ပြီး လှံပိုင်ရှင်အား ရိုက်ချလိုက်ပြန်၏။ "ဖြောင်း" ထိုပါမောက္ခသည်လည်း သူ၏တပည့်ကဲ့သို့ပင် သွားနှစ်ချောင်း ကျွတ်ထွက်ပြီး လွင့်စင်သွားရလေ၏။ "ငါတို့တက္ကသိုလ်ဝင်းထဲထိ စော်ကားရဲတဲ့သူရှိလား" ထိုအသံနဲ့အတူ ကောင်းကင်ပေါ်မှ လက်ဝါးကြီးသည် ဂျိတ်ထံ ကျဆင်းလာလေ၏။ " ကလေးမလေးကို အနိုင်ကျင့်တာကို ကျောင်းက မမြင်ချင်ယောင် ဆောင်နေလို့ ဝင်ပြီး စော်ကားတယ် ဘာဖြစ်လဲ" ဂျိတ်သည် ထိုသို့ပြောပြီးအစောပိုင်း၌ မိမိအား ထိုးသော လှံဖြင့်ပင် ထိုလက်ဝါးအား ထိုးချလိုက်လေ၏။ "ဂါး" ထိုအခါ လှံမှနေ၍ လျှပ်စီးများ တဖြတ်ဖြတ်တောက်ပနေသော အပြာရောင်အသွင်ရှိပြီး လက်သည်းငါးချောင်းရှိသော နဂါးကြီးသည် ထွက်ပေါ်လာပြီး ကျယ်လောင်စွာ မြည်ဟိန်းပြီး လက်ဝါးကြီးထံပြေးသွားလေ၏။ ထို့ပြင် ထိုနဂါး(တရုတ်နဂါးပုံစံ)၌ပါရှိသော ဦးချိုသည် သမင်တစ်ကောင်၌ရှိသော ဦးချိုကဲ့သို့ ရှည်လျားနေ၏။ "ဝုန်း" လက်ဝါးကြီးနှင့် နဂါးတို့သည် လေထုထဲ၌ပင် ဆုံတွေ့ကြပြီး ကြီးမားသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာလေတော့၏။ "အတော်အသင့်ရဲလှပါလား" ထိုလက်ဝါးအား ဖန်တီးသောသူသည် ပြိုင်ပွဲကျင်းပနေသော ပညာတက္ကသိုလ်မှ ဆရာတစ်ယောက်ဖြစ်တလဲ ဒိုင်လူကြီးပင်ဖြစ်လေသည်။ သူသည် လေထဲ၌ရပ်နေရင်းမှ ဂျိတ်အား တိုက်ခိုက်လိုက်သည်လည်း ဖြစ်သည်။ လူပုံအလယ်၌ ဂျိတ်သည် မိမိအား အရှက်ခွဲလိုက်သည် ​ဖြစ်ရာ ဒေါပွသွားလေ၏။ "မင်းသေဖို့ပြင်ပေတော့" ဒိုင်လူကြီးသည် မိမိအား ပြန်လည်အာခံရဲသော ဂျိတ်အား ဒေါသတကြီးဖြင့် သတ်ပစ်ရန်ကြံစည်လေ၏။ သူသည် သူ၏အစွမ်းထက်ဆုံးသိုင်းကွက်ဖြင့် သတ်ရန် ကြံစည်နေဆဲမှာပင် လျန်မြန်လှသော ဂျိတ်မှ "ခင်ဗျား ကျုပ်လမ်းလာရှုပ်ရဲတယ်ဆိုတော့ ရော့ ဒါကိုစား" ဂျိတ်သည် ဒေါသထွက်နေရသည့်အထဲ လာနှောက်ယှက်သော ဒိုင်လူကြီးကို မြင်သောအခါ ပိုမိုစိတ်တိုလာလေ၏။ ထို့ကြောင့် ချက်ချင်းပင် လက်ထဲ၌ ရှိသော နဂါးလှံအား မန်းမှုတ်ပြီး ဒိုင်လူကြီးထံ ပစ်လွှတ်လိုက်၏။ "ရော့ သေခြင်းတရား လှံတံ" အနက်ရောင်အဆင်းရှိသော နဂါးလေးတစ်ကောင်သည် မြန်ဆန်သောအရှိန်ဖြင့် ဒိုင်လူကြီးထံ ပြေးဝင်သွားကြောင့် ရှိနေသောလူတိုင်းမြင်လိုက်ကြရ၏။ "ဘာကြီးလဲဟ" မိမိထံ လာနေသော အနက်ရောင်လှံမှ သေခြင်းတရားအငွေ့သက်ခံစားလိုက်ရသောအခါ ဒိုင်လူကြီးသည် ဇောချွေးများ ပြန်လာရလေတော့၏။

(414)ကြောက်မက်ဖွယ်ကောင်းသော

"တော်ကြတော့" ထိုစကားသံနှင့်အတူ ကြီးမားသောအရှိန်ဝါတစ်ခုပေါက်ကွဲထွက်လာ၏။ထိုအရှိန်ဝါပေါက်ကွဲမှုကြောင့် ဒိုင်လူကြီးနှင့်ထိလှနီးပါးဖြစ်နေသော အနက်ရောင် နဂါးလှံသည် ရှေ့သို့ဆက်လက်တိုးနိုင်ခြင်းမရှိတော့ပဲ ရပ်တန့်သွား၏။ "ဟ...ဘာတွေဖြစ်သွားတာလဲ" "ဟင် ဟာ...ဌာနမှူးပါလား" အစောပိုင်း၌ ဂျိတ်နှင့်ဒိုင်လူကြီးတို့တိုက်ခိုက်မှုသည် ရုတ်ခြည်းဆိုသလို ဖြစ်ပျက်သွားသောကြောင့် တက္ကသိုလ်ပြင်ပ၌ရှိနေကြသော ပွဲကြည့်ဧည့်သည်များမှာ အံအားသင့်ချိန်မရလိုက်ကြပဲ ယခုအချိန်မှသာ ထိတ်လန့်တုန်လှုပ်သွားကြသည်ဖြစ်၏။ အစောပိုင်း၌ ရုတ်ခြည်းဆိုလို ပေါ်လာသော လက်ဝါးကြီးနှင့် လျှပ်စီးနဂါးပေါ်လာချိန်တွင် မမျှော်လင့်ထားကြသောကြောင့် မင်သက်နေမိခဲ့ကြသည်ဖြစ်သည်။ အနက်ရောင်နဂါးလှံလေးမြန်ဆန်စွာထွက်ခွာပြီး ဌာနမှူး၏အသံပေါ်လာသောအခါမှသာ မိမိတို့၏ဦးနှောက်ကို ကောင်းစွာလည်ပတ်အလုပ်ပေးနိုင်လာကြသည်ဖြစ်သည်။ "ငါတို့တော်တော်ကံကောင်းနေတာပဲ" ပွဲကြည့်ပရိတ်သတ်များသည် ကံကောင်းသည်ဟု ခံစားလိုက်ကြရ၏။အလွန်ပင် တွေ့မြင်ရခဲသော ဌာနမှူးအား နှစ်ကြိမ်တိတိ တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ ဌာနမှူးသည် ချက်ချင်းပင် ဒိုင်လူကြီးအနားသို့ ရောက်ရှိလာပြီး ဒိုင်လူကြီးနားရပ်နေသော လှံအား အသာယာပင် သိမ်းဆည်းလိုက်လေ၏။ "ဌာနမှူး ကျနော်ရှင်းပြ" "မလိုဘူး " ဌာနမှူးသည် ငြင်းပယ်လိုက်ပြီး ဂျိတ်အားကြည့်ကာ "အစောပိုင်းက အဖြစ်ပျက်တွေက နားလည်မှုတွေလွှဲသွားကြတာပါ ဒါကြောင့် အသင့်ကို ကျုပ်တောင်းပန်ပါတယ် သင်ဖြစ်စေချင်တဲ့အတိုင်းဖြစ်စေရပါမယ်" ဌာနမှူးသည် ဂျိတ်အား တောင်းပန်သည့်အနေထားဖြင့် စကားဆိုပြီးသည်နှင့် ဖူချန်းအားကြည့်ကာ "ချက်ချင်း တောင်းပန်စမ်း" သူ၏သြဇာတက္ကမ ပါသော လွှမ်းမိုးသံကြောင့် ဖူချန်းတစ်​ယောက် သူ့ကိုယ့်သူ ထိန်းချုပ်နိုင်စွမ်းမရှိပဲ ချက်ချင်းပင် ဂျိတ်၏သမီးလေးရှိရာ အရပ်သို့ ဒူးထောက်ချလိုက်၏။ထို့နောက် "တောင်းပန်ပါတယ် နောက်တစ်ခါမဖြစ်စေရပါဘူး တောင်းပန်ပါတယ်" ထိုအသံနဲ့အတူ ကြမ်းပြင်ပေါ်သို့ သူ၏နဖူးကို ခပ်ကြမ်းကြမ်း ပစ်တိုက်ပြီး အရိုသေပေးတောင်းပန်လေတော့၏။ "ဘုန်း...ဘုန်း...ဘုန်း" ထိုသို့တောင်းပန်မှုကြောင့် သူ၏နဖူးသည်ပင် သွေးများထွက်လာကာ အက်တက်ကွဲလေတော့၏။ "ကျေးဇူးပါဌာနမှူး ကျုပ်ကျေနပ်ပါတယ်" ထိုသို့တောင်းပန်မှုကြောင့် ဂျိတ်လည်း ကျေနပ်သွားပြီး ဌာနမှုးအား အရိုသေပေးပြီး ပြန်လည်ထွက်ခွာသွားတော့၏။ "မင်းလိုက်ခဲ့" ဌာနမှူးသည် ဒိုင်လူကြီးအား ပြောပြီးသည်နှင့် လေပေါ်ရပ်နေရာမှ ချက်ချင်းပျောက်ကွယ်သွားလေတော့၏။ဒိုင်လူကြီးသည် ဌာနမှူးခေါ်ရာသို့ လိုက်သွားလိုက်လေသည်။ မမျှော်လင့်ပဲ ဖြစ်ပျက်သွားသောအဖြစ်ပျက်ကြောင့် တက္ကသိုလ်ရှိဆရာများနှင့် ကျောင်းသား ပါမောက္ခများနှင့်အနည်းငယ်မျှ ကြောင်သွားကြ၏။ သို့သော်လည်း ဆူညံသွားသော အခြေနေအား အချိန်တိုတွင်း ပြန်လည်ထိန်းသိမ်းလိုက်ကြလေ၏။ "မင်းကတော့ စိတ်ကြီးပဲ" ကျန်းရွှမ်၏မှတ်ချက်ကို ဂျိတ်မှ ပြုံးလိုက်ပြီး သူ၏သမီးလေးအား ပွေ့ချီလိုက်လေသည်။ "နောက်တစ်ခါ သမီးကို ရန်စရင် မကြောက်နဲ့ ပြန်ချ နောက်မှ ဖေဖေတစ်ယောက်လုံးရှိတယ်" "ဟုတ်" ထိုသို့သော သမီးနှင့်အဖေကို ကြည့်ပြီး ကျန်းရွှမ်အနေဖြင့် အယ်မလီလေး၏အနာဂတ်ရေးကို တွေးပြီး ရင်မောရလေ၏။ "ကဲ ပြီးပြီဆိုတော့ ပြန်ကြရအောင်" ဝင်ခွင့်ရရန်ဖြေဆိုနေသော ပါမောက္ခများ၏တပည့်ဖြစ်သူများ ဖြေဆိုပြီးသွားကြသည်လည်း ဖြစ်သောကြောင့် ယနေ့၌ ကျင်းပသော နောက်ဆုံးသော ဝင်ခွင့်စာမေးပွဲသည် ပြီးဆုံးသွားခဲ့ပြီလည်း ဖြစ်၏။ စာမေးပွဲဲပြီးသွားပြီ ဖြစ်သောကြောင့် ပရိတ်သတ်များသည်လည်း ပြန်ကြလေတော့၏။ ပထမနှင့်ဒုတိယအကြိမ်စာမေးပွဲရလာဒ်များသည် မြန်ဆန်သော်လည်း တတိယအ​ကြိမ်ဖြေသော စာမေးပွဲရလာဒ်သည် ကြာညောင်းမှုရှိ၏။ တတိယအကြိမ်ဖြေဆိုပြီးသောအခါ ထိုဖြေဆိုမှုမှ အမှန်ကန်ဆုံးနှင့်အမြန်ဆုံးဖြေဆိုနိုင်သော သတ်မှတ်ထားသော အရေတွက်ထဲ၌ရှိသော တပည့်များ၏ပါမောက္ခများကိုသာ ပညာတက္ကသိုလ်ဝင်ခွင့်ပေးမည်ဖြစ်သောကြောင့် ဖြစ်၏။ နောက်ပြီး ဝင်ခွင့်အောင်မြင်သောအခါ ထိုဝင်ခွင့်အောင်မြင်သော ပါမောက္ခ၏နေရပ်အထိ ပညာတက္ကသိုလ်မှ ဆရာများမှ တကူးတကလာရောက်ပြီး ဝင်ခွင့်ရကြောင်း ဝင်ခွင့်ရတံဆိပ်ပြားလာရောက်ချီးမြင့်ပေးမည်ဖြစ်သည်။ ထိုသို့သော ဝင်ခွင့်ပေးအပ်သည်ပုံစံအစဥ်အလာသည် အလွန်ပင် ကြီးမားသော သက်ရောက်မှု ရှိ၏။ ဝင်ခွင့်ပေးခြင်းခံရသော ပါမောက္ခ၏နေရပ်သည် တခြားသော နေရာများထက် သိုင်းပညာ၊စီးပွားရေးစသော များစွာသော အခွင့်ရေးကို ရရှိသည့် အပြင် တခြားသောနေရာဒေသများ၏ ရိုသေလေးစားမှုကိုလည်း ရရှိမည်ဖြစ်သည်။ ထို့ကြောင့် ထိုပညာတက္ကသိုလ်၏ဝင်ခွင့်ပြိုင်ပွဲကို များစွာသောလူများ လာရောက်ကြည့်ရှုရခြင်း၏အကြောင်းရင်း ဖြစ်ပေသည်။ ........... စာမေးပွဲဖြေဆိုသောနေရာမှ ထွက်ခွာလာသော ဌာနမှူးနှင့် ဒိုင်လူကြီးတို့သည် တက္ကသိုလ်ကျောင်းဝန်းအတွင်းရှိ ဆရာများနေသော အဆောက်ဦးများထဲမှ ဌာနမှူး၏ကိုယ်ပိုင်အဆောက်ဦး၏အခန်းတစ်ခန်းထဲသို့ ဝင်သွားကြလေသည်။ ထိုအခန်းထဲသို့ ရောက်သည်နှင့် "ငါ့လက်ကို ဒီအခန်းထဲက ကုသခြင်းအစီရင်နှင့် ပေါင်းပြီး ကုသပေး" ဌာနမှူး၏ထွက်လာ​သည့်စကားကြောင့် ဒိုင်လူကြီးတစ်ယောက် မင်သက်သွား၏။ "ဘာပြောတယ်" "ဒီအခန်းထဲက ကုသခြင်းအစီရင်နှင့် ငါ့လက်ကိုကုလို့" နောက်တစ်ခေါက်ပြောသောအခါမှ ဒိုင်လူကြီးသည်လည်း ချက်ချင်း သတိဝင်လာပြီး ကုသခြင်းအစီရင်နှင့် ချက်ချင်းချိတ်ဆက်လိုက်၏။ထို့နောက် ဌာနမှူး၏လက်အား ကုသရန်ပြင်ဆင်လိုက်၏။ "ဟာ" ဌာနမှူး၏လက်ကို မြင်သောအခါ ဒိုင်လူကြီး တုန်လှုပ်သွား၏။ ဌာနမှူး၏ဘယ်လက်သည် အမဲရောင်သန်းပုပ်ပွနေ ပြီး သွေးများထွက်နေသောကြောင့်ဖြစ်၏။ "မင်းမေးချင်တာငါသိတယ် ဒါက အစောက မင်းဆီလာတဲ့ နဂါးလှံကို ငါတားဆီးလိုက်လို့ ရလာတဲ့ဒဏ်ရာပဲ" ထိုစကားကြောင့် ဒိုင်လူကြီးခေါင်းထဲ ကြောက်လန့်သောစိတ်ဖြစ်လာလေ၏။ အလွန်အစွမ်းထက်သော ဌာနမှူး၏လက်ပင် အဆိပ်မိသည်ဆိုရာ သူသည် အစောပိုင်း၌ ထိုလှံချက်မိလိုက်မည် ဆိုပါ​က သေဆုံးသည်ကလွှဲ၍ တခြားအကြောင်းမဖြစ်နိုင်တော့ပေ။ ဒိုင်လူကြီး၏ကုသပေးမှုကြောင့် သွေးများထွက်ပြီးပုပ်နေသော ဌာနမှူး၏ဘယ်လက်သည် ငါးမိနစ်ဟူသော အချိန်၌ အကောင်းအတိုင်းပြန်လည် ဖြစ်တည်လာလေ၏။ ထိုအခါမှ ဌာနမှူးသည် ဒိုင်လူကြီးအား ကြည့်ပြီး "ဒီတစ်ခေါက် တက္ကသိုလ်ဝင်ခွင့်ကိစ္စကနေစပြီး မရိုးရှင်းတော့ဘူး အဖျက်နတ်ဘုရားကျန်းရွှမ်က ဘယ်လိုလုပ်ပြီး ဒီလိုကြောက်စရာကောင်းတဲ့လူရဲ့သမီးကို တပည့်အဖြစ်ရွေးချယ်ထားတာလဲ ဆိုတာ မသိရသေးဘူး ပြီးတော့ ကျန်တဲ့တခြားမျိုးနွယ်စုတွေကလဲ အကြံစည်ကြီးတွေလုပ်နေတယ် ဒါတွေက ငါတို့ကျောင်းကို ထိခိုက်လာစေနိုင်တယ် " ဌာနမှုးပြောသမျှအား ဒိုင်လူကြီးမှ တစ်သွေမသိမ်းနားထောင်၏။ "နောက်ဆုံးပြောချင်တာက ကျမ်းရွှမ်နဲ့သူ့တပည့်ကို အကောင်းဆုံးဂရုစိုက်ပေးပါ ဒါဆိုရင်တော့ ငါတို့ကျောင်းက ကံကောင်းခြင်းတွေ အပိုထပ်ဆောင်းရနိုင်တာပေါ့" ဌာနမှူး၏ထူးဆန်းသော စကားကြောင့် ဒိုင်လူကြီး အံအားသင့်သွားရသော်လည်း အားတင်းပြီး "ဂျိတ်ဆိုတဲ့လူက ဌာနမှူးနှင့် ချရင် ဌာနမှူးနိူင်ဖို့ အခွင့်ရေးဘယ်လောက်ရှိမယ် ထင်လဲ" ဒိုင်လူကြီး၏စကားကြောင့် ဌာနမှူးလည်း အနည်းငယ်တွေးတောပြီး "သူရဲ့လှံတစ်ချက်တည်းတောင် ငါအခုလိုဖြစ်သွားတာဆိုတော့ နိုင်ဖို့က 0.23%ပဲ ရှိတယ်" ဌာနမှူး၏နှုတ်မှ ထွက်လာသောစကားကြောင့် ဒိုင်လူကြီး နှလုံးခုန်မြန်ဆန်သွားရလေ၏။ ဌာနမှူးသည် မည်မျှအစွမ်းထက်ကြောင်း သူအသိဆုံးဖြစ်၏။ သူ၏အစွမ်းစအကုန်ထုတ်သုံးလျှင်ပင် ဌာနမှူး၏အဝတ်စားအား ထိခိုက်ရန်ပင် ခက်ခဲသည်ဖြစ်၏။ ထိုမျှစွမ်းသော ဌာနမှူးသည် ဂျိတ်အား မနိုင်ကြောင်း သိလိုက်ရသောအခါ သူ၏ကြောက်စိတ်ထဲ၌ ရှိနေသော ဂျိတ်၏အရွယ်စား စွမ်းအားသည် တဖြေးဖြေးကြီးမားပြီး ပို၍ကြောက်စရာကောင်းသလို ခံစားလိုက်ရ၏။ "ကောင်းပါပြီ ဒါဆို သူတို့ကို ဌာနမှူးပြောတဲ့အတိုင်း ဂရုစိုက်ပါမယ်"

All Chapters